အခန်း ၁၃၁၆
Vol. 88 Ch. 1316
အခန်း (၁၃၁၆) ပေါက်ကွဲထွက်ပေါ်လာသည့် သတင်း။
"ဟေး၊ မင်း ကြားပြီးပြီလား?။ ဒီတစ်ခါတော့ လေလမင်းမျှော်စင်ရဲ့ နတ်သမီးက မရိုးရှင်းဘူးကွ”။
"အိုး..အဲဒါက ဘာများ ထူးခြားနေလို့လဲ?"
ချင်ယွင်နှင့် နီထိုက်စွေ့တို့သည် အရက်သောက်ရင်း စကားစမြည် ပြောနေစဉ်တွင် တစ်ဖက်မှ ဆွေးနွေးမှုတစ်ခု ထွက်ပေါ်လာသည်။
၎င်းတို့သည် ကြယ်နတ်ဘုရားနယ်ပယ်မှ လူငယ်နှစ်ဦး ဖြစ်သည်။ သူတို့သည် သူတို့၏ စိတ်ဝိညာဉ်များမှတဆင့် အသံဖြင့်ထုတ်လွှင့်၍ ဆွေးနွေးခြင်းမရှိဘဲ, ယင်းအစား တိုက်ရိုက် ပြောလိုက်သည်။ သူတို့၏ သတင်းအချက်လက်ရရှိမူကို ပြသလိုသည်မှာ ထင်ရှားပါသည်။
လူအုပ်ကြီးသည် သူတို့ပြောသည့်စကားကို ကြားတော့ သူတို့နှစ်ယောက်၏ ဆွဲဆောင်မူကို ခံသွားရပြီး သူတို့ဘက်ကို ချက်ချင်း လှမ်းကြည့်ကြသည်။
ချင်ယွင်နှင့် နီထိုက်စွေ့တို့သည် နားစွင့်ကာ နားထောင်ရင်း အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
လေလံပွဲမစတင်မီ လေလမင်းမျှော်စင်၏ နတ်သမီးသည် အများသူငှာအား သူ့ကိုယ်သူ ထုတ်ဖော်ပြောဆိုလေ့ မရှိပေ။ လေလံပွဲစတင်ပြီးမှသာ နတ်ဘုရားမသည် လူတိုင်း၏ ရှေ့တွင် အမှန်တကယ် ဖွင့်လှစ်ပြသနိုင်မည် ဖြစ်သည်။
လူငယ်နှစ်ယောက်သည် သူတို့စကားတွေကြောင့် သူတို့ပတ်ဝန်းကျင်မှ လူများ ဆွဲဆောင်ခံရသည်ကို မြင်သည့်အခါ, သူတို့သည် ကျေနပ်စွာ ပြုံးပြပြီး၊ သူတို့အသံတွေက အထိန်းကွပ်မဲ့ ပို၍ပင် ကျယ်လောင်လာခဲ့သည်။
"သေချာပေါက်, မရိုးရှင်းဘူးပေါ့။ ငါ မင်းကို ပြောပြမယ်။ ဒီတစ်ခါ လေလမင်းမျှော်စင်ရဲ့ နတ်သမီးက သူမရဲ့ အံ့မခန်း ရုပ်ရည်အသွင်အပြင် အပြင်၊ သူမရဲ့ ကိုယ်ရေးအချက်နဲ့ သူမကိုယ်တိုင်ကလည်း သာမန်ထက်ထူးခြားတဲ့ အရေးပါမူတွေရှိနေတယ်" ယခင်က သတင်းကို ဦးစွာပေါက်ကြားစေခဲ့သူက ဆက်လက် ပြောပြသည်။
"ကိုယ်ရေးအချက်လား?။ ဒီနတ်သမီးမှာ ထူးခြားတဲ့ နောက်ခံတစ်ခုခု ရှိနေလို့များ ဖြစ်နိုင်မ လား" သူ့အနားမှ အဖော်က ကမန်းကတန်း မေးလိုက်ပါသည်။
လက်ရှိအကြောင်းအရာကို ကျယ်ပြန့်စွာ သိရှိထားသည့် လူငယ်က အနည်းငယ် ပြုံးပြီး လျှို့ဝှက်ဆန်းကြယ်ဟန်ဆောင်ကာ "မင်း ခေါင်းလောင်းလေနတ်ဘုရား နန်းတော်ရဲ့ ကောင်းကင်နတ်ဘုရား ယွမ်ယီအကြောင်းကို ကြားဖူးသင့်တယ် မဟုတ်လား" ဟု မေးလိုက်ပါသည်။
