အခန်း ၁၃၀၇
Vol. 88 Ch. 1307
အခန်း (၁၃၀၇) ရှောင်ချင်းဖန်ကို သတ်ဖြတ်ခြင်း။
ရှောင်ချင်းဖန်သည် ဤအခိုက်အတန့်တွင် အလွန်တုန်လှုပ်သွားခဲ့သည်။ သူ၏ နတ်ဘုရား ဆေဘာသည် ပိတ်ဆို့ခံလိုက်ရသည်။ သူ့အမြင်အရတော့, ဤအရာက မဖြစ်နိုင်ပါဘူး။ ဟုတ်ပါသည်, သူ့အား ပို၍တုန်လှုပ်စေသည့်အရာက, သူ၏နတ်ဘုရားဓားသည် ချင်ယွင်၏ လက်ချောင်းများဖြင့် ဖမ်းဆုပ်ခံလိုက်ရပြီးနောက်, သူသည် ၎င်းကို မည်သို့မျှ ပြန်၍ ဆွဲမထုတ်နိုင်တော့ခြင်းပင် ဖြစ်ပါသည်။
"စစ်မှန်တဲ့ ခွန်အားက ဒါဆိုဆိုလိုတာလား?။ မင်းရဲ့ အရှိန်အဟုန်နဲ့ နတ်ဘုရားစွမ်းရည်က ရော ဘယ်လိုလဲ။" ချင်ယွင်က လှောင်ပြောင်သော အပြုံးဖြင့် မေးသည်။
ရှောင်ချင်းဖန်၏ မျက်နှာသည် အနှိုင်းမဲ့ နီရဲသွားကာ သူ့မျက်လုံးများသည် အလွန်အမင်း မကျေနပ်သည့် အမူအရာများ ပေါ်လွင်လာသည်။
ဤအခိုက်အတန့်တွင် သူသည် ချက်ချင်းပင် ဆေဘာကို စွန့်လွှတ်ပြီး ထွက်ပြေးရန် ဆုံးဖြတ်ချက်ချလိုက်ပါသည်။
ထို့ကြောင့်, သူသည် နတ်ဘုရားဆေဘာကို လွှတ်ပြီး တောင်တက်လမ်းအတိုင်း ပြေးလေသည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က ချက်ချင်း ရယ်မောလိုက်သည်။
သူ့လက်ချောင်းကို လှန်လိုက်သည်နှင့် သူ့လက်ထဲမှ နတ်ဘုရားဆေဘာသည် ဦးတည်ရာ အရပ်တစ်ခုဆီသို့ လှည့်သွားခဲ့သည်။ ထို့နောက်, သူသည် သူ့လက်ညှိုးကို ပွတ်ဆွဲလိုက်သည်နှင့် သူ့လက်ထဲတွင် နတ်ဘုရားတန်ခိုးများ ပေါက်ကွဲထွက်သွားသည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာသည် အလွန်မင်း ကြောက်မက်ဖွယ်ကောင်းသည့် မိုးခြိမ်းသံတစ်ခုကဲ့သို့ အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ရှောင်ချင်းဖန်သည် သုံးမီတာအကွာအဝေးအထိ ထွက်ပြေးနိုင်စွမ်းမရှိခင်, သူ့ခြေထောက် ကို နတ်ဘုရားဆေဘာက ထိုးဖောက်ထားပြီး ဖြစ်သည်။
နတ်ဘုရားဆေဘာတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲစေတတ်သော စွမ်းအားများ ပါရှိနေသည်၊ ထို့ကြောင့် ၎င်းသည် ရှောင်ချင်းဖန်၏ပေါင်ကို ထိမှန်သည်နှင့် သူ့ခြေထောက် တစ်ခုလုံး ပေါက်ကွဲထွက်ပြီး သွေးအမှုန်အမွှားအဖြစ်သို့ ပြောင်းသွားသည်။
ဤအရာသည် မြေကမ္ဘာနတ်ဘုရားအဆင့် နတ်ဘုရားခန္ဓာကိုယ် ဖြစ်သော်လည်း ချင်ယွင်၏ ရှေ့တွင် အလွန် အားနည်းနေပါသည်။
