အခန်း ၁၃၀၉
Vol. 88 Ch. 1309
အခန်း (၁၃၀၉) နံရံတံတိုင်းကို မှီနေရတဲ့ မျက်မမြင်တစ်ယောက်က ဒီကမ္ဘာကြီးရဲ့ နယ်နိမိတ်ကို စိတ်ကူးကြည့်ခြင်း။
ယောင်ဖုန်း၏စကားကို ကြားပြီးနောက်, သူသည် ရေတွင်းထဲတွင်ထိုင်ကာ ကောင်းကင်ယံ ကို မျှော်ကြည့်နေသူ တစ်ယောက်အလား ကြီးလေးသော အမှားကြီတစ်ခုကို ကျူးလွန်မိ ကြောင်း ချက်ချင်း သဘောပေါက်သွားပါသည်။
ယခင်က, သူသည် ဝူဝမ်တောင်တန်ကမ္ဘာမြေတွင် ဖြစ်ပျက်ခဲ့သမျှကိုသာ မြင်နိုင်ခဲ့ပြီး၊ ယခုတော့ သူမှားနေပြီဆိုတာ သိလိုက်ရပါသည်။ နတ်ဘုရားကမ္ဘာသည် သူ ထင်ထားသည် ထက် များစွာ ကြီးမားနေပုံရသည်။
ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း ပြောသည်မှာ မှန်ပါသည်။ ကြီးကျယ်ခမ်းနားသော နတ်ဘုရားနန်းတော်ကြီးလေးခုသည် နတ်ဘုရားကမ္ဘာ ပေါ်ပေါက်လာသည့် အချိန်မှစ၍ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
သေမျိုးကမ္ဘာတွင်၊ အနှစ်တစ်ထောင်ကြာ တည်ရှိခဲ့သော ဂိုဏ်းတစ်ခုသည် ကြွယ်ဝသော အခြေခံအုတ်မြစ်ဖြင့် ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်သည်။ ထို့အပြင်၊ နတ်ဘုရားနန်းတော်ကြီး လေးခုသည် အချိန်အတော်ကြာ တည်ရှိနေခဲ့ပြီး၊ ထိုကာလအတွင်း တိုးမြင့်လာနိုင်သည့် အင်အားကြောင့် ချင်ယွင်၏ နှလုံးသည်ပင် ဖောင်းကားလာခဲ့သည်။
သူသည် ကမ္ဘာကြီးကို အထင်သေးရှုံ့ချသည့် အပြုမူမျိုး ပြသခဲ့သော်လည်း သူ၏ မိုးကုတ်စက်ဝိုင်းက သေးငယ်လွန်းသည်တော့ မဟုတ်လှပေ။ လူတစ်ယောက်၏ ဖြစ်တည်မူ အခြေအနေ အရွယ်အစားကို သူ၏ အောင်မြင်မှုတွေက မည်မျှ ကြီးမားလဲ ဆိုသည့်အရာဖြင့် ဆုံးဖြတ်ကြပါသည်။ ချင်ယွင်သည် ကနဦးစကြဝဠာကို ပိုင်ဆိုင်ထား သော်လည်း၊ အကယ်၍, သူ့စိတ်နှလုံးထဲတွင် ဖြစ်တည်မူအခြေအနေသာ လုံလောက်အောင် ကြီးမားလာခြင်းမရှိပါက, အဆုံးတွင် ကနဦးစကြဝဠာသည် လုံးဝ တိုးတက် ပြောင်းလဲလာလိမ့်မည် မဟုတ်ပေ။
ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် ချင်ယွင်၏အမူအရာကို မြင်ပြီး၊ ပူစပြုနေသော သံမဏိကို ထုရိုက်လိုဟန်ဖြင့် ပြောလိုက်သည် “နတ်ဘုရားနယ်ပယ်မှာ သာမာန်အားဖြင့်၊ ကြယ်နတ်ဘုရားနယ်ပယ်တွေမှာ ကွာခြားမှု သိပ်မရှိကြဘူး။ အဲဒီပါရမီရှင်တွေတောင်မှ သိပြီးအစွမ်းမထက်ကြဘူး။ ဒါပေမယ့်, သူတို့ မြေကမ္ဘာနတ်ဘုရားနယ်ပယ်ကို ရောက်သွား တာနဲ့ ကွဲပြားသွားလိမ့်မယ်။ နတ်ဘုရားနန်းတော်ကြီးလေးခုရဲ့ အစစ်မှန် လက်ရွေးစင်တွေ ဟာ နတ်ဘုရားစွမ်းရည်တွေအရဖြစ်စေ, နည်းစနစ်တွေအရဖြစ်စေ, ဒါမှမဟုတ်, အတွေ့အကြုံအရဖြစ်စေ, ဘယ်နေရာမဆို နတ်ဘုရားမြို့တော် ၁၆ ခုမှာ နေထိုင်ကြသူ တွေထက် ပိုပြီး အစွမ်းထက်ကြတယ်။ သူတို့က နတ်ဘုရားနန်းတော်ကြီးတွေရဲ့ အရေးကြီးဆုံး အဖွဲ့ဝင်တွေဖြစ်ကြတယ်။ အဆင့်တူချင်းမှာဆို, နတ်ဘုရားနန်းတော်ကြီး လေးခုက လက်ရွေးစင်တွေဟာ ဆယ်ယောက် တစ်ယောက်တောင် တိုက်ခိုက်နိုင်တယ်”။
“ဆယ်ယောက် တစ်ယောက်လား” ချင်ယွင်သည် အံ့အားသင့်သော အမူအရာကို ဖော်ပြလိုက်မိသည်။
သူသည် ကျင့်ကြံခြင်းနယ်ပယ်အဆင့်တူအတွင်းမှာ ဆယ်ယောက် တစ်ယောက် တိုက်ခိုက် ခြင်းမျိုးကို တူညီစွာ လုပ်ဆောင်နိုင်သော်လည်း, သူတွေ့ကြုံခဲ့ဖူးသည့် လူများကြားတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်စွမ်းရှိသူ တစ်ယောက်မှ မရှိခဲ့ပါဘူး။ ယောင်ဖန်းက သူ့ကို အဘယ့်ကြောင့် ဒီစကားတွေ ပြောနေမှန်း သူ နားလည်စပြုလာသည်။
“ငါက မင်းကို သတိပေးတဲ့အနေနဲ့ ပြောပြတာပဲ။ သေချာတာက, မင်းရဲ့ အရည်အချင်းနဲ့ အလားအလာကလည်း နတ်ဘုရားနန်းတော်က အဲဒီလက်ရွေးစင်တွေထက် အားမနည်း ဘူး။ မောက်မာမှုကြောင့် ပါရမီရှင်တစ်ဦး ပျက်ဆီးသွားမှာကို ငါ မမြင်ချင်ရုံသက်သက်ပဲ” ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ပြောသည်။
ချင်ယွင်သည် အိုးတိုးအမ်းတန်း အမူအရာဖြင့် သူ့ခေါင်းကို ကုတ်လိုက်ပါသည်။ ယောင်ဖုန်း၏ စကားတွေက သူ့ကို အရွယ်ရောက်ပြီးသူတစ်ယောက်က ကလေးငယ် တစ်ယောက်ကို သင်ခန်းစာတစ်ခု သင်ပေးနေသလို ခံစားရစေသည်။ သေချာသည်မှာ, သူသည် ယောင်ဖုန်းပြောသည့်စကားအပေါ် အလွန်မင်း ကျေးဇူးတင်ပြီး၊ မှတ်သားထားပါ သည်။
"ကျေးဇူးတင်ပါတယ်" ဟု ချင်ယွင်က ကျေးဇူးတင်စကား ပြောလိုက်သည်။
အခု ယောင်ဖုန်းသည် သူမ၏ရုပ်ရည်အသွင်ပြင်က လုံးဝ ပြောင်းလဲသွားသော်လည်း သူမ၏ အမူအရာနှင့် စိတ်နေသဘောထားက အတိအကျ အရင်အတိုင်းပင်။ ထို့ကြောင့် ချင်ယွင်သည် သိပ်ပြီး ထူးဆန်းသွားခြင်းမျိုးမရှိပါဘူး။
"ကျေးဇူးတင်ရမှာက ငါပဲ။ မင်းက ငါ့အသက်ကို အခုပဲ ကယ်တင်ခဲ့တာ။ တကယ်လို့ မင်းသာ အချိန်မီ ရောက်မလာခဲ့ရင်, အခုလေးတင်, ငါ ရှောင်ချင်းဖန်ရဲ့ သတ်ဖြတ်မူကို ခံရလိမ့်မယ်” ယောင်ဖုန်းက ပြောသည်။
ချင်ယွင်က ပြုံးလိုက်သည်။ ယောင်ဖုန်း ဒဏ်ရာရနေသေးသည်ကိုမြင်တော့ သူက အလောတကြီး ပြောလိုက်သည် "ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း, မင်းရဲ့ ဒဏ်ရာတွေကို အရင်ကုသသင့်တယ်။ ငါ မင်းကို ကာကွယ်ပေးထားမယ်။"
