အခန်း ၁၃၀၃
Vol. 87 Ch. 1303
အခန်း (၁၃၀၃) တောင်အောက်သို့ ပြန်ဆင်ခြင်း။
ဘန်း..။
ချင်ယွင်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာ သော ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများကို ခံစားနိုင်ပြီး သူ၏မျက်နှာသည် အလွန်တရာမှ ကြည်နူးနေသည့် အမူအယာကို ထင်ရှားစေသည်။
ဤနတ်ဘုရားလက်ဖက်ရည်တွင် ပါရှိသော နတ်ဘုရားတန်ခိုးစွမ်းအားသည် သူ့အား သူ၏နတ်ဘုရားခန္ဓာကိုယ်ကို ၇၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်အောင် တိုက်ရိုက် ကူညီနိုင်မည်ဟု သူ မထင်ထားခဲ့ပေ။
ချင်ယွင်သည် သူ့ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် ပေါင်းစပ်နတ်ဘုရားတန်ခိုး ခြောက်မျိုးကို သုံးထားခဲ့ကြောင်း သိထားရမည်။ သူ့အနေဖြင့် ကိုယ့်ကိုယ်ကို သန့်စင်ရန် လိုအပ်သော စွမ်းအားသည် အခြားသူများထက် သေချာပေါက် ပို၍ပြင်းထန်သည်။
ထို့ကြောင့် နောက်ပိုင်းတွင် ချင်ယွင်သည် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို သန့်စင်ခြင်းက ပို၍ခက်ခဲလာသလို ပို၍လည်း ကြာရှည်လာမည် ဖြစ်သည်။
ယခင်က တော်ယုသည် ချင်ယွင်အား သူမ၏သွေးကို ကျွေးခဲ့ပြီး၊ ၎င်းသည် ချင်ယွင်ကို ၅ ရာခိုင်နှုန်းအထိ ချိုးဖြတ်နိုင်ခဲ့သည်။ ယခု၊ ဤနတ်ဘုရားလက်ဖက်ရည်၏ အကူအညီဖြင့်၊ ၎င်းသည် အမှန်တကယ်ပင် ၆၅ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့သည်။ ဤအရာက ချင်ယွင်ကို မည်သို့ ပျော်ရွှင်ပြီး စိတ်လှုပ်ရှားအောင် မလုပ်ဆောင်နိုင်ဘဲ နေမည်နည်း?။
ထို့အပြင်၊ သူ၏ နတ်ဆိုးနတ်ဘုရားစွမ်းအားသည်လည်း အောင်မြင်မှုတစ်ခုကို ပြုလုပ်နိုင်ခဲ့ သည်။ ယခုအခါ, ချင်ယွင်၏ တိုက်ခိုက်ရေး စွမ်းအားသည်လည်း အပြည့်အဝပင် မြှင့်တက်လာခဲ့သည်။
ဤနတ်ဘုရားနယ်မြေအတွင်း၌ပင် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ပညာရှင် တစ်ဦးကို သတ်ဖြတ်ခြင်းသည် ကြက်တစ်ကောင်ကို သတ်ဖြတ်ခြင်းကဲ့သို့ လွယ်ကူလွန်း သည်ဟု ချင်ယွင်က ယုံကြည်ထားခဲ့သည်။ အကယ်၍ သူသည် ပြင်ပကမ္ဘာမှာသာ ရှိနေပါက၊ အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် သူ၏ ပြိုင်ဘက် ဖြစ်မည်မဟုတ်တော့ပေ။ သူသည် အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို အနိုင်မယူနိုင်ခဲ့သော်ငြားလည်း သူသည် ဝမ်းနည်း ကြေကွဲဖွယ် အခြေအနေတွင် ရှိနေမည် မဟုတ်တော့ပေ။
"ဒါက ဘိုးဘေးနတ်ဘုရား ချန်ထားရစ်ခဲ့တဲ့ ရတနာတစ်ခုပဲ။ ဒီအကျိုးသက်ရောက်မှုက တကယ့်ကို ထူးထူးခြားခြားပါပဲလေ" ချင်ယွင် ရိုးသားစွာ သက်ပြင်းချလိုက်သည်။
