အခန်း ၁၂၉၁
Vol. 87 Ch. 1291
အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၇)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၂၉၁) ကြောက်မယ်ဖွယ် ခွန်အားအသုံချခြင်း နည်းစနစ်။
ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာသည် ချက်ခြင်း ထွက်ပေါ်လာပြီး သနားခြင်းမရှိ ဘဲ အနက်ရောက် ကျောက်တုံးဂိုလမ်ကြီးဆီကို တိုက်ရိုက် ခုတ်ပိုင်းလိုက်ပါသည်။
အနက်ရောက် ကျောက်တုံးဂိုလမ်ကြီးသည် ချင်ယွင်၏ ထက်မြက်သော ဆေဘာကို ကြည့်လိုက်သည်။ သူ့မျက်လုံးများသည် ရေကဲ့သို့ ထူးမခြားဟန် ရှိနေဆဲဖြစ်ပြီး၊ သူ့ကိုယ်သူ ခုခံကာကွယ်ရန် ဘာမျှ မလုပ်ထားခဲ့ပေ။ ၎င်းသည် ချင်ယွင်၏ နတ်ဘုရား ဆေဘာကို သူ့ရင်ဘတ်ဆီသို့ ဖြတ်ပိုင်းသွားစေသည်။
သို့သော်၊ ချင်ယွင်၏ နတ်ဘုရားဆေဘာသည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးပေါ်သို့ ကျရောက်ခါနီးတွင် ချင်ယွင်၏ လက်ကောက်ဝတ်သည် ကောက်ကွေးသွားခဲ့သည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာသည် လိမ္မာပါးနပ်သော ထောင့်ကွေးဖြင့် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို ရိုက်ချလိုက်သည်။
ချွင်….။
နတ်ဘုရားမိုးကြိုးများ ထစ်ချုန်းကဲ့သို့ တုန်လှုပ်သောအသံတစ်ခု ထွက်ပေါ်လာသည်။
နတ်ဘုရားဆေဘာသည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ ရင်ဘတ်ကို ထိမှန်သွားခဲ့ ပြီး၊ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးအား နောက်ခြေတစ်လှမ်းချင်း ပြန်ဆုတ်သွားစေ သည့် ကြီးမားသော စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
"ဘာ…?" အဝေးမှ ကြည့်နေသူ လူတိုင်းသည် အံ့အားသင့်သော အမူအရာများကို ထုတ်ဖော်လာကြသည်။
သူတို့သည် တော်ညီအစ်မသာမက ချူယွန်နှင့် ရှေးဟောင်းတာအို တို့သည်ပင် အလွန်မင်း အံ့ဩသွားရသည်။
ကျောက်တုံးဂိုလမ်ကြီးအား ခြေတစ်လှမ်းသာ နောက်ပြန် ဆုတ်သွားရခြင်း ဖြစ်သော် လည်း၊ ချူယွန်နှင့် ရှေးဟောင်းတာအိုတို့သည် တိုက်ပွဲပေါင်း တစ်ထောင်ကျော် တိုက်ပွဲ ဝင်ခဲ့ကြသော်လည်း, သူတို့သည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို အနည်းငယ်မျှ မလှုပ်ခါနိုင်ကြသေးပေ။ ယခု၊ ချင်ယွင်သည် သူ ထလာသည်နှင့် တပြိုင်နက် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို နောက်သို့ ခြေတစ်လှမ်း တွန်းထုတ်နိုင်လိုက်သည်။
