← Chapters

အခန်း ၁၃၀၈

Vol. 88 Ch. 1308

အခန်း ၁၃၀၈

Vol. 88 Ch. 1308

အခန်း (၁၃၀၈) ရှောင်ဟန်ရှန်

ချင်ယွင် အံ့သြတကြီး ခေါင်းမော့လာကာ၊ ရုတ်ချည်း ထွက်ပေါ်လာသော ရုပ်အသွင်ကို ကြည့်လိုက်ပါသည်။

ဤရုပ်အသွင်သည် တကယ့် အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ သွေးစွန်းနေသော အခိုးအငွေ့များမှ လုံးလုံးလျားလျား ဖြစ်ပေါ်လာသော ရုပ်အသွင်အပြင်တစ်ခုသာ ဖြစ်ပါသည်။ သို့သော်၊ သူ့ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် အလွန်အားကောင်းပြီး ကြီးမားသော ဖိအားတစ်ခုက နတ်ဘုရားကျောက်တောင်၏ တောင်ထိပ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။

နတ်ဘုရား စိတ်ဝိညာဉ်အမှတ်သားလား?။

ချင်ယွင်သည် သွေးအမှုန်အမွှားများဖြင့် ရစ်ပတ်ထားသော ရုပ်အသွင်ကို ကြည့်လိုက်ရင်း၊ သူ့ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် မတွန့်ကွေးဘဲမနေနိုင်ခဲ့ချေ။

ဤကမ္ဘာထဲတွင်၊ နတ်ဘုရားစိတ်ဝိညာဉ်များကို ပုံရိပ်ဖော်ရန် မပြောနှင့်, နတ်ဘုရား စိတ်ဝိညာဉ်များသည် အမှီအခိုကင်းစွာဖြင့်ပင် မတည်ရှိနိုင်ပေ။ ထို့ကြောင့်၊ ဤနတ်ဘုရား စိတ်ဝိညာဉ်ပုံဖော်ခြင်းကို ရှောင်ချင်းဖန်၏ သွေးမြူများကသာ ထင်ရှားစေနိုင်ပါသည်။

ထိုပုဂ္ဂိုလ်၏အမည်ကို ခန့်မှန်းနေရန်ပင် မလိုအပ်ပါ။ သူသည် ရှောင်ချင်းဖန်၏ဖခင် ကောင်းကင်ဘုံမြို့တော်၏ မြို့တော်သခင် ဖြစ်ရမည်။

"မှန်တယ်၊ ခင်ဗျားရဲ့သားကို ကျုပ် သတ်လိုက်တယ်။" ချင်ယွင်က ထိုရုပ်အသွင်ကို ကြည့်ကာ ကြောက်ရွံ့ခြင်းမရှိဘဲ ပြုံးကာ ပြောလိုက်သည်။

"မင်းက သေချင်နေတာပဲ” ရှောင်ဟန်ရှန်က ဒေါသတကြီး ပြောလိုက်သည်။

ရှောင်ချင်းဖန်၏ ခန္ဓာကိုယ်တွင် သူချန်ထားခဲ့သည့် နတ်ဘုရားစိတ်ဝိညာဉ် အမှတ်သားကို အသက်သွင်းပြီးသည်နှင့် ၎င်းသည် သူ့သား အသတ်ခံရပြီးဖြစ်သည်ဟု ဆိုလိုပါသည်။

သို့သော် လူသတ်သမားသည် သူ့ရှေ့တွင် ဤမျှလောက် မာနကြီးနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ကောင်စုတ်၊ မင်းက ငါ့သားကို သတ်ရဲမှတော့, မင်း ကြောက်မက်ဖွယ် သေခြင်းမျိုးနဲ့ သေရအောင် ငါ သေချာပေါက် လုပ်ပစ်မယ်" ရှောင်ဟန်ရှန်က ခက်ထန်စွာ ပြောလိုက် သည်။ သူ့မျက်လုံးထဲမှာ သတ်ဖြတ်လိုစိတ်က ပင်လယ်ရေထက်ပင် ပိုကြီးမားသည်။

ရှောင်ချင်းဖန်သည် သူ၏ တစ်ဦးတည်းသော သားဖြစ်သည်။ ကောင်းကင်ဘုံမြို့တော်၏ အနာဂတ်ကို ဆက်ခံသူအဖြစ် သူသည် အမြဲတမ်း ပြုစုပျိုးထောင်ပေးခဲ့သော်လည်း ယခုအခါတွင်မူ သတ်ဖြတ်ခံလိုက်ရသည်။ ဤအရာက သူ၏ နှစ်သန်းပေါင်းများစွာ ကြိုးစားအားထုတ်မှု အားလုံးကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။

