အခန်း ၁၃၁၉
Vol. 88 Ch. 1319
အခန်း (၁၃၁၉) ကျား ဝံပုလွေ ကျားသစ်။
"အဟွတ်… အဟွတ်..”
လူတိုင်း ယစ်မူးနေကြစဉ်မှာ ချောင်းဆိုးသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ထိုမှသာ လူတိုင်းသည် ၎င်းတို့၏ အသိအာရုံများ ပြန်လည်ရရှိလာပြီး သူတို့နှလုံးသားက အံ့ဩခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် သူတို့၏အကြည့်များသည် ယွမ်ရှီရှီ၏ ခန္ဓာကိုယ်မှ မခွာနိုင်ကြသေးပေ။
ထိုအချိန်တွင် ချင်ယွင်နှင့် လျိုဘိုတို့လည်း ဆက်သွယ်မှု ရပ်ဆိုင်းသွားခဲ့သည်။ သူသည် ယွမ်ရှီရှီကို အဝေးမှ လှမ်းကြည့်လိုက်သော်လည်း သူ့မျက်လုံးများက ရှုပ်ထွေးသော အမူအရာ ပေါ်လွင်နေသည်။
အားလုံးက ယွမ်ရှီရှီကို ကြည့်နေသောအခါ၊ ယွမ်ရှီရှီသည် ချင်ယွင်ကို မတူကွဲပြားသော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်သည်။ ချင်ယွင်၏ရှုပ်ထွေးသော အကြည့်ကို မြင်လိုက်ရသဖြင့် သူမသည် ထူးထူးခြားခြား အံ့သြသွားမိသည်။
ဒီလူ ဘာတွေ တွေးနေသလဲ?။ ဘာကြောင့် ယခုလိုအမူအရာမျိုး ဖြစ်ပေါ်နေလဲဆိုသည်ကို သူမ တကယ် သိချင်နေခဲ့သည်။ သို့သော် သူမ အမြဲတမ်း ယုံကြည်မှုရှိခဲ့သော ထိုဆွဲဆောင်မူ စွမ်းအားသည် ဤလူငယ်၏အမြင်တွင် လုံးဝ အသုံးမဝင်တော့ပေ။
"သူက ယောက်ျားတွေကို ကြိုက်သူများလား?" ယွမ်ရှီရှီသည် သူမစိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခုပင် အလိုလို ဝင်လာမိသည်။ ထိုသို့မဟုတ်လျှင်, ယောက်ျားတစ်ယောက်သည် သူမ၏ ဆွဲဆောင်မှုကို မည်သို့ တွန်းလှန်နိုင်လဲဆိုသည်ကို သူမအနေဖြင့် တွေးကြည့်၍ပင် မရပါချေ။
"လူတိုင်းပဲ, သူမကို လူတိုင်း မြင်နိုင်မယ်ဆိုတာ ကျွန်မ သေချာပါတယ်။ သူမနာမည်က ယွမ်ရှီရှီပါ။ သူမဟာ ဒီတစ်ခါ လေလမင်းမျှော်စင်ရဲ့ နတ်သမီးတစ်ပါး ဖြစ်ပြီး၊ လူတိုင်းက သူမရဲ့ခန္ဓာကိုယ်ပေါ်က ဆွဲဆောင်မူကို ခံစားရနိုင်ပါလိမ့်မယ်။ ဘယ်လိုထင်ပါလဲ?။ ရှင်တို့ရဲ့ မျက်လုံးတွေက သူမဆီကနေ မခွာနိုင်တော့ဘူး မဟုတ်လား?။ တကယ်ဆို, ဒါကလည်း ရှင့်တို့အပြစ် မဟုတ်ပါဘူးလေ။ သူမက ဆွဲမက်ဖွယ် ကောင်းလွန်းနေတာကို။ အခုလက်ရှိ, သူမဟာ နတ်ဘုရားကမ္ဘာမှာ ဆွဲမက်ဖွယ်အကောင်းဆုံးလူ တစ်ယောက်ပဲ” တော်လင်ယုက ပြောလိုက်ပြီး၊ သူမအသံက လေလမင်းမျှော်စင် တစ်ခုလုံးကို ပဲ့တင်ထပ် နေသည်။
