← Chapters

အခန်း ၁၃၁၃

Vol. 88 Ch. 1313

အခန်း ၁၃၁၃

Vol. 88 Ch. 1313

အခန်း (၁၃၁၃) သတင်းအချက်လက် ကုန်သွယ်ရေး။

လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် သတင်းအချက်အလက်များကို ဝယ်ရောင်းနိုင်သည်။ ဤအချက်ကို တော်ယုနှင့်တော်အန်းတို့က ချင်ယွင်ကို အရင်ကတည်းက ပြောပြထားပြီးသား ဖြစ်သည်။

ကောင်းကင်ဘုံကို ရှာဖွေခြင်း, ကောင်းကင်ဘုံကို ရှာဖွေခြင်း, ကောင်းကင်ဘုံကို ရှာဖွေခြင်း၊

ထိုအထဲတွင် ဈေးအသက်သာဆုံး အချက်အလက်က လူတွေအကြောင်းကို မေးမြန်းခြင်း ပင်။ သေချာသည်မှာ, ဤသတင်းအချက်များသည် အတော်လေး စျေးပေါပါသည်။ သာမာန်အားဖြင့်၊ ကြယ်နတ်ဘုရားအဆင့် ကျွမ်းကျင်သူအကြောင်းကို မေးမြန်းလိုပါက, အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းတစ်ခု၏ တန်ဖိုးကိုသာ လိုအပ်မှာဖြစ်ပြီး၊ မြေကမ္ဘာနတ်ဘုရားများအတွက်မူ အဆင့်မြင့်အဆင့် နတ်ဘုရားပစ္စည်းတစ်ခု၏ တန်ဖိုးကို လိုအပ်မှာဖြစ်ပါသည်။ ကောင်းကင်နတ်ဘုရားတစ်ပါးသည် ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းတစ်ခု၏တန်ဖိုးကို လိုအပ်မည် ဖြစ်ပါသည်။

ဘိုးဘေးနတ်ဘုရားများအတွက်မူ မေးနေစရာပင် မလိုအပ်ချေ။ အကယ်၍, မေးလာခဲ့လျှင် ပင်၊ ပြောပြနိုင်မှာ မဟုတ်ပါဘူး။ ဤအရာက အဖိုးမဖြတ်နိုင်သည့် သတင်းအချက်အလက် ဖြစ်ပါသည်။

တော်ယုနှင့် တော်အန်းတို့သည် ဘိုးဘေးနတ်ဘုရား၏ ကိုယ်ပိုင်ပစ္စည်းဖြင့်ပင် ဓားမြုပ်နှံ ခြင်းတောင်တန်းသို့ ဝင်ရောက်ရန် နည်းလမ်းတစ်ဝက်မျှသာ တောင်းဆိုနိုင်ခဲ့ကြသည်။ မေးမြန်းကြည့်လျှင်, မည်မျှကုန်ကျမည်ကို တွေးကြည့်နိုင်ပါသည်။

ကောင်းကင်ဘုံကို ရှာဖွေခြင်းအတွက်မူ၊ လေဟာနယ်နှင့်အချိန် ဘိုးဘေးနတ်ဘုရားသည် ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမှာဖြစ်ပြီး၊ ထိုပေးရမည့်စျေးနှုန်းကိုလည်း ဘိုးဘေး နတ်ဘုရားတွေသာ ကိုယ်တိုင်ကိုယ်ကျ အဆိုပြုနိုင်ပါလိမ့်မည်။

ချင်ယွင်က သူ့မိဘတွေကို ရှာဖွေချင်ခဲ့သည်။ သူသည် လူတွေနှင့်ပတ်သက်သည့် မေးခွန်းကို မေးမြန်းခြင်းဖြစ်သည်ဟု ပြော၍ရသော်လည်း လက်တွေ့မှာတော့ မဖြစ်နိုင်လောက်ပေ။ ဤကိစ္စတွင် ပါဝင်ပတ်သက်မှုက အလွန်များနေသည်ဟု သူသည် ယောင်ဝါးဝါး ခံစားနေမိသည်။ ထို့ကြောင့် လူတွေအကြောင်း မေးမြန်းရုံနှင့် မလုံလောက် တော့ပါ။ ကောင်းကင်ဘုံအကြောင်း မေးမြန်းသည့်အဆင့်အထိပင် ရောက်ရှိသွားနိုင်သည်။

