← Chapters

အခန်း ၁၃၁၇

Vol. 88 Ch. 1317

အခန်း ၁၃၁၇

Vol. 88 Ch. 1317

အခန်း (၁၃၁၇) နတ်သမီး ယွမ်ရှီရှီ။

လူတိုင်းသည် ၎င်းတို့၏နားများကိုပင် မယုံနိုင်တော့ပါ။ အလယ်လတ် မြေကမ္ဘာနတ်ဘုရား နယ်ပယ်ရှိ နတ်သမီးတစ်ပါးအကြောင်း သတင်းက ထိတ်လန့်စရာကောင်းလောက်အောင် ဖြစ်နေပါပြီ။ ဒီထက်ပိုပြီး ထိတ်လန့်စရာကောင်းသည့် သတင်းတွေ ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပါဘူး။

"ငါ့ကို မြန်မြန်ပြောစမ်းပါ။ ဒီနတ်သမီးနဲ့ပတ်သက်တဲ့ ထူးခြားချက်က ဘာလဲ။" သူ့အဖော်က စိတ်ဝင်တစားနှင့် ကမန်းကတန်း မေးလိုက်ပါသည်။

လူငယ်က ပြုံးပြီး တိတ်ဆိတ်နေကာ လူအုပ်ကြီးကို ကြည့်နေသည်။

လူတိုင်းသည် တစ်စုံတစ်ယောက်၏ ကုတ်ခြစ်ခြင်းကို ခံလိုက်ရသကဲ့သို့ စိတ်ထဲတွင် မယိုးမရွ ခံစားရသည်။ သူတို့သည် အလွန်စိတ်စောနေကြပြီး ခုန်ပေါက်လုနီးပါးဖြစ်ကာ၊ ထုတ်ဖော်ပြောဆိုရန် တမင်ကြိုးစားနေသော ထိုလူငယ်ကိုပင် တိုက်ခိုက်ချင်လာကြသည်။ လက်တွေ့ကျဆုံး ဥပမာတစ်ခုက နီထိုက်စွေ့ ဖြစ်သည်။

"မြေနိုးကောင်၊ မြန်မြန်ပြောစမ်းပါ။ လမ်းတစ်ဝက်လောက်မှာ မင်းက စိတ်မရှည် ဖြစ်အောင်လုပ်နေသေးတယ်။ မင်း ထပ်မပြောရင် ငါ မင်းကို ရိုက်ခွဲပစ်တော့မယ်။" နီထိုက်စွေ့သည် မထိန်းနိုင်တော့ဘဲ ခုန်ဆင်းလိုက်သည်။

သို့သော် ထိုလူငယ်သည် ဒေါသမထွက်သေးပေ။ သူက ပြုံးရုံသာပြုံးပြီး ရောက်ရှိနေကြ သည့် လူတိုင်းအား ပြောလိုက်ပါသည် "နတ်သမီးလေး ထွက်လာတဲ့အခါ လေလမင်း မျှော်စင်က ဒီအချက်ကို ကြေညာပါလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် မင်းတို့ သိကြလိမ့် မယ်။ ပြီးတော့ ငါပြောခဲ့တာတွေက မှန်သလား မမှန်ဘူးလားဆိုတာပါ သိသွားလိမ့်မယ်”။

လူတိုင်းသည် ထိုလူငယ်စကားကို ကြားလိုက်ရသည့်အခါ, သူတို့သည် ထိုလူငယ်ကို ဝါးစားချင်စိတ်ပင် ပေါက်လာကြသည်။

နီထိုက်စွေ့၏ နွားမျက်လုံးကြီးနှစ်လုံးသည် စိတ်ဓာတ်ကျသော အမူအရာဖြင့် နောက်ဆုံး စားပွဲပေါ်တွင် မလှဲလျောင်းခင် ထိုလူငယ်အား အချိန်အကြာကြီး စိုက်ကြည့်နေခဲ့သည်။

လေလမင်းမျှော်စင်မှာ လှုပ်ရှားရန် တားမြစ်ထားသောကြောင့် နီထိုက်စွေ့နှင့် တခြားလူများသည် ထိုလူငယ်ကို အနိုင်ယူချင်သော်လည်း သူတို့အနေဖြင့် ရွေးချယ်စရာ မရှိတော့ပါဘူး။