လူတိုင်းသည် အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်လာကြသည်။ သူတို့သည် ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်၏ ဒဏ္ဍာရီကို ကြားဖူးကြသော်လည်း လက်တွေ့တွင် အမှန်တကယ် တည်ရှိနေမည်ဟု မထင်ခဲ့ကြပေ။
ယွမ်ရှီရှီကို ဆောင့်တွန်းပြီး သူမကို သူတို့အောက်တွင် ဖိချေပစ်လိုသော ဆန္ဒများပင် တိုးဝင်လာကာ၊ အမွှေးကိုချစ်မြတ်နိုးသော ဝံပုလွေအထီးတစ်ကောင်ကဲ့သို့ သူတို့၏ မျက်လုံးများသည် ချက်ချင်းပင် ပူနွေးလာကြသည်။
မိုးပြာနဂါးမျှော်စင်၏ ကိုးထပ်မြောက် ခေါင်းမိုးပေါ်တွင် လူငယ်နှစ်ဦးသည် ထိုင်နေကြ သည်။ ယခုအချိန်တွင် ထိုခေါင်မိုးပေါ်မှာ သူတို့နှစ်ဦးမှလွဲ၍ အခြားမည်သူမျှ မရှိပေ။
"သခင်လေးဂျီရှီ၊ ယွမ်ရှီရှီက တကယ်ကို ဆွဲမက်ဖွယ်ကောင်းနေမယ်လို့ ငါ မမျှော်လင့်ထား ဘူး။ ကြည့်ရတာ, ငါတို့ တကယ်ကို အချိန်ကောင်း ရောက်ရှိလာပုံပဲ။" လူငယ်တစ်ဦးက သူ့ဘေးနားရှိ အခြားလူငယ်အား ပြောလိုက်သော်လည်း သူ့အကြည့်က ယွမ်ရှီရှီ၏ ခန္ဓာကိုယ်ကနေ တစ်စက္ကန့်မျှ မခွာခဲ့ပေ။
သခင်လေးဂျီရှီဟုသိကြသည့် ထိုလူငယ်သည် သူ့မျက်လုံးများတွင် မီးလျှံများဖြင့် တူညီစွာ တောက်လောင်နေသည်။ သို့သော် သူ့တည်ငြိမ်မှုက သူ့ဘေးနားရှိ လူငယ်လေးထက် ပို၍ခိုင်မာပါသည်။ သူက လှည့်ပြီး ပြောသည် “ဒီခရီးက တကယ်ကို အချည်းနှီး မဟုတ်ဘူးပဲ။ ငါ ဒီမိန်းမကို ရအောင်ယူရမယ်။ မင်းရော ငါရော နှစ်ယောက်စလုံးက ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်ရဲ့ အကျိုးသက်ရောက်မှုကို သိထားကြတယ်။ ဒီခန္ဓာကိုယ်က နတ်ဘုရားစိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ခြင်းအတွက် အများကြီး အထောက်အကူ ပြုတယ်။ နတ်ဘုရားစိတ်ဝိညာဉ်ကို မြင့်တင်နိုင်တာနဲ့ ငါတို့ရဲ့ ကျင့်ကြံမူအတွက် ပိုပြီး လွယ်ကူလာလိမ့်မယ်။ ငါက အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော် ကောင်း ဖြတ်ကျော်သွားနိုင်လောက်တယ်”။
"သခင်လေး ဂျီရှီ, သခင်လေး မှားနေပြီ။ ဒီလိုလှပတဲ့အရာအားလုံးကို သခင်လေးကိုယ်တိုင် ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ။ သခင်လေးက ငါ့ကိုမျှဝေဖို့ အဆင်သင့်ဖြစ်နေပြီ မဟုတ်လား” လူငယ်က သရော်သံဖြင့် ပြောသည်။
"ဟမ့်၊ မင်းမှာ မိန်းမတွေ အများကြီးရှိတယ်လေ။ မင်းက ဒါကို ဂရုစိုက်နေတုန်းပဲ။ ဒီကိစ္စကို မေ့လိုက်ပါ။ ငါ သူမကို ပထမဆုံးအကြိမ်ပဲ လိုချင်တယ်။ အဲဒီတစ်ကြိမ် ပြီးသွားရင်တော့, မင်း သူမကို ထိန်းချုပ်နိုင်မလားဆိုတာ မင်းရဲ့ အရည်အချင်းပေါ်မှာ မူတည်တယ်။ သူမက အလယ်အလတ် မြေကမ္ဘာနတ်ဘုရားအဆင့်မှာရှိနေပြီး၊ မင်းနဲ့ငါထက် အဆင့်တစ်ဆင့် ပိုမြင့်တယ်ဆိုတာ မင်း သိထားရမယ်။" ဂျီရှီက ပြောသည်။
