အခန်း ၁၃၀၂
Vol. 87 Ch. 1302
အခန်း (၁၃၀၂) ခုန်ပျံကျော်လွှား တိုးတက်ခြင်း။
"ဟုတ်တယ်။ စိမ်းပြာနန်းတော် နတ်ဘုရားစေတီဆိုတာက နတ်ဘုရားစာအုပ်တစ်အုပ်ပဲ။ ပြီးတော့ အစွမ်းထက်တဲ့ စာလုံးမဲ့ နတ်ဘုရားစာအုပ်ပဲ" လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချင်ယွင်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည်ကို မြင်ပြီး ထပ်၍ အလေးပေးပြောလိုက်သည်။
ချင်ယွင်နှင့် အခြားလူများသည် ချက်ချင်းပင် ပဟေဠိဆန်သော အမူအရာများကို ထုတ်ဖော်လာကြသည်။ စိမ်းပြာနန်းတော် နတ်ဘုရားစေတီသည် အဘယ်ကြောင့် နတ်ဘုရား စာအုပ်ဖြစ်ရသည်ကို သူတို့ နားမလည်ခဲ့ကြပေ။
"စီနီယာ မုတ်ဆိတ်ရှည် အဘိုးကြီး..."
"ငါက စီနီယာ မုတ်ဆိတ်ရှည် အဘိုးကြီး မဟုတ်ဘူး။ ငါက ချင်ချုံပါ။"
တော်ယု မေးမြန်းခါနီးမှာ လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီးအသံဖြင့် သူမကို ကြားဖြတ်အော်ပြောလိုက်သည်။
တော်ယုသည် ရုတ်တရက် ရှက်ရွှံ့သွားသည်။ သူမသည် တိတ်တဆိတ် ရယ်မောနေသော တော်အန်းကို စိုက်မကြည့်ဘဲမနေနိုင်ပေ။ သူမက အလောတကြီး ပြောလိုက်သည် "တောင်းပန်ပါတယ်, စီနီယာ ချင်ချုံ၊ ဒီဂျူနီယာက ရည်ရွယ်ချက်ရှိရှိ ပြောလိုက်တာ မဟုတ်ပါဘူး။”
တော်ယု၏စကားကိုကြားပြီးနောက် လူလတ်ပိုင်းလူရွယ် အမျိုးသားသည် ငြိမ်သက်သွား သည်။
"စီနီယာ, စိမ်းပြာနန်းတော် နတ်ဘုရားစေတီက နတ်ဘုရားစာအုပ် ဖြစ်နေမှတော့, ဘာလို့ ဒီနာမည်ပေးထားရတာလဲ" တော်ယုက ထပ်မေးသည်။
ချင်ယွင်နှင့် တော်အန်းတို့သည် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်နေကြသည်။ သိသာသည်မှာ၊ သူတို့လည်း ဤအကြောင်းကို စူးစမ်းသိရှိလိုကြသည်။
"စိမ်းပြာနန်းတော် နတ်ဘုရားစေတီရဲ့ ပင်မကိုယ်ထည်က ကျောက်စာအုပ်တစ်အုပ်ပဲ။ စေတီလို့ နာမည်ပေးရတဲ့ အကြောင်းရင်းကတော့ ဒီနတ်ဘုရားစာအုပ်မှာ အလွန် အစွမ်းထက်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ပါရှိနေလို့ပဲ။ ဒီကျင့်ကြံခြင်းနည်းစနစ်ကို 'ကံကြမ္မာမျှော်စင်'လို့ ခေါ်တယ်။ မြေခွေးဘိုးဘေးက ဒီနတ်ဘုရားစာအုပ်ကို စိမ်းပြာ နန်းတော် နတ်ဘုရားစေတီလို့ အမည်ပေးခဲ့တာ”။ လူလတ်ပိုင်းအရွယ် အမျိုးသားက ရှင်းပြသည်။
အားလုံးက ရုတ်တရက် သဘောပေါက်လာကြသည်။
"စီနီယာ၊ ကံကြမ္မာမျှော်စင်ရဲ့ ကျင့်ကြံခြင်းနည်းစနစ်က ဘာလဲ။" တော်ယုက ဆက်မေး သည်။
