အခန်း ၁၃၀၁
Vol. 87 Ch. 1301
အခန်း (၁၃၀၁) စိမ်းပြာနန်းတော် နတ်ဘုရားစေတီ။
ချင်ယွင်နှင့် အခြားလူများသည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကြားသောအခါ သူတို့သည် တုံ့ပြန်ခြင်းမျိုး မပြုခဲ့ပေ။ ယင်းအစား သူတို့သည် ထိုနေရာတွင် ရပ်နေကာ လူလတ်ပိုင်းအရွယ် အမျိုးသားကို ဆက်ကြည့်နေကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အစိမ်းရောင် ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး၊ သူ့ခန္ဓာကိုယ်တွင် နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများ ရှိမနေခဲ့ပေ။ သူ့မျက်နှာသည် သာမန်သေမျိုးကဲ့သို့ပင် အလွန်ဖော်ရွှေပုံရသည်။
သို့သော် ဤလူ၏ စွမ်းဆောင်ရည်သည် သာမန်ပို၍ဆန်နေလေ, ချင်ယွင်သည် ပို၍ပင် သတိထားနိုးကြားလေ ဖြစ်သည်။
ဤနေရာသည် တစ်ချိန်က နတ်ဘုရားကမ္ဘာ၏ ဘိုးဘေးနတ်ဘုရားတစ်ပါး နေထိုင်ရာ နတ်ဘုရားနယ်မြေ ဖြစ်သည်။ ဤနေရာတွင် သေမျိုးများ မည်သို့ ပေါ်လာနိုင်မည်နည်း။ ထို့ကြောင့် ချင်ယွင်သည် ဤလူလတ်ပိုင်းအရွယ် အမျိုးသားကို အလွန် သတိထားနေခဲ့ သည်။
တော်ယုနှင့် တော်အန်းလည်း အတူတူပင်။ သူမတို့သည် လူတုံးလူအများ မဟုတ်သော ကြောင့် ဤအရာက ထူးဆန်းနေသည်ဟု ပြောနိုင်ကြပေသည်။
အဖြူရောင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကျောက်ခုံတန်းလျားဆီသို့ လျှောက်လာ ပြီး ထိုင်လိုက်သည်။ သို့သော် ချင်ယွင်နှင့် အခြားသူများသည် မည်သည့် လှုပ်ရှားမှုမှ မရှိဘဲ ထိုနေရာတွင် ရပ်နေသည်ကို သူ တွေ့ရှိသွားခဲ့သည်။ သူက ကူကယ်ရာမဲ့သော အပြုံးကို ထုတ်မပြခင် အံ့အားသင့်သွားသေးသည်။ သူက ချင်ယွင်နှင့် တခြားသူများကို ကြည့်ရန် ခေါင်းမော့လိုက်ပြီး "ဒီအနက်ရောင် နတ်ဘုရားကျောက်တောင်မှာ မင်းတို့ ဘာလာရှာတာ လဲ” ဟု သူက ပြောလိုက်သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူစကားပြောနေစဉ်မှာ, အကြီးတစ်ယောက်က ချစ်လှစွာသော ဂျူနီယာလေးများကို ကြည့်နေသည့်အမူအရာမျိုးဖြင့် သူ့မျက်နှာပေါ်တွင် မထင်မရှား အပြုံးတစ်ခု ရှိနေသေးသည်။
ချင်ယွင်နှင့် တော်ယုတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ချင်ယွင်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ တော်ယုသည် ချင်ယွင် ဆိုလိုသည့်သဘောကို ချက်ချင်း နားလည်သွားပြီး "စီနီယာ, ကျွန်မတို့က မြေခွေးမျိုးနွယ်ရဲ့ အဖိုးတန်ဆုံးရတနာဖြစ်တဲ့ စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို လိုချင်လို့ပါ" ဟု အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"ဒါဆို အဲဒီစိမ်းပြာနန်းတော် နတ်ဘုရားစေတီက ဘယ်လိုပုံစံမျိုးလဲဆိုတာ မင်းတို့ သိလား" လူလတ်ပိုင်းအရွယ် အမျိုးသားက ဆက်မေးသည်။ သူသည် ခပ်ဖျော့ဖျော့ အပြုံးကို ထိန်းထားဆဲဖြစ်ပြီး သူ့အပြုံး၏နောက်ကွယ်တွင် နောက်ပြောင်ကျီစယ်လိုဟန် အရိပ်အမြွက် ရှိနေသည်။
ထိုစကားများက တော်ယုနှင့် တော်အန်းတို့ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ငြိမ်သက် သွားစေခဲ့သည်။
သူမတို့သည် အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်မှ ဖြစ်ကြသော် လည်း၊ စိမ်းပြာနန်းတော် နတ်ဘုရားစေတီသည် ပျောက်ဆုံးသွားသည်မှာ ကြာလှပြီ ဖြစ်သည်။ ထိုအရာကို သူမတို့ မည်သို့ မြင်ဖူးမည်နည်း?။ သူမတို့ အကြီးအကဲများ ပြောစကားမှတဆင့် စိမ်းပြာနန်းတော် နတ်ဘုရားစေတီ၏ အမည်ကို ကြားဖူးကြခြင်း ဖြစ်ပါသည်။ သို့သော်, ၎င်းသည် မည်သို့မည်ပုံ ရှိနေသည်ကို သူမတို့ မသိခဲ့ကြပေ။ လူလတ်ပိုင်းအရွယ် အမျိုးသားက ထိုမေးခွန်းကို မေးလာချိန်မှာ သူမတို့နှစ်ယောက်လည်း မှင်သက်သွားရသည်။
ချင်ယွင်အနေဖြင့်မူ, စိမ်းပြာနန်းတော် နတ်ဘုရားစေတီက မည်သည့်ပုံစံလဲဆိုသည်ကို သိရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် လူလတ်ပိုင်းအရွယ် အမျိုးသား၏အမေးကို ဖြေဖို့က ပို၍ပင် မဖြစ်နိုင်ပါဘူး။
"စိမ်းပြာနန်းတော် နတ်ဘုရားစေတီက ဘယ်လိုပုံစံမျိုးလဲ?။ မင်းတို့ကရော အဲဒါကို ဘယ်နေရာ သွားရှာမှာလဲ?" လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြုံးရွှင်ရွှင် အမူအရာဖြင့် ပြောသည်။
"စိမ်းပြာနန်းတော် နတ်ဘုရားစေတီက မျှော်စင်တစ်ခု မဟုတ်ဘူးလား?" တော်အန်းသည် သူမသံသယများကို ထုတ်မပြောဘဲ မနေနိုင်ခဲ့ပါချေ။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် တော်အန်း၏စကားကို ကြားသောအခါ ချက်ချင်း ရယ်မောလိုက်သည်။ သူသည် ရယ်စရာကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသလိုပင် အလွန် ပျော်ရွှင်စွာ ရယ်မောလိုက်ပါသည်။
ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများသည် တောက်ပလာသည်။ သူက သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားကို ဦးညွှတ်ပြီး ပြောလိုက်သည် "ဒီဂျူနီယာ ခန့်မှန်းတာ မမှားရင်, ဒီစီနီယာက စိမ်းပြာနန်းတော် နတ်ဘုရားစေတီ ဖြစ်သင့်တယ် မဟုတ်လား"
"သူက စိမ်းပြာနန်းတော် နတ်ဘုရားစေတီလား?" တော်ယုနှင့် တော်အန်းတို့သည် ချင်ယွင်၏စကားကို ကြားသောအခါတွင် မယုံကြည်နိုင်သော အမူအရာများ ထွက်ပေါ်လာကြသည်။