"ခင်ဗျားသားက ကျုပ်ကို အရင်ရန်စခဲ့တာ ရှင်းနေတာပဲ။ ကျုပ်က သူ့ကို သတ့်ပစ်သင့်ပါ တယ်။ ခင်ဗျားသားအတွက် လက်စားချေချင်ရင် လာခဲ့ပါ။ ကျုပ်ချင်ယွင်က လိုက်ပါပေး မယ်။" ချင်ယွင်သည် အကြောက်အလန့်မရှိဘဲ လှောင်ပြောင် ပြောလိုက်သည်။

ချင်ယွင်သည် သူ၏ကိုယ်ရေးအချက်လက်ကို ဖုံးကွယ်ရန် မလိုအပ်ပေ။ အကယ်၍, သူ ဘာမှမပြောဘူးဆိုလျှင်ပင်, ကောင်းကင်ဘုံမြို့တော်၏ မြို့တော်သခင်တစ်ပါးအနေဖြင့် သူ့အထောက်အထားကို ရှာဖွေနိုင်ပါသေးသည်။

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်, ချင်ယွင် တစ်နေ့ မင်း နောင်တ ရစေရမယ်" ရှောင်ဟန်ရှန်က ဒေါသတကြီး အော်ပြောလိုက်ပြီး သူ့မျက်လုံးတွေက လူသားစားတဲ့ ကျားတစ်ကောင်ကဲ့သို့ ခက်ထန်နေပါသည်။

"ရှောင်ဟန်ရှန်၊ ရှင် လက်စားချေချင်ရင်, ကျွန်မကို လာရှာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင့်အဖေကို သတ်ပစ်လိုက်တာ။ ရှင့်ရဲ့သားက ကျွန်မအပေါ် မကောင်းကြံချင် နေတာ။ သူ့ကိုသတ်ပစ်လိုက်တာက ရှင့်အတွက် အကျိုးရှိလိမ့်မယ်။ တကယ်လို့, ရှင် လက်စားချေချင်ရင် ကျွန်မယောင်ဖုန်းကတလည်း သူနဲ့အတူလက်တွဲဖို့ ဆန္ဒရှိတယ်။" ထိုအချိန်တွင် ချင်ယွင်နောက်မှာ ရပ်နေသော ယောင်ဖုန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အေးစက်ပြီး ပြတ်သားသော အမူအရာဖြင့် ပြောလိုက်သည်။

ရှောင်ဟန်ရှန်သည် ယောင်ဖုန်း၏မျက်နှာကိုမြင်လိုက်သောအခါတွင် သူ၏ သူငယ်အိမ် များသည် ရုတ်တရက် ကျုံ့သွားခဲ့သည်။ သူသည် သူ့အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ကြောင်းကို သတိရသွားစဉ်မှာ ကြောက်ရွံ့မှုအရိပ်ယောင်ကို ဖျောက်ဖျက်ပစ်လိုက် သည်။

ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် သူ့ဖခင်၊ ယခင်မျိုးဆက်၏ ကောင်းကင်ဘုံ မြို့တော်, မြို့တော်သခင်ကို သတ်ပစ်ခဲ့သည်။

ရှောင်ဟန်ရှန်သည် ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ဤနေရာတွင် အမှန်တကယ် ထွက်ပေါ်လာပြီး၊ မထင်မှတ်ဘဲ သူ့သားက ဤကိစ္စတွင် အမှန်တကယ် ပါဝင် ပတ်သက်နေ လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

"ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၊ ငါ့သားက မင်းကို စော်ကားခဲ့ရင်တောင် သေလောက်တဲ့အထိ အပြစ်မရှိသင့်ဘူး။ မင်းက အခုလိုပုံစံမျိုးနဲ့ သူ့ကို သတ်ပစ်ခဲ့သလို, ငါနဲ့ ကောင်းကင်ဘုံမြို့တော်ကိုပါ သတ်ပစ်ချင်နေတာလား?။ ရှောင်ဟန်ရှန်က ယောင်ဖုန်း ကို စူးစူးစိုက်စိုက် ကြည့်ကာ၊ သူ့လေသံမှာလည်း ပြင်းထန်သော အမျက်ဒေါသ အရိပ်အယောင်ကို သယ်ဆောင်လာရင်း ပြောလိုက်သည်။

