← Chapters

အခန်း ၁၂၈၉

Vol. 86 Ch. 1289

အခန်း ၁၂၈၉

Vol. 86 Ch. 1289

အခန်း (၁၂၈၉) ရူးကြောင်ကြောင်သုံးယောက်။

ချင်ယွင်သည် ရှေးဟောင်းတာအို၏ နောက်ကျောကို ကြည့်ကာ အံ့အားသင့်နေသည့် အမူအရာဖြစ်ပေါ်နေသည်။

သူ၏ခွန်အားများ လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ, ရှေးဟောင်းတာအိုသည် သူ့ကို ဘာမျှ မသင်ကြားတော့သလို, သူသည်လည်း ရှေးဟောင်းတာအို၏ ခွန်အားကို အနီးကပ် ဂရုမစိုက်မိခဲ့ပေ။

ယခုမူ ချင်ယွင်သည် ရှေးဟောင်းတာအို၏ ဓားဆန္ဒမှာ အလွန် အစွမ်းထက်ကြောင်း တွေ့ရှိခဲ့ရသည်။ သူ၏ ကျင့်ကြံမှုသည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တွင် ရှိနေဆဲ ဖြစ်သော် လည်း၊ ကြယ်နတ်ဘုရားနယ်ပယ်တစ်ခုလုံးအတွင်းမှာ ရှေးဟောင်းတာအိုဆရာသခင် ကဲ့သို့ သန့်စင်သော ဓားဆန္ဒကို ပိုင်ဆိုင်ထားသူကို ရှာတွေ့ရန်မှာ အလွန်ခက်ခဲပါလိမ့်မည်။

"ဆရာက တကယ်ပဲ ဓားကိုချစ်မြတ်နိုးသူ တစ်ယောက်ပဲ” ချင်ယွင်က သူ့စိတ်ထဲမှာ သက်ပြင်းချလိုက်ပါသည်။

အရင်တုန်းက, ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်နှင့် အတူရှိနေစဉ်တုန်းက, ရှေးဟောင်းတာအိုဆရာသခင်သည် ဓားတွေအပေါ် အလွန်ချစ်မြတ်နိုးသည်ကို တစ်ခါမှ မတွေ့ခဲ့ရပါဘူး။ သို့သော်၊ နတ်ဘုရားကမ္ဘာသို့ ရောက်ပြီးနောက်၊ ရှေးဟောင်းတာအို ဆရာသခင်သည် ဓားတာအိုကို စိတ်နှလုံး အကြွင်းမဲ့ လိုက်ရှာနေကြောင်း ချင်ယွင် သိရှိလိုက်ရသည်။

ရှေးဟောင်းတာအိုဆရာသခင် မသေသေးသရွေ့, ဓားတာအိုမှာ သူ့အနာဂတ် အောင်မြင်မှု က ကျိန်းသေပေါက် နိမ့်ကျမည်မဟုတ်ကြောင်း ချင်ယွင် ယုံကြည်ပါသည်။ ထို့ကြောင့်, ချင်ယွင်သည် အစောပိုင်းက ရှေးဟောင်းတာအိုကို လှုပ်ရှားရန် ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။

ဘန်း..။

ဓားစွမ်းအားသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့ဓားကို လက်ထဲမှာကိုင်ထားပြီး စိတ်ဓာတ်အပြည့်ဖြင့် ရပ်နေခဲ့သည်။ ဤအခိုက်အတန့် တွင်, ရှေးဟောင်းတာအိုဆရာသခင်သည် ဓားတာအို၏ ထိပ်တန်းကျွမ်းကျင်သူ မျိုးဆက် တစ်ခု၏ အသွင်အပြင်မျိုး ဖြစ်နေသည်မှာ သေချာပါသည်။

"မင်းရဲ့ဓားဆန္ဒက မဆိုးပါဘူး" ထိုအချိန်တွင် မှုန်မှိုင်းနေသော မျက်လုံးများဖြင့် ခပ်လှမ်းလှမ်းမှ ကျောက်တုံးဂိုလမ်ကြီးသည် ရုတ်တရက် စကားထပြောလာသည်။ ၎င်းသည် အိပ်ပျော်ရာကနေ အခုမှနိုးထပြီး ငိုက်မျဉ်းသော မျက်လုံးများကို ဖွင့်လိုက်သော လူတစ်ယောက်သည် ထူးထူးခြားခြား နတ်ဘုရားတစ်ပါး ဖြစ်လာသကဲ့သို့ပင်။

