← Chapters

အခန်း ၁၃၂၀

Vol. 88 Ch. 1320

အခန်း ၁၃၂၀

Vol. 88 Ch. 1320

အခန်း (၁၃၂၀) အရှိန်ဟုန်ပြင်းထန်သည့် လေလံပွဲ။

ယွမ်ရှီရှီသည် သူမ မွေးကတည်းက ယောက်ျားပေါင်းများစွာ၏ ဝန်းရံခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင်, သူမ၏ကျင့်ကြံမူအခြေခံ တိုးမြင့်လာသည်နှင့်အမျှ, သူမ၏ ဆွဲမက်ဖွယ် ခန္ဓာကိုယ်က ပိုပိုပြီး အသုံးဝင်လာခဲ့ပါသည်။

သူမအောက်နိမ့်ကျသော ကျင့်ကြံသူတိုင်းသည် သူမ၏ ဆွဲငင်အားကို လုံးဝ မခံနိုင်ပါဘူး။ သူတို့၏ကျင့်ကြံမှုသည် သူမအထက်တွင် ရှိနေလျှင်ပင်, ၎င်းတို့အနေဖြင့် ကောင်းကင် နတ်ဘုရားနယ်ပယ်သို့ မရောက်မချင်း သူတို့၏မျက်လုံးများကို သူမနှင့်ဝေးရာသို့ ရွှေ့ရှားရန် အလွန်ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် ချင်ယွင်၏ ယခင်စွမ်းဆောင်မူသည် ယွမ်ရှီရှီ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ နတ်ဘုရားတစ်ပိုင်းသည် သူမ၏ ဆွဲငင်အား မည်ကဲ့သို့ တွန်းလှန်နိုင်သည်ကို သူမ အလွန်သိချင်နေခဲ့သည်။

သူသည် သူမနှင့်ပတ်သက်ပြီး ဇာတ်လမ်းတစ်ပုဒ် ဖန်တီးရန် ကိစ္စနှင့် ပတ်သက်ပြီး အတော့်ကို အကျပ်ရိုက်နေခဲ့သည်။ ဖြစ်နိုင်တာက, ယခုလိုကိစ္စမျိုးကို ဖြေရှင်းဖို့အတွက် လိုအပ်နေသေးလို့များလား?။

ယွမ်ရှီရှီသည် ချင်ယွင်အကြောင်းကို ရုတ်တရက် သိချင်လာသည်။ သေချာသည်မှာ, သူမသည် သိချင်ရုံသက်သက်သာ ဖြစ်ပါသည်။ နတ်ဘုရားတစ်ပိုင်း တစ်ယောက်သည် သူမအကြံအစည်အတွက် မည်သည့်အကူအညီမှ မဖြစ်နိုင်ပါဘူး။ ထိုကိစ္စကြောင့် သူမအနေဖြင့် သူ့အားချစ်မိရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ သူမဖြစ်နေသမျှ အရာအားလုံးက ထိုအသစ်အဆန်းတွေအကြောင်း သိချင်စိတ်တွေ ချည်းပါပဲ။

အဆုံးတွင်, လူအားလုံးထဲမှာ ချင်ယွင်သည် သူ့အကြည့်တွေကို သူမအထံမှာ အလွယ်တကူ ဖယ်ရှားပစ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပါသည်။

တကယ်တော့ ချင်ယွင်သည် ထိုကဲ့သို့ လုပ်ဆောင်နိုင်ရခြင်း၏ အကြောင်းရင်းက, သူသည် ကနဦးစကြာဝဠာ၏ အလိုဆန္ဒကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်ပါသည်။ ထိုကဲ့သို့ အစွမ်းထက်သူတစ်ဦးသည် မည်သို့ အလွယ်တကူ စိတ်ရှုပ်ထွေးနိုင်မည်နည်း။

