← Chapters

အခန်း ၁၂၉၇

Vol. 87 Ch. 1297

အခန်း ၁၂၉၇

Vol. 87 Ch. 1297

အခန်း (၁၂၉၇) မြေခွေးမျိုးနွယ်၏ နတ်ဘုရားစွမ်းရည်။

နောက်ဆုံးတွင် ချင်ယွင်သည် ထိုတော်အန်းဆိုသည့် ကောင်မလေးကို အရှုံးပေးလိုက် သည်။

"ကောင်းပြီ, ထကြပါ။ ငါ မင်းတို့ကို အိမ်ဖော်အဖြစ် ခေါ်သွားပေးပါ့မယ်" အချိန်အတော်ကြာပြီးနောက် ချင်ယွင်က ပြောသည်။

"ကျေးဇူးတင်ပါတယ် သခင်လေး” တော်ယုက ကမန်းကတန်း ဦးညွတ်လိုက်ပြီး၊ ကျေးဇူးတင်စကားဆိုကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

တော်အန်းသည် ချင်ယွင်ကို နှုတ်ခမ်းမဲ့ပြီး နှာခေါင်းရှုံ့ကာ မတ်တပ် ထရပ်လိုက်သည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။

ဒါက အမိုက်စား အစေခံတစ်ယောက်လား။ အချစ်မင်းသမီးလေးလား?။

သို့သော် ထိုအကြောင်းကို တွေးကြည့်ပြီးနောက်, ချင်ယွင်သည် ဂရုမစိုက်တော့ပေ။ သူသည် တော်ယုနှင့် တော်အန်းတို့ကို အစေခံများအဖြစ် အမှန်တကယ် မဆက်ဆံနိုင်ပေ။ သူ့နှလုံးသားက ထူးခြားသော အိမ်ဖော်နှစ်ယောက်နှင့် ရင်ဆိုင်ရသောအခါ, အနည်းငယ် ခုန်သွားသော်လည်း, ချင်ယွင်သည် ထိုမက်မွန်ပွင့်နှစ်ခုကို လက်မခံဝံ့ပါဘူး။

"မင်းတို့ ငါ့ကို ခေါင်းဆောင်လို့ ခေါ်နေစရာ မလိုပါဘူး။ ငါ့မူရင်းနာမည်ကိုပဲ ခေါ်လိုက်ပါ။ ငါ့ကို ဒူးထောက်နေစရာ မလိုတော့ဘူး" ချင်ယွင်က ပြောသည်။

သူသည် ယခုလေးတင် အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင် ကျောက်စိမ်းဆွဲသီးမှတဆင့် ၎င်းစည်းမျဉ်းများကို မြင်ဖူးသည်။ မျိုးနွယ်စုစည်းမျဥ်းစည်းကမ်းတွေက တကယ့်ကို ထိတ်လန့်စရာပင်။

မြေခွေးမျိုးနွယ် အမျိုးသမီးများ၏ ကျင့်ဝတ်နှင့် ထိန်းကျောင်းမှုသည် အလွန်ရက်စက် ကြမ်းကြုတ်လှသည်။ အမျိုးသားများသည် မယားအများပြား ယူနိုင်ကြသည်။ ထို့ကြောင့်, အမျိုးသမီးများစွာကို လက်ထပ်ယူခြင်းနှင့်ပတ်သက်၍ အထူးပြောစရာပင် မလိုအပ်ပေ။ သို့သော် အမျိုးသမီးများသည် ဘဝတစ်သက်တာလုံး ယောက်ျားတစ်ယောက် နောက်သို့ သာ လိုက်ပါနိုင်ကြသည်။ အကယ်၍, ထိုယောက်ျားက ထိုမိန်းမကို မလိုချင်တော့လျှင်, ထိုမိန်းမအတွက် တစ်ခုတည်းသောလမ်းက သေခြင်းတရားပင် ဖြစ်သည်။

