အခန်း ၁၃၁၂
Vol. 88 Ch. 1312
အခန်း (၁၃၁၂) တင်းထန်နှင့် ပြန်လည်တွေ့ဆုံခြင်း။
ထိုနောက်တွင် ချင်ယွင်နှင့် အခြားသူများသည် ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ ဦးဆောင်မှုအောက်တွင် ဓားမြှုပ်နှံခြင်းတောင်တန်းမှ အောင်မြင်စွာ ထွက်ခွာခဲ့ကြပြီး ဝူဝမ်တောင်တန်းနယ်မြေသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
နတ်ဘုရားကျောက်တောင်ကိုးခု၏ နောက်ကွယ်မှာ တယ်လီပို့စနစ် ရေကန်တစ်ခု ရှိနေသည်ကို သိရှိလာရပါသည်။ ဤတယ်လီပို့စနစ် ရေကန်မှတဆင့် သူတို့သည် နတ်ဘုရားနယ်မြေနှင့် ဓားမြှုပ်နှံခြင်းတောင်တန်းတို့မှ ထွက်ခွာနိုင်ခဲ့ပါသည်။
တကယ်တော့ အနက်ရောင် နတ်ဘုရားကျောက်တောင်ကြီးများ၏ နောက်ကွယ်မှာ အဆောက်အဦးတွေ ကြီးကြီးမားမား ရှိနေခဲ့သည်။ ထိုနေရာသည် နတ်ဘုရားနယ်မြေ၏ အလယ်ဗဟို ပင်မနယ်မြေဖြစ်ပြီး၊ ဘိုးဘေးနတ်ဘုရား အမှန်တကယ် နေထိုင်ခဲ့သည့် နေရာလည်း ဖြစ်ပါသည်။
သို့သော်၊ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် သူမ၏ အထွတ်အထိပ်အခြေအနေ မှာပင် သူမသည် ထိုအဆောက်အအုံကြီးထဲသို့ ဝင်ရောက်ခဲ့မည်ဆိုလျှင် သံသယ ဖြစ်ဖွယ် မရှိ သေဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုစကားကြားတော့ မည်သူမှ ယခုထက်ပို၍ နက်ရှိုင်းသောအရပ်သို့ သွားမည့်အတွေးမျိုး မရှိတော့ဘဲ၊ ထိုအတွေးများကို သူတိုစိတ်ထဲမှ လုံးလုံးလျားလျား ဖယ်ထုတ်ပစ်လိုက်ပါ သည်။
သူတို့သည် ဘိုးဘေးနတ်ဘုရား၏ နည်းလမ်းများကို မျက်မြင်ကိုယ်တိုင် ကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ အနက်ရောင် နတ်ဘုရားကျောက်တောင်များကို ကန့်သတ်ထားသည့် အကန့်သတ်များကပင် ၎င်းတို့အား မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ ရပြီး ဖြစ်သည်။ ဤသည်မှာ ဘိုးဘေးနတ်ဘုရား၏ နည်းလမ်းအနည်းငယ်မျှသာ ဖြစ်ပါသေးသည်။ အကယ်၍, သူတို့သည် ဘိုးဘေးနတ်ဘုရား ချမှတ်ထားသည့် ကြီးကျယ်ခမ်းနားသော နတ်ဘုရားစွမ်းရည် ကန့်သတ်ချက်များကို အမှန်တကယ် ကြုံတွေ့ရပါက၊ ချင်ယွင်သည် ကနဦးစကြာဝဠာကို ပိုင်ဆိုင်ထားလျှင်ပင်, သူသည် ရှင်သန်လွတ်မြောက်နိုင်မည်ဟု မပြောဝံ့ပေ။ ထို့ကြောင့် ထွက်ခွာခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ဘန်း…။
