← Chapters

အခန်း ၁၃၀၅

Vol. 87 Ch. 1305

အခန်း ၁၃၀၅

Vol. 87 Ch. 1305

အခန်း (၁၃၀၅) အစစ်မှန် ဖီးနစ်ခန္ဓာကိုယ်။

ချူယွင်နှင့်အဝေးမှ အခြားသူများသည် ချင်ယွင်သည် ယခုအချိန်တွင် အစွမ်းထက်ကြောင်း သိသော်လည်း၊ ထိုသူသည် ထိုမျှလောက် အစွမ်းထက်မည်ဟု မမျှော်လင့်ထားပေ။

အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် ဤကမ္ဘာထဲမှာ နှောင်းပိုင်းအဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကိုသာ ပိုင်ဆိုင် ထားသော်လည်း ချင်ယွင်၏ တိုက်ခိုက်ခြင်းကို လုံးဝ ခံနိုင်ရည် မရှိခဲ့ပေ။

"ဒီဒုတိယမြောက် နတ်ဘုရားကျောက်တောင်ရဲ့ ကန့်သတ်ချက်တွေက ပျက်ပြယ်သွားခဲ့ ပြီ။ ငါ အရင်ဆုံး တက်ကြည့်လိုက်ဦးမယ်။ ငါ့ကို ဒီမှာစောင့်နေပါ။" ချင်ယွင်က တော်ယုနှင့် တခြားသူတွေကို လှည့်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ သခင်လေး၊ သတိထားပါ" တော်ယု ခေါင်းညိတ်လိုက်သည်။

သူတို့သည် ချင်ယွင်၏ ခွန်အားကို လုံးလုံး ယုံကြည်ကြသည်။ ဤကမ္ဘာထဲတွင်၊ နှောင်းပိုင်း အဆင့် မြေကမ္ဘာနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးသာ မတိုက်ခိုက်ပါက, မည်သူမဆို ချင်ယွင်ကို အမှန်တကယ် ခြိမ်းခြောက်ရန် ခက်ခဲလိမ့်မည်။ ထို့ကြောင့် ရှောင်ချင်းဖန်သည် ချင်ယွင်ကို ထိခိုက်စေမည်ကို မစိုးရိမ်ခဲ့ကြပေ။

ဝှီး…။

ချင်ယွင်သည် ညွှန်ကြားပြီးနောက် သူ့ရုပ်အသွင်သည် နောက်ကွယ်မှ ပုံရိပ်ယောင်များ အဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။

လူတိုင်း၏မျက်စိရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရသည်။ ထို့နောက် ၎င်းသည် ဒုတိယမြောက် နတ်ဘုရားကျော်တောင်ပေါ်သို့ ချက်ခြင်း တက်သွားပြီး အလျင်အမြန် တက်ကာ သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

"ဒါ...ဒါက ဘယ်လို အမြန်နှုန်းမျိုးလဲ" နီထိုက်စွေ့သည် မျက်လုံးများ ပြူးထွက်လုမတတ် ပင်။ သူသည် မျက်လုံးပြူးကျယ်စွာဖြင့် မစိုက်ကြည့်ဘဲ မနေနိုင်တော့ပေ။

တစ်ဖက်တွင်မူ ချူယွန်နှင့် ရှေးဟောင်းတာအိုတို့သည်လည်း မှင်သက်သွားကြကာ၊ သူတို့ မျက်နှာများများသည် အံ့ဩခြင်းများဖြင့် ပြည့်နေခဲ့သည်။