"ဒီကံကြမ္မာမျှော်စင်က ဟိုတချိန်တုန်းက မင်းတို့ အမြီးကိုးချောင်း ကောင်းကင် ကျောက်စိမ်းမြေခွေး မျိုးနွယ်ရဲ့ သားစဉ်မြေးဆက်တွေအတွက် မြေခွေးမျိုးနွယ်က ဖန်တီးပေးထားတဲ့ အလွန်အစွမ်းထက်တဲ့ နည်းပညာတစ်ခုပေါ့။ ဒီကံကြမ္မာမျှော်စင်ရဲ့ နတ်ဘုရားစွမ်းရည်ကို ကျင့်ကြံခြင်းက မင်းရဲ့အရင်ဆုံးရှုံးသွားခဲ့တဲ့ အသက်တွေကို တစ်ဖန် ပြန်လည် ရရှိနိုင်လိမ့်မယ်။ အမြီးကိုးချောင်းကျောက်စိမ်းမြေခွေး ကျင့်ကြံသူတွေဟာ အလွန်ကြီးမားတဲ့စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်။ အဲဒီကျင့်ကြံခြင်းနည်းစနစ်ကို မင်း ဘယ်လိုထင်လဲ?။ နောက်ပိုင်း ငါ မင်းတို့ကို သင်ကြားပေးမယ်” လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။
တော်ယုနှင့် တော်အန်းတို့သည် ထိုစကားကို ကြားလိုက်သောအခါတွင် သူမတို့၏ မျက်နှာများသည် အံ့အားသင့်သွားသည့် အမူအရာများ ချက်ချင်း ထွက်ပေါ်လာသည်။
အသက်ကိုးချောင်းကို ပြန်ဖြည့်နိုင်တာလား?။
အခုလိုကောင်းကင်ကို အံတုနိုင်သည့် ကျင့်ကြံခြင်းနည်းစနစ်မျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ယခုဆိုလျှင် တော်ယုမှာ အသက်သုံးချောင်းသာ ကျန်ပါတော့သည်။ အနာဂတ်မှာ, သူမသည် သူမဆုံးရှုံးခဲ့ရသည့် အသက်အားလုံးကို ပြန်ဖြည့်ပေးနိုင်မှာ မဟုတ်ဘူးလား။
အသက်ဝိညာဉ်ကိုးခု ကျင့်ကြံသူများသည် အလွန်ထင်ရှားသော အဓိပ္ပါယ်တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ အသက်ကိုးခုကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်သလို, တစ်ချိန် တည်းမှာပင် ကျင့်ကြံမူအမြန်နှုန်းသည် ယခင်ကထက် ကိုးဆ ပိုမိုမြန်ဆန်လာမည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
ချင်ယွင်က အံ့သြသွားသည့် အမူအရာကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ပေ။ ကံကြမ္မာ မျှော်စင်ဟုခေါ်သော ဤကျင့်ကြံခြင်းနည်းစနစ်သည် အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်သည်။ တစ်ချိန်တည်းမှာပင်၊ ၎င်းသည် အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်အတွက်လည်း အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။
“ဘိုးဘေးနတ်ဘုရား၊ ခင်ဗျားကို ဘိုးဘေးနတ်ဘုရားလို့ ခေါ်ဖို့ တကယ်ကို ထိုက်တန်တာ ပဲ။" ချင်ယွင်သည် သူ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်ပါသည်။
"စကားမစပ်၊ စီနီယာချင်ချုံ, မြေခွေးဘိုးဘေးက အဲဒီနှစ်တုန်းက စိမ်းပြာနန်းတော် နတ်ဘုရားစေတီထဲမှာ အမွေတွေ ချန်ထားခဲ့တယ်ကို ကျွန်မတို့ မျိုးနွယ်ထဲမှာ မှတ်တမ်း တင်ထားခဲ့တယ်။ အဲဒီအမွေနှစ်တွေက ကျွန်မတို့ မြေခွေးမျိုးနွယ်ရဲ့ တပည့်တွေကို ကျင့်ကြံမူ မြင့်မားလာအောင် အမှန်တကယ် ကူညီပေးနိုင်လားဆိုတာ ကျွန်မ သိချင်ပါတယ်” တော်ယုက သူမ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်ကာ ထပ်မေးလိုက်သည်။