ထို့ကြောင့် ချင်ယွင်သည် ဤအကြောင်းကို နားလည်သွားပြီးနောက်၊ သူသည် သတင်းအရောင်းဝယ်အတွက် လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်ကို ရှာဖွေရန် အလျင်စလို မဖြစ်တော့ပေ။ သေချာသည်မှာ, အကယ်၍, အခွင့်သာခဲ့လျှင်, ချင်ယွင်သည် ဤအရာကို စမ်းသပ်ကြည့်ရန် ရွေးချယ်ထားတုန်းပဲ။

တင်းထန်သည် သူ့အချက်အလက်တွေကို လေဟာနယ်နှင့်အချိန်နတ်ဘုရားနန်းတော် ဆီက အမှန်တကယ် ဝယ်ယူခဲ့သည်ကို သူ ကြားလိုက်ရသည့်အခါ, သူသည် ထပ်ခါထပ်ခါ ရယ်မောနေမိပါသည်။

တင်းထန်သည် သူ့ကို သတ်ပစ်ရန် ရည်ရွယ်ချက်က မည်မျှ ကြီးမားလိုက်သနည်း?။ သူသည် ဤမျှမြင့်မားသော စျေးနှုန်းကို အမှန်တကယ် ပေးဆောင်ရန် ဆန္ဒရှိနေခဲ့သည်။ သို့သော်, သူ့ညီဖြစ်သူ တင်းချန် အသတ်ခံရပြီး၊ သူ့အပေါ် လှည့်စားမူများ ပြုလုပ်ခဲ့သည့် အကြောင်းကို တွေးတောပြီးနောက်, သူ အမျက်ဒေါသ မထွက်မှသာ ထူးဆန်းနေပါလိမ့် မည်။

"ချင်ယွင်, ဒီနေ့က မင်းရဲ့သေနေ့ပဲ။ မင်းက ငါ့ညီတင်းချန်ကို သတ်ပစ်လိုက်တယ်။ သူ့ကို ဂုဏ်ပြုဖို့အတွက် မင်းရဲ့သွေးကို ငါ အသုံးပြုမယ်" ကောင်းကင်ဘုံထွဋ်မြို့တော်ရဲ့ ဂုဏ်သိက္ခာက မင်းလို ပုရွက်ဆိတ်တွေ ရန်စနိုင်တဲ့အရာ မဟုတ်ဘူးဆိုတာ မင်း သိစေချင်တယ်။” တင်းထန်က ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောသည်။ သူ့လက်ထဲတွင် အလယ်လတ်အဆင့် နတ်ဘုရားဓားတစ်ချောင်း ပေါ်လာသည်။

"ကောင်းကင်ဘုံထွဋ်မြို့တော်ရဲ့ ဂုဏ်သိက္ခာလား?။” ထိုစကားကိုကြားတော့, ချင်ယွင်သည် ဟာသတစ်ခုကြားလိုက်ရသည့်အလား ချက်ချင်း ရယ်မောလိုက်သည်။

"မင်း ဘာရယ်တာလဲ?" တင်းထန်က ဒေါသတကြီး တုန့်ပြန်သည်။

သူ့အမြင်အရဆို, ချင်ယွင်သည် အလွန်ထိတ်လန့်သွားကာ, သူ့ကို ဒူးထောက်ပြီး သနားညှာတာပေးရန် တောင်းပန်သင့်သည်။ သူသည် မည်မျှပင် အခြေအနေဆိုးဝါးပါစေ, ထွက်လွတ်မြောက်ဖို့ လမ်းစကို တွေးနေရလိမ့်မည်။ ယင်းအစား သူက ဘယ်လိုလုပ် ရယ်မောနေရသနည်း?။

"ငါနွားအိုကြီး တုံးအပါတယ်။ မင်းက ငါနွားအိုကြီးထက်တောင် မိုက်မဲတုံးအနေသေးတယ်။ မင်းကို စောစော ထွက်ပြေးဖို့ ငါ အကြံပေးချင်တယ်။ မဟုတ်ရင် မင်း ဘယ်လိုသေသွားမှန်း တောင် သိမှာမဟုတ်ဘူး။" ချင်ယွင်က ဘာစကားမှ မ​ပြောခင်​ သူ့​နောက်​မှ နီထိုက်စွေ့က ​ပြောသည်​။

"သူပြောတာ မှန်တယ်။ မင်း အခုထွက်သွားရင် ငါ မင်းကို အသက်ရှင်လျက် ထွက်သွားခွင့် ပြုနိုင်သေးတယ်။ ဒါပေမယ့်, မင်း ဒီထက်ပိုပြီး မိုက်မဲနေမယ်ဆိုရင်တော့, မင်း ဒီနေ့ ထွက်သွားဖို့ မလိုတော့ဘူး။" ချင်ယွင်က သူ့နောက်ကျောတွင် လက်နှစ်ဖက်ပစ်ပြီး ရပ်နေကာ တင်းထန်ကို မထီမဲ့မြင်ပြုပြီး ကြည့်လိုက်သည်။

မြစ်ဝါမြစ် အရှေ့ဘက်ခြမ်းတွင် နှစ် ၃၀ နှင့် အနောက်ဘက်ခြမ်းတွင် နှစ် ၃၀ သည် ချင်ယွင် အတွက် လုံလောက်သည်။ သို့သော် တင်းထန်သည် ယင်း၏နောက်ကွယ်မှ အကြောင်းရင်းကို နားမလည်နိုင်ခဲ့ပေ။ ("30 years on the east side of the river and 30 years on the west side". It's a metaphor that conveys the idea that past events may recur in the future။) (မြစ်အရှေ့ဘက်ခြမ်းတွင် နှစ် ၃၀ နှင့် အနောက်ဘက်တွင် နှစ် ၃၀ ဟူသည် အတိတ်က အဖြစ်အပျက်တွေဟာ အနာဂတ်မှာ ပြန်ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆကို ဖော်ညွှန်းတဲ့ ဥပမာတစ်ခု ဖြစ်ပါသည်။)။

"လှည့်ကွက်တွေ လာကစားနေတယ်ပေါ့" တင်းထန်က ဒေါသတကြီး အော်ဟစ်လိုက် သည်။ သူ့လက်ထဲမှ ဓားက ရုတ်တရက် အသံထွက်လာပြီး၊ ဓားအလင်းနှင့်အတူ ချင်ယွင်ဆီသို့ ချက်ချင်း ခုတ်ပိုင်းလိုက်ပါသည်။

တင်းထန် လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါ ချင်ယွင်သည် ခေါင်းကို တစ်ချက်ခါလိုက်သည်။ ဤတင်းထန်၏မျက်လုံးအမြင်သည် ရှောင်ချင်းဖန်ထက် ပိုကောင်းသည့်ပုံ မပေါ်ပေ။

ချင်ယွင်သည် ဝင်လာသော ဓားအလင်းကို ကြည့်ရန် ခေါင်းကိုမြှောက်လိုက်ပြီး၊ ရှောင်တိမ်းရန် ရည်ရွယ်ချက်မရှိဘဲ သူ့မျက်နှာပေါ်တွင် ပေါ့ပါးသော အပြုံးတစ်ခု ခိုတွဲထားသည်။

"ဟမ့်၊ မင်းက သေချင်နေတာပဲ” ချင်ယွင်က ရှောင်တိမ်းခြင်းမျိုး မရှိသည်ကို မြင်သည့်အခါ သူ့ကို တကယ်ဘဲ အနိုင်ကျင့်နေသည်ဟု တင်းထန်က ရူမြင်သွားပြီး၊ သူသည် ချက်ချင်းပင် ပေါ့ပါးသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။ သူသည် သူ၏ဓားသိုင်းပညာကို အသုံးပြုထားပြီး၊ တူညီသောအဆင့်ရှိ အထွတ်အထိပ် ကြယ်နတ်ဘုရား ကျွမ်းကျင်သူများ ပင်လျှင် ၎င်းကို ဂရုမစိုက်ဘဲမနေဝံ့ချေ။

ချင်ယွင်သည် သူ့ဓားကို ဆွဲထုတ်ခြင်းမရှိသလို ရှောင်တိမ်းခြင်းလည်း မရှိပေ။ ဤအရာက သေခြင်းတရားကို တောင်းခံနေခြင်းမဟုတ်လျှင်, ဘာလဲ?။

သို့သော် နောက်အခိုက်အတန့်တွင် သူသည် မှင်သက်သွားရသည်။ သူ့တစ်ကိုယ်လုံးသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ပုံရပြီး၊ ထိတ်လန့်တကြား ဖြစ်ကာ တစ်ချက်မှ မလှုပ်ရှားနိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့ရသည်။

သူ ခုတ်ပိုင်းလိုက်သော ဓားအလင်းသည် ချင်ယွင်၏ မျက်ခုံးနှင့် တစ်ပေခန့်သာသာ အကွာဝေးရောက်လာချိန်မှာ ချင်ယွင်သည် ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ ထိုဓားအလင်းကို သူ့လက်ထဲတွင် အတင်း ဆုပ်ကိုင်ထားသည်။