"ဟုတ်တယ်၊ ငါကြားဖူးပါတယ်” ကောင်းကင်နတ်ဘုရား ယွမ်ယီဟာ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်မှာ အလွန်နာမည်ကြီးတဲ့ ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်တယ် လေ။ သူ့ရဲ့ ကျင့်ကြံမှုဟာ အဲဒီတုန်းက နှောင်းပိုင်းအဆင့် ကောင်းကင်နတ်ဘုရား နယ်ပယ်ကို ရောက်ရှိနေခဲ့ပြီ။ သူ့ရဲ့ခွန်အားနဲ့ ဂုဏ်သိက္ခာက ခေါင်းလောင်းလေ နတ်ဘုရား နန်းတော်မှာတင်မကဘဲ နတ်ဘုရားကမ္ဘာမှာတောင် ထင်ပေါ်ကျော်ကြားတယ်။ ဒါပေမယ့် ဒီကိစ္စက ကောင်းကင်နတ်ဘုရား ယွမ်ယီနဲ့ ဘာများသက်ဆိုင်လို့လဲ။” သူ့အဖော်က စိတ်ရှုပ်ထွေးစွာ မေးသည်။
"သေချာပေါက်, ဆက်စပ်နေတာပေါ့။ ဒီနတ်သမီးက ကောင်းကင်နတ်ဘုရား ယွမ်ယီရဲ့ သမီး ယွမ်ရှီရှီပဲ” သတင်းကို ကျယ်ပြန့်စွာ သိရှိထားသူ လူငယ်က ပြောသည်။
"မဖြစ်နိုင်ဘူး၊ ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ သမီးတစ်ယောက်က ဘယ်လိုလုပ် ဒီလေလမင်းမျှော်စင်ထဲကို ပြုတ်ကျပြီး၊ သူမခန္ဓာကိုယ် လေလံပစ်မယ့် နတ်သမီးတစ်ပါး ဖြစ်လာနိုင်မှာလဲ။" အဖော်က ချက်ချင်း ပြန်ဖြေသည်။
အနီးနားပတ်ဝန်းကျင်မှ လူများသည် ခေါင်းခါယမ်းကြကာ လူငယ်လေးသည် အဓိပ္ပာယ် မရှိ လျှောက်ပြောနေသည်ဟု ခံစားလိုက်ရသည်။
လက်ရှိ ရောက်ရှိလာကြသူ လူအများအပြားသည် ကောင်းကင်နတ်ဘုရား ယွမ်ယွီကို ကြားဖူးကြသည်။ သူသည် အလွန်တန်ခိုးကြီးသော ကောင်းကင်နတ်ဘုရားအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်မှာတောင် သူ့ အဆင့်အတန်းက မြင့်မားပါသည်။ ထိုကဲ့သို့သော တည်ရှိမူမျိုးသည် စိတ်ကူးယဉ်ဆန်ဆန် နေရာသို့ မည်သို့ လျှော့ကျသွားနိုင်မည်နည်း။
"မင်းက ဘယ်လိုဝါကြွားရမလဲဆိုတာ တကယ် သိတာပဲ” နီထိုက်စွေ့သည် မတတ်နိုင်ဘဲ ခေါင်းခါလိုက်သည်။ သိသာသည်မှာ ထိုလူငယ်ပြောသော စကားများသည် အမှန်တရားဟု သူ မယုံကြည်ပါ။
ချင်ယွင်၏ အမူအရာမှာ ငြိမ်သက်နေ၏။ သူသည် ချေပပြောဆိုရန် အလျင်မလိုခဲ့ပေ။ အကယ်၍, ထိုလူငယ်ပြောခဲ့သည့် အကြောင်းအရာက အမှန်ဖြစ်နေလျှင်, ဤကြားထဲတွင် ဘယ်သူမှ မသိနိုင်အောင် ဖုံးကွယ်ထားသည့်အရာတစ်ခု ရှိနေလိမ့်မည်ဟု သူ ခံစားမိပါ သည်။ မဟုတ်ပါက၊ ကောင်းကင်နတ်ဘုရားတစ်ပါး၏ သမီးတော်သည် သူမ မည်မျှပင် ဆင်းရဲနေပါစေ၊ ယခုလိုအခြေအနေမျိုးထိ ကျရောက်သွားလိမ်မည် မဟုတ်ပေ။
လေလမင်းမျှော်စင်၏ နာမည်သည် မည်မျှပင် သာယာလှပနေပါစေ၊ ၎င်းသည် နတ်ဘုရား ကမ္ဘာရှိ ပြည့်တန်ဆာများနှင့် ညီမျှပါသည်။ နတ်သမီးဟုခေါ်ခံရသည့် ထိုနတ်သမီးက ပြည့်တန်ဆာ၏ ခေါင်းဆောင်ဖြစ်ပါသည်။ အဆုံးတွင် သူမသည် အခြားသူများ၏ ကစားစရာတစ်ခု ဖြစ်လာပါမည်။