'"အား..” ရှောင်ချင်းဖန်သည် အလွန်သနားစရာကောင်းသော အော်ဟစ်သံကို ထုတ်ဖော် လိုက်သည်။ အကယ်၍, သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူဖြစ်လျှင်ပင်၊ သူ့ခြေထောက်တစ်ခုလုံးကို ပြန်လည်ပေါင်းစည်းရန်အတွက် အနည်းဆုံး အသက်ငါးရှိုက် အချိန်လောက် အချိန်ယူရပေဦးမည်။ ထိုကဲ့သို့အချိန်မျိုးသည် ဒီအဆင့်တိုက်ပွဲမျိုးမှာဆို, သေချာသည့် ရလာဒ်တစ်ခု ထွက်ပေါ်လာနိုင်သည်။
ထိုမြင်ကွင်းကို ဘေးကနေကြည့်နေသော ယောင်ဖုန်းသည် အံ့သြသည့် အမူအရာကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ပေ။
အစောပိုင်းက ချင်ယွင်၏ လုပ်ရပ်များကို လျှော့တွက်မိနေခဲ့သည်။ ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖူးသည့် ယောင်ဖုန်းပင်လျှင်, ထိုပေါက်ကွဲစွမ်းအား က မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို အတိအကျ မပြောနိုင်ပါဘူး။
ယခုလေးတင်ပဲ၊ ချင်ယွင်သည် သူ့လက်ညှိုးကို ကွေးပြီး နတ်ဘုရားဆေဘာကို တောက်ထုတ်လိုက်ပုံက သူမကို အနှိုင်းမဲ့ လင်းလက်သွားစေပုံရသည်။
ချင်ယွင်သည် ထိုနည်းပညာကို ယခင်က မလေ့လာဖူးကြောင်း သူမ သေချာပါသည်။ တစ်နည်းဆိုရသော် ဤသည်မှာ ချင်ယွင်နှင့်သူမတို့ ခွဲခွာပြီးနောက် သူသင်ယူခဲ့သော အရာ ဖြစ်နိုင်သည်။ လအနည်းငယ်အတွင်း ဤကဲ့သို့သောစွမ်းထက်သော နတ်ဘုရားစွမ်းရည်ကို သင်ယူနိုင်ခဲ့ခြင်းသည် သူမအတွက်ပင် အမှန်တကယ် စိတ်ကူးမယဉ်နိုင်ပေ။
ဟုတ်ပါသည်။ ချင်ယွင်၏ လှုပ်ရှားမှုပညာရပ်လည်း ရှိနေပါသေးသည်။ ၎င်းက ပို၍ပင် အံ့သြစရာ ကောင်းနေပါသည်။ ၎င်းပညာရပ်၏ နောက်ကွယ်မှ လျှို့ဝှက်ဆန်းကြယ်မူကို တောင် သူမ မမြင်နိုင်ခဲ့ပါဘူး။
"လအနည်းငယ်အတွင်းမှာ ဒီလောက် အစွမ်းထက်သော နတ်ဘုရားစွမ်းရည်နှစ်ခုကို သင်ယူနိုင်ရအောင်, သူက အတိအကျ ဘယ်သူလဲ?" ယောင်ဖုန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် ရှောင်ချင်းဖန်ကို အနိုင်မယူနိုင်တော့မည်ကို သူမအနေဖြင့် စိုးရိမ်နေစရာမလိုတော့ပေ။ ရှောင်ချင်းဖန်သည် ချင်ယွင်၏ရှေ့တွင် တွားသွားနေသော် လည်း လမ်းမလျှောက်နိုင်သော ကလေးတစ်ဦးကဲ့သို့ အလွယ်တကူ ချေမွပစ်နိုင်သည်။ သို့သော် ချင်ယွင် ဖမ်းဆုပ်နိုင်ခဲ့သော နတ်ဘုရား စွမ်းရည်နှစ်ခုက သူမ၏ နှလုံးသားကို ထိတ်လန့်စေသည်။
"ဘယ်လိုလဲ?။ အခု, မင်း ထွက်ပြေးချင်သေးလား?။ မင်းရဲ့ ခြေထောက်ကို ချိုးပစ်စေချင် သေးလား?။ ဘယ်လိုပဲ ဖြစ်ဖြစ်, ခြေထောက်တွေက ပြန်ပေါက်လာမှာပဲလေ။ ဒါပေမယ့် မင်း စိတ်မပူပါနဲ့။ သူတို့ ပြန်ကြီးလာရင်, မင်း မပြေးနိုင်အောင်လို့ ငါ တစ်ခါ ထပ်ချိုးပစ် မယ်။" ချင်ယွင်က သူ့လက်ကိုဖွင့်ပြီး ရှောင်ချင်းဖန်၏ နတ်ဘုရားဆေဘာကို သူ့လက်ထဲသို့ ပြန်စုပ်ယူလိုက်သည်။
