အခန်း ၁၂၉၅
Vol. 87 Ch. 1295
အခန်း (၁၂၉၅) တော်ယု၏သွေး
"ဖူး….”။
ချင်ယွင်သည် ပါးစပ်အပြည့် သွေးမြှားတစ်စင်းကို ထွေးထုတ်လိုက်ရပြီး၊ သူ့မျက်နှာအရ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းနှစ်ခုကို ခုခံရင်ဆိုင်လိုက်သည်။ နတ်ဘုရား ဆေဘာရှိနေခြင်းကြောင့်သာ, ထို့သို့မဟုတ်ပါက၊ သူသည် ဤကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းတန်းကြောင့် နှစ်ခြမ်းကွဲသွားပေလိမ့်မည်။
သို့သော်လည်း သူ့ဝမ်းဗိုက်တွင် ထိတ်လန့်တုန်လှုပ်ဖွယ် ဒဏ်ရာကြီးတစ်ခု ရှိနေသေး သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ပျံ့နှံ့သွားကာ၊ ၎င်းသည် ဖျက်စီးပစ်ရုံသာမက အလွန်နာကျင်မူကိုလည်း ခံစားရစေသည်။
"ချင်..... သခင်လေးချင်” တော်ယုသည် အလျင်အမြန် ပြေးထွက်သွားကာ သူမမျက်နှာမှာ စိုးရိမ်ပူပန်မှုများနှင့် ပြည့်နေသည်။
ချင်ယွင်သည် ပြင်းထန်သော နာကျင်မှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး သူ၏လက်ကို ဝှေ့ယမ်းကာ ကနဦးစကြဝဠာ၏ စုပ်ယူမှုစွမ်းအားကို အသုံးပြုပြီး ထိုကြောက်မက်ဖွယ် ဓားစွမ်းအားကို ကနဦးစကြဝဠာထဲသို့ စုပ်ယူလိုက်ပြီး၊ ၎င်းသည် သူ့အား များစွာ သက်သာလာစေသည်။
"ငါ အဆင်ပြေတယ်။ ဒီဓားအလင်းက ငါ့ကိုသတ်ဖို့ မလုံလောက်သေးဘူး" ချင်ယွင်က တော်ယုကို လက်ပြလိုက်သည်။
သူပြောခဲ့သည်မှာ အမှန်တရား ဖြစ်သည်။ ကနဦးစကြာဝဠာ မပြိုကွဲသေးဘဲ သူ့နတ်ဘုရား အမြုတေသည် ကနဦးစကြာဝဠာထဲမှာ ကျန်ရှိနေသရွေ့တော့ သူသည် မသေနိုင်သည့် ခန္ဓာကိုယ်တစ်ခု ဖြစ်နေပါလိမ့််မည်။ ထိုဓားအလင်းစွမ်းအားက ကြွင်းကျန်နေခဲ့လျှင်, ၎င်းသည် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်နိုင်ပါသည်။ ထို့နောက်တွင်၊ ချင်ယွင်သည် နတ်ဘုရားအမြုတေမှတဆင့် ရုပ်ခန္ဓာကိုယ်အသစ်ကို ပေါင်းစည်းနိုင်ပါသေး သည်။
သေချာသည်မှာ, ချင်ယွင်သည် နာကျင်မှုကို ခံနိုင်ရည်ရှိနေရဆဲပင်။ သူသည် နတ်ဆိုး နတ်ဘုရားတန်ခိုးနှင့် အသက်တန်ခိုးကို ပိုင်ဆိုင်ထားသော်လည်း၊ သူ့ခန္ဓာကိုယ်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်နေပါသေးသည်။
"ချွပ်”
သို့သော် ယခုအချိန်တွင် တော်ယုသည် ချင်ယွင်ကို အံ့အားသင့်စေမည့် အရာတစ်ခုကို ပြုလုပ်ခဲ့သည်။
