← Chapters

အခန်း ၁၂၉၃

Vol. 87 Ch. 1293

အခန်း ၁၂၉၃

Vol. 87 Ch. 1293

အခန်း (၁၂၉၃) ကြောက်ခမန်းလိလိ ပါရမီ။

အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် မရပ်တန့်နိုင်မီ, လျှောတိုက်ကာ လွင့်သွားခဲ့ပြီး၊ သူ့ရင်ဘတ်မှာ အက်ကွဲကြောင်းလေးတစ်ခု ရှိနေခဲ့သည်။

ဤအက်ကွဲကြောင်းသည် အလွန်သေးငယ်ပြီး မရှိသလောက်ပင် ဖြစ်သော်လည်း လူအုပ်ကြီး၏ အမြင်တွင်မူ ၎င်းသည် ကောင်းကင်ဘုံကို ဖြိုခွဲသွားသည့် ကျောက်တုံး တစ်ခုနှင့်တူသည်။

"ချိုး...ချိုး၊ ဒါ အမှန်လား" ချူယွန်သည် မျက်လုံးများ ပြူးကျယ်သွားပြီး၊ စကားထစ်အနေ တော့သည်။

"မှန်တယ်။ ငါခန့်မှန်းသာ မမှားရင် ယွင်အာရဲ့ “လျှပ်စီးပြိုလဲခြင်း”နတ်ဘုရားစွမ်းရည်က အထွတ်အထိပ်ကို ရောက်နေခဲ့ပြီ။ မဟုတ်ရင် ဒီလောက် အစွမ်းထက်မှာ မဟုတ်ဘူး။" ရိုးသားစွာ သက်ပြင်းချရင်း ရှေးဟောင်းတာအို၏ မျက်လုံးများက ပြူးကျယ်သွားသည်။

ဤဘိုးဘေးနတ်ဘုရားကျောက်တုံးသည် မည်မျှ မာကျောသည်ကို သူတို့ သိထားကြသည်။ မြေကမ္ဘာနတ်ဘုရားများကို အသာထား၊ ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင်လျှင် ၎င်းကို မချိုးဖြတ်နိုင်ပေ။ ချင်ယွင်သည် ထိုဘိုးဘေးနတ်ဘုရား ကျောက်တုံးအား ဖြိုခွဲနိုင်ခဲ့သည်။ ချင်ယွင်၏ တိုက်ခိုက်မှုသည် မည်မျှ အားကောင်းသည် ကို တွေးကြည့်နိုင်သည်။

ဟုတ်ပါသည်။ ဤအရာကြောင့် ချင်ယွင်၏ ခွန်အားသည် ထိုမြေကမ္ဘာနတ်ဘုရားများနှင့် ကောင်းကင်နတ်ဘုရား နယ်ပယ်ကျွမ်းကျင်သူတွေထက် အားကောင်းသည်ဟု မဆိုလိုပါ ဘူး။ ချင်ယွင် ဖမ်းဆုပ်နိုင်ခဲ့သော နည်းလမ်းကသာ ထူးခြားသည်ဟု ဆိုလိုပါသည်။ သူသည် မထင်မှတ်ထားသော စွမ်းအားဖြင့် ချက်ချင်း ပေါက်ကွဲနိုင်ခဲ့ပြီး၊ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများကြောင့်၊ ၎င်းတို့ မရောက်ရှိနိုင်သည့် ကမ္ဘာ့ထိတ်လန့်ဖွယ် မြင်ကွင်း တစ်ခုကို ဖန်တီးနိုင်ခဲ့ပါသည်။

အဆုံးတွင်၊ ၎င်းသည် ဝူဝမ်ဓားဘိုးဘေးမှ ဖန်တီးထားသော နတ်ဘုရားစွမ်းရည် တစ်ခု ဖြစ်သည်။ အထဲမှာ ပါ၀င်နေသည့် လျှို့ဝှက်ဆန်းကြယ်မှုများသည် သာမန်လူများ နားလည်နိုင်သည့် အရာ မဟုတ်ပါဘူး။

