← Chapters

အခန်း ၁၂၉၉

Vol. 87 Ch. 1299

အခန်း ၁၂၉၉

Vol. 87 Ch. 1299

အခန်း (၁၂၉၉) သေခြင်းအဆုံးသတ်။

နောက်လတွင် ချင်ယွင်သည် သူ၏အချိန်များကို အဆက်မပြတ် တိုက်ခိုက်ခြင်း, သတ်ဖြတ်ခံရခြင်းတို့ဖြင့် ကုန်ဆုံးနေခဲ့သည်။

ပြီးခဲ့သောလတွင် သူသည် သူ့ကိုယ်သူ ရူးသွပ်စွာ မြုပ်နှံထားခဲ့ပြီး၊ သူ၏ ပုံရိပ်ယောင် အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်သည်လည်း ကြီးမားသော အောင်မြင်မူနယ်ပယ်သို့ ရောက်ရှိလာခဲ့သည်။

တစ်လအတွင်း၊ ချင်ယွင်သည် သူ၏ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရား စွမ်းရည်ကို ၁၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ တိုက်ရိုက် ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် တစ်စက္ကန့်အတွင်း ပုံရိပ်ယောင်ပေါင်း ၉၀၀၀ ကျော်ကို ဖန်တီးနိုင်ခဲ့သည်။ အကယ်၍ သူသာ ပြီးပြည့်စုံခြင်းနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပါက ချင်ယွင်သည် တစ်စက္ကန့်အတွင်း ပုံရိပ်ပေါင်း ၁၀၀၀၀ ကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။

ဤလှေကားထစ်တွင် ချင်ယွင်သည် လှေကားထစ် ၉၀၀ သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ သူသည် တောင်ထိပ်သို့ ရောက်ရန် ခြေလှမ်း ဒါဇင်အနည်းငယ်သာ ဝေးပါတော့သည်။

"ဟူး…”။

ချင်ယွင်သည် အသက်ရှုထုတ်လိုက်ပြီး တောင်ထိပ်ပေါ်ကို လှမ်းကြည့်ရန်အတွက် ခေါင်းကို မြှောက်လိုက် ပြန်ပါသည်။ သူ့ပါးစပ်ထောင့်စွန်းမှ ယုံကြည်မှုအပြည့်နှင့် အပြုံးတစ်ခု ပေါ်လာပါသည်။

ထို့နောက် ချင်ယွင်သည် တည်ငြိမ်စွာ ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။ ထိုခြေလှမ်းကို လှမ်းကြည့်လိုက်သည်နှင့် သူ့ရုပ်အသွင်က သူရောက်ရှိနေသည့် နေရာကနေ ချက်ချင်း ပျောက်သွားပြီး သုံးရာမြောက် လှေကားထစ်၏ ထိပ်မှာ ပြန်ပေါ်လာပါသည်။

သူဖြတ်သန်းသွားသည့် နေရာတိုင်း အားလုံးနီးပါးသည် ပုံရိပ်ယောင်များဖြင့် ထင်ကျန် ရစ်ခဲ့သည်။ ထိုပုံရိပ်ယောင်များသည် ထောင်ဂဏန်းထက်မနည်းသော အရေတွက်ဖြစ်ပြီး၊ ချင်ယွင်၏ လှုပ်ရှားမှုတိုင်းကို မူလအနေထားတိုင်း လုံးလုံး ထိန်းသိမ်းထားသည်။

တော်ယုနှင့် တော်အန်းတို့သည် အသိမဲ့သလို မှိန်းမောနေကြပြီး, ချင်ယွင်၏ တိုးတက်မှု အရှိန်ဟုန်ကြောင့် လုံးဝကို တုန်လှုပ်ခြောက်ခြားသွားကြသည်။

ယခင်ခေါင်းဆောင်သည် နှစ်ပေါင်းထောင်သောင်းမက သို့မဟုတ် နှစ်ပေါင်းသိန်းနှင့်ချီ၍ ပင် ကုန်ဆုံးခဲ့ပြီး၊ သူသည် ထိုနတ်ဘုရားစွမ်းရည်၏ အများဆုံး သုံးဆယ်ရာခိုင်နှုန်းမှ လေးဆယ်ရာခိုင်နှုန်းအထိသာ နားလည်နိုင်ခဲ့ပြီး၊ ချင်ယွင်ကဲ့သို့ မြင့်မားသောအဆင့်ကို မည်သူမျှ လုံးဝ မရောက်ရှိနိုင်ခဲ့ပေ။