အရင်တုန်းက, ဤအကွာအဝေးသည် သိပ်ကို ရှည်ကြာလွန်းခဲ့သည် မဟုတ်ဘူးလား?။ ချင်ယွင်သည် သူ့အမြန်နှုန်းကို ပြသလိုက်သည်နှင့်, ထိုစကားသည် ချဲ့ကားပြောဆိုခြင်းမျိုး မဟုတ်တော့ဘူး။ ထို့အပြင်, ယခု, ချင်ယွင်သည် ပေပေါင်းသောင်းချီမြင့်သော နတ်ဘုရား ကျောက်တောင်ပေါ်သို့ စတင်တက်လှမ်းသွားခဲ့ပြီး၊ အစောပိုင်းက ချင်ယွင်၏ အမြန်နှုန်း သည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို သူတို့ ရှင်းရှင်း လင်းလင်း ခံစားနိုင်ပေသည်။

တစ်စက္ကန့်မပြည့်မီတွင်ပင် ချင်ယွင်သည် ပေပေါင်းသောင်းနှင့်ချီမြင့်သော နတ်ဘုရား ကျောက်တောင်ပေါ်သို့ တက်ရောက်နေပြီ ဖြစ်သည်။ ဤခရီးသည် ကွေ့ကောက်များသော ခရီးမဟုတ်လျှင်ပင်၊ ကွေ့ကောက်သော တောင်တက်လမ်းများသည် အကြိမ်များစွာ သို့မဟုတ် ထောင်ထိပ်၏ အမြင့်သို့ ရောက်သည်အထိ ဆယ်ကြိမ်ထက်မက ရှိနေခဲ့သည်။

သူတို့၏ မျက်လုံးများတွင် ချင်ယွင်၏ အမြန်နှုန်းသည် ကြောက်စရာကောင်းသည်ဟု ဖော်ပြမနိုင်တော့ဘဲ၊ ရူးသွပ်ဖွယ်ကောင်းသည်ဟု ဖော်ပြနိုင်တော့သည်။

တော်ညီအစ်မသည် နီထိုက်စွေ့နှင့် အခြားသူများ၏ ထိတ်လန့်တုန်လှုပ်သော အမူအရာကို မြင်သောအခါ မရယ်ဘဲမနေနိုင်တော့ပေ။

...

ချင်ယွင်သည် ထိပ်တန်း အမြန်နှုန်းဖြင့် တောင်ထိပ်ဆီသို့ ဦးတည်တက်သွားနေစဉ်မှာ, တောင်တစ်ခုလုံးသည် ရေခဲများနှင့် နှင်းကမ္ဘာအဖြစ်သို့ ပြောင်းလဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်သည် တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထား သည်။

ထိုအချိန်တွင် တောင်ထိပ်ပေါ်ရှိ ခန်းမကြီးလည်း ပြိုကျသွားသည်။ ချင်ယွင်နှင့် အခြားသူများ ရောက်ရှိခဲ့သည့် နတ်ဘုရားကျောက်တောင်ကဲ့သို့ပင်၊ ဤကျောက်တောက် သည် လုံးဝ အပျက်အစီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤအခိုက်အတန့်တွင် ယောင်ဖုန်းသည် သူမ၏ ရုပ်ရည်အသွင်အပြင်က လုံးဝ ပြောင်းလဲ သွားပြီး၊ သူမ၏ မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားကာ သူမ၏ ခန္ဓာကိုယ်ကို လည်း ပြန်လည် တည်ဆောက်ထားသည်။

ယောင်ဖုန်း၏ လက်ရှိ ရုပ်ရည်အသွင်အပြင်သည် ယုရှောင်ထက် ဆယ်ဆ ပိုလှသည်။ နှင်းများသည် သူမ၏ ကြွက်သားများဖြစ်ပြီး သူမ၏ အေးစက်သော စိတ်နေ သဘောထားသည် တော်ယုကို လုံးဝ ကျော်လွန်သွားခဲ့သည်။

သို့သော် ယခုအချိန်တွင် သူမ၏ အခြေအနေမှာ မကောင်းလှပေ။ သူမ၏ လှပသော မျက်နှာသည် ရေခဲတမျှအေးစက်နေပြီး၊ သူမ၏ ပါးစပ်ထောင့်တွင် သွေးစများ တွဲလောင်း ရှိနေသည်။ သူမ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေ၏။ သူမသည် ပြင်းထန်သော ဒဏ်ရာကို ခံစားခဲ့ရသည်မှာ ထင်ရှားသည်။