ဤနတ်ဘုရားဆေဘာကို ရှောင်ချင်းဖန်သည် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုထားပြီး ဖြစ်သော်လည်း၊ ယခုအခါ, ချင်ယွင်၏လက်ထဲတွင် ရှောင်ချင်းဖန်၏ ထိန်းချုပ်မှုမှ လုံးဝ ကင်းစင်သွားပြီ ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့်၊ ၎င်းသည် ရှောင်ချင်းဖန်ကို သတ်နိုင်သည့် ထက်မြက်သော လက်နက်တစ်ခုပင် ဖြစ်လာနိုင်သည်။
ရှောင်ချင်းဖန်သည် ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာကို ကြည့်လိုက်ပြီး အလွန် ထိတ်လန့်နေသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။ နတ်ဘုရားဆေဘာသည် သူနှင့် ဆက်သွယ်မူကို ခေတ္တဖြတ်တောက်ထားရုံသာမက၊ ပိုကြောက်စရာကောင်းသည်မှာ နတ်ဘုရားဆေဘာမှ ထွက်ပေါ်လာသော ချင်ယွင်၏ ကြောက်မက်ဖွယ်စွမ်းအားက သူ့အား နှလုံးအောက်ခြေမှ ခြောက်ခြားသွားစေခြင်းပင်။
အကယ်၍, နတ်ဘုရားဆေဘာသည် သူ့ခြေထောက်ပေါ် ကျဆင်းမလာဘဲ သူ့ခေါင်းပေါ် ကျဆင်းသွားခဲ့လျှင်, နတ်ဘုရားခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် အသတ်ခံရမည်မှာ သေချာပါသည်.
အကြောက်တရား..။
အဆုံးမဲ့ကြောက်ရွံ့မှုက ရှောင်ချင်းဖန်၏ နှလုံးသားကို ပြည့်စေခဲ့သည်။ နဂိုက ပုရွက်ဆိတ် ဟု မှတ်ယူခဲ့သော လူငယ်သည် သူ ဆန့်ကျင်၍မရနိုင်သည် တည်ရှိမှုတစ်ခု ဖြစ်နေသည်။ ဤကြီးမားသော ခြားနားမှုများကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်မှုက အကြောက် တရား အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို ပို၍ပင် အသက်ရှူကျပ်စေခဲ့သည်။
"မင်း ငါ့ကို သတ်လို့မရဘူး။ ငါ့အဖေက ကောင်းကင်ဘုံမြို့တော်ရဲ့ အရှင်သခင်ဖြစ်ပြီး၊ သူက ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှာ အဆင့်အတန်း မြင့်မားတယ်။ မင်း ငါ့ကို သတ်ရင် ငါ့အဖေက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး" ရှောင်ချင်းဖန်က ချင်ယွင်ကို ထိတ်လန့်စွာ ကြည့်ကာ သူ့မျက်လုံးများကာ, ချင်ယွင်ကို တည့်တည့်ကြည့်ရန် ပင် မဝံ့ရဲတော့ကြောင်း ပြောပြနေသည်။
ထိုစကားကြားတော့ ချင်ယွင်သည် အတောမသတ်ဘဲ ရယ်မောလိုက်သည်။
