← Chapters

အခန်း ၁၃၀၀

Vol. 87 Ch. 1300

အခန်း ၁၃၀၀

Vol. 87 Ch. 1300

အခန်း (၁၃၀၀) လျှို့ဝှက်ဆန်းကြယ်သော အသက်လတ်ပိုင်းလူ။

"ဖျစ်… ဖျစ်..”။

နတ်ဘုရားဓားသည် အက်ကွဲအသံနှင့်အတူ လုံးလုံးလျားလျား ကွဲကြေသွားကာ မြေပေါ်ပြိုကျပြီး အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။

ချင်ယွင်က လမ်းလျှောက်လာပြီး ကြည့်လိုက်သည်။ သူက ခေါင်းယမ်းကာ သက်ပြင်း မချဘဲ မနေနိုင်ခဲ့ပေ။ "ကံဆိုးလိုက်တာ၊ ဒါက သေချာပေါက် ထိပ်တန်းအဆင့် နတ်ဘုရား ဓားတစ်လက်ပဲ။ ဒါ့အပြင်၊ ဒါက ဘိုးဘေးနတ်ဘုရားရဲ့စိတ်ဆန္ဒတွေ စိမ့်ဝင်ပျံ့နှံ့နေတဲ့ ဓားတစ်လက်လည်းဖြစ်တယ်။ တကယ်လို့, ငါသာ ဒီဓားကို ရယူပြီး အသုံးပြုနိုင်ပါက၊ သေချာပေါက် ကြီးမားတဲ့ ဝှက်ဖဲကြီးတစ်ချပ် ဖြစ်လာလိမ့်မယ်”။

ယခင်ကဓားအလင်းများသည် ဤနတ်ဘုရားဓားမှ ထုတ်လွှတ်နေခြင်း ဖြစ်သည်။ ဘိုးဘေးနတ်ဘုရားသည် ဒီဓားကို ကန့်သတ်မူ၏ အဓိကအချက်အနေဖြင့် အသုံးပြုခဲ့ သည်။ ဤနတ်ဘုရားဓားသည် နှစ်သန်းပေါင်းရာနှင့်ချီကြာပြီးနောက် ဤမျှလောက် ကြောက်စရာကောင်းသော ဓားအလင်းတန်းကို ထုတ်လွှတ်နိုင်သေးသည်။ ဤနတ်ဘုရား ဓားပေါ်တွင် ဘိုးဘေးနတ်ဘုရား ထားရစ်ခဲ့သော ဓားဆန္ဒသည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်သည်။

ချင်ယွင်သည် ငုံ့ပြီး နတ်ဘုရားဓားအပိုင်းအစတစ်ခု ကောက်ကိုင်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားသည် နတ်ဘုရားဓား အပိုင်းအစထံမှ ထွက်ပေါ်လာသည်။ ၎င်းသည် အမှန်တကယ်ပင် ချင်ယွင်၏ လက်တစ်ဘက်လုံးကို ဖြတ်တောက်ပစ်လိုက်သည်။ အကယ်၍ ချင်ယွင်သည် အချိန်မီ မရှောင်နိုင်ခဲ့ပါက၊ သူသည် သူ့လက်တစ်ဖက်သာ ဆုံးရှုံးသွားလိမ့်မည် မဟုတ်ဘဲ သူ့တစ်ကိုယ်လုံး ဆုံးရှုံးသွားပေလိမ့်မည်။

