အခန်း ၁၂၉၈
Vol. 87 Ch. 1298
အခန်း (၁၂၉၈) ကန့်သတ်ချက်တစ်ခုကို ချိုးဖျက်ခြင်း။
ရွှေရောင်စာလုံးများသည် ချင်ယွင်၏ စိတ်ထဲသို့ ပျံ့လွင့်သွားပြီးနောက်၊ ရွှန်းလဲ့တောက်ပ သော ဓားအလင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာသည်။
ဘန်း….၊
ချင်ယွင်၏ ခန္ဓာကိုယ်မှ ထူးထူးခြားခြား ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ရွှေ့လျားသွားခဲ့သည်။ ထို့နောက် ချင်ယွင်၏ နဖူးထဲသို့ ဝင်ရောက်လာသော ရွှေရောင်များ သည် ကူးခတ်နေသော ရွှေရောင် မြွေငယ်လေးများကဲ့သို့ သူ့နဖူးမှ ဖြန့်နှံ့ထွက်လာကာ ချင်ယွင်၏ ခန္ဓာကိုယ်ဆီသို့ လွှမ်းခြုံသွားခဲ့သည်။ ထိုရွှေရောင်စကားလုံးများ ပျံ့လွင့်လာ သည်နှင့်အမျှ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ပို၍ပို၍ပင် ထင်ယောင် ထင်မှားဖြစ်လာကာ နားမလည်နိုင်အောင် ဖြစ်လာခဲ့သည်။
ချွင်….!
ချင်ယွင်၏ အငွေ့အသက်သည် တဟုန်ထိုး ပျံ့နှံ့သွားပြီး ခေါင်းလောင်းသံကဲ့သို့ ကျယ်ပြော လာသည်။ ပြင်းထန်သော ရွှေရောင်အလင်းတန်းသည် ရွှေရောင်အလင်းကွင်းတစ်ခုအသွင် ဖြစ်ပေါ်လာသည်။
"အစ်မ၊ ဒီရွှေရောင်စာလုံးက အဲဒီတုန်းက မြေခွေးဘိုးဘေးရဲ့ နတ်ဘုရား စွမ်းရည်ကနေ ပေါင်းစပ်ထားတဲ့ အမွေနှစ်ရွှေရောင်စာလုံးပဲ မဟုတ်လား?။ အရင်က ခေါင်းဆောင်တွေ တောင် တစ်ယောက်မှ ဒီရွှေရောင်အမွေနှစ်ကို အရမယူနိုင်ခဲ့ကြဘူး။ ဒါပေမယ့် အခုတော့ ဒီလူဆိုးကောင်ချင်က အဲဒါကို တကယ်ပဲ ရယူနိုင်ခဲ့တယ်။" တော်အန်းသည် စကားမပြောဘဲ မနေနိုင်တော့ပေ။ ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံနေသော ချင်ယွင်ကို ကြည့်ရင်း သူမမျက်လုံးကြီးများက ထိတ်လန့်တုန်လှုပ်သွားသည်။
"ဟုတ်တယ်၊ ခေါင်းဆောင်တွေရဲ့ မျိုးဆက် ၁၀၃ ယောက်ထဲမှာ ဘယ်သူမှ ဒီရွှေရောင် အမွေနှစ်ကို ရယူနိုင်တဲ့ အရည်အချင်း မရှိကြဘူး။ ဒီနတ်ဘုရားစွမ်းရည်ကို နားလည်ချင်ရင် တော့ ကိုယ့်ကိုယ်ကိုပဲ အားကိုးလို့ရတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဂိုဏ်းထဲကို ဝင်ဖို့တောင် အရမ်းကို ခက်ခဲနေပါပြီ။ အခု သခင်လေးချင်က မြေခွေးဘိုးဘေးရဲ့ သဘောတူ လက်ခံမူကို ရရှိပြီး၊ သူ့ရဲ့ ရွှေရောင်အမွေနှစ် အပ်နှင်းခြင်း ခံရသူဆိုတော့, သူက ငါတို့ မြေခွေးမျိုးနွယ်ကို ရှင်သန်ကြီးထွားအောင် လုပ်ဆောင်နိုင်မယ့်ပုံပဲ” တော်ယုက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ ရင်သပ်ရှုမောဖွယ် မျက်နှာက ပို၍ပင် တောက်ပနေသည်။