ဟုတ်ပါသည်။ သင် မမှားပါဘူး။ ၎င်းသည် ဓားအလင်းမျှသာဖြစ်ပြီး ဓားသွား မဟုတ်ပေ။

ဓားအလင်းသည် အစစ်အမှန် မဟုတ်သော်လည်း ဓားစွမ်းအားမှ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ သာမာန်အားဖြင့်၊ ဓားအလင်းသည် အရာဝတ္တုတစ်ခုကို ထိမှန်သောအခါ၊ ၎င်းသည် စွမ်းအားကြောင့် တိုက်ရိုက်ပေါက်ကွဲနိုင်သည်။ သို့သော်လည်း ချင်ယွင်သည် လက်ဗလာဖြင့် ဖမ်းဆုပ်ကိုင်ထားသည်။ ဤအရာက တင်းထန်အတွက် လုံးဝ မဖြစ်နိုင်ပါဘူး။

"ဒါ...ဒါက မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး!" တင်းထန်က ထိတ်လန့်သော အမူအရာဖြင့် ပြောသည်။ သူ့ရှေ့မှာ ဖြစ်ပျက်နေသည့်အရာကို သူ မယုံနိုင်ပါဘူး။

လွန်ခဲ့သည့် လအနည်းငယ်က၊ ချင်ယွင်သည် သူ၏ဓားကို ခံယူနိုင်ရန် အလွန်ခက်ခဲခဲ့ သော်လည်း ယခုအခါတွင် သူ၏ဓားအလင်းကို လက်ဗလာဖြင့် အမှန်တကယ် ဖမ်းဆုပ် နိုင်နေပြီ ဖြစ်သည်။ ထိုကဲ့သို့ ပြင်းထန်သော သက်ရောက်မူမျိုးကို မည်သူမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

"ငါ မင်းကို ပြန်ပေးမယ်”။

ချင်ယွင်က ရယ်မောပြီး သူ့လက်ချောင်းကို ဖျပ်ခနဲလှုပ်ရှားလိုက်ပြီး ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။

ဓားအလင်းသည် လွင့်ထွက်သွားပြီး ကောင်းကင်ယံမှ တင်းထန်ဆီသို့ တိုက်ရိုက် ပျံသန်းသွားသည်။

ဤနည်းအားဖြင့် စွမ်းအားသည် အနည်းငယ်မျှ လျော့မသွားဘဲ ပို၍ပင် အားကောင်းလာပြီး အမြန်နှုန်းသည်ပင် ပို၍ပင် ကြောက်စရာကောင်းလာသည်။

တင်းထန်သည် ပြန်ရောက်လာသော ကြောက်စရာကောင်းသည့် ဓားအလင်းကို ကြည့်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူသည် ဓားအလင်းကို ပိတ်ဆို့ရန်အတွက် သူဓားကို အလျင်စလို ဝှေ့ယမ်းလိုက်သည်။

ချွင်…။

သို့သော် သူ့လက်ထဲမှ ဓားသည် ဓားအလင်းနှင့် တိုက်မိသွားသည့်အခါ သူ့တစ်ကိုယ်လုံး လျှပ်စီးကြောင်းကြီးနှင့် ထိမှန်သွားသလို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် လုံးဝ အထိန်းအကွပ်မဲ့စွာ နောက်ပြန် လွင့်ပျံသွားကာ အဝေးက နတ်တောင်ပေါ်သို့ ထိုးကျသွားသည်။

သူ့နောက်မှ နတ်တောင်ကြီးသည် ပေါက်ကွဲသွားပြီး၊ ကျောက်တုံးများက ကောင်းကင်ကို ပင် လှုပ်ခါသွားစေသည်။

တင်းထန်သည် အပျက်အစီးများကြားထဲတွင် လဲလျောင်းနေပြီး သူ့မျက်နှာမှာ ထိတ်လန့်သည့် အမူအရာများဖြင့် ပြည့်နေသည်။

"ဒါ...ဒါက ဘယ်လိုခွန်အားမျိုးလဲ" အမှန်အတိုင်း ပြောရလျှင် တင်းထန်သည် အကြောက်တရားများ ပြည့်နှက်လာခဲ့သည်။

သူသည် ချင်ယွင်၏ တည်နေရာကို ရှာဖွေရန် ပြင်းပြင်းထန်ထန် အားထုတ် ကြိုးပမ်းခဲ့ သော်လည်း နောက်ဆုံးရလာဒ်မှာ သူမျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်သွားခဲ့ သည်။

သူသည် ဤနေရာသို့ သူ့ကိုသတ်ရန် ရောက်ရှိလာခြင်း မဟုတ်ဘဲ၊ အသတ်ခံရန် ရောက်ရှိလာခြင်း ဖြစ်နေသည်။