တော်ယုသည် ချွန်ထက်သော လက်နက်ကို ထုတ်ယူကာ သူမလက်ကောက်ဝတ်ကို လှီးဖြတ်လိုက်သည်။ ထို့နောက် သူမသည် သွေးထွက်နေသော လက်ကောက်ဝတ်ကို ချင်ယွင်သို့ ယူဆောင်လာသည်။
"သခင်လေးချင်၊ ကျွန်မ သွေးကို စုပ်လိုက်ပါ။ ကျွန်မသွေးက ရှင့်ရဲ့နာကျင်မှုတွေကို သက်သာစေရုံတင်မကဘူး ရှင့်ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ရာမှာလည်း ကူညီပေး လိမ့်မယ်။" တော်ယုက ရှက်ရွှံ့စွာဖြင့် ချင်ယွင်ကို ပြောလိုက်သည်။
"မလိုပါဘူး။ ငါ့ခန္ဓာကိုယ်က မြန်မြန် ပြန်ကောင်းလာနိုင်တယ်။ ဒီဒဏ်ရာက ငါ့အတွက် ဘာမှမဟုတ်ဘူး" ချင်ယွင်က ငြင်းဆန်ပြီး ခဏလောက် မှင်သက်သွားခဲ့သည်။
သူသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သော်လည်း, အနည်းဆုံးတော့ စိတ်ပိုင်းဆိုင်ရာအရ လုံးဝ နာကျင်မူ မရှိခဲ့ပါဘူး။ ထုံးစံအတိုင်း သူသည် တော်ယု၏ အကူအညီကို မလိုအပ်ပေ။ ဒုတိယအချက်မှာ တော်ယု၏သွေးကို စုပ်လိုက်ခြင်းက သူ့ကို ထူးဆန်းသလို ခံစားလိုက်ရသည်။
'"သခင်လေးချင်၊ ရှင်က ကျွန်တို့ကို အများကြီး ကူညီပေးခဲ့တယ်။ ရှင့်ကို ဘယ်လို ပြန်ဆပ်ရမလဲဆိုတာ ကျွန်မ တကယ်မသိဘူး၊ ကျွန်မတို့ အမြီးကိုးချောင်း ကောင်းကင် ကျောက်စိမ်းမြေခွေးရဲ့ အပျိုစင်သွေးက လူတွေကို သူတို့ကျင့်ကြံမူကို မြန်မြန်ဆန်ဆန် ကြီးထွားအောင် ကူညီပေးနိုင်တဲ့ နတ်ဘုရားဆေးတစ်လက်အဖြစ် ချီးကျူးခံရတယ်။ ဒါကြောင့်, ဒီသွေးက ရှင့်ရဲ့ ကရုဏာအတွက် ကျွန်မက ပြန်ပေးဆပ်သလို သဘောထား ပါ။" ထိုအချိန်တွင် တော်ယု၏ လှပသော မျက်နှာက နီရဲလာခဲ့သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း တော်ယု၏ တောင်းပန် သည့် အမူအရာကို မြင်သောအခါတွင် ဝန်လေးစွာ သဘောတူလိုက်သည်။
ချင်ယွင်က တော်ယုဖြန့်ထားသော လက်ကို ကြည့်လိုက်သည်။ ဖြူစင်သော လက်မောင်း သည် ဖြူစင်သော ကျောက်စိမ်းနှင့်တူသည်။ စင်းလုံးချောပြီး သွယ်လျ၏။ ပြီးပြည့်စုံသည့် အနုပညာလက်ရာတစ်ခုပင်။ သူမလက်ကောက်ဝတ်တွင် နက်ရှိုင်းခြင်း မရှိသလို တိမ်ခြင်းလည်းမရှိသော၊ သွေးစွန်းဒဏ်ရာတစ်ခု ရှိနေပြီး၊ နက်မှောင်သော ရနံ့ကိုပင် ထုတ်လွှတ်နေ၏။
ရနံ့လေးအငယ်ကို ရူရှိုက်မိရုံနှင့် သူ့စိတ်တွေ ကြည်လင်သွားသလို ခံစားလိုက်ရသည်။
ချင်ယွင်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး တော်ယု၏ လက်ကောက်ဝတ်ပေါ် သူ့ပါးစပ်ကို အုပ်လိုက်သည်။ သူ့နှုတ်ခမ်းက တော်ယု၏ လက်ကောက်ဝတ်ကို ထိလိုက်သောအခါတွင် နွေးထွေးသော သိုးဆီဥ ကျောက်စိမ်းကို ထိလိုက်သလိုမျိုး၊ အနှိုင်းမဲ့ ချောမွေ့နေသည်။