"ဟမ့်,၊ ကောင်စုတ်လေး၊ မင်းက ဒီနတ်ဘုရားလက်ဖက်ရည်ရဲ့ အစွမ်းကို ဖြုန်းတီးပစ်မိပြီ လို့ မင်းကိုယ်မင်း မထင်မိဘူးလား။" သို့သော်လည်း ချင်ယွင် စကားပြီးဆုံးသွားသည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ ယခုတစ်ခါတော့ သူသည် အရင်ကထက်ပင် ဒေါသတွေထွက်လာခဲ့သည်။
"မထင်မိပါဘူး။ စီနီယာ, ဘာလို့ ဒီလိုပြောရတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"မင်း အဲဒါကို မဖြုန်းတီးဘူးပေါ့။ ဒါဆို မင်းရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ဘာလို့ ပြီးဆုံးတဲ့ အထိ မသန့်စင်ရသေးတာလဲ။ ကြယ်နတ်ဆိုးနတ်ဘုရား အဆင့်လေးတစ်ဆင့်ပဲ ချိုးဖြတ်နိုင်ခဲ့တယ်။ သူတို့ကို ကြည့်လိုက်စမ်း။" လူလတ်ပိုင်းအရွယ် အမျိုးသားက တော်ယုနှင့် တော်အန်းတို့ကို ညွှန်ပြသည်။
ချင်ယွင်သည် တော်ယုနှင့် တော်အန်းဆီသို့ ကြည့်လိုက်ရာ နှစ်ယောက်စလုံးသည် အမှန်တကယ် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်သွားသည်ကို တွေ့လိုက်ရသည်။ သူသည် အနည်းငယ် အံ့သြသွားသော်လည်း တစ်ချိန်တည်းမှာပင် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့အပေါ် နားလည်မှုလွဲသွားသည်ကို သူ သိသည်။ ချင်ယွင်သည် နတ်ဘုရားလက်ဖက်ရည်၏ အစွမ်းကို ကောင်းကောင်း အသုံးမချခဲ့ဟု သူ အထင်ရှိနေခဲ့သည်။ ထိုသို့မဟုတ်လျှင်, သူ့အတွက် နောက်ထပ် နယ်ပယ်တစ်ခုကို ဖြတ်ကျော်ဖို့က သိပ်ခဲယဉ်းမည် မဟုတ်ပေ။
အမှန်တကယ်ဆို, သူသည် ထိုနတ်ဘုရားလဖက်ရည်ကို မဖြုန်းတီးခဲ့ပါဘူး။ နတ်ဆိုး နတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်ဖြစ်စေ, ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ် သန့်စင်ရာ၌ဖြစ်စေ, ၎င်းတို့အားလုံးသည် သာမန်လူများနှင့် မတူသလို သာမန်လူများထက် အများကြီး ကွာခြားပါသည်။
ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ်သည် ခွန်အားနှင့် သိုလှောင်မှုစွမ်းရည်အရ သာမန်ကျွမ်း ကျင်သူများထက် အဆပေါင်း ဆယ်ဆ ပိုသန်မာပါသည်။ ထို့အတူ၊ သူ၏ ကြယ်နတ်ဆိုး နတ်ဘုရားအဆင့် နတ်ဘုရားအမြုတေသည် အခြားကြယ်နတ်ဆိုးနတ်ဘုရားများ၏ နတ်ဘုရားအမြုတေများထက် ဆယ်ဆကျော် စွမ်းအားပါရှိပါသည်။ ဤနည်းဖြင့် ချင်ယွင် သည် သဘာဝအတိုင်း အဆင့်တစ်ခုဖြတ်ကျော်နိုင်ရန် စွမ်းအားများစွာ ပိုမို သုံးစွဲလာရမည် ဖြစ်ပါသည်။
အခြားလူများသည် အဆင့်နှစ်ခုကို ဖြတ်ကျော်ရန် လုံလောက်သော ခွန်အားသည် ချင်ယွင်အတွက်မူ အဆင့်တစ်ခု ဖြတ်ကျော်ရန်ပင် မလုံလောက်ပါချေ။ ထို့ကြောင့်သာ ချင်ယွင်သည် သူ့နယ်ပယ်ထက် ကျော်လွန်သော ခွန်အားများစွာကို ပြသနိုင်ခြင်း ဖြစ်ပါသည်။