"မင်းက အနိုင်ရပြီဆိုမှတော့, မင်းတို့ ဆက်တက်နိုင်ပြီ။" အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးက မတ်တပ်ရပ်ပြီး ချင်ယွင်ကို ပြောလိုက်သည်။

"ဒီဓားချက်အတွက် စီနီယာကို ကျွန်တော် ကျေးဇူးတင်နေဦးမှာပါ။ တကယ်လို့ အစောပိုင်း က စီနီယာရဲ့ လမ်းညွှန်မူကြောင့်သာ မဟုတ်ပါက, ကျွန်တော် ဒီနတ်ဘုရားစွမ်းရည်ကို အချိန်တိုအတွင်း နားလည်နိုင်မှာ မဟုတ်ဘူး။" ချင်ယွင်သည် အနက်ရောင် ကျောက်တုံး ဂိုလမ်ကြီးအား အနည်းငယ် ဦးညွှတ်လိုက်သည်။

"မင်း ထိုက်တန်ပါတယ်။ ငါက ဘိုးဘေးနတ်ဘုရား ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရုံပဲ။ ဒီနှစ်သန်းပေါင်း ရာနဲ့ချီတဲ့အချိန်တွင်းမှာ ငါ့ကို ဖြတ်ကျော်နိုင်တဲ့လူက ဆယ်ယောက်ထက် မပိုခဲ့ဘူး။ အချိန်အတိုဆုံးလူတောင်မှ အနှစ်ငါးရာ ကြာခဲ့တယ်။ အချိန်ကြာဆုံးလူဆို အနှစ်တစ်ထောင်တောင် အချိန်ယူခဲ့ရတယ်။ ဒါ့အပြင်, မင်းက ငါခန္ဓာကိုယ်ကို ဖြိုဖျက်နိုင်တဲ့ ပထမဆုံးပုဂ္ဂိုလ်ပဲ။ မင်းရဲ့လျှပ်စီးပြိုလဲခြင်း နတ်ဘုရား စွမ်းရည်က ပြီးပြည့်စုံခြင်းအထိ တိုက်ရိုက် ရောက်ရှိသွားခဲ့တယ်။ ဒီလိုမှမဟုတ်ရင်, ဒီလောက်ကြီး အောင်မူရဖို့က မဖြစ်နိုင်ဘူး။” အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးက ထုတ်ဖော် ပြောဆိုသည်။ ထို့အပြင်, သူ့မျက်လုံးများတွင်မူ လေးစားမှု အရိပ်အယောင်များ ရှိနေသည်။

မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်နေသော ရှေးဟောင်းတာအိုနှင့် ချူယွန်တို့သည် လုံးဝ ကို မှင်တက်သွားကြပြီး၊ သူတို့မျက်နှာတွေက မိန်းမောနေကြသည်။

ဤ“လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည် နည်းပညာရပ်သည် စတင်ရန် လွယ်ကူသော် လည်း၊ ၎င်း၏ လျှို့ဝှက်ချက်များကို တူးဖော်ရန်မူ ပိုမိုခက်ခဲလာမည် ဖြစ်သည်။

သူတို့သည် ၁၀ ရာခိုင်နှုန်းကို ၁၀ ရက်အတွင်း နားလည်နိုင်သော်လည်း, ၂၀ ရာခိုင်နှုန်းကို နားလည်ချင်သည်ဆိုလျှင်တော့, နှစ်ပေါင်းများစွာ ကြာသွားနိုင်ပါသည်။ သူတို့ ၃၀ ရာခိုင်နှုန်းကို နားလည်ချင်သည်ဆိုလျှင်, ဆယ်စုနှစ် သို့မဟုတ် နှစ်ရာနှင့်ချီပြီး ကြာသွားနိုင် သည်။ သူတို့သည် “လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည် အားလုံးကို နားလည်လိုပါက အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးပြောသည့် အတိုင်းပင်၊ အနှစ်တစ်ထောင် သို့မဟုတ် အနှစ်တစ်သောင်းမကြာဘဲ, ၎င်းကို လုံးလုံးနားလည်နိုင်မည် မဟုတ်ပေ။