"ရာခိုင်နှုန်းသုံးဆယ်, ကြည့်ရတာ ငါထင်တာ မှန်နေပုံရတယ်။ ညီအစ်ကိုချင်က ရာခိုင်နှုန်း သုံးဆယ်အထိ နားလည်နေခဲ့ပြီ။" ချူယွန်က မထိန်းနိုင်စွာ ပြောလိုက်သည်။ တကယ်ဆို, သူသည် ချင်ယွင်က ရာခိုင်နှုန်းသုံးဆယ်အထိ နားလည်နေမည်ဟု မယုံကြည်ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် ထိုကဲ့သို့ စွမ်းအားများ ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသောအခါ သူ့နှလုံးသားသည် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
"မင်း မှားနေပြီး ညီအစ်ကိုချူ။ ယွင်အာ အစောပိုင်းက တိုက်ခိုက်နေချိန်မှာ နတ်ဘုရား တန်ခိုးကို နည်းနည်းလေးတောင် အသုံးမပြုခဲ့တာကို မင်း သတိမထားမိဘူးလား။ သူက သူ့ရဲ့ နတ်ဆိုးနတ်ဘုရားစွမ်းအားကိုတောင် အသုံးမပြုခဲ့ဘူး။ သူမရဲ့ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုပဲ အားကိုးထားတာ။" ရှေးဟောင်းတာအိုက ခေါင်းယမ်းပြီး အလွန်မင်း အံ့အားသင့်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ဘာ..?" ရှေးဟောင်းတာအို၏စကားကို ချူယွန် ကြားသောအခါ၊ သူသည် ချင်ယွင် ဦးတည်ရာဆီသို့ ချက်ချင်း ကြည့်လိုက်သည်။ ထိုအကြည့်ကျရောက်သွားသည်နှင့်, သူသည် ချက်ချင်းပင် အေးစက်သော လေကို ရှုရှိုက်မိသွားသည်။
သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားကို အားကိုးရုံဖြင့် အနက်ရောက် ကျောက်တုံးဂိုလမ်ကြီးကို ခြေတစ်လှမ်း နောက်ပြန် ဆုတ်စေနိုင်ခဲ့သည်။ သူ့နားလည်မူ ရာခိုင်နှုန်းသည် မည်မျှအထိ ရောက်ရှိသွားပြီနည်း?။
"ငါ ခန့်မှန်းတာမမှားရင်, ယွင်အာရဲ့ နားလည်နိုင်စွမ်းက ၈၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၉၀ ရာခိုင်နှုန်းလောက်တောင် ရောက်ရှိနေလောက်ပြီ။ သူက ပြီးပြည့်စုံမှုအဆင့်နဲ့ ခြေတစ်လှမ်းသာ ဝေးကွာနေမှာတောင် ငါ ကြောက်မိတယ်။" ရှေးဟောင်းတာအိုသည် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ရှစ်ဆယ်ရာခိုင်နှုန်း၊ ကိုးဆယ်ရာခိုင်နှုန်းလား?" ချူယွန်သည် ချက်ချင်းပင် တံတွေး အပြည့်ကို မျိုချလိုက်သည်။
သူတို့သည် ကြိုးကြိုးစားစား၊ ထပ်ခါထပ်ခါ ရုန်းကန် တိုက်ခိုက်ခဲ့ကြသော်လည်း၊ ထိုစွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရပြီးမှသာ နားလည်မှုအဆင့်တစ်ခုကို ဆုပ်ကိုင်နိုင်ခဲ့သည်။ သို့သော် ချင်ယွင်သည် သူတို့တိုက်ခိုက်နေသည်ကို ဘေးမှ ကြည့်နေခဲ့သည်။ သူသည် ရှစ်ဆယ်ရာခိုင်နှုန်းကနေ ကိုးဆယ်ရာခိုင်နှုန်းလောက်အထိ နားလည်ခဲ့သလား?။
ဒီကွာဟချက်က…။
"မွန်းစတားပဲ။၊ ဒါက တကယ်ကို မွန်းစတားတစ်ကောင်ပဲ” ချူယွန်က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။