"အဲဒါ အမှန်ပဲလေ" လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးပြီး ခေါင်းညိတ်သည်။
တော်ယုနှင့် တော်အန်းတို့၏ လှပသော မျက်နှာတွေက အပြုံးများဖြင့် ဝေဆာနေသည်။
"စီနီယာ,၊ အဲဒီအမွေနှစ်က ဘယ်မှာလဲ" တော်ယုက ထပ်မေးသည်။
"အဲဒါ မင်းတို့ ဗိုက်ထဲမှာလေ။" လူလတ်ပိုင်းအရွယ် အမျိုးသားသည် နှာတံဖျားရှိ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ပြုံးနေသည်။
"အယ်?" တော်ယုနှင့် အခြားသူများ အံ့အားသင့်သွားကြသည်။
ဘေးမှာရပ်နေသော ချင်ယွင်တောင်မှ လူလတ်ပိုင်းအရွယ် အမျိုးသား မည်သည့်အရာကို ဆိုလိုမှန်း နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်ပါသည်။
"အခုလေးတင် မင်းတို့သောက်လိုက်တဲ့ လက်ဖက်ရည်ပဲပေါ့။ အဲဒါကို မင်းကိုယ်တိုင် သေသေချာချာ မြည်းစမ်းမကြည့်ခဲ့ကြဘူးလေ။ အဲဒီလက်ဖက်ရည်ဟဟာ အဲဒီတုန်းက မြေခွေးမျိုးနွယ်မှာ သူတို့ရဲ့သွေး, နတ်ဘုရားတန်ခိုးတွေနဲ့ ပြုစုပျိုးထောင်ပေးခဲ့တဲ့ နတ်ဘုရားလက်ဖက်ပင်ပေါ့။ အဲဒီလက်ဖက်ပင်ကို နှစ်ပေါင်းတစ်ဘီလီယံထက်မနည်း ပြုစုပျိုးထောင်ပေးခဲ့ရတယ်။ စုစုပေါင်း လက်ဖက်ရွက်ပမာဏက အဲဒီလက်ဖက်ရည်ခွက် လေးခွက်စာပဲ လုံလောက်တယ်လို့ ဆိုနိုင်တယ်” လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။
"ဒါတောင် စီနီယာက ထွေးထုတ်လိုက်တုန်းပဲလား" ချင်ယွင်သည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ၊ မမေးဘဲမနေနိုင်ခဲ့ပေ။
လူလတ်ပိုင်းလူရွယ် အမျိုးသားသည် ချင်ယွင်၏စကားကို ကြားသောအခါတွင် သူ မျိုသိပ်ထားသော ဒေါသက မီးတောင်ကဲ့သို့ ချက်ချင်း ပေါက်ကွဲသွားသည်။
"ကောင်စုတ်၊ ဒါက မင်းအပြစ် မဟုတ်ဘူးလား။" လူလတ်ပိုင်းအရွယ် အမျိုးသားက ချင်ယွင်ကို စိုက်ကြည့်နေသည်။
အကယ်၍, အစောပိုင်းက ချင်ယွင်ကသာ သူ့ကို အနှောင့်ယှက်မဖြစ်စေခဲ့ဘူးဆိုရင် သူသည် ထိုလက်ဖက်ရည်ကောင်းကို မည်သို့ ဖြုန်းတီးပစ်နိုင်မည်နည်း?။ ရိုးရိုးသားသား ပြောရလျှင်, ဒီအတွက် သူ့ကိုယ်သူလည်း နာကျင်မူကို ခံစားရသည်။
သို့သော်လည်း ချင်ယွင်၊ တော်ယုနှင့် တော်အန်းတို့သည် လူလတ်ပိုင်းအရွယ် အမျိုးသားကို လျစ်လျူရှုလိုက်ကြသည်။ ယင်းအစား၊ သူတို့သည် စောစောက သောက်ခဲ့သော လက်ဖက်ရည်ထဲမှ အနှိုင်းမဲ့ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသော ပြင်းထန်သော စွမ်းအားကို ခံစားမိကြသည်။ ထို့ကြောင့် မျက်နှာများက တင်းတင်းကျပ်ကျပ် တွန့်သွားကြ သည်။
"လက်ဖက်ရည်က အလုပ်ဖြစ်ပုံရတယ်။ မင်းတို့ အဲဒီစွမ်းအားကြောင့် မပေါက်ကွဲ ချင်ဘူး ဆိုရင် မြန်မြန်ထိုင်ပြီး မင်းတို့ရဲ့ ကျင့်ကြံခြင်းပညာရပ်ကို လေ့ကျင့်လိုက်ကြပါ။ မင်းတို့နှစ်ယောက်ကို ကံကြမ္မာမျှော်စင် ကျင့်ကြံနည်းစနစ်ကို ငါ သင်ပေးမယ်။" လူလတ်ပိုင်းအရွယ် အမျိုးသားက သတိပေးလာသည်။ သူပြောပြီးသည်နှင့် သူသည် တော်ယုနှင့် တော်အန်း၏ခန္ဓာကိုယ်ထဲသို့ မိုးပြာရောင် အလင်းတန်းနှစ်ခုကို တိုက်ရိုက် ထည့်သွင်းလိုက်သည်။
