← Chapters

အခန်း ၁၂၉၀

Vol. 86 Ch. 1290

အခန်း ၁၂၉၀

Vol. 86 Ch. 1290

အခန်း (၁၂၉၀) ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။

ဘုန်း.။

ဤတစ်ကြိမ်တွင် ချူယွန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တိုက်ရိုက် လွင့်ပျံသွားခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ, သူသည် အနက်ရောင်ကျောက်တုံးဂိုလမ်ကြီး၏လက်ထဲမှာ ယခင်ကထက် အချိန်ပိုကြာအောင် ကြံ့ကြံ့ခံနိုင်ခဲ့သည်။ အမွှေးတိုင်တစ်ဝက်ထွန်းညှိန်ချိန် မှ အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန်အထိ၊ ၎င်းသည် သုံးဆခန့် တိုးလာခဲ့သည်။

ချူယွန်သည် လွင့်ပျံသွားပြီး, ပါးစပ်အပြည့် သွေးများ အန်ထုတ်လိုက်ရသည်။ သို့သော် သူ့မျက်နှာမှာ ထက်မြက်သော အပြုံးများဖြင့် ပြည့်နှက်နေသည်။

"ဟား…၊ ဟား….၊ ညီအစ်ကိုဂူ, မင်း အလှည့်ရောက်ပြီ" ချူယွန်က ဟက်ဟက်ပက်ပက် ရယ်ပြီး ပြောသည်။ သူပြောပြီးသည်နှင့်, သူသည် ရှေးဟောင်းတာအိုကို နှိုးဆော်သည့် အကြည့်မျိုး ပေးရန်လည်း မမေ့ခဲ့ပေ။

"ဟား…, ဟား….၊ ငါလုပ်မယ်” ရှေးဟောင်းတာအိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက် သည်။ သူပြောပြီးသည်နှင့် မတ်တပ်ရပ်ကာ တိုက်ပွဲအတွက် ဆက်လက် ပြင်ဆင်သည်။

တူညီသောစကားမျိုး, တူညီသော အပြုံးမျိုးနှင့် တူညီသော စကားဝိုင်းသည် အကြိမ်ပေါင်း တစ်ထောင်ကျော် ဖြစ်ပျက်ခဲ့သည်။

တော်ယုသည် တည်ငြိမ်နေသေးပြီး သူမမျက်နှာမှာ မည်သည့်အမူအရာမှ ရှိမနေခဲ့ပေ။ သို့သော်လည်း တော်အန်းကမူ သည်းမခံနိုင်တော့ဘဲ, သူမမျက်လုံးများကို လှည့်ပတ် ကစားစပြုလာသည်။ သူမသည် တူညီသော စကားသံများကို အကြိမ်ပေါင်းများစွာ ကြားနေခဲ့ရပြီး၊ သူမနားများသည် ပိုးအိမ်အပေါက်များပင် ထွက်စပြုလာသည်။

လွန်ခဲ့သော ဆယ်ရက်ခန့်ကတည်းက, သူမတို့သည် ဘေးမှနေ၍, ချူယွင်နှင့် ရှေးဟောင်း တာအိုတို့ မတ်တပ်ရပ်လိုက်, ထိုင်လိုက်ဖြစ်နေသည်ကို ကြည့်ရူနေခဲ့သည်။ ထို့နောက်, သူတို့သည် အထပ်ထပ်အခါခါ လွင့်ပျံသွားကြသည်။ တူညီသော စကား, တူညီသော အဆုံးသတ်။ တစ်ခုတည်းသော ခြားနားချက်မှာ တိုက်ပွဲတစ်ပွဲစီ၏ ကြာချိန်သည် ယခင်တစ်ကြိမ်ထက် အနည်းငယ် ပိုရှည်ကြာလာသည်။

သို့သော် သူမ၏ထင်မြင်ချက်အရဆို, ဤအချိန်အနည်းငယ် ကြာမြင့်လာခြင်းသည် အဓိပ္ပါယ် မရှိပေ။ ထိုအနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို သူမတို့ အနိုင်မယူခင်အထိ, ဤနေရာမှာ အနှစ်တစ်ထောင် ဒါမှမဟုတ် အနှစ်တစ်သောင်းလောက် နေရတော့မှာ လား?။

