← Chapters

အခန်း ၁၃၁၈

Vol. 88 Ch. 1318

အခန်း ၁၃၁၈

Vol. 88 Ch. 1318

အခန်း (၁၃၁၈) စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်။

လှပသည်။

တကယ်ကို လှပလွန်းပါသည်။

လူတိုင်းသည် ကောင်းကင်မှ ကြွေကျလာသော ပုံရိပ်လေးကို ဗြောင်ကျကျ ငေးငိုင်ပြီး ကြည့်နေကြကာ ခဏတာ အသက်ရှူကြပ်သွားသလို ခံစားလိုက်ရသည်။

ချင်ယွင်၏ မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ ယွမ်ရှီရှီ၏အလှသည် ယောင်ဖုန်းထက် နိမ့်ကျမည် မဟုတ်ပေ။ သူ့အမျိုးသမီးလေးယောက်, ဝိညာဉ်နတ်ဘုရားမ တို့နှင့် နှိုင်းယှဉ်လျှင်ပင် သူမသည် လုံးဝ အဆင့်တူ ဖြစ်လိမ့်မည်။ သူမ၏ စိတ်နေ စိတ်ထား သည် နူးညံ့သိမ်မွေ့လွန်းသော အငွေ့အသက်ကို ထင်ရှားပေါ်လွင်စေသည်။ သူမသည် ယောင်ဖုန်း၏ အေးစက်မှုနှင့် ကွဲပြားသော်လည်း ၎င်းသည် လူအများ၏နှလုံးသားကို ဆွဲဆောင်နိုင်လွန်းသည်။

အဖြူရောင်ပုံရိပ်လေးသည် ရေကန်၏မျက်နှာပြင်ပေါ်တွင် လွင့်ပျံလာပြီး ကခုန်လာသည်။ ငြိမ့်ညောင်းသာယာသော ဂီတသံများကြားတွင် ကခုန်နေပြီး ပတ်ဝန်းကျင်ရှိ နတ်ဘုရား အဆောက်အအုံများ တိတ်ဆိတ်သွားကြသည်။

ချင်ယွင်သည် သူ့ပတ်ဝန်းကျင်ရှိ လူအုပ်ကို တစ်ချက်ကြည့်လိုက်ရာ သူတို့အားလုံး မျက်တောင်မခတ်ဘဲ ရေကန်ပေါ်ရှိ အဖြူရောင်ရုပ်အသွင်ကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူတို့မျက်နှာပေါ်မှ အမူအရာတွေကလည်း အရမ်းကို ယစ်မူးနေကြ သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မအံ့သြပါဘူး။ အမှန်တကယ်ဆို, သူ့နှလုံးသားသည်ပင် လှိုင်းတံပိုး မလှုပ်ခတ်ဘဲ မနေခဲ့ပါချေ။ ဟုတ်ပါသည်၊ သူ့စိတ်ပိုင်းဖြတ်မှုက လက်ရှိ လူတိုင်းထက် အများကြီး ပိုသန်မာသောကြောင့် သူ့အကြည့်များကို ထိုအမျိုးသမီးထံမှ ဖယ်ခွာနိုင်ခဲ့ပါသည်။

နီထိုက်စွေ့အနေဖြင့်မူ, သူသည် လုံးလုံးလျားလျား ယစ်မူးနေသော နွားတစ်ကောင်တစ် အဖြစ် ပြောင်းလဲသွားကာ, သူ့မျက်နှာက သတိလက်လွတ် အပြုံးတစ်ခုပင် ပေါ်နေသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ့စိတ်ထဲတွင် အံ့သြစ ပြုလာသည်။

အမှန်တကယ်ဆို, သူမသည် ပြိုင်ဘက်ကင်းလှပသော အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့လျှင် ပင် လူတွေကို ဤမျှအထိ စွဲလန်းသွားစေမှာ မဟုတ်ပါဘူး။ သိသာထင်ရှားသည်မှာ၊ ဤနတ်သမီးနှင့်ပတ်သက်ပြီး ထူးခြားချက်တစ်ခု ရှိရလိမ့်မည်။ ၎င်းသည် သူမ၏ စွဲမက်ဖွယ်အရာနှင့်လည်း ပတ်သက်နေနိုင်သည်။