“ကောင်စုတ်လေး၊ မင်းမျက်စိင အတော်ကောင်းတာပဲ။ မင်း ဘယ်လိုလုပ် မြင်သွားတာလဲ" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်ကို ကြည့်ကာ အပြုံးဖြင့် မေးလိုက်ခြင်း မပြုမီ ခဏတာ အံ့အားသင့်သွားသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏စကားကို ကြားတော့ ချင်ယွင်က ပြုံးပြပြီး "ဂျူနီယာ... ခန့်မှန်းကြည့်ရုံပါ” ဟု ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်ဖက်ရည်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး၊ လက်ဖက်ရည်သောက်လိုက်စဉ်မှာ, ချင်ယွင်၏ စကားကိုကြားလျှင်, သူသည် လက်ဖက်ရည် ပါးစပ်အပြည့်ကို ချက်ချင်း ထွေးထုတ်လိုက်သည်။ သူက ချင်ယွင်ကို လက်ညှိုးကောက်ကောက်ထိုးပြီး စကားမပြောနိုင် ဖြစ်နေသည်။ ခဏကြာတော့ သူက မောဟိုက်နေသည့်အသံဖြင့် ပြောသည် "ကောင်စုတ်လေး, မင်းက ဝိညာဉ်မျောက် တစ်ကောင်ပဲ။ ဒါပေမယ့် မင်းမှန်းဆချက်က မှန်တယ်။ ငါက စိမ်းပြာနန်းတော် နတ်ဘုရား စေတီပဲ။ ငါတစ်ယောက်တည်းတင် မဟုတ်ဘူး။ မင်းတို့ အခုရောက်နေတဲ့ ကမ္ဘာကြီး တောင်မှ အတူတူပဲ။"
"ဒါက စိမ်းပြာနန်းတော် နတ်ဘုရားစေတီလား?" ချင်ယွင်နှင့် တော်ညီအစ်မတို့သည် လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားသောအခါတွင် သူတို့၏မျက်နှာများသည် အလွန်အံ့အားသင့်သွားသည့် အမူအရာတစ်ခု ချက်ချင်း ပေါ်လာကြသည်။
သူတို့သည် စိမ်းပြာနန်းတော် နတ်ဘုရားစေတီထဲကို သတိမထားမိဘဲ ဝင်ရောက်လာ မိလိမ့်မည်ဟု သူတို့ မျှော်လင့်မထားကြပေ။ ထိုသို့ဆိုလျှင်, ဒီကမ္ဘာကြီးသည် စိမ်းပြာနန်းတော် နတ်ဘုရားစေတီ ဖြစ်နေသည်။
"အခု မင်းတို့ ငါ့ကို ယုံကြည်သင့်ပြီ မဟုတ်လား?။ လာ..လာ.. ထိုင်ပြီး စကားပြောရ အောင်" လူလတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်နှင့် တခြားသူတွေကို ပြောလိုက်သည်။
ထိုစကားကိုကြားတော့ ချင်ယွင်လည်း ပြုံးလိုက်သည်။ သူသည် ရှေ့သို့ လျှောက်သွားကာ ကျောက်စားပွဲရှေ့ရှိ ကျောက်ခုံတန်းပေါ်တွင် ထိုင်လိုက်သည်။
တော်ယုနှင့် တော်အန်းတို့သည် ချင်ယွင်၏ လုပ်ရပ်ကို မြင်သောအခါ သဘာဝအတိုင်း လိုက်ပါလာကြသည်။
ကုလားထိုင်လေးလုံးရှိနေပြီး၊ တစ်ခုစီတွင် ဝင်ထိုင်လိုက်ကြ၏။