ဤလောက်ဆို လုံလောက်သင့်ပါပြီ။ အနည်းဆုံးတော့ ချူယွန်နှင့် ရှေးဟောင်းတာအိုတို့ သည့် အစွမ်းကုန် ကြိုးစားနေခဲ့ကြသည်။ ဒါဆို ချင်ယွင်ကရော ဘာလုပ်နေလဲ?။

သူသည် သစ်တုံးကဲ့သို့ မလှုပ်မယှက် ထိုင်နေပြီး၊ သူ့ကို မည်မျှ အော်ခေါ်သည်ဖြစ်စေ, သူမကို လျစ်လျူရှုထားသည်။ သူတို့ တိုက်ခိုက်နေသည်ကို ကြည့်ရုံကြည့်နေပြီး၊ ရံဖန်ရံခါ, မျက်စိမှိတ်နေကာ၊ သူဘာတွေ တွေးနေမှန်း သူမ မသိနိုင်ပေ။

မှန်ပါသည်။ သူမသည် ချင်ယွင်၏ တုံးအသော သစ်သားတုံးပုံစံ အမူအရာကို ကြည့်ပြီး၊ ဒေါသမထွက်ဘဲ မနေနိုင်တော့ပေ။ ချင်ယွင်သည် ယခင်က သူမကို ကျီစားပြီး သူ့ကို ခင်ပွန်း ချင်ယွင်ဟု ခေါ်ခိုင်းခဲ့သည့် မြင်ကွင်းကို ပြန်တွေးကြည့်ရင်း, သူမသည် ယခုအချိန် မှာ ချင်ယွင်ကို တောင်ပေါ်ကနေ ကန်ချပစ်ဖို့ပင် ဆန္ဒရှိနေခဲ့သည်။

အကယ်၍, တော်ယုကသာ သူမကို မတားထားဘူးဆိုရင်, သူမသည် ချင်ယွင်ကို အရူးအမူး ပြေးကိုက်မိလိမ့်မည်။

သေချာပါသည်။ စိတ်ဓာတ်ကျနေသည့်လူက သူမတစ်ဦးတင်မကပါဘူး၊ နီထိုက်စွေ့လည်း စိတ်ဓာတ်အကြီးအကျယ် ကျနေခဲ့သည်။

သို့သော် နီထိုက်စွေ့၏ စိတ်ရှည်မှုသည် ထူးထူးခြားခြား ကောင်းမွန်လှပါသည်။ သူသည် ဒေါသထွက်ခြင်း မရှိပေ။ တိုက်ပွဲကို သုံးရက်ကြာ ကြည့်ရှုပြီးနောက် သူသည် ငြီးငွေ့လာခဲ့ သည်။ ထို့နောက်, သူသည် နံရံကိုမှီပြီး တိုက်ရိုက် အိပ်ပျော်သွားခဲ့သည်။ ယင်းကြောင့် စိတ်ဓာတ်ကျနေပြီ ဖြစ်သော တော်အန်းကို ပို၍ပင် စိတ်ဓာတ်ကျလာစေသည်။

"ဒီနေ့, ဒီအချိန်လို ဖြစ်လာမှတော့, မင်း ဘာလို့ တောင်ပေါ်ကနေ ခုန်ဆင်းမသွားရတာလဲ" တော်အန်းက စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်သည်။

ရှေးဟောင်းတာအိုသည် နေရာလွတ်ဆီသို့ ဆက်လျှောက်လာသည်။ ကျောက်တုံးဂိုလမ် ကြီးက မည်သည့်ခံစားချက် အမူအရာမှမရှိဘဲ တိတ်ဆိတ်နေခဲ့သည်။ နောက်ဆုံးအကြိမ် စကားပြောပြီး ကတည်းက သူသည် ဘာစကားမှ ထပ်မပြောတော့ပါဘူး။ သူသည် ကျောက်ရုပ်လူသား ဖြစ်သည်။ သူသည် ရထားစစ်သည်တော်ဟု ခေါ်ဆိုကြသည့် အရာကို ဂရုမစိုက်သလို လူသတ်သမားတစ်ဦးကဲ့သို့လည်း မလုပ်ရှားခဲ့ပါဘူး။ သို့သော်, သူသည် ရှေးဟောင်းတာအိုနှင့် အခြားလူများကို အလွတ်နေရာမှ ထွက်သွားခွင့် မပြုဘဲ တားဆီးနေ ခဲ့သည်။