"မှန်တယ်။ မူလက ငါ သူ့ကို ညီအစ်ကိုချင်လို့ ခေါ်ရဲသေးပေမယ့်၊ အခုတော့ သူ့ကို ဆရာကြီးလို့တောင် မခေါ်ရဲတော့ဘူး။" နီထိုက်စွေ့က ကြားဖြတ်ပြောလိုက်သည်။
ရှေးဟောင်းတာအိုနှင့် ချူယွန်တို့ မည်သည့်အရာကို ဆိုလိုမှန်း သူ မသိသော်လည်း ချင်ယွင်သည် အံ့ဩစရာကောင်းမှန်းတော့ သူ သိသည်။
"အမ်…-ဟင့်…၊ အနာဂတ်မှာ ငါ သူ့ကို ညီအစ်ကိုချင်လို့ ထပ်မခေါ်ရဲတော့ဘူး။ အယ်,,,၊ ဟုတ်ပြီ…, ညီအစ်ကိုဂူ, ညီအစ်ကိုဂူက သူ တပည့်တွေလက်ခံလို့ ငါ့ကိုယ်စား တိုက်တွန်း ပေးပါဦး။ ပြီးတော့, ငါ့ကို သူ့တပည့်အဖြစ် လက်ခံမလားဆိုတာ သူ့ကို မေးပေးပါဦး။ အဆင်ပြေတယ်မလား" ချူယွန်သည် ရုတ်တရက် ရိုးသားသော အမူအရာဖြင့် ရှေးဟောင်း တာအိုကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
ရှေးဟောင်းတာအိုသည် ချက်ချင်းပင် ခေါင်းကို အသာအယာ ယမ်းလိုက်မိသည်။
အမှန်တော့၊ ရှက်ရဖွယ်အကောင်းဆုံး ဆရာတစ်ယောက်အဖြစ်, သူသည် ကြီးမားသော ဖိအားကို မခံစားရပေဘူးလော။
ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကြောင့် ချူယွန် အံ့အားသင့်နေစဉ်မှာ, ချင်ယွင်သည် ဤအနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်နေပြီ ဖြစ်သည်။
တကယ်တော့ ရှေးဟောင်းတာအို ပြောခဲ့သည်မှာ နတ်ဘုရားစွမ်းရည်ကို သဘာဝအတိုင်း နားလည်သဘောပေါက်အောင် ဆင်ခြင်ခြင်းပင် ဖြစ်သည်။
အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး အသုံးပြုခဲ့သည့် လှုပ်ရှားမှုနှင့် ရပ်တည်မှုတိုင်းတွင် အလွန်အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်ခု ပါရှိနေခဲ့သည်။
ဤနတ်ဘုရားစွမ်းရည်သည် ယခင်က ဓားတာအို၏ နတ်ဘုရားစွမ်းရည်နှင့် ကွဲပြားသည်။ ဤနတ်ဘုရားစွမ်းရည်တွင် မည်သည့်သိုင်းကွက်မှ မပါရှိသလို မည်သည့်ဓားကွက်မှလည်း မပါရှိခဲ့ပါ။ ၎င်းတွင် အံ့ဖွယ်ကောင်းသော ခွန်အားအသုံးချခြင်း နည်းစနစ်တစ်ခုသာ ပါရှိနေခဲ့ပါသည်။
ဤနည်းစနစ်ကို မည်သည့် စွမ်းအားမျိုးတွင်မဆို အသုံးပြုနိုင်သည်။ ၎င်းသည် ရုပ်ခန္ဓာကိုယ်ခွန်အားဖြစ်စေ, နတ်ဆိုးဘုရား၏ တန်ခိုးစွမ်းအားဖြစ်စေ, သို့မဟုတ် နတ်ဘုရားတန်ခိုးဖြစ်စေ၊ စွမ်းအားဖြစ်နေသရွေ့, ဤနည်းစနစ်၏ နတ်ဘုရား စွမ်းရည်မှ တဆင့် အနှိုင်းမဲ့ စွမ်းအားများစွာကို ထုတ်လွှတ်နိုင်မည် ဖြစ်ပါသည်။
သင်သည် ဤနည်းစနစ်ကို ပိုမိုနက်ရှိုင်းစွာ နားလည်လေလေ၊ သင်၏စွမ်းအားသည် ပိုမို အားကောင်းလေ ဖြစ်လာလိမ့်မည်။ အချို့ဆို, သင်၏ မူလစွမ်းအား၏ ဆယ်ဆ၊ အဆတစ်ရာ, ဒါမှမဟုတ် အဆတစ်ထောင်ထိတောင် ထုတ်လွှတ်နိုင်လိမ့်မည်။ ၎င်းသည် သင် အသုံးပြုသည့်ပေါ်တွင် မူတည်ပါသည်။