“ဘယ်လောက်တောင်မှ ကြောက်စရာကောင်းလိုက်တဲ့ ဓားဆန္ဒလဲ။ ဓားက အစိပ်စိပ် ပြိုကွဲသွားတာတောင် ဒီလောက်ပြင်းထန်တဲ့ ဓားဆန္ဒကို ထုတ်လွှတ်နိုင်သေးတယ်။ ဒီဘိုးဘေးနတ်ဘုရားရဲ့ ဓားဆန္ဒက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ” ချင်ယွင်သည် လက်မောင်းအသစ်တစ်ခု ကြီးထွားလာစေရန် နတ်ဆိုးနတ်ဘုရားတန်ခိုးကို အသုံးပြုလိုက်ပြီး၊ အစိပ်စိပ်ပြန့်ကြဲနေသော နတ်ဘုရားဓား၏ အပိုင်းအစများကို ကြည့်ရင်း တုန်လှုပ်သွားကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ဤနတ်ဘုရားဓား၏ အပိုင်းအစများသည် ဤမျှလောက်ကြောက်စရာကောင်းသော ဓားစွမ်းအားကို ထုတ်လွှတ်နိုင်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ဤအပိုင်းအစ များမှ ထုတ်လွှတ်သော ဓားစွမ်းအားသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်သူ တစ်ဦး၏ စွမ်းအားအပြည့် တိုက်ခိုက်မူနှင့် နှိုင်းယှဉ်ရန်ပင် လုံလောက်ပါသည်။ ဤအရာက ချင်ယွင်ကို မည်သို့ မထိတ်လန့်စေဘဲနေမည်နည်း?။

"ပစ္စည်းကောင်းတွေပဲ၊ သိမ်းယူထားလိုက်မယ်။ ဒါက အရေးကြီးတဲ့ အခိုက်အတန့်မှာ အလုပ်ဖြစ် မဖြစ် မသိနိုင်ဘူး။" ချင်ယွင်က ပြုံးပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ခဏအကြာတွင်၊ သူသည် ဓားစွမ်းအား အပိုင်းအစများကို ကနဦးစကြဝဠာထဲသို့ တိုက်ရိုက် ထည့်လိုက် သည်။

ပြင်းထန်သော ဓားစွမ်းအားများ ပါ၀င်သော နတ်ဘုရားဓား အပိုင်းအစများသည် စုစုပေါင်း ဆယ့်နှစ်ပိုင်း ရှိသည်။ အပိုင်းတစ်ခုစီသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးထံမှ အင်အားအပြည့် တိုက်ခိုက်ခြင်းနှင့် ညီမျှသည်။ ထို ၁၂ ပိုင်းသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ၁၂ ဦးထံမှ တိုက်ခိုက်မှု ၁၂ ခုနှင့် ညီမျှပါသည်။ ၎င်းတို့ကို တစ်ချိန်တည်း တိုက်ခိုက်လိုက်မည်ဆိုလျှင်, အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင် ၎င်းတို့အား လျှော့တွက်ဝံ့မည် မဟုတ်ပေ။

ယင်းက ချင်ယွင်သည် သူ့အသက်ကို ကယ်တင်ရန် ဝှက်ဖဲကို ပေးခဲ့ခြင်းဖြစ်ပြီး၊ အရေးကြီး သော အခိုက်အတန့်တွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်မှာ သေချာပါသည်။

"မင်းတို့ တက်လာကြတော့။ ဒီမှာ ကန့်သတ်ချက်တွေကို ရုပ်သိမ်းလိုက်ပြီ" ချင်ယွင်က တော်ယုနှင့် တော်အန်းတို့ကို အော်ခေါ်လိုက်သည်။

တော်ယုနှင့် တော်အန်းတို့သည် ချင်ယွင်၏စကားကို ကြားသောအခါ ပထမတော့ မယုံနိုင်ခဲ့ကြပေ။ သို့သော် လှေကားထစ်ပေါ်သို့ တက်လှမ်းလိုက်သောအခါတွင် ဓားအလင်း အနည်းငယ်မျှ မတွေ့ရတော့ပေ။ ထိုတစ်ခါမှ, သူမတို့လည်း စိတ်သက်သာရာရကြပြီး ခြေလှမ်းအကျဲကြီးများဖြင့် တောင်ထိပ်ဆီသို့ ပြေးသွားကြသည်။

"ငါတို့ တကယ် တက်နိုင်ခဲ့ပြီ။ နောက်ဆုံးတော့ တောင်ထိပ်ကို ရောက်ခဲ့ပြီ" တော်အန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

တော်ယုသည် ပျော်ရွှင်မှုအပြည့်ရှိသော မျက်နှာဖြင့် ချင်ယွင်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

"ခန်းမထဲကို ဝင်ကြည့်ရအောင်၊ နင်တို့ ငါ့နောက်က လိုက်ခဲ့ကြ" ချင်ယွင်က တော်ယုနှင့် တော်အန်းကို ပြောသည်။