လူအုပ်ကြီးသည် ပြင်ပကမ္ဘာတွင် ပြန်လည် ပေါ်ပေါက်လာသောအခါတွင် သူတို့ ခန္ဓာကိုယ် အပေါ် ကန့်သတ်ချုပ်ချယ်မှုများ မရှိတော့ကြောင်း ချက်ချင်း ခံစားခဲ့ရပြီး၊ ၎င်းတို့၏ မူလခွန်အားကို ပြန်လည်ရရှိကာ ပြန်လည် ပျံသန်းနိုင်ခဲ့ကြသည်။
"ချင်ယွင် ဒီမှာ ခွဲကြရအောင်။ ဒါ ငါ့ရဲ့ သတင်းပို့ခြင်း နတ်ဘုရားအဆောင်ပဲ။ မင်း တစ်ခုခု လိုရင် ငါ့ကို ရှာလို့ရတယ်။" ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ချင်ယွင်ကို တိုက်ရိုက် ပြောသည်။
"ကောင်းပါပြီ။" ချင်ယွင်က သဘောတူပြီး ခေါင်းညိတ်ကာ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း၏ နတ်ဘုရားအဆောင်ကို ယူလိုက်ပါသည်။
တော်ယုနှင့်တော်အန်းတို့သည် တွန့်ဆုတ်နေသော အမူအရာများကို ဖော်ပြနေကြသည်။ သို့သော်လည်း ချင်ယွင်၏ ပြုံးပြနေသော မျက်နှာကို မြင်လိုက်ရသောအခါတွင်, သူမတို့သည် ချင်ယွင်အား လက်ပြနှုတ်ဆက်ရုံသာ တတ်နိုင်တော့သည်။ ထို့နောက် ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းသည် တော်ညီအစ်မများကို ခေါ်ဆောင်ကာ အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်သည် အမျိုးသမီး သုံးယောက် ထွက်သွားသည်ကို ကြည့်ရင်း သူ့စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းကြေကွဲမူကို ခံစားလိုက်ရပါသည်။ အဆုံးတွင်, သူမတို့သည် ကြီးကျယ်ခမ်းနားသည့် အလှပိုင်ရှင်သုံးယောက် ဖြစ်သည်။ ယခုလို အတိုင်းထားခဲ့ဖို့ကြ အနည်းငယ်တော့ ဝန်လေးနေခဲ့သည်။
နောက်တဖန် နှုတ်ဆက်ကြမည့်လူတွေတော့ ရှေးဟောင်းတာအိုဆရာသခင်နှင့် ချူယွန် ပါ။ သူတို့နှစ်ဦးသည် မြင့်မြတ်သောကောင်းကင်ဘုံ နတ်ဘုရားနန်းတော်သို့ သွားရန် စီစဉ်ထားကြသည်။ သူသည် ဤကမ္ဘာထဲမှ မထွက်ခွာမီ အချိန်ကြာမြင့်စွာကတည်းက ဝိညာဉ်နတ်ဘုရားမနှင့် ဆက်သွယ်ခဲ့ပြီး ဖြစ်ကြောင်း ချင်ယွင် သိထားပြီး ဖြစ်သည်။ ရှေးဟောင်းတာအို ဆရာသခင်နှင့် ချူယွန်တို့သည် လွင့်မျောနှင်းမြို့တော်သို့ သွားရောက် သရွေ့ လွင့်မျောနှင်းမြို့တော်သည် ၎င်းတို့အား အမာခံအဖွဲ့ဝင်များအဖြစ် တိုက်ရိုက် လက်ခံမည် ဖြစ်သည်။
အဆုံးတွင်၊ ဝိညာဉ်နတ်ဘုရားမသည် လွင့်မျောနှင်းမြို့တော်, မြို့တော်သခင်၏ ညီမဖြစ်ပြီး လွင့်မျောနှင်းမြို့တော်တွင် သူမ၏အဆင့်အတန်းသည် ထူးထူးခြားခြား ဖြစ်ပါသည်။ ယခုလို အသေးအမွှားကိစ္စလေးများကို လွယ်လွယ်ကူကူနှင့် ပြီးမြောက်နိုင်ပါသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်၏ ဆရာဖြစ်ခဲ့ပြီး, ဝိညာဉ်နတ်ဘုရားသည် ယခုအခါ ချင်ယွင်၏ အမျိုးသမီး ဖြစ်နေပြီ။ အဆုံးတွင်၊ ဝိညာဉ်နတ်ဘုရားမက ရှေးဟောင်း တာအိုကို မြင်တွေ့သောအခါ ဆရာကြီးဟု ခေါ်ရလိမ့်မည်။ ထို့ကြောင့်, သဘာဝအတိုင်း၊ ရှေးဟောင်းတာအိုသည် လွင့်မျောနှင်းမြို့တော်သို့ ရောက်သောအခါ, ဆိုးဆိုးရွားရွား ဆက်ဆံခံရမည် မဟုတ်ပေ။
ချူယွန်နှင့် ရှေးဟောင်းတာအိုတို့သည် နှုတ်ဆက်ထွက်ခွာသွားပြီးနောက်တွင် ချင်ယွင်နှင့် နီထိုက်စွေ့သာ ကျန်ပါတော့သည် ။
နီထိုက်စွေ့သည် နှောင်ဖွဲ့ကင်းသည့် နတ်ဘုရားတစ်ပါး ဖြစ်သည်။ ချုပ်နှောင်ခြင်းကို မကြိုက်သောကြောင့် သူသည် မည်သည့်နတ်ဘုရားနန်းတော်ကိုမျှ စိတ်မ၀င်စားဘဲ၊ မည်သည့်နတ်ဘုရားနန်းတော်ကိုမှ မ၀င်ချင်ခဲ့ပေ။ ထို့ကြောင့် သူ့တွင် လောလောဆယ် သွားစရာနေရာမရှိသောကြောင့် သူသည် ချင်ယွင်နောက်သို့ လိုက်ရန် သဘာဝအတိုင်း ရွေးချယ်ခဲ့သည်။
ချင်ယွင်သည် နေသာဧကရာဇ်ကို တွေ့ဆုံရန်အတွက် ခေါင်းလောင်းလေ နတ်ဘုရား နန်းတော်၏ ကြယ်အလင်းမြို့တော်သို့ သွားရန် စီစဉ်ထားခဲ့သည်။ နောက်ဆုံးတွင်၊ သူသည် သူနှင့်အတူ ရှေးဟောင်းနယ်မြေတစ်ခု စူးစမ်းလေ့လာမည်ဟု နေသာဧကရာဇ်ကို ကတိပေးခဲ့သည်။
အမှန်တကယ်ဆို, ချင်ယွင်သည် ရှေးဟောင်းနယ်မြေဟု ခေါ်သည့်နေရာကို သိပ်ပြီး စိတ်မဝင်စားသော်လည်း၊ သူ၏လက်ရှိအင်အားဖြင့် မြို့တော်သခင်တစ်ဦးကို မသတ်နိုင် သေးဘဲ လေဟာနယ်နှင့်အချိန် နတ်ဘုရားနန်းတော်၏ မစ်ရှင်ကို အပြီးမသတ်နိုင်သေး ပေ။ ထို့ကြောင့်၊ သူသည် သူ့ခွန်အားကို နောက်တစ်ကြိမ် မြှင့်တင်ရန် အခွင့်အလမ်းများ ရနိုင်မလားဟု သိလိုသည့်အတွက် ရှေးဟောင်းနယ်မြေဟုခေါ်သော ထိုနေရာသို့သာ သွားနိုင်ပါတော့သည်။
"သွားရအောင်၊ ကြယ်အလင်း နတ်ဘုရားမြို့တော်ကို သွားရအောင်။" ချင်ယွင်က သူ့ဘေးက နီထိုက်စွေ့ကို ပြောသည် ။
"ကောင်းပြီ၊ နွားအိုကြီးက လမ်းပြပေးလိမ့်မယ်။ ဆရာကြီးချင်, မင်းက ဘယ်နေရာကို ရွေးရမလဲဆိုတာ တကယ်သိသာပဲ။ ကြယ်အလင်း နတ်ဘုရားမြို့တော် လေလမင်း မျှော်စင်ထဲက နတ်သမီးလေးတွေဟာ တကယ်ကို အရည်ရွှမ်းပြီး ရက်ရက်စက်စက် လှကြတယ်..." နီထိုက်စွေ့က ချင်ယွင်အား ကြယ်အလင်း နတ်ဘုရားမြို့တော်, လေလမင်းမျှော်စင် အကြောင်းကို ရေပက်မဝင် စပြောတော့သည်။
နတ်ဘုရားကမ္ဘာတွင် လေလမင်းမျှော်စင်သည် လေဝင်လေထွက်ကောင်းသော မြေပြင် တစ်ခု ဖြစ်ပါသည်။ အမျိုးသမီးအများစုသည် အင်မော်တယ်အဆင့် သို့မဟုတ် နတ်ဘုရားတစ်ပိုင်း အဆင့်တွင် ရှိကြသည်။ အဆိုပါ အမျိုးသမီးများသည် ကျင့်ကြံရေး အရင်းအမြစ်များ ရရှိရန်အတွက် သူမတို့၏ ခန္ဓာကိုယ်များကို ရောင်းဝယ် ဖောက်ကားရန် အတင်းအကြပ် တွန်းအားပေး စေခိုင်းခံရသူများ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် သဘာဝအတိုင်း ကြယ်အလင်း နတ်ဘုရားမြို့တော်၏ အဓိကအင်္ဂါရပ်တစ်ခု ဖြစ်လာသည်။
ထုံးစံအတိုင်း၊ အခြားနတ်ဘုရားမြို့များလည်း ထိုကဲ့သို့နေရာမျိုး ရှိကြပါသည်။ သို့သော် ကြယ်အလင်း နတ်ဘုရားမြို့တော်ရှိ လေလမင်းမျှော်စင်သည် အကျော်ကြားဆုံး ဖြစ်သည်။ နီထိုက်စွေ့သည် တစ်ကြိမ်ရောက်ရှိခဲ့ဖူးပြီး၊ သူသည် နတ်ဘုရားကျောက်တုံး အနည်းငယ်ကို အသုံးပြုကာ အင်မော်တယ် ဧကရာဇ်အဆင့် အမျိုးသမီးတစ်ဦးနှင့် အိပ်ခဲ့သည်။ ထိုနောက်မှာတော့ သူသည် လုံးဝကို ယစ်မူးသွားခဲ့ပါသည်။
ဤနယ်ပယ်သို့ ရောက်ရှိနေကြသည့် မည်သူမဆို ၎င်းတို့၏ ရုပ်ရည်အသွင်အပြင်များကို ပြောင်းလဲနိုင်သည်။ ထို့ကြောင့် သာမန်အမျိုးသမီးများ၏ ရုပ်ရည်အသွင်အပြင်သည်ပင် အလွန်ဆိုးရွားမည် မဟုတ်ပေ။ သို့သော် သူတို့၏ စိတ်နေစိတ်ထားကတော့ မတူကြပေ။ သူတို့၏ ကျင့်ကြံမှုအဆင့် မြင့်မားလာလေ၊ သူတို့၏ စိတ်နေစိတ်ထားက မြင့်မားလာလေ ဖြစ်သည်။
တစ်ချိန်က လေလမင်းမျှော်စင်မှာ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံမှု ရှိသည့် ပန်းခေါင်းဆောင်တစ်ယောက် ရှိခဲ့ဖူးသည်။ သူမ၏ သာမန်ထက် ထူးခြားသော ရုပ်ရည် အသွင်အပြင်ပြင်, သူမနှင့်တစ်ညလုံး အိပ်ခွင့်ရရန်အတွက် ဈေးနှုန်းက ကောင်းကင်ဘုံတမျှ မြင့်မားလှသည်။
ချင်ယွင်က ဤကိစ္စကို စိတ်မဝင်စားပါဘူး။ အကယ်၍ သူသည် အမျိုးသမီးများအတွက် အမှန်တကယ် အလိုရမ္မက် လောဘကြီးသူဖြစ်ပါက၊ သူသည် ဝိညာဉ်နတ်ဘုရားကို သွားရောက် ရှာဖွေရန်, သို့မဟုတ် ကနဦးစကြဝဠာထဲမှာကတည်းက ကောင်းကင် နတ်ဘုရားမ ယောင်ဖုန်းကိုပင် တိုက်ခိုက်နိုင်သည်။
ကောင်းကင်နတ်ဘုရားအဆင့် အမျိုးသမီးတစ်ဦး၏ စိတ်နေစိတ်ထားသည် သဘာဝ အတိုင်း အလွန်ကောင်းမွန်နေသည်မှာ ပြောပြနေစရာ မလိုအောင်ပင်။
နီထိုက်စွေ့၏ စိတ်အားထက်သန်သော အကြည့်ကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်သည်။
သို့သော်လည်း သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပင် လျင်မြန်သော အလင်းတန်းက ချင်ယွင်ဆီ ပြေးလာပြီး သူ့ရှေ့မှာ ပေါ်လာပါသည်။
ချင်ယွင်သည် ဤပုံရိပ်ကိုမြင်သောအခါ ခဏတာ မှင်သက်သွားပြီး ပြုံးပြလိုက်သည်။
ဤပုံရိပ်ရှင်သည် အသိအကျွမ်း ဖြစ်နေဆဲဖြစ်ကြောင်း ပေါ်လွင်နေပါသည်။ အတိအကျ ပြောရရင်တော့, ထိုပုံရိပ်ရှင်သည် ကောင်းကင်ဘုံထွဋ်မြို့တော်၏ အကြီးဆုံး သခင်လေး တင်းထန်ဖြစ်ပြီး၊ ယခင်က သူ့ကို ထွက်ပြေးသွားရသည်အထိ ရိုက်နှက်ခဲ့သူ ဖြစ်သည်။
ယခင်က ချင်ယွင်၏ ကျင့်ကြံမှုသည် အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်တွင်သာ ရှိနေခဲ့သည်။ သူသည် ပေါင်းစပ်နတ်ဘုရားစွမ်းအားကို အသုံးပြုထားသော်လည်း၊ ကြယ်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်တွင်ရှိနေသည့် တင်းထန်အတွက်မူ ၎င်းသည် ပြိုင်ဘက်မဟုတ်ခဲ့ပေ။ ထို့ကြောင့် သူသည် နောက်ဆုံးတွင် ထွက်ပြေးရန်သာ ရွေးချယ်နိုင်ခဲ့သည်။
အခု ဤတင်းထန်ကို ထပ်တွေ့ရမည်ဟု သူ မမျှော်လင့်ထားပါဘူး။ တင်းထန်သည်လည်း ချင်ယွင်၏ တည်နေရာကို အချိန်အတော်ကြာအောင် ရှာဖွေနေပုံရပြီး သူ့ကို အမှန်တကယ် တွေ့လိမ့်မည်ဟု သူကိုယ်တိုင်လည်း မျှော်လင့်မထားလောက်ပေ။
သေချာသည်မှာ, လက်ရှိ ချင်ယွင်သည် အရင်က ချင်ယွင်နှင့် မတူတော့ပါဘူး။ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်ကို မဆိုထားနှင့်, အစောပိုင်း မြေကမ္ဘာ နတ်ဘုရားနယ်ပယ်မှာ ရှိနေလျှင်ပင် သူသည် လုံးဝ မကြောက်တော့ပါဘူး။ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်သည် သူ့ရှေ့တွင် တစ်ချက် လှုပ်ရှားရုံသာ ဖြစ်ပါ သည်။ ထို့ကြောင့် တင်းထန်သည် ယခုအခိုက်အတန့်သို့ ရောက်ရှိလာခြင်းမှာ, သူ့အမြင်အရဆို, ကိုယ့်ကိုယ်ကို သတ်သေရန် လှုပ်ရှားမှုတစ်ခုသာ ဖြစ်ပါသည်။