"လူတိုင်းပဲ၊ ဒီဆွဲမက်ဖွယ်ခန္ဓာကိုယ်ရဲ့ အသုံးပြုပုံကို လူတိုင်း သိကြမှာ သေချာပါတယ်။ ဒီမိန်းမလှလေးနဲ့ ပတ်သက်ပြီးတော့ ကျွန်မ ဘာမှ မပြောတော့ပါဘူး။ နတ်သမီးလေးဆီက ဒီပန်းပွင့်ကို နောက်ဆုံး ဆွတ်ယူနိုင်မည်သူမဆို သူမရဲ့အလှပကို သေချာပေါက် ခံစားနိုင်မှာပါ" တော်လင်ယုက ပြုံးပြုံးလေး ပြောသည် ။

နတ်ဘုရားမျှော်စင်လေးခုရှိ လူတိုင်းသည် ထိုအလှပကို သတိထားမိပြီး၊ ထိုစကားကို ကြားလိုက်ရသည့်အခါ ယစ်မူးသည့်အမူအရာ မထုတ်ဖော်ဘဲ မနေနိုင်ခဲ့ကြချေ။ သူတို့သည် ယွမ်ရှီရှီနှင့်အတူ နွေဦးပွဲတော်ကို ဖြတ်သန်းနေသည့် မြင်ကွင်းကိုပင် သူတို့စိတ်ထဲမှာ မထိန်းနိုင်ဘဲ စိတ်ကူးယဉ်မိကြသည်။

ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ လူများ၏ မူးယစ်နေသော အမူအရာကို ကြည့်ကာ သူ့နှလုံးသားထဲတွင် အေးခဲသွားသလို ခံစားလိုက်ရသည်။

ဤဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်၏ စွမ်းအားသည် အမှန်တကယ်ပင် ဤမျှလောက် ကြီးကျယ်ခမ်းနားသော လူများစွာကို ရူးသွပ်သွားစေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"မြန်မြန် စလိုက်ပါ။ နတ်သမီးကို အိမ်ပြန်သယ်ဖို့ ငါ စောင့်နေရပြီ။" စိတ်မရှည်သော အသံသည် ကျားဖြူမျှော်စင်၏ ကိုးထပ်မြောက်မှ ထွက်ပေါ်လာသည်။ ထိုအသံကို ကြားတော့ လူတိုင်းသည် ထိုလူ၏ ကိုယ်ရေးအချက်လက်ကို မှန်းဆပြီးသား ဖြစ်သွားသည်။

ဤလူငယ်သည် ကြယ်အလင်းမြို့တော်, မြို့တော်သခင်၏သား ကျိုးချန်ယွမ် ဖြစ်သည်။ သူသည် ကြယ်အလင်းမြို့တော်တွင် အဆင့်အတန်းမြင့်မားပြီး၊ ပလေးဘွိုင်တစ်ယောက် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိပြီး သူသည် အမြဲတမ်း အခြားသူများ၏ တိတ်တဆိတ် မထီမဲ့မြင်ပြုခြင်းကို ခံနေရသူ ဖြစ်သည်။

သို့သော်လည်း ကျိုးချန်ယွမ်၏ စကားများသည် အနီးနားရှိ လူများကို ပဲ့တင်ထပ်စေခဲ့ သည်။ ယွမ်ရှီရှီကို ရယူရန် စိတ်ပိုင်းဖြတ်ထားသူများသည် မစောင့်နိုင်တော့ပေ။

လူတိုင်း၏တိုက်တွန်းသံကို ကြားသောအခါ တော်လင်ယုသည် မပြုံးနိုင်ဘဲ မနေနိုင်ပေ။

ဧည့်သည်တော်များ ပို၍ စိတ်အားထက်သန်လေလေ နတ်သမီးလေးကို ရယူလိုစိတ် ပြင်းထန်လေဖြစ်ပြီး၊ နောက်ဆုံးလေလံဈေးသည် မြင့်မားသော အဆင့်အသစ်တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ၎င်းလေလံဈေးသည် လေလမင်းမျှော်စင်သမိုင်းမှာပင် တိုက်ရိုက် မှတ်တမ်းဝင်သွားဖွယ် ရှိသည်။

''ဧည့်သည်တွေက မစောင့်နိုင်တော့တဲ့အတွက် စကားတွေနဲ့ အချိန်မဖြုန်းတော့ပါဘူးရှင်။ စည်းကမ်းဟောင်းများအရ, နတ်သမီးလေလံပွဲဟာ ရတနာတွေအပေါ် အမြဲ အခြေခံပါတယ်။ ရတနာတွေရဲ့တန်ဖိုးကို ကြည့်ပြီး နတ်သမီးကို ပိုင်ဆိုင်နိုင်မယ့်လူကို ဆုံးဖြတ်ပါ့မယ်။ နောက်ဆုံးမှာ အမြင့်မားဆုံး ရတနာကို ထုတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်က နတ်သမီးလေးနှင့် သုံးရက်သုံးညတိုင်တိုင် နေထိုင်အချိန်ဖြုန်းနိုင်မယ့် အခွင့်ရေးကို ပိုင်ဆိုင်ပါလိမ့်မယ်” တော်လင်ယုက ပြောသည်။

လူတိုင်းသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် သူတို့အားလုံးသည် အလွန် စိတ်လှုပ်ရှားနေသည့် အမူအရာများကို ထုတ်ဖော်လာကြပြီး၊ သူတို့၏ မျက်လုံးများက ဝင်းလက် တောက်ပလာကြသည်။

မျှော်လင့်ချက်မရှိမှန်း သိသူများသည် အလွန် ဝမ်းနည်းကြေကွဲနေသည့် အမူအရာများ ဖြစ်ပေါ်နေကြသည်။ သူတို့လက်ထဲမှာ အဖိုးတန်ရတနာတွေ မရှိသည့်အတွက် ကိုယ့်ကိုယ် ကို မုန်းတီးနေကြပြီး၊ နတ်သမီးလေးနှင့် နှစ်ကိုယ်တူ နမ်းရှုံ့နိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို ကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သူ့လက်ထဲတွင် ရတနာအနည်းငယ် ရှိသော်လည်း သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အနေအထားကို ကြည့်ရင်း, ဤနတ်သမီးကို သိမ်းပိုက်ရန်မှာ လွယ်ကူသောအလုပ် ဟုတ်ပုံမပေါ်ပေ။

နောက်ဆုံးအချိန်တုန်းက, ချင်ယွင်သည် ကျောက်တုံးလောင်းကစားဆိုင်မှ ရတနာများ ရရှိခဲ့ပြီး၊ ထိုရတနားများတွင် ယခုအခါ, မဟူရာမှင်နက် နတ်ဘုရား ကျောက်စိမ်းနှင့် ရှေးဟောင်းနတ်နဂါးအရိုးသာ ကျန်ရစ်တော့သည်။ အခြားတစ်ခုဖြစ်သည့် ကြေးနီ အပိုင်းအစကိုမူ သူ လုံးဝ အသုံးမပြုနိုင်ပေ။ သူသည် ထိပ်တန်းအဆင့် နတ်ဘုရား ဆေဘာကို သူကိုယ်တိုင်အသုံးပြုရန် ထိန်းသိမ်းထားဖို့ လိုအပ်သေးသည်။ အကြွင်းအကျန် နှင်းဓားကို ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်းအား ပေးအပ်လိုက်ပြီ။ ထို့ကြောင့်၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်တွင် အမှန်တကယ် အဖိုးတန်သော ရတနာနှစ်ပါးသာ ရှိပါတော့ သည်။

ချင်ယွင်အနေဖြင့်, ဤနတ်သမီးကို လေလံဆွဲနိုင်ရန် ထိုရတနာနှစ်ပါးကို အသုံးပြု၍ မရနိုင် သေးပေ။ ထို့ကြောင့် ချင်ယွင်သည် လျိုဘို ယခင်က ပြောခဲ့သော စကားများကို အမှတ်ရပြီး အဖိုးတန်ရတနာအချို့ကို ထုတ်ပေးနိုင်ရန်သာ မျှော်လင့်ပါသည်။ ထိုသို့မဟုတ်လျှင်, ယွမ်ရှီရှီအတွက် လေလံဆွဲခြင်းကို သူ စွန့်လွှတ်ရလိမ့်မည်။