"မဖြစ်နိုင်ဘူး၊ လွန်ခဲ့တဲ့ လအနည်းငယ်က သူ့ရဲ့ ခွန်အားက ကြယ်နတ်ဘုရား နှောင်းပိုင်း အဆင့်မှာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ အခု သူက ဘယ်လို သန်မာလာတာလဲ။" မည်သို့ပင်ဖြစ်စေ, တင်းထန်သည် ဤအရာကို မျှော်လင့်မထားပါဘူး။

သို့သော် သူ့အတွေးများ မပြီးဆုံးခင်မှာပင် သူ့ရှေ့တွင် ပုံရိပ်တစ်ခုက ငြိမ်သက်စွာ ပေါ်လာ သည်။

ချင်ယွင်သည် သူ့နောက်တွင် လက်တစ်ဖက်ကို ပစ်ထားပြီး တင်းထန်ကို လေးနက်စွာ ငုံ့ကြည့်နေသည်။

တင်းထန်၏စိတ်တွေ လှုပ်ခါသွားခဲ့သည်။

ဒီအကြည့်း….။

မထီမဲ့မြင်ပြုခြင်း၊ ဗလိုင်းကြီး ရှုံ့ချခြင်း။

တင်းထန်သည် သူ လွယ်လွယ်ကူကူနှင့် သတ်ပစ်၍ရနိုင်သည်ဟု ထင်ခဲ့ဖူးသည့် လူက အဆုံးတွင် သူ့အား ယခုလို မထီမဲ့မြင်အကြည့်ဖြင့် ကြည့်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး။

သို့သော် ဤအခိုက်အတန့်တွင် သူ့နှလုံးသားထဲမှာ ဒေါသအရိပ်အယောင်မျှ မရှိပါ။ ယင်းအစား ကြောက်ရွံ့ခြင်း၊ သေခြင်းတရားကို ကြောက်လန့်ခြင်းနှင့် ချင်ယွင်၏ အမည်မသိသော ခွန်အားကို ကြောက်ရွံ့ခြင်းကသာ တဟုန်ထိုး မြင့်တက်လာနေသည်။

"အရင်က မင်းရဲ့ ခွန်အားကို ဖုံးကွယ်ထားတာလား" တင်းထန်သည် မတတ်နိုင်ဘဲ တံတွေးတစ်လုပ် မျိုချလိုက်သည်။ သူ သေသွားလျှင်ပင်, သူသည် ငြိမ်းချမ်းစွာ သေဦးမည်။

"မဟုတ်ဘူး၊ လွန်ခဲ့တဲ့လအနည်းငယ်က ငါ မင်းနဲ့မယှဉ်နိုင်ဘူး။ ဒါပေမယ့် အခု မင်းကို သတ်ပစ်ရတာ ငါ့အတွက် လွယ်ကူသွားပြီ။ ငါ ဘာလို့ ဒီလောက်မြန်မြန် တိုးတက်နေရတာ လဲဆိုတာ မင်းကိုယ်တိုင်က ဖြည်းဖြည်းချင်း နားလည်သင့်ပါတယ်။" ချင်ယွင်က ရယ်မောပြီး လက်ချောင်းတစ်ချောင်းကို ထုတ်ရန် လက်ကို ဆန့်တန်းလိုက်သည်။

သူ၏လက်ချောင်းတွင် မည်သည့်အရာမျှမရှိ၊ ပေါင်းစပ်နတ်ဘုရားတန်ခိုးသာ ရှိပါသည်။

ချင်ယွင်သည် ပေါင်းစပ်နတ်ဘုရားတန်ခိုးကို ထုတ်လွှတ်လိုက်ပြီး၊ ချက်ချင်း လေထဲသို့ ဆန့်ထုတ်လိုက်သည်။ သူသည် သေးငယ်သော နတ်ဘုရားတန်ခိုး ဓားတစ်ချောင်းကို ဆွဲထုတ်ပြီး၊ မျက်လုံးများတွင် ထိတ်လန့်နေသော တင်းထန်၏ မျက်ခုံးများကြားရှိ နေရာဆီသို့ ထိုးဖောက်လိုက်ပါသည်။

ဘန်း..။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လူသေအလောင်းပါ ပျောက်သွားခဲ့သည်။

ချင်ယွင်သည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး ပြန်မကြည့်ဘဲ ထွက်သွားလေသည်။

နတ်ဘုရားမြို့တော် ၁၆ ခု သည် နတ်ဘုရားကမ္ဘာ၏ အောက်ခြေတွင်သာ ရှိနေကြောင်း ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းထံမှ သိရှိရပြီးကတည်းက သူသည် မြို့တော် ၁၆ ခု အပေါ်မှာ လေးစားခြင်း မရှိတော့ခဲ့ပေ။

All Chapters