"ချင်ယွင်၊ မင်းက တကယ်ကို ဒီမှာရှိနေတာပဲ။ အခုတစ်ကြိမ် မင်း ဘယ်ကို ထွက်ပြေးဦးမလဲလို့ ငါ မြင်ချင်မိတယ်” တင်းထန်က ကျယ်လောင်စွာ အော်ပြောလိုက် သည်။ သူ့လက်ဖဝါးကို ဖြန့်လိုက်ပြီး ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။ ၎င်းအလင်းတန်းသည် ဆယ်မိုင်ပတ်လည်တစ်ခုလုံးကို ဖုံးအုပ်ထား သည့် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ချင်ယွင်သည် ထိုမြင်ကွင်းကိုမြင်သောအခါ သူသည် မတတ်နိုင်စွာ ပြုံးနေလိုက်မိသည်။ သူ့နောက်တွင်ရှိသော နီထိုက်စွေ့သည်ပင် မပြုံးဘဲမနေနိုင်တော့ပေ။
ချင်ယွင်သည် မည်မျှ တန်ခိုးကြီးသည်ကို သူ သိသည်။ ထို့ကြောင့် သူသည် လုံးဝ စိတ်မပူပေ။
"စိတ်မပူပါနဲ့၊ ငါ ထွက်မပြေးပါဘူး။ ဒါပေမယ့် ငါ ဒီမှာရှိနေတာကို မင်း ဘယ်လိုသိတာလဲ" ချင်ယွင်သည် ကိုယ့်ကိုယ်ကို သဘောကျနေသော တင်းထန်ကို အဝေးမှ လှမ်းကြည့်ကာ အပြုံးဖြင့် မေးလိုက်သည်။
"ဟား..၊ ဟား…၊ မင်းထွက်ပြေးချင်ရင်တောင်မှ, မင်းပြေးနိုင်တော့ပါဘူး။ ဒီရွှေရောင် ကောင်းကင်စည်းတံဆိပ်က အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းပဲ" "တကယ်လို့, မင်းသာ ကောင်းကင်ယံကို ပိတ်ဆို့နိုင်ပြီဆိုရင်, မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေတောင် ဒီနေရာကနေ ထွက်ခွာနိုင်စွမ်း မရှိတော့ဘူး။ ဆိုတော့, မင်းအနေနဲ့ မင်းရဲ့သေခြင်းတရားကို နာခံမူရှိစွာနဲ့ စောင့်နေသင့်တယ်။ မင်း ဒီမှာရှိနေတာကို ငါ ဘာလို့ သိတာလဲဆိုတော့, ဟမ့်၊ လေဟာနယ်နဲ့ အချိန်နတ်ဘုရား နန်းတော်က အတိတ်နဲ့ အနာဂတ်ကို မြင်နိုင်တယ်ဆိုတာ မင်း မသိဘူးလား။ မင်း ဒီမှာ ပေါ်လာနိုင်တဲ့ အချက်အလက်တွေ ရဖို့အတွက် ငါ စျေးကြီးကြီး ပေးခဲ့ရတယ်။ မင်း ဒီမှာရှိနေဖို့ ငါ မမျှော်လင့်ထားဘူး" တင်းထန်က ချင်ယွင်ကို လူသေတစ်ယောက်ကို ကြည့်နေသည့်အလား ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်ပါသည်။
ချင်ယွင်၏ မျက်နှာက ရုတ်တရက် အံ့ဩသည့် အမူအရာ ပေါ်လာပါသည်။ ဤသတင်းကို လေဟာနယ် နှင့် အချိန်နတ်ဘုရားနန်းတော်မှ ရရှိခဲ့ပုံရသည်။ ထို့ကြောင့် အံ့သြစရာ မဟုတ်တော့ပါဘူး။