"မင်း မယုံဘူးလား?။ လေလမင်းမျှော်စင်ထဲက ငါ့ဦးလေးက ဒီသတင်းကို ပြောပြခဲ့တာ။ သေချာတာကတော့ ဒီယွမ်ရှီရှီက သူတို့ကိုအရင်လာရှာပြီး၊ သူမ နတ်သမီးတစ်ဦးဖြစ်လာဖို့ စေတနာ့ဝန်ထမ်းအနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ပြောခဲ့တယ်။ လေလမင်းမျှော်စင်က လူတွေတောင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရတယ်။ မဟုတ်ရင်, သူတို့ကို ရဲစွမ်းသတ္တိ ဆယ်ခုလောက် ချေးငှားခဲ့ရင်တောင်, ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ သမီးတော်ကို သူတို့အနေနဲ့ အခုလို လုပ်ရဲမှာမဟုတ်ဘူး” ဒီအကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် သိရှိထားသည့် ထိုလူငယ်က သူ့ကို မည်သူမှ မယုံကြည်ကြသည်ကို မြင်တော့ ကမန်းကတန်း ပြောလိုက်သည်။
"တကယ်လား?" သူ့အဖော်က သံသယဖြစ်စွာ ပြောလိုက်ပြီး၊ သူ့အမူအရာက သံသယ ဖြစ်နေပုံလည်း ရပါသည်။
ပတ်ဝန်းကျင်မှ လူတွေလည်း သံသယတွေ ဖြစ်ပေါ်လာကြသည်။ ထင်ရှားသည်မှာ ဤလူငယ်၏ စကားက ပို၍ စွဲဆောင်မူရှိသွားခဲ့သည်။
"ဒီကောင်းကင်နတ်ဘုရား ယွမ်ယီဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာက အဲဒီနတ်ဘုရား ကပ်ဘေးဒုက္ခအတွင်းမှာ ဆုံးပါးသွားခဲ့တာကို မင်းတို့ မသိတာ ဖြစ်ကောင်း ဖြစ်နိုင်ပါ တယ်။ ဒါကြောင့်လည်း ဒီယွမ်ရှီရှီက နတ်သမီးဖြစ်လာဖို့ သူမကိုယ်ပိုင်ဆန္ဒနဲ့ ဆုံးဖြတ်ခဲ့ တာ ဖြစ်ပါလိမ့်မယ်” လူငယ်က သက်ပြင်းချကာ သူ့လေသံက ဝမ်းနည်းမှု အရိပ်အယောင် ကို သယ်ဆောင်လာသည်။
"မင်းပြောသလိုဆို, ဒီတစ်ခါ နတ်သမီးက ယွမ်ယီရဲ့သမီး ယွမ်ရှီရှီပေါ့။ သူမရဲ့ အဆင့်အတန်းက တကယ်ကို ထူးထူးခြားခြား ဖြစ်ပြီး၊ စျေးပိုကြီးပြီး ရောင်းချနိုင်ပေမယ့် ဒီလောက်ကြီးတော့ မမြင့်လောက်ပါဘူး။" သူ့အဖော် ပြောသည်။
နတ်သမီးသည် မြင့်မြတ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ဤအချက်က လေလံဆွဲသူများအတွက် ပို၍ပင် စိတ်လှုပ်ရှားစရာ ဖြစ်ပါလိမ့်မည်။ အဆုံးတွင်၊ နတ်ဘုရား ကမ္ဘာ၌ နှစ်ပေါင်းများစွာကြာပြီးနောက်၊ အချို့သောလူများသည် စိတ်လှုပ်ရှားမှုများကို ရှာဖွေရန်အတွက် အခြားသူများမလုပ်နိုင်သည့် အရာတစ်ခုကို အမှန်တကယ် လုပ်ချင်ကြ သည်။ ကောင်းကင်နတ်ဘုရားတစ်ပါး၏ သမီးတော်နှင့် အတူအိပ်ရခြင်းကလည်း မတူကွဲပြားသည့် စိတ်လှုပ်ရှားမှုတစ်ခုပင်။