အရင်က သူသည် ဤထိုကဲ့လူမျိုးများကို အများကြီး တွေ့ဖူးခဲ့သည်. ပထမတော့၊ သူတို့သည် မာနကြီးပြီး ရက်စက်ကြသည်။ သူတို့ကို မရိုက်နိုင်တော့သည်နှင့် သူတို့မိသားစု နောက်ခံဖြင့် တခြားသူတွေကို ကြောက်အောင် တိုင်တန်းကြသည်။ များသောအားဖြင့်, သူတို့သည် အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွှံ့ကြသည်။
"နတ်ဘုရားလူသား..။ ချီးလို နတ်ဘုရားလူတွေလား?။ သူက အင်အားကြီးတဲ့ သေမျိုး အုပ်စုတစ်ခုသာသာပဲ” ချင်ယွင်က လှောင်ပြောင်လိုက်ပြီး, သူ့စိတ်ထဲတွင် အဆုံးမဲ့ လှောင်ပြောင်နေမိသည်။
သူသည် ကြီးကျယ်ခမ်းနားသော နတ်ဘုရားနန်းတော်ကြီးလေခုကို ဝင်ရောက်ပြီး စစ်မှန်သည့် နတ်ဘုရားကမ္ဘာကို အမှန်တကယ် တွေ့ကြုံခံစားလိုသော်လည်း၊ နတ်ဘုရား ကမ္ဘာသည် ဝူဝမ်တောင်တန်းနယ်မြေရူထောင့်မှကြည့်လျှင်, ပို၍ အစွမ်းထက်သည့် သေမျိုးကမ္ဘာတစ်ခုသာသာဖြစ်ကြောင်း ထင်ရှားပါသည်။
အရာရာတိုင်းက ခွန်အားကို အခြေခံနေသည်။ အရာတိုင်းကို ကိုယ်စားပြုသည်။
ရှောင်ချင်းဖန်သည် ချင်ယွင်၏စကားကို ကြားသော်လည်း၊ ချင်ယွင်၏ အထင်အမြင်သေး ပြီး မောက်မာသော အမူအရာက သူ့စိတ်ထဲတွင် သိမ်ငယ်မှုအရိပ်မြွက်ကို ခံစားရစေသည်။ ဤအရာက သူတစ်ခါမှ မခံစားဖူးသော ခံစားချက်တစ်ခုဖြစ်သည်။
ချင်ယွင်၏နောက်မှာ ရပ်နေသည့် ယောင်ဖုန်းသည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။ တစ်ချိန်တည်းမှာပင်, သူမစိတ်ထဲမှာ တုန်လှုပ်သွားခဲ့သည်။ နတ်ဘုရားကမ္ဘာ တစ်ခုလုံးကို မထီမဲ့မြင်ပြုဝံ့သည့် ဒီလူကို ကြည့်လိုက်ရင်း ရှုပ်ထွေးသည့် အမူအရာတစ်ခုက သူမမျက်လုံးထဲမှာ ပေါ်လာပါသည်။
"ကောင်းပြီ မင်း နောက်ဆုံးပြောစရာစကား ရှိသေးလား" ချင်ယွင်သည် ရှောင်ချင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။
ချင်ယွင်သည် ရှောင်ချင်းဖန်ကို သတ်ပစ်ရမည်။ ဤအရာက သူ တောင်ခြေမှာ တွေ့စဉ်တုန်းက ဖြစ်ပျက်များကြောင့် ဖြစ်သည်။ အခုဆို ပိုတောင် ဆိုးသွားခဲ့ပြီ။
ယောင်ဖုန်းကိုပေးခဲ့သည့် ရှောင်ချင်းဖန်၏ ဒဏ်ရာများကပင် ကြီးမားသော ပြစ်မှုတစ်ခု ဖြစ်နေခဲ့ပြီးဖြစ်ကာ၊ သူသည် ယောင်ဖုန်းကို ကျူးကျော်စော်ကားလိုသည့်အတွက် သေဖို့ရန် ထိုက်တန်ပါသည်။ သူ့နောက်မှာရှိနေသည့် ကောင်းကင်ဘုံမြို့တော်အတွက် လား?။
တကယ့်ရယ်စရာဟာသတစ်ခုပင်။ သူချင်ယွင်မှာ ရန်သူတစ်ယောက်ထက်မက ရှိနေခဲ့ပြီ။ ဆိုတော့, နောက်ထပ် ရန်သူတစ်ယောက် ထပ်တိုးလာတော့ရော ဘာဖြစ်လဲ?။ ဘိုးဘေး နတ်ဘုရားအဆင့် ကျွမ်းကျင်သူ မဟုတ်သရွေ့၊ သူချင်ယွင်က ကြောက်လန့်နေမည် မဟုတ်ပေ။