ထိုစည်းမျဉ်းကိုမြင်တော့ ချင်ယွင်သည် တော်ယုနှင့် တော်အန်းတို့ကို မည်သို့ ဆက်ဆံရမလဲဆိုတာ အကျပ်ရိုက်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် နည်းလမ်းတစ်ခုကို တွေးလိုက်ပြီး၊ ၎င်းမှာ သူမတို့၏သခင်အဖြစ် နေထိုင်ရန်သာ ဖြစ်သည်။ ဒီအဆီနှစ်သားတုံး နှစ်တုံးကို စားခြင်း မစားခြင်းနှင့်ပတ်သက်၍မူ အနာဂတ်ပေါ်မှာ မူတည်ပါသည်။ အနည်းဆုံးတော့ ယခုအခါ၀ချင်ယွင်မှာ ယခုလို အတွေးမျိုး မရှိသေးပါ။

"ဟုတ်ကဲ့ပါ သခင်လေးချင်" တော်ယုက ခေါင်းညိတ်ပြီး ပြုံးလိုက်ကာ သူမ၏ ခံစားချက်သည် ထူးထူးခြားခြား ရွှင်လန်းနေသည်။

ချင်ယွင်သည် ကိုယ့်ကိုယ်ကို ရောင်းစားပြီး အရမ်းပျော်ရွှင်နေသည့်လူမျိုးကို ပထမဆုံး အကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ တော်အန်းကလည်း ချင်ယွင် သွေးအန်လုမတတ် ဖြစ်သွားစေသည့် တစ်စုံတစ်ရာကို ပြောလိုက်သည် "ဒါ နင်ပြောတာနော်၊ ဒါဆို အနာဂတ် မှာ နင့်ကို လူယုတ်မာချင်လို့ ဆက်ခေါ်ဦးမယ်"

ချင်ယွင်က ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်သော်လည်း ငြင်းဆန်မနေခဲ့ပေ။

အမှန်တော့ တော်အန်း၏ ပင်ကိုယ်စရိုက်အရ, အကယ်၍, သူမသာ ချင်ယွင်ကို တကယ် မကြိုက်ပါက, သူမသည် ချင်ယွင်ကို ကျောက်စိမ်းဆွဲသီးကို ပိုင်ရှင်အဖြစ် အသိအမှတ် မပြုခင် မတ်တတ်ထကာ ကျယ်လောင်စွာ အော်ဟစ်နေပေလိမ့်မည်။ သူမသည် အခုလိုစကားမျိုး မည်သို့ မအော်ပြောဘဲ နေမည်နည်း?။

ချင်ယွင်ကို ဆန့်ကျင်ဘက်ပြုခြင်းသည် သူမ၏ ကိုယ်ပိုင်စိတ်နှလုံးကို ဖုံးကွယ်ရုံမျှသာ ဖြစ်သည်။

သူမသည် ကိုယ့်ကိုယ်ကို ကောင်းစွာ ဖုံးကွယ်ထားနိုင်သည်ဟု သူမ ထင်ခဲ့သော်လည်း လက်ရှိရှိနေသူ လူတိုင်းသည် ကောင်းကောင်းသိကြပါသည်။ သို့သော် ဤစာရွက်အလွှာပါး ကို မည်သူမျှ မချိုးဖောက်ပြပေ။ တစ်ယောက်နှင့်တစ်ယောက် သိမ်မွေ့သော ဆက်ဆံရေး ကို ထိန်းသိမ်းထားခြင်းက ပိုကောင်းပါသည်။

"ကောင်းပြီ သခင်လေးချင်၊ ရှင်က မျိုးနွယ်စုခေါင်းဆောင်ရဲ့ ကျောက်စိမ်းဆွဲသီးကို အသိအမှတ် ပြုပြီးသွားပြီ။ ဆိုတော့ ဒီနတ်ဘုရား စွမ်းရည်ကို လေ့ကျင့်နိုင်မှာပါ" တော်ယုက သတိပေးပြီး ရွှေစာလိပ်ကို ချင်ယွင်ကို ပေးလိုက်သည်။

ချင်ယွင် ခေါင်းညိတ်ပြပြီး ရွှေစာလိပ်ကို ယူလိုက်သည်။

တကယ်တော့ ထိုရွှေစာလိပ်မှာ အစွမ်းထက်သော စွမ်းအားများ ပါ၀င်နေသည်ဟု သူ အမြဲတမ်း ခံစားခဲ့ရပြီး၊ ထိုစွမ်းအားက ကျောက်တုံးလှေကားထစ်များ၏ ကန့်သတ်ချက် များကို ကျော်ဖြတ်ရန်အတွက် ကူညီပေးနိုင်ဖွယ် ရှိပါသည်။ ထို့ကြောင့် ချင်ယွင်သည် မျိုးနွယ်စုခေါင်းဆောင်အဖြစ် သဘောတူရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တော်ညီအစ်မကို သူ့ကျွန်အဖြစ် လက်ခံရန်အတွက်မူ လုံးဝကို မမျှော်လင့်ထားပါဘူး။