လူငယ်က လှောင်ပြောင်ပြီး ပြောလိုက်သည် "ဟမ့်၊ အဲဒီတော့ ဘာဖြစ်လဲ?။ ငါတို့ အဆင့်အတန်းနဲ့ဆို သူမ ငါတို့နဲ့အတူ ဆက်ဆံပြီးတာနဲ့, သူမက မြေကမ္ဘာနတ်ဘုရား နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ရှိနေရင်တောင်, ငါ့ရှေ့မှာဆို နာခံမှုရှိနေရမယ်။ ဒီအကြောင်းကို သခင်လေးဂျီရှီက ငါ့ထက် ပိုသိပါတယ်လေ။"
ထိုစကားကိုကြားတော့ ဂျီရှီသည် အန္တရာယ်အငွေ့အသက်ပါသည့် ဆိုးရွားသော အကြည့်ကို ထုတ်ဖော်လိုက်သော်လည်း, ယွမ်ရှီရှီကိုကြည့်နေသည့် သူ့အကြည့်တွေက ပို၍ပင် ပြင်းထန်လာခဲ့ပါသည်။
သာမာန်နတ်သမီးတစ်ယောက်သာဆိုလျှင်, သူတို့၏စိတ်ဝင်စားမှုသည် ဤမျှ ကြီးမားမည် မဟုတ်သော်လည်း ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်သည် လုံးဝ ခြားနားပါသည်။ ဤသည်မှာ အသက်ရှင်သော နတ်ဆေးဖြစ်သည်။
သာမန်ထက်ထူးကဲသည့် အဆင့်အတန်းရှိသော လူငယ်နှစ်ဦးသည် စကားစမြည် ပြောဆို နေကြစဉ်မှာ, ဆံပင်ဖြူ အဘိုးအိုတစ်ဦးသည် ဗာမီယမ်ငှက်မျှော်စင်၏ အပေါ်ဆုံး ထပ်တွင် ထိုင်နေခဲ့သည်။ ဆံပင်ဖြူ အဘိုးအိုသည် ငွေရောင်ဆံပင်များ ရှိနေပြီဖြစ်သော်လည်း သူ၏ စိတ်ဝိညာဉ်သည် မတူကွဲပြား ထူးခြားလွန်းသည်။
ယခုအချိန်တွင် ပြိုင်ဘက်ကင်းလှပသော အမျိုးသမီးတစ်ဦးသည် သူ့ရင်ခွင်ထဲတွင် လဲလျောင်းနေပါသည်။ ထိုအမျိုးသမီး၏ ရုပ်ရည်အသွင်အပြင်နှင့် စိတ်နေစိတ်ထား တို့သည် ယွမ်ရှီရှီထက် အနည်းငယ်မျှသာ နိမ့်ကျပြီး၊ သူမ၏ ကျင့်ကြံမှုသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ထိုအဘိုးကြီး၏ ရှေ့တွင် သူမ၏နှလုံးသည် တုန်လှုပ်နေခဲ့ပြီး၊ သူမ၏မျက်နှာသည် တုန်လှုပ်ခြောက်ခြားမူများဖြင့် ပြည့်နှက်နေခဲ့သည်။
သူမသည် နတ်သမီးလေးမှလွဲ၍, လေလမင်းမျှော်စင်တွင် အထူးချွန်ဆုံး အမျိုးသမီးတစ်ဦး ဖြစ်သည်။ ယုတ္တိဗေဒအရပြောရလျှင်, သူမသည်လည်း လူပေါင်းများစွာကို ချည်နှောင် နိုင်စွမ်းရှိပါသည်။ ပုံမှန်အားဖြင့်ဆို၊ သူမ၏ သလဲသီးဝတ်စုံအောက်တွင် မရေမတွက်နိုင် သော သခင်လေးများ ဒူးထောက်လျက် ရှိကြသော်လည်း, ယခုအခါတွင် သူမ၏ တောက်ပြောင်မှု အားလုံးသည် ဆုံးရှုံးသွားပုံရပါသည်။