ကုချင်းတေးဂီတအသံ ပြီးဆုံးပြီးနောက် ရေကန်ပေါ်ရှိ အမျိုးသမီးသည်လည်း ရပ်သွားလိုက်သည်။ သူမ၏ တိုက်ပွဲဝင်စွမ်းအားသည် ရေကန်၏မျက်နှာပြင်ပေါ်တွင် အလွန်တိတ်ဆိတ်နေပြီး ပတ်ဝန်းကျင်သည် တိတ်ဆိတ်မူထဲတွင် နှစ်မြှုပ်နေဆဲ ဖြစ်သည်။

ထိုအမျိုးသမီး၏ မျက်လုံးများသည် ငြိမ်သက်နေပြီး သူမ၏ နှုတ်ခမ်းများသည် မထင်မရှား အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူမသည် ထိုမြင်ကွင်းမျိုးနှင့် ရင်းနှီးပြီးသား ဖြစ်နေသကဲ့သို့ ထိုမြင်ကွင်းများကြောင့် လုံးဝ အံ့သြသွားခြင်း မရှိပေ။

ထိုအချိန်တွင် ယွမ်ရှီရှီသည် တွေးတောဆင်ခြင်နေသည့် အမူအရာဖြင့် ရှိနေသော ချင်ယွင်ကို အမှတ်မထင် ဖမ်းစားမိလိုက်သည်။ တစ်စုံတစ်ယောက်သည် သူမ၏ ဆွဲဆောင်မူကို တွန်းလှန်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ယင်းက သူမကို ချင်ယွင်ကို အကြိမ်အနည်းငယ် ထပ်ပြီး ကြည့်စေမိသည်။ သို့သော်လည်း ချင်ယွင်၏ အကြည့်သည် သူ့လက်ထဲမှ ဝိုင်ခွက်ကို အစမှအဆုံးတိုင် ရောက်ရှိနေခဲ့သည်။ သူသည် သူမကို လုံးဝ မော့မကြည့်ပေ။ ဤအချက်က သူမ၏ နဂိုက အလွန်ခိုင်မာသည့် ယုံကြည်မှုကို ချက်ခြင်း ပြိုကွဲသွားစေခဲ့သည်။

သူမသည် ဆွဲမက်ဖွယ် ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခဲ့ပြီး၊ ယောက်ျားတစ်ယောက်အတွက် သူမသည် အမှန်တကယ်ပင် သေစေလောက်သော အဆိပ်ဖြစ်သည်။

ယောက်ျားတစ်ယောက်သည် သူမကို မြင်သည်နှင့် သူ့မျက်လုံးတွေကို လွှဲဖယ်ဖို့ အရမ်းကို ခက်လိမ့်မည်။ ထိုလူသည် မျက်မမြင်တစ်ယောက် မဟုတ်ပါက၊ သူမကို ကြည့်မိသည်နှင့် တပြိုင်နက် သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ဆွဲဆောင်မှုစွမ်းအားဖြင့် ဆွဲဆောင်ခံရလိမ့်မည်။

သို့သော် ယောက်ျားတစ်ယောက်က သူမကို ကြည့်နေခြင်းမရှိကြောင်း သိလိုက်ရတော့ သူမသည် အံ့အားသင့်သွားခဲ့သည်။ သူမသည် ယခုလိုအခြေအနေမျိုးကို နှစ်ပေါင်း ထောင်ချီအတွင်း ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။

တကယ်တော့ ချင်ယွင်သည် အရင်က သူမကို ကြည့်နေမှန်း သူမ မသိခဲ့ပါဘူး။ သို့သော် သူသည် ယခုအခါ, သူ့မျက်ခုံးကြားနေရာရှိ လျိုဘိုနှင့် စကားပြောနေခဲ့သည်။ ထို့ကြောင့် သူသည် ရေကန်ပေါ်ရှိ အမျိုးသမီးကို မကြည့်နိုင်ခဲ့ပေ။ သို့သော် သူ၏ မရည်ရွယ်သော လုပ်ရပ်သည် တစ်ဖက်သား၏ အာရုံကို စွဲဆောင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချင်ယွင်နှင့် လျိုဘိုတို့ကြား စကားဝိုင်းသည်လည်း သဘာဝအတိုင်း ယွမ်ရှီရှီနှင့် ဆက်စပ်နေပါသည်။

"ကောင်စုတ်လေး, မင်း ဘာတွေ တုံ့ဆိုင်းနေတာလဲ။ ဒါက အခွင့်ကောင်းပဲ။ ဒါက လူတော်တော်များများ အိပ်မက်မက်ရတဲ့ အခွင့်အရေးပဲ။ မင်းက တကယ်ကို မလိုချင်ဘူး လား?" လျိုဘိုက အနည်းငယ် မုန်းတီးစွာ ပြောသည်။

"ဒါပေမယ့်, ငါ့မှာ သူမနဲ့ပတ်သက်ပြီး အရင်ကတည်းက ဘာခံစားချက်မှ မရှိခဲ့ဘူးလေ။ ဒါအပြင်, ငါ့မှာ သူမအပေါ် အစီစဉ်ရှိရင်တောင် ဈေးနှုန်းကို မတက်နိုင်သေးဘူးလေ။" ချင်ယွင်က ခါးသီးသော အပြုံးဖြင့် ပြောသည်။

မူလက သူသည် ပြပွဲကိုကြည့်ရူရန် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း, ယခုလေးတင် လျိုဘိုသည် ရုတ်တရက် ပါးစပ်ဖွင့်ကာ သူ့ကို ချက်ချင်းပင် စိတ်ပျက် သွားစေသည့် နတ်သမီးယွမ်ရှီရှီကို လေလံဆွဲရန်စကားကို တောင်းဆိုလာခဲ့သည်။

'"စိတ်ခံစားချက်လား?။ မင်းက စိတ်ခံစားချက်တွေ လိုသေးလို့လား?။ ကောင်စုတ်လေး, ငါ မင်းကို ပြောပြမယ်။ ဒီမိန်းမက ဆွဲမက်ဖွယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်။ သူမက အမျိုးသားထုကြီးအတွက် မွေးဖွားလာခဲ့တာ။ မင်းပတ်ဝန်းကျင်က ယောက်ျားတွေ အရူးအမူး ဖြစ်နေကြတာကို မင်း မမြင်ဘူးလား?။ သူတို့က သူတို့ရဲ့မသိစိတ်ထဲက အလိုလို တုံ့ပြန်မှုမျိုး ရှိနေကြတာ မဟုတ်လား?။ မင်းမှာလည်း ယောင်္ကျားတွေရဲ့ အလိုလို တုန့်ပြန် တတ်တဲ့စိတ် မရှိဘူးလား" လျှိုဘိုက ထပ်ပြောသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ပို၍ပင် စိတ်ဓာတ်ကျသွားပါသည်။ ဟုတ်ပါသည်, သူ့မှာ ယောက်ျားတစ်ယောက်၏ အလိုလိုတုန့်ပြန်သည့် ဗီဇစိတ်ရှိသော်လည်း, သူသည် လက်မခံနိုင်သေးပါဘူး။

"ဘာလို့ သူမကို လေလံဆွဲဖို့ တွန်းအားပေးနေရတာလဲ?။ ဒီဆွဲမက်ဖွယ် ခန္ဓာကိုယ်ကရော ဘာတွေများ ထူးခြားနေလို့လဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ဤဆွဲမက်ဖွယ်ခန္ဓာကိုယ်၏ ထူးခြားချက်ကို သူသည် အလွန်သိချင်နေမိသည်။ ထို့ကြောင့် လျိုဘိုသည် ၎င်းအပေါ်ကို အလွန်အာရုံစိုက်နေခဲ့ပြီး၊ ချင်ယွင်ကို ယွမ်ရှီရှီနှင့် အိပ်စက်ရန် အတွက် သွေးထိုးလှုံ့ဆော်နေခြင်း ဖြစ်သည်။