"အယ်, သူက စကားပြောနိုင်တာလား?" တော်အန်းက ပါးစပ်ကိုအုပ်ပြီး ပြောလိုက်သည်။

လူတိုင်းလည်း အနှိုင်းမဲ့ ထိတ်လန့်သွားကြသည်။ သူတို့သည် ဒီအနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးက အသိကင်းမဲ့နေသည့် သက်မဲ့သတ္တဝါတစ်ကောင်ဟု အမြဲတွေးထားခဲ့ကြ သည်။ အခု, သူတို့ထင်ထားသလောက် မရိုးရှင်းဟု ထင်ရပါသည်။ ရှင်းနေသည်မှာ၊ ဤ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် ၎င်း၏ ကိုယ်ပိုင် အတွေးအမြင်များကို ပိုင်ဆိုင်ထားပါသည်။

ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ပြလိုက်သည်။ အစောပိုင်းက သူသည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို တိုက်ခိုက်သောအခါတွင်, ဤအနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် သူ့ကိုယ်ပိုင် အသိစိတ်ရှိနေသည်ဟု မခံစားခဲ့ရပေ။ သို့သော်၊ ရှေးဟောင်းတာအိုဆရာသခင်သည် သူ့ဓားဆန္ဒကို ထုတ်လွှတ်ပြီးသည်နှင့် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် နိုးထလာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဖြစ်နိုင်တာက, ဒီကန့်သတ်ချက်ကို ချိုးဖျက်နိုင်တဲ့ နည်းလမ်းက ဓားဆန္ဒ, ဒါမှမဟုတ် ဓားသိုင်းပညာရပ်နဲ့များ ဆက်စပ်နေမလား။" ချင်ယွင်က စိတ်ထဲမှာ တွေးလိုက်မိသည်။

ရှေးဟောင်းတာအိုဆရာသခင်သည် ယခင်ကလည်း အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် ထိုအချိန်တုန်းက သူသည် သူ၏ဓားဆန္ဒကို မထုတ်လွှတ်သောကြောင့် အနက်ရောင် ကျောက်တုံးဂိုလမ်ကို မနိုးထနိုင်ခဲ့ပေ။ ယခု အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် စကားပြောဆိုရန် အစပြုလာသည်မှာ, ရှေးဟောင်းတာအိုဆရာသခင်၏ ဓားဆန္ဒကြောင့် လှုံ့ဆော်ခံရသည်မှာ ထင်ရှားပါသည်။ ထို့ကြောင့် ချင်ယွင်သည် အနက်ရောင်ကျောက်တုံးဂိုလမ်ကြီး၏ ကန့်သတ်ချက်သည် ဓားနှင့် သေချာပေါက် ဆက်စပ်နေသည်ဟု ကောက်ချက်ချခဲ့သည်။

တခဏအတွင်းမှာ, ချင်ယွင်သည် တစ်ခုခုကို ဖမ်းဆုပ်မိသွားသကဲ့သို့ ခံစားလိုက်ရသော် လည်း, ထိုအရာက မည်သည့်အရာဆိုသည်ကို ဆက်လက် စောင့်ကြည့်နေဖို့ လိုနေသေး သည်။

"မင်းက အသိဥာဏ်ရှိနေတယ်ဆိုတော့ ပိုကောင်းတာပေါ့။ ငါက မင်းရဲ့ဓားသိုင်းပညာကို တွေ့ကြုံခံစားချင်နေတာ”။ ရှေးဟောင်းတာအိုဆရာသခင်က အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီး စကားပြောလာသည်ကို တွေ့လိုက်ရသောအခါ, သူသည် မအံ့သြရုံသာမက, စိတ်လှုပ်ရှားသည့် အမူအရာ ဖြစ်ပေါ်လာခဲ့သည်။

သူသည် ဓားကို အသက်နှင့်အမျှ ချစ်မြတ်နိုးသူ ဖြစ်သည်။ အနက်ရောင်ကျောက်တုံး ဂိုလမ်ကြီး၏ ဓားသိုင်းနည်းစနစ်သည် အလွန်ကောင်းမွန်သောကြောင့် ၎င်းကို စမ်းကြည့် ရန် စိတ်အားထက်သန်နေခဲ့သည်မှာ ကြာလှပါပြီ။ ကျောက်တုံးဂိုလမ်ကြီးသည် အသိစိတ် ရှိနေသည်ကို မြင်လိုက်ရသောအခါတွင် သူသည် သဘာဝအတိုင်း အလွန် ပျော်ရွှင်သွားပါ သည်။