ယခုတော့ သူမသည် ယခင်က ထိုဆုံးဖြတ်ချက်ကို ချခဲ့သည့်အတွက် ပိုပို၍ ဝမ်းသာမိပါ သည်။ ချင်ယွင်က သူမကို လက်မခံခဲ့ဘူးဆိုရင်တောင် ချင်ယွင်သည် မြေခွေးမျိုးနွယ်၏ အကြီးအကဲတစ်ယောက် ဖြစ်နေဆဲဖြစ်ပြီး၊ သူသည် သူမတို့အတွက် အကြီးကျယ်ဆုံး ဂုဏ်ကျက်သရေကို ယူဆောင်ပေးလာနိုင်သည်။
စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ပြန်လည်ရယူရန် သူမ အလွန်ကြိုးစားနေရသည့် အကြောင်းရင်းမှာ သဘာဝအတိုင်း သူမတို့မြေခွေးမျိုးနွယ်၏ ဂုဏ်ကျက်သရေကို ပြန်လည်ရရှိရန် ဖြစ်ပါသည်။ သူမသည် စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရခဲ့လျှင်ပင်, အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်၏တာဝန်များကို ဆောင်ရွက် နိုင်ဦးမည် မဟုတ်ကြောင်းကို ယခင်ကတည်းက သူမသည် သံသယမရှိခဲ့ပေ။ ယခု သူမသည် ချင်ယွင်၏ ခန္ဓာကိုယ်တွင် ထိုမျှော်လင့်ချက်ကို မြင်လိုက်ရပြီး၊ ထိုမျှော်လင့်ချက် သည် အလွန်ပြင်းထန်လာခဲ့သည်။
"အန်အာ၊ နောင်တစ်ချိန်မှာ နင် သခင်လေးချင်ကို လူဆိုးကောင်ချင်လို့ ထပ်ပြီး ခေါ်ခွင့် မပေးတော့ဘူးဆိုတာ သတိရပါ။ သခင်လေးချင်က နင့်ကို ဘာပဲလုပ်ခိုင်းလုပ်ခိုင်း နင် လုပ်ပေးရမယ်။ နင့်ကို သခင်လေးချင်ကို ပြန်ပြောခွင့် မပေးတော့ဘူး။ နင် မှတ်မိလား?" တော်ယုက တော်အန်းကို လေးနက်စွာ ပြောလိုက်သည်။
"ဒါပေမယ့်" တော်အန်းသည် တော်ယု၏စကားကို ကြားပြီးနောက် သူမကိုယ်သူမ တိုးတိုးလေး ပြောသည်။ သူမ၏ မျက်နှာမှာ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ သို့သော်လည်း တော်ယု၏ တင်းမာသော အကြည့်ကို သူမ မြင်လိုက်သောအခါတွင် သူမက ခေါင်းညိတ်ကာ "ကောင်းပြီ၊ ငါ သူ့ကို မခေါ်တော့ဘူး" ဟု တိုးတိုးလေး ပြောသည်။
သို့သော် သူမသည် စိတ်ထဲတွင် ချင်ယွင်ကို "ဟမ်၊ ဒီကောင်က လူဆိုးကောင်ပဲလေ၊ လူဆိုးကောင်, လူဆိုးကောင်" ဟု ကျိန်ဆဲလိုက်သည်။
တော်အန်း၏ အမူအရာကို မြင်လိုက်ရတော့ တော်ယုသည် ကူကယ်ရာမဲ့ ခေါင်းယမ်း လိုက်သည်။
တော်အန်း၏ အတွေးများကို သူမအနေဖြင့် မြင်ပြီးဖြစ်သည်။ သို့သော်, သူမသည် သူ့အပေါ်တွင် သူမ၏ ခံစားချက်များကို ထားရန်နေရာပင် မရှိပေ။ ထုံးစံအတိုင်း သူမသည် တော်အန်းကို ကူညီရန် နည်းလမ်းမရှိပေ။ သူမ တော်အန်းကို ယခုလိုအမိန့်ပေးရခြင်း၏ အကြောင်းရင်းကတော့ တော်အန်းသည် သူမ၏စိတ်ဓာတ်ကို တည့်မတ်စေပြီး နက်နက် ရှိုင်းရှိုင်း နစ်မြုပ်သွားခြင်းမှ ကာကွယ်နိုင်စေရန်အတွက် ဖြစ်ပါတယ်။ သို့သော်လည်း တော်အန်းသည် ခေါင်းမာပြီး တော်ယု၏ ရည်ရွယ်ချက်များကို နားမလည်ခဲ့ပေ။
ဘန်း…။