တကယ်တော့ သူမသည် ဒဏ်ရာအပြင်းအထန် ရခဲ့ပါသည်။ မကြာသေးမီက သူမသည် ဘိုးဘေးနတ်ဘုရား ဖီးနက်ကျောက်စိမ်းချဉ်ဆီကို စားသုံးပြီး သူမ၏ ဖီးနစ်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်အတွက် အသုံးပြုခဲ့သည်။ သို့သော် သူမ၏ ဖီးနစ်ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ပြန်လည်တည်ဆောက်၍ မပြီးသေးခင်မှာ အမှောင်ထဲတွင် အချိန်အတော်ကြာ ပုန်းအောင်းနေသည့် ရှောင်ချင်းဖန်သည် ရုတ်တရက် ပေါ်လာပြီး၊ သူမ၏ ကြိုတင် ပြင်ဆင်ထားခြင်းမရှိမူကို အခွင့်ကောင်းယူကာ၊ သူမအား ပြင်းပြင်း ထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့သည်။

ပြန်လည်တည်ဆောက်ထားသော ဖီးနစ်ကိုယ်ထည်သည် တစ်ဝက်မျှသာ ပြီးဆုံးပြီး၊ ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ ယခုအချိန်တွင်၊ သူမ၏ ခန္ဓာကိုယ်အတွင်းမှာ နတ်ဘုရား တန်ခိုးသည် ဗလာဟင်းလင်း ဖြစ်နေခဲ့ပြီး၊ သူမသည် ဘိုးဘေးနတ်ဘုရား ဖီးနစ် ကျောက်စိမ်းချဉ်ဆီ၏ တန်ခိုးသည် ပို၍ပင် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လာခဲ့သည်။ ၎င်းသည် သူမ၏ခန္ဓာကိုယ်အတွင်း၌ အထိန်းကွပ်မဲ့ ဖျက်ဆီးနေခဲ့သည်။ အခုအချိန်မှာ, အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်မှာရှိခဲ့သည့် ရှောင်ချင်းဖန်ကို မဆိုထားနှင့်, ကြယ်နတ်ဘုရား အဆင့် ကျွမ်းကျင်သူတစ်ဦးသည်ပင် ပြိုင်ဘက်မဟုတ်တော့ပါဘူး။

ယောင်ဖုန်းသည် သူမအား ခြုံခိုတိုက်ခိုက်ခဲ့သော ရှောင်ချင်းဖန်ကို အေးစက်စွာ ကြည့်နေချိန်မှာ, သူမသည် သူမ၏ ရင်ဘတ်ကို ဖုံးအုပ်ထားသည်။

ရှောင်ချင်းဖန်သည် သူ၏ရုပ်အသွင်အပြင်ကို ဖုံးကွယ်ရန် ရတနာတစ်ခုကို အသုံးပြုခဲ့ သည်။ သူသည် အရိပ်ထဲတွင် ပုန်းအောင်းနေပြီး သူမနောက်ကို လိုက်နေခဲ့သည်။ ဤနတ်ဘုရားနယ်မြေထဲ၌၊ သူတို့သည် စိတ်ဝိညာဉ်၏စွမ်းအားကို အသုံးမပြုနိုင်ပေ။ ထို့ကြောင့် ယောင်ဖုန်းသည် ရှောင်ချင်းဖန်၏ တည်ရှိမှုကို သတိမထားမိခဲ့ပေ။ ထို့ကြောင့် ရှောင်ချင်းဖန်သည် သူမကို အောင်မြင်စွာ ချုံခိုတိုက်ခိုက်နိုင်ခဲ့သည်။