"ဆရာ၊ ကျွန်တော်လုပ်ပါရစေ”။

သို့သော်လည်း, ရှေးဟောင်းတာအို အလွတ်နေရာသို့ လျှောက်လှမ်းနေချိန်မှာ လူတိုင်း၏ နားထဲတွင် တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံထွက်ပေါ်လာသည်နှင့်, လူတိုင်းက အသံလာရာဘက်ကို လှည့်ကြည့်လိုက်ကြ သည်။ တစ်ချိန်လုံး အိပ်ပျော်နေသော နီထိုက်စွေ့ပင် မျက်လုံးများ ပွင့်လာသည်။

ထိုအချိန်တွင် တော်အန်းလည်း တိတ်ဆိတ်သွားသည်။ သူမ၏ လှပသော မျက်နှာပေါ်တွင် အံ့သြသော အမူအရာ ပေါ်လာသည်။ တော်ယုနှင့် ပတ်သက်၍ သူမသည် ကြိုတင်မျှော်လင့်ထားသည့် အမူအရာမျိုး ရှိနေသည်။ သူမ၏ ပါးစပ်ထောင့်များက ပေါ့ပါးသော အပြုံးတစ်ခု သယ်ဆောင်လာရင်း၊ သူမ၏ မျက်လုံးများတွင် နက်ရှိုင်းသော ခံစားချက်များ စီးဆင်းနေသည်။

မှန်ပါသည်၊ ပြောလိုက်သည့်လူက မလှုပ်ဘဲ ဆယ်ရက်လောက် တင်ပျဉ်ခွေထိုင်နေသော ချင်ယွင် ဖြစ်ပါသည်။

သူသည် မျက်နှာပေါ်တွင် အထင်မရှားအပြုံးနှင့်အတူ ဖြည်းဖြည်းချင်း မတ်တပ် ရပ်လိုက် သည်။

ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်၏ စကားကို ကြားသောအခခါ, အံ့သြသည့် အမူအရာ ပေါ်လာသည်။ ပြီးတော့ သူက ပြုံးပြီး “မင်း လှုပ်ရှားတော့မှာလား” ဟု မေးလိုက်သည်။

"အင်း..၊ ကျွန်တော် ကြည့်နေခဲ့တာ ကြာသွားပြီ။ လေ့ကျင့်ဖို့ အချိန်ရောက်ပြီ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

ရှေးဟောင်းတာအိုဆရာသခင်က ပြုံးပြီး ခေါင်းညိတ်တယ်။ သူက တိုက်ရိုက် ပြန်လှည့်ကာ, နောက်ပြန်လျှောက်လာခဲ့ပြီး ချင်ယွင်ကို စိန်ခေါ်ရန် အခွင့်အရေး ပေးလိုက်သည်။

ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်ထံ အနည်းငယ် ဦးညွှတ်ပြီး ကျောက်တုံး ဂိုလမ်ကြီးကို ကြည့်လိုက်သည်။

ဘန်း..။

သူ့လက်ထဲတွင် ထိပ်တန်း နတ်ဘုရားဆေဘာတစ်ချောင်း ပေါ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဓားဆန္ဒတစ်ချက် ထွက်ပေါ်လာသည်။

ကျောကျောက်တုံး ဂိုလမ်ကြီးသည် ဆေဘာကိုင်ပြီး နေရာအလွတ်ဆီသို့ ခြေလှမ်းဝင်လာ သော ချင်ယွင်ကို လှမ်းကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ ထူးမခြားဟန် အမူအရာမှာလည်း အနည်းငယ် လှုပ်ရှားသွားဟန် ထင်ရှားပေါ်လွင်နေသည်။ သူသည် ကျောက်တုံးဓားကို ညာလက်တွင် ကိုင်ထားပြီး၊ သူ့ခန္ဓာကိုယ်တွင် မည်သည့် အငွေ့အသက်မျှ မရှိပေ။ သို့သော်၊ သူ့ခန္ဓာကိုယ်ရှိ ခွန်အားသည် ကြယ်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"အစ်မ၊ ဘယ်လိုထင်လဲ?။ ဒီအရူးကောင်ချင်ယွင်က ဒီမှာထိုင်နေတာ ဆယ်ရက်လောက် ရှိပြီ။ သူ ကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားစွမ်းရည်တစ်ခုခုကို နားလည်သွားလို့များလား?" တော်အန်းသည် နတ်ဘုရားဆေဘာကို ကိုင်ဆောင်ထားသည့် ချင်ယွင်ကို ကြည့်ရင်း လှောင်ပြောင် ပြောလိုက်သည်။