"ဝိညာဉ်ခန္ဓာကိုယ်, ဒါက ဒီစကြဝဠာအတွင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသတစ်ခု ဖြစ်တယ်။ ဒီဖွဲ့စည်းပုံမျိုးက အလွန်ထူးခြားတယ်။ ဒီဝိညာဉ်ခန္ဓာကိုယ်က အမျိုးသမီးတွေမှာပဲ ဖြစ်ပေါ်လာနိုင်တာ။ ဒီခန္ဓာကိုယ်က အမျိုးသမီးတွေရဲ့ ကျင့်ကြံမူ အခြေခံကို နည်းနည်းလေးမှ အကူညီမပေးနိုင်ဘူး။ ဒါပေမယ့်, ယောက်ျားတွေအတွက် တော့, သူမရဲ့ခန္ဓာကိုယ်က အဆိပ်ရော နတ်ဘုရားဆေးပါ ရောနှောထားတယ်။ ယောင်္ကျား တစ်ယောက်ဟာ သူမနဲ့အတူ ကျင့်ကြံနေသမျှ, အဲဒီယောက်ျားအတွက် သိပ်ကို အကျိုး ကျေးဇူးများတယ်။ ဒီအကျိုးကျေးဇူးကလည်း မင်းရဲ့စိတ်ဝိညာဉ်အပေါ်မှာ လုံးဝ သက်ရောက်မူရှိတယ်။ တကယ်လို့, မင်းသာ သူမနဲ့အတူ ကျင့်ကြံနေသရွေ့, မင်းရဲ့ စိတ်ဝိညာဉ်က နယ်ပယ်အသစ်တစ်ခုထိ မြင့်တက်သွားလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်, မင်းကနဦးစကြဝဠာအပေါ် နားလည်နိုင်စွမ်းက ထိုက်ကျိနယ်ပယ်ရဲ့ အစောပိုင်းအဆင့်က နေ ထိုက်ကျိနယ်ပယ်ရဲ့ အလယ်အဆင့် ဒါမှမဟုတ် နှောင်းပိုင်းအဆင့်အထိတောင် တိုက်ရိုက် မြင့်တက်သွားနိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူမအပေါ် အလေးအနက်ထားဖို့ အရေးကြီးတယ်လို့ မင်း မထင်ဘူးလား”။

ချင်ယွင် ဆွံ့အသွားရသည်။ ဤဝိညာဉ်အလှခန္ဓာကိုယ်သည် ဤမျှကြီးမားသော အကျိုးသက်ရောက်မှု ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။ စုံတွဲကျင့်ကြံလိုက်ရုံဖြင့် သူ့စိတ်ဝိညာဉ်ကို မြှင့်တင်ပေးနိုင်သည်လား?။

လျိုဘိုပြောသည့် စကားကြောင့်သာ, မဟုတ်ပါက၊ ချင်ယွင်သည် ဤကမ္ဘာပေါ်တွင် ဤမျှထူးဆန်းသော အရာတစ်ခု ရှိနေသည်ဟု ယုံကြည်မည် မဟုတ်ပေ။

"ကောင်စုတ်လေး, ဒါက စကြဝဠာထဲမှာရှိတဲ့ အရာအားလုံးရဲ့ ဥပဒေသပဲ။ နတ်ဆိုးသားရဲပဲ ဖြစ်ဖြစ် မင်းတို့လို လူသားတွေပဲ ဖြစ်ဖြစ်၊ ဒီလိုအထူးဥပဒေသတစ်ခုစီ ရှိကြတယ်။ မြွေမတစ်ကောင်က အထီးတစ်ကောင်ကို ရည်းစားအဖြစ် ဆွဲဆောင်နိုင်ပုံနဲ့ အတူတူပဲပေါ့" လျှိုဘိုက ဆက်ပြောသည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ ရှိုက်ကြီးတငင် ပြုံးလိုက်မိသော်လည်း သူ့စိတ်ထဲမှာတော့ လက်မခံနိုင်သေးပေ။

သူ့ကျင့်ကြံမူကို တိုးမြှင့်နိုင်ဖို့အတွက် သူ့အပေါ် ခံစားချက်မရှိသော အမျိုးသမီးတစ်ဦးနှင့် ထိုကဲ့သို့ပြုရန်အလို့ငှာ သူ့စိတ်ထဲတွင် အနည်းငယ် လွန်ဆွဲနေသေးသည်။