ဘန်း…။

ချင်ယွင်သည် စာလိပ်ကိုဖွင့်ပြီး ရွှေရောင်စာလုံးများ ဆက်တိုက်ပေါ်လာသည်။ စာလုံးများ သည် အနှိုင်းမဲ့ ပြိုးပြိုးပြက်ပြက် လင်းလက်နေပြီး ထူးဆန်းသော နတ်ဘုရား တန်ခိုး စွမ်းအား အတက်အကျလှိုင်းများကို ထုတ်လွှတ်သည်။

"ပုံရိပ်ယောင်အသွင်ပြောင်းခြင်းလား?" ချင်ယွင်က ရွှေရောင်စာလိပ်ပေါ်က စာလုံးတွေကို ကြည့်ပြီး ရေရွတ်လိုက်သည်။

'"မှန်တယ်။ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်သည် ကျွန်မတို့ မြေခွေး မျိုးနွယ်ရဲ့ အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည် သုံးမျိုးထဲမှ တစ်ခုဖြစ်တယ်။ ဒါက ကျွန်မတို့ မြေခွေးမျိုးနွယ်ရဲ့ အစွမ်းထက်ဆုံး လှုပ်ရှားမှုပညာရပ်တစ်ခုလည်း ဖြစ်သည်။ ဒီပုံရိပ်ယောင် အသွင်ပြောင်းခြင်းနတ်ဘုရားစွမ်းရည်ကို ပြီးပြည့်စုံတဲ့အထိ လေ့ကျင့်နိုင် တာနဲ့ ဒီကမ္ဘာပေါ်မှ အစီအရင်ဝင်္ကပါဆိုင်ရာ ကန့်သတ်ချက်တွေကို အခက်အခဲမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်လိမ့်မယ်" တော်ယုက ပြောသည်။

ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ပြလာသည်။ ရွှေရောင်စာလုံးတွေကို ကြည့်လိုက်ရင်း၊ သူသည် ၎င်းတို့ကို ပိုကြည့်လေ ပို၍ ထိတ်လန့်လာလေဖြစ်သည်။

တော်ယု၏ စကားများသည် ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ ထို့အပြင် သူမပြောသည့် စကားများသည် မပြည့်စုံသေးပါ။ ဤပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရား စွမ်းရည် သည် အစီအရင်ဝင်္ကပါဆိုင်ရာ ကန့်သတ်ချက်များအတွင်း လွတ်လပ်စွာ လှုပ်ရှားနိုင်ရုံသာ မက, တိုက်ပွဲများတွင် အလွန်အစွမ်းထက်သော အခန်းကဏ္ဍမှလည်း ပါဝင်နိုင်ပါသည်။ ၎င်း၏ခန္ဓာကိုယ်သည် လုံးဝ ပုံရိပ်ယောင်များဖြစ်သွားမှာဖြစ်ပြီး အရိပ်တစ်ခုကဲ့သို့ လွင့်မျောနေနိုင်သည်။ အကယ်၍ သင်၏ကျင့်ကြံမှုသည် သင့်ပြိုင်ဘက်ထက် များစွာ မြင့်မားခြင်း မရှိပါက၊ ရန်သူအပေါ် ဤနတ်ဘုရား စွမ်းရည်ကို အသုံးပြုရန် ခက်ခဲလိမ့်မည်။

ထိပ်တန်းအဆင့်ဓားသိုင်းပညာရပ်များနှင့် လက်သီးနည်းစနစ်များသည် အဖိုးတန်သော် လည်း ၎င်းတို့သည် ရှားပါးခြင်းမျိုးမရှိပေ။ သို့သော်လည်း ဤအဆင့်ရှိ လှုပ်ရှားမူပညာရပ် တစ်ခုသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ဖြစ်ပါသည်။

