← Chapters

အခန်း ၁၃၁၅

Vol. 88 Ch. 1315

အခန်း ၁၃၁၅

Vol. 88 Ch. 1315

အခန်း (၁၃၁၅) ဖုန်ယဲ့လုန်။

“ခွန်အားက အရိပ်မြွက်ပဲ ပြောနိုင်တာလား” အနက်ရောင်ဝတ်ရုံဝတ်လူ၏ အသံသည် အနက်ရောင်ဝတ်ရုံ အောက်မှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် အနည်းငယ် ဒေါသထွက်သွားသည်။

အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်ဆိုလည်း အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ပေါ့။ အဘယ့်ကြောင့် 'ဖြစ်သင့်တယ်' ဆိုသည့် စကားလုံးကို ထည့်ပြောရသနည်း?။ လုပ်ကြံသတ်ဖြတ်သူ တစ်ဦးအနေဖြင့်၊ အကြီးမားဆုံး တားမြစ်ချက်က ရန်သူ၏ နောက်ခံကို မှန်းဆ၍မရခြင်း ဖြစ်သည်။ ထို့ကြောင့် အနက်ရောင်ဝတ်ထားသူသည် ရှောင်ဟန်ရှန်၏စကားကို ကြားသောအခါ အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

“အရှင် ကောင်းကင်တမန်, စိတ်အေးအေးထားပါ၊” ဒီလက်အောက်ငယ်သားက တိကျတဲ့ အချက်အလက်ကို မပေးချင်လို့ မဟုတ်ပါဘူး။ ဒီကောင်စုတ်လေးရဲ့ ကျင့်ကြံမှုက နည်းနည်း ထူးဆန်းနေလို့ပါ။ ဒီလူရဲ့ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှုက နှောင်းပိုင်း ကြယ်နတ်ဆိုး နတ်ဘုရားအဆင့်မှာ ရှိပြီး၊ သူ့ရဲ့ချီသန့်စင်ခြင်း ကျင့်ကြံမူကတော့ နတ်ဘုရားတစ်ပိုင်းအဆင့်မှာပဲ ရှိနေတာကြောင့်ပါ။ ဒါပေမယ့် သူ့ရဲ့တိုက်ခိုက်ရေး စွမ်းအားက အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်နဲ့ ယှဉ်နိုင်နေပြီ။ ကျွန်တော့်သား ရှောင်ချင်းဖန်ဟာ ​​အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်မှာ ရှိနေပေမယ့်၊ သူ့လက်ချက်နဲ့ သေဆုံးသွားခဲ့ရတယ်” ရှောင်ဟန်ရှန်က အနက်ရောင်၀တ်ရုံပေါ်က ဒေါသကို သတိပြုမိပြီး အလျင်စလို ရှင်းပြလိုက်ပါသည်။

သူ့ရှေ့က အနက်ရောင်ဝတ်လူသည် ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်၏ အကြွင်းမဲ့သတ်ဖြတ်ခြင်းခန်းမမှ ဆင်းသက်လာသော အစစ်မှန် ပင်မအဖွဲ့ဝင်တစ်ဦး ဖြစ်ပါသည်။ သူ့ကျင့်ကြံမူက သူ့လောက်မမြင့်မားသော်လည်း နတ်ဘုရားနန်းတော်၌ သူ့အဆင့်အတန်းသည် သူ့ထက်သာလွန်ပါသည်။ ထို့ကြောင့်, ရှောင်ဟန်ရှန်သည် သူ့အပေါ် အလွန်လေးစားမှု ရှိရပါမည်။

"ခန္ဓာကိုယ်သန့်စင်ခြင်းမှာ နှောင်းပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်နဲ့ ချီသန့်စင်ခြင်း မှာ နတ်ဘုရားတစ်ပိုင်း။ ဒါပေမယ့် သူက အစောပိုင်း မြေကမ္ဘာနတ်ဘုရားတစ်ပါးရဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်။ ကြည့်ရတာ, သူက အဖိုးတန်ရတနာတွေနဲ့ အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားပုံရတယ်။” အနက်ရောင်ဝတ်လူ၏ အသံသည် ရုတ်တရက် လေးနက်လာပြီး စိတ်ဝင်စားမှုအပြည့် ရှိနေပုံရသည်။

