← Chapters

အခန်း ၁၃၀၆

Vol. 88 Ch. 1306

အခန်း ၁၃၀၆

Vol. 88 Ch. 1306

အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၈)

ဘာသာပြန်သူ နေဇင်။

အခန်း (၁၃၀၆) စစ်မှန်သောခွန်အား။

ယောင်ဖုန်းသည် သူမရှေ့တွင် ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို ကြည့်လိုက်ရင်း သူမ၏လှပသော မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားသည့် အမူအရာကို ပေါ်လွင်စေသည်။

ထုံးစံအတိုင်း သူမသည် ဤပုံရိပ်ပိုင်ရှင်ကို သိပါသည်။ ၎င်းသည် ချင်ယွင် မဟုတ်လျှင် အခြားမည်သူ ဖြစ်နိုင်မည်နည်း?။

သို့သော် ချင်ယွင်သည် ဤအရေးကြီးသော အခိုက်အတန့်တွင် ပေါ်လာပြီး သူမအသက်ကို ကယ်တင်လိမ့်မည်ဟု သူမ မတွေးခဲ့မိပေ။

မှန်ပါသည်။ သူသည် သူမအသက်ကို ကယ်တင်ခဲ့သည်။

ယခုလေးတင်, ယောင်ဖုန်းသည် ရှောင်ချင်းဖန်ကို သတ်ရန်အတွက် သူမ၏ခန္ဓာကိုယ် အတွင်ရှိ ဘိုးဘေးနတ်ဘုရား ဖီးနစ် ကျောက်စိမ်းချဉ်ဆီ၏ တန်ခိုးကို လုံးလုံးလျားလျား အသက်သွင်းရန် စီစဉ်နေပြီ ဖြစ်သည်။ ဤနည်းအားဖြင့်၊ သူမသည် ဘိုးဘေးနတ်ဘုရား ဖီးနစ်ကျောက်စိမ်းချဉ်ဆီ၏ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုးကို သေချာပေါက် ခုခံရင်ဆိုင်ရမှာဖြစ်ပြီး၊ လုံးလုံးပေါက်ကွဲပြီး သေဆုံးသွားနိုင်သည်။

သေချာသည်မှာ, သေခြင်းတရားနှင့်ယှဉ်လျှင်, သူမသည် ရှောင်ချင်းဖန်ကို ​​သူမ၏ ခန္ဓာကိုယ် တစွန်းတစကို ထိတွေ့ရန် မည်သည့်အခါမှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ယခု ချင်ယွင်က ထွက်ပေါ်လာခဲ့ပြီး၊ ဘာမဆို လုပ်ဆောင်တော့မည့် သူမကို သဘာဝ အတိုင်း တားဆီးခဲ့ပြီး၊ သူမအသက်ကို ကယ်တင်ခဲ့သည်။

ထိုမျှတင်မကဘဲ, ချင်ယွင်၏ အစောပိုင်းက ပေါက်ကွဲသံဖြင့် အော်ဟစ်သံက ရေခဲလို မာကျောသည့် သူမနှလုံးသားကိုပင် တုန်ခါသွားစေခဲ့သည်။

သူမသည် ယခင်က ချင်ယွင်ကို အမြဲကူညီခဲ့သည်။ သူမသည် ချင်ယွင်၏ အလားအလာကို အပြည့်အဝ စိတ်ကူးကြည့်ဖူးသည်။ တ်ဘုရားကပ်ဘေးဒုက္ခအတွင်းမှာ အစွမ်းထက်သော မဟာမိတ်တစ်ဦးအဖြစ် ထည့်သွင်းနိုင်မည်ဟု သူမ မျှော်လင့်ခဲ့ဖူးသည်။ သူမသည် ချင်ယွင် နှင့်ပတ်သက်ပြီး မလိုအပ်သည့် မည်သည့်ခံစားချက်မျိုးမှ မရှိခဲ့ပါ။ ယခုလေးတင် ချင်ယွင်၏ ဒေါသတကြီး အော်ဟစ်သံကြောင့် သူမ စိတ်ထဲတွင် လှုပ်ခတ်သွားခြင်း ဖြစ်သည်။