"ဟား…၊ ဟား…၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၊ ငါတို့ ပြန်ဆုံတွေ့ကြပြန်ပြီ။ မင်းရဲ့ အားအနည်းဆုံး အချိန်မှာ ဒီနေရာမှာ ငါ ပေါ်လာလိမ့်မယ်လို့ မင်း မမျှော်လင့်ထားဘူး၊ မဟုတ်လား?။ တောင်ခြေရင်းမှာ မင်း ငါ့ကို မသတ်ခဲ့တဲ့အတွက် နောင်တရနေပြီလား?" ရှောင်ချင်းဖန်သည် ယောင်ဖုန်းကို အဝေးမှ ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ့မျက်နှာက ယုတ်မာကောက်ကျစ်သူ တစ်ယောက်၏ ကျေနပ်မှု ရှိနေသည့် အမူအရာဖြင့် ပြည့်နေခဲ့သည်။

"မင်း ဘာလုပ်ချင်လို့လဲ?" ယောင်ဖုန်း၏ အသံသည် အလွန် အေးစက်နေပြီး သူမ၏ မျက်လုံးများသည် အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"မင်း ဘာလုပ်ချင်လဲ? ဟုတ်လား?။ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း, မင်းက ငါ့အဘိုးကိုသတ်ခဲ့ပြီး၊ အစောပိုင်းက တောင်ခြေရင်းမှာလည်း ငါ့ကို သတ်ဖို့ ကြိုးစားသေး တယ်။ မင်းကို ငါ ဘာလုပ်မယ်လို့ ထင်လဲ" ရှောင်ချင်းဖန်က ရယ်မောပြီး ယောင်ဖုန်းကို ကြည့်လိုက်သည်။

ယခုအချိန်တွင် ယောင်ဖုန်း၏ ခန္ဓာကိုယ်သည် မူလပုံစံအတိုင်း ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် အစစ်အမှန်သည် လုံးဝ မတည်ငြိမ်သေးသော်လည်း သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အေးစက်ပြီး မာနကြီးသော အငွေ့အသက်က လုံးဝ ပေါ်လွင်နေပြီ ဖြစ်သည်။ ရှောင်ချင်းဖန်သည် ထိုအသွင်ပြင်ကိုမြင်တော့ အရမ်းကို စိတ်လှုပ်ရှားသွားခဲ့ သည်။

ယခင်က ယုရှောင်၏အလှကပင် သူ့စိတ်ထဲမှ ဆန္ဒရာဂကို နှိုးဆွပေးနေပြီ ဖြစ်သည်။ ယခုဆိုလျှင် သူမ၏ ရုပ်ရည်အရဖြစ်စေ, ခန္ဓာကိုယ်အသွင်အပြင်အရဖြစ်စေ,၊ စိတ်နေ စိတ်ထားအရ ဖြစ်စေ, ယောင်ဖုန်းသည် ယုရှောင်ထက် များစွာသာလွန်သည်။ ယခုအချိန် တွင် ရှောင်ချင်းဖန်၏ နှလုံးသားသည် ခံစားချက်များ တဟုန်ထိုး မြင့်တက်သွားသည်ဟု ဆိုနိုင်သည်။ ယခုဆိုလျှင် သူသည် သူ့အောက်တွင် ယောင်ဖုန်းကို ဖိချပြီး၊ သူမကို အထိန်းကွပ်မဲ့ ကျူးလွန်ပစ်ရန်ပင် ဆန္ဒရှိနေခဲ့သည်။

ယောင်ဖုန်းသည် ရှောင်ချင်းဖန်၏ မျက်လုံးများမှ ညစ်ညမ်းသည့် အမူအရာကို သဘာဝ အတိုင်း မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများတွင် အအေးဓာတ်က ပို၍ ပြင်းထန်လာပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က ပို၍ပင် အေးစက်လာသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ယခင်က သူမ၏ အထွတ်အထိပ် အခြေအနေတွင် သူမအား ဤကဲ့သို့ ကြည့်ဝံ့ပါက၊ သူမသည် ဓားတစ်ချက်တည်းဖြင့် အပိုင်းပိုင်း ဖြတ်တောက်ပြီး ဖြစ်သည်။ သို့သော်လည်း သူမသည် ယခုအချိန်တွင် အနည်းငယ်မျှပင် စွမ်းအားမရှိတော့ပေ။ သို့တိုင်, သူမ၏ နှလုံးသားထဲမှ သတ်ဖြတ်လိုစိတ်က အနည်းငယ်မျှ လျော့မသွားခဲ့ပေ။