“မှန်ပါတယ်၊ ဒါက ဒီလိုပဲဖြစ်ရပါမယ်။ ဒီလိုမှမဟုတ်ရင် သူ့ရဲ့ ကျင့်ကြံမှုနဲ့ဆို သူ့အတွက် အခုလိုခွန်အားတွေနဲ့ ပေါက်ကွဲထွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။” ရှောင်ဟန်ရှန်က ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပါသည်။

နှောင်းပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်မှာသာ ရှိနေသည့် ထိုအယုတ်တမာကောင် သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှာရှိနေသည့် သူ့သား၏ပြိုင်ဘက် ဖြစ်မလာနိုင်ဟု သူလည်း ယုံကြည်ထားပါသည်။ ဤချင်ယွင်သည် သူ့သားကို သတ်နိုင်ဖို့ အတွက် ကောင်းကင်ဘုံကို အံတုနိုင်သော ရတနာအချို့နှင့် နတ်ဘုရားစွမ်းရည်အချို့ကို အားကိုးရပေလိမ့်မည်။

“ကောင်းပြီလေ, မင်းရဲ့မစ်ရှင်ကို ငါတို့ လက်ခံတယ်။ အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုနဲ့ အတူ ငွေအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ဦးကို ငါ စေလွှတ်လိုက်ပါ့မယ်။ ငွေအဆင့်ရှိတဲ့ လုပ်ကြံသတ်ဖြတ်သူတစ်ဦးက အစောပိုင်း မြေကမ္ဘာနတ်ဘုရားတစ်ပါးအတွက် လုံလောက်ပါတယ်။” အနက်ရောင်အမျိုးသားက ပြောသည်။

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် သခင်။ ဒါက မစ်ရှင်အတွက် ဆုကြေးပါ" ရှောင်ဟန်ရှန် က ကမန်းကတန်း ခေါင်းညိတ်ကာ စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ပြောလိုက်သည်။ ထို့နောက်တွင် အဆင့်မြင့်အဆင့် နတ်ဘုရားဓားတစ်ချောင်းသည် သူ့လက်ထဲတွင် ပေါ်လာသည်။

အနက်ရောင်ဝတ် အမျိုးသားသည် အဆင့်မြင့်အဆင့် နတ်ဘုရားဓားကို တချက်ကြည့်ပြီး၊ သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ သူသည် အဆင့်မြင့် နတ်ဘုရားပစ္စည်းကို လက်ခံလိုက်ပြီး ရှောင်ဟန်ရှန်အား ပြောလိုက်ပါသည် "ချင်ယွင် အသတ်ခံရတဲ့သတင်းကို စောင့်နေပါ။ တစ်နှစ် မပြည့်ခင်မှာပဲ, ချင်ယွင်ရဲ့ အမှတ်တရပစ္စည်းကို ပို့ပေးဖို့ တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်မယ်။"

အနက်ရောင်ဝတ် အမျိုးသားသည် ရှောင်ဟန်ရှန်ရှိနေသည့် ခန်းမထဲကနေ ပျောက်သွား ခဲ့သည်။ ရှောင်ဟန်ရှန်ကလည်း အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် ထိုအပြုံးတွင် ပြင်းထန်သော ရန်လိုမှုတစ်ခု ပါဝင်နေသည်။