တော်ယုနှင့် တော်အန်းတို့သည် စိတ်ပင်ပန်းနွမ်းနယ်နေစဉ်မှာ မလှုပ်မယှက် ဖြစ်နေသော ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။
ထို့နောက် တော်ယုနှင့် တော်အန်းတို့သည် လေပြင်းများ တိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ သူမတို့သည် ချင်ယွင်၏ ဦးတည်ရာဆီကို ကြည့်လိုက်ရာ ချင်ယွင်၏ ရုပ်အသွင်က ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ချင်ယွင်သည် လှေကားထစ်ပေါ်သို့ တိုက်ရိုက် တက်လှမ်းလာစဉ်မှာ, သူသည် ပုံရိပ်ယောင် များစွာဖြင့် ဖန်တီးထားပုံရသည့် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ သည်။
တော်ယုနှင့် တော်အန်းတို့သည် ကျောက်တုံးကြီးနောက်တွင် အလျင်အမြန် ပုန်းနေပြီး ချင်ယွင်ကို အက်ကွဲကြောင်းများကြားမှ လှမ်းကြည့်ကြသည်။
ကျောက်လှေကားထစ်များပေါ်သို့ တက်လှမ်းလိုက်စဉ် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် ထောင်နှင့်ချီသော ပုံရိပ်များ ပေါ်လာပါသည်။
သို့သော်လည်း ချင်ယွင်သည် ပထမလှေကားထစ်ကို တက်လှမ်းပြီးနောက်၊ ထိုလှေကား ထစ်အပေါ်မှ ကန့်သတ်ချက်များက စတင်နေပြီ ဖြစ်သည်။
ဘန်း…။
ချင်ယွင် လှေကားထစ်ဒါဇင်ကို ဆက်တိုက် တက်သွားပြီးနောက်၊ ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် တားဆီးလာခဲ့သည်။
ချင်ယွင်က ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိခဲ့ပါဘူး။ ယင်းအစား သူသည် သူ့ခြေဖဝါးကို အနည်းငယ် ရွေ့လျားကာ ပုံရိပ်တစ်ခုကဲ့သို့ ဘေးသို့ ရှောင်သွားခဲ့သည်။
ပထမ ဓားအလင်းတန်းသည် ချင်ယွင်၏ ပုံရိပ်ယောင်ကို စူးစူးရှရှ ထိုးဖောက်ဝင်ရောက် ကာ အဝေးမှ ကျောက်ဆောင်တစ်ခုပေါ်သို့ ဆင်းသက်သွားခဲ့ပြီး နက်ရှိုင်းသော ဓားအမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။
အရာအားလုံးသည် မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားခဲ့သည်။ အကယ်၍, ချင်ယွင် ၏ အမြန်နှုန်းသက်သက်ဖြင့်သာဆိုလျှင်, သူသည် ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး။
သို့သော် ဤအရာသည် အဆုံးမဟုတ်ခဲ့ပေ၊ ဆန့်ကျင်ဘက်အနေဖြင့်....။
ချင်ယွင်သည် ပထမ ဓားအလင်းကို ရှောင်တိမ်းပြီးနောက် အဝေးမှ တုနှိုင်းမရအောင် ကြောက်စရာကောင်းသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒါဇင်ပေါင်းများစွာသော ဓားအလင်းများက ချင်ယွင်ဆီသို့ လွင့်ပျံလာကြသည်။ ဓားအလင်းသည် ဓားအလင်းဆို သည့်အနေထားကို ကျော်လွန်သွားပြီး၊ သူ့အထက်ရှိ လှေကားထစ်များပေါ်ရှိ ကောင်းကင် နှင့်မြေကြီးတစ်ခုကို ဖုံးလွှမ်းနေသည့် စည်းတစ်ဆံတစ်ခုကို ထုတ်လွှတ်လိုက်ပါသည်။