"တကယ်လို့, နောက်ထပ် မင်းကြည့်ဝံ့ရင်, ဒီနေ့ ငါသေတဲ့အထိ တိုက်ခိုက်ရရင်တောင် မင်းကို ဓားနဲ့ခုတ်ပိုင်းပစ်ဦးမယ်" ယောင်ဖုန်း၏ လေသံသည် လူများ၏ နှလုံးသားထဲသို့ တည့်တည့် ထိုးဝင်သွားသော လူသတ်ဓားနှင့် တူနေသည်။

ယောင်ဖုန်း၏ စကားကိုကြားတော့ ရှောင်ချင်းဖန်သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင်, ယောင်ဖုန်းသည် ဒဏ်ရာအပြင်းအထန်ရပြီး သူမ၏စွမ်းအားများ ပျက်စီးသွားသည်ကို သူသိထားသော်လည်း ယောင်ဖုန်း၏ အငွေ့အသက်များက သူ့ကို နှလုံးသား အောက်ခြေအထိ တုန်လှုပ်စေခဲ့သည်။ ထို့ကြောင့် ယောင်ဖုန်းက ထိုစကားများကို ပြောသောအခါ ရှောင်ချင်းဖန်၏ နှလုံးသားသည် တုန်လှုပ်သွားသည်။

'"ကောင်းကင်ဘုံနတ်ဘုရားမ ယောင်ဖုန်း၊ မင်း ဘာလို့ ဒီလိုလုပ်မှာလဲ။ မင်း ငါ့မိန်းမ ဖြစ်ဖို့ သဘောတူလိုက်တာနဲ့, ငါတို့ရဲ့ အရင်ကရန်ငြိုးမှန်သမျှကို ဖယ်ရှားပစ်လို့ရပြီလေ။ ဒါအပြင်, အနာဂတ်မှာ၊ ငါလည်း ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်, ကောင်းကင်ဘုံမြို့တော်ရဲ့ မြို့တော်သခင်တစ်ဦး ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ လက်ရှိ ခွန်အား ကို မင်းမျက်လုံးထဲမှာ မရှိရင်တောင်၊ ငါ့ရဲ့ အနာဂတ် အလားအလာက မြင့်မားနေတုန်းပဲ လေ။” ရှောင်ချင်းဖန်က ပြုံးပြုံးလေး ပြောလိုက်သည် ။

နတ်ဘုရားကမ္ဘာတွင်, သင်တို့သည့် အကြင်လင်မယား ဖြစ်လာသည်နှင့် သင်တို့သည် ကောင်းကင်နှင့် မြေကြီး၏တန်ခိုးအစွမ်းဖြင့် ချည်နှောင်ခြင်းကို ခံရလိမ့်မည်။ အကယ်၍, သင်သည် သင်၏လက်တွဲဖော်ကို သတ်ပစ်မည်ဆိုလျှင်, ကောင်းကင်နှင့် မြေကြီးက သင့်ကို သေချာပေါက် အပြစ်ပေးပါလိမ့်မယ်။ ထို့ကြောင့် ရှောင်ချင်းဖန်သည် နောက်ပိုင်းတွင် ယောင်ဖုန်းက သူမစကားကို ပြန်ရုတ်သိမ်းမှာကို မကြောက်ပေ။ ထို့အပြင်, သူသည် ယောင်ဖုန်းနှင့် အမှန်တကယ် လက်တွဲနိုင်ခဲ့ပါက သူမသည် သူမ၏ ယခင်က လှပခဲ့သည့် ခမ်းနားထည်ဝါမူမျိုးကို ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပေ။ ထို့အပြင်၊ ကောင်းကင်ဘုံမြို့တော်၌ သူ၏ရာထူးကို မည်သူမျှ တုန်လှုပ်စေနိုင်လိမ့်မည် မဟုတ်ပေ။”