မြေကမ္ဘာနတ်ဘုရားအဆင့်ကို အသာထား၊ ကောင်းကင်နတ်ဘုရားအဆင့် သို့မဟုတ် ဘိုးဘေးနတ်ဘုရားအဆင့်တိုက်ပွဲများမှာပင် ဤအစွမ်းထက်သော လှုပ်ရှားမှု ပညာရပ်ကို အသုံးပြုနိုင်ပါသည်။

ဤလှုပ်ရှားမှုပညာရပ်သည် မည်မျှအဖိုးတန်သည်ကို တွေးကြည့်နိုင်ပါသည်။

"သခင်လေးချင်၊ ဒီနတ်ဘုရားစွမ်းရည်ကို ကျေနပ်မူရှိရဲ့လား" တော်ယုက ပြုံးပြီး မေးလိုက်ရင်း ချင်ယွင်ကို လှပသော မျက်လုံးတစ်စုံဖြင့် ကြည့်လိုက်သည်။

"ကျေနပ်တယ်။ အထူး ကျေနပ်ပါတယ်။" ချင်ယွင်က စိတ်ရင်းမှန်ဖြင့် သက်ပြင်းချကာ သူ့မျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေသည်။

တော်ယုသည် ချင်ယွင်၏ ပြုံးနေသော မျက်နှာကို မြင်လိုက်သောအခါတွင် သူမ၏ လှပသော မျက်နှာမှာလည်း အလွန်ပျော်ရွှင်သော အမူအရာ ပေါ်လာသည်။

သူမသည် နောက်ဆုံးတွင် ချင်ယွင်အတွက် တစ်ခုခုလုပ်ပေးနိုင်ခဲ့ပြီး၊ သူမ၏ စိတ်ထဲတွင် ပျော်ရွှင်စေခဲ့သည်။

ချင်ယွင်၏ ကျွန်ဖြစ်ရခြင်းမှာ သူမကိုယ်ပိုင်ဆန္ဒ လုံးလုံးလျားလျား ဖြစ်သည်။ ချင်ယွင်က သူမကို မထိခဲ့ဘူးဆိုရင်တောင် သူမကို အသက်ဆုံးသည်အထိ ကာကွယ်ပေးဖို့ ဆန္ဒရှိနေပါသေးသည်။

တော်အန်းသည် ချင်ယွင်၏ ပျော်ရွှင်နေသော အမူအရာကို ကြည့်လိုက်သည်။ သူမသည် စက္ကန့်အနည်းငယ်ကြာအောင် ကွက်ကွက်ကွင်းကွင်း စိုက်ကြည့်လိုက်ပြီးနောက်တွင် သူမစိတ်ထဲတွင် မထီမဲ့မြင်ပြုခြင်းကို ဖော်ပြလိုဟန်ဖြင့် နှုတ်ခမ်းစူသည့် အမူအရာတစ်ခု ပြုလုပ်ပြသည်။

ချင်ယွင်သည် ညီအစ်မနှစ်ယောက်၏ အမူအရာကို ဂရုမစိုက်ပါ။ ဤအခိုက်အတန့်တွင် သူသည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်၏ လျှို့ဝှက်ဆန်းကြယ်မှုများ တွင် လုံးဝ နစ်မြုပ်နေခဲ့သည်။

သူသည် ဤနတ်ဘုရားစွမ်းရည်အားလုံးကို သူ့စိတ်ထဲတွင် ဦးစွာ အလွတ်မှတ်သားလိုက် ပြီး၊ ထို့နောက် ရွှေရောင်စကားလုံးများဖြင့် ဖော်ပြထားသည့် နည်းလမ်းအတိုင်း သူ့စိတ်ထဲတွင် ၎င်းတို့ကို စတင် ဆင်ခြင်လိုက်သည်။

အလွန်လျင်မြန်စွာ၊ သူသည် နားလည်ဆင်ခြင်မူအတွင်းမှာ နှစ်မြှုပ်သွားခဲ့ပြီး၊ လျှို့ဝှက် ဆန်းကြယ်သော အခြေအနေသို့ ဝင်ရောက်ခဲ့သည်။

