အခန်း ၁၂၈၈
Vol. 86 Ch. 1288
အခန်း (၁၂၈၈) ကျောက်တုံးဂိုလမ်။
ရှောင်ချင်းဖန် ဒုတိယမြောက် နတ်ဘုရားကျောက်တောင်ပေါ်သို့ တက်ပြီး သိပ်မကြာခင် မှာပင်, ချင်ယွင်နှင့် တခြားသူများသည် နောက်ထပ် မီတာတစ်ထောင်အထိ တက်လှမ်းနိုင် ခဲ့ကြသည်။
ဤဖြစ်စဉ်အတွင်းမှာ ချင်ယွင်နှင့် အခြားသူများသည် အန္တရာယ်များစွာကို ကြုံတွေ့ခဲ့ရပါ သည်။
ကံကောင်းထောက်မစွာ၊ ကန့်သတ်ချက်တစ်ခုကြုံတိုင်း ချင်ယွင်သည် နောက်ဆုံး အခိုက်အတန့်တွင် သူတို့ကို ကယ်တင်နိုင်ခဲ့သည်။ အကယ်၍, နီထိုက်စွေ့နှင့် အခြားသူများ ၏ ခွန်အားဖြင့်သာဆိုပါလျှင်၊ သူတို့သည် ဤနေရာတွင် သူတို့၏ အသက်ကို ပေးပြီးသား ဖြစ်ကောင်းဖြစ်နေလိမ့်မည်။
ဟုတ်ပါသည်၊ ချင်ယွင်၏ ကံကောင်းမှုကလည်း ကြာရှည်မခံခဲ့ပါဘူး။ သူတို့သည် အလွန်လျင်မြန်စွာပင် အန္တရာယ်တစ်ခုနှင့် ကြုံတွေ့ရပြန်သည်။ ပြီးတော့ ထိုအန္တရာယ်က အရင်အန္တရာယ်များထက် ပိုကြောက်စရာကောင်းပါသည်။ ချင်ယွင်တောင်မှ အားကိုးရာမဲ့ ဖြစ်နေခဲ့သည်။
ထိုနေရာသည် လုံးဝ အရှင်းဖွင့်ထားသည် နေရာလွတ်တစ်ခုဖြစ်ပြီး၊ တောင်ထိပ်ပေါ်သို့ တက်ရောက်ရန် တစ်ခုတည်းသော လမ်းလည်း ဖြစ်ပါသည်။
တောင်ပေါ်သို့ မတက်မီကတည်းက၊ ချင်ယွင်သည် အနက်ရောင် နတ်ဘုရား ကျောက်တောင်၏ အပြင်အဆင်သည် ထူးထူးခြားခြား အစွမ်းထက်လွန်းပြီး လက်ရာ မြောက်လှကြောင်းကို မြင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့်, သူတို့သည် ပျံသန်းခြင်းဖြင့် တောင်ထိပ်ပေါ်သို့ တက်သွားရန် အမှန်တကယ် မဖြစ်နိုင်ခဲ့ပေ။ အကယ်၍, တစ်စုံတစ်ယောက်သည် တောင်ထိပ်ပေါ်ကို တက်ချင်သည်ဆိုလျှင်, ဒီတောင်တက်လမ်း ကနေ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်သွားရလိမ့်မည်။ အကယ်၍, သူတို့သာ အပြင်းအထန် အတင်းအကြပ် ဖြတ်ကျော်ခဲ့မည်ဆိုလျှင်, နတ်ဘုရားကျောက်တောင်ပေါ်ရှိ တန်ခိုးကြီး သော ကန့်သတ်ချက်များ ကြောင့် ရှင်းလင်းသုတ်သင်ခြင်း ခံရမည်ဖြစ်သည်။
ထိုသို့မဟုတ်လျှင်, နှစ်ပေါင်း သန်းရာချီကြာပြီးနောက်မှာ နတ်ဘုရားကျောက်တောင် ထိပ်ပေါ်ကို မည်သူကမှ အောင်မြင်စွာ တက်ရောက်နိုင်ခြင်း မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပါ ချေ။ သေချာသည်မှာ, ထိုကဲ့သို့ အခွင့်အရေးမျိုးကို သေချာပေါက် အသုံးမချနိုင်၍ ဖြစ်ပါသည်။