ချင်ယွင်၏ နောက်ကျောပြင်ကို ကြည့်လိုက်ရင်း သူမသည် ရုတ်တရက် အလွန် လုံခြုံသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤသည်မှာ သူမ၏ ကျင့်ကြံမူတစ်လျှောက်လုံးတွင် ယခင်က သူမ တစ်ခါမှ မခံစားဖူးသော ခံစားချက်တစ်ခု ဖြစ်သည်။

ရှောင်ချင်းဖန်၏ မျက်နှာပေါ်ရှိ အမူအရာလည်း အလွန်ပင် အုံ့မှိုင်းနေလေသည်။ ရုတ်တရက် ထွက်ပေါ်လာသော ဤလူသည် တောင်ခြေရင်းတွင် သူနှင့် ထိပ်တိုက် တွေ့ခဲ့သော ပုရွက်ဆိတ်တစ်ကောင်ပင် ဖြစ်သည်ကို သဘာဝအတိုင်း သူ မှတ်မိပါသည်။ သို့သော်လည်း ဤပုရွက်ဆိတ်သည် အဘယ်ကြောင့် ဤနေရာတွင် ရုတ်တရက် ပေါ်လာပြီး ဤအရေးကြီးသော အခိုက်အတန့်တွင် သူ၏တိုက်ခိုက်မှုကို တားဆီးရသည် ကို သူ နားမလည်နိုင်ခဲ့ပါ။

သို့သော် ဤအရာက ရှောင်ချင်းဖန် အဓိကအာရုံစိုက်သည့်အရာ မဟုတ်ပေ။ ရှောင်ချင်းဖန် ကို အံ့သြသွားစေသည်က သူသည် ချင်ယွင်ဖမ်းဆုပ်ထားသော သူ့လက်ကို ပြန်ဆွဲ ထုတ်ချင်သော်လည်း, သူ မည်မျှပင် လှုပ်ရှားနေပါစေ လှုပ်ရှားရမရသည်ကို သူ တွေ့လိုက် ရပါသည်။ ယင်းက သူ့လက်ကို ချင်ယွင်က ဆုပ်ကိုင်ထားခြင်း မဟုတ်ဘဲ၊ နတ်ဘုရား ကျောက်တောင်ကြီးက စည်းတံဆိပ်ခတ်ထားသလိုပင်။ သူ မည်သို့ပင် ဆွဲထုတ်သည် ဖြစ်စေ ဆွဲမထုတ်နိုင်ခဲ့ပေ။

"ကောင်စုတ်၊ ငါ့လက်ကို လွှတ်လိုက်စမ်း” ရှောင်ချင်းဖန်က မတတ်နိုင်ဘဲ ဒေါသတကြီး အော်ငေါက်လိုက်သည်။ သူ့ရှေ့မှ ဤလူငယ်သည် ဤမျှလောက် အစွမ်းထက်မည်ဟု သူ မထင်ထားမိပါဘူး။

သို့သော် သူပြောပြီးသောအခါ ချင်ယွင်သည် စကားတစ်ဝက်ကို မကြားလိုက်ပုံရသည်။ သူသည် သူ့ကိုသာ အေးစက်စက် ကြည့်နေပြီး၊ သူ့မျက်လုံးတွေက ခုန်နေသော နှံကောင်ကို ကြည့်နေသကဲ့သို့ပင်။

ရှောင်ချင်းဖန်သည် ချက်ချင်းပင် ပြင်းထန်သော ဒေါသကို ခံစားလိုက်ရသည်။ သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အစောပိုင်းအဆင့်တွင် ရှိနေသည်။ ဤနတ်ဘုရားနယ်မြေ အတွင်း၌ပင်၊ သူသည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် သာလွန်သော ခွန်အားကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း ယခုအခါတွင် နတ်ဘုရား တစ်ပိုင်းတစ်ယောက်က သူအား ဤကဲ့သို့ အကြည့်မျိုးဖြင့် ကြည့်နေခြင်းကြောင့် သူ၏ နှလုံးသားထဲတွင် အမျက်ဒေါသက ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။

ဘန်း…။

ရှောင်ချင်းဖန်သည် သူ့ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရားတန်ခိုးကို ချက်ချင်း စုစည်းပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချရန် အခြားလက်တစ်ဖက်ကို အသုံးပြုလိုက်သည်။