ချင်ယွင်နှင့် ထိတွေ့ဖူးသည့် အမျိုးသမီးတွေထဲမှာ ဤတော်ယုသည် အလှပဆုံး မဟုတ်သော်လည်း သူမ၏ အသားအရေကတော့ ချင်ယွင် မြင်ဖူးသမျှထဲမှာ အနူးညံ့ဆုံးနှင့် အချောမွေ့ဆုံးပင်။ သူမပြောသလိုပင်, သူမ၏ အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်သည် ပုံမှန်မဟုတ်သော သွေးမျိုးဆက်များဖြင့် မွေးဖွားလာနိုင်ကြသည်။
ချင်ယွင်၏ နှုတ်ခမ်းများက တော်ယု၏လက်ကောက်ဝတ်ကို ထိလိုက်သည့်အခိုက်တွင်၊ တော်ယု၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ခါသွားပြီး ရှိုက်သံများပင် ထွက်ပေါ်လာ သည်။
ထင်ရှားသည်မှာ၊ သူမသည် ယခင်က ဆန့်ကျင်ဘက်လိင်နှင့် မထိတွေ့ဖူးခဲ့ပေ။ ထိုထူးဆန်းသော ခံစားချက်က သူမကို နားမလည်နိုင်အောင် ဖြစ်စေသည်။ တော်ယုသည် သူမ၏ နှလုံးသားထဲတွင် ရှုပ်ယှက်ခတ်သွားသည်ကို သူမ ခံစားလိုက်ရသည်။
သို့သော် ယခုအချိန်တွင် ချင်ယွင်သည် ဤအရာများကို ဂရုမစိုက်ခဲ့ပေ။ ဤအခိုက်အတန့် တွင် သူ့နှလုံးသားသည် တုန်လှုပ်ချောက်ချားသွားသည် ။
အဘယ်ကြောင့်ဆိုသော် သူ၏နှုတ်ခမ်းများသည် တော်ယု၏သွေးများဖြင့် စွန်းထင်းသွား သည့်အခိုက်မှာ သူ့ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရားတန်ခိုးက ဆွဲထုတ်လိုက်သည်ကို ရှင်းရှင်း လင်းလင်း ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ သူသည် ထိုသွေးကို သူ့တစ်ကိုယ်လုံး လှည့်ပတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို စတင်သန့်စင်လိုက်သည်။ သို့သော် ဤဖြစ်စဉ်တွင် နာကျင်မှု မရှိခဲ့ပေ။
ထိုမျှတင်မကဘဲ၊ အသက်သုံးကြိမ် ရှူရှိုက်လိုက်ရုံဖြင့် ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ် သန့်စင်မှုသည် ၁ ရာခိုင်နှုန်းကနေ ၂ ရာခိုင်နှုန်းအထိ တိုက်ရိုက် တိုးလာခဲ့ပါသည်။
"ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ သွေးလဲ။ ဒီအမြီးကိုးချောင်း ကောင်းကင် ကျောက်စိမ်းမြေခွေးရဲ့ သွေးက တကယ့်ကို နှိုင်းယှဉ်လို့မရနိုင်တဲ့ ရှားပါးတဲ့ နတ်ဘုရား ဆေးတစ်လက်ပဲ" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။
မဆိုင်းမတွဘဲ သူသည် တော်ယု၏သွေးများကို မျိုချလိုက်သည်။