ဘိုးဘေးနတ်ဘုရားကိုယ်တိုင် သတ်မှတ်ထားသော ကန့်သတ်ချက်များသည် အခြားသူများ ကို ချို့ယွင်းချက်များကို အလွယ်တကူ အသုံးချနိုင်စေရန် မည်သို့ ခွင့်ပြုပေးထားမည်နည်း။ ထို့ကြောင့် ချင်ယွင်နှင့် အခြားလူများအတွက်မူ သူတို့၏ခြေထောက်အောက်မှ လမ်းကြောင်းသည် တစ်ခုတည်းသော လမ်းဖြစ်ပါသည်။
သို့သော်၊ ချင်ယွင်နှင့် အခြားလူများ၏ရှေ့ ညာဘက်မှာ ကြီးမားသော ကျောက်တုံးကြီး တစ်ခု ရှိနေခဲ့သည်။ အတိအကျပြောရလျှင်, ၎င်းမှာ ဓားကိုင်ထားသော ကျောက်တုံးလူကြီး တစ်ယောက် ဖြစ်သည်။
ချင်ယွင်နှင့် အခြားသူများသည် ထိုနေရာလွတ်ထံသို့ ဖြတ်ကျော်ဝင်ရောက်လာသည်နှင့်, ထိုကျောက်တုံးဂိုလမ်ကြီးသည် ရွေ့လျားလာပြီး ဖြတ်သန်း သွားလာသူ မှန်သမျှကို တိုက်ခိုက်သွားမည် ဖြစ်သည်။
ထို့အပြင်၊ ဤဂိုလမ်၏ စွမ်းအားသည် ထာဝရ မပြောင်းမလဲဘဲ ရှိနေခြင်းမျိုး မဟုတ်ပေ။ ယင်းအစား, ထိုဂိုလမ်ကြီးသည် ထိုနေရာလွတ်ထဲသို့ ဝင်ရောက်လာသူ၏ ကျင့်ကြံမှု အတိုင်း ပြောင်းလဲသွားမည် ဖြစ်သည်။ အကယ်၍ သင်သည် အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်တွင် ရှိနေပါက၊ ဤဂိုလမ်၏စွမ်းအားသည်လည်း အလယ်အလတ် ကြယ်နတ်ဘုရားအဆင့်တွင် ဖြစ်လာပါလိမ့်မည်။
အကယ်၍ သင်သည် အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားတစ်ပါး ဖြစ်နေပါက၊ ဤဂိုလမ်၏ခွန်အားသည်လည်း အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ တစ်ချိန်တည်းမှာ, လူအများအပြား တိုက်ခိုက်ပါကလည်း ပို၍ပင် ဒုက္ခများလိမ့်မည်။ ဤဂိုလမ်၏ ကျင့်ကြံမှုသည် အသန်မာဆုံးလူထက် အဆင့်တစ်ခုအထိ မြင့်မားသွားပါလိမ့်မည်။
ပုံမှန်အတိုင်းသားဆို, ထိုဂိုလမ်ကြီးကို အနိုင်ယူဖို့က မခက်ခဲသော်လည်း၊ လက်တွေ့မှာ တော့, အဆင့်ကျော်တစ်စုံတစ်ယောက်ကို စိန်ခေါ်ရခြင်းထက် ပိုမိုခက်ခဲပါသည်။
အဘယ်ကြောင့်ဆိုသော် ကျောက်တုံးဂိုလမ်ကြီး၏ ပစ္စည်းသည် အနက်ရောင် နတ်ဘုရား ကျောက်တောင်၏ အနက်ရောင် ကျောက်များနှင့် တူညီနေသောကြောင့် ဖြစ်ပါသည်။ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများပင်လျှင် ၎င်းကို အနည်းငယ်မျှ ထိခိုက်ဒဏ်ရာရ အောင်လုပ်ဖို့ပင် ခဲယဉ်းလှပါသည်။ သင်သည် မည်မျှပင် တိုက်ခိုက်နေပါစေ, ၎င်းကျောက်တုံး ဂိုလမ်ကြီးကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ထို့အပြင်, ၎င်းသည် နာကျင်မှုကို မသိပေ။
အရေးအကြီးဆုံးအချက်က သူသည် အထူးအစွမ်းထက်သော ဓာသိုင်းပညာရပ်တစ်ခုကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူ ဖြစ်သည်။ တစ်ချက်တိုက်ခိုက်ရုံဖြင့်, သူသည် ဤကျောက်တောင်ပေါ်တွင် ဓားအမှတ်သားများကိုပင် ချန်ထားနိုင်သည်။ ထိုကဲ့သို့ အရာမျိုးကို ချင်ယွင်တောင်မှ မလုပ်နိုင်ပါဘူး။