ချင်ယွင်သည်လည်း ကျောက်ခုံတန်းလျားပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ကျင့်ကြံခြင်း ပညာရပ်ကို ဖြန့်ကျက်ပြီး သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် သူ၏ နတ်ဘုရားတန်ခိုးကို လှုံ့ဆော်လိုက်ပါသည်။
ဤနတ်ဘုရားလက်ဖက်ရည်၌ ပါရှိသော စွမ်းအားသည် အမှန်တကယ် ထူးထူးခြားခြား အစွမ်းထက်သည်ဟု ဆိုရပေမည်။ လျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် စွမ်းအား အောက်တွင်၊ ချင်ယွင်၏ ပေါင်းစပ်နတ်ဘုရားတန်ခိုးသည် သူ၏နတ်ဘုရားခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းကို အရူးအမူး ဖြစ်စေခဲ့သည်။
ထိုနတ်ဘုရားတန်ခိုး၏ သန့်စင်မှုနှင့်အတူ၊ ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ် သန့်စင်မှု အဆင့်သည်လည်း မျဉ်းဖြောင့်အတိုင်း တိုးမြင့်လာခဲ့သည်။
၅ ရာခိုင်နှုန်း, ၁၀ ရာခိုင်နှုန်း, ၁၅ ရာခိုင်နှုန်း, ၂၀ရာခိုင်နှုန်း ...
အချိန်ကြာလာသည်နှင့်အမျှ၊ ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ်သည် တဖြည်းဖြည်း အားကောင်းလာခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် နတ်ဘုရားတန်ခိုး သန့်စင်မှုမှ ဖြစ်ပေါ်လာသော နာကျင်မှုကို လုံးဝ မခံစားရတော့ပေ။ အဘယ့်ကြောင့်ဆိုသော် သန့်စင်မှု၏ အရေးကြီး သော လုပ်ဆောင်မူများနှင့်အတူ နတ်ဘုရားလက်ဖက်ရည်၌ ပါဝင်သော စွမ်းအားက ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ်ကို ပြုပြင်ပေးသွားမည် ဖြစ်သောကြောင့်ပင်။ ပြုပြင်မှု အရှိန်ဟုန်သည် အလွန်မင်း လျင်မြန်ပါသည်၊ ချင်ယွင်သည် နာကျင်မှုကို ခံစားရန်ပင် အချိန်မရှိခဲ့ဘဲ၊ ပျက်စီးမှုကို ပြုပြင်ပြီးသွားပြီ ဖြစ်သည်။
ဘန်း…။
ဤအချက်ကို ခံစားမိရသော ချင်ယွင်သည် ချက်ချင်းပင် ဝမ်းသာသွားသည်။ သူ၏ စိတ်တစ်ခုလုံးကို သူ၏နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ရန်တွင်သာ နှစ်မြှုပ်ထားခဲ့သည်။
မှန်ပါသည်၊ ၎င်းနတ်ဘုရားလဖက်ရည်သည် သူ၏နတ်ဘုရားခန္ဓာကိုယ်သာ တိုးတက်စေ သည် မဟုတ်ပေ။ သူ့နတ်ဘုရားအမြုတေသည်လည်း ဤနတ်ဘုရား လက်ဖက်ရည်မှ ထုတ်လွှတ်သော နတ်ဘုရားတန်ခိုးအောက်တွင် တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ၎င်းသည် နှောင်းပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ချီတက်ရန် ဦးတည်စပြုလာပြီ။