တော်ယုနှင့် တော်အန်းတို့သည် အဝေးမှနေ၍ ဤမြင်ကွင်းကို မြင်သောအခါ, သူမတို့သည် မထိန်းနိုင်ဘဲ ကိုယ်စီ ပါးစပ်များ ကျယ်လောင်စွာ ပွင့်လာကြပြီး၊ နက်ရှိုင်း သော စိတ်ခံစားချက်ကိုယ်စီ ဖြစ်ပေါ်လာကာ ချင်ယွင်ကို စိုးရိမ်လာကြသည်။
"ဝှီး....၊ ဝှီး... ဝှီး...”။
ချင်ယွင်သည် သူ့ဆီသို့ ပျံသန်းနေသည့် ဒါဇင်ပေါင်းများစွာသော ဓားအလင်းတန်းများကို ကြည့်ကာ လေထဲတွင် လျင်မြန်စွာ ရွေ့လျားသွားရင်း သူ့မျက်လုံးများက ရုတ်တရက် စူးရှလာသည်။
ရုတ်တရက် ချင်ယွင်၏ရုပ်အသွင်များဖြင့် လှေကားထစ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဓားအလင်းများသည် ချင်ယွင်၏ရုပ်အသွင်ကို ဖြတ်ကျော်သွားသော်ခဲ့လည်း, ဖြတ်ကျော် သွားသမျှ ပုံရိပ်ယောင်များ ဖြစ်နေခဲ့သည်။
တော်ယုနှင့် တော်အန်းသည် ဤမြင်ကွင်းကို အဝေးမှနေ၍ မြင်လိုက်သောအခါ နှစ်ယောက်စလုံး သက်ပြင်းကိုယ်စီ ချမိကြသော်လည်း သူမတို့၏မျက်နှာတွင် ထိတ်လန့်မှု က ပို၍ပြင်းထန်လာခဲ့သည်။
"ရွပ်...”
သို့သော် သူမတို့၏စိတ်နှလုံးထဲတွင် လေးလံနေသော ကျောက်တုံးကြီးကို လုံးလုံး လွှတ်မချနိုင်ခင်မှာ, သူတို့၏ အသားများ တွန့်သွားစေသည့် အသံတစ်ချက်က အဝေးမှပင် ကြားနေရသည်။
ချင်ယွင်၏ လက်တစ်ဖက်ကို ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းက ဖြတ်တောက် ပစ်လိုက်သည်။ သူ့လက်တစ်ခုလုံးကို အပိုင်းပိုင်းဖြတ်သွားပြီး သွေးများ ပန်းထွက်လာ သည်။
တော်ယုနှင့် တော်အန်းတို့သည် ထိတ်လန့်မူနှင့်အတူ ပါးစပ်ကို ကျယ်စွာ ဖွင့်လိုက်မိကြ သည်။
ချင်ယွင်၏ မျက်နှာသည် အလွန်နာကျင်သော အမူအရာ ပေါ်လာသည်။ ဤဓားအလင်း တွင် ပါရှိသော စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ ၎င်းတွင် အလွန်ပြင်းထန် သော အဖျက်စွမ်းအားများ ပါ၀င်သောကြောင့် ချင်ယွင်သည် အလွန်စိတ်ဆင်းရဲစရာ ဖြစ်လုနီးပါး ခံစားခဲ့ရသည်။ ထို့အပြင်၊ ချင်ယွင်သည် ရုတ်တရက် လက်တစ်ဖက် ဖြတ်တောက်ခံလိုက်ရသည့်အတွက် သူ့ခန္ဓာကိုယ်ဆွဲငင်အား၏ ဗဟိုချက်မသည် ဟန်ချက်ပျက်ယွင်းသွားကာ, သူရှောင်တိမ်းနေစဉ်မှာ သူ၏ရုပ်အသွင်သည် တခဏ အတွင်း မူလစီစဉ်ထားသော လမ်းကြောင်းမှ သွေဖည်သွားခဲ့သည်။
သို့သော်၊ ဤသွေဖည်မှုနည်းနည်းလေးကြောင့်ပင် သူသည် နောက်ဆုံး ဓားအလင်းတန်း ကြောင့် သုတ်သင်ခံခဲ့ရသည်။ သူ့တစ်ကိုယ်လုံးသည် အလယ်မှ နှစ်ခြမ်းကွဲသွားပြီး မပြည့်စုံသော ခန္ဓာကိုယ်သည် လှေကားပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"သခင်လေးချင်”
"ချင်ယွင်"