အသိဉာဏ်ကင်းမဲ့နေသည် ကျောက်တုံးကြီးကို တိုက်ခိုက်ရခြင်းထက်, အသိရှိသည့် လူတစ်ယောက်ကို တိုက်ရခြင်းက ပိုပျော်စရာကောင်းပါသည်။

ဘန်း..။

ရှေးဟောင်းတာအို၏ လက်ထဲမှ ဓားသည် ရုတ်တရက် လှည့်ထွက်သွားပြီး၊ အကန့်သတ်မဲ့ ဓားဆန္ဒက တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ ဓားအော်သံက တိမ်တိုက်တွေကြားမှာ ပဲ့တင်ထပ်နေသည်။

"လာစမ်း” အနက်ရောင်ကျောက်တုံးဂိုလမ်ကြီးသည် သူ့လက်ထဲမှ ကျောက်တုံးဓားကို ဝှေ့ယမ်းကာ အေးခဲတမျှ အေးစက်သော အသံကို ထုတ်လွှတ်လိုက်သည်။

ဘန်း…။

ရှေးဟောင်းတာအို၏ မျက်လုံးများက ရုတ်တရက် စူးရှလာပြီး၊ သူ့ပုံရိပ်က ချက်ချင်း ဆိုသလို ပျံထွက်သွားသည်။ သူ့လက်ထဲမှ ထက်ရှသော ဓားသည် အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးဆီသို့ တိုက်ရိုက် ခုတ်ပိုင်းသွားခဲ့သည်။

"ချွင်…။ ဓားရှည်သည် အနက်ရောင်ကျောက်တုံးဂိုလမ်ကြီး၏ ခန္ဓာကိုယ်ကို ဖြတ်သန်း သွားကာ အနှိုင်းမဲ့ တောက်ပနေသော မီးပန်းမီးပွားများ ပျံ့နှံ့ထွက်ပေါ်လာသည်။ သို့သော်လည်း အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ ခန္ဓာကိုယ်တွင် အမာရွတ်တစ်ခု တောင်မှ မကျန်ရစ်ခဲ့ပေ။

ဘန်း..။

ကျောက်တုံးဂိုလမ်ကြီး၏ မျက်လုံးများသည် အေးစက်နေပြီး ရှေးဟောင်းတာအိုဆီသို့ သူ့လက်ထဲမှ ကျောက်တုံးဓားကြီးဖြင့် ခုတ်ချလိုက်သည်။

ချွင်..။

ရှေးဟောင်းတာအိုသည် ထိုဓားချက်ကို တားဆီးရန်အတွက် သူ့ဓားကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ ဓားနှစ်ချောင်းသည် အချင်းချင်း အပြင်းအထန် တိုက်မိသွားသည်။ ရှေးဟောင်းတာအို၏ နတ်ဘုရားဓားပေါ်ရှိ နတ်ဘုရားတန်ခိုးသည် တဝဲလည်လည် ရစ်ပတ်နေသော်လည်း, လူရောဓားပါ လွင့်ပျံသွားခဲ့ရသည်။

ရှေးဟောင်းတာအိုသည် အဝေးသို့ ဆုတ်သွားသည်။ သူသည် တုန်တုန်ယင်ယင် ဖြစ်နေခဲ့ပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ်ပင်။ သို့သော် သူသည် သူ့လက်ထဲမှ ဓားဖြင့် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်သေးသည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

တကယ်ဆို, အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ လက်ထဲမှ ဓား၏စွမ်းအားသည် ရှေးဟောင်းတာအိုဆရာသခင်၏ ဓားစွမ်းအားနှင့် အတူတူပင် ဖြစ်ပါသည်။ သို့သော်လည်း အနက်ရောင်ကျောက်တုံးဂိုလမ်ကြီး၏ ဓားကို အသုံးပြုရာမှာ ကျွမ်းကျင်မှုသည် ပို၍ပင် အားကောင်းသောကြောင့် ၎င်း၏ လက်ထဲတွင်ရှိသော ဓားသည် စွမ်းအားကို ပို၍ပင် ပြသနိုင်ခဲ့သည်။