ချင်ယွင်အပြင် တော်ယုနှင့် တော်အန်းတို့လည်း အကျိုးအမြတ် များခဲ့ကြသည်။
ကံကြမ္မာမျှော်စင် ကျင့်ကြံခြင်းနည်းစနစ်ဖြင့်၊ သူမတို့၏ မူလက မသန့်စင်ရသေးသည့် နတ်ဘုရား ခန္ဓာကိုယ်များသည် နတ်ဘုရားလက်ဖက်ရည်နှင့် ကံကြမ္မာမျှော်စင် ကျင့်ကြံခြင်းနည်းစနစ်တို့၏ တန်ခိုးအစွမ်းကြောင့် အစောပိုင်း ကြယ်နတ်ဘုရားအဆင့်သို့ ရောက်အောင် လျင်မြန်စွာ သန့်စင်နိုင်ခဲ့သည်။
ဤအရာသည် အဆုံးသတ်မဟုတ်ပေ။ တော်ယု၏ ကျင့်ကြံမှုသည် တဟုန်ထိုး မြင့်မားလာခဲ့သည်။ မကြာမီ သူမသည် အလယ်လတ် ကြယ်နတ်ဘုရားအဆင့်သို့ ဖြတ်ကျော်သွားကာ၊ သိပ်မကြာခင် နှောင်းပိုင်းကြယ်နတ်ဘုရားအဆင့်နှင့် အထွတ်အထိပ် ကြယ်နတ်ဘုရားအဆင့်ကိုပင် ဖြတ်ကျော်သွားခဲ့သည်။
တော်အန်းအနေဖြင့်မူ, သူမ၏ ကျင့်ကြံမှုသည်လည်း ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ သူမတို့နှစ်ဦးစလုံးသည် သူမတို့၏ ကျင့်ကြံမှုတွင် ကြီးမားသော အောင်မြင်မှုများကို ပြုလုပ်နိုင်ခဲ့ကြသည်။
ဟုတ်ပါသည်။ တော်ယုပိုင်ဆိုင်ခဲ့သည့်အရာက ဤတစ်ခုတည်း မဟုတ်ခဲ့ပါဘူး။ သူမသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်ပြီးနောက်၊ သူမ၏စတုတ္ထ မြောက် ကံကြမ္မာမျှော်စင်ကို ထွန်းညှိနိုင်ခဲ့သည်။ တစ်နည်းဆိုရသော် သူမသည် အသက်သုံးချောင်းမှ အသက်လေးချောင်းအထိ တိုးမြင့်လာခဲ့သည်။
ထိုအရာကို ခံစားမိပြီး တော်ယုသည် သဘာဝအတိုင်း ကြည်နူးနေပါသည်။
တော်ယုနှင့် တော်အန်းတို့၏ ကျင့်ကြံမူအဆင့်များ ခုန်ပျံတက်သွားသည်ကို မြင်လိုက်ရ သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံးလိုက်သည်။ ဤအရာအားလုံးသည် သူ့မျှော်လင့်ချက်ထဲမှာ ရှိနေသည့်အတွက် သူ မအံ့သြပါဘူး။
သို့သော်, သူသည် ချင်ယွင်ကို ကြည့်လိုက်သောအခါ သူ့မျက်နှာ၌ အလွန်အံ့သြသည့် အမူအရာ တစ်ခု ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအမြုတေသည် အလယ်လတ် ကြယ်နတ်ဆိုး နတ်ဘုရားအဆင့်မှ နှောင်းပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ရောက်ခြင်းမှလွဲ၍ ချင်ယွင်၏ အခြားသော နတ်ဘုရားခန္ဓာကိုယ် သန့်စင်ခြင်းသည် ၇၀ ရာခိုင်နှုန်းအရောက် တွင် ရပ်တန့်သွားသောကြောင့် ဖြစ်ပါသည်။
"မဖြစ်နိုင်ဘူး၊ နတ်ဘုရားလက်ဖက်ရည်ရဲ့ အစွမ်းက ဒီလောက်တော့ အားမနည်းနိုင်ဘူး။ နတ်ဘုရားခန္ဓာကိုယ်တစ်ခုကိုတောင် ဘယ်လိုလုပ်ပြီး မသန့်စင်နိုင်ရတာလဲ" ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ်သည် ရပ်တန့်မသွားခင် ၇၀ ရာခိုင်နှုန်းအထိသာ သန့်စင်ပြီးသွားသည် ကို သက်လတ်ပိုင်းအရွယ် အမျိုးသားက မြင်လိုက်ရသောအခါတွင် သူ့နှလုံးသားသည် စိတ်ရှုပ်ထွေးသော ခံစားချက်ကို ထုတ်ဖော်ပြသလိုက်သည်။