အခန်း ၁၃၀၄
Vol. 87 Ch. 1304
အခန်း (၁၃၀၄) ချက်ချင်းသတ်ဖြတ်ခြင်း။
ချင်ယွင်နှင့် တော်ညီအစ်မတို့သည် တောင်ပေါ်မှ ဆင်းလာကာ ရှေးဟောင်းတာအိုနှင့် အခြားသူများကို အမြန် တွေ့ဆုံခဲ့သည်။
ရှေးဟောင်းတာအို၊ ချူယွန်နှင့် အခြားသူများသည် တော်ညီအစ်မနှင့် ချင်ယွင်တို့၏ ကျင့်ကြံမှုကို မြင်သောအခါ စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။
ဟုတ်ပါသည်၊ ရယ်စရာအကောင်းဆုံးလူကတော့ နီထိုက်စွေ့ပင်။ သူသည် ချင်ယွင်ကို ချက်ချင်း ဆွဲခေါ်ပြီး တော်ညီအစ်မတစ်တွေ အံ့ဖွယ်ဆေးများ စားသုံးခဲ့သလားဟုပင် အသည်းအသန် မေးမြန်းကြည့်သည်။ ချင်ယွင်က သူ့ကို ကျီစားလိုသဖြင့် တောင်ထိပ်တွင် ကမ္ဘာပေါ်မှာ ရှားပါးသော နတ်ဘုရားဆေးများ ပြည့်နှက်နေသည့် နတ်ဘုရားရေကန်တစ်ခု ရှိပြီး၊ သူတို့သည် လုံလုံလောက်လောက် စားသုံးခဲ့ရသည်ဟု ပြောလိုက်သည်။
ထိုစကားကိုကြားတော့ နီထိုက်စွေ့သည် ရင်ဘတ်ကို စည်တီးကာ ခြေဖဝါးကို ဆောင့်နင်းမိသည်။ သူသည် ချင်ယွင်တို့နောက်မှ မလိုက်မိသည့်အတွက် ကျင့်ကြံမှု တိုးတက်ရန် အခွင့်အရေးကောင်းတစ်ခုကို လက်လွတ်ဆုံးရှုံးခဲ့ရသည်ဟု နောင်တရသွားခဲ့ သည်။
တော်ညီအစ်မသည် နီထိုက်စွေ့၏ ဖြစ်ပျက်နေသော အမူအရာကြောင့် ရယ်မောနေကြပြီး မျက်နှာတစ်ပြင်လုံး အပြုံးများဖြင့် ပြည့်နေကာ ဝမ်းသားသည့် အမူအရာကိုယ်စီ ဖြစ်နေကြသည်။
အနက်ရောင် နတ်ဘုရားကျောက်တောင်၏ ကန့်သတ်ချက်များ ပျက်ယွင်းသွားသော ကြောင့် အနက်ရောင် ကျောက်တုံးဂိုလမ်ကြီးသည် ယခုအါ ၎င်း၏ အသက်ဝင်မှုကို ဆုံးရှုံးသွားခဲ့ပြီး ကျောက်ရုပ်တုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချူယွန်နှင့် ရှေးဟောင်းတာအိုဆရာသခင်တို့သည် အားကိုးရာမဲ့ ဖြစ်နေကြသော်လည်း ထိုကဲ့သို့သော အခွင့်အရေးကို ရရှိနိုင်ခြင်းသည်ပင် မဆိုးလှကြောင်း ၎င်းတို့၏ နှလုံးသားထဲတွင် နားလည်ခဲ့ကြသည်။ ယခုအချိန်တွင်၊ သူတို့၏ “လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည်သည် ဒုတိယနယ်ပယ်သို့ ရောက်ရှိရန် ရာခိုင်နှုန်းနီးပါး ဖြစ်နေခဲ့ပြီ။ သူတို့အနေဖြင့် ထပ်ပြီး နားလည်ဆင်ခြင်နေသရွေ့ ၂၀ ရာခိုင်နှုန်း နားလည်ဖို့က မခက်ခဲ တော့ပါဘူး။ အနာဂတ်မှာ မည်သည့်နယ်ပယ်အထိ ရောက်ရှိနိုင်မလဲ ဆိုသည့်အရာက တော့ သူတို့၏ ကံကြမ္မာအပေါ်မှာ မူတည်ပါသည်။
ချင်ယွင်နှင့် အခြားသူများသည် နတ်ဘုရားကျောက်တောင်ပေါ်မှ ဆင်းလာကြသောအခါ ဒုတိယမြောက် နတ်ဘုရားကျောက်တောင်အောက်တွင် ဆိုင်းငံ့နေသော တုအန်းကို တွေ့လိုက်ရသည်။
တုအန်းသည် ချင်ယွင်နှင့် အခြားသူများကို ချက်ခြင်းပင် သတိပြုမိသွားပြီး, သူ့မျက်နှာပေါ် တွင် အံ့သြသော အမူအရာတစ်ခု ချက်ချင်း ပေါ်လာသည်။