"ထွက်သွားစမ်း”။

သို့သော်လည်း ယောင်ဖုန်းသည် ရှောင်ချင်းဖန်၏ စကားကို ကြားသောအခါတွင် သူမသည် အေးစက်စက် စကားတစ်ခွန်းတည်းသာ ပြောလိုက်ပါသည်။ သူမ၏မျက်လုံးများသည် ပုရွက်ဆိတ်ကို ကြည့်နေသည့်အလား အထင်သေး ရှုံ့ချခြင်းများဖြင့် ပြည့်နှက်နေသည်။

ရှောင်ချင်းဖန်၏ မျက်လုံးများသည် ချက်ချင်းပင် နီရဲလာသည်။ သူ့စိတ်ထဲတွင် အမျက်ဒေါသက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာကာ ယောင်ဖုန်းကို စိုက်ကြည့်နေသည်။

"ခွေးမ, မင်းက သေချင်နေတာပဲ။ မင်းကိုယ်မင်း ကြီးကျယ်မြင့်မြတ်ပြီး တန်ခိုးကြီးလှတဲ့ ကောင်းကင်နတ်ဘုရားမတစ်ပါးလို့ ထင်နေတုန်းလား။ ဒီနေ့ မင်း ဘယ်လို အခြေအနေမျိုး ရောက်နေလဲဆိုတာ မင်းကို ငါ ပြောပြမယ်။ ဟမ့်, မင်းက ကြီးမြတ်ချင် ဟန်ဆောင်နေတာ မဟုတ်ဘူးလား?။ မင်း ငါ့အောက် ဖိနှိပ်ခံရချိန်မှာ မင်းက ဘယ်လောက်မြင့်မြတ်ပြီး တန်ခိုးကြီးလဲဆိုတာ ငါ တွေ့ချင်မိတယ်” ရှောင်ချင်းဖန်က အေးစက်စွာ ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် တပ်မက်မှုက လုံးဝ ထင်ရှားပေါ်လွင်နေသည်။

ထို့နောက် သူသည် ယောင်ဖုန်းဆီသို့ အလျင်အမြန် ပြေးသွားပြီး ယောင်ဖုန်းကို လုံးဝ ထိန်းချုပ်လိုဟန်ဖြင့် လက်ကို ဆန့်ထုတ်လိုက်သည်။

ယောင်ဖုန်း၏ မျက်လုံးများသည် အေးစက်သထက် အေးစက်လာသည်။ စိတ်ပိုင်းဖြတ်မှု အရိပ်အယောင်သည် သူမမျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် တောက်ပလာပြီး သူမလက်ထဲတွင် ဓားတစ်ချောင်းက ရုတ်တရက် ထွက်ပေါ်လာသည်။

"တကယ်လို့, မင်းသာ သူမကိုထိဝံ့ရင်, ဒီနေ့ ငါ မင်းကို လုံးဝ သတ်ပစ်မယ်"

သို့သော်လည်း ရှောင်ချင်းဖန်၏ လက်ချောင်းများသည် ယောင်ဖုန်းနှင့် တစ်ပေခန့်သာသာ ကွာဝေးစဉ်မှာ တောင်ထိပ်ပေါ်မှ ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ထို့နောက်၊ ယောင်ဖုန်း၏ရှေ့တွင် ရွှေရောင်သဏ္ဍာန်တစ်ခု ပေါ်လာပြီး ရှောင်ချင်းဖန်၏ လက်ဖဝါးကို ဆုပ်ကိုင်လိုက်သည်။

စာစဉ် (၈၇) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters