← Chapters

အခန်း ၁၃၁၁

Vol. 88 Ch. 1311

အခန်း ၁၃၁၁

Vol. 88 Ch. 1311

အခန်း (၁၃၁၁) တောင်ထိပ်ပေါ်တွင်။

ဝှီး…။

ချင်ယွင်သည် သူ့လက်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ဒုတိယမြောက် နတ်ဘုရား ကျောက်တောင်ထိပ်ပေါ်တွင် ပြန်ပေါ်လာသည်။ မှန်ပါသည်၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည်လည်း တစ်ချိန်တည်းတွင် ပေါ်လာခဲ့သည်။

ထိုအချိန်တွင်၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ ရုပ်အသွင်သည် နတ်ဘုရား တန်ခိုးမှ ပေါင်းစပ်ထားသော အဖြူရောင် ရိုးရိုးစကတ်ကို ၀တ်ဆင်ထားပြီး ဖြစ်သည်။ အဖြူရောင် စကတ်သည် ရိုးရိုးရှင်းရှင်း ဖြစ်သော်လည်း၊ ၎င်းသည် သူမ၏ ပြီးပြည့်စုံပြီး လက်ရာမြောက်သော ရုပ်ရည်အသွင်ပြင်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့, သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခုလုံးက ချင်ယွင်၏ စိတ်ထဲမှာ တဖန်ပေါ်လာသည်။ မကောင်းဆိုးဝါးမီးတောက်လှိုင်းက အလိုအလျောက် ပေါက်ကွဲ ထွက်လာပြီး ချင်ယွင်၏မျက်နှာမှာ အဆင်မပြေသည့် အမူအရာတစ်ခုကိုပင် ထုတ်ဖော် ပြသလာသည်။

ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် ချင်ယွင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ စူးရှသော အေးစက်မှုက ချင်ယွင်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ထိုကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်က မြေကမ္ဘာနတ်ဘုရားထက် သာလွန်နေပြီ ဖြစ်သည်။

ဤအေးစက်မှုသည် ချင်ယွင်၏ခန္ဓာကိုယ်ရှိ မကောင်းဆိုးဝါး မီးတောက်အားလုံးကို ချက်ချင်း ငြိမ်းသတ်ပစ်လိုက်သည်။

ကံကောင်းထောက်မစွာ၊ ဤယောင်ဖုန်းသည် အအေးဓာတ်ကို ထုတ်လွှတ်ခြင်းသာ သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ မဟုတ်ပါက၊ ချင်ယွင်၏ လက်ရှိအင်အားဖြင့်၊ သူသည် ယောင်ဖုန်း၏ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

"အဲဒါ... ငါ ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ပါဘူး" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ရှင်းပြသည်။

"ပါးစပ်ပိတ်ထားစမ်း” ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ချက်ချင်း အေးစက်စွာ အော်လိုက်သည်။

သူမ ကိုယ်လုံးတီးခန္ဓာကိုယ်ကို မြင်တွေ့သွားကြောင်း သူမအနေဖြင့် မသိဘဲနေမည်နည်း။ သူမ နိုးလာသောအခါ, သူမသည် အခြားကမ္ဘာတစ်ခုတွင် အဝတ်ဗလာဖြင့် လဲလျောင်းနေ ရှာသည်။ မှန်းဆစရာပင် မလိုချေ။ ဤအရာအားလုံးသည် ချင်ယွင်၏ ဂရုစိုက်မူ ဖြစ်ကြောင်း သူမ သိလိုက်သည်။ သို့သော်လည်း ချင်ယွင်က သူမကို ကူညီပေးခဲ့သည်ကို သူမ သိပါသည်။ မဟုတ်ရင် သူမမှာ နတ်ဘုရားစိတ်ဝိညာဉ်တောင် ရှိတော့မှာ မဟုတ်ပါ ဘူး။

သို့သော်လည်း ဆန့်ကျင်ဘက်လိင်နှင့် တစ်ခါမျှ မထိတွေ့ဖူးသော သူမသည် သူမ၏ ခန္ဓာကိုယ်ကို ယောက်ျားတစ်ယောက်မှ မြင်နေရသည်ဟူသော အချက်ကို လက်မခံနိုင် သေးပေ။ ထို့ကြောင့် ချင်ယွင်က ရှက်ရွံ့သော အမူအရာကို ထုတ်ပြလိုက်သည့် အခိုက်တွင် သူမသည် သတ်ဖြတ်လိုစိတ်ကိုပင် အမှန်တကယ် သတိရသွားသေးသည်။ ကံကောင်း ထောက်မစွာ၊ ချင်ယွင်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်း မဟုတ်ကြောင်း သူမသိသည်။ အကယ်၍, ချင်ယွင်သာ အမှန်တကယ် လုပ်ချင်သည်ဆိုလျှင်, သူသည် သူမ သတိလစ်သွားချိန်မှာ သူမကို အမှားတစ်ခုခု လုပ်သွားနိုင်သည်။

ကံကောင်းထောက်မစွာ၊ သူမသည် ချင်ယွင်ကို ရွှံ့ရှာမုန်းတီးခြင်းမျိုး မရှိပေ။ အကယ်၍ သူမ စက်ဆုပ်ရွှံရှာသော ယောက်ျားတစ်ယောက် ဖြစ်နေခဲ့လျှင်, သူမအပေါ် ကြင်နာမှုဖြင့် ပေးဆပ်ခဲ့လျှင်ပင်, သူမသည် သူ့ကို ဓားဖြင့် အပိုင်းပိုင်းဖြတ်တောက်ပစ်ဉီးမည်။

ချင်ယွင်သည် ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ အေးစက်သော အမူအရာကို မြင်သောအခါတွင် ခေါင်းကို ကုတ်မိလိုက်သည်။

"ငါ့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မင်းစိတ်တွေ ပုပ်ပွနေရင်တောင် ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့" ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ချင်ယွင်ဘက်သို့ လှည့်ကာ သူ့မျက်လုံးများကို စူးရှသော အကြည့်ဖြင့် ပြောလိုက်သည်။

ချင်ယွင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ သူသည် ဤအမှန်တရားကို လျှောက်ပြောရအောင် အားယားနေမှာ မဟုတ်ပါဘူး။ ထို့အပြင်၊ ဤအရာသည် သဘာဝ အတိုင်း သူကိုယ်တိုင်ပင် နှစ်သက်ရသည့် ကောင်းသောအရာတစ်ခု ဖြစ်နေသည်။

ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် ချင်ယွင် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူမ၏ စူးရှသော အကြည့်ကို ထိန်းထားလိုက်သည်။

သူမသည် အရင်က ချင်ယွင်အပေါ် သွေးခုန်နှုန်း မြန်ဆန်သွားသေးသော်လည်း သူမ၏ အမြင်အရ, ဤသည်မှာ ခဏတာ လှည့်စားမှုတစ်ခုသာ ဖြစ်ပါသည်။ သူမနှင့် ချင်ယွင်ကြားတွင် ကြီးမားသော ကွာဟချက်တစ်ခု ရှိနေပါသေးသည်။

"မင်းရဲ့နောက်ထပ်အစီအစဥ်က ဘာလဲ။ မင်း ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်ထဲ ဝင်ချင်ရင် မင်းကို နတ်ဘုရားနန်းတော်ရဲ့ အမာခံတပည့်အဖြစ် တိုက်ရိုက် ဝင်ခွင့်ပြုလို့ရတယ်။ မင်းရဲ့အရည်အချင်းနဲ့ဆိုရင် မင်းက ကောင်းကင်နတ်ဘုရား နယ်ပယ် ကို တက်လှမ်းဖို့ အနှစ်တစ်ထောင်တောင် မလိုဘူး။" ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း က ချင်ယွင်ကို မေးသည်။

"မဟုတ်ဘူး၊ အခုလောလောဆယ်မှာ ငါ နတ်ဘုရားနန်းတော်တွေထဲ မ၀င်ချင်သေးဘူး။" ချင်ယွင်က ပြုံးပြီး ငြင်းလိုက်သည်။

သူသည် ထိုဖိတ်ကြားချက်များကို မည်မျှ ငြင်းပယ်ခဲ့ရသည်ကို မသိရသေးပါ။ ကောင်းကင် တုန်လှုပ်ခြင်းနတ်ဘုရားနန်းတော်တစ်ခုတည်းမှ ဖိတ်ခေါ်ချက်ကိုပင် သူသည် အနည်းဆုံး သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ပြီး ဖြစ်သည်။ သူ၏ပန်းတိုင်သည် အမြဲတမ်း လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော် ဖြစ်နေသေးသည်။

ချင်ယွင်၏ စကားကို ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ကြားသောအခါ၊ သူသည် အခြားဘာမျှ မပြောတော့ဘဲ၊ အနည်းငယ် နောင်တရနေခဲ့သည်။

"ဒါဆို တော်ညီအစ်မတွေကို ငါနဲ့အတူ ခေါ်သွားလိုက်မယ်။ သူတို့က မူလကတည်းက နတ်ဆိုးမျိုးနွယ်တွေပဲ။ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ထဲကို ဝင်တာက သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲ" ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ပြောသည်။

"အင်း…၊ သူမတို့ ငါ့နောက်လိုက်ဖို့က တကယ်ကို အဆင်မပြေဘူး။ သူမတို့ မင်းနောက်ကို လိုက်မယ်ဆို ငါ စိတ်ချနိုင်ပါတယ်" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည် ။

ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်နှင့် ပတ်သက်၍ ချင်ယွင်သည် ယခင်က ဝိညာဉ်နတ်ဘုရားမထံမှ ကြားခဲ့ဖူးသည်။

ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ ပင်မဒေါက်တိုင် အစစ်မှာ နတ်ဆိုး မျိုးနွယ်များ, နတ်ဆိုးနတ်ဘုရားများဖြင့် ဖွဲ့စည်းထားသည်။ လူသား ချီစစ်သည်တော်များ ရှိသော်လည်း၊ ၎င်းတို့သည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်တွင် အရေးပါ သော နေရာများကို မသိမ်းပိုက်နိုင်ခဲ့ကြပေ။ ထို့ကြောင့်၊ ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်သည် နတ်ဆိုးနတ်ဘုရားများနှင့် နတ်ဆိုးမျိုးနွယ်တို့ကသာ အမြဲတမ်း ပိုင်ဆိုင်ပါသည်။ တော်ညီအစ်မသည် အမြီးကိုးချောင်း ကောင်းကင်ကျောက်စိမ်း မြေခွေးများ ဖြစ်ကြသောကြောင့်, သူမတို့အနေဖြင့် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရား နန်းတော်သို့ သွားခြင်းသည် အမှန်တကယ်ပင် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။

"သွားရအောင်၊ တောင်ပေါ်ကဆင်းကြစို့" ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ပြောသည်။

ထိုစကားကို ပြောပြီးနောက် သူမသည် တောင်ပေါ်မှ ဆင်းသွားခဲ့သည်။ ချင်ယွင်သည် သူမနှင့် ဘေးချင်းကပ်လျက် လျှောက်လာခဲ့သည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံလာခဲ့ကြသော်လည်း, အများစုမှာ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း ဖြစ်သည်။ ချင်ယွင်က နားထောင်ရုံဖြစ်ပြီး၊ သူမပြောခဲ့သည့် အကြောင်းအရာတွေက နတ်ဘုရားကမ္ဘာ၏ ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်နေပါသည်။

ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် ချင်ယွင်၏မေးခွန်းနှင့် ပတ်သက်၍ ကြိုတင် ဖြေကြားထားခြင်း မရှိပေ။ ၎င်းတို့သည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ ပင်မအကြောင်းအရာ မေးခွန်းအချို့အပြင်၊ နတ်ဘုရားကပ်ဘေးဒုက္ခလည်း ပါဝင်သည်။

နတ်ဘုရားကပ်ဘေးဒုက္ခနှင့် ပတ်သက်၍မူ၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် အနည်းငယ် တားမြစ်ထားပုံရသည်။ သို့သော်, သူမသည် နတ်ဘုရားကပ်ဘေးဒုက္ခ အငြင်းပွားမှုအတွင်းမှာ မပါဝင်ခြင်းသည် အကောင်းဆုံး ဖြစ်ကြောင်း ချင်ယွင်အား ပြောခဲ့သည်။ သူ ပါဝင်ပတ်သက်ပြီးသည်နှင့် အလွယ်တကူ အသက် ဆုံးရှုံးသွားနိုင်သည်။