တော်ယု၏ သွေးက အနည်းငယ် အေးစက်သည်။ နတ်ဘုရားနဂါး၏သွေးကဲ့သို့ မဟုတ်ပေ။ ၎င်းသည် မီးကဲ့သို့ ပူလောင်၏။ ယင်းအစား, တော်ယု၏သွေးသည် ကျောက်စိမ်းတုံးနှင့် ပိုတူသည်။ ယင်းက လူတစ်ယောက်၏စိတ်ကို လန်းဆန်းစေပါသည်။
ဟုတ်ပါသည်။ ချင်ယွင်သည် ၎င်းကို သိပ်အများကြီး မျိုမချဘဲ တခဏအကြာအတွင်, သူသည် တော်ယုကို လွှတ်ပေးလိုက်ပါသည်။
သို့သော် အမွှေးတိုင်တစ်ဝက် ထွန်းညှိချိန်ကြာတွင်, ချင်ယွင်၏နတ်ဘုရားခန္ဓာကိုယ်သည် ၅ ရာခိုင်နှုန်းမှာ တည်ငြိမ်သွားခဲ့ပြီး ကျင့်ကြံရန် အချိန်များစွာ သက်သာစေခဲ့သည်။
အကယ်၍, ချင်ယွင်သာ တော်ယု၏သွေးအားလုံးကို မျိုချလိုက်ပါက သူ၏နတ်ဘုရား ခန္ဓာကိုယ်ကို ၅၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်မည်ဟု ခန့်မှန်းရသည်။
ဟုတ်ပါသည်။ ချင်ယွင်က ထိုကဲ့သို့ မလုပ်ခဲ့ပါဘူး။ နောက်ဆုံးတွင်၊ တော်ယုသည် သူနှင့် ရန်ငြိုးရန်စ မရှိပေ။ ချင်ယွင်သည် သူ့ကိုယ်ကျိုးအတွက် အပြစ်မဲ့သူများကို မည်သို့ သတ်နိုင်မည်နည်း။
"သခင်လေးချင်၊ ရှင် ကျွန်မကို လိုအပ်ရင် အချိန်မရွေး ခေါ်နိုင်တယ်" တော်ယုက ချင်ယွင်ကို ပြောပြီး သူ့မျက်နှာမှာ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် ပေါ်လွင်နေသည်။
ချင်ယွင်က ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ ဤအရာ ထူးဆန်းနေသည်ဟု သူ ဘာကြောင့် ခံစားနေရသနည်း?။
လိုအပ်ပါသလား?
ဘာအတွက် လိုအပ်မှာလဲ?။
တော်ယုလည်း သူမစကားက တစ်ခုခုမှားနေသည်ကို သိလိုက်ပုံရသည်. သူမမျက်နှာက နားရွက်တွေအထိပါ နီရဲနေသည်။ သူမရှင်းပြခါနီးတွင် ချင်ယွင်က သူ့လက်ကို ဝှေ့ယမ်းကာ "မလိုတော့ဘူး၊ နောင်တစ်ချိန်မှာ မင်းရဲ့သွေးကို ငါ ထပ်ပြီး မစုပ်ယူတော့ဘူး။ ငါ့ကို သွေးဆောင်ဖို့ အဲဒါကို အသုံးမပြုပါနဲ့။ ဒီအရာက စွဲလမ်းသွားနိုင်တယ်" ဟု ပြောလိုက် သည်။
ချင်ယွင်၏ စကားကိုကြားတော့ တော်ယု၏ မျက်နှာက နီရဲလာပြန်သည်။
တကယ်တော့ ချင်ယွင်က အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံမှုကို မြှင့်တင်ပေးရုံသာမက တော်ယု၏သွေးတွင်လည်း အားနည်းချက် များစွာ ရှိနေခဲ့သည်။ ၎င်းသည် ထူးထူးခြားခြား ဆွဲဆောင်မှုရှိလွန်းသည်။ စုပ်ယူလိုက်သည်နှင့် ရပ်တန့်ဖို့ ခက်ပါလိမ့်မည်။ ယခုလေးတင်, သူသည် သူ့နှလုံးသားထဲက လိုချင်တပ်မက်မှုကို တွန်းလှန်ရင်း ရပ်လိုက်ရသည်။ ထိုသို့မဟုတ်လျှင်, သူသည် တော်ယု၏ သွေးတွေ အားလုံးကို ခမ်းခြောက်အောင် စုတ်ယူပစ်ရန် အမှန်တကယ် ဖြစ်သွားနိုင်ပါသည်။