"မင်းတို့ မေးချင်တာတွေရှိရင် မေးလိုက်။ ဒါပေမယ့် မင်းတို့ မမေးခင် ဒီလက်ဖက်ရည် ခွက်တွေကို မြန်မြန်သောက်လိုက်ပါ။ မင်းတို့ မသောက်ဘူးဆိုရင် ဒီလက်ဖက်ရည်တွေက အေးသွားလိမ့်မယ်။ ဒါဆို အရသာက ကောင်းမှာမဟုတ်တော့ဘူး” လူလတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်နှင့် အခြားလူများကို ပြုံးပြလိုက်သည်။ ထိုသို့ပြောပြီးနောက် သူသည် ကျန်လက်ဖက်ရည်ခွက်သုံးခွက်ကို ချင်ယွင်နှင့် အခြားသူများကို ပေးလိုက်သည်။
ချင်ယွင်သည် အစိမ်းရောင်ဖျော့ဖျော့ လက်ဖက်ရည်ခွက်ကို တစ်ချက်ကြည့်လိုက်ပြီး၊ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။ သူသည် တစ်ငုံသောက်ကြည့်ပြီးနောက် တစ်ကျိုက်တည်း အကုန်သောက်ပစ်လိုက်သည် ။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်သည် ကောင်းမွန်သည့် အရာတစ်ခုကို ဖျက်စီးလိုက်သည့်အလား, နှမြောဟန်ဖြင့် အားကိုးရာမဲ့ ခေါင်းကို ခါယမ်းလိုက်ပါသည်။
တော်ယုနှင့် တော်အန်းတို့သည်လည်း ချင်ယွင်က လက်ဖက်ရည်သောက်လိုက်သည်ကို မြင်သည်နှင့်, ချင်ယွင်ကဲ့သို့ တစ်ကျိုက်တည်း မော့သောက်ကြသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤမြင်ကွင်းကို မြင်သောအခါ သွေးအန်လုမတတ် ပင် ဖြစ်သွားရသည်။
"မင်းတို့ကောင်တွေက ပစ္စည်းကောင်းတစ်ခုကို တကယ်ပဲ ဖျက်ဆီးလိုက်ကြတာပဲ။ မင်းတို့ ဒီလောက် တုံးအရလား?။ အရသာကိုတောင် သေသေချာချာ မမြည်းစမ်းကြည့်ကြဘူး" လူလတ်ပိုင်းအရွယ် အမျိုးသားသည် စကားမပြောဘဲ မနေနိုင်တော့ပေ။
"စီနီယာလည်း အခုနက လက်ဖက်ရည်တစ်လုတ်ကို ထွေးထုတ်လိုက်ပုံရပါတယ်။ ဖြုန်းတီးခြင်းအတူတူ စီနီယာက ပိုပြီးဖြုန်းတီးတာ ဖြစ်နိုင်ပါတယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်၏စကားကို ကြားသောအခါ ချက်ချင်းဆိုသ လို ငြင်းဆိုရန်ပင် ခွန်အား မရှိတော့ပေ။ သူသည် ဘာပြန်ပြောရမှန်း မသိတော့ပေ။ ထို့ကြောင့်, သူသည် သူ၏မုတ်ဆိတ်မွေးများပင် လှုပ်ရှားသွားရပြီး၊ ချင်ယွင်ကို စိုက်ကြည့် နေရုံသာ တတ်နိုင်ပါသည်။ (ဤနေရာ၌ မုတ်ဆိတ်များလှုပ်ရှားနေရခြင်းမှာ ဒေါသထွက် လွန်းသဖြင့် ဖြစ်ဟန်တူပါသည်)။
ချင်ယွင်သည် သူ့မျက်နှာပေါ်တွင် အပြုံးမပျက် အမူရာဖြင့် ပြုံးပြလိုက်သည်။
တစ်ဖက်တွင်မူ တော်ယုနှင့် တော်အန်းတို့သည် ပါးစပ်ပိတ်ကာ တိတ်တဆိတ် ရယ်မော နေကြသည်။ ချင်ယွင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့ကြား ပြောစကားများက သူမတို့ကို သဘောကျသွားစေသည်မှာ ထင်ရှားသည်။
"ကောင်းပြီလေ, မင်းတို့က လက်ဖက်ရည်သောက်ပြီးသွားပြီဆိုတော့, မင်းတို့ မေးစရာရှိ တာ မေးလို့ရပြီ" လူလတ်ပိုင်းအရွယ် အမျိုးသားက တည်ငြိမ်မူပြန်ရသွားပြီး အဆိုပြုလိုက် သည်။