ယွမ်ရှီရှီ ပေါ်လာပြီးကတည်းက ဆံပင်ဖြူ အဘိုးကြီးသည် သူမကို ဘယ်တော့မှ မကြည့်တော့ပါဘူး။ အဘိုးကြီး သူမကို ဆုပ်ကိုင်ထားသည့် သူ့လက်၏ခွန်အားကိုတောင် မသိတော့ပါဘူး။ ဤအရာက သူမကို နာကျည်းစေခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် ယွမ်ရှီရှီ အပေါ် သူမ၏အကြည့်များက အနှိုင်းမဲ့ မနာလို ဖြစ်နေခဲ့သည်။
"သခင်၊ ဒီကျွန်မက သခင့်ကို တစ်ခွက်တိုက်ပါ့မယ်” ထိုအမျိုးသမီးသည် လှည့်ပတ်ကြည့် ရင်း, ဆံပင်ဖြူ အဘိုးအိုကို မြှောက်ပင့်ပြောဆိုကာ သူမမျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။
"ဖျန်း”
သို့သော်လည်း ဆံပင်ဖြူ အဘိုးကြီးသည် သူမမျက်နှာကို တိုက်ရိုက် ပါးရိုက်လိုက်ပြီး၊ လွင့်ထွက်သွားစေသည်။ ထို့နောက် သူမ၏နားထဲတွင် အေးစက်စက် အော်ဟစ်သံတစ်ခု က ထွက်ပေါ်လာခဲ့သည် "ထွက်သွားစမ်း, အယုတ်တမာကောင်မ”။
အစမှအဆုံးအထိ ဆံပင်ဖြူ အဘိုးကြီးသည် သူမကို ကြည့်ပင်မကြည့်တော့ပေ။
မူလက သူမသည် ဤမျှကြီးမားသည့် လူသိထင်ရှားသူတစ်ဦးပေါ် တက်လှမ်းနိုင်စွမ်းရှိခဲ့ ပြီး၊ ယခုမှစ၍, သူမသည် ကောင်းကင်သို့တိုင် ပျံတက်နိုင်တော့မည်ဟု အထင်ရောက်နေ ခဲ့သော ထိုအမျိုးသမီးသည် ယခုအခါ ဗာမီယမ်ငှက်မျှော်စင်၏ ကိုးထပ်မြောက်အထပ်မှ သူမ၏စိတ်ထဲတွင် အလွန်မင်း မကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့ရသည်။
"ဒီလိုအလှပိုင်ရှင်မျိုးကို ငါ ရအောင်ယူရမယ်။ လှပတဲ့ခန္ဓာကိုယ်။ ဒါက အံ့သြစရာကောင်း တဲ့ ရုပ်ခန္ဓာကိုယ်တစ်မျိုးပဲ။ ဟား...၊ ဟား...၊ ငါ့ဘဝတစ်လျှောက်လုံး ငါအရှေ့ပိုင်းမြစ်နဲ့ ကစားခဲ့ဖူးတဲ့ အမျိုးသမီးတွေဟာ စိတ်ကူးယဉ်ဆန်ဆန် ဝါကြွားကြလိမ့်မယ်။ ဒါပေမယ့်, ငါ မျှော်လင့်မထားတာက, ဒီနေ့, ဒီလှပတဲ့ခန္ဓာကိုယ်နဲ့ ယှဉ်လိုက်ရင် အရင်တုန်းက မိန်းမလှလေးတွေလို့ ခေါ်ခံရတဲ့ မိန်းမအားလုံးဟာ ရုပ်ဆိုးလွန်းတယ်ဆိုတာ ငါ သိလိုက် ပြီ။” ဆံပင်ဖြူ အဘိုးကြီး၏ မျက်လုံးများသည် ယွမ်ရှီရှီကို ကြည့်ရင်း ဝင်းလက် တောက်ပနေကာ, ကျူးကျော်ပြစ်မှားလိုစိတ်ကို ဖုံးကွယ်မထားခဲ့ပေ။
"စျေးနှုန်း ဘယ်လောက်ပဲမြင့်မားပါစေ, ဒီလေလံကို ငါ အနိုင်ရရမယ်။" ဆံပင်ဖြူ အဘိုးကြီးသည် စိတ်ကိုထိန်းကာ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားသည်။
ထိုအချိန်တွင် လိပ်နက်မျှော်စင် ခေါင်မိုးပေါ်မှာ မိန်းမဆန်ဆန် အမျိုးသားတစ်ဦးလည်း ထိုင်နေပါသည်။ သူ့အကြည့်တွေက တခြားလူတွေနှင့် အတူတူပင်။ သူသည်လည်း အနိုင်ယူရန်အတွက် ပြင်းပြင်သော စိတ်ဆန္ဒ ဖြစ်ပေါ်နေသည်။