ဟုတ်ပါသည်၊ ကြိုတင်လိုအပ်ချက်အနေဖြင့်, ထိုကောင်းကင်နတ်ဘုရားသည် သေဆုံးပြီး ဖြစ်နေရပါမည်။ ထိုသို့မဟုတ်လျှင်, သူတို့အနေဖြင့် အိပ်ခွင့်ရရင်တောင်မှ ထိုကဲ့သို့ လုပ်ဝံ့မှာ မဟုတ်ပါဘူး။ တကယ်တော့, ဤအရာက သေခြင်းတရားကို တောင်းခံခြင်းနှင့် အတူတူပင်။
ပတ်ဝန်းကျင်မှ လူများ၏ မျက်နှာများပေါ်တွင် ထူးဆန်းသည့် စိတ်လှုပ်ရှားမှုကိုယ်စီ ရှိနေကြသည်။ ချင်ယွင်အနားမှ နီထိုက်စွေ့၏ မျက်လုံးများသည်ပင် တောက်ပနေသည်။
ကောင်းကင်နတ်ဘုရားတစ်ပါး၏ သမီးတော်သည် သူတို့အား အနည်းငယ် စိတ်လှုပ်ရှားစေခဲ့သည်မှာ ထင်ရှားပါသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ သူသည် နတ်ဘုရားကမ္ဘာရှိ လူများ၏ ပန်းတိုင်ကို စောဒကတက်ခြင်း မပြုဝံ့ပေ။ မိန်းမတစ်ယောက်၏ အဆင့်အတန်းက ပို၍ မြင့်မြတ်လေလေ၊ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလေလား?။ ဤအရာက ဘယ်လို ယုတ္တိဗေဒမျိုးပါလဲ?။ အကယ်၍, သူတို့သာ ဘိုးဘေးနတ်သမီးအဆင့်ရှိသည့် အမျိုးသမီး တစ်ဦးနှင့် အိပ်ခွင့်ရလျှင်, နောင်တမရဘဲ အသေခံသွားကြမည် မဟုတ်ပေဘူးလား။
လူတိုင်းသည် ချင်ယွင် တွေးနေသည့်အရာကို မသိကြပေ။ အကယ်၍, သူတို့သာ သိသွားကြမည်ဆိုလျှင်, ထိုနေရာမှာပင် သေချာပေါက် ဒူးထောက်ကြပါလိမ့်မည်။ အိပ်ပျော်နေသော ဘိုးဘေးနတ်ဘုရားအဆင့် အမျိုးသမီးတစ်ဦးသည် သူတို့ကို ခေါင်းဆယ်လုံးပေးလျှင်ပင်၊
"မင်းတို့ မှားတယ်။ ဒီယွမ်ရှီရှီရဲ့ ထူးခြားချက်က ဒီတစ်ခုထဲ မဟုတ်ဘူး။ ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းတစ်ခု ရှိသေးတယ်။ ဒီတစ်ခါ နတ်သမီးရဲ့ ဈေးနှုန်းက မကြုံစဖူးအဆင့်ကို ရောက်မယ်ဆိုတာ သေချာတယ်။" လူငယ်က ထပ်ပြောသည်။
ထိုစကားပြောပြီးသည်နှင့် လူတွေအားလုံးက သူ့ကို ပြန်ကြည့်လိုက်ကြပြန်သည်။ ကောင်းကင်နတ်ဘုရားတစ်ပါး၏ သမီးဆိုသည့် ကိုယ်ရေးအချက်လက်ထက် ပို၍ စိတ်လှုပ်ရှားစရာ တစ်ခုခု ရှိနိုင်ဦးမလား။
အားလုံး၏ စိတ်ဝင်စားမှုကို မြင်လိုက်ရတော့ လူငယ်သည် ချက်ချင်းပင် မိုးကြိုးတစ်စင်း ပစ်လွှတ်လိုက်ပါသည် "ယွမ်ရှီရှီရဲ့ ကျင့်ကြံမှုကို မင်းတို့ မသိတာ ဖြစ်နိုင်တယ်။ ဒီ ယွမ်ရှီရှီရဲ့ ကျင့်ကြံမှုက မြေကမ္ဘာနတ်ဘုရားနယ်ပယ်ရဲ့ အလယ်လတ်အဆင့်ကို ရောက်ရှိ နေပြီ။ ပြီးတော့ သူမက နတ်ဘုရားကမ္ဘာရဲ့ သမိုင်းကြောင်းမှာ အမြင့်ဆုံး ကျင့်ကြံမှုရှိတဲ့ နတ်သမီးတစ်ပါးပဲ”