ချင်ယွင်၏စကားကို ကြားသောအခါ ယောင်ဖုန်းက ခေါင်းညိတ်လိုက်သည်။
သူမသည် တကယ်ကို ကုစားဖို့ လိုအပ်နေပြီ။ အကယ်၍ သူမသာ ဘိုးဘေးနတ်ဘုရား ဖီးနစ် ကျောက်စိမ်းချဉ်ဆီ၏ စွမ်းအားကို မထိန်းချုပ်နိုင်ခဲ့ပါက၊ သူမသည် စစ်မှန်သော ဖီးနစ်နတ်ဘုရား၏ အစစ်မှန် ခန္ဓာကိုယ်ကို မပေါင်းစည်းနိုင်ရုံသာမက၊ သူမသည် ထာဝရ ရှေ့ဆက် တိုးနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ယောင်ဖုန်း သည် တင်ပျဉ်ခွေထိုင်ကာ သူမ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို စတင် ထိန်းချုပ်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်သည် သဘာဝအတိုင်း ပြန်လှည့်ပြီး ယောင်ဖုန်းကို ကာကွယ်ပေးရန် တောင်တက်လမ်းအဝင်ဝကို စောင့်နေကြည့်သည်။
ယခုအခါ အနက်ရောင် နတ်ဘုရားကျောက်တောင်အပေါ်မှ ကန့်သတ်ချက်များကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ ထိုကြောင့် တစ်စုံတစ်ဦးသည် ဖြတ်ကျော်ပြီး အချိန်မရွေး ရောက်လာနိုင်ပါသည်။ ယခုအချိန်တွင် ယောင်ဖုန်းသည် သူမ၏ ခွန်အားကို ပြန်လည် ရရှိရန် တိတ်ဆိတ်သော ပတ်ဝန်းကျင်တစ်ခု လိုအပ်နေသည်။ ထို့ကြောင့် ချင်ယွင်သည် စောင့်ကြပ်သူအဖြစ် သဘာဝအတိုင်း ခံယူထားသည်။
ဘန်း….၊ ချင်ယွင်သည် နတ်ဘုရားကျောက်တောင်ထိပ်ရှိ လှေကားထစ်များပေါ်တွင် ထိုင်နေပြီး, သူ့နောက်မှ ကျောက်တုံးတစ်ခုကို မှီကာ ကျောပေးထားသည်။ သူသည် ကျင့်ကြံနေသော ယောင်ဖုန်းကို အဝေးမှ လှမ်းကြည့်လိုက်သည်။
"ဖူး..”
သို့သော် အမွှေးတိုင်တစ်ချောင်းထွန်းညှိချိန် မကုန်ဆုံးခင်, မူလက ကျင့်ကြံနေခဲ့သော ယောင်ဖုန်းသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်၏ အကြည့်များသည် လေးနက်စွာဖြင့် မျက်မှောင်ကြုတ်မိသွားသည် ။
သူ့စိတ်ဝိညာဉ်ကို အသုံးမချနိုင်သော်လည်း ယောင်ဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ လွင့်မျောနေသော အငွေ့အသက်ကို သူ ခံစားနိုင်ပါသေးသည်။ ဘိုးဘေးနတ်ဘုရား ဖီးနစ် ကျောက်စိမ်းချဉ်ဆီ၏ စွမ်းအားသည် ပြင်းထန်လွန်းသည်။ ယောင်ဖုန်း၏ နတ်ဘုရား တန်ခိုးသည် ဤစွမ်းအားကို မထိန်းချုပ်နိုင်တော့ပါ။ ယခု ဤစွမ်းအားသည် သူမ၏ ခန္ဓာကိုယ်ကို အထိန်းကွပ်မဲ့ ဖျက်ဆီးနေသည်။ ထို့ကြောင့် ယောင်ဖုန်း၏ ခန္ဓာကိုယ်သည် မကြာမီတွင် လုံးဝ ပေါက်ကွဲသွားဖွယ်ရှိသည်။
တစ်နည်းအားဖြင့် ယောင်ဖုန်းသည် အန္တရာယ်ရှိနေပြီ ဖြစ်သည်။
"ဖူး”။