ချင်ယွင်သည် မြေခွေးဘိုးဘေး၏ အမွေကို ရယူခဲ့ပြီး မြေခွေးမျိုးနွယ်၏ နားလည်မှုနှင့် ဆင်ခြင်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားသော်လည်း၊ ၎င်းသည် မြေခွေးဘိုးဘေး၏ နားလည်မှု သာ ဖြစ်နိုင်ပါသည်။ သူသည် ဤနတ်ဘုရားစွမ်းရည်ကို အမှန်တကယ် ကျွမ်းကျင်လိုပါက၊ သူသည် မြေခွေးဘိုးဘေး၏ နားလည်နိုင်စွမ်းကို သူ့ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲ ပစ်နိုင်ရ မည် ဖြစ်ပါသည်။

သာမာန်အားဖြင့်၊ ၎င်းကို ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနိုင်ရန် အသာထား၊ မြေခွေးဘိုးဘေး ၏ နားလည်သဘောပေါက်မှုကို နားလည်ရန်ပင် နှစ်ပေါင်းတစ်ရာ, သို့မဟုတ် နှစ်ပေါင်း တစ်ထောင် အချိန်ယူရပါလိမ့်မည်။

သို့သော် ချင်ယွင်သည် အချိန်မည်မျှ ကြာခဲ့သနည်း။

တစ်လ!

တစ်လအတွင်းမှာ, သူသည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ထိပ်တန်းအဆင့် နတ်ဘုရား စွမ်းရည်၏ ကိုးဆယ်ရာခိုင်နှုန်းကို နားလည်ခဲ့ပြီး၊ ပြီးပြည့်စုံခြင်းနယ်ပယ်နှင့် မလှမ်းမဝေး တော့ပေ။

ဤနားလည်နိုင်စွမ်းကို အံသြစရာတစ်ခုအဖြစ် ပုံဖော်ပြ၍မရနိုင်တော့ပေ။ ၎င်းသည် ပုံမှန် မဟုတ်သော အံ့ဖွယ်လူသားအဖြစ်သာ ဖော်ပြနိုင်တော့မည်။

အကယ်၍, ဘိုးဘေးဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ဤနတ်ဘုရား စွမ်းရည်ကို နားလည်ဆင်ခြင်လျှင်ပင်၊ ဤကဲ့သို့ ပုံမှန်မဟုတ်သော အရှိန်အဟုန်ဖြင့် နားလည်ကောင်းမှ နားလည်နိုင်ပါလိမ့်မည်။

ဘန်း…။

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းသည် ရုတ်တရက် ကျရောက်လာသော်လည်း ချင်ယွင်သည် ဓားအလင်းရောင်များကြားရှိ သိပ်သည်းလှသော အပေါက်လမ်းကြောင်း များကြားမှ လွတ်လွတ် လပ်လပ် လှုပ်ရှားသွားလာနေသကဲ့သို့ပင်။

ဤဓားအလင်းများ၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။ သူ၏ လက်ရှိ စွမ်းအားဖြင့် တစ်ချက် တိုက်ခိုက်ခြင်းကိုပင် ခံနိုင်ရည် မရှိနိုင်ပေ။ သို့သော်၊ ချင်ယွင်သည် ဤဓားအလင်းတန်းများကို သူ့အဝတ်ထောင့်စွန်းကိုပင် မထိမှန်စေရန် သူ၏အမြန်နှုန်းကို လုံးလုံး အားကိုးနေခဲ့သည်။ ဤအရာကိုလည်း စွမ်းရည်တစ်မျိုးဟု ယူဆရပါမည်။

ယခုအချိန်တွင် ပထမ ဓားအလင်း ၃၀၀ သည် ချင်ယွင်ကို အနည်းငယ်မျှ ထိခိုက် ဒဏ်ရာရအောင် မစွမ်းဆောင်နိုင်တော့ပေ။ သူ၏အမြန်နှုန်းဖြင့် ဤဓားအလင်းများကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။