သို့သော် ချင်ယွင်သည် ဆယ်ရက်အတွင်း အောင်မြင်သွားခဲ့သည်။ သူသည် ကနဦးအဆင့်မှ ပြီးပြည့်စုံခြင်းအဆင့်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ဤနားလည်နိုင်စွမ်း သည် သူတို့စိတ်ကူး ယဉ်နိုင်သော အရာမဟုတ်တော့ပါ။ ၎င်းသည် ကမ္ဘာကြီးကို လှုပ်ခြောက်ခြားစရာအဖြစ်သာ ဖော်ပြနိုင်ပါတော့သည်။

ချင်ယွင်သည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး၏ စကားကို ဂရုမစိုက်ဘဲ ပြုံးလိုက် သည်။

တကယ်တော့၊ သူသည် အဘယ့်ကြောင့် ဤမျှကြောက်စရာကောင်းသော နားလည် နိုင်စွမ်းရှိနေရလဲဆိုသည်ကို သူကိုယ်တိုင်သာ သိပါသည်။

ယခုအခါတွင် သူ၏စိတ်ဝိညာဉ်သည် ကနဦးစကြဝဠာနှင့် ရောနှောသွားခဲ့ပြီး၊ ချင်ယွင်၏ နားလည်နိုင်စွမ်းသည် ကနဦးစကြဝဠာကြီး ဆက်လက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပို၍ပင် ကြောက်စရာ ကောင်းလာခဲ့သည်။

ဝူဝမ်ဓားသိုင်းကို နားလည်သောအခါတွင် ချင်ယွင်သည် ထိုအချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုအချိန်တွင်၊ ချင်ယွင်သည် ဝူဝမ်ဓားသိုင်း၏ ပထမဓားကွက် ဓားလှိုင်းကို သေချာစွာ နားလည်သွားခဲ့ပြီး၊ ဝူဝမ်ဓားသိုင်း၏ ဒုတိယမြောက် ဓားကွက်ကိုမူ ၇၇ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်းအထိ နားလည်နေခဲ့ပြီ။

တတိယမြောက် ဓားနှလုံးသား ဓားကွက်ကိုမူ ချင်ယွင်သည် နားလည်မှု အနည်းငယ်မျှ မရှိသေးပေ။ သို့သော် ချင်ယွင်သည် ဒုတိယမြောက် ဓားကွက်ကို လုံးလုံး နားလည်ပြီး နောက်၊ ဤတတိယမြောက် ဓားကွက်သည် မုချအောင်မြင်မည်ဟု ယုံကြည်ထားသည်။ ၎င်းသည် အချိန်အတိုင်း အတာတစ်ခုသာ ဖြစ်ပြီး၊ အချိန် အတော်ကြာမည် မဟုတ်ဟု ချင်ယွင် ယုံကြည်သည်။

ယခု ချင်ယွင်သည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို အနိုင်ယူနိုင်ခဲ့သဖြင့် သူတို့သည် ဆက်လက်ချီတက်နိုင်ခဲ့သည်။ သို့သော်လည်း ရှေးဟောင်းတာအိုနှင့် ချူယွန်တို့က ဆက်လက်နေထိုင်ရန် အစီအစဉ်များ ချမှတ်လိုက်ကြသည်။

သူတို့အတွက်၊ ဤ“လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည်သည် နတ်ဘုရား စွမ်းရည်တစ် ခုဖြစ်သည်။ ဒီလိုအခွင့်အရေးကောင်းကို လွယ်လွယ်နဲ့ စွန့်လွှတ်ဖို့ သူတို့ ဘယ်လို ဆန္ဒရှိနိုင်မလဲ။ ထို့ကြောင့် ၎င်းတို့သည် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးကို ဆက်လက် တိုက်ခိုက်လိုပြီး ၎င်းကို ဆက်လက်နားလည်သဘောပေါက်ရန် ဆန္ဒရှိခဲ့ကြ သည်။