သူမသွေးမှာ မှော်အစွမ်းရှိနေမှန်း တော်ယုအနေဖြင့် မည်သို့ မသိဘဲနေမည်နည်း?။ ထို့ကြောင့် ပုံမှန်အခြေအနေတွင် သူမသည် သူမကိုယ်ပိုင်သွေးများကို စီးဆင်းခွင့် ပြုခြင်း မရှိသလောက်ပင်။ သူမသွေးကို အခြားသူများကို ကျွေးမွေးရန်အတွက် အစပျိုး လုပ်ဆောင်ရန်မှာ သူမအတွက် ပို၍ပင် မဖြစ်နိုင်ပေ။ သူမသွေးကို စုပ်ယူလိုက်သည်နှင့် ရပ်တန့်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ သူမသည် ချင်ယွင်၏ ခန်းခြောက်အောင် စုပ်ယူခြင်းခံဖို့အထိ သဘာဝအတိုင်း ပြင်ဆင်ထားသောကြောင့် အခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ချင်ယွင်သည် ထိုဆွဲဆောင်မူဒဏ်ကို တွန်းလှန်နိုင်ခဲ့ပြီး၊ ယင်းက သူမအနေဖြင့် ချင်ယွင်ကို ပို၍ပင် လေးစားလာစေခဲ့သည်။
ဘေးတွင်ရှိသော တော်အန်းလည်း သက်ပြင်းချလိုက်သည်။ သူမအစ်မ ထိုဆုံးဖြတ်ချက်ကို ချလိုက်တော့ သူမသည် အံ့သြသွားရသည်။ သူမလည်း ဤအကြောင်းကို ကောင်းကောင်း သိထားသည်။ အကယ်၍, ချင်ယွင်သာ အမှန်တကယ် အရူးမူးဖြစ်သွားခဲ့လျှင်, သူမသည် ချင်ယွန်းကို တားဆီးရန်အတွက် သေသည်အထိ တိုက်ခိုက်လိမ့်မည်။ သို့သော်, သူမကို အံ့ဩစေသည်က ချင်ယွင်သည် ထိုစွဲဆောင်ဒဏ်မှုကို အမှန်တကယ် ခုခံနိုင်ခဲ့သည်။
ထိုအချိန်တွင် ချင်ယွင်၏ ဒဏ်ရာများသည် လုံးဝ ပြန်လည်ကောင်းမွန်လာကာ သူ့အကြည့် များက လှေကားပေါ်သို့ ဆက်လက် ကျဆင်းသွားခဲ့သည်။
လှေကားပေါ်တွင် ကန့်သတ်ချက်များသည် သူစိတ်ကူးထားသည့်အတိုင်း အတိအကျပင်။ မျှော်လင့်ထားသည့်အတိုင်း လှေကားတစ်ထစ်၏ စွမ်းအားသည် လှေကားတစ်ထစ်ထက် ကြီးမားလာသည်။ သူ့ခွန်အားကို အသုံးပြုပြီး လှေကားထစ်ပေါင်း ၉၉၉ ထစ်ကို ဖြတ်ကျော်လိုခြင်းက ကောင်းကင်ဘုံသို့တက်ရန်ထက်ပင် ခက်ခဲပေလိမ့်မည်။
"စကားမစပ်၊ သခင်လေးချင်၊ ကျွန်မမှာ မြေခွေးဘိုးဘေးရဲ့ ချန်ထားခဲ့တဲ့ နတ်ဘုရား စွမ်းရည်တစ်ခု ရှိတယ်။ အဲဒါက ရှင့်ကို ဒီကန့်သတ်ချက်ကို ချိုးဖျက်ဖို့ ကူညီပေးနိုင်တယ်။" သို့သော် ချင်ယွင်သည် သူ့စိတ်ထဲတွင် လွန်ဆွဲသကဲ့သို့ ဖြစ်နေချိန်မှာ တော်ယုက ရုတ်တရက် ပြောလိုက်သည်။
"မြေခွေးဘိုးဘေးရဲ့ နတ်ဘုရားစွမ်းရည်လား”။ ချင်ယွင်လည်း အံ့သြသည့် အမူအရာကို ထုတ်ပြလာသည်။