ဟုတ်ပါသည်။ ချင်ယွင်သည် ဤအကြောင်းကို စဉ်းစားပြီးသည်နှင့် ကောင်းကင်နတ်ဘုရား မ ယောင်ဖုန်းက နောက်ထပ် သွေးတစ်လုတ်ကို ထွေးထုတ်ပြီး လုံးဝကို မေ့မြောသွားခဲ့ပါ သည်။
"လခွမ်းကွာ”
ချင်ယွင်သည် ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ အခြေအနေကို မြင်သောအခါ ချက်ချင်း ကျိန်ဆဲမိသည်။
ယခုအချိန်တွင်၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ တန်ခိုးသည် အထိန်းချုပ်ကင်းလုနီးပါး ဖြစ်နေခဲ့သည်။ ယခု ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် သတိလစ်သွားခဲ့သည်။ ဤအရာက သေခြင်းတရားကို လုံးဝ စောင့်ဆိုင်းနေခြင်းမျိုး မဟုတ်ပါလော။
ထို့ကြောင့် ချင်ယွင်သည် ပုံရိပ်ယောင်အဖြစ် ပြောင်းသွားခဲ့ပြီး ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ အနားတွင် ပေါ်လာသည်။
ချင်ယွင်သည် လက်တစ်ဖက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး ကောင်းကင်နတ်ဘုရား မ ယောင်ဖုန်း၏ နောက်ကျောပေါ်တွင် တင်လိုက်ပါသည်။ သူသည် သူမကိုယ်တွင်းမှ နတ်ဘုရားတန်ခိုး ပြောင်းလဲမှုများကို ခံစားသိရှိပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ရူးသွပ်နေသော နတ်ဘုရားတန်ခိုးကို ဖိနှိပ်ရန်အတွက် သူ့ကိုယ်ပိုင် နတ်ဘုရားတန်ခိုး စွမ်းအားကို အားကိုးလိုခဲ့သည်။ သို့သော်, ထိုနတ်ဘုရားတန်ခိုး စွမ်းအားသည် အလွန် ပြင်းထန်လွန်းပြီး ချင်ယွင်၏စွမ်းအားဖြင့် မဖိနှိပ်နိုင်ကြောင်းကို ချင်ယွင် တွေ့ရှိခဲ့ရသည်။
ချင်ယွင်၏ မျက်ခုံးများသည် ချက်ချင်းပင် ပြင်းထန်စွာ တွန့်သွားခဲ့ပြီး၊ သူ့မျက်လုံးများတွင် ရုန်းကန်နေသည့် အမူအရာ ပေါ်လာသည်။
"မေ့လိုက်ပါ။ ဒါက အရေးမကြီးပါဘူးလေ။ လူကယ်တင်ဖို့က ပိုအရေးကြီးတယ်။" ချင်ယွင်သည် အံတင်းတင်းကြိတ်ပြီး သူ့မျက်လုံးထဲမှာ ဆုံးဖြတ်ချက် ပြတ်သားသည့် အမူအရာက ပျံ့နှံ့လာခဲ့သည်။
သူ၏လက်ကို ဝှေ့ရမ်းလိုက်ခြင်းဖြင့် သူ့ရှေ့ရှိ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းကို ကနဦးစကြဝဠာထဲသို့ တိုက်ရိုက် စုပ်ယူသွားခဲ့သည်။
ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုး စွမ်းအင် အတက်အကျလှိုင်းများသည် ကြမ်းတမ်းလွန်းလှသည်။ ချင်ယွင်၏ ခွန်အားဖြင့်၊ သူသည် ၎င်းတို့ကို တိုက်ရိုက် မခုခံနိုင်ပေ။ ထို့ကြောင့်၊ သူသည် ဤစွမ်းအားကို ဖိနှိပ်ရန်အတွက် ကနဦးစကြဝဠာ၏ စွမ်းအားကိုသာ အားကိုးနိုင်ပါသည်။
"ဖန်း..”