"သူတို့ ဘာကြောင့် ပြန်ဆင်းလာတာလဲ?။ တောင်ထိပ်မှာ ရတနာတွေများ ရခဲ့ပြီလား?။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ မဖြစ်နိုင်ဘူး။ သူတို့ နတ်ဘုရားကျောက်တောင်ပေါ် လမ်းတစ်ဝက်ကနေ ပြန်ဆင်းခဲ့တာ ဖြစ်ရမယ်။ သူတို့အနေနဲ့ နတ်ဘုရားကျောက်တောင် ကို ဘယ်လိုလုပ် ဖြတ်ကျော်နိုင်မှာလဲ?။ ဟမ့်၊ သူတို့ထဲက တစ်ယောက်မှ မသေရုံနဲ့တင် အတော်ကံကောင်းနေပြီ”။ တုအန်းသည် ချင်ယွင်နှင့် အခြားလူများသည် အဝေးမှ သူ့ဆီသို့ လျှောက်လာနေသည်ကို အပြုံးမျက်နှာဖြင့် ကြည့်လိုက်ပါသည်။
"ဒါက ငါတို့ကို ရှောင်မျိုးနွယ်သခင်လေးနဲ့အတူ ရန်စခဲ့တဲ့ ကျွန်မဟုတ်လား?။ သူက ဘာလို့ ဒီမှာရှိနေသေးရတာလဲ?။ သူ့ရှောင်မျိုးနွယ် သခင်လေးကရော ဘယ်မှာလဲ" ချူယွန်က ဒုတိယမြောက် နတ်ဘုရားကျောက်တောင်ခြေရင်းတွင် ရှိနေသော တုအန်းကို ကြည့်ပြီး အံ့သြစွာ ပြောသည်။
"သူ့ပုံစံကြည့်ရတာ, တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေတာ ဖြစ်သင့်တယ်။ တကယ်လို့ ငါ့ခန့်မှန်းချက်သာ မှန်နေရင် သူ့မိသားစုရဲ့ သခင်လေးဟာ ဒီဒုတိယမြောက် နတ်ဘုရား ကျောက်တောင်ပေါ်ကို တက်သွားသင့်တယ်" ရှေးဟောင်းတာအိုက သုံးသပ်သည်။
"ဒုတိယမြောက် နတ်ဘုရားကျောက်တောင်။ ဒါက ကောင်းကင်နတ်ဘုရားမယောင်ဖုန်း တက်သွားခဲ့တဲ့ နတ်ဘုရားကျောက်တောင် မဟုတ်ဘူးလား။ ရှောင်မျိုးနွယ်ရဲ့ သခင်လေး က သူမနောက်ကို တကယ် လိုက်တက်သွားတာလား?။ ဖြစ်နိုင်တာက သူက သေချင်နေလို့များလား?" နီထိုက်စွေ့က မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ပေ။
ချင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။ "ပုံမှန်အားဖြင့်ဆို, တကယ်လို့, ရှောင်ချင်းဖန် သာ သူမနောက်ကို လိုက်သွားခဲ့မယ်ဆိုရင်, သူက တကယ်ပဲ သေခြင်းတရားကို ချစ်မြတ်နိုင်လို့ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီကျောက်တောင်ပေါ်မှာ အန္တရာယ်တွေ အများကြီး ရှိနေတယ်။ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ဒဏ်ရာအပြင်းအထန် ရသွားနိုင်တယ်။ နောက်ပြီး ယောင်ဖုန်းက တောင်ထိပ်ကိုတက်ပြီး၊ ဘိုးဘေးနတ်ဘုရား ဖီးနစ်ကျောက်စိမ်းချဉ်ဆီကို ရယူမယ့်အနေထားကိုပါ ထည့်တွက်ရင်, အခုချိန်မှာ သူမဟာ သေချာပေါက် စွမ်းအားအများပြား ကုန်ဆုံးနေလိမ့်မယ်။ တချိန်တည်းမှာပဲ, သူမက သူမရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်မည်မှာ သေချာပါသည်။ အခုအချိန်က ကောင်းကင်နတ်ဘုရားမယောင်ဖုန်းရဲ့ အားအနည်းဆုံးချိန်ပဲ”။
"ဒါဆို ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း အန္တရာယ်ရှိနိုင်မလား။" တော်ယုက ကမန်းကတန်း မေးလိုက်သည်။
ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် သူမတို့အား အနည်းနှင့်အများ ကျေးဇူးရှိသည်။ ထို့ကြောင့် သူတို့သည် ကောင်းကင်နတ်ဘုရားမယောင်ဖုန်းအား မည်သည့် မတော်တဆ အမူမှ မဖြစ်စေလိုပေ။
"ပြောဖို့ ခက်တယ်။ ဒါပေမယ့် ငါတို့ ဒီက အခြေအနေအကြောင်းကို အရင်ပြောကြည့်ရ မယ်။" ချင်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူပြောပြီးသည်နှင့် သူ့အကြည့်တွေက အဝေးမှ တုအန်းဆီသို့ တစ်ဖန်ရောက်သွားပြီး သူ့အကြည့်များသည် ရုတ်တရက် အေးခဲသွားသည်။
တုအန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် တုန်လှုပ်သွားပြီး ကြောက်မက်ဖွယ်ရာ နက်ရှိုင်းလှသော ရေခဲကမ္ဘာကြီးထဲသို့ ရုတ်တရက် ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး၊ ချင်ယွင်၏ ဦးတည်ရာဆီသို့ သူ့မသိစိတ်က အလိုလို လှမ်းကြည့်လိုက်မိသည်။
သို့သော် သူ့မျက်လုံးများ မလှုပ်ရှားနိုင်မှာ သူ့ရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာပြီးနောက် သူ့ရှေ့တွင် အရိပ်တစ်ခု ပေါ်လာပါသည်။
"ကောင်း.... ဘယ်လောင်တောင် မြန်လိုက်လဲ” သူသည် မထိန်းနိုင်ဘဲ တံတွေးတစ်လုတ် ကို မျိုချလိုက်ရပြီး တုအန်း၏ စိတ်နှလုံးသည် တုန်လှုပ်သွားခဲ့သည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်တကြားဖြစ်ကာ တင်းကျပ်သွားပြီး၊ သူ့နှလုံးခုန်သံများ ပြင်းထန်လာသလို ခံစားလိုက်ရသည်။
ဤသည်မှာ မသိစိတ်က အကြောက်တရားတစ်မျိုး ဖြစ်သည်။ တုအန်းသည် သူ အဘယ့်ကြောင့် ကြောက်ရွှံ့မိသည်ကို နားမလည်ပါ။ ထင်ရှားသည်မှာ၊ ဤလူငယ်၏ ကျင့်ကြံမှုသည် သူ့ထက် များစွာနိမ့်ကျသည်။
သို့သော် သူ သေချာတာတစ်ခုတော့ ရှိပါသည်။ အစောပိုင်းလေးက သူ့အမြန်နှုန်းကို အခြေခံ၍ ပြောရလျှင်, ထိုလူငယ်သည် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သည်။
ချင်ယွင်က အေးစက်သော အပြုံးဖြင့် သူ့ကို ကြည့်နေသည်။ သူ့အကြည့်တွေက မထီမဲ့မြင် ဆန်လွန်းသည်။ သူက လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး တုအန်း၏နဖူးကို ဖိလိုက်သည်။ ချင်ယွင်သည် သူ့လက်ချောင်းကို ပေါ့ပေါ့တန်တန် ပွတ်လိုက်သည်နှင့် သူ့ကို သတ်ပစ်နိုင်သည်။
"မလုပ်နဲ့...ငါ့ကို မသတ်ပါနဲ့။" တုအန်းသည် မထိန်းနိုင်ဘဲ ထိတ်လန့်တုန်လှုပ်သွားသည်။
"တကယ်လို့ မင်းအနေနဲ့ ငါ့ကို မသတ်စေချင်ဘူးဆိုရင်လည်း အဆင်ပြေပါတယ်လေ။ ဒါပေမယ့် မင်း ငါ့မေးခွန်းကို ဖြေရမယ်။ ငါကျေနပ်ရင် မင်းကို မသတ်ဘူး" ချင်ယွင်က ရယ်မောကာ မေးလိုက်သော်လည်း သူ့ပါးစပ်ထောင့်ရှိ အပြုံးသည် တုအန်း၏ မျက်လုံးများထဲသို့ နတ်ဆိုးတစ်ကောင်လို ကျရောက်သွားသည်။
"ကောင်းပြီ, ကောင်းပြီ, ငါပြောပြမယ်" တုအန်းက စိတ်ရင်းမှန်ဖြင့် ခေါင်းညိတ်လိုက် သည်။
တုအန်း၏ အပြုအမူကို မြင်တော့ ချင်ယွင်သည် စက်ဆုပ်မူကို မခံစားရဘဲ မနေခဲ့ချေ။ သေခြင်းတရားကို ကြောက်ရွှံ့သော ဤကဲ့သို့လူစားမျိုးသည် သူ အထင်သေးဆုံး လူများထဲ မှ တစ်ဦးဖြစ်သည်။ ခြိမ်းခြောက်မှုအနည်းငယ်ကို ခံလိုက်ရသည်နှင့် သူ့သခင်ကို သစ္စာဖောက်လိမ့်မည်။
"ပထမ မေးခွန်း၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ" ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။
"ငါ ငါ့သခင်လေးကို ဒီမှာ စောင့်နေတာ? တုအန်းက ကမန်းကတန်း ပြောလိုက်သည်။
"သူကော၊ ဒီဒုတိယမြောက် နတ်ဘုရားကျောက်တောင်ပေါ် တက်သွားတာလား။" ချင်ယွင်က မျက်မှောင် ကြုတ်ပြီး မေးလိုက်သည် ။
"ဟုတ်တယ်။ ငါ့သခင်လေးက ဒီဒုတိယမြောက် နတ်ဘုရားကျောက်တောင်ပေါ်ကို တက်နေပြီ" တုအန်းက အမှန်အတိုင်း ပြန်ဖြေသည်။
"သူက အဲဒီနတ်ဘုရားကျောက်တောင်ပေါ်ကို ဘာသွားလုပ်တာလဲ” ချင်ယွင်က အေးစက်စွာ မေးလိုက်သည်။ သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ အမှန်ပင်၊ သူမှန်းဆထားသည့်အတိုင်း ရှောင်ချင်းဖန်သည် ဒုတိယမြောက် နတ်ဘုရားကျောက်တောင်ပေါ်သို့ တက်သွားခဲ့သည်။
"ဒါ" တုအန်း အနည်းငယ် ထိတ်လန့်သွားပြီး စကားမပြောရဲပေ။
"ပြော၊ မဟုတ်ရင်, ငါ မင်းကို အခုချက်ချင်း သတ်ပစ်မယ်" ချင်ယွင်က အေးစက်စွာ အော်လိုက်သည်။ သူထိုစကားပြောစဉ် ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သော နတ်ဘုရားတန်ခိုး အတက်အကျလှိုင်းက တုအန်း၏နဖူးကို ဖိထားသော သူ့လက်ချောင်းမှ ထွက်ပေါ်လာသည်။
"ငါပြောမယ်၊ ငါပြောမယ်” တုအန်းသည် အရမ်းကို ထိတ်လန့်သွားပြီး အလောတကြီး ပြောလိုက်သည် "သူက ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းနဲ့ ရင်ဆိုင်ချင်နေတာ။ သူက ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း အားနည်းနေတဲ့အချိန်မှာ အခွင့်ကောင်း ယူပြီး၊ တောင်ထိပ်မှာ တိုက်ခိုက်မယ်လို့ ပြောခဲ့တယ်။ သူက သူမကို ဆက်ဆံဖို့…. ကောင်းကင် နတ်ဘုရားမ ယောင်ဖုန်းရဲ့ အားနည်းဆုံးအချိန်ကို အခွင့်ကောင်းယူချင်တယ်လို့လည်း ပြောခဲ့….။”
တုအန်းသည် ရှေ့ဆက် မပြောနိုင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော်, သူသည် ချင်ယွင်၏ မျက်လုံးများသည် လုံးဝ အေးစက်သွားသည်ကို တွေ့ရှိလိုက်ရသောကြောင့် ဖြစ်သည်။
ချင်ယွင်သည် ယခုအခိုက်အတန့်တွင် အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။ သူတို့သည် မတော်တဆ တွေ့ဆုံခဲ့ကြသော်လည်း ယောင်ဖုန်းသည် သူ့အပေါ် ကျရောက်လာသော တိုက်ခိုက်မှုများကို တားဆီးရန်အတွက် နတ်ဘုရား သင်္ဘောပေါ်၌ သူမ၏အသက်နှင့် စွန့်စားပေးခဲ့သည်။ ဤကြင်နာမှုသည် ချင်ယွင်၏ ကျေးဇူးတရားကို ပြန်ပေးဆပ်ရန် ထိုက်တန်သည်။ ယခုဆိုလျှင် ရှောင်ချင်းဖန်သည် ယောင်ဖုန်းအား တိုက်ခိုက်ရန် သူမ၏ အားနည်းချက်ကို အခွင့်ကောင်းယူချင်ပြီး၊ မတော်တရော် တစ်ခုခုပင် လုပ်ချင်နေခဲ့သည်။ ဤအရာက ချင်ယွင်ကို ဒေါသထွက်စေခဲ့ပြီး, သူ့အနေဖြင့် မည်သို့ မလှုပ်မယှက် နေနိုင်မည်နည်း?။