"မဟုတ်ဘူး၊ တကယ်လို့, မင်း ငါ့ကိုသတ်ရင် ငါ့အဖေက ချက်ခြင်း သိလိမ့်မယ်။ မင်း သေချာ စဉ်းစားရမယ်နော်။" ချင်ယွင်၏ စကားကိုကြားတော့ ရှောင်ချင်းဖန်၏ အမူအရာ မှာ ပို၍ပင် ထိတ်လန့်သွားသည်။
ထိုစကားကိုကြားတော့ ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ သူ သေခါနီး အချိန်မှာတောင် ခြိမ်းခြောက်နေတုန်းပင်။ ခြိမ်းခြောက်ခံရခြင်းက သူ့အမုန်းဆုံးအရာ ဆိုတာ သူ မသိဘူးလား။
"ဒီအကြောင်းကို မစဉ်းစားဘူး။" ချင်ယွင်က အေးစက်စွာ ပြန်ဖြေသည်။ သူပြောပြီး သည်နှင့် ပေါင်းစပ်နတ်ဘုရားတန်ခိုးက သူ့လက်ထဲတွင် ပေါ်လာပြီး နတ်ဘုရားဆေဘာကို လွှမ်းခြုံသွားသည်။
ချင်ယွင်၏ နတ်ဘုရားခန္ဓာကိုယ်သည် ဆက်လက် သန့်စင်လာနိုင်သည်နှင့်အမျှ၊ ချင်ယွင် သည် ပေါင်းစပ်နတ်ဘုရားတန်ခိုး ခြောက်မျိုးအပေါ် ထိန်းချုပ်နိုင်မှု ပို၍ အဆင်ပြေလာ သည်။ ယခုအခါ၊ ပေါင်းစပ်နတ်ဘုရားတန်ခိုးကြောင့် ဖြစ်ပေါ်လာသော တန်ပြန် သက်ရောက်မူသည် သေးငယ်သထက် သေးငယ်လာခဲ့သည်။ သူ၏ နတ်ဘုရား ခန္ဓာကိုယ်ကို လုံးလုံးလျားလျား သန့်စင်ပြီးသည်နှင့်၊ သူသည် မည်သည့် တန်ပြန် သက်ရောက်မှုကိုမျှ ခံရမည် မဟုတ်တော့ပေ။
"ဘန်း..”
ချင်ယွင်၏လက်ထဲမှ နတ်ဘုရားတန်ခိုးသည် ပေါက်ကွဲသွားပြီး၊ သူသည် ချက်ချင်းဆိုသလို “လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သည်။ နတ်ဘုရားဆေဘာသည် ရှောင်ချင်းဖန်၏ ဦးခေါင်းကို ထိုးဖောက်ကာ၊ လေထဲတွင် ဆည်းဆာရောင် သွေးအမျှင် တန်းကဲ့သို့ လျင်မြန်သော အကွေ့အကောက်လမ်းကြောင်းတစ်ခုအဖြစ် ဆွဲယူသွားပြီး၊ သူ့ခန္ဓာကိုယ် တစ်ခုလုံးကို တိုက်ရိုက် ဖြိုခွဲပစ်ကာ နတ်ဘုရားစိတ်ဝိညာဉ်နှင့်အတူ သုတ်သင်ပစ်လိုက်သည်။
ရှောင်ချင်းဖန် မတုံ့ပြန်နိုင်ခင်မှာ သူ့တစ်ကိုယ်လုံးသည် သွေးစွန်းနေသော အခိုးအငွေ့များ အဖြစ် ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်သည် ဂရုမစိုက်ဟန်ဖြင့် သူ့လက်များကို လက်ခုပ်တီးပြီး လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင် ရှောင်ချင်းဖန်၏ ခန္ဓာကိုယ်မှ ပြောင်းလဲသွားသော သွေးအငွေ့များကြားမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်လာသည်။ (ဤနေရာ၌ လက်ခုပ်တီးခြင်းဟူသည် ဂရုမစိုက်ဟန်ဖြင့် လက်နှစ်ဖက်ကို အမှတ်တမဲ့ တီးခြင်းကို ဆိုလိုဟန်တူပါသည်)။
"မင်းက ငါ့သားကို သတ်ရဲတယ်ပေါ့။ မင်းက သေချင်နေတာပဲ" ထိုအသံသည် အလွန်ကျယ်လောင်ပြီး အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နေခဲ့သည်။