သို့သော်၊ ချင်ယွင်သည် ပြင်းထန်သော နတ်ဘုရားတန်ခိုးပါရှိသော ရှောင်ချင်းဖန်၏ လက်ဖဝါးကို ကြည့်ရင်း လျစ်လျူရှုထားနေပုံရသည်။

ထိုမြင်ကွင်းကိုမြင်တော့ ရှောင်ချင်းဖန်က ချက်ချင်းဆိုသလို လှောင်ပြောင်လိုက်သည်။

သို့သော် သူ့လက်ဖဝါးသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို မထိခင်မှာ ချင်ယွင်၏ မျက်လုံးများ တွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ ထို့နောက်, ရှောင်ချင်းဖန် ကို ကိုင်ထားသော လက်မှ ချက်ချင်းဆိုသလို ခွန်အားတွေ ထွက်ပေါ်လာခဲ့သည်။

"ဖျစ်….”။

ရှောင်ချင်းဖန်၏ လက်တစ်ဘက်လုံးသည် ချက်ချင်းပင် လိမ်ကောက်သွားသည်။ ပြင်းထန်သော နာကျင်မှုကြောင့် မူလက ရိုက်နှက်တော့မည့် သူ့လက်ဖဝါးသည် သူ့အတွေးများမှ ချက်ချင်း လွဲချော်သွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်ကို လုံးဝ မထိတော့ပေ။

ရှောင်ချင်းဖန်သည် ပြင်းထန်သော ဝေဒနာကို တောင်ခံပြီး အော်ပြောလိုက်သည် "ကောင်စုတ်, ငါ့ကိုကြည့်လိုက်စမ်း..." ဟု အော်ကာ သူ့မျက်နှာတွင် ပြင်းထန်သော နာကြည်းမှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် 'သေခြင်းတရား' ဟူသော စကားကို သူမပြောနိုင်မီ၊ ချင်ယွင်၏ လက်မောင်းသည် ခွန်အားကို တစ်ဖန် ပြန်စိုက်ထုတ်ကာ ကျောက်တုံးတစ်တုံးကဲ့သို့ ပစ်ချလိုက်သည်။ သူသည် အဝေးမှ အနက်ရောင် ကျောက်တုံးကြီးကို ပစ်မှန်သွားပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ညီးညူသံနှင့်အတူ ပါးစပ်မှ သွေးများ ပက်ဖျန်းသွားသည်။

ချင်ယွင်သည် အစမှအဆုံး မတ်တပ်ရပ်နေပြီး သူ့ခြေလှမ်းများက အနည်းငယ်မျှပင် မလှုပ်ရှားခဲ့ပေ။

သူ့အနောက်မှာ ရပ်နေသော ယောင်ဖုန်းသည် ထိုမြင်ကွင်းကို မြင်ပြီး၊ ချင်ယွင်၏ ခွန်အားများ ထပ်မံ တိုးတက်လာသည်ကို သူမစိတ်ထဲတွင် ချက်ချင်း သိသွားသည်။ တိုးတက်လာခြင်းက အနည်းငယ်မျှ မဟုတ်ပေ။

ထိုအချိန်တွင် ရှောင်ချင်းဖန်သည် ပါးစပ်အပြည့် သွေးများကို အကြိမ်အနည်းငယ် အန်ထုတ်လိုက်ရသည်။ သူလည်း မြေပြင်မှထကာ ချင်ယွင်ကို စိုက်ကြည့်နေသည်။

ချင်ယွင်၏ စွမ်းအားသည် အမှန်တကယ် ဤမျှ ကြီးမားနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ ဤမျှလောက် ကြောက်စရာကောင်းသော ခွန်အားသည် သာမန် မြေကမ္ဘာနတ်ဘုရား နယ်ပယ်ကျွမ်းကျင်သူထက် သာလွန်နေပြီ ဖြစ်သည်။ သေချာသည် မှာ, သူသည် သန်မာနေရုံသက်သက်ဖြင့် အစွမ်းထက်သည်ဟု မဆိုလိုပါဘူး။