"ယွင်အာ။ မင်းတို့ ဆက်ပြီး ထွက်သွားနိုင်ပြီ။ ချူယွန်နဲ့ ငါက ဒီနေရာမှာ အမြန်ဆုံး နားလည်အောင်ကြိုးစားဖို့ စီစဉ်ထားတယ်။ မင်းတို့နောက်ကို လိုက်ရင်လည်း အရမ်းကို နာကျင်ရလိမ့်မယ်။" ရှေးဟောင်းတာအိုက ချင်ယွင်ကို တိုက်ရိုက် ထုတ်ပြောလိုက်ပြီး၊ ဆက်ပြီး တင်ပျဉ်ခွေထိုင်လိုက်ပါသည်။

"မှန်တယ်၊ ညီအစ်ကို ချင်ယွင်, အို… မဟုတ်ပါဘူး၊ ဆရာကြီး ချင်၊ ငါက နောက်အနာဂတ် မှာ မင်းရဲ့ညီလေး ဖြစ်လာတော့မှာပါ။ မင်း ငါ့ကို သဘောကျပြီး မင်းရဲ့ တပည့်အဖြစ် လက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင်, ချက်ချင်း ငါ မင်းရဲ့တပည့် ဖြစ်လာလိမ့်မယ်" ချူယွန်က ချင်ယွင်ကို ပြောသည် ။

ချင်ယွင်သည် ခေါင်းကို အသာအယာခါလိုက်ပြီး၊ ချူယွန်၏စကားကို လျစ်လျူရှုလိုက် သည်။

"ငါနွားအိုကြီးနီလည်း မသွားတော့ဘူး။ မင်းကို ဒီမှာ စောင့်နေမယ်။" နီထိုက်စွေ့က တစ်ချိန်တည်းတွင် ပြောလိုက်သည်။ ထို့နောက်, သူသည် နံရံကိုမှီ၍ အိပ်နေလေသည်။ သူသည် ချင်ယွင်၏ အံ့ဖွယ်လုပ်ရပ်များကို သူ မမြင်ချင်တော့ပေ။ ထိုအံ့ဖွယ်လုပ်ရပ်များကို မြင်တိုင်း သူသည် သွေးသုံးလီတာလောက် အန်ရလိမ့်မည်။ သူသည် သူ့နောက်ကို လိုက်ဖို့ တကယ်ကို ကြောက်ရွှံ့သွားသည်။ ချင်ယွင်၏ ပို၍ ကြောက်မက်ဖွယ်ကောင်းသော လုပ်ရပ်များကို မြင်ရလျှင်, သူနီထိုက်စွေ့သည် ဤနေရာမှပင် ခုန်ဆင်းမိပေလိမ့်မည် ဟု သံသယဖြစ်မိသည်။ ထို့ကြောင့် သူသည် ထိုအံ့ဖွယ်လုပ်ရပ်များကို မမြင်ရလျှင်, စိတ်မပူစရာလည်း မရှိတော့ပေ။

ကူရာမဲ့ဖြစ်ကာ, ချင်ယွင်နှင့် တော်ညီအစ်မတို့သာ ခရီးဆက်ခဲ့ကြသည်။ ချူယွန်, ရှေးဟောင်းတာအိုဆရာသခင်နှင့် နီထိုက်စွေ့တို့က နောက်တွင်နေရန် ရွေးချယ်ခဲ့သည်။

တော်ညီအစ်မသည် ချင်ယွင်၏ ကြီးမားလှသော အရည်အချင်းကြောင့် ထိတ်လန့်သွား သော်လည်း သူမတို့၏ နှလုံးသားများသည် မထင်မရှား အပျော်များဖြင့် ပြည့်နှက်နေသည်။

ချင်ယွင် ပို၍သန်မာလေ, သူမတို့ နှလုံးသားထဲမှာ ပျော်ရွှင်ရလေဖြစ်သည်။

ကံမကောင်းစွာပဲ၊ ကိုယ်လုပ်တော်က ရည်ရွယ်ချက်ရှိသော်လည်း လျှန်က ​​နှလုံးသားမဲ့ လွန်းသည်။ ဤအရာက ဇာတ်လမ်းကောင်းတစ်ခုအတွက် ဖြုန်းတီးမှုတစ်ခုပင်။

"သွားကြစို့၊ ရှေ့ဆက်ကြရအောင်။ ဒီနေရာက ဒီအနက်ရောက် နတ်ဘုရား ကျောက်တောင် ရဲ့ တစ်ဝက်လောက်ပဲ ရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးက ပိုခက်ခဲလိမ့်မယ်။ အနက်ရောင် ကျောက်တုံးဂိုလမ်ကြီး ပြောစကားအရဆို, ဒီနေရာကို ဖြတ်ကျော်သွားသူ ဆယ်ယောက် မရှိပေမယ့်, သူတို့အားလုံးက ထူးထူးခြားခြား အရည်အချင်းတွေပဲလို့ ပြောလို့ရတယ်။ ဒါပေမယ့် သူတို့အားလုံး အဆုံးသတ်မှာ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် ငါတို့ သတိရှိရမယ်။ သတိလက်လွတ် မနေသင့်ဘူး။" ချင်ယွင်က တော်ညီအစ်မကို ပြောပြီး တော်အန်းကို ကြည့်လိုက်ပါသည်။

ဟုတ်ပါသည်။ ထိုစကားတွေကို တော်အန်းကြားစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ, တော်ယုသည် ချင်ယွင်ကို နာခံသည်။ သူမသည် နာခံမှုရှိပြီး နှလုံးသား မာကျောသူ ဖြစ်သည်။ ထုံးစံအတိုင်း, ဘာပြဿနာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သို့သော်လည်း တော်အန်း၏ ပင်ကိုယ်စရိုက်မှာ ခေါင်းမာပြီး ပြဿနာများ ပေါ်ပေါက်ရန် လွယ်ကူသည်။ ထို့ကြောင့် ချင်ယွင်က သူမကို ဤစကားများဖြင့် သတိပေးခဲ့သည်။

ချင်ယွင်၏ စကားကိုကြားတော့ တော်အန်းသည် နှုတ်ခမ်းကို ရှုံ့မဲ့လိုက်သော်လည်း ငြင်းဆန်ခြင်းတော့ မရှိပေ။ သူမမျက်လုံးများ၏ နက်နဲသောရပ်မှာ လိမ်ညှာလှည့်စားတတ် သည့် အရိပ်အယောင် ထွက်ပေါ်လာသည်။

တော်ယုသည် ဆိုးသွမ်းသော သူ့ညီမလေးကိုကြည့်ပြီး အားကိုးရာမဲ့ ပြုံးနေလိုက်သည်။ ထိုနောက် သူမက ချင်ယွင်ကို ညင်သာသော အကြည့်ဖြင့် ကြည့်သည်။

ထို့နောက် ချင်ယွင်သည် ရင်သပ်ရှုမောဖွယ် အမြွှာစုံတွဲကို တောင်တက်လမ်းတစ်လျှောက် ခေါ်ဆောင်ကာ တောင်ထိပ်ဆီသို့ ဆက်လျှောက်သွားခဲ့သည်။

ချင်ယွင်သည် မကြာမီတွင် အင်အားကြီးမားသော ကန့်သတ်ချက်တစ်ခုကို ရင်ဆိုင်ရ မည်ဟု မူလက ထင်ထားခဲ့သော်လည်း အံ့သြစရာမှာ, သူသည် ကန့်သတ်ချက်တစ်ခုမျှပင် မတွေ့မြင်ခဲ့သလို အန္တရာယ်တစ်စုံတစ်ရာ မကြုံတွေ့ဘဲ အချိန်အတော်ကြာအောင် တက်ခဲ့ကြသည်။

ထိုမျှတင်မကသေးဘဲ မူလက ကြမ်းတမ်းသော တောင်တက်လမ်းသည်ပင် ပိုကျယ်လာခဲ့ သည်။

သို့သော် ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ ဤအရာအားလုံးက လွယ်ကူလွန်းသည်ဟု သူ ခံစားမိသည်။

ပုံမှန်မဟုတ်သော မည်သူမဆို နတ်ဆိုးဖြစ်သည်။ ချောမွေ့လွယ်ကူလွန်းသော်လည်း ဤအရာက ကောင်းသည့်အချက် မဟုတ်ပါဘူး။ ဟုတ်ပါသည်။ ချင်ယွင်၏ခံစားချက်က မကြာခင်မှာ အမှန်တကယ် ဖြစ်လာခဲ့ပါသည်။

All Chapters