← Chapters

အခန်း ၁၂၉၂

Vol. 87 Ch. 1292

အခန်း ၁၂၉၂

Vol. 87 Ch. 1292

အခန်း (၁၂၉၂) လျှပ်စီးပြိုလဲခြင်း။

ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာသည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးဆီသို့ ဦးတည်သွားစဉ်မှာ ခုနစ်ရောင်ခြယ် နတ်ဘုရားတန်ခိုးနှင့် လွှမ်းခြုံထားသည့် နတ်ဘုရား ဆေဘာသည် တုနှိုင်းမရအောင် ထက်ရှသော တောက်ပမှုအလင်းတန်းကို ထုတ်လွှတ်နေ ပါသည်။

အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ ငြိမ်သက်နေသော မျက်လုံးများတွင်လည်း စိတ်အာရုံဖမ်းစားနိုင်သည့် စွမ်းအားတစ်ခု ထင်ရှားပေါ်လာသည်။ မူလစွမ်းအားက သူ့လက်ထဲမှ ကျောက်တုံးဓားနှင့် ချိတ်ဆက်ထားသည်။ သူသည် သူ့ကျောက်တုံးဓားကို မြှောက်လိုက်ပြီး ချင်ယွင်၏ဆေဘာကို မည်သည့် စိတ်ကူးယဉ်ဆန်ခြင်းမှ မရှိဘဲ ရင်ဆိုင်လိုက်သည်။

"ဘုန်း..”။

ကောင်းကင်ပြိုကွဲသွားလောက်သည့် ပေါက်ကွဲသံကဲ့သို့ နတ်ဘုရားလျှပ်စီးပေါက်ကွဲသံများ တခဏချင်း ပြန့်နှံ့သွားကာ လေဟာနယ်ကိုပင် တုန်ခါသွားစေသည်။

တစ်ဖက်တွင်၊ တော်ယုနှင့် အခြားလူများသည် မသိစိတ်က နားရွက်ကို ဖုံးအုပ်လိုက်ကြ သည်။ ထိုကြောက်စရာကောင်းသော အပြင်းအထန် တိုက်မိအသံသည် သူတို့၏ နားစည်များကို ကွဲလုမတတ်ပင် ပြိုဆင်းသွားခဲ့သည်။ သူတို့သည် သူတို့၏ နားရွက်များကို ကာကွယ်ရန်အတွက် နတ်ဘုရားတန်ခိုးကို အသုံးပြုထားကြသော်လည်း, ထိုအပြင်းအထန် ထိပ်တိုက်ဆုံတွေ့မူက ကြောက်စရာကောင်းတုန်းဟု သူတို့ ခံစားမိတုန်းပင်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ ထိပ်တိုက်တွေ့ဆုံမိတဲ့ အသံလဲ။ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့အသံကို ဘယ်လိုလုပ် ဖန်တီးနိုင်မှာလဲ" တော်ယု၏ လှပသော မျက်နှာသည် အံ့သြခြင်းများဖြင့် ပြည့်နေခဲ့သည်။

ချင်ယွင်၏ ကျင့်ကြံမှုသည် လုံးဝ တိုးတက်လာခြင်း မရှိခဲ့သော်လည်း, သူ၏ နတ်ဘုရား တန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ အလွန်မင်း တိုးမြင့်လာသည်မှာ ထင်ရှားပါသည်။ ထို့အပြင်, ဤဆေဘာတိုက်ခိုက်မူ၏ စွမ်းအားသည် ယခင်ကထက် များစွာ ကြီးမားခဲ့ သည်။

နံဘေးတွင် တင်ပျဉ်ခွေထိုင်နေသော ချူယွန်နှင့် ရှေးဟောင်းတာအိုတို့သည် မယုံကြည် နိုင်သည့် အမူအရာများကို လှစ်ဖော်ပြသရင်း မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်သည်။ သို့သော်လည်း သူတို့၏ အနေထားပျက်နေသော မျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် လွန်စွာမှ စိတ်လှုပ်ရှားနေသည့် အမူအရာများ ရှိနေကြသည်။

ချင်ယွင်နှင့် နတ်ဘုရားဆေဘာသည် ကျောက်တုံးဓားနှင့် အပြင်းအထန် တိုက်မိပြီးနောက် ချက်ချင်း ပြန်ကန်သွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော လေထုစီးကြောင်းသည် ဒီရေလှိုင်းကဲ့သို့ ပတ်ဝန်းကျင်ကို ဖြတ်ကျော်သွားခဲ့သည်။

"ဖူး…."