သန်မာသည်ဟု ဆုံးဖြတ်နိုင်ရန်အတွက် အမြန်နှုန်း, ခွန်အားနှင့် ၎င်းခွန်အားကို အသုံးပြုပုံ အသုံးပြုနည်း အကြောင်းရင်းများစွာ ရှိနေပါသည်။ ဟုတ်ပါသည်, ၎င်းတို့အထဲတွင် နတ်ဘုရားစွမ်းရည်များလည်း ပါဝင်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ယခုလေးတင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပြသထားသော်လည်း, သူသည် အနည်းငယ် ထိတ်လန့်ရုံမှလွဲ၍ သူ့နှလုံးသားထဲတွင် အမှန်တကယ် ကြောက်ရွံ့မှု မရှိသေးပေ။

သူ့အမြင်အရ၊ ဤချင်ယွင်သည် ပြင်းထန်သော ခွန်အားများ ပိုင်ဆိုင်ထားသော်လည်း၊ သူသည် ချင်ယွင်နှင့် နောက်တစ်ကြိမ် အနီးကပ်မနေသရွေ့ သူ၏ အစွမ်းထက်သော ကျင့်ကြံမှုနှင့်အတူ နတ်ဘုရားစွမ်းအားများဖြင့်ဆိုပါက သူ့ကို သတ်ပစ်နိုင်ပါသေးသည်။

ထို့ကြောင့် ဤအခိုက်အတန့်တွင် သူသည် ဒေါသထွက်နေသည့်အပြင် သတ်ဖြတ်လိုစိတ် က သူ့မျက်လုံးထဲတွင် ရှိနေခဲ့သည်။ သူသည် သူ့ရှေ့က လူငယ်ကို အပိုင်းပိုင်း ဖြတ်တောက်ပစ်ချင်သည်။

"ဘာလဲ၊ မင်း လက်မခံချင်သေးဘူးလား" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး၊ သူ့မျက်လုံးတွေက သရော်မူများဖြင့် ပြည့်နှက်နေခဲ့သည်။

ဤကမ္ဘာကြီးကြောင့် ဖိနှိပ်ခံထားရသော ရှောင်ချင်းဖန်၏ လက်ရှိ ခွန်အားကို မဆိုထားနှင့်, သူ၏လက်ရှိစွမ်းအားကို ဖိနှိပ်ခံရခြင်း မရှိလျှင်ပင်, သူသည် သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ ပေ။

သူ့လက်ထဲတွင် “လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည်နှင့် ပုံရိပ်ယောင် အသွင်ပြောင်း ခြင်း နတ်ဘုရားစွမ်းရည်တို့ကို ကိုင်ဆောင်ထားခြင်းဖြင့် ချင်ယွင်သည် မည်သည့် အစောပိုင်း မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူကိုမဆို ပြိုင်ဘက်ကင်း အနေအထားဖြင့် တိုက်ခိုက်နိုင်ပြီး ဖြစ်သည်။ သူသည် အလယ်လတ်အဆင့် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကိုပင် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ထို့အပြင်၊ ချင်ယွင်သည် သူ့အပေါ် ဤကမ္ဘာကြီး၏ လွှမ်းမိုးဖိနှိပ်မှု နည်းပါးလာသည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းသည် ကနဦးစကြာဝဠာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ချင်ယွင်၏ လက်ရှိ စစ်မှန်သော ခွန်အားသည် သူ၏ဖိနှိပ်ခံထားသော ခွန်အားနှင့် များစွာ ကွာခြားခြင်း မရှိတော့ပေ။

"ငါ့ကို လက်ခံစေချင်တာလား?။ ချာတိတ်၊ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ်။ မင်းရဲ့ ခွန်အားက သန်မာပါတယ်။ ဒါပေမယ့်, သန်မာတိုင်း ခွန်အားကြီးတယ်လို့ မဆိုလိုဘူးဆိုတာကို မင်း သိထားရမယ်။ ငါ မင်းကို သတ်ချင်ရင် ငါ့လက်ဖဝါးကို ပြောင်းပြန် လှန်လိုက်သလို လွယ်ကူနေပါသေးတယ်”။ ရှောင်ချင်းဖန်က အေးစက်စွာ ပြန်ပြောပြီး သူ့မျက်လုံးထဲတွင် ဒေါသက ပို၍ပင် ပြင်းထန်လာခဲ့သည်။

"အိုး.., ဒါဆို မင်းက ဘာကို စစ်မှန်တဲ့ ခွန်အားလို့ ထင်လဲ" ချင်ယွင်က လှောင်ပြောင်ပြီး မေးလိုက်ကာ၊ သူ၏ အထင်သေး ရှုတ်ချမှုက နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့သည်။