သို့သော်လည်း ချင်ယွင်သည် အသုံးဝင်သော အချက်အလက်အချို့ကိုလည်း ရရှိခဲ့ပါသည်။ ဤနတ်ဘုရားကပ်ဘေးဒုက္ခသည် အနှစ်တစ်သန်းကြာတိုင်း တစ်ကြိမ် ဖြစ်ပွားသော်လည်း၊ နတ်ဘုရားကပ်ဘေးဒုက္ခတစ်ခု၏ ကြာချိန်သည် အနှစ်တစ်ထောင် ဖြစ်သည်။ ဤအနှစ်တစ်ထောင်အတွင်း၊ နတ်ဘုရားကပ်ဘေးဒုက္ခသည် ပရမ်းပတာ ဖြစ်မည်မှာ သေချာပါသည်။

ချင်ယွင်သည် ဤအချက်အလက်ကို ကြားပြီးနောက်တွင် လေးနက်သော အတွေးတစ်ခု ဝင်လာခဲ့သည်။

နောက်တစ်ကြိမ် နတ်ဘုရားကပ်ဘေးဒုက္ခ ဆင်းသက်လာရန် သိပ်မလိုတော့ပေ။ ငါးနှစ်တာဆိုသည့် အချိန်က တိုတောင်းလွန်းလှသည်။ နတ်ဘုရားကပ်ဘေးဒုက္ခ၏ အစောပိုင်းကာလများတွင်၊ ၎င်းသည် တိုက်ပွဲငယ်တစ်ခုမျှသာ ဖြစ်နေဦးမည်။ နတ်ဘုရား နန်းတော်ကြီးလေးခုထဲမှ နတ်ဘုရားတွေ မပါဝင်သေးပါဘူး။ သို့သော်၊ နတ်ဘုရား ကပ်ဘေးဒုက္ခ၏ နောက်ပိုင်း အဆင့်များတွင်၊ နတ်ဘုရားများကြားမှာ စစ်ပွဲဖြစ်ပွားလိမ့် မည်။ ထိုအချိန်တွင်၊ ၎င်းစစ်ပွဲသည် ကောင်းကင်နှင့် မြေကြီးကိုပင် အမှန်တကယ် ဖျက်ဆီး လိမ့်မည်။ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ပါဝင်ခဲ့လျှင်ပင်, အသက်ရှင် ကျန်ရစ်သူ မရှိနိုင်တော့ပေ။

ယင်းက ချင်ယွင်၏ ခွန်အားကို တတ်နိုင်သမျှ တိုးမြှင့်ရန်နှင့် လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်သို့ တတ်နိုင်သမျှ အမြန်ဆုံး ဝင်ရောက်ရန် စိတ်ပိုင်းဖြတ်ထားမှုကို ပို၍ အားကောင်းစေခဲ့သည်။

သူသည် လေဟာနယ်နှင့်အချိန်ဘိုးဘေးနတ်ဘုရားကို ရှာတွေ့ပြီး နတ်ဘုရားကပ်ဘေး ဒုက္ခ လုံးလုံး မဖြစ်ပွားမီ သူ့မိဘများ၏ နေရာကို တောင်းဆိုချင်သည်။ ထိုသို့မဟုတ်လျှင်၊ နတ်ဘုရားကပ်ဘေးဒုက္ခသည် လုံးဝ ပေါက်ကွဲထွက်လာပြီး၊ ဘိုးဘေးနတ်ဘုရားတွေကြား တိုက်ပွဲဖြစ်လာသည်နှင့် ချင်ယွင်အတွက် ဘိုးဘေးနတ်ဘုရားကို အကူအညီတောင်းဖို့ ပိုခက်လာလိမ့်မည်။

ချင်ယွင်နှင့် ယောင်ဖုန်းတို့သည် တောင်ခြေသို့ လျင်မြန်စွာ ရောက်ရှိလာသည်။

တော်ယုနှင့် အခြားသူများသည် ချင်ယွင်နှင့် ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းတို့ လုံခြုံပြီး အဆင်ကြောင်း မြင်သောအခါတွင် သူတို့၏ စိတ်နှလုံးများသည် ပြေလျော့သွား ကြသည်။ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ ရုပ်ရည်အသွင်အပြင်သည် လုံးဝ ပြောင်းလဲသွားသော်လည်း သူမ၏ စိတ်နေစိတ်ထားမှာ ပြောင်းလဲသွားခြင်း မရှိပေ။ ထို့ကြောင့် လူတိုင်းက သူမကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိကြသည်။ သို့ရာတွင်၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ အေးစက်မှုကြောင့်လည်း သူတို့သည် ထိတ်လန့်သွားကြသည်။