တကယ်တော့ နီထိုက်စွေ့တင် မကပါဘူး၊ ထိုလူငယ်နှင့်အတူ ထိုင်နေသော သူ့အဖော်က ပင် တမင်တကာ မပြောဘဲနေသည့် ထိုလူငယ်ကို ရိုက်နှက်ပစ်ချင်နေခဲ့သည်။

ချင်ယွင်သည် စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားရသည်။ ဤလူငယ်သည် တကယ်ကို သတ္တိကောင်းလွန်းသည်။ သူသည် လူတိုင်း၏အစာစားချင်စိတ်ကို လွန်ကဲလာအောင် တမင်တကာ လှုံ့ဆော်ပေးခဲ့သော်လည်း, သူသည် ဘာမှ မပြောတော့ပေ။

နီထိုက်စွေ့နှင့်တူညီသည့် လူစားမျိုးသည် ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသော်လည်း, ဤလေလံပွဲ ပြီးဆုံးပြီးနောက်, သူတို့သည် ထိုနတ်သမီးကို နောက်တကြိမ် ပြန်တွေ့ နိုင်မလားဆိုသည်ကို မသိနိုင့်အတွက် ပြောရခက်ပါသည်။

အဆုံးတော့ သေဖို့နည်းလမ်းတစ်ခုသာ ရှိပါသည်။ ဤအရာက လူကို အသက်ရှုကြပ်ပြီး သေအောင်လုပ်နေခြင်းပင်။ ယခုတော့ ထိုလူငယ်အပေါ် အနီးပတ်ဝန်းကျင်မှ လူများ၏ အကြည့်များက စိမ်းကားနေကြပြီ။

အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီး ပတ်ဝန်းကျင်မှ လူတိုင်းနီးပါးသည် မိနစ်တိုင်း, စက္ကန့်တိုင်း နှိပ်စက်ညှဉ်းပန်းခံနေကြရသည်။

နီထိုက်စွေ့သည် သက်ရှိနွားတစ်ကောင်အဖြစ်မှ တစ်ပိုင်းသေသည့် နွားတစ်ကောင်အဖြစ် သို့ တိုက်ရိုက် ပြောင်းလဲခဲ့သည်။

ချင်ယွင်၏စိတ်က တည်ငြိမ်ပြီး၊ ဝိုင်ခွက်ကိုကိုင်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။ အမှန်တကယ်ဆို ဤအရာသည် သူ့အတွက် ကျင့်ကြံခြင်းတစ်မျိုး မဟုတ်ပါလော?။

ယခုလို သေးငယ်သည့် သွေးဆောင်မှုကိုတောင် မခုခံနိုင်ခဲ့ဘူးဆိုလျှင်, စကြဝဠာ၏ အောင်မြင်မှုအကြောင်းနှင့် အကန့်အသတ်မဲ့ တော်ဝင်တာအို အကြောင်းကို သူ ဘာလို့ ပြောနေတော့မည်နည်း?။

ထို့ကြောင့် အစပိုင်းတွင် ချင်ယွင်သည် အဖြေကို သိချင်သော်လည်း နောက်ပိုင်းအဆင့်တွင် သူ့နှလုံးသားက ရေကဲ့သို့ ငြိမ်သက်သွားခဲ့သည်။

ချွင်..

နောက်ဆုံးတွင်၊ ညမိုးချုပ်သောအခါ လေလမင်းမျှော်စင်အထက်မှ မီးအိုးဖိုတစ်လုံးကို ခေါက်လိုက်သည့်အသံမျိုး ထွက်ပေါ်လာခဲ့သည်။

ခေါင်းလောင်းသံ မြည်လာသည်နှင့်အမျှ လေလမင်းမျှော်စင်ရှိ ဂီတသံသည် ရုတ်တရက် ရပ်တန့်သွားသည်။ အားလုံးလည်း ငြိမ်သက်သွားပြီး နတ်သမီးရေကန်ဆီသို့ စိုက်ကြည့် နေကြသည်။

ညအချိန်ဖြစ်နေပြီ ဖြစ်သော်လည်း ကောင်းကင်ယံတွင် တောက်ပသော လတစ်စင်းသာ ရှိနေပါသည်။ အဆောက်အဦးလေးခုရှိ မီးရောင်များမှလွဲ၍ နတ်သမီးရေကန်သည် မှိန်ဖျော့နေသည်။ သို့သော် လက်ရှိရောက်ရှိနေကြသူများ၏ ကျင့်ကြံမှုအဆင့်များမှာ မနိမ့်ပေ။ ထို့ကြောင့် ထိုအမှောင်ထုသည် နေ့ဘက်နှင့် မခြားနားပေ။