ဤသည်မှာ သဘာဝအတိုင်း ရှေးဟောင်းတာအိုဆရာသခင်ကို လွင့်ပျံသွားစေရခြင်း၏ အကြောင်းအရင်း ဖြစ်ပါသည်။

"ဘယ်လောက်တောင် အစွမ်းလိုက်တဲ့ ဓားသိုင်းပညာရပ်လဲ” လူတိုင်းဟာ တုနှိုင်းမရ အောင် အစွမ်းထက်သော ဓားသိုင်းပညာရပ် နတ်ဘုရားစွမ်းရည် အမျိုးမျိုးကို ပိုင်ဆိုင် ထားကြပေမယ့်, ဒီသေးငယ်တဲ့ဓားသိုင်းပညာရပ်လေးက ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအားကို ပြသနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။” ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ချင်ယွင်သည် မျက်တောင်မခတ်ဘဲ ဓားကိုင်ထားသော ဂိုလမ်ကြီးကို စိုက်ကြည့်လိုက် သည်။ သူသည် ဓားကိုင်ထားသော ဂိုလမ်ကြီး၏ လှုပ်ရှားမှု အသေးစိတ်တိုင်းကို အာရုံစိုက်နေပြီး၊ သူ့ဓားသိုင်းပညာရပ်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို မြင်လိုသည်။ ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုသည် အဘယ်ကြောင့် သူ့ဓားကို အလွန်ပြင်းထန်သော စွမ်းအားဖြင့် ပေါက်ကွဲစေနိုင်ရသနည်း။

ဤဂိုလမ်ကြီးမှာ နတ်ဘုရားတန်ခိုး မရှိသည်မှာ ထင်ရှားပါသည်။ ၎င်းသည် သန့်စင်သော ဓားစွမ်းအားကိုသာ အားကိုးနေခြင်း ဖြစ်သည်။ သို့သော် ဤစွမ်းအားသည် ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်နိုင်သည်။ အကယ်၍, ၎င်းသည် နတ်ဘုရားတန်ခိုးကိုပါ ထည့်ပြီး အသုံးပြုလိုက်လျှင်, ပို၍ပင် အစွမ်းထက်နေမှာ မဟုတ်ပေဘူးလား။

"ဒါက ကန့်သတ်ချုပ်ချယ်မှုရဲ့ အားနည်းချက် ဖြစ်နိုင်နေတယ်။ တကယ်လို့, သင်ဟာ ဂိုလမ်ကြီးကို အနိုင်ယူချင်ရင်၊ ဓားကိုလှုပ်ရှားဖို့အတွက် ဂိုလမ်ကြီးရဲ့ ဓားသိုင်းပညာရပ် စွမ်းအားကို အသုံးပြုပုံကို နားလည်ထားဖို့ လိုအပ်လိမ့်မယ်။ သင်က အဲဒါကို နောက်ထပ် ပြန်သုံးနိုင်ရမယ်” ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။ သူသည် ဤအကြောင်းကို ပို၍တွေးကြည့်လေး, သူ့အတွေးတွေက မှန်ကန်သည်ဟု ပိုခံစားရလေ ဖြစ်သည်။

သူသည် ကျောက်တုံးဂိုလမ်ကြီး၏ အသေးစိတ် အချက်အလတ်တိုင်းကို ဂရုတစိုက် လေ့လာနေခဲ့သည်။

ချင်ယွင်၏ စောင့်ကြည့်လေ့လာမူအတိုင်းမှာ, ဂိုလမ်ကြီး၏ လှုပ်ရှားမှု အသေးစိတ်တိုင်း သည် သာမန်ထက် များစွာသာလွန်နေကြောင်း တွေ့ရှိခဲ့သည်။ သူသည် ခွန်အား အနည်းငယ်မျှကိုပင် ဖြုန်းတီးပစ်ခြင်းမရှိဟု ဆိုနိုင်သည်။ ဓားပေါ်တွင် အသုံးပြုထားသော ခွန်အားတစ်ခုစီတိုင်းသည် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။

ဤအခိုက်အတန့်တွင် ရှေးဟောင်းတာအိုသည် အနက်ရောင်ကျောက်တုံးဂိုလမ်ကြီးနှင့် တစ်ဖန် တိုက်ခိုက်နေပြီ ဖြစ်သည်။ သူတို့နှစ်ယောက် မကြာခဏ တိုက်ခိုက်ဖြစ်ကြပြီး၊ ရှေးဟောင်းတာအိုသည် အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရသည်။