တော်ယုနှင့် တော်အန်းတို့ နှစ်ယောက်စလုံး ခေါင်းညိတ်ပြကြပြီး၊ သူမတို့မျက်နှာတွေက နာခံမှုအပြည့်နှင့်ပင်။ တော်အန်းပင်လျှင် လုံးဝ ငြိမ်သက်နေ၏။

ထိုမြင်ကွင်းကို ချင်ယွင် မြင်လိုက်ရသည့်အခါ, သူသည် သူ့ရှေ့မှ ခန်းမကို လှည့်ကြည့်ရင်း သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာသည်။

ထိုခန်းမကြီးက ခမ်းနားထည်ဝါခြင်းမရှိပေ။ စုတ်ပြတ်သပ်နေသည့် ခံစားချက်မျိုးပင် ရှိနေခဲ့သည်။ ရွှေရောင်အလင်းတန်းများ၊ ထွင်းထုထားသော အလင်းတန်းများ သို့မဟုတ် ပန်းချီကားများ ဘာတစ်ခုမှ ရှိမနေခဲ့ပေ။ ၎င်းသည် သေမျိုးကမ္ဘာတွင် ကြာရှည်စွာ တည်ရှိနေခဲ့သည့် ရှေးဟောင်း အိမ်ကြီးတစ်လုံးနှင့်ပင် တူနေသေးသည်။ မည်သည့် တက်ကြွမှုမှ ရှိမနေခဲ့ပါ။ အရာအားလုံးက အရမ်းကို ဟောင်းနွမ်းနေပုံပင်။ ကံကောင်းထောက်မစွာ၊ ၎င်းသည် ပျက်စီးယိုယွင်းသည့်အဆင့်သို့ မရောက်ရှိသေးပေ။ သို့သော် ပျက်စီးယိုယွင်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ခန်းမတံခါးများကို တင်းတင်းစေ့ထားပြီး အတွင်းဘက်တွင် မည်သည့်အမှတ်သားတစ်ခုမျှ မတွေ့ရပေ။ ခန်းမတံခါးပေါ်မှာ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများလည်း ရှိမနေခဲ့ပေ။

"သွားရအောင်၊ သတိထားကြ။" ချင်ယွင်က သူ့နောက်က တော်ညီအစ်မကို သတိပေးလိုက်ပြီး ခန်းမဘက်ကို လျှောက်သွားသည်။

ချင်ယွင်သည် အလွန်တရာမှ သတိကြီးစွာထားပြီး လှမ်းကြည့်သည်။ သူသည် ယခင်က လှေကားထစ်များအပေါ် ကန့်သတ်ချက်များစွာကို ကြုံတွေ့ခဲ့ဖူးသည်။ ၎င်းတို့သည် အလွန်ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။ ဒီခန်းမမှာ ကန့်သတ်ချက်တွေ ရှိနေဦးမလားဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ ထို့ကြောင့် သူသည် အနှစ်တစ်သောင်း ကြာငြောင်းသည်အထိ ဂရုတစိုက် ရွက်လွှင့်နေခဲ့သည်။ (တင်စားပြောခြင်း ဖြစ်သည်)။

သို့သော် ချင်ယွင်သည် ခန်းမအဝင်ဝသို့ လျှောက်သွားပြီး တံခါးကို တွန်းဖွင့် လိုက်သော အခါတွင်ပင် ကန့်သတ်ချက် အနည်းငယ်မျှကိုပင် မတွေ့ခဲ့ရပေ။