ဤအမှောင်ထဲမှာပင် နတ်ဘုရားရေကန်အောက်ခြေရှိ ကျောက်တုံးများပေါ်မှ ပုံစံများကို ပင် ၎င်းတို့၏မျက်လုံးများဖြင့် မြင်နိုင်ပါသေးသည်။ ချင်ယွင်၏အဆင့်ရှိ ကျင့်ကြံသူ မဆိုထားနှင့်၊ နတ်ဘုရားတစ်ပိုင်းများပင်လျှင် အလွယ်တကူ မြင်နိုင်ကြပါသည်။

ခေါင်းလောင်းသံ မြည်လာသည်နှင့်အမျှ နတ်ဘုရားမျှော်စင်လေးခုရှိ လူတိုင်း စိတ်လှုပ်ရှား လာသည်။ သူတို့သည် ဤအခိုက်အတန့်ကို စောင့်ဆိုင်းရန်အတွက် အချိန်နေ့တစ်ဝက်ကို စောင့်ဆိုင်းနေခဲ့ရသည်။

အထူးသဖြင့် နီထိုက်စွေ့နှင့် အခြားသူများသည် သူတို့၏ ပြင်းပြသောဆန္ဒက ညှင်းပန်း နှိပ်စက်ခြင်းအဆင့်ထိ ရောက်ရှိနေကြပြီ။ သူတို့သည် ခေါင်းလောင်းသံကို ကြားလိုက်ရ သည်နှင့်၊ ရေကန်လယ်ဘက်သို့ လှမ်းမျှော်ကြည့်ရင်း မျက်လုံးများက တောက်ပလာသည်။

ဝှီး...။

အားလုံးက စိတ်ဆောနေကြချိန်မှာပင် လှပသောရုပ်အသွင်ပြင်တစ်ခု အဝေးမှ ပျံသန်းလာ ခဲ့သည်။ ၎င်းမြင်ကွင်းသည် ကောင်းကင်ယံကို ဖြတ်ပျံပြီး ရေကန်မျက်နှာပြင်ပေါ် ဆင်းသက်လာသည့် လက်သွက်ချက်ချာသည့် ပျံလွှားငှက်လေးတစ်ကောင်လိုပင်။

ချင်ယွင်လည်း ထိုအမျိုးသမီးကို ကြည့်လိုက်သည်။ သူမသည် အနီရောင်ဖျော့ဖျော့ ရိုးရိုးရှင်းရှင်း ၀တ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ရုပ်ရည်အသွင်ပြင်က လှပကြော့ရှင်းပြီး သူမ၏ လက်ရာမြောက် ကောက်ကြောင်းအလှတွေက ပြီးပြည့်စုံသည်။ သူမ၏ မျက်နှာ သည် လက်ရာမြောက်သော ပန်းပုရုပ်ကဲ့သို့ လှပနေပါသည်။ သူမ၏ စိတ်နေစိတ်ထား သည် အေးစက်ခြင်းနှင့် ကျက်သရေရှိမှု အရိပ်အယောင်တို့နှင့်အတူ ပို၍ပင် ဆွဲဆောင်မှု ရှိနေပါသည်။

ရုပ်ရည်အသွင်အပြင်နှင့် စိတ်နေစိတ်ထားအရ ဤအမျိုးသမီးသည် တော်ယုနှင့် တန်းတူနီးပါး ဖြစ်သည်။ သို့သော် သူမ၏အကြည့်များက စိတ်ဝိညာဉ်ကို ပို၍ပင် ဖမ်းစားသွားနိုင်သည်။ သူမပေါ်လာသည့်အခိုက်တွင် ပရိသတ်အများအပြားက မှင်တက် တွေဝေသွားကြသည်။

"သူမက နတ်သမီးလား? သူမက တကယ်ကို လှတယ်" တစ်စုံတစ်ယောက်သည် ထုတ်မပြောဘဲ မနေနိုင်ပေ။

"ဟမ့်၊ အမြော်မြင်ကင်းမဲ့တဲ့ လူတစ်ယောက်ပဲ။ သူက လေလမင်းမျှော်စင်, နတ်သမီး လေလံပွဲရဲ့ အခမ်းနားမှူး တော်လင်ယုကိုတောင် မသိဘူး။ ဒါနဲ့များက သူက ဒီနတ်သမီး လေလံပွဲမှာ ပါဝင်ရဲတယ်" ထိုလူပြောပြီးသည်နှင့် ချက်ခြင်းပင် တုံ့ပြန်သံများ ထွက်လာကြ သည်။