"ဘန်း”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကျောက်တုံးဂိုလမ်ကြီးသည် နီထိုက်စွေ့၏ ရင်ဘတ်ကို ရိုက်ချလိုက်သည်။
"ဖူး..”။
နီထိုက်စွေ့၏ ခန္ဓာကိုယ်သည် တိုက်ရိုက် တွန်းထုတ်ခံလိုက်ရပြီး၊ ချင်ယွင်နှင့် အခြားသူများ၏ ခြေရင်းအောက်တွင် ပြင်းထန်စွာ ပစ်ကျသွားသည်။ သူ့ပါးစပ်မှ သွေးများ လွင့်စင်သွားခဲ့သည်။
ယခုအချိန်တွင် နီထိုက်စွေ့သည် အလွန်သနားစရာ ကောင်းသည်ဟု ပြောဆိုနိုင်သည်။ သူ့ဦးခေါင်းပေါ်မှ ဦးချိုတစ်ဝက်သည် ဖြတ်တောက်နေပြီး၊ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနှင့် ပြည့်နှက်နေခဲ့သည်။ သူ့လက်ထဲမှ နတ်ဘုရားပုဆိန်ကြီးတောင်မှ အက်ကြောင်းတွေ အများကြီး ရှိနေခဲ့သည်။။ ၎င်းသည် တိုက်ပွဲအတွင်း ကျောက်တုံးဂိုလမ်၏ လက်ထဲရှိ ထက်ရှသော ဓားကြောင့် အက်ကွဲသွားကြောင်း ထင်ရှားပါသည်။
ကံကောင်းထောက်မစွာ၊ ကျောက်တုံးဂိုလမ်က လိုက်လံ မဖမ်းဆီးခဲ့ပေ။ ထိုနေရာလွတ်မှ ဆုတ်ခွာသွားသည်နှင့် ထိုကျောက်တုံးဂိုလမ်ကြီးက သင့်ကို တိုက်ခိုက်တော့မှာ မဟုတ်ပါ ဘူး။
"လခွန်းကွာ။ ဒီကောင်ကြီးက ရက်စက်လွန်းတယ်။ ဒီပုဆိန်က သူ့ကို ထိုခိုက်ဒဏ်ရာရ အောင် မလုပ်နိုင်တဲ့အပြင်, ငါနွားအိုကြီးရဲ့ ပုဆိန်ကြီးကိုတောင် ဖြိုခွဲပစ်လိုက်သေးတယ်။ ဒီလိုမွန်းစတားမျိုးကို ဘယ်သူက အနိုင်ယူနိုင်မှာလဲ" နီထိုက်စွေ့က ဒေါသတကြီး ကြိမ်းမောင်းပြီး ချောင်းတဟွတ်ဟွတ် ဆိုးနေသည် ။
လူတိုင်းသည် ဓားကိုင်ထားသည့် ကျောက်တုံးဂိုလမ်ကြီးကို မြင်သောအခါတွင် သူတို့၏ မျက်နှာများသည် လေးနက်သော အမူအရာများဖြင့် ပြည့်နှက်နေသည်။
သူတို့သည် ဒီနေရာမှာ နေ့တစ်ဝက်လောက် နေခဲ့ပြီးပြီ။ ချင်ယွင် အပါအဝင် ၎င်းတို့ထဲမှ တစ်ဦးစီတိုင်းသည် တိုက်ခိုက်ခဲ့ကြသည်။ သို့သော်လည်း, သူတို့အထဲမှ မည်သူမဆို, အနက်ရောင် ကျောက်တုံး ဂိုလမ်ကြိး၏ ဓားချက်ကြောင့် လွင့်ထွက်သွားရစမြဲ ဖြစ်သည်။
အမှန်တကယ်ဆို, ချူယွန်သည် အနက်ရောင် ကျောက်တုံးဂိုလမ်၏ ဓားအောက်မှာ သေလုနီးပါးပင် ဖြစ်ခဲ့ရသည်။ ချင်ယွင်၏ အချိန်မှီ တိုက်ခိုက်မူကြောင့်သာ မဟုတ်ပါက, ထိုဂိုလမ်ကြီးသည် ချူယွန်ကို နှစ်ပိုင်းခွဲပစ်မည် ဖြစ်သည်။