တော်ယုနှင့် တော်အန်းသည် ချင်ယွင်၏ အသွင်အပြင်ကို မြင်သောအခါတွင် အမျိုးသမီးနှစ်ဦးသည်လည်း တင်ပျဉ်ခွေထိုင်ကာ နာခံမှုဖြင့် ဘေးနားတွင် ထိုင်နေကြ သည်။ သူမတို့သည် ချင်ယွင်ကို မနှောင့်ယှက်ပါဘူး။ နှစ်ယောက်စလုံးသည် ချင်ယွင်ကို မေးထောက်ကာ ကြည့်နေကြသည်။ သူမတို့မျက်လုံးတွေက အတူတူနီးပါး ဖြစ်သော် လည်း တော်အန်း၏ မျက်လုံးတွေက ပိုလို့တောင် မသေမချာ သံသယဖြစ်နေပုံရသည်။

ဘန်း…။

သို့သော် အချိန်မည်မျှ ကြာညောင်းသွားသည်မသိ, တင်ပျဉ်ခွေထိုင်နေသော ချင်ယွင်သည် နောက်တစ်ကြိမ် လှုပ်ရှားသွားပြန်သည်။

ထိုအချိန်တွင် သူ့ပေါင်ပေါ်ရှိ ရွှေရောင်စာလိပ်သည် ဖြည်းညှင်းစွာ လွင့်ပျံကာ ဆန့်ထွက်နေသည်။ ၎င်းသည် ရွှန်းလဲ့သော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်လိုက် သည်။ ထို့နောက် တော်ယုနှင့် တော်အန်းတို့ကို အံ့အားသင့်စေမည့် မြင်ကွင်းတစ်ခု ဖြစ်ပွားခဲ့သည်။

စာလိပ်ပေါ်ရှိ ရွှေရောင်စာလုံးများသည် အသက်ဝင်လာပုံရသည်။ ၎င်းတို့သည် ရွှေရောင် စာလိပ်မှ ပြိုကျလာပြီး ချင်ယွင်၏ စိတ်ထဲသို့ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားကြသည်။ ဤစာလုံးများ ဝင်လာသည်နှင့်အမျှ ချင်ယွင်၏ခန္ဓာကိုယ်သည် မမြင်နိုင်သော စွမ်းအင် အတက်အကျလှိုင်းများ ရှိနေပုံရသည်။ ဤစွမ်းအင်အတက်အကျလှိုင်းများက ချင်ယွင်၏ အငွေ့အသက်ကို ပို၍ပို၍ပင် သာလွန်ကောင်းမွန် လာစေသည်။

ထိုကဲ့သို့ပင်၊ ဤလုပ်ငန်းစဉ်သည် ခြောက်နာရီကြာသည်။

ရွှေရောင်စာလိပ်ထဲမှ နောက်ဆုံးစကားလုံးက ချင်ယွင်၏ မျက်ခုံးမွှေးနှစ်ခုကြား နေရာထဲသို့ ဝင်ရောက်သွားသည့်အခါ ရွှေရောင်စာလိပ်သည် ၎င်း၏ တက်ကြွမှုများ ပျောက်ဆုံးသွားပြီး လေနှင့်အတူ လေထဲသို့ တဖြည်းဖြည်း လွင့်ပျယ်သွားခဲ့သည်။

"ဒါက မြေခွေးဘိုးဘေးရဲ့ အမွေနှစ်ပဲ။ သခင်လေးချင်က ခေါင်းဆောင်တစ်ဦး ဖြစ်လာရုံတင်မကဘူး၊ မြေခွေးဘိုးဘေးရဲ့ ခွင့်ပြုချက်လည်း ရသွားခဲ့ပြီး၊ သူ့ရဲ့နတ်ဘုရား စွမ်းရည်ကို မှော်အစွမ်းတွေမှတဆင့် သူ့ဆီ အပ်နှင်းပေးခဲ့တယ်။" တော်ယုသည် စိတ်လှုပ်ရှာစွာ မပြောဘဲမနေနိုင်ခဲ့ပေ။ သူမအကြည့်တွေက ချင်ယွင်ကို ငေးကြည့်ရင်း ပို၍ပင် လေစားလာပါသည်။

တော်အန်းသည် ချင်ယွင်ကို ဗြောင်ကျကျ စိုက်ကြည့်နေပြီး လှောင်ပြောင်သည့် အမူအရာမျိုး ပြသခြင်းမရှိတော့ပေ။

All Chapters