ချင်ယွင်သည် နောက်သို့ မီတာအနည်းငယ် လျှောတိုက်ကျသွားခဲ့သည်။ သူသည် ပါးစပ်ထဲမှ သွေးတပွက် အန်ထုတ်လိုက်ရုံသာမကဘဲ စူးရှသော သူ့မျက်ခုံးများသည် အနည်းငယ် တွန့်သွားခဲ့သည်.

အနက်ရောက် ကျောက်တုံးဂိုလမ်းကြီးသည် သူ၏လက်ထဲမှာ ကျောက်တုံးဓားကို ကိုင်ထားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့သည်။ သို့သော် ၎င်း၏ ရုပ်အသွင်သည် တောင်ကြီးကဲ့သို့ ငြိမ်သက်နေဆဲ ဖြစ်ပြီး ခိုင်မာစွာ ရပ်တည်နေခဲ့သည်။

"ဒီပညာရပ်က သခင်ဝူဝမ်ဓားဘိုးဘေးကိုယ်တိုင် ဖန်တီးထားတဲ့ နတ်ဘုရားစွမ်းရည် တစ်ခုပဲ။ ဒါကို “လျှပ်စီးပြိုလဲခြင်း” လို့ ခေါ်တယ်။ ဘယ်နတ်ဘုရားတန်ခိုးနဲ့မဆို “လျှပ်စီးပြိုလဲခြင်း”ရဲ့ စွမ်းအားကို ထုတ်ဖော်ပြသနိုင်တယ်။ အခု မင်းက ဒီပညာရပ်ရဲ့ ၉၀ ရာခိုင်နှုန်းကို နားလည်သွားပြီး၊ ပြီးပြည့်စုံတဲ့အထိ နားလည်ဖို့ ၁၀ ရာခိုင်နှုန်းပဲ လိုတော့ တယ်။ မင်းသာ ဒီနောက်ဆုံး ၁၀ ရာခိုင်နှုန်းကို အပြည့်အ၀ နားလည်သွားတာနဲ့, မင်းက ငါ့ကို အနိုင်ယူပြီး၊ ငါ့စမ်းသပ်ပွဲကို အောင်နိုင်လိမ့်မယ်။" အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးက ချင်ယွင်အား ချီးမွမ်းသည့် အရိပ်အယောင်များ သယ်ဆောင်လာပြီး ခံစားချက်မဲ့သည့် အကြည့်ဖြင့် ပြောလိုက်သည်။

"“လျှပ်စီးပြိုလဲခြင်း”လား…?" ချင်ယွင်က ရေရွတ်လိုက်သည်။

မှန်ပါသည်။ ဤပညာရပ်သည် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ဖြစ်နေပါသည်။

သာမာန်အားဖြင့်၊ နတ်ဘုရားစွမ်းရည်တစ်ခုကို နတ်ဘုရားတန်ခိုးစွမ်းအားဆီသို့ ပို့လွှတ် အသုံးချသောအခါတွင်၊ ၎င်းသည် ပြင်းထန်သော တန်ခိုးစွမ်းအားကို ထုတ်ဖော်ပြသရာမှာ တစ်နေရာတည်းတွင် အဆုံးမဲ့ စီးဆင်းမည် သို့မဟုတ် တနေရာတည်းတွင် ပေါင်းစည်း သွားမည်ဖြစ်သည်။ သို့သော်၊ ဤတဟုန်ထိုးပြင်းထန်သော လျှပ်စီးပြိုလဲခြင်း နတ်ဘုရား စွမ်းရည်သည် နတ်ဘုရားတန်ခိုးအားလုံးကို အချက်တစ်ချက်တည်းအဖြစ် လုံးလုံး ဖိနှိပ်ပြီး ၎င်းကို လုံးဝ ပေါက်ကွဲသွားစေခဲ့သည်။

၎င်းသည် ကောင်းကင်ဘုံမှ နတ်ဘုရားလျှပ်စီးများ ပြိုဆင်းလာသည့်အတိုင်းပင်။ ၎င်းသည် ပွိုင့်တစ်ခုတည်းမှာ လုံးဝ ပေါက်ကွဲသွားခြင်းဖြစ်ပြီး၊ အလွန်မင်း ကြောက်စရာကောင်းပါ သည်။