တော်ယုနှင့် တော်အန်းတို့သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကျောက်ဆောင်နောက်ကွယ် မှ ပြေးထွက်လာကြသည်။
"ငါ အဆင်ပြေတယ်"
ချင်ယွင်၏ နတ်ဘုရားအမြုတေသည် လေဟာနယ်ထဲမှာ ပေါ်လာခဲ့ပြီး၊ ခန္ဓာကိုယ် အသစ်တစ်ခုကို ပေါင်းစည်းလိုက်သည်။ သို့သော်လည်း ဤအရာကြောင့် သူ၏ နတ်ဆိုး နတ်ဘုရားတန်ခိုးသည် အများပြား ကုန်ခမ်းသွားပြီး သူ၏ မျက်နှာပေါ်တွင် ပင်ပန်း နွမ်းနယ်မှု အရိပ်အယောင် ပေါ်လာသည်။
မူလက ကျိုးပဲ့နေသော ခန္ဓာကိုယ်သည်လည်း ထိုအခိုက်အတန့်တွင် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး နောက်ဆုံးတွင် လူတိုင်း၏မြင်ကွင်းထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့ သည်။
တော်ယုနှင့် တော်အန်းတို့သည် ဤမြင်ကွင်းကို မြင်သောအခါ သက်ပြင်းချကြသည်။
ချင်ယွင်၏ခန္ဓာကိုယ်ကို မည်သို့မည်ပုံ ပြန်လည်တည်ဆောက်ခဲ့သည်ကို သူမတို့ မသိကြသော်လည်း ချင်ယွင် အဆင်ပြေနေသည်ကို တွေ့လိုက်ရတော့, သူမတို့အနေဖြင့် စိတ်သက်သာရာရသွားကြသည်။
"သခင်လေးချင်, ရှင် ဒီကန့်သတ်ချက်ကို အမှန်တကယ် မကျော်ဖြတ်နိုင်ရင်လည်း ကိုယ့်ကိုကိုယ် အတင်းအကြပ် မလုပ်ပါနဲ့။ အသက်က အရေးကြီးဆုံးပဲ” တော်ယုက စိုးရိမ်တကြီး ပြောသည်။
ထိုစကားကိုကြားတော့, ချင်ယွင်သည် သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး သူက တော်ယုဘက် လှည့်ကာ ပြောလိုက်သည် "ငါက ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ရဲ့ ၁၀ ရာခိုင်နှုန်းကို နားလည်ရုံနဲ့တင် လှေကားထစ် ၂၀ ကျော်ကို ဖြတ်ကျော်ပြီးသွားပြီ။ ဒီပုံရိပ်ယောင် အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို လုံးလုံး နားလည်ပြီးတာနဲ့, ငါ တောင်ထိပ်ကို အောင်အောင်မြင်မြင်နဲ့ရောက်အောင် သေချာပေါက် လုပ်နိုင်မယ်လို့ ယုံကြည်ထားတယ်။ ဒါ့အပြင်၊ ဒီအဆင့်ကန့်သတ်ချက်တွေက ငါ့နတ်ဘုရား စွမ်းရည်တွေကို မြှင့်တင်ဖို့အတွက် အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်တယ်။ ငါ့အတွက် စိတ်ပူစရာ မလိုဘူး။ ကိုယ့်ကိုကိုယ်သာ ဂရုစိုက်ကြပါ။"
တော်ယုသည် ချင်ယွင်၏ ယုံကြည်မှု အပြည့်ဖြင့် ပြုံးနေသော မျက်နှာကို ကြည့်ပြီး မှင်သက်သွားသည်။ သို့သော်လည်း သူမက လျင်မြန်စွာ တုံ့ပြန်ပြီး ခေါင်းညိတ်ကာ "ကောင်းပါပြီ၊ ကျွန်မ ရှင့်ကို ယုံကြည်တယ်"။
ထိုသို့ပြောပြီးနောက် တော်ယုသည် တော်အန်းအား ကျောက်ဆောင်ကြီးနောက်ကွယ် ဆီသို့ ပြန်ဆွဲခေါ်သွားထုတ်သည်။ ချင်ယွင်သည် သူ့အကြည့်များကို လှေကားပေါ်သို့ ပြောင်းလိုက်ပြီး၊ လှေကားဆီသို့ ဆက်လက် ဦးတည်သွားခဲ့သည်။