ယခုအချိန်တွင် ရှောင်ချင်းဖန်၏ ကျင့်ကြံမှုကို ပြင်ပကမ္ဘာမှာတုန်းက အတင်းအကြပ် မြင့်တက်ထားသည်ဟုပင် သူသည် ပြင်းပြင်းထန်ထန် သံသယဝင်လာနေသည်။ သူ့အမြင်တွင် သူသည် အစစ်အမှန် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် လီပေါင်း ၁၀၈၀၀၀ တိုင်တိုင် အားနည်းနေသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှောင်ချင်းဖန်ကို တားဆီးရန်အတွက် ချင်ယွင်၏ ယခင် တိုက်ခိုက်မှုသည် သူ့အပေါ်ယံခွန်အားရှိသလောက် မရိုးရှင်းဘူးဆိုသည်ကို မည်သူမဆို မြင်နိုင်ပါသည်။ အကယ်၍, သူ့မှာ ပြင်းထန်သော အရှိန်ဟုန်ကို ပိုင်ဆိုင်မထားဘူးဆိုလျှင်, သူသည် ရှောင်ချင်းဖန်၏လက်ကို မည်သို့ လွယ်လွယ်ကူကူဖြင့် ဖမ်းဆုပ်နိုင်မည်နည်း?။

"ဟမ့်၊ စစ်မှန်သော ခွန်အားဆိုတာက အရှိန်ဟုန်နဲ့ အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်တွေ လိုအပ်တယ်။ ယခု၊ စစ်မှန်တဲ့ ခွန်အားက ဘာလဲဆိုတာ မင်းကို ပြသပေးမယ်" ရှောင်ချင်းဖန်သည် သူ့လက်ထဲတွင် ဆေဘာတစ်လက် ထွက်ပေါ်လာစဉ် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ဘန်း…။

ရှောင်ချင်းဖန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ နတ်ဘုရားတန်ခိုးများ ပေါက်ကွဲသွားသည်။ သူ့တစ်ကိုယ်လုံးသည် နောက်ကွယ်မှာ ပုံရိပ်ယောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ ချင်ယွင်ကို တိုက်ခိုက်သည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာသည် တောက်ပနေပြီး သူ့ဆေဘာပညာရပ်ကို ချက်ချင်း ဖြန့်ကျက်လိုက်ပါသည်။

"ငရဲကို သွားလိုက်တော့” ရှောင်ချင်းဖန်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ့အမြင်အရဆို, သူသည် သူ့လှုပ်ရှားမှုပညာရပ်နှင့် ဆေဘာပညာရပ်ကို အသုံးပြုထား ဖြစ်သည်။ ချင်ယွင်သည် မည်မျှပင် အစွမ်းထက်နေသည်ဖြစ်စေ, သူ့တိုက်ခိုက်မှုတွေကို ခုခံနိုင်ရန်မှာ မဖြစ်နိုင်ပါဘူး။

ဤဆေဘာတိုက်ခိုက်မူဖြင့် ချင်ယွင်သည် သံသယဖြစ်ဖွယ်မရှိ သေရပေလိမ့်မည်။

ချင်ယွင်သည် ရှောင်ချင်းဖန်၏ မျဉ်းစောင်းခုတ်ပိုင်းချက်ကို ကြည့်ပြီး သူ့မျက်နှာမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤရှောင်ချင်းဖန်သည် အမြန်နှုန်းသည် တခြားလူများအတွက် မြန်သည်ဟု ထင်ရသော်လည်း သူ့မျက်လုံးထဲမှာတော့ သူသည် ခရုတွားသွားနေသလိုပင်။ နတ်ဘုရားဆေဘာ တိုက်ခိုက်မူနှင့် ပတ်သက်၍မူ လုံးလုံး ဖော်ပြရန်ပင် မထိုက်တန်ပေ။

ဘန်း..။

ချင်ယွင်သည် သူ့လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး နတ်ဘုရားဆေဘာကို ကိုင်လိုက်သည်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ရှောင်ချင်းဖန်သည် သူ့တိုက်ခိုက်မှုကို ပိတ်ဆို့ ထားသည်ကို မြင်လိုက်ရသောအခါ, အလွန်မင်း တုန်လှုပ်ခြောက်ခြားသွားသော အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

All Chapters