"သူ ဘယ်တုန်းက တက်သွားတာလဲ" ချင်ယွင်က တုအန်းကိုကြည့်ရန် ခေါင်းပြန်လှည့်ပြီး ပြောလိုက်သည်။
"မင်းတို့ နတ်ဘုရား ကျောက်တောင်ပေါ်တက်ပြီး သိပ်မကြာခင်ဆိုတော့, မင်းတို့ နတ်ဘုရား ကျောက်တောင်ပေါ် တက်တော့မယ့်အချိန် ဖြစ်လောက်တယ်” တုအန်းက စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။ ချင်ယွင်၏ အကြည့်များသည် သူ့နှလုံးသားထဲတွင် ပြင်းထန်သော စိတ်မသက်မသာဖြစ်မူကို ဖြစ်ပေါ်စေပြီး၊ ကြောက်ရွံ့မှုကို ခံစားရသည်။
ထိုစကားကြားတော့ ချင်ယွင်သည် ပိုလို့တောင် မျက်မှောင်ကြုတ်သွားသည်။
"ဘုန်း”။
ထိုအချိန်တွင် ဒုတိယမြောက် နတ်ဘုရားကျောက်တောင်ပေါ်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာသည်။ ထိုတုန်ခါသံက မည်သည့်အရာ ကို ကိုယ်စားပြုလဲဆိုသည်ကို သူ သိပါသည်။ ဒုတိယမြောက် နတ်ဘုရားကျောက်တောင် ပေါ်မှ ကန့်သတ်ချက်များ ပျက်ယွင်းသွားခဲ့သည်မှာ ထင်ရှားပါသည်။ ဆိုလိုသည်မှာ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည်လည်း သူမလိုချင်သော ရတနာကို ရရှိခဲ့သည် ဟု ဆိုလိုပါသည်။ ယခုအချိန်သည် ရှောင်ချင်းဖန်အတွက် တိုက်ခိုက်ရန် အကောင်းဆုံး အချိန် ဖြစ်သည်။
"သခင်လေး…၊၊ ငါ့အဖြေကို ကျေနပ်ရဲ့လား" တုအန်းက စိတ်လှုပ်ရှားစွာ မေးသည်။
ချင်ယွင်သည် ထိုစကားကိုကြားလျှင်, သူသည် တုအန်းဘက်ကို လှည့်ကြည့်လိုက်ပြီး "ကျေနပ်ပါတယ် ဒါပေမယ့်... ငါ မင်းကို သတ်ချင်နေသေးတယ်"
ချင်ယွင်၏ ပထမစကားတစ်ဝက်ကို ကြားချိန်မှာ တုအန်းသည် အရမ်းကို အပျော်လွန် သွားခဲ့ပြီး၊ ချင်ယွင်၏ ဒုတိယစကားတစ်ဝက်ကြောင့်, သူသည် တိမ်တိုက်တွေထဲ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပါသည်။
ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်ပြီး နတ်ဘုရားတန်ခိုး တဟုန်ထိုး ပျံ့နှံ့နေပြီ ဖြစ်သော သူ့လက်ချောင်းကို ပွတ်သပ်လိုက်သည်။
“လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည်သည် ရုတ်တရက် ပေါက်ကွဲသွားသည်။ နတ်ဘုရား တန်ခိုးသည် တုအန်း၏ မျက်ခုံးနှစ်ခုကြားတွင် ပေါက်ကွဲသွားပြီး တုအန်း၏ ဦးခေါင်းကို ချက်ခြင်း ကွဲကြေသွားစေကာ သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားစိတ်ဝိညာဉ်ကို ချေမှုန်းပစ်လိုက် သည်။
သူ့မျက်လုံးထဲမှာတော့ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်များသည် ပုရွက်ဆိတ် တစ်ကောင်နှင့် ထူးမခြားနားတော့ပေ။