ချင်ယွင်နှင့် ယောင်ဖုန်းတို့သည် လူအုပ်ရှေ့တွင် လမ်းလျှောက်လာပြီး စကားအနည်းငယ် ပြောကြသည်။ သူတို့ ရှေ့ဆက်လုပ်မည် အစီအစဉ်များကို အချင်းချင်း ပြောဆိုကြသည်။ တော်ညီအစ်မသည် ချင်ယွင်က သူမတို့နှင့်အတူ မသွားကြောင်းကို ကြားသောအခါတွင် သူမတို့ နှလုံးသားထဲတွင် အနည်းငယ် စိတ်ပျက်သွားကြသည်။ သို့သော် သူမတို့သည် တိတ်တဆိတ် လက်ခံရန် ရွေးချယ်ခဲ့သည်။

"စကားအနေနဲ့ ပြောရရင်, ငါတို့ ဒီဓားမြုပ်နှံခြင်းတောင်တန်းကနေ ဘယ်လို ထွက်နိုင်မှာ လဲ" ထိုအချိန်တွင် နီထိုက်စွေ့က ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ မူလက သူသည် ကြက်သွေးရောင် ကြေးနီတောင်တန်းကို ရှာဖွေပြီး ဤကမ္ဘာထဲမှ ထွက်ခွာရန် ၎င်းကို အသုံးပြုလိုသော်လည်း၊ ယောင်ဖုန်းက အနည်းဆုံး ကောင်းကင်နတ်ဘုရား နယ်ပယ်သို့ မရောက်ရှိမီအချိန်အထိ ကြက်သွေးရောင် ကြေးနီတောင်တန်းကို သွားမရှာခြင်းက အကောင်းဆုံး ဖြစ်ကြောင်း သူ့ကို သတိပေးခဲ့သည်။ ထို့ကြောင့်, သူသည် ထိုအကြံကို စွန့်လွှတ်လိုက်ရပါသည်။ (လမ်းမှာတွေ့ခဲ့သည့် တောင်တန်းကို မှတ်မိမည်ဟု ထင်ပါသည်)။

ထို့ကြောင့်၊ ကြက်သွေးရောင် ကြေးနီတောင်တန်း၏ အကူအညီမပါဘဲ ဓားမြှုပ်နှံခြင်း တောင်တန်းမှ မည်ကဲ့သို့ ထွက်နိုင်မည်ကို သူ အလွန်သိချင်နေခဲ့သည်။ သို့သော်၊ ဓားမြှုပ်နှံခြင်းတောင်တန်းသို့ ဝင်ရန်နှင့် ထွက်ရန်အတွက် အခြားနည်းလမ်းများ ရှိနေကြောင်း သူ သေချာပေါက် ပြောနိုင်ပါသည်။ မဟုတ်လျှင်, ရှောင်ချင်းဖန်နှင့် တခြားလူများသည် ဒီနယ်မြေထဲကို အလွယ်တကူ ကျူးကျော်ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ ထိုစဉ်တုန်းက သူ့ကို မေးမြန်းရန် မေ့သွားခြင်းက နှမြောစရာပင်။

"တကယ်တော့၊ ဓားမြှုပ်နှံခြင်းတောင်တန်းကနေ ထွက်ဖို့လမ်းက အရမ်းရိုးရှင်းပါတယ်။ ဒီနတ်ဘုရားနယ်မြေထဲမှာ အပြင်လောကအတွက် ထွက်ပေါက်ရှိပါတယ်။ ငါ့နောက်ကို လိုက်ခဲ့ပါ။" ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက လမ်းကြောင်းမှန်အတိုင်း လျှောက်လှမ်းရင်း ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်နှင့် တခြားသူတွေလည်း သဘာဝအတိုင်း သူမနောက်မှ လိုက်သွားကြသည်။

All Chapters