"ဘာ...." ပတ်ဝန်းကျင်ရှိ လူတိုင်း အံသြသွားကြသည်။
နတ်သမီးတစ်ပါး၏ ရုပ်ရည်အသွင်အပြင်က သံသယဖြစ်ဖွယ် မရှိပေ။ ထို့ကြောင့် နတ်သမီးတစ်ပါး၏ နောက်ဆုံး လေလံဈေးသည် များသောအားဖြင့် နတ်သမီး၏ ပင်ကိုယ် အရည်းချင်းပေါ်တွင် မူတည်ပါသည်။ ပင်ကိုယ်အရည်ချင်းမှာ များသောအားဖြင့် သူမ၏ ခွန်အားနှင့် အထူးကျင့်ကြံခြင်းစနစ်များကြောင့် ဖြစ်သည်။ မြူနှင်းနတ်ဘုရားပြန်လည် ဝင်စားခြင်းနည်းစနစ်ကို ကျင့်ကြံထားသော နတ်သမီးများသည် တူညီသော အဆင့်ရှိ နတ်သမီးများထက် စျေးပိုကြီးတတ်သည်။
နတ်ဘုရားကမ္ဘာ၏သမိုင်းတွင်၊ အမြင့်ဆုံးကျင့်ကြံမှုရှိသော နတ်သမီးသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်တွင်သာ ဖြစ်သည်။ ယခုအခါ ယွမ်ရှီရှီသည် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်သို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်ရာ ၎င်းသည် လူတိုင်းကို တုန်လှုပ်ခြောက်ခြားစေမည် မဟုတ်ပါလော?။
ဤအခိုက်အတန့်တွင် သူတို့သည် ထူးကဲသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည့် လူငယ်သခင်လေးများကြားတွင် သွေးထွက်သံယိုတိုက်ပွဲများကိုပင် ခန့်မှန်းနိုင်နေပြီ ဖြစ်ပါသည်။
နီထိုက်စွေ့သည် သူ့ခန္ဓာကိုယ်ထဲမှ သွေးများ လျှံထွက်နေသဖြင့် သူ့မျက်နှာပေါ်တွင် ဖောက်ပြန်သော အမူအရာမျိုး ရှိနေသည်။
နီထိုက်စွေ့၏ သွေးဆူပွက်သံကို ကြားလိုက်သောအခါ ချင်ယွင်သည် စကားမပြောနိုင် ဖြစ်သွားရသည်။
သူသည် ထိုလူကိုပင် မတွေ့ရသေးခင်မှာ လွှတ်ထားပေးမည် မဟုတ်ပေ။ နီထိုက်စွေ့၏ တည်ငြိမ်မှုက ဆိုးဝါးလွန်းနေသည် မဟုတ်ပါလော?။
သို့သော် ချင်ယွင်ကိုယ်တိုင်လည်း အနှိုင်းမဲ့ အံ့သြသွားရသည်။ အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် သူမ၏ကိုယ်ပိုင် သွေးသား ခန္ဓာကိုယ် လေလံတင်ရောင်းချခြင်းကပင် စိတ်ကူး၍မရနိုင်တော့ပေ။
သို့သော်, ဒီသတင်းကို ပြောပြခဲ့သည့် လူငယ်ကတော့ သူ့မျက်နှာမှာ ဂုဏ်ယူသည့် အရိပ်အယောင်တွေ ရှိနေပါသည်။ သူက နောက်တကြိမ် ပြောလိုက်သည် "ဘယ်လိုလဲ၊ ဒီသတင်းက တော်တော်လေး ပေါက်ကွဲသွားနိုင်တယ် မဟုတ်လား?။ ဒါပေမယ့် ဒီသတင်း က အပြင်းထန်ဆုံးတော့ မဟုတ်သေးဘူး။ နောက်ထပ် ပေါက်ကွဲနိုင်တဲ့ သတင်းတွေလည်း ရှိနေပါသေးတယ်။"
"နောက်ထပ်လား..?" လူတိုင်း၏ မျက်လုံးများသည် မယုံကြည်နိုင်စွာ ပြူးကျယ်သွားကြ သည်။