"စီနီယာ, စီနီယာက စိမ်းပြာနန်းတော် နတ်ဘုရားစေတီဖြစ်တယ်လို့ ပြောလိုက်တာ အမှန်ပဲလား။" လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကြားတော့ တော်ယုက ကမန်းကတန်း မေးလိုက်သည်။
ယခုလေးတင် တည်ငြိမ်သွားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ဒေါသက ချက်ချင်းပင် ထွက်ပေါ်လာပြန်သည်။ သူက "အဲဒီစကားက အတုအယောင်ဝန်ခံတာ” ဟု မကျေမနပ်အသံဖြင့် ပြောလိုက်ပါသည်။
လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကြားတော့ တော်ယု၏မျက်နှာသည် ချက်ခြင်း စိတ်အားတက်ကြွသည့် အမူအရာ ပေါ်လာသည်။
"စီနီယာ မုတ်ဆိတ်ရှည်၊ စိမ်းပြာနန်းတော် နတ်ဘုရားစေတီက မျှော်စင်တစ်ခုလားလို့ ကျွန်မ ပြောတုန်းက ရှင်က ဘာလို့ ရယ်တာလဲ?။ ဖြစ်နိုင်တာက စိမ်းပြာနန်းတော် နတ်ဘုရားစေတီက မျှော်စင်တစ်ခု မဟုတ်လို့လား”။ ဒီအချိန်မှာ တော်အန်းက ကြားဖြတ် ပြောလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပထမတော့ အံ့ဩမှင်သက်သွားသည်။ မုတ်ဆိတ်ရှည် အဘိုးကြီး၏ ဆိုလိုရင်းသဘောကို သူ နားမလည်လိုက်သည်မှာ ထင်ရှားပါသည်။ သို့သော် သူသည် လျင်မြန်စွာ တုံ့ပြန်လာခဲ့သည်။ သို့တိုင် သူသည် ဗိုက်ထဲမှ သွေးသုံးလီတာ လောက်ကို အလောတကြီး အန်ထုတ်ရပေတော့မည်။
သူကရော ဘာကြောင့် မုတ်ဆိတ်ရှည်အဘိုးကြီး ဖြစ်လာတာလဲ?။ အရင်က သူ ကြွားလုံးထုတ်ပြီး ပြုမူလိုက်တာကြောင့်များလား?
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်မင်း စိတ်ဓာတ်ကျနေ၏။
"မြန်မြန် ပြောစမ်းပါ၊ စီနီယာ မုတ်ဆိတ်ရှည် အဘိုးကြီး" လူလတ်ပိုင်းအရွယ် အမျိုးသားက စကားမပြောဘဲ ဖြစ်နေသည်ကို မြင်တော့ တော်အန်းက ကမန်းကတန်း တိုက်တွန်းလိုက် ပါသည်။
တစ်ဖက်တွင်မူ ချင်ယွင်နှင့် တော်ယုတို့ မျက်နှာက အားကိုးရာမဲ့ အမူအရာတွေ ရှိနေပါသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် တော်အန်းကို ပြန်ဖြေရုံမှလွဲပြီး ရွေးချယ်စရာမရှိခဲ့ ပေ။ ထို့ကြောင့် သူက ဒေါသတကြီး ပြောလိုက်သည် "ဟုတ်တယ်၊ စိမ်းပြာနန်းတော် နတ်ဘုရားစေတီဆိုတာက မျှော်စင်တစ်ခု မဟုတ်ဘူး။ စိမ်းပြာနန်းတော် နတ်ဘုရားစေတီ ဆိုတာက နတ်ဘုရားစာအုပ် တစ်အုပ်ပဲ။ အခု မင်းတို့က နတ်ဘုရားစာအုပ်ရဲ့ ကမ္ဘာထဲမှာ ရောက်နေကြတာ။ ပြီးတော့ ငါက စီနီယာ မုတ်ဆိတ်ရှည်အဘိုးကြီး မဟုတ်ဘူး။ ငါ့က ချင်ချုံပဲ”။
"နတ်ဘုရားစာအုပ်လား..?" ချင်ယွင်နှင့် အခြားသူများသည် ဤအဖြေကိုကြားသောအခါ သူတို့၏ မျက်နှာများသည် တုနှိုင်းမရအောင် အံ့အားသင့်သွားသည့် အမူအရာများ ဖြစ်ပေါ်လာကြပါသည်။