ချင်ယွင်တောင် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို ရင်ဆိုင်ရသည့်အခါ, ခေါင်းကိုက် နေရသည်။ သူထိုနေရာလွတ်သို့ ဝင်ရောက်လိုက်သည်နှင့် ထိုဂိုလမ်၏ခွန်အားသည် မြင့်တက်သွားကာ၊ ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ တိုက်ရိုက် မြင့်တက် လာခဲ့သည်။ ချင်ယွင်သည် သူ၏ ပေါင်းစပ်နတ်ဘုရားတန်ခိုး စွမ်းအားကို အသုံးပြုခဲ့လျှင် ပင်, ကျောက်တုံးဂိုလမ်ကြီးအား ထိခိုက်ဒဏ်ရာရရန် အနည်းငယ် ခက်ခဲနေသေးသည်။
ထို့အပြင် အနက်ရောင် ကျောက်တုံးဂိုလမ်၏ ဓားသိုင်းနည်းစနစ်သည် အလွန်ထူးခြားပါ သည်။ ၎င်း၏စွမ်းအားသည် အမှန်တကယ်တွင် ချင်ယွင် လေ့ကျင့်ခဲသော ဝူဝမ် ဓားသိုင်း ပညာရပ်ထက် မနိမ့်ကျပေ။ ထို့ကြောင့် ချင်ယွင်သည် အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန် မတိုင်မှီ အချိန်အနည်းငယ်အတွင်းမှာ ရှုံးနိမ့်သွားရသည်။
"ပြိုင်ဘက်ကင်း ခုခံကာကွယ်မှု။ တုနှိုင်းမရအောင် အစွမ်းထက်တဲ့ ဓားသိုင်းပညာနဲ့ အဆင့်တူ ကျင့်ကြံမူအခြေခံ။ ဒီကျောက်တုံးဂိုလမ်ကြီးက လုံးဝ ချို့ယွင်းချက်မရှိဘူးလို့ ပြောလို့ရတယ်။ သူ့ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။" ချူယွန်က ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။
သူသည် ဓားပညာတွင် ထူးချွန်သော်လည်း၊ သူသည် ကျောက်တုံးဂိုလမ်ကြီးကို မယှဉ်နိုင်သေးပါဘူး။
"ဒီဝူဝမ်ဓားဘိုးဘေးက ဘယ်သူ့ကိုမှ တောင်ထိပ်ပေါ်ကို မတက်စေချင်ဘူးဆိုတာ ရှင်းရှင်း လင်းလင်း သိသာထင်ရှားပါတယ်။ ဒီလို မဖြေရှင်းနိုင်တဲ့ ကန့်သတ်ချက်ကို ဘယ်သူက ကျော်ဖြတ်နိုင်မှာလဲ" တော်အန်းက ဒေါသတကြီး ခြေထောက်ကို ဆောင့်နင်းပြီး ပြောလိုက်သည်။
လမ်းခရီးတစ်လျှောက်မှာ သူတို့လည်း နားလည်မှုတစ်ခု ရှိလာခဲ့သည်။ ထိုဝူဝမ် ဓားဘိုးဘေးသည် အမျိုးမျိုးသော ကန့်သတ်ချက်များကို ချမှတ်ထားသောအခါ၊ တောင်ပေါ် တက်သူများ ဖြတ်ကျော်ရန်အတွက် အသက်အလင်းတန်းတစ်ခု ချန်ထားရစ်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်၊ ဤကဲ့သို့ ကျောက်သားဖြင့် ပြုလုပ်ထားသော တန်ခိုးရှင် ဂိုလမ်ကြီးကို ပြသထားခြင်းက အမှန်တကယ် စိတ်ပျက်စရာကောင်းပါသည်။
"ယခင် ကန့်သတ်ချက်တွေမှာ ချို့ယွင်းချက်တွေ ရှိနေတယ်ဆိုကတည်းက, အခုတစ်ကြိမ် မှာလည်း ရှိနေသင့်တယ်။ ဒီဂိုလမ်ကြီးက သေချာပေါက် ပြိုင်ဘက်ကင်း မဟုတ်နိုင်ဘူး။ မဟုတ်ရင်, ဒီကန့်သတ်ချက်ကို တည်ဆောက်ထားတဲ့ ဝူဝမ်ဓားဘိုးဘေးရဲ့ မူလ ရည်ရွယ်ချက်နှင့် ကိုက်ညီမှာ မဟုတ်တော့ဘူးလေ” တော်ယုက ပြောသည်။
ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ ဝူဝမ်ဓားဘိုးဘေးက နတ်ဘုရား ကျောက်တောင် ကြီး ကိုးခုကို တည်ဆောက်ပြီး၊ ရတနာများကို ချန်ထားရစ်ခဲ့သည့်အတွက်, သူသည် သင့်တော်သော အမွေဆက်ခံသူများကို ရှာဖွေနေသည်မှာ ထင်ရှားပါသည်။