စောစောက ပြောခဲ့သည့်လူလည်း ရှက်ရွံ့မူနှင့်အတူ ချက်ချင်းပင် ပါးစပ်ကိုပိတ်ပြီး ခေါင်းငုံ့ထားလိုက်သည်။ ထိုလူ၏စကားကြောင့် သူသည် အရှိုက်ကို ထိုးခံလိုက်ရသည်မှာ ထင်ရှားသည်။ ဤသည်မှာ လေလမင်းမျှော်စင်ကို သူ၏ပထမဆုံးအကြိမ် ရောက်လာခဲ့ ခြင်း ဖြစ်ပြီး၊ ပျော်ရွှင်စွာ ပါဝင်ရန်အတွက် သူသည် ဤနေရာသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သို့သော်၊ သူ့ပါးစပ်က အခြားလူများကြောင့် ထုတ်ဖော်ခံခဲ့ရပြီး, ပတ်ဝန်းကျင်မှ လူများ၏ အထင်အမြင်သေးမှုကို ဆွဲဆောင်သွားမိသည်။

ချင်ယွင်လည်း ရှက်သွားခဲ့သည်။ အမှန်အတိုင်းပြောရလျှင်, ဤအမျိုးသမီး ပေါ်လာသည့် အခိုက်တွင်၊ သူသည် သူမအား ဤလေလံပွဲ၏ နတ်သမီးအဖြစ် သတ်မှတ်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ သူသည် ထုတ်မပြောမိပေ။ မဟုတ်ပါက၊ သူသည် အထင်အမြင် သေးခြင်းလှိုင်းလုံးကြီးကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။

နတ်သမီး တော်လင်ယုသည် လေလမင်းမျှော်စင်၏ နတ်သမီးများ လေလံပွဲကို ကျင်းပရန် တာဝန်ယူထားသည်။ သူမလက်ဖြင့် လေလံတင်ရောင်းချဖူးသည့် နတ်သမီးတစ်ရာကျော် ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် လေလံပွဲသို့လာရောက်သူတိုင်းက သူမကို သိကြမည် ဖြစ်သည်။

ထိုလူသည် သူမကို မသိရှိပေ။ ထို့ကြောင့် ထိုလူသည် ချင်ယွင်ကဲ့သို့ပင် ဤနေရာကို ပထမဆုံးအကြိမ် ရောက်ရှိလာသည်မှာ ထင်ရှားပါသည်။

"လေလံချစ်သူများတို့, ကျွန်မတို့ ပြန်ဆုံကြပြန်ပြီနော်။ ရှင်တို့ ဒီကျွန်မလေးကို လွမ်းနေကြ ပြီလား" တော်လင်ယု၏အသံသည် အိုရီယိုငှက်၏အသံကဲ့သို့ ချိုမြိန်ပြီး လေလမင်း မျှော်စင်၏အထက် လေထုထဲတွင် ပဲ့တင်ထပ်နေကာ သူမ၏စကားများသည် ကျီစားဟန် အပြည့်ရှိသည်။

"ဟုတ်တယ်ဟေ့.." နတ်ဘုရားအဆောက်အဦး လေးခုထံမှ ယောင်ဝါးဝါး တုံ့ပြန်သံများကို ကြားလိုက်ရသည်။ လူအနည်းစုသာ ဖြေကြားကြခြင်း ဖြစ်သည်။ အများစုမှာ လက်ထဲတွင် ဝိုင်ခွက်များ ကိုင်ဆောင်ထားရင်း တော်လင်ယု၏ ချောမောလှပသော ရုပ်အသွင်ကို ကြည့်ပြီး အပြုံးများသာ ပန်ဆင်ထားကြသည်။

အဆင့်အတန်းရှိသူဟု ကိုယ့်ကိုယ်ကို အတွေးမြင်ထားကြသည့် မည်သူမဆို ယခုလို တိုက်ရိုက်ဆန်သည့် ယဉ်ကျေးမူမျိုးဖြင့် တုန့်ပြန်ဖြေကြားမှာ မဟုတ်ပါဘူး။ အကယ်၍, တစ်စုံတစ်ယောက်သည် အမှန်တကယ် ပြောချင်သည်ဆိုလျှင်, စိတ်ဝင်စားစရာ မဖြစ်ခင် သူတို့အိပ်ခန်းထဲမှာ တစ်ယောက်တည်း ပြော၍ရပါသည်။

"ကြည့်ရတာ, ဒီလေလံပွဲမှာ အားလုံးက နတ်သမီးလေးအကြောင်းကို တွေးနေကြပုံပဲ။ လူတိုင်းရဲ့ စိတ်အားထက်သန်မူကို အချိန်မဆွဲထားတော့ပါဘူး။ ဒီတစ်ခါတော့ လူတချို့က ကျွန်မတို့ရဲ့ အချက်လက်တွေကို သိထားပြီးပြီဆိုတာ သေချာပါတယ်။" တော်လင်ယုက အပြေးအလွှား တိုက်ရိုက်ဖြတ်ပြီး ပြောလိုက်သည်။

အမှန်ဆို, ယခင်က နတ်သမီးအကြောင်း ပြောဆိုခဲ့သည့် ထိုလူငယ်သည် လေလမင်း မျှော်စင်မှ တမင်စီစဉ်ထားသူဟုပင် ချင်ယွင်က ခန့်မှန်းထားပြီး ဖြစ်သည်။ လက်ရှိ ရောက်ရှိနေသူလူတိုင်း၏ စိတ်အားထက်သန်မူကို ကျေနပ်စေရန်အလို့ငှာ ယခင်ကတည်း က မြို့တိုင်းမြို့တိုင်း၏ မျှော်စင်များတွင် တူညီသည့် မြင်ကွင်းမျိုးကို သရုပ်ဖော်ခဲ့ခြင်း ဖြစ်ဖွယ်ရှိပါသည်။

သို့သော်, လက်ရှိရောက်နေကြသူ လူတိုင်းသည် ဤကိစ္စနောက်ကို လိုက်ပါနေကြသူများ မဟုတ်ကြပေ။ သူတို့ လက်ရှိ သိချင်စိတ်ပြင်းပြနေကြသည့် အရာမှာ နတ်သမီးနှင့် ပတ်သက်သည့် ထူးခြားသည့်အရာ ဖြစ်သည်။

"မြန်မြန်, နတ်သမီးလေး.. ကျေးဇူးပြုပြိး ထွက်လာခဲ့ပါ။" ဟုတ်ပါသည်။ တစ်ယောက်ယောက်သည် မထိန်းနိုင်ဘဲ အော်ခေါ်လိုက်ပါသည်။

ထိုလူ၏အော်သံသည် လူအုပ်ကြားတွင် ပြင်းထန်သော ပဲ့တင်ထပ်သံနှင့်အတူ ချက်ချင်း ထွက်ပေါ်လာသည်။

"လူတိုင်းက နတ်သမီးလေးကို အရမ်းကို တွေ့ချင်နေမှတော့ ကျွန်မလည်း ဘာကိုမှ ဖုံးကွယ်မထားတော့ပါဘူး။ အခု နတ်သမီးလေးက ထွက်လာပြီး၊ လူတိုင်းအတွက် ကပြဖျော်ဖြေပေးပါဦး” တော်လင်ယုက ပြုံးပြုံးလေး ပြောလိုက်ပါသည် ။

ထိုသို့ပြောပြီးနောက် သူ၏ရုပ်အသွင်သည် အမှောင်ရိပ်ထဲသို့ ကျရောက်သွားပြီး နတ်သမီးရေကန်ဆီသို့ လျှောက်သွားခဲ့သည်။

ဒင်..…။

စူးစူးရဲရဲ အသံတစ်သံ ထွက်ပေါ်လာပြီး အသံက ဖြည်းညှင်းစွာ ကျယ်လောင်လှသည်။ ထိုအချိန်တွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကောင်းကင်ယံမှ လွင့်ပျံလာပါသည်။ ချက်ခြင်းဆိုသလို, နတ်ဘုရားမျှော်စင်လေးခုမှ လူများသည် မထိန်းနိုင်ဘဲ အသက်ရှူမွန်ကြပ်လာကြသည်။ ချင်ယွင်ပင်လျှင် တခဏကြာ မှင်သက်သွားခဲ့ရသည်။

All Chapters