"မင်း နောင်အနာဂတ်မှာ သူ့ကို အရူးလို့ မခေါ်နဲ့။ သူမရှိဘူးဆိုရင် ငါတို့ ဒီနေရာကို ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ?။ သူက ဆယ်ရက်လောက် တရားထိုင်နေတာ ဆိုတော့, အခု အောင်မြင်အောင် လုပ်ဆောင်နိုင်လို့ဖြစ်ရမယ်” တော်ယုက တော်အန်းကို ဒေါသတကြီး ပြောသည်။

တော်အန်းက နှုတ်ခမ်းစူပြ လိုက်ပြန်သည်။ ရှင်းရှင်းပြောရလျှင်၊ သူ့အစ်မသည် ချင်ယွင် အကြောင်း မကောင်းပြောသည်ကို သူမ မကျေနပ်မှန်း သိသာပါသည်။ သို့သော် သူ့အစ်မသည် အမှန်အတိုင်း ပြောနေမှန်း သူမ သိသည်။ ထို့ကြောင့် သူမလည်း ငြင်းဆို၍ မရပေ။ သို့သော်၊ သူမမျက်နှာတွင် ရွံရှာဖွယ် အမူအရာ ရှိနေသေးပြီး "နင် ဘယ်လို နတ်ဘုရား စွမ်းရည်မျိုး နားလည်ခဲ့လဲဆိုတာ ငါ မြင်ချင်မိတယ်" ဟု ရေရွတ်လိုက်သည်။

တော်ညီအစ်မသည် အချင်းချင်း ငြင်းခုန်ဆွေးနွေးနေကြစဉ်မှာ ချူယွန်နှင့် ရှေးဟောင်း တာအိုတို့သည် ဘေးချင်းယှဉ်ထိုင်ကာ ချင်ယွင်၏ နောက်ကျောပုံရိပ်အား တစ်စုံတစ်ခုကို ဆွေးနွေးနေရင်း ကြည့်နေကြသည်။

"ညီအစ်ကိုဂူ၊ ညီအစ်ကို ချင်ယွင်က ဘယ်လောက် နားလည်ထားပြီလို့ ထင်လဲ" ချူယွန်က မေးသည်။

"ငါ မသေချာပေမယ့် ဒီကလေးက အမြဲတမ်း အရည်အချင်း ရှိတယ်။ သူက ၅၀ ရာခိုင်နှုန်းထက် မနည်းဘူးလို့ ထင်တယ်။" ရှေးဟောင်းတာအိုက ချင်ယွင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။

"၅၀ ရာခိုင်နှုန်းလား?” ချူယွန်သည် ချက်ချင်းပင် မျက်လုံးပြူးသွားကာ အံ့ဩဟန်ဖြင့် ပြောလိုက်သည် "ငါတို့နှစ်ယောက် အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြတယ်။ တိုက်ပွဲအပေါ် စဉ်ဆက်မပြတ် နားလည်မှုအရဆို၊ ငါတို့ဟာ ၁၀ ရာခိုင်နှုန်းလောက်ပဲ နားလည်နိုင် လောက်တယ်" ညီအစ်ကို ချင်ယွင်က ဘေးမှကနေ ကြည့်နေခဲ့တာလေ။ သူ ဘယ်လောက် ပဲ ဉာဏ်ကောင်းနေပါစေ၊ သူ့အရည်အချင်းက ဒီလောက် အချိန်တိုလေးအတွင်းမှာ ၅၀ ရာခိုင်နှုန်းကိုတော့ နားမလည်နိုင်လောက်ဘူး မဟုတ်လား။ ငါ့အမြင်အရဆို, ညီအစ်ကို ချင်ယွင်က ၃၀ ရာခိုင်နှုန်းလောက်ပဲ နားလည်နိုင်စွမ်းရှိလိမ့်မယ်”။

ချူယွန်၏ စကားကိုကြားတော့ ရှေးဟောင်းတာအိုက ပြုံးလိုက်ပြီး ခေါင်းယမ်းကာ အခြားဘာမှ မပြောတော့ပေ။

အမှန်တကယ်ဆို, သူသည် အစောပိုင်းက ချင်ယွင်ကို လျှော့လျှော့ပေါ့ပေါ့တွက်ပြီး ၅၀ ရာခိုင်နှုန်း ပြောလိုက်ချင်သော်လည်း, အခုကြည့်ရသည်မှာ သူ ပြောရင်တောင်, ချူယွန်က မယုံကြည်ဟု ထင်ရပါသည်။