ကောင်းကင်ယံအပါအဝင် လှေကားထစ်တစ်ခုလုံးသည် ချင်ယွင်၏ ရုပ်အသွင်အပြင်များ ဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်၏ အစစ်မှန် ခန္ဓာကိုယ်က မည်သည့်အရာဖြစ်သည်ဟု သူ၏ပုံရိပ်များကို မပြောနိုင်တော့ပေ။

ဤသည်မှာ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်၏ ထူးခြားချက် ဖြစ်သည်။ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ဟု ခေါ်ရခြင်းက ပုံရိပ်ယောင် ၁ မှ ပုံရိပ်ယောင် ၁၀၀၀၀ အထိ ဖန်တီးနိုင်ရန်အတွက် မိမိ၏ရွေ့လျားမှု အမြန်နှုန်းကို အသုံးပြုရမှာ ဖြစ်ပါသည်။ သေချာသည်မှာ, အကယ်၍ ချင်ယွင်သည် အနာဂတ်မှာ ဒီနတ်ဘုရား စွမ်းရည်ကို သူ့နှလုံးသားထဲမှာ ပြီးပြည့်စုံစွာ နားလည်နိုင်ခဲ့မည်ဆိုလျှင်၊ သူသည် နောက်တစ်ဆင့်ဖြစ်သည့် အထွတ်အထိပ်သို့ တက်လှမ်းနိုင်မှာ ဖြစ်ပါသည်။

အဆုံးတွင်, လူသားများဖန်တီးခဲ့သော မည်သည့် နတ်ဘုရားစွမ်းရည်မျိုး ဖြစ်စေ အထွတ်အထိပ်ဆိုသည့် စံချိန်ကို ချိုးဖျက်နိုင်ရမည် ဖြစ်သည်။

သေချာသည်မှာ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ စံချိန်ကို ချိုးဖျက်ခြင်းသည် လွယ်ကူသော အလုပ်တော့ မဟုတ်ပေ။

ဘန်း…။

ချင်ယွင်သည် ဓားအလင်းသုံးရာကို ချက်ချင်း ရှောင်တိမ်းလိုက်ပြီး တောင်ထိပ်ဆီသို့ ဆက်လျှောက် သွားခဲ့သည်။

သူ ဆက်လက် တက်လှမ်းလာသည်နှင့်အမျှ တောင်ထိပ်မှ ထွက်ပေါ်လာသော ဓားအလင်တန်းများသည် ပို၍ကြောက်စရာကောင်းလာသည်။ ဓားအလင်းတန်းအချို့ သည် ရှည်လျားလှပြီး၊ ငါးမီတာမှ ခြောက်မီတာအထိ ရှည်လျားလာကာ လှေကားထစ် တစ်ခုလုံးကို အမြန် ပိတ်ဆို့ထားကြသည်။

သို့သော် အလွန်ထက်မြက်သော လှုပ်ရှားမှုပညာရပ်ဖြင့် ချင်ယွင်သည် ၎င်းတို့ကို ရှောင်ထွက်သွားဆဲ ဖြစ်သည်။ ကြောက်စရာကောင်းသော ဓားအလင်းသည် ချင်ယွင်၏ နောက်ကွယ်မှ ပုံရိပ်ယောင်များကိုသာ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ကျောက်နံရံထဲသို့ နှစ်လက်မနီးပါး နစ်မြုပ်သွားခဲ့ကြသည်။ ၎င်းသည် အမှန်တကယ်ပင် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းခဲ့သည်။

အကယ်၍, ထိုကဲ့သို့ ဓားအလင်းမျိူးဖြင့် ထိမှန်ခဲ့မည်ဆိုလျှင် ချင်ယွင်သည် ဒုတိယမြောက် တိုက်ခိုက်မူကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ တစ်ချက်ထိရိုက်လိုက်ရုံဖြင့် သူ့ခန္ဓာကိုယ် သည် ဘာမှမကျန်တော့သည်အထိ ဖြစ်သွားစေနိုင်ပါသည်။