သို့သော်လည်း တံခါးကို တွန်းဖွင့်လိုက်ပြီးနောက်, မြင်လိုက်ရသည့် မြင်ကွင်းက ချင်ယွင်နှင့် တော်ညီအစ်မများကို ထိတ်လန့်သွားခဲ့သည်။ ခန်းမအတွင်း၌ သူတို့ စိတ်ကူး ထားသည့်အတိုင်း ၎င်းသည် အသက်မဲ့ အဆောက်အအုံတစ်ခု ဟုတ်မနေခဲ့ပေ။ ယင်းအစား အစိမ်းရောင်မြက်ခင်းလွင်ပြင်တစ်ခု ဖြစ်နေခဲ့သည်။ အတွင်းမှာ နေရောင်က တောက်ပနေပြီး စမ်းချောင်းငယ်များက စီးဆင်းနေသည်။ အရာအားလုံးသည် တက်ကြွမှုနှင့်အတူ တောက်ပနေခဲ့သည်။ ၎င်းသည် အပြင်ဘက်ရှိ အနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးနှင့် အနည်းငယ်မျှပင် သဟဇာတ ဖြစ်မနေခဲ့ပေ။ ဤနေရာသည် လုံးဝခြားနားသည့် ကမ္ဘာတစ်ခု ဖြစ်နေသည်။

"ဝိုး…၊ အရမ်းလှတာပဲ" တော်အန်းသည် မျက်လုံးများကို ကျယ်ကျယ် ဖွင့်ထားကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်လိုက်လေသည်။

တော်ယုလည်း မထိန်းနိုင်ဘဲ အံ့သြသွားဟန် အမူအရာကို ထုတ်ပြလာခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လာသည်။ သေချာသည်မှာ သူမသည် ဤနေရာရှိ အရာအားလုံးကို သဘောကျနေသည်။

"ဝင်ကြည့်ရအောင်။" ချင်ယွင်က ပြောသည်။ သူပြောပြီးသည်နှင့် ချင်ယွင်သည် ဦးဆောင်ကာ မြက်ခင်းပြင်ထဲသို့ ခြေချလိုက်သည်။

ဝင်သွားပြီးနောက် ချင်ယွင်သည် မြက်ခင်းများ၊ စမ်းချောင်းများ၊ အဝေးမှ တောင်တန်းများ၊ မြစ်များနှင့် အဖြူရောင် တိမ်တိုက်များသည် ပုံရိပ်ယောင်အနေဖြင့် ဖန်တီးထားခြင်း မဟုတ်ကြောင်း တွေ့ရှိခဲ့သည်။ ယင်းအစား ၎င်းတို့သည် သူတို့ကိုယ်ပိုင် ကမ္ဘာတစ်ခုကို တည်ဆောက်ထားကြသည်။ ထိုခန်းမကြီး၏ နောက်ကွယ်တွင် ဤကဲ့သို့သော ကမ္ဘာကြီး ကို ဖန်တီးနိုခြင်းကြောင့် ဘိုးဘေးနတ်ဘုရားလက်တစ်စုံသည် အမှန်တကယ်ပင် ထူးကဲလှသည်ကို တွေ့မြင်နိုင်သည်။

"အစ်မ၊ ကြည့်စမ်း၊ ဟိုမှာ အိမ်တစ်လုံး ရှိနေတယ်မဟုတ်လား" ထိုအခိုက်အတန့်တွင် တော်အန်းသည် အဝေးကို ရုတ်တရက် ညွှန်ပြပြီး ပြောလိုက်သည်။

ချင်ယွင်နှင့် တော်ယုတို့သည် တော်အန်း ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ချက်ချင်း ကြည့်လိုက်သည်။ စမ်းချောင်း၏ အရင်းအမြစ်နေရာမှာ ကျွန်းနှင့်တူသော မြေပြန့်တစ်ခု ရှိသည်။ သစ်ပင်အောက်မှာ သက်ကယ်မိုးအိမ်တစ်လုံး ရှိပြီး၊ သက်ကယ်မိုးအိမ်ရှေ့မှာ ကျောက်စားပွဲတစ်ခု ရှိနေသည်။

"လာ၊ သွားကြည့်ရအောင်။ မင်းတို့ရှာနေတဲ့ စိမ်းပြာနန်းတော် နတ်ဘုရားစေတီက သက်ကယ်မိုး အိမ်ထဲမှာ ဖြစ်နိုင်တယ်။" ချင်ယွင်က ပြောသည်။

တော်ယုနှင့် တော်အန်းတို့ နှစ်ယောက်စလုံး ခေါင်းညိတ်ပြပြီး ချင်ယွင်၏ နောက်မှ သက်ကယ်မိုးအိမ်ဆီသို့ လိုက်ပါသွားကြသည်။