"လူတိုင်းပဲ, ကျွန်မ ပြောစရာရှိတာ အကုန်ပြောပြီးပါပြီရှင်။ အခု လေလံပွဲစတော့မယ်လို့ ကျွန်မ ကြေညာပါတယ်။ အားလုံး ကျေးဇူးပြုပြီး ရှင်တို့ရဲ့ လေလံဆွဲမူကို စတင်နိုင်ပါပြီ" တော်လင်ယုက ကြေညာသည်။

ယွမ်ရှီရှီအတွက် သူမသည် တိတ်ဆိတ်နေပြီး ရေကန်၏ မျက်နှာပြင်ပေါ်တွင် ရပ်ကာ ပြုံးနေပါသည်။

သို့သော်, သူမသည် စကားတစ်ခွန်းမှ မပြောဘူးဆိုလျှင်ပင်, ရောက်ရှိလာသည့် လူတိုင်းသည် စွဲလန်းနေကြဆဲပင်။

"ဒါက လနတ်ဘုရားဆေဘာပဲ။ အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုပါ။ အလွန်မင်း အစွမ်းထက်ပြီး ရေခဲစွမ်းရည်ကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ စွမ်းအားက ကြီးမားလွန်းပါ တယ်..." တော်လင်ယု ပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်ယောက်ယောက်က မထိန်းနိုင်ဘဲ စတင်ပြောလာသည်။ သို့သော် သူစကားပြောပြီး တစ်ဝက်တစ်ပျက်မှာပင် တစ်စုံတစ်ယောက်က ၎င်းကို ကြားဖြတ်ပြောလိုက်သည်။

'"ရှပ်စ်၊ မင်းက အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုကို ထုတ်ယူဖို့ အာရုံရှိနေတာလား?။ ငါ့မှာ ဆည်းဆာတိမ်တိုက် နတ်ဘုရားသားမွှေးဝတ်ရုံ ရှိတယ်။ အဲဒါက ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခုနဲ့ ယှဉ်နိုင်တယ်။ အဲဒါက အလယ်အလတ် မြေကမ္ဘာနတ်ဘုရား တစ်ပါးရဲ့ အင်အားအပြည့်နဲ့ တိုက်ခိုက်တာကိုတောင် ခံနိုင်ရည်ရှိတယ်။ သင်က နေရာမှာပဲ ရပ်နေပြီး၊ အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို တိုက်ခိုက်ခိုင်းရင်တောင် ဒီနတ်ဘုရားဝတ်ရုံပေါ်မှာ လုံးဝ ထိခိုက်ဒဏ်ရာရမှာ မဟုတ်ဘူး။” ကျားဖြူမျှော်စင်၏ ကိုးထပ်မြောက်မှာ ထိုင်နေသည့် ကျိုးချန်ယွမ်က မောက်မာစွာ ပြောလိုက်ပါသည်။

ဤထိပ်တန်းအဆင့် အကာအကွယ် နတ်ဘုရား ပစ္စည်းသည် သူ မတော်တဆ ရရှိခဲ့သော အဖိုးတန်ဆုံး ရတနာတစ်ခု ဖြစ်သည်။ သူသည် ဘယ်သူ့ကိုမှ မပြောဖူးပါဘူး။ သူ့အဖေကိုတောင် မပြောပြခဲ့ပေ။ ယခု ယွမ်ရှီရှီကို ရယူနိုင်ရန်အတွက် နောက်ဆုံးတွင် သူသည် ၎င်းကို ထုတ်ယူရန်ပင် ဆန္ဒရှိခဲ့သည်။

ဝှီး…။

ကျိုးချန်ယွမ်သည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် လူတိုင်း၏ အမြင်အာရုံထဲမှာ အနီရောင် တောက်တောက်နှင့် နတ်ဘုရား သားမွေးဝတ်စုံတစ်ခု ပေါ်လာသည်။ ၎င်းသည် ကောင်းကင်ယံတိုင် ပြည့်လျှံစေသော နတ်ဘုရားအလင်းကို ထုတ်လွှတ်ပြီး တုနှိုင်းမရလောက်အောင် ပြင်းထန်သည့် စွမ်းအင်အတက်အကျလှိုင်းများ ကို ထုတ်လွှတ်နေသည်။

ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည် ။

အစကတည်းက ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းကို ထုတ်ပြခြင်းသည် အရမ်းကို ရူးသွပ်လွန်းရာ ကျပါသည်။ အရင်က နတ်သမီးများဆိုလျှင်, ထိပ်တန်းအဆင့် နတ်ဘုရား ပစ္စည်းသည် အထွတ်အထိပ် အခြေအနေကို ရောက်ရှိနေပါပြီ။ ယခု ဤကျိုးချန်ယွမ်သည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းကို အမှန်တကယ် ထုတ်ပြခဲ့ပြီး ၎င်းသည် တန်ဖိုး အရှိဆုံး အတွင်းခံစစ်အတွင်းပိုင်း ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခုလည်း ဖြစ်သည်။ ဤအရာက သူတို့မှာ မျှော်လင့်ချက်ရှိနေသည်ဟု မူလက အထင်ရောက်နေကြ သည့် လူတိုင်းကို စိတ်ပျက် အားငယ်သည့် အမူအရာများ ထုတ်ပြလာစေသည်။

ချင်ယွင်က ခါးသီးစွာဖြင့် မပြုံးဘဲ မနေနိုင်တော့ဘဲ။ သူ၏ မဟူရာမှင်နက် နတ်ဘုရား ကျောက်စိမ်းနှင့် ရှေးဟောင်းနတ်နဂါးအရိုးတို့သည် အဖိုးတန်သော်လည်း၊ ၎င်းတို့သည် အဆင့်မြင့် နတ်ဘုရား ပစ္စည်းများထက် အနည်းငယ်သာ မြင့်မားပါသည်။ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများနှင့် နှိုင်းယှဉ်ပါက ကွာဟချက်ကြီးမားနေဆဲ ဖြစ်သည်။ တစ်နည်းဆို ရသော်, ကျိုးချန်ယွမ် ထုတ်ပြသွားသော ရတနာသည် ချင်ယွင်၏ ရတနာနှစ်ခုထက်ပင် ပိုတန်ဖိုးကြီးသည်။

"လျိုဘို၊ ငါ အခု မင်းကို မျှော်လင့်ရတော့မယ်။ ငါ့မှာ ထုတ်ယူနိုင်တဲ့ ရတနာတွေ မရှိတော့ ဘူး" ချင်ယွင်သည် လျိုဘိုထံသို့ အသံပို့လွှတ်လိုက်သည်။

"ကောင်စုတ်လေး, မင်း စိတ်မပူစမ်းပါနဲ့။ ဒီကိစ္စက ငါ့တာဝန်ထားပါ။ ဒါက ထိပ်တန်း အဆင့် နတ်ဘုရားပစ္စည်းတစ်ခုလေးပဲလေ။ အဲဒါကို ငါ အလေးအနက်မထားသေးပါဘူး။ မင်း ငြိမ်ငြိမ်လေး စောင့်ကြည့်နေဖို့ပဲလိုတယ်။ နောက်ဆုံးအချိန်မှာ, ငါ မင်းကို လှုပ်ရှားခွင့် ပေးမယ်။ မင်း နောက်ပိုင်းမှာ လှုပ်ရှားနိုင်တယ်” လျိုဘို၏အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ထိုစကားကြားတော့ ချင်ယွင်၏ အမူအရာက ချက်ချင်း ထူးဆန်းသွားပါသည်။

ဤလျိုဘိုသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများကိုပင် ဂရုမစိုက်ဟု သူ မမျှော်လင့်ထားပေ။ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများကို ဒဏ္ဍာရီရတနာအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ အကယ်၍, သူသည် ဒီထက်ပို၍ အဆင့်မြင့်သွားလျှင်, ထိုရတနာသည် မည်မျှလောက် တန်ဖိုးရှိနေမည်နည်း?။

မိန်းမတစ်ယောက်နှင့် သုံးညလောက် အိပ်ခွင့်ရရန်အတွက် ဤမျှ အဖိုးတန်သော ရတနာတစ်ခုဖြင့် ဝယ်ရခြင်းက တကယ်ရောက် ထိုက်တန်ပါသလား။

စာစဉ် (၈၈) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။ (၈.၁.၂၀၂၅)

All Chapters