'"ယွမ်ရှီရှီလာ..? ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်လား?။ ကံကောင်းထောက်မစွာ၊ ဒီ လေလမင်း မျှော်စင်က အချက်အလက်တွေကို ကြိုတင် မဖော်ပြခဲ့ဘူး။ မဟုတ်ရင် ငါ လုံးဝ အခွင့်အရေး ရှိလာမှာ မဟုတ်ဘူး။ ဒါပေမယ့် အခု ဒီယွမ်ရှီရှီက ငါ့အတွက်ပဲ။" မိန်းမဆန်ဆန် အမျိုးသားသည် သူ့နှလုံးသားထဲတွင် အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး၊ သူ့မျက်လုံးများက ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ သယ်ဆောင်ထားသည်။
ထိုအချိန်တွင် ချင်ယွင်သည်လည်း စိတ်အနှောက်အယှက် ဖြစ်နေမူမှ လွတ်မြောက်သွားပြီ ဖြစ်သည်။ အကယ်၍, သူသည် ဤယွမ်ရှီရှီနှင့်ပတ်သက်ပြီး ဇာတ်လမ်းဖန်တီးမည်ဆိုလျှင်, အခြားဇာတ်လမ်များလည်း ဖန်တီးရမည်ကို နားလည်သွားသည်။ အဘယ့်ကြောင့်ဆို သော်, ယွမ်ရှီရှီကိုကြည့်နေကြသည့် ပတ်ဝန်းကျင်မှ လူအများ၏ အကြည့်တွေက အသက်ရှင်နေသော ဝံပုလွေတွေ၊ ကျားတွေနှင့် ကျားသစ်တွေလို ဖြစ်နေသည်ကို သူ တွေ့မြင်ထားသောကြောင့် ဖြစ်ပါသည်။
ဉပမာအနေဖြင့် နီထိုက်စွေ့ကို ပြရလိမ့်မည်။ ယခုအချိန်တွင် သူ့မျက်လုံးများသည် အနိုင်ယူလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ဤအရာက သူ့မှာ ကြွယ်ဝသည့် အခြေခံ အုတ်မြစ်မရှိ၍ ဖြစ်ပါသည်။ အကယ်၍, သူ့မှာသာ ကြွယ်ဝသည့် အခြေခံ အုတ်မြစ်ရှိနေခဲ့ လျှင်, သူသည် မဆိုင်းမတွ လှုပ်ရှားမည်မှာ သေချာပါသည်။
ချင်ယွင်သည် အနီးနားရှိ နတ်ဘုရားမျှော်စင်များတွင် အလွန်ကြွယ်ဝချမ်းသာသော လူများ ရှိနေမည်ဟု ယုံကြည်ထားပြီး၊ ထိုလူများသည် လူနည်းစု မဟုတ်နိုင်ပေ။ ယွမ်ရှီရှီသည် သူတို့လက်ထဲသို့ ကျရောက်သွားလျှင်, ရလာဒ်က ပိုကောင်းမည်မဟုတ်ဟု ထင်ရသည်။
ထိုအကြောင်းကို စဉ်းစားရင်း ချင်ယွင်သည် သူ့စိတ်ထဲတွင် ယွမ်ရှီရှီကို အစွမ်းကုန် ပစ်လွှတ်ဖို့ ဆုံးဖြတ်လိုက်သည်။ အဆုံးတွင်, သူသည် သူမကို စား,မစားဆိုသည်က သူ့စိတ်နေစိတ်ထားအပေါ် မူတည်ပါသည်။
ယွမ်ရှီရှီသည် ချင်ယွင်ကို ရည်ရွယ်ချက်ရှိ၍လား သို့မဟုတ် မရည်ရွယ်ဘဲလားမသိ စောင့်ကြည့်နေခဲ့သည်။ သူမသည် ချင်ယွင်၏ စိတ်ပိုင်းဖြတ်ထားသော အကြည့်ကို မြင်သောအခါ, ဒီလူက သူမကို ဇာတ်လမ်းတစ်ပုဒ်ရိုက်ရန် စဉ်းစားနေပြီဖြစ်ကြောင်း သူမ နားလည်လိုက်သည်။
သို့သော်၊ တတိယထပ်တွင် ထိုင်နေသူတစ်ဦးသည် ဤကိစ္စကို အဘယ်ကြောင့် အလေးအနက် တွေးတောနိုင်သနည်း?။ အဘယ်ကြောင့် ဤမျှလောက် လေးလေး နက်နက် တွေးတောနိုင်ရသည်ကို သူမ အလွန် သိချင်နေပါသည်။