အကယ်၍, သူသာ လူတွေကို တောင်ထိပ်ပေါ်ကို အောင်အောင်မြင်မြင် မတက်စေချင်ဘူး ဆိုလျှင်, ဘာကြောင့် စိတ်ရှုပ်ခံနေမည်နည်း?။ အကယ်၍, သူသည် ဤနေရာ၌ ဖြေရှင်း၍ မရသော ကန့်သတ်ချက်တစ်ခုကို ချထားပြီး၊ တောင်ကြီးများကို ပြင်းထန်သော ကန့်သတ်ချက်များဖြင့် တိုက်ရိုက် စည်းတံဆိပ်ခတ်လိုက်ခြင်းက ပို၍ လက်တွေ့ကျမည် ဖြစ်သည်။
ထို့ကြောင့် ချင်ယွင်၏ အမြင်အရဆို၊ ဤကျောက်တုံးဂိုလမ်ကြီးတွင် ချို့ယွင်းချက်တစ်ခု ရှိရမည် ဖြစ်သည်။ သို့သော်, ထိုချို့ယွင်းချက်သည် သူတို့ မျှော်မှန်းမထားသည့်အရာ ဖြစ်နေလိမ့်မည်။
"ငါ စမ်းကြည့်ပါရစေဦး"
အားလုံး ဝေခွဲမရ ဖြစ်နေကြစဉ်မှာ, ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေ သော ရှေးဟောင်းတာအိုက ပြောလာပါသည်။
"ဆရာ... ယုံကြည်မူရှိလို့လား" ချင်ယွင်သည် ရှေးဟောင်းတာအိုကို အံ့သြစွာ ကြည့်ကာ မေးလိုက်သည်။
အားလုံးကလည်း ရှေးဟောင်းတာအိုဆရာသခင်ကို လှည့်ကြည့်ကြသည်။ ရှေးဟောင်း တာအိုသည် ချင်ယွင်၏ ဆရာကြီးဖြစ်သောကြောင့် လူတိုင်းက ရှေးဟောင်းတာအိုကို အလွန်လေးစားကြသည်။
"ငါ ငါ့ကိုယ်ငါ ယုံကြည်မှု ရှိမရှိ သိအောင် စမ်းကြည့်မှ ဖြစ်မယ်" ရှေးဟောင်းတာအို ပြုံးလိုက်ပြီး၊ သူ့လက်ထဲမှာ ထိပ်တန်းအဆင့် နတ်ဘုရားဓားတစ်ချောင်း ပေါ်လာသည်။ ထို့နောက်, သူသည် နေရာလွတ်ဆီသို့ လျှောက်သွားလိုက်သည်။
"ဆရာ၊ သတိထား" ချင်ယွင်က စိုးရိမ်စိတ်ဖြင့် သတိပေးလိုက်သည်။
ရှေးဟောင်းတာအိုဆရာသခင်က ခေါင်းညိတ်သည်။ ထို့နောက် သူသည် ချင်ယွင်ကို တိုက်ရိုက် ဖြတ်ကျော်ကာ စင်မြင့်ဆီသို့ လျှောက်သွားကြသည်။ စင်မြင့်ပေါ်သို့ သူ ခြေချ လိုက်သည်နှင့်၊ ရှေးဟောင်းတာအို၏ စိတ်နေစိတ်ထားသည် ရုတ်တရက် အနှိုင်းမဲ့ ပြင်းထန်လာခဲ့သည်။
ဓားဆန္ဒ….။
သန့်စင်သော ဓားဆန္ဒတစ်ခု…။
ထိုဓားဆန္ဒကို လူတိုင်း သတိပြုမိသောအခါတွင်, အားလုံးက အံ့အားသင့်သွားကြသည့် အမူအရာများကို ထုတ်ဖော်လာခဲ့ကြသည်။
ရှေးဟောင်းတာအိုသည် ဤလာရာလမ်းခရီးတွင် ကျင့်ကြံမူအခြေခံ အနိမ့်ဆုံး ဖြစ်ခဲ့သော် ငြားလည်း ယခုအချိန်တွင် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ဓားဆန္ဒသည် လက်ရှိလူများ ထက် သာလွန်နေပါသည်။
"ဆရာကြီးရဲ့ဆရာ ဆိုတဲ့အတိုင်းပဲ။ ဒီဓားဆန္ဒက တကယ့်ကို ထူးထူးခြားခြားပဲ။" နီထိုက်စွေ့သည် သူ့ကို မမြှောက်ပင့်ဘဲ မနေနိုင်ခဲ့ပါချေ။