ဘန်း…။

ချင်ယွင်၏ရုပ်အသွင်သည် လုံးဝ ပုံရိပ်အသွင် ပြောင်းလဲသွားခဲ့ပြီး သူ၏အမြန်နှုန်းသည် အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်နေခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းထား သည့် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းအောက်တွင် သူသည် နောက်ထပ် လှေကားထစ် ၅၀၀ ကျော်ကိုပင် တက်လှမ်းနိုင်ခဲ့သည်။

လှေကားထစ်ငါးရာကို တက်လှမ်းခဲ့သည့် ဤဖြစ်စဉ်တွင် ချင်ယွင်အနေဖြင့် အချိန် တစ်စက္ကန့်မျှသာ ကြာခဲ့သည်။ နောက်ပိုင်းကျသည့်လှေကားထစ်များတွင် ဓားအလင်းက ပို၍ပင် မြန်ဆန်လာသောကြောင့် ချင်ယွင်သည် ခြေလှမ်းတွေကို မြန်နိုင်သမျှမြန်အောင် တက်ခဲ့ရပါသည်။ ထိုသို့မဟုတ်လျှင်, သူသည် ပစ်ထုတ်ခံရပြီး အစကနေ ပြန်စရလိမ့်မည်။

သို့သော်, လှေကားထစ် ၈၀၀ သို့ ရောက်ပြီးနောက်၊ ရှေ့ဆက်တက်ရန် ပိုမိုခက်ခဲလာ သည်။

ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် အန္တရာယ်ရှိသောအရှိန်ဖြင့် ရှောင်တိမ်းနိုင်ခဲ့သည်။ သူ့အတွက် အရမ်းခက်ခဲပေမယ့် မဖြစ်နိုင်ပါဘူး။

အဘယ်ကြောင့်ဆိုသော် ဤအဆင့်ရှိ ဓားအလင်းသည် အလွန်ကြောက်စရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုဓားအလင်းဖြင့် ပြင်းပြင်း ထန်ထန် တိုက်ထုတ်ခံရသည်ဟု အသာထားဦး၊ ထိုဓားအလင်းကြောင့် ဖြစ်ပေါ်လာသော ပြင်းထန်သော လေပြင်းတစ်ချက်ကပင် ချင်ယွင်၏ ခန္ဓာကိုယ်ကို ဖြတ်တောက် ပစ်လိုက်နိုင်သည်။

ထို့ကြောင့် ချင်ယွင်သည် ဓားအလင်းကို ရှောင်တိမ်းသွားနိုင်ခဲ့သော်လည်း နာကျင်မှုများစွာ ကို ခံနိုင်ရည်ရှိနေရဆဲ ဖြစ်သည်။

ဘန်း…။

ချင်ယွင်သည် လှေကားထစ် ၉၆၀ သို့ တက်လှမ်းနိုင်ခဲ့သည်။ သူသည် တောင်ထိပ်မှ ၃၉ ထစ်သာ ဝေးတော့သည်။ သို့သော် ထိုအချိန်တွင် သူ့ခန္ဓာကိုယ်သည် သွေးများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းကြောင့် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများစွာ ပြတ်တောက်သွားခဲ့ရသည်။ ချင်ယွင်သည် နဂါးကြေးခွံ အနက်ရောင် ချပ်ဝတ်ကို ဆင့်ခေါ်ခဲ့လျှင်ပင်, ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။

ဘန်း…။

တောင်ထိပ်ရှိ ခန်းမကြီးသည် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကို ထုတ်လွှတ် နေသေးသည်။ ဓားအလင်းမှ စူးရှသော အငွေ့အသက်သည် ချင်ယွင်၏ အာရုံစူးစိုက်မူကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး အေးခဲနေသော အအေးဓာတ်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

ဓားအလင်း၏နောက်ကွယ်တွင် ပို၍ပင် ကြောက်စရာကောင်းသော ဓားအလင်းတန်းများ ရှိသေးသည်။ ဤအနေထားသည် လုံးဝ ဆိုးရွားသည့် အခြေအနေဟု ပြောလို့ရပါသည်။