သူသည် ယောင်ဖုန်းရှေ့မှာ ဒီစကားတွေကို ရဲရဲဝံ့ဝံ့ ပြောရဲရသည့် အကြောင်းရင်းက သူသည် နတ်ဘုရားစိတ်ဝိညာဉ် အမှတ်သားတစ်ခုသာ ဖြစ်ပြီး ယောင်ဖုန်းသည်လည်း ယခုအချိန်တွင် အလွန်အားနည်းနေသည်ကို မြင်နေရသောကြောင့် ဖြစ်သည်။ မဟုတ်ရင်, သူ့ကို သတ္တိဆယ်ခုလောက် ချေးငှားခဲ့ရင်တောင် ယခုလိုစကားမျိုး မပြောရဲပါဘူး။ ထိုသို့မဟုတ်လျှင်, အတိတ်က သူ့အဖေ၏ရန်ငြိုးကို အခုအချိန်အထိ သည်းခံနေမှာ မဟုတ်ပါဘူး။

"ရှင် ကျွန်မကို သင်ပေးနေစရာ ဘာအကြောင်းမှမရှိဘူး။ ရှင် ကျွန်မကို သတ်ချင်ရင်, သတ်ပစ်နိုင်တယ်။ ကျွန်မ မသေဘူးဆိုရင်, ရှင်ရဲ့ ကောင်းကင်ဘုံမြို့တော် ဘာဖြစ်သွားမ လဲ?။ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှာ ကျွန်မရဲ့အဆင့်အတန်းက ရှင့်အထက်မှာ ရှိနေတယ်။" ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက အေးစက်ပြီး မောက်မာစွာ ပြောလိုက်သည်။ သူ၏လေသံမှာ အကန့်အသတ်မဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော အငွေ့အသက်များနှင့် ပြည့်နေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်သည် သူ့မျက်လုံးများတွင် အံ့သြသွားသည့် အရိပ်အယောင်ကို မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ပေ။ ဤကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း သည် တကယ်ကို ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်မှ ဖြစ်နေခဲ့ပြီး၊ ယင်းက ချင်ယွင်ကို အလွန်တုန်လှုပ်ပြီး အံ့အားသင့်စေခဲ့သည်။

ရှောင်ဟန်ရှန်သည် ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း ပြောသည့်စကားကို ကြားလိုက်ရသောအခါ၊ သူ၏အမူအရာသည် ချက်ချင်းပင် မစင်စားသော ယင်ကောင်ကဲ့သို့ ရုပ်ဆိုးသွားကာ သူ့အကြည့်များက အလွန်အုံ့မှိုင်းသွားခဲ့သည်။

"ကောင်းပြီ၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၊ ငါရှောင်ဟန်ရှန် ဒီနေ့ ဒီစကားတွေကို ဒီမှာတင် ထားလိုက်မယ်။ ငါ့ကောင်းကင်ဘုံမြို့တော်ကို သေတဲ့အထိ တိုက်ခိုက်လာရင်, မင်းအတွက် နာကျင်စရာ အဖိုးအခကို ငါ ပြန်ပေးလိုက်ဦးမယ်။ မင်းက အကြီးအကဲ တစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ?။ ငါရှောင်ဟန်ရှန်က ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘဲ မင်းနဲ့အတူ လိုက်ပါပေးမယ်လို့ ကျိန်ဆိုတယ်”။ ရှောင်ဟန်ရှန်က ဒေါသတကြီး အော်ပြောလိုက်သည်။

သို့သော်၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ မျက်လုံးများတွင်မူ အနည်းငယ်မျှ အပြောင်းအလဲ မရှိပေ။ စိတ်လှုပ်ရှားစရာ လုံးဝ မကောင်းသော ဒရာမာဇာတ်ကား တစ်ကားကို ကြည့်နေရသလိုပင်။

သူမ၏ အထွတ်အထိပ် ခွန်အားကို ပြန်လည်ရယူနိုင်သရွေ့ ကောင်းကင်ဘုံမြို့တော်သည် သူမမျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်ထက် ဘာမှမပိုတော့ပေ။ ရှောင်ဟန်ရှန်သည် ကောင်းကင်နတ်ဘုရားတစ်ပါး မဟုတ်သရွေ့ သူမကို ခြိမ်းခြောက်မှု တစ်စုံတစ်ရာ အနည်းငယ်မျှပင် မပြုလုပ်နိုင်ပေ။

"ပြီးတော့, ကောင်စုတ်လေး၊ မင်းက ငါ့သားကို သတ်ခဲ့တယ်။ ငါ မင်းကို သေချာပေါက် အလွတ်မပေးဘူး" ရှောင်ဟန်ရှန်က ချင်ယွင် ဘက်လှည့်ပြီး ပြောလိုက်သည်။