"ချင်ယွင်, မင်းက ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းနဲ့ ဘယ်လိုပတ်သက်မူရှိလဲဆိုတာ ငါ မသိပေမယ့် "အကြွင်းမဲ့သတ်ဖြတ်ခြင်းခန်းမက လှုပ်ရှားပြီဆိုမှတော့ မင်း သေမှာ သေချာသွားပြီ။ အဲဒီအချိန်မှာ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းက ငါ့ကို အပြစ်တင်ချင် ရင်တောင် အပြစ်တင်နိုင်မှာ မဟုတ်တော့ဘူး။ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း, အခုချိန်မှာ ငါ မင်းကို ဘာမှ မလုပ်နိုင်သေးဘူး။ ဒါပေမယ့်, ငါ ကောင်းကင်နတ်ဘုရား နယ်ပယ်ကို ဖြတ်ကျော်ပြီး ကောင်းကင်တုန်လှုပ်ခြင်း နတ်ဘုရားနန်းတော်ထဲကို ဝင်လိုက်တာနဲ့ မင်းကို ရင်ဆိုင်ဖို့ အခွင့်အရေးတစ်ခု ရှာမတွေ့ဘူးလို့ ငါ မယုံဘူး။” ရှောင်ဟန်ရှန်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။

သူ့သားကိုသတ်ခဲ့သည့် မည်သူ့ကိုမဆို, သူသည် သွေးဖြင့် ပေးဆပ်ခိုင်းမှာ ဖြစ်ပြီး၊ သူ၏ ပထမဆုံး စစ်ဆင်ရေးက ချင်ယွင်ဖြစ်ပါသည်။

သူ့အမြင်အရဆို, အကြွင်းမဲ့သတ်ဖြတ်ခြင်းခန်းမသာ တိုက်ခိုက်ပါက၊ ချင်ယွင်သည် သံသယမရှိ သေရမှာဖြစ်ပြီး၊ တစ်နှစ်တာဆိုသော အချိန်ကန့်သတ်ချက်သည် ပုံမှန်ပင် ဖြစ်သည်။ နှစ်သန်းပေါင်းများစွာ အသက်ရှင်သန်နေထိုင်ခဲ့ကြသော သူတို့အတွက်မူ အချိန်တစ်နှစ်သည် သူတို့၏လက်ချောင်းလေးတစ်ချောင်း လှုပ်ရှားလိုက်သည့် အခိုက်တန့် အတွင်းမှာ ဖြစ်ပါသည်။

...

နတ်ဘုရားနန်းတော်ကြီးနှစ်ခုသည် ချင်ယွင်ကို လုပ်ကြံရန် မစ်ရှင်ကို တချိန်တည်းမှာ လက်ခံခဲ့ကြရသည်။ ဤအရာသည် နတ်ဘုရားကမ္ဘာတွင် ရှားပါးသော ကိစ္စတစ်ခုလည်း ဖြစ်သည်။ နောက်ဆုံး မည်သူအနိုင်ရမလဲဆိုသည်မှာ ကံတရားအပေါ် မူတည်နေပါသည်။

သို့သော်, ချင်ယွင်သည် ဤအကြောင်းကို ဘာမှမသိသေးပါဘူး။ ထိုအခိုက်တန့်တွင်, သူနှင့် နီထိုက်စွေ့တို့သည် ခေါင်းလောင်းလေနတ်ဘုရားနန်းတော်မှ ထိန်းချုပ်ထားသော နတ်ဘုရားမြို့တော် လေးမြို့အနက်မှ တစ်ခုဖြစ်သည့် ကြယ်အလင်းမြို့တော်သို့ ရောက်ရှိနေကြသည်။

ကြယ်အလင်းမြို့တော်သည် ခေါင်းလောင်းလေနတ်ဘုရားနန်းတော် တည်ရှိရာ တိုက်ကြီး ရှိ နတ်ဘုရားမြို့လေးမြို့ထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် အနှိုင်းမဲ့ ကျယ်ပြန့်သော ဧရိယာ ကို လွှမ်းခြုံထားပြီး သန်းရာနှင့်ချီသော လူများကို နေရာထိုင်ခင်း ပေးထားနိုင်သည်။ သေမျိုးကမ္ဘာရှိ ဂြိုလ်ကမ္ဘာတစ်ခုတွင် လူပေါင်း သန်းရာဂဏန်းမျှသာ ရှိပါသည်။ ဤနတ်ဘုရားမြို့ကြီးသည် မည်မျှကြီးမားသည်ကို တွေးကြည့်နိုင်သည်။

ထိုအချိန်တွင် ချင်ယွင်နှင့် နီထိုက်စွေ့တို့သည် ကြယ်အလင်းနတ်ဘုရားမြို့တော်ရှိ နတ်ဘုရား အဆောက်အအုံတစ်ခုတွင် ထိုင်နေကြသည်။ ရံဖန်ရံခါ သီဆိုကခုန်သံများကို နေရာအနှံ့မှ ကြားနေရသည်။

မှန်ပါသည်။ ဤနေရာသည် ကြယ်အလင်းမြို့တော်၏ အကျော်ကြားဆုံး ရှုခင်းသာ နေရာတွေထဲမှ တစ်ခုဖြစ်သည့် လေလမင်းမျှော်စင်ဖြစ်ပါသည်။

လေလမင်းမျှော်စင်သည် ကြယ်အလင်းမြို့တော် တောင်ဘက်ရှိ လှပသော တောင်တန်း ဒေသတစ်ခုတွင် တည်ရှိသည်။ တုနှိုင်းမယှဉ်သာအောင် မြင့်မားသော နတ်ဘုရား အဆောက်အဦ လေးလုံးရှိသည်။ နတ်ဘုရား အဆောက်အဦ တစ်ခုစီတွင် ကိုးထပ်ပါရှိ သည်။ အထပ်တစ်ခုစီသည် မတူညီသော လက္ခဏာကို ကိုယ်စားပြုသည်။ လူတစ်ယောက်၏ အဆင့်အတန်းသည် ပို၍မြင့်မားလေ၊ ပို၍မြင့်မားသော အထပ်ကို တက်နိုင်လေ ဖြစ်ပါသည်။

နတ်ဘုရားမျှော်စင်လေးခုကို နက္ခတ်တာရာလေးခုဖြင့် စီထားသည်။ နတ်ဘုရားမျှော်စင် လေးခု၏ အလယ်တွင် ဧရာမရေကန်ကြီးတစ်ခု ရှိသည်။ ထိုရေကန်ကို နတ်သမီးရေကန် ဟု ခေါ်ကြပါသည်။ လေလမင်းမျှော်စင်ကို ဖွင့်လှစ်ရန်အတွက် ကျွမ်းကျင်သူများကို အထူး ဖိတ်ကြားထားသည်။ ရည်ရွယ်ချက်မှာ ပိုမိုပြေပြစ်ပြီး လှပသော ပတ်ဝန်းကျင်ကို ဖန်တီးရန် ဖြစ်သည်။

တောတောင်တွေ၊ မြစ်ရေပြင်တွေ၊ တိမ်တွေလိုလှပသည့် မိန်းမလှလေးများနှင့် ဝိုင်ရနံ့တွေ က ကောင်းကင်ယံတိုင် ပျံ့လွင့်နေပါသည်။ ဤသည်မှာ လေလမင်းမျှော်စင်၏ အနက်ရှိုင်း ဆုံး မြင်ကွင်းဖြစ်သည်။

ထိုအချိန်တွင် ချင်ယွင်နှင့် အခြားသူများသည် လေလမင်းမျှော်စင်၏ အရှေ့ဘက်ခြမ်းရှိ တတိယထပ် မိုးပြာနဂါးမျှော်စင်ပေါ်တွင် ထိုင်နေကြသည်။ သူတို့သည် နတ်ဘုရားရေကန် ၏ ရှုခင်းတွေကို အကြည့်တစ်ချက်ဖြင့် မြင်နိုင်သည်။

နတ်သမီးရေကန်၏ ရှုခင်းသည် အစစ်မှန် မရှိနိုင်ဟုပင် ဆိုရပေမည်။ ရှုခင်းက သာယာပြီး မြက်ပင်တွေက စိမ်းစိုနေသည်။ နတ်ဘုရားတန်ခိုးဖြင့် ဖန်တီးထားသော ထိုရှုခင်းသည် သေမျိုးကမ္ဘာမှာ မြင်နိုင်သောအရာ မဟုတ်ပေ။