"ကောင်စုတ်လေး၊ မင်း ဘာတွေတွေးနေလဲဆိုတာ ငါသိတယ်။ မင်း သူမနဲ့အိပ်ပြီးနောက် ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားနေတာ မဟုတ်လား?" တကယ်တော့ မင်းအနေနဲ့ အရမ်းကို အတွေးလွန်နေပြီလို့ ငါ ထင်တယ်။ သူမအနေနဲ့ လေလံတင်ဖို့ ထွက်လာက တည်းက ဒီကိစ္စက သူမကိစ္စဖြစ်သွားပြီလေ။ နောက်ပိုင်းမှာ မင်းအနေနဲ့ တာဝန်ယူစရာမှ မလိုတော့တာ။ မင်းက မင်းကိုယ်မင်း တာဝန်ရှိတယ်လို့ တွေးနေတာ ထင်ရှားတယ်” လျိုဘိုက ပြောသည်။

ထိုစကားကြားတော့ ချင်ယွင်သည် လေးလေးနက်နက် တွေးလိုက်မိသည်။

လျိုဘို ပြောသည်မှာ မှန်ပေသည်။ သူသည် သူမနှင့်အိပ်ပြီးနောက် နောက်ဆက်တွဲ အဖြစ်ပျက်များကို အမှန်ပင် တွေးနေမိသည်။ သို့သော် လျိုဘိုက သူ့ကို သတိပေးပြီး နောက် ယွမ်ရှီရှီသည် သူမခန္ဓာကိုယ်ကို လေလံတင်ရန် ဤနေရာတွင် ရှိနေသည်ကို သတိရမိသွားသည်။

"ဒါပေမယ့်, ငါ့မှာရှိတဲ့ ရတနာတွေလောက်နဲ့ဆို, ငါ သူမကို သိမ်းပိုက်ချင်ရင်တောင်, ငါ မလုပ်နိုင်ဘူး မဟုတ်လား" ချင်ယွင်က မေးသည်။

သူ့တွင် နတ်ဘုရားဝိညာဥ်ကျောက်တုံးနှင့် ရတနာအချို့ရှိပြီး၊ ၎င်းတို့သည် သူ၏သိုလှောင် လက်စွပ်ထဲတွင် ရှိနေဆဲဖြစ်သည်။ သို့သော် ဤရတနာများသည် လုံလောက်မည့်ပုံ မပေါ်ပေ။

"ဘာလို့ မလုပ်နိုင်ရမှာလဲ။ မင်းမှာ ရတနာတွေ အများကြီး မရှိလို့လား?။ မင်းမှာ တကယ် မလုံလောက်ဘူးဆိုရင် ငါ မင်းကို ကူညီနိုင်ပါသေးတယ်။ နောက်ပြီး, ငါ့အမြင်အရဆို, ဒီအမျိုးသမီးက သူမခန္ဓာကိုယ်ကို ရတနာတွေနဲ့ လဲလှယ်ဖို့အတွက် ရောင်းချချင်တာ မဟုတ်လောက်ဘူး။ သူမမှာ အခြားလိုအပ်ချက်တွေ ရှိနေသင့်သည်။” လျှိုဘိုက ပြောသည်။

ထိုစကားကြားတော့ ချင်ယွင်သည် ဘာမှပြန်မချေပခဲ့သလို ဘယ်လို ချေပရမလဲဆိုတာ လည်း မသိတော့ပါဘူး။ သို့သော် သူ့စိတ်ထဲတွင် ထူးဆန်းသော အရာတစ်ခု ရှိနေသည်ဟု သူ ခံစားမိနေသည်။ ထိုခံစားချက်သည် ပြည့်တန်ဆာအိမ်သို့ လူတစ်ယောက်၏ ပထမဆုံး အကြိမ်ကဲ့သို့ ဖြစ်ပြီး၊ ၎င်းသည် ဆန္ဒအလျောက်လည်း မဟုတ်ခဲ့ပေ။ ထိုခံစားချက်က နားမလည်နိုင်လောက်အောင်ပင်။

All Chapters