ဤအကြောင်းကို သေချာစဉ်းစားကြည့်ပါ။ ဂျင်းတစ်သောင်းက ခွန်အားရှိသည်သလား?။ လက်သီးနှင့်တွန်းထုတ်ခြင်းက ပိုပြီးအစွမ်းထက်သလား?။ သို့မဟုတ်, အပ်တစ်ချောင်း ကဲ့သို့ လက်သီးတစ်ချက်ဖြင့် ထိုးဖောက်ခြင်းက ပို၍အားကောင်းသလား။ ဤသည်မှာ နတ်ဘုရားစွမ်းရည် “လျှပ်စီးပြိုလဲခြင်း”၏ သရုပ်ပြမူအဆင့်ဆင့် ဖြစ်ပါသည်။

ယခု ချင်ယွင်သည် နတ်ဘုရားစွမ်းရည် “လျှပ်စီးပြိုလဲခြင်း”ပညာရပ်၏ ကိုးဆယ် ရာခိုင်နှုန်းကို နားလည်ထားပြီး၊ ထိုအရေးကြီးဆုံးအချက်ကို သူ မစဉ်းစားမိသေးပါ။

သူသည် သူ၏ နတ်ဘုရားတန်ခိုးအားလုံးကို အရေးကြီးသော ပွိုင့်နေရာတွင် ပေါင်းစည်း နိုင်စွမ်းရှိနေပါပြီ။ အဆုံးတွင် သူသည် အနည်းငယ် ချို့ယွင်းချက်ရှိနေသေးသည်ဟု ခံစားမိ သည်။ “လျှပ်စီးပြိုလဲခြင်း” ဤနတ်ဘုရားစွမ်းရည်သည် ပို၍ကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်ပုံပေါ်သည်ဟု သူယောင်ဝါးဝါး ခံစားမိသော်လည်း ပို၍ပြင်းထန်သော စွမ်းအားကို မည်သို့ထုတ်ဖော်ရမည်ကိုမူ မဆုံးဖြတ်နိုင်သေးပေ။

"စီနီယာ, အကြံလေးပေးပါဦး။" ချင်ယွင်က ခေါင်းမော့ပြီး အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးကို ပြောလိုက်သည်။

"မင်းကိုယ်တိုင် နားလည်အောင်လုပ်ရမှာ။" အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် အေးစက်စက်အသံကို ထုတ်လွှတ်လိုက်ပြီး၊ ထို့နောက် လက်ထဲတွင်ရှိနေသော ကျောက်တုံးဓားသည် ချင်ယွင်ဆီသို့ ထပ်မံ ကျဆင်းသွားသည်။

ဓား၏အစွန်းသည် တိမ်များကိုဖြတ်၍ ထိုးဖောက်လာသော ချွန်ထက်သော မြှားတစ် စင်းကဲ့သို့ လှိုင်းထလာသည်။ ၎င်းသည် ချက်ချင်းပင် ကောင်းကင်ကို ဖြတ်ပျံသွားကာ ချင်ယွင်ဆီသို့ တိုက်ရိုက် ထိုးစိုက်လိုက်လေသည်။ ၎င်းသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ ချင်ယွင်၏ရှေ့ကို ရောက်ရှိလာသည်။

ချင်ယွင်၏ အမူအရာ ပြောင်းသွားသည်။ သူသည် လက်တစ်ဖက်တွင် ဆေဘာအရိုးကို အလျင်စလို ကိုင်ကာ၊ ဆေဘာ၏သွားက ၎င်းကို အလျားလိုက် ပိတ်ဆို့လိုက်သည်။

ဘန်း…။

ကျောက်တုံးဓားထိပ်ဖျားသည် ချင်ယွင်၏ နတ်ဘုရားဆေဘာ၏ မျက်နှာပြင်ကို ထိုးဖောက်ပြီး၊ သူ့နတ်ဘုရားဆေဘာသည် လခြမ်းကွေးအဖြစ် ချက်ချင်း ကွေးညွှတ်သွား သည်။

ဓားထိပ်ဖျားက ရပ်တန့်သွားပြီး ထိုးဖောက်ဝင်ရောက်ရ ခက်သွားခဲ့သည်။

သို့သော် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ဓားစွမ်းအား ကုန်ဆုံးသွားပြီဟု ချင်ယွင် တွေးနေစဉ်မှာ, ဓားထိပ်ဖျားမှ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာ သည်။