ထိုအခိုက်တန့်တွင် ချင်ယွင်သည် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို အသုံးပြုကာ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးအား ဓားတစ်ချက်ဖြင့် တွန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။
အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ အကြည့်သည် ချင်ယွင်ကို အလွန် အရေးပေး လာဟန်ဖြင့် ရုတ်တရက် စူးရှလာသည်။
ဘန်း…။
အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ လက်ထဲမှ ကျောက်တုံးဓားသည် နတ်ဘုရား တန်ခိုး စွမ်းအင်အတက်အကျလှိုင်း အနည်းငယ်မျှမရှိဘဲ ချင်ယွင်ဆီကို ဖြတ်သန်းသွား သော်လည်း သူ့စွမ်းအားကတော့ တုနှိုင်းမရအောင် အစွမ်းထက်လှပါသည်။
ချင်ယွင်သည် တိုးဝင်လာသော ဓားကို စိုက်ကြည့်ကာ ဂရုမစိုက်ဘဲ မနေဝံ့ခဲ့ပေ။ သူသည် သူ၏ခန္ဓာကိုယ်ထဲထဲမှ နတ်ဆိုးနတ်ဘုရားစွမ်းအားကို စတင် အသက်သွင်းလိုက်သည်။
ထိုနည်းစနစ်ကို အသုံးပြုခြင်းအားဖြင့် နတ်ဆိုးနတ်ဘုရားစွမ်းအားသည် သာမန်ထက် အဆပေါင်း ဆယ်နှင့်ချီ၍ ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်ခဲ့သည်။
"ဘုန်း”။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ ချင်ယွင်၏ နတ်ဘုရားဆေဘာနှင့် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏လက်ထဲရှိ ကျောက်ဓားသည် ပြင်းထန်စွာ တိုက်မိသွားသည်။ ပြင်းထန်သော စွမ်းအားသည် ထိပ်တိုက်ရင်ဆိုင်ပစ်လွှတ်သော လက်နက်များမှ တစ်ဆင့် ချက်ချင်း ပျံ့နှံ့သွားကာ ၎င်းတို့နှစ်ဦးစလုံး နောက်ပြန် ဆုတ်သွားစေခဲ့သည်။
"လက်ရည်တူနေတာလား?" တော်အန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမမျက်နှာ တွင် အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။
ထင်ရှားသည်မှာ၊ ချင်ယွင်သည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို လက်ရည်တူ တိုက်ထုတ်နိုင်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
အခြားသူများလည်း ထိတ်လန့်သွားကြသည်။ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ စွမ်းအားဖြင့် သူတို့အပေါ် ဖုံးလွှမ်းခံထားရသော အရိပ်ဆိုးကြီးသည် အလင်းတန်း တစ်ခု ကြောင့် ပြိုကွဲသွားပုံရသည်။ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် အလွန်မင်း ကြောက်စရာမကောင်းကြောင်း သူတို့အား ရုတ်တရက် ခံစားရစေသည်။ ၎င်းသည် တော်တော်လေး အားနည်းသွားပုံရသည်။
တကယ်တော့ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးက အားနည်းသွားခြင်း မဟုတ်ပါဘူး၊ ချင်ယွင်ကိုယ်တိုင်က ပို၍အားကောင်းလာခြင်း ဖြစ်ပါသည်။
"ချွင်….၊ ချွင်..”
ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာနှင့် ကျောက်တုံးဓားတို့သည် အဆက်မပြတ် တိုက်မိသွားကြပြီး ကျယ်လောင်သော အသံများ ဆက်တိုက် ထွက်လာခဲ့သည်။
ဤကြောက်မက်ဖွယ် ကျယ်လောင်သော အသံများသည် နားကန်းသွားလောက်သည်။ အဝေးရှိ လူတိုင်းသည် သူတို့၏ နားများကိုကာကွယ်ရန် နတ်ဘုရားတန်ခိုးကိုပင် အသုံးမပြုဘဲ မနေနိုင်တော့ပေ။ ထိုသို့မဟုတ်လျှင်, ထိုကြောက်စရာကောင်းသော ဆူဆူညံညံ အသံများကြောင့် သူတို့သည် တကယ်ကို နာကျင်ရလိမ့်မည်။
ရိုးရှင်းသော လက်နက်အချင်းချင်း အပြင်းအထန် တိုက်မိခြင်းသည် နတ်ဘုရားလျှပ်စီး ပေါက်ကွဲခြင်းထက်ပင် ပို၍ ကြောက်စရာကောင်းသည့် အသံကို အဘယ်ကြောင့် ထုတ်လွှတ်နိုင်သည်ကို သူတို့ နားမလည်နိုင်ခဲ့ကြပေ။ သူတို့၏ ဓားနှင့်ဆေဘာတို့၏ အစွမ်းက မည်မျှအထိ ကြောက်စရာကောင်းနေသည်ကို သူတို့ မှန်းဆကြည့်၍ပင် မရတော့ပေ။
"ဘုန်း”
ချင်ယွင်နှင့် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးတို့သည် နောက်တစ်ကြိမ် နောက်သို့ ဆုတ်ခွာစဉ်မှာ နောက်ထပ် ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"မင်းရဲ့ နတ်ဘုရား စွမ်းအားကို အသုံးပြုပြီး မင်းရဲ့ စစ်မှန်တဲ့ ခွန်အားကို ထုတ်ပြလိုက်ပါ။" ချင်ယွင်သည် ဆက်လက် တိုက်ပွဲဝင်တော့မည့်အခိုက်တွင် အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးအထံမှ ရုတ်တရက် စကားပြောလာသည်။
ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးသည် ထူးခြားသော စွမ်းအားတစ်ခုဖြင့် ကောင်းချီးပေးခံလိုက်ရသကဲ့သို့ ဝေဝေဝါးဝါး အဝါရောင်အလင်းကို အမှန်တကယ် ထုတ်လွှတ်လာသည်။
"မင်းက တကယ်ပဲ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို သူ့ရဲ့ မူလစွမ်းအင်ကို အသုံးပြုဖို့ တွန်းအားပေးနိုင်ခဲ့တာလား” ပတ်ဝန်းကျင်မှ လူတိုင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ထိတ်လန့် တုန်လှုပ်သွားကြသည်။
မှန်ပါသည်။ ဤစွမ်းအားသည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ မူလစွမ်းအား ဖြစ်ပါသည်။ ထိုစွမ်းအားက သူ့ကို ဉာဏ်ရည်ဉာဏ်သွေကို ပိုင်ဆိုင်နိုင်စေသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် အံ့အားသင့်စရာ အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သို့သော် ဤအံ့အားသင့်မှုသည် ရူးသွပ်သော တိုက်ပွဲစိတ်ဆန္ဒကြောင့် ချက်ချင်း မြုပ်သွားခဲ့သည်။
"ကောင်းပါပြီ၊ စီနီယာ ဂိုလမ်ကြီး၊ ဒါဆို ကျွန်တော် လှုပ်ရှားတော့မယ်။ ကျွန်တော့်ရဲ့ နတ်ဘုရားတန်ခိုးစွမ်းအားကို စီနီယာကို မြည်းစမ်းခွင့်ပေးမယ်။" ချင်ယွင်၏ ပါးစပ်ထောင့် က အပြုံးမပျက် ပေါ်လာသည်။ ထို့နောက်, သူသည် နတ်ဘုရားတန်ခိုး ခြောက်မျိုးကို ပေါင်းစပ်လိုက်ပြီး သူ့လက်ထဲမှ နတ်ဘုရားဆေဘာပေါ်တွင် ပွင့်လန်းလာလေသည်။