သို့သော်၊ ချင်ယွင်သည် ယောင်ဖုန်းကို ကနဦးစကြဝဠာထဲသို့ ထည့်လိုက်စဉ်မှာပင် သူမ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများက တဟုန်ထိုး မြင့်တက်လာကာ သူမ၏ခန္ဓာကိုယ်ပေါ်ရှိ အဝတ်စားများကို ကွဲကြေသွားစေခဲ့သည်။
ချက်ခြင်းပင်၊ ယောင်ဖုန်း၏ ပြီးပြည့်စုံပြီး နူးညံ့သော ခန္ဓာကိုယ်သည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ ချင်ယွင်သည် ချက်ချင်းပင် သွေးအန်လိုစိတ်ကို ခံစားလိုက်ရသည်။ သူသည် ယောင်ဖုန်း၏ ပေါ်လွင်နေသော ခန္ဓာကိုယ်ကို ဖုံးအုပ်ထားရန် ယောင်ဖုန်းအတွက် နတ်ဘုရားတန်ခိုးကုတ်အင်္ကျီကို တစ်ဖန် ပြန်လည်စုစည်းရန်အတွက် ကနဦးစကြဝဠာ၏ စွမ်းအားကို အလျင်အမြန် စုစည်းလိုက်ရသည်။
ချင်ယွင်သည် သူ့နှလုံးသားထဲတွင် သူ့အပြစ်တွေအတွက် တိတ်တဆိတ် ရွတ်ဆိုနေမိ သည်။ ကံကောင်းထောက်မစွာ၊ ယောင်ဖုန်းသည် သတိလစ်နေဆဲဖြစ်ပြီး ဖြစ်ပျက်နေသည် ကို မသိနိုင်ပေ။ မဟုတ်ရင်, သူမ မည်သို့ ခံစားရမည်ကို သူ တကယ်မသိနိုင်ပါဘူး။
ချင်ယွင်၏နှလုံးသည် လျင်မြန်စွာ တည်ငြိမ်သွားသည်။ အဘယ့်ကြောင့်ဆိုသော်, ယောင်ဖုန်းသည် သူမ၏တောင့်ခံနိုင်စွမ်း ဆုံးရှုံးတော့မည် ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ချင်ယွင်သည် သူမ၏ ဒဏ်ရာများကို ကုသရန် အာရုံစိုက်လိုက်ရပါသည်။
ဘန်း….။
ချင်ယွင်သည် သူ့အတွက် ဘိုးဘေးနတ်ဘုရားဖီးနစ် ကျောက်စိမ်းချဉ်ဆီ၏တန်ခိုး စွမ်းအားကို စတင်ဖိနှိပ်ရန် ကနဦးစကြဝဠာ၏ စွမ်းအားကို လှုံ့ဆော်လိုက်ပါသည်။ သို့သော်လည်း ဘိုးဘေးနတ်ဘုရားဖီးနစ် ကျောက်စိမ်းချဉ်ဆီ၏ တန်ခိုးစွမ်းအားသည် တကယ်ကို သန်မာလွန်းလှသည်။ ချင်ယွင်၏ ကနဦးစကြာဝဠာပင်လျှင် အနည်းငယ် ခက်ခဲနေသည်။
"ဒီတန်ခိုးစွမ်းအားကို ငါတို့ မတားနိုင်ဘူးဆိုတော့, ငါတို့ ရှင်းပစ်နိုင်တာပဲ" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး ယောင်ဖုန်းအတွက် ဖီးနစ်ခန္ဓာကိုယ်ကို ပေါင်းစည်းရန် အတွက် ကနဦးစကြာဝဠာ၏ စွမ်းအားကို စုစည်းလိုက်ပါသည်။
သို့သော် သူ လုံးဝ မပေါင်းစည်းနိုင်သေးခင်, ချင်ယွင် သွေးချောင်းဆိုးလောက်သည့် မြင်ကွင်းက ဖြစ်ပျက်သွားပြန်သည်။ ဤယောင်ဖုန်းသည် ဖီးနစ်ခန္ဓာကိုယ်အသစ်တစ်ခုကို ပေါင်းစည်းပေးနေစဉ်, အစောပိုင်းက သူဖန်တီးထားသော နတ်ဘုရားတန်ခိုး အပြင်ဘက် ၀တ်ရုံသည် အမှန်တကယ် ပျောက်ကွယ်သွားပြီး၊ သူမ၏ ခန္ဓာကိုယ်သည် ချင်ယွင်၏ ရှေ့တွင် ပြီးပြည့်စုံစွာ ပေါ်လာပြန်သည်။