ထိုစွမ်းအားသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းပြီး ချင်ယွင်၏ နတ်ဘုရား ဆေဘာပေါ်တွင် နတ်ဘုရားလျှပ်စီးကြောင်းများ ပေါက်ကွဲသွားသကဲ့သို့ တခဏချင်းပင် ပေါက်ကွဲသွားကာ ချင်ယွင်၏ နတ်ဘုရားဆေဘာကို တိုက်ရိုက် လွင့်ပျံသွားစေသည်။

"ဘန်း”။

ချင်ယွင်သည် သူ့နောက်ဘက်ရှိ အနက်ရောင် နတ်ဘုရားကျောက်တောင်၏ နံရံကို တိုက်ရိုက် ထိမှန်ပြီး မိုးခြိမ်းသံများကဲ့သို့ ထွက်ပေါ်လာသည်။

သူ့နောက်မှ တံတိုင်းက နဂိုအတိုင်းရှိနေသော်လည်း၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် ရွှံ့ညွှန်အိုင်ကဲ့သို့ ဖြစ်နေပါပြီ။

"အွတ်”။

ချင်ယွင်၏ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။ အစောပိုင်းက စွမ်းအား သက်ရောက်မှုက သူ့တစ်ကိုယ်လုံးကို ကွဲကြေသွားစေခဲ့ပြီ။

ဟုတ်ပါသည်။ ချင်ယွင်၏ နတ်ဘုရားအမြုတေ မပြိုကွဲသရွေ့ ချင်ယွင်၏ အသက်သည် အန္တရာယ် မဖြစ်နိုင်သော်လည်း, ပြန်လည်ကုစားရန် အချိန်အနည်းငယ်တော့ ယူရပါလိမ့် မည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ?။ အဲဒါက အတိအကျ ဘာဖြစ်သွား တာလဲ" ချင်ယွင်သည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နာကျင်ကိုက်ခဲမှုကို လုံးဝ ဂရုမစိုက်ပေ။ ယင်းအစား၊ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ဓားနှင့် ထိုဓားအချက် အကြောင်း လေးလေးနက်နက် စဉ်းစားမိသွားသည်။

နတ်ဆိုးနတ်ဘုရားစွမ်းအားနှင့် အသက်စွမ်းအားသည် ချင်ယွင်၏ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးရင်း သူ့ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်လာသည်။ သို့သော် ချင်ယွင်သည် မျက်လုံးများကို မှိတ်ထားပြီး လက်တစ်ဖက်ဖြင့် ဓားကို မြေပြင်ပေါ်သို့ တွန်းချကာ၊ အစောပိုင်းက မြင်ကွင်းကို အမြဲမြင်ယောင်နေသည်။

"အစ်မ၊ သူ ဘာလုပ်နေတာလဲ?။၊ ဒဏ်ရာက အရမ်းကို ပြင်းထန်သွားလို့လား?။ သူက တိုက်ခိုက်ချင်သေးတာလား?” ချင်ယွင်သည် နေရာလွတ်နေရာမှာ ထွက်သွားရန် ရည်ရွယ်ချက်မရှိကြောင်း မြင်လိုက်ရသဖြင့် တော်အန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

တော်ယုသည် လေးနက်သော အမူအရာဖြင့် အဝေးမှ နက်ရှိုင်းသေားအတွေးထဲ ဝင်ရောက် သွားသော ချင်ယွင်ကို ကြည့်လိုက်သည်။ သူမသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက် သည်။ တစ်စုံတစ်ယောက်သည် နေရာလွတ်နေရာ၌ ရှိနေသရွေ့ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် တိုက်ခိုက်ပါလိမ့်မည်။ ယခု ချင်ယွင်သည် ဒဏ်ရာ ပြင်းထန်စွာ ရရှိနေခဲ့ပြီး၊ ထိုနေရာမှာ နေခြင်းက အလွန်အန္တရာယ်များသည်။ သဘာဝ အတိုင်း သူမသည် ချင်ယွင်ကို မည်သည့် မတော်တဆမှုမျှ မဖြစ်စေလိုပါ။ တော်ယုက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် "မသိဘူး၊ ဒါပေမယ့် သခင်လေးချင်က တစ်ခုခု နားလည်သွားလို့ ဖြစ်ပါလိမ့်မယ်။ သူ့ကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ”။

ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် လေးနက်သော အမူအရာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ ချင်ယွင်သည် ထိုနေရာလွတ်နေရာမှ ထွက်သွားသင့် အကြောင်းကို ပြောဆိုသင့်သည်ဟု သူတို့လည်း ခံစားမိကြသည်မှာ ထင်ရှားသည်။

အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် နောက်တစ်ကြိမ် ရွေ့လျားလာပြန်သည်။ သူ့မှာ ကိုယ်ပိုင်အသိစိတ်ရှိနေသော်လည်း ဝူဝမ်ဓားဘိုးဘေးက သူ့အတွက် ချမှတ်ပေးထားသည့် စည်းကမ်းတွေကို သဘာဝအတိုင်း ချိုးဖျက်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် သူ့အကြည့်များ သည် ချင်ယွင်ဆီသို့ လျင်မြန်စွာ ရောက်သွားပြန်သည်။ သူ့လက်ထဲမှ ကျောက်တုံးဓားက မူလစွမ်းအင်နှင့်အတူ တဖန် မြောက်တက်လာပြန်သည်။

ဘန်း…။

အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် သူ၏ဓားကို ထိုးလိုက်ပြီး ချင်ယွင်၏ခေါင်းကို တည့်တည့် ထိုးသွင်းကာ၊ ချင်ယွင်၏ခေါင်းကို လုံးဝ ထိုးဖောက်လိုပုံရသည်။ သို့သော် ချင်ယွင်သည် သူ့မျက်လုံးများကို အတင်းအကြပ် မှိတ်ထားပြီး မလှုပ်မယှက်ဖြစ်နေဆဲပင်။

လူတိုင်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ သူတို့နှလုံးများသည် ချက်ချင်း ခုန်သွားကြ ပါသည်။ တော်ယုသည် မထိန်းနိုင်ဘဲ သူမ၏ ပါးစပ်ကို အုပ်ထားပြီး၊ သူမ၏ မျက်နှာမှာ အလွန်ထိတ်လန့် နေသော အမူအရာ ပေါ်လာသည်။

အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး ထုတ်လွှတ်လိုက်သည့် ဓားစွမ်းအားအရဆို, အကယ်၍, ထိုဓားသာ ထိုးဖောက်သွားမည်ဆိုလျှင်, ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်း ကွဲအက်သွားတော့မှာ သေချာပါသည်။

ဘန်း…။

သို့သော်လည်း အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ ကျောက်တုံးဓားသည် ချင်ယွင်နှင့် သုံးပေအကွာအဝေးတွင် ရှိလာစဉ်မှာ, ချင်ယွင်သည် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး ပြင်းထန်သော အလင်းတန်းတစ်ခုက သူ့မျက်လုံးများမှ ထွက်ပေါ်လာသည်။ သူသည် သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို ချက်ချင်း ဝှေ့ယမ်းပြီး နတ်ဘုရားတန်ခိုးဖြင့် ဖြန့်လိုက်သည်။

ဘန်း…။

နတ်ဘုရားဆေဘာသည် ကျောက်တုံးဓားကို ထိလိုက်သည်နှင့် ကောင်းကင် တုန်ခါလောက်သည့် မိုးခြိမ်းသံက ချက်ချင်း ထွက်ပေါ်လာသည်။ ထိုနောက်မှာတော့ အနက်ရောင် ကျောက်တုံးဓားသည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ လက်ထဲကနေ အမှန်တကယ် လွင့်ထွက်သွားသည်ကို လူတိုင်း တွေ့လိုက်ရပါသည်။ ဓားထိပ်ဖျားက ပျံထွက်သွားပြီး သူ့ဘေးနားက ကျောက်တုံးကြီးတစ်ခုထဲကို ထိုးဖောက်သွားခဲ့သည်။

သို့သော် ဤအရာသည် အဆုံးမဟုတ်သေးပေ။ ချင်ယွင်သည် ထိုဓားကို လွင့်ထုတ် ပြီးနောက်၊ သူ့လက်ထဲမှ နတ်ဘုရားဆေဘာကို နောက်တကြိမ် အလျားလိုက် ရိုက်ချ လိုက်သည်။ ထိုရိုက်ချက်သည် ဧရာမ နတ်ဘုရားကြီးတစ်ပါးသည် ကောင်းကင်ကြီးကို ရိုက်ခတ်လိုက်သည့်အလား ကျယ်လောင်သော မိုးခြိမ်းသံကို ပေါက်ကွဲဖြစ်ပေါ်စေသည်။

အမှန်တကယ်ပင် သူသည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို အတင်းကြပ် တွန်းထုတ်နိုင်ခဲ့သည်။ ပို၍ကြောက်စရာကောင်းသည်မှာ အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီး၏ ကိုယ်ထည်မှာ အလွန်သေးငယ်သည့် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

All Chapters