ရှေးဟောင်းတာအိုသည် ချင်ယွင်၏ ကျောပြင်ကို ကျေနပ်နေသော မျက်နှာအမူအရာဖြင့် ကြည့်နေသည်။

ဤတပည့်သည် တစ်လှမ်းပြီးတစ်လှမ်း ကြီးပြင်းလာသည်ကို သူ မြင်ခဲ့ရသည်။ ယခု သူသည် ဤအဆင့်သို့ ရောက်ရှိသွားသောအခါ၊ တစ်ချိန်က ချင်ယွင် ပြသခဲ့သော ပါရမီ အရည်အချင်းနှင့် ဆုံးဖြတ်ချက်များကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။ သူ့တပည့် အားလုံးထဲမှာ မည်သည့်တပည့်က သူ့ကို စိတ်ကျေနပ်မှု အရှိဆုံးဟု ပြောရမည်ဆိုလျှင်, ချင်ယွင်ကို နာမည်ပေးဖို့ သူ တွေးတောနေမှာ မဟုတ်ပါဘူး။

"ချင်ယွင်, မင်း ဘယ်​​လောက်​ကြီးပြင်းလာလဲဆိုတာ ငါ့ကို ကြည့်ခွင့်​​ပေးပါဦး" ရှေးဟောင်း တာအိုသည် သူ့ကိုယ်သူ သူ့စိတ်နှလုံးထဲမှာ ရေရွတ်လိုက်ပြီး ချင်ယွင်ကိုကြည့်ရင်း သူ့အကြည့်တွေက အနှိုင်းမဲ့ တောက်ပနေခဲ့သည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ ရည်ရွယ်ချက်များကို ဂရုမစိုက်ပေ။ ယင်းအစား သူသည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို ကြည့်ရန် သူ့ခေါင်းကို မော့လိုက်သည်။

"စီနီယာ ဂိုလမ်ကြီး၊ ကျွန်တော်တို့ကို ကရုဏာထားပြီး အခုလိုကြီးကျယ်ခမ်းနားတဲ့ နတ်ဘုရားစွမ်းရည်ကို သင်ယူခွင့်ရအောင် ထပ်ထပ်ခါခါ ပေးပြပေးခဲ့တဲ့အတွက် ဒီဂျူနီယာက ကျေးဇူးတင်ပါတယ်။ တိုက်ပွဲမစခင်မှာ ကျွန်တော် ချင်ယွင်က ကျေးဇူးတင် ကြောင်း ပြောချင်ပါတယ်။" ချင်ယွင်က လေးလေးစားစား ပြောလိုက်သည်။

အကယ်၍, ကျောက်တုံးဂိုလမ်ကြီးသည် အသိဉာဏ်မရှိဘူးဆိုလျှင် တစ်မျိုးဖြစ်သည်။ အခု အသိဉာဏ်ရှိနေမှတော့, ချင်ယွင်က သူ့ကျေးဇူးတရားကို သဘာဝအတိုင်း ဖော်ပြရ လိမ့်မည်။

"မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး။ မင်းတို့ကြောင့် မဟုတ်ရင်တောင် ငါက အခုလို လုပ်နေဦးမှာပဲ။ ဒါက ဘိုးဘေးနတ်ဘုရားက ငါ့အတွက် ပေးခဲ့တဲ့ အမိန့်ပဲ။ ဒါက ဘယ်သူ့အတွက်မှ ခြွင်းချက် မရှိဘူး။ ဒီနတ်ဘုရားစွမ်းရည်ကို မင်း ဘယ်လောက် နားလည် နိုင်မလဲ။ ဒါက မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်။ အခု မင်း ဘယ်လောက် နားလည်ထားလဲ။ မင်းရဲ့ လှုပ်ရှားမှုတွေကို ငါ့ကို ပြစမ်းပါဦး" ကျောက်တုံးဓား ကိုင်ထားသော ဂိုလမ်ကြီးက ပြောသည်။

ချင်ယွင် ခေါင်းညိတ်လိုက်ပြီး၊ သူ့မျက်လုံးများက စူးရှလာခဲ့သည်။

စာစဉ် (၈၆) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၂၉.၁၂.၂၀၂၄)။

All Chapters