ဤနေရာမှ ရှုခင်းတွေက ပို၍ပင် ရှင်းသန့်နေသည်။ ရေသည် အလွန်ကြည်လင် လွန်းသော ကြောင့် အညစ်အကြေး သဲလွန်စပင် မရှိပေ။ စိမ်းလန်းသော မြက်ခင်းပြင်သည် နှစ်ထောင်ပေါင်းများစွာ ကြာသည့် နေ့တစ်နေ့ကဲ့သို့ပင်။ ပျက်စီးယိုယွင်းမှု သဲလွန်စ လုံးဝ မရှိခဲ့ပေ။ ရေအိုင်ထဲမှာ အပြာင်းမိုးကောင်းကင်နှင့် အဖြူရောင် တိမ်တိုက်တွေက ရောင်ပြန်ဟပ်နေပါသည်။ နတ်ဘုရားအလင်းရောင်က တောက်ပစွာ လင်းလက်နေသဖြင့်, တစ်စုံတစ်ယောက်အား အာရုံပျက်သွားစေသည်။

သို့သော် ချင်ယွင်သည် ဤရှုခင်းမျိုးကို မကြိုက်ပါ။ ဤရှုခင်းများသည် လှပသော်လည်း အစစ်အမှန် မဟုတ်ပေ။ ၎င်းတို့သည် သေးငယ်သော တံတားများနှင့် သေမျိုးကမ္ဘာ၏ စီးဆင်းနေသော ရေများထက် လက်တွေ့ကျမှု နည်းပါးပါသည်။

မူလက သူသည် လေလမင်းမျှော်စင်သို့ လာရန် မရည်ရွယ်ခဲ့သော်လည်း နီထိုက်စွေ့က ချင်ယွင်ကို အတင်းဆွဲခေါ်ခဲ့သည်။ ထို့အပြင် သူသည် တံခါးပိတ်ကျင့်ကြံနေသော နေသာ ဧကရာဇ်ထံသို့ စာတစ်စောင် ပေးပို့ထားသည်။ ထို့ကြောင့် ချင်ယွင်သည် ယခုအချိန်တွင် ဘာမှလုပ်စရာမရှိသဖြင့် နီထိုက်စွေ့နှင့်အတူ ပျော်ပွဲစားဝင်ရန် လိုက်ပါခဲ့သည်။

နတ်ဘုရားမျှော်စင်လေးခုသည် လူထောင်နှင့်ချီနေနိုင်သော်လည်း ယခုအခါ ၎င်းတို့သည် ဧည့်သည်များဖြင့် ပြည့်နှက်နေပြီ။ တခြားကြောင့်မဟုတ်ပေ။ ယနေ့သည် လေလမင်း မျှော်စင်၏ တချိန်တုန်းက နတ်သမီးရွေးချယ်မှု၏ အနှစ်တစ်ထောင် ပြည့်သောနေ့ ဖြစ်နေသောကြောင့်ပင်။

အနှစ်တစ်ထောင်ပြည့်တိုင်း လေလမင်းမျှော်စင်သည် နတ်သမီးတစ်ဦးကို ရွေးချယ်ပြီး ထိုနတ်သမီးအား ထိုနေ့တွင် လေလံတင်ရောင်းချမည် ဖြစ်သည်။ အမြင့်မားဆုံး လေလံဆွဲနိုင်သူသည် ထိုနတ်သမီးနှင့်အတူ သုံးရက်သုံးည နေနိုင်မည် ဖြစ်သည်။