"စကားကလည်း များလိုက်တာ။ စကားပြောတာ တော်လောက်ပြီ။ ခင်ဗျား ပြောပြီးရင်, လစ်လိုက်တော့” ချင်ယွင်၏ မျက်နှာက အထင်မြင်သေးသည့် အမူအရာဖြင့် ပြည့်နှက်နေ သည်။ သူသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး သွေးအမှုန်အမွှားတွေကို တိုက်ရိုက် လွှင့်ထုတ်ပစ်လိုက်သည်။ ရှောင်ဟန်ရှန်၏ နတ်ဘုရား စိတ်ဝိညာဉ် အမှတ်သား သည် လေထဲတွင် လွင့်ပျံသွားခဲ့သည်။

ရှောင်ဟန်ရှန်သည် နတ်ဘုရားကမ္ဘာ၏ ကောင်းကင်ဘုံမြို့တော်ရှိ နန်းတော်တစ်ခုတွင် ရုတ်တရက် မျက်လုံးများပွင့်လာခဲ့ပြီး၊ သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပေါက်ထွက်သွားခဲ့သည်။

"ယောင်ဖုန်း, ချင်ယွင်, မင်းတို့က ငါ့သားကို သတ်ပစ်လိုက်တယ်။ ဒီရန်ငြိုးက ဘယ်တော့မှ လှုပ်ခါပစ်လို့ မရတော့ဘူး။ ငါ မင်းတို့နဲ့အတူ မသေမချင်း အနားယူမှာ မဟုတ်ဘူး။" ရှောင်ဟန်ရှန်သည် သူ့ခေါင်းကို ကောင်းကင်သို့မော့ကာ ဟစ်ကြွေးလိုက်သည်။ သူ့ဟစ်ကြွေးသံက ကောင်းကင်ဘုံမြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ချက်ချင်းပင်,၊ ကောင်းကင်ဘုံမြို့တော်တစ်ခုလုံးရှိ နတ်ဘုရားအပေါင်းတို့သည် ချင်ယွင်နှင့် ယောင်ဖုန်း တို့၏ အမည်များကို သိရှိသွားကြသည်။ သူတို့၏ ကိုယ်ရေးအချက်လက်များကို တစ်ယောက်ပြီး တစ်ယောက် ဆွေးနွေးကြတော့သည်။ သူတို့သည် မြို့တော်၏ သခင်လေးကို သတ်ပစ်ရန်အထိပင် သတ္တိကောင်းလှပြီး၊ မြို့တော်သခင်ကို အလွန်မင်း ဒေါသထွက်စေခဲ့သည်။

ချင်ယွင်သည် ရှောင်ဟန်ရှန်၏ ကျိန်ဆိုချက်ကို ဂရုမစိုက်ပါ။ သူသည် မြို့တော်သခင် တစ်ဦးထက်ကမကို ရန်စထားပြီး ဖြစ်သည်။ နောက်တစ်ယောက်ကို ရန်စမိလျှင်လည်း အရေးမကြီးတော့ပါ။ လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို ပြီးမြောက်ဖို့ အချိန်ရောက်လာသည့်အခါ သူနှင့်ရန်ငြိုးဖွဲ့ထားသော မြို့တော်သခင်တွေထဲမှ တစ်ယောက်ကို ကြုံရာကျပန်းရွေးချယ်ပြီး သတ်ပစ်နိုင်သည်။ ချင်ယွင်၏ ဓားသွားနှင့် ပထမဆုံး ထိတွေ့ခွင့်ရဖို့အတွက်တော့ မည်သူ ကံဆိုးမလဲဆိုသည့်အပေါ်မှာ မူတည်ပါ သည်။

"ချင်ယွင်၊ မင်း နတ်ဘုရားကမ္ဘာက လူတွေကို အထင်သေးနေတာလား။"

သို့သော် ယခုအချိန်တွင် ယောင်ဖုန်းက အကြောင်းပြချက်မရှိဘဲ မေးလိုက်သည်။

ချင်ယွင်သည် ခဏလောက် မှင်သက်သွားပြီး, လှုပ်ရှားသွားသည်။ ယောင်ဖုန်းက သူ အရင်က ပြောခဲ့သည့်စကားကို ပြောနေခြင်း ဖြစ်ပါသည်။