သို့သော်လည်း ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အလျှော့မပေးလိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေပြီး၊ သူ့အကြည့်များသည် ဓားအလင်းထက်ပင် စူးရှနေလေသည်။

"ဟမ့်၊ မင်းရဲ့ ဒီဓားအလင်းက ငါ့ရဲ့ အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကို ဖြတ်တောက် နိုင်မယ်လို့ ငါ မယုံဘူး။" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော ခရမ်းရောင် ဆန္ဒများဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။ ချက်ချင်းပင် ခရမ်းရောင်လှိုင်းလုံးကြီးက သူ့ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့သည်။ လှိုင်းလုံးကြီးများ ပြန့်ကျဲလာသည်နှင့်အမျှ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး ရပ်တန့်သွားသည်။

ထိုဓားအလင်းများသည် လေထဲတွင် ရပ်တန့်သွားသည်။ သို့သော် ချင်ယွင် တွေးထားသည့် အတိုင်း မဟုတ်ခဲ့ပေ။ ထိုဓားအလင်းများသည် လုံးဝ မလှုပ်မယှက် ဖြစ်နေခဲ့သည်။ သို့သော်, အချို့က ချင်ယွင်၏အချိန်ထိန်းချုပ်ခြင်းမှ လွတ်မြောက်သွားကြသည်။ ဤအရာက ချင်ယွင်၏ နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

ဘန်း…။

အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် အလင်းတန်းတစ်ခုအဖြစ် ပစ်လွှတ်ကာ၊ ဓားအလင်းတန်းအားလုံးကို ရှောင်ရှားပြီး တောင်ထိပ်ပေါ်သို့ တက်လှမ်းလိုက်သည်။

ချင်ယွင်သည် ဓားအလင်းတန်းအားလုံးကို ရှောင်တိမ်းစဉ်မှာ အချိန်က ရပ်တန့်သွားပြီး၊ ဓားအလင်းတန်းများသည် လွင့်ပျံထွက်ကာ တောင်ထိပ်အောက်ရှိ ကျောက်နံရံထဲသို့ နစ်မြုပ်သွားခဲ့သည်။

ချင်ယွင် သက်ပြင်းချလိုက်သည်။ သူ့မျက်နှာသည် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် ပေါ်လွင်နေသော်လည်း၊ သူ့မျက်လုံးများတွင် ထိန်းချုပ်၍မရသည့် စိတ်လှုပ်ရှားမှုတစ်ခု ရှိနေပါသည်။

နောက်ဆုံးတွင် သူသည် တောင်ထိပ်ပေါ်မှာ လက်မထောင်နိုင်ရန်အတွက် အချိန် ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုခဲ့ပြီး၊ အဆုံးတွင်, သူသည် တောင်ထိပ်ပေါ်မှာ လက်မထောင်နိုင်ခဲ့ပါသည်။

ဘန်း..။

ချင်ယွင်က သူ့ရှေ့မှ ခန်းမကြီးကို မော့ကြည့်လိုက်ပါသည်။ ထိုဓားအလင်းများသည် မည်သည့်နေရာမှ ရောက်လာလဲဆိုသည်ကို သူ တကယ် မြင်ချင်နေခဲ့သည်။

မကြည့်မိတာမှ ကောင်းပါဦးမည်။ ချင်ယွင်သည် သူ့ရှေ့က မြင်ကွင်းကြောင့် ချက်ချင်း ထိတ်လန့်သွားခဲ့သည်။

ခန်းမရှေ့တွင် ကျောက်ပြားတစ်ချပ် ရှိနေခဲ့သည်။ ထိုကျောက်ပြားပေါ်တွင် ဓားရှည် တစ်ချောင်း ရှိနေခဲ့သည်။ ဓားအလင်းသည် ထိုဓားရှည်မှ ထုတ်လွှတ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ဓားသည် အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ချင်ယွင်သည် ထိုနတ်ဘုရားဓား၏ ကန့်သတ်ချက်များကို ဖြိုခွဲပြီး ဖြတ်ကျော်ခဲ့ခြင်းကြောင့် အက်ကွဲသွားသည်မှာ ရှင်းပါသည်။

All Chapters