လေလမင်းမျှော်စင်သည် နတ်သမီးတစ်ပါးကို ရွေးချယ်သည့်အကြိမ်တိုင်း, ထိုနတ်သမီး သည် အလှပနှင့် စိတ်နေစိတ်ထားအရာမှဦ အရည်အသွေး အမြင့်မားဆုံး အမျိုးသမီး ဖြစ်ရပါမည်။ ထိုသို့သော နတ်သမီးနှင့် သုံးရက်သုံးည ကုန်ဆုံးခြင်းသည် မိန်းမလှတစ်ဦးကို သိမ်းပိုက်နိုင်ခြင်းဆိုသည့် ကိစ္စတစ်ခုကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။ ၎င်းသည် အဆင့်အတန်းနှင့် ပုံရိပ်မြင့်မားခြင်း၏ သင်္ကေတလည်း ဖြစ်ပါသည်။ ထို့ကြောင့် ဤနေ့ မရောက်မီတွင် အဆင့်အတန်းနှင့် ပုံရိပ်မြင့်မားခြင်းကို မက်မောကြသော လူအများသည် ဤနေရာသို့ လာရောက် စုရုံးကြရပေမည်။

မှန်ပါသည်၊ နတ်သမီးအတွက် ယှဉ်ပြိုင်နိုင်စွမ်းမရှိသော လူပေါင်းများစွာလည်း ရှိနေခဲ့ပါ သည်။ အများစုမှာ နတ်သမီး၏အလှပကို မြင်လိုရုံဖြစ်ကြပြီး၊ သူတို့မျက်လုံးများကို အစာကြွေး ဖျော်ဖြေပေးရန် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင်၊ အဆုံးတွင် မည်သူက ဤကဲ့သို့သော ကံကြမ္မာမျိုးကို ရရှိနိုင်မည်ကိုလည်း သိချင်ကြ၍ ဖြစ်သည်။

ချင်ယွင်နှင့် နီထိုက်စွေ့တို့သည် ပတ်ဝန်းကျင်မှ လူပေါင်းများစွာနှင့်အတူ မိုးပြာနဂါး မျှော်စင်တွင် ထိုင်နေကြသည်။

မိုးပြာနဂါးမျှော်စင်၏ တတိယထပ်တွင် ထိုင်ခွင့်ရရန်အတွက် ချင်ယွင်နှင့် နီထိုက်စွေ့သည် နတ်ဘုရားကျောက်တုံး ၅၀၀၀ စီ ကုန်ကျခဲ့သည်။ မျှော်စင်အထပ်က မြင့်မားလေ စျေးနှုန်း က ပို၍မြင့်မားလေပင်။ အပေါ်ဆုံးထပ်ကို ဝင်ချင်ရုံသက်သက်ဖြင့် နတ်ဘုရားကျောက်တုံး ၁၀၀၀၀၀ ကုန်ကျမည်ဟု ဆိုလိုပါသည်။

ချင်ယွင်၏ခန္ဓာကိုယ်ပေါ်တွင် ရတနာအနည်းငယ် ရှိသော်လည်း သူထုတ်ယူနိုင်သော နတ်ဘုရားကျောက်တုံး များစွာမရှိပေ။ ထိုနတ်ဘုရားကျောက်တုံးတွေကို သူသတ်ခဲ့သော ရှောင်ချင်းဖန်နှင့် တင်းထန်တို့ဆီက ယူခဲ့ခြင်းဖြစ်သည်။ စုစုပေါင်း ၅၀၀၀၀ သာ ရှိပါသည်။ သူတို့ ဝင်ကြေးအဖြစ် ၁၀,၀၀၀ သုံးခဲ့ပြီး၊ အခု ၄၀,၀၀၀ သာ ကျန်ပါတော့သည်။

ထို့ကြောင့် သူသည် နွေဦးပွဲတော်ကို အတူတကွ သုံးဆောင်ရန်အတွက် နတ်သမီးကို ကမ်းလှမ်းရန် အနည်းငယ်မျှ ရည်ရွယ်ချက် မရှိခဲ့ပေ။ သူသည် နီထိုက်စွေ့နှင့်အတူ ပွဲကြည့်ရန် ရိုးရိုးသားသား လိုက်လာခဲ့ခြင်း ဖြစ်ပါသည်။

All Chapters