သို့သော်၊ ချင်ယွင်သည် ထိုအကြောင်းပြချက်များကို လူလတ်ပိုင်းအရွယ် အမျိုးသားအား အမှန်တကယ် မရှင်းပြနိုင်ခဲ့ပေ။ တခဏအတွင်းမှာ, ချင်ယွင်သည် အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။
"စီနီယာ ချင်ချုံ၊ စီနီယာက နားလည်မှုလွဲနေတာပါ။ သခင်လေးချင်ရဲ့ ကျင့်ကြံခြင်း နည်းစနစ်က ကျွန်မတို့ရဲ့ စိတ်ကူးနိုင်စွမ်းကို ကျော်လွန်နေခဲ့တယ်။ ဒါကြောင့်, အဆင့် ဖြတ်ကျော်ဖို့က သူ့အတွက် ပိုခက်ခဲပါတယ်။ ဒါပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်ထက် မနိမ့်တော့ဘူးဆိုတာ သေချာပါတယ်။" တော်ယုက ချင်ယွင်ကိုယ်စား အမြန်ပြောလိုက်သည်။
"အိုး?" လူလတ်ပိုင်းအရွယ် အမျိုးသားသည် တော်ယု၏ စကားကိုကြားသောအခါ အံ့အားသင့်သည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။ သူက ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သည် "ချာတိတ်လေး, သူမပြောတာ အမှန်ပဲလား"
"ဟုတ်ကဲ့, အမှန်ပါ စီနီယာ။" ချင်ယွင်က အပြုံးနှင့် ပြောလိုက်သည် ။
လူလတ်ပိုင်းရွယ် အမျိုးသားသည် ချင်ယွင်၏စကားကို ကြားသောအခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သို့သော်, သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ပို၍ပင် သိချင်လာသည်။
"စကားမစပ်၊ စီနီယာ၊ သခင်လေးချင်က အခု ကျွန်မတို့ မြေခွေးမျိုးနွယ်ရဲ့ မျိုးနွယ်စု ခေါင်းဆောင် ဖြစ်နေပြီ။ စီနီယာကလည်း ကျွန်မတို့ မြေခွေးမျိုးနွယ်နဲ့ အနည်းများဆိုသလို ဆက်ဆိုင်နေတာပဲ” တော်ယုက ဆက်ပြောသည် ။
လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းညိတ်သည်။ ဤစကားကို သူ မအံ့သြပါဘူး။ ချင်ယွင် သောက်ရန်အတွက် ဤနတ်ဘုရားလက်ဖက်ရည်တခွက်ကို ထုတ်ပေးရသည့် အကြောင်းရင်းမှာ ချင်ယွင်ခန္ဓာကိုယ်ပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင် ကျောက်စိမ်းဆွဲပြား၏ အငွေ့အသက်ကို သူ ခံစားနိုင်ခြင်းကြောင့် ဖြစ်သည်။ မဟုတ်ရင် ချင်ချုံက အဘယ့်ကြောင့် ချင်ယွင် သောက်ရန်အတွက် အဖိုးတန် နတ်ဘုရား လက်ဖက်ရည်ကို ထုတ်ပေးမည်နည်း?။
"စီနီယာ၊ ကျွန်မတို့ အခု ထွက်သွားလို့ရပြီလား" တော်ယုက မေးသည်။
"ခဏစောင့်ဦး။ နောက်တစ်ခု ရှိသေးတယ်။" လူလတ်ပိုင်းအရွယ် အမျိုးသားက "ငါက စိမ်းပြာနန်းတော် နတ်ဘုရားစေတီဖြစ်ပေမယ့်။ ငါက ပစ္စည်းဝိညာဉ်တစ်ခု ဖြစ်နေဆဲပဲ လေ။ တကယ်လို့ ငါ ဒီနေရာကနေ ထွက်သွားချင်တယ်ဆိုရင် ငါ့မှာ သခင်ရှိရမယ်။ ဘယ်သူ့က သခင်အဖြစ် အသိအမှတ်ပြုမှာလဲ"
ထိုစကားကိုကြားတော့ တော်ယုက ချင်ယွင်ကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
ချင်ယွင်သည် အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးမျိုးနွယ်စု ခေါင်းဆောင် ဖြစ်သောကြောင့် ၎င်း၏ သခင်အဖြစ် အသိအမှတ်ပြုခံရရန် သဘာဝအားဖြင့် ထိုက်တန်ပါသည်။
သို့သော်လည်း ချင်ယွင်က ခေါင်းယမ်းပြီး ပြောသည် "ဒီစိမ်းပြာနန်းတော် နတ်ဘုရားစေတီ က ငါ့အတွက် အသုံးမဝင်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ မင်းက ကံကြမ္မာမျှော်စင် နတ်ဘုရား စွမ်းရည်ကို ကျင့်ကြံထားယ်။ ဒီစိမ်းပြာနန်းတော် နတ်ဘုရားစေတီ ပိုင်ရှင်အဖြစ် အသိအမှတ်ပြုဖို့ သင့်တော်ဆုံးပဲ”။
"ဒါပေမယ့် ရှင်က ခေါင်းဆောင်ပဲလေ" တော်ယုက ပြောသည်။
ချင်ယွင်ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်သည်။
အနှေးနှင့်အမြန်ဆိုသလိုပင် သူသည် တော်ညီအစ်မနှင့် ခွဲခွာရပေတော့မည်။ အကယ်၍, တော်ညီအစ်မနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မှီခိုးအားကိုးနေလျှင်ပင်, ချင်ယွင်သည် အနည်းငယ် စိတ်ပူနေမိလိမ့်မည်။ စိမ်းပြာနန်းတော် နတ်ဘုရားစေတီ၏ ပစ္စည်းဝိညာဉ်သည် သိသာထင်ရှားစွာ ထူးကဲသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ သူက တော်ညီအစ်မကို ကာကွယ်ပေးမှာ ဖြစ်သည့်အတွက် ချင်ယွင်သည် ပို၍ သက်တောင့် သက်သာ ရှိလာခဲ့သည်။ တကယ်တော့ ချင်ယွင်မှာ လုပ်စရာကိစ္စတွေ အများကြီး ကျန်နေပါသေးသည်။
"ကောင်မလေး၊ မင်းက စီမံအုပ်ချုပ်ရမယ်ဆိုတာကို ဝန်ခံလိုက်ပါ။ ဒီကောင်စုတ်လေး ပြောတာ မှန်တယ်။ မင်းကမှ တကယ်ကို သင့်တော်တဲ့လူပဲ" လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။
တော်ယုသည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်ကာ စိမ်းပြာနန်းတော် နတ်ဘုရားစေတီ၏ ပိုင်ရှင်အဖြစ် အသိအမှတ် ပြုလိုက်ပါသည်။
တော်အန်းကတော့, သူမမျက်နှာမှာ ဘာမှမထူးခြားသည့် အမူအရာမျိုး ရှိနေခဲ့သည်။ ချင်ယွင်ဖြစ်စေ, သူမအစ်မ တော်ယုဖြစ်စေ, စိမ်းပြာနန်းတော် နတ်ဘုရားစေတီ၏ ပိုင်ရှင်ဖြစ်ခြင်း ကိစ္စနှင့်ပတ်သက်ပြီး သူမက ဂရုမစိုက်ပါဘူး။
ဘန်း…။
တော်ယုသည် သူမသွေးစက်များကို မြေပြင်ပေါ်သို့ ညှစ်ချပြီးနောက် သွေးများကို မြေပြင်မှ ချက်ချင်း စုပ်ယူသွားခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင် ကမ္ဘာကြီးတစ်ခုလုံးသည် တုန်လှုပ်သွားတော့သည်။ နောက်ဆုံးတွင်, 'ဝှီး' ဟူသောအသံတစ်ချက်နှင့်အတူ လူလတ်ပိုင်းအရွယ် အမျိုးသား အပါအဝင် ၎င်းတို့အားလုံးသည် စုစည်းသွားကာ တော်ယု၏ မျက်ခုံးမွှေးနှစ်ခုကြား နေရာထဲသို့ တိုးဝင်လာသည့် စိမ်းပြာရောင် စာအုပ်တစ်အုပ်အဖြစ် ပေါင်းစည်းသွားကြ သည်။
စိမ်းပြာရောင်ကျောက်စာအုပ် ပျောက်ဆုံးသွားပြီးနောက် သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် တစ်ဖန် ပြောင်းလဲသွားကြသည်။ ပျက်စီးနေသော ခန်းမကြီးတစ်ခု သည် လူတိုင်း၏ မြင်ကွင်းထဲတွင် ပေါ်လာသည်။
ယခုအခါ စိမ်းပြာနန်းတော် နတ်ဘုရားစေတီ၏ကမ္ဘာကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ဖြစ်၍, ၎င်းသည် ၎င်း၏ မူလအသွင်အပြင်သို့ သဘာဝအတိုင်း ပြန်လည် ရောက်ရှိသွားခဲ့သည်။ ပတ်ဝန်းကျင်မှာ ထူးဆန်းသည့်အရာ ဘာမှမရှိတော့ပါဘူး။
"ဖျစ်…။ ဖျစ်…”
ချင်ယွင်နှင့် အခြားသူများသည် ခန်းမကြီးကို လေ့လာကြည့်ရူနေစဉ်မှာ ကွဲအက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် နံရံများပေါ်တွင် အက်ကွဲကြောင်းများ လျင်မြန်စွာ ပျံ့နှံ့လာသည်။
"မြန်မြန် ထွက်ခွာရအောင်” ပင်မခန်းမကြီး ပြိုကျတော့မယ်။" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် တော်ယုနှင့် တော်အန်းကိုတို့ ပင်မခန်းမထဲမှ ဆွဲထုတ်လိုက်သည်။ သူတို့ ပင်မခန်းမထဲမှ ထွက်လာလာချင်း ပင်မခန်းမကြီးလည်း ပြိုကျသွားခဲ့သည်။
ထိုမျှသာမကဘဲ၊ သတ္တမမြောက် အနက်ရောင် နတ်ဘုရား ကျောက်တောင်တန်းအနီးရှိ ကန့်သတ်ချက်များ အားလုံးလည်း ထိုအချိန်တွင် ရုတ်သိမ်းသွားခဲ့သည်။
"အယ်၊ ဘာဖြစ်နေတာလဲ?" တော်အန်းက မေးသည်။
"စိမ်းပြာနန်းတော် နတ်ဘုရားစေတီက မူလကတကည်းက နတ်ဘုရား ကျောက်တောင် ကြီး တစ်ခုလုံးရှိ ကန့်သတ်ချုပ်ချယ်မှုများရဲ့ အဓိကဗဟိုချက် ဖြစ်တယ်။ ယခု မင်းတို့က စိမ်းပြာနန်းတော် နတ်ဘုရားစေတီကို ရယူပြီးသွားပြီဆိုတော့, မင်းတို့က ကန့်သတ်ချက် အားလုံးကို သဘာဝအတိုင်း ချိုးဖျက်လိုက်တာပဲ။ မင်းတို့ခြေရင်းအောက်က အနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးလည်း ယခုအခါ သာမန် အနက်ရောင် နတ်ဘုရား ကျောက်တောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ မင်းတို့ကိုယ်တိုင် ခုန်မချဘူးဆိုရင်, သေချာပေါက် အန္တရာယ်နဲ့ကြုံတွေ့ရလိမ့်မယ်" ချင်ချုံ၏ အသံက လူတိုင်း၏ နားထဲတွင် ထွက်ပေါ်လာသည်။
ထိုစကားကို လူတိုင်းကြားသောအခါတွင် သူတို့၏ မျက်နှာများသည် ရုတ်ချည်း ဉာဏ်အလင်း ပွင့်သွားသည့် အမူအရာ ပေါ်လွင်ထင်ရှားလာသည်။
"သွားရအောင်၊ တောင်ပေါ်ကနေ မြန်မြန်ဆင်းရအောင်" ချင်ယွင်က တော်ညီအစ်မကို ပြောလိုက်သည်။
တော်ယုနှင့် တော်အန်းတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။ တောင်ပေါ် မတက်ခင်ကထက် ပို၍သန်မာလာပြီ။ ထုံးစံအတိုင်း သူမတို့၏ အငွေ့အသက်က ယခင်ကနှင့် မတူတော့ပေ။ ဤအခိုက်အတန့်တွင် သူမတို့သည် ပို၍ပင် သက်ဝင် လှုပ်ရှားနေပြီး စွဲမက်ဖွယ်ကောင်းလှသည်။