ကံကောင်းထောက်မစွာ၊ သက်ကယ်မိုးအိမ်သည် ချင်ယွင်, အခြားသူများနှင့် မဝေးလှပေ။ ထို့ကြောင့် ချင်ယွင်နှင့် အခြားသူများသည် စိတ်ဓာတ်ကျလောက်သည့် ကျွန်းပုံစံ နေရာဆီသို့ အမြန်ရောက်ရှိလာခဲ့သည်။

ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် အံ့သြတကြီး အမူအရာဖြင့် သူ့ရှေ့ရှိ သက်ကယ်မိုး အိမ်နှင့် သစ်ပင်ကြီးကို ကြည့်လိုက်သည်။

သက်ကယ်မိုးအိမ်သည် တစ်စုံတစ်ယောက် နေထိုင်နေသကဲ့သို့ အလွန်သန့်ရှင်းသပ်ရပ်ပါ သည်။ သက်ကယ်မိုးအိမ်ဘေးမှာ သဖန်းပင်ကြီးတစ်ပင် ရှိနေသည်။ လေတိုက်သောအခါ၌ သဖန်းပင်သည် အရွက်များ ကြွေကျကုန်၏။

သို့သော် ယခုအချိန်တွင် ချင်ယွင်၏ မျက်ခုံးများကို တင်းတင်းကျပ်ကျပ် ရှုံ့တွထားပြီး သူ့မျက်နှာပေါ်တွင် လေးနက်သော အမူအရာ ပေါ်လာသည်။

ရုတ်တရက် ချင်ယွင်၏ အကြည့်သည် သူ့ရှေ့ရှိ ကျောက်စားပွဲပေါ်သို့ ရောက်သွားကာ ကျောက်စားပွဲဆီသို့ လှမ်းကြည့်စဉ် သူ့နောက်ကျောသည် ရုတ်တရက် အေးခဲသွားသည်။

ကျောက်စားပွဲပေါ်တွင် လက်ဖက်ရည်ခွက်လေးခွက် ချထားပြီး၊ တစ်ခွက်စီမှာ အငွေ့များ ထွက်ပေါ်နေသည်။

ထို့အပြင် လက်ဖက်ရည်ခွက်က လေးခွက်ဖြစ်သည်။ သုံးခွက် မဟုတ်ပေ။ ထင်ရှားသည်မှာ၊ ဤနေရာ၌ တစ်ယောက်ယောက် ရှိနေရမည်။

ဤနေရာသည် အနက်ရောင် နတ်ဘုရားကျောက်တောင်ပေါ်မှာ ဖြစ်သည်။ ဤနေရာမှာ ဘယ်သူများ ရှိနေမလဲ?။

ချင်ယွင်၏ အမူအရာသည် ပို၍ပင် လေးနက်လာသည်။

တော်ယုနှင့် တော်အန်းတို့သည် ဤမြင်ကွင်းကို သတိပြုမိကြပြီး သူမတို့၏မျက်လုံးများ သည် သတိနှင့် ပြည့်နေပါသည်။

"ကျွီ..”

ထိုအချိန်တွင် သက်ငယ်မိုးအိမ်တံခါးသည် တွန်းဖွင့်ခံလိုက်ရသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထွက်လာပြီး၊ ချင်ယွင်နှင့် အခြားလူများကို လှမ်းကြည့်လိုက်သည်။ သူသည် လုံးဝ အံ့သြခြင်းမျိုး မရှိပါဘူး။ ယင်းအစား၊ သူက ခင်မင်ရင်းနှီးသော ဧည့်သည်တစ်ဦးကို မြင်လိုက်ရသကဲ့သို့ ချင်ယွင်နှင့် အခြားသူများကို ပြုံးပြလိုက်သည်။ "မင်းတို့အားလုံးကို ငါစောင့်နေတာ ကြာလှပြီ။ လာထိုင်ပြီး လည်ချောင်း စိုသွားအောင် လက်ဖက်ရည်လေး တစ်ခွက်လောက် သောက်လိုက်ပါဦး။ ဖြည်းဖြည်းချင်း စကား ပြောကြတာပေါ့”။

All Chapters