နောက်ဆုံးတွင်၊ ရှေးဟောင်းတာအိုဆရာသခင်သည် ကျောက်တုံးဂိုလမ်ကြီး၏ ဓားချက် ကြောင့်, လွင့်ထွက်သွားပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။

သို့သော်၊ ရှေးဟောင်းတာအိုဆရာသခင်၏ မျက်လုံးများသည် အနှိုင်းမဲ့ တောက်လောင် နေဆဲ ဖြစ်သည်။ သေချာသည်မှာ သူသည်လည်း တစ်စုံတစ်ခုကို နားလည်သွားခဲ့သည်။

"ဟား…၊ ဟား…၊ ငါ တိုက်မယ်” ချူယွန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရှေးဟောင်းတာအို၏ တိုက်ပွဲသည် သူ၏နက်ရှိုင်းသော နှလုံးသားထဲမှ တိုက်ခိုက်လိုသော စိတ်ဆန္ဒကို နှိုးဆွပေးခဲ့သည်။ ထို့ကြောင့် ရှေးဟောင်းတာအိုသည် တိုက်ပွဲတွင် ကျရှုံးပြီးနောက်, သူသည် စင်မြင့်ပေါ်သို့ တိုက်ရိုက် တက်လာခဲ့သည်။

ချင်ယွင်သည် ကျောက်တုံးဂိုလမ်ကြီး၏ လှုပ်ရှားမှုတိုင်းကို ဂရုတစိုက် ကြည့်နေကာ အတွင်းမှ နက်နဲသော အရာများကို နားလည်လိုစိတ်ဖြင့် ဘေးအနားတွင် ရပ်နေလေ သည်။

အလွန်လျင်မြန်စွာ၊ ချူယွန်လည်း ရှုံးနိမ့်သွားသည်။ သို့သော်လည်း ထိုအချိန်တွင် ရှေးဟောင်းတာအို၏ ဒဏ်ရာများလည်း ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ဘာမျှ မပြောဘဲ တိုက်ရိုက် တိုက်ပွဲဝင်ခဲ့သည်။

ထိုကဲ့သို့ပင် ချူယွန်နှင့် ရှေးဟောင်းတာအိုသည် အနက်ရောင်ကျောက်တုံးဂိုလမ်ကြီးကို တလှည့်ဆီ စိန်ခေါ်ပြီး အဆက်မပြတ် တိုက်ခိုက်ခဲ့ကြသည်။ ချင်ယွင်သည်လည်း ဘေးမှ တိတ်တဆိတ် ကြည့်နေပြီး၊ ရံဖန်ရံခါ, အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးး၏ လှုပ်ရှားမှု များကို သေချာစဉ်းစားပြီး ထုတ်နှုတ်ယူကာ အဖြေတစ်ခု ထုတ်နေသည်။

သူတို့သုံးဦးသည် ရူးသွပ်နေသော နတ်ဆိုးများကဲ့သို့ ၎င်းတို့၏ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်နေကြပြီး ဓားတာအို၏ နားလည်မှုတွင် အရူးအမူး နှစ်မြှုပ်ထားကြသည်။

တစ်ဖက်တွင်မူ၊ တော်ညီအစ်မနှင့် နီထိုက်စွေ့တို့သည် အံသြသွားကြသည်။ သူတို့ သုံးယောက် ဘာတွေလုပ်နေလဲဆိုသည်ကို သူတို့ နားမလည်ကြပါဘူး။

ထိုကဲ့သို့ပင် အချိန်ဆယ်ရက်သည် တဖျပ်ဖျပ်နှင့် ကုန်ဆုံးသွားခဲ့သည်။

ဆယ်ရက်လုံးလုံး ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် အနက်ရောင် ကျောက်တုံးဂိုလမ် ကြီးကို အလှည့်ကျ စိန်ခေါ်ကြသည်။ ချင်ယွင်သည် မျက်လုံးမမှိတ်ဘဲ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေချိန်မှာ သူ့တစ်ကိုယ်လုံးလည်း ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

တခြားသူတွေ မသိနိုင်သော်လည်း, သူတို့သုံးယောက်သည် ဓားကို နားလည်ဆင်ခြင်နေရုံ သာမက, ပြိုင်ဆိုင်နေကြသည်ကို သူတို့သုံးယောက်သာ သိကြပါသည်။

All Chapters