"မဟုတ်ဘူး၊ နတ်ဘုရားကမ္ဘာမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်။ သူတို့ကို ငါက ဘာလို့ အထင်သေးမှာလဲ။ ဒါပေမယ့် နတ်ဘုရားကမ္ဘာက လူတွေဟာ သာမန်သေမျိုးတွေ လောက်တောင် သူတို့ရဲ့ စိတ်အခြေအနေကို ကောင်းကောင်း နားမလည်နိုင်ကြဘူး" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

"မဟုတ်ဘူး၊ မင်း မှားတယ်။" သို့သော် ချင်ယွင် စကားပြီးသည်နှင့် ကောင်းကင်နတ်ဘုရား မ ယောင်ဖုန်းက ပြန်လည် တုံ့ပြန်လိုက်ပါသည်။

"အယ်?" ချင်ယွင်က အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

"မင်းက အခုမှ နတ်ဘုရားကမ္ဘာကို ရောက်လာသူတစ်ယောက်လို့ ငါ ယူဆတယ်။ မင်း ဝင်လာခဲ့တဲ့ နတ်ဘုရားနယ်မြေက ဒီဝူဝမ်တောင်တန်းကမ္ဘာကလွဲလို့ ဘာမှမရှိဘူး။ မင်းက မြေကမ္ဘာနတ်ဘုရားအဆင့်မှာရှိတဲ့ နတ်ဘုရားတွေနဲ့ ထိတွေ့ဖူးပြီဆိုတော့" သူတို့က ဘာမှ မထူးခြားဘူးလို့ မင်း ထင်လိမ့်မယ်။ ဒါပေမယ့် မင်း မှားနေတယ်။ မင်းတွေ့တဲ့ အဲဒီလူတွေ ဟာ နတ်ဘုရားကမ္ဘာရဲ့ အဆင့်နိမ့်ပုဂ္ဂိုလ်တွေ ဖြစ်နေတုန်းပဲ။ စစ်မှန်တဲ့ နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတွေက များသောအားဖြင့် နတ်ဘုရားနန်းတော်ကြီး လေးခုနဲ့ တိုက်ရိုက် ဆက်စပ်နေကြတယ်။ မြို့တော် ၁၆ ခုမှာရှိတဲ့ နတ်ဘုရားနန်းတော်ကြီး လေးခုမှ အဓိကအဖွဲ့ဝင်တွေကိုတောင် အပြင်ဘက်အကျဆုံး အစိတ်အပိုင်းတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်တယ်။ နတ်ဘုရားကမ္ဘာရဲ့ အစစ်မှန် ပါရမီရှင်တွေက နတ်ဘုရားနန်းတော် အတွင်းမှာ အမြဲနေထိုင်ကြတယ်။" ယောင်ဖုန်းက ရှင်းပြသည်။

"အိုး။ နတ်ဘုရားကမ္ဘာက ပါရမီရှင်တွေက အရမ်းကို အစွမ်းထက်တယ် ဟုတ်လား” ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည် ။

သို့သော် ယောင်ဖုန်းက ခေါင်းညိတ်ကာ ပြောသည် “ဟုတ်တယ်၊ အရမ်းအစွမ်းထက်တယ်။ ကြီးကျယ်ခမ်းနားလှတဲ့ နတ်ဘုရားနန်းတော်ကြီးလေးခုနဲ့ နတ်ဘုရားကမ္ဘာတို့ဟာ ကြာမြင့်စွာကတည်းက တည်ရှိနေခဲ့ကြပြီး၊ သူတို့ရဲ့ အရင်းအမြစ်တွေက စိတ်ကူးတောင် မယဉ်နိုင်ဘူး။ ဒီကြားထဲမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ရှိခဲ့ကြတယ်။ ပါရမီရှင်အချို့ က အတိတ်က မင်းဆက်များရဲ့ နတ်ဘုရားကပ်ဘေးဒုက္ခတွေမှာ ကျဆုံးခဲ့ပေမယ့် အချို့က တော့ လွတ်မြောက်ခဲ့ကြတယ်။ ပြီးတော့, သူတို့က နတ်ဘုရားနန်းတော်ကြီး လေးခုရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေ ဖြစ်လာကြတယ်”။

ထိုစကားကိုကြားတော့ ချင်ယွင်၏မျက်နှာသည် အံ့သြသွားသည့်အမူအရာ ပေါ်လွင်လာခဲ့ သည်။ သူသည် နတ်ဘုရားကမ္ဘာနှင့် ကြီးကျယ်ခမ်းနားသော နတ်ဘုရားနန်းတော်ကြီး လေးခုကို လျှော့တွက်ထားကြောင်း ချက်ချင်း သိလိုက်ရသည်။

All Chapters