အခန်း ၁၃၂၁
Vol. 89 Ch. 1321
အဓိပတိအင်မော်တယ်သခင် စာစဉ် (၈၉)
ဘာသာပြန်သူ နေဇင်.
အခန်း (၁၃၂၁) ဘိုးဘေးနတ်ဘုရားသွေး၏ သွေးအနှစ်သာရ။
ဤအခိုက်အတန့်တွင်၊ ကျိုးချန်ယွမ်၏ မျက်နှာသည် ယွမ်ရှီရှီအား ကိုယ်လုံးတီး ညစ်ညမ်းသော အလိုဆန္ဒကို ထုတ်ဖော်ပြနေသည့် မျက်လုံးတစ်စုံဖြင့် ကြည့်နေစဉ် မာန်မာနအပြည့်ဖြင့် ဖြစ်နေပါသည်။
ကြယ်အလင်းမြို့တော်, မြို့သခင်၏သားတစ်ယောက်အနေဖြင့်, ကြယ်အလင်းမြို့တော် တွင် သူ့အဆင့်အတန်းသည် မြင့်မားလှသည်။ သူမကစားဖူးသည့် မိန်းမအမျိုးစား မရှိပေ။ သို့သော် ဤကဲ့သို့ အလွန်ဆွဲဆောင်မှုရှိပြီး ဆွဲမက်ဖွယ် ခန္ဓာကိုယ်ကို သူ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်သည်။
ဝိညာဉ်အလှ ရုပ်ခန္ဓာကိုယ်သည် သဘာဝအတိုင်း လှပနေပါသည်။ သူ့အတွက်၊ ဤမိန်းမမျိုးသည် သေစေတတ်သော အဆိပ်ဖြစ်သည်။ ထို့ကြောင့်၊ သူသည် ထိပ်တန်း အဆင့် နတ်ဘုရားပစ္စည်းတစ်ခုကို သုံးစွဲရလျှင်ပင်၊ သူသည် သူမကို ရယူရဦးမည် ဖြစ်သည်။
သူမဲဆွယ်မူအရဆို, သူ့ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်း ပေါ်လာသည်နှင့် ဤယွမ်ရှီရှီ သည် သူနှင့် သေချာပေါက် သက်ဆိုင်ပါလိမ့်မည်။ အဆုံးတွင်၊ သူ့အဖေလို မြို့တော်သခင် တောင်မှ ထိပ်တန်းအဆင့်ရှိသည့် နတ်ဘုရားပစ္စည်းကို ထုတ်မပြနိုင်ဘူး။ ထို့ကြောင့် ယွမ်ရှီရှီကို သူ့လက်ထဲတွင် ရတနာတစ်ခုအဖြစ် မှတ်ယူထားပြီး သူ့စိတ်နှလုံးက တုန်လှုပ်လာသည်။
"ငါ မင်းကို အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံး ကောင်းကင်ဘုံ ပြောင်းလဲခြင်း ဆေးပေးမယ်။" သို့သော် ကျိုးချန်ယွမ်သည် သူနှင့်ယွမ်ရှီရှီတို့ အတူတူအိပ်စက်နေသည့် မြင်ကွင်းကို စိတ်ကူးယဉ်နေချိန်မှာ နူးညံ့သိမ်မွေ့သော အသံတစ်ခုက လူတိုင်း၏နားထဲ တွင် ထွက်ပေါ်လာသည်။ ထိုအသံသည် လိပ်နက်မျှော်စင်၏ ကိုးထပ်မြောက်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံးလား။
လူတိုင်းသည် အေးစက်သော လေကို ရှုရှိုက်ရင်း လိပ်နက်မျှော်စင်၏ ကိုးထပ်မြောက်ဆီကို ထိတ်လန့်တကြား ကြည့်လိုက်ကြပါသည်။
ဘန်း…။
လိပ်နက်မျှော်စင်၏ ကိုးထပ်မြောက်မှ တုနှိုင်းမရလောက်အောင် တောက်ပနေသော နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင်၊ အနှိုင်းမဲ့ သိပ်သည်းလှသော ဆေးဖက်ဝင် ဆေးရနံ့သည် လေလမင်းမျှော်စင် အဆောက်အဦး တစ်ခုလုံးကို ပြည့်လျှံသွားစေခဲ့သည်။
အမှန်ပင် ၎င်းသည် အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံး ဖြစ်သည်။
လူတိုင်းက အနှိုင်းမဲ့ ထိတ်လန့်တုန်လှုပ်သွားပြီး ယွမ်ရှီရှီ၏ ဆွဲမက်ဖွယ် ခန္ဓာကိုယ်ကို စွဲလန်းနေသည့် လူတွေတောင် အနည်းငယ် နိုးထလာကြသည်။
အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံး။ ၎င်းသည် ဒဏ္ဍာရီလာ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများထက် ပို၍ပင် အဖိုးတန်သော ရတနာများ ဖြစ်သည်။ ၎င်းတို့သည် ဒဏ္ဍာရီလာ နတ်ဘုရားပစ္စည်းများနှင့်သာ သက်ဆိုင်သည်။ ဤမျှ အဖိုးတန်သော ရတနာ ကို တစ်စုံတစ်ယောက်မှ အမှန်တကယ် ထုတ်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။
ယခင်က ကျိုးချန်ယွမ်သည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခုကို ထုတ်သောအခါ လူတိုင်းက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားခဲ့ရသည်။
နောက်ဆုံးတော့, ဤအရာသည် ဆွဲမက်ဖွယ် ခန္ဓာကိုယ်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ ထူးခြားသော အလှတရားတစ်ခုနှင့် သက်ဆိုင်ပြီး ၎င်းသည် လူတစ်ဦး၏ နတ်ဘုရား စိတ်ဝိညာဉ်နယ်ပယ်ကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။ သို့သော် ယခုအချိန် တွင်, အလယ်အလတ်အဆင့် နတ်ဘုရား ဆေးတစ်လုံး ထွက်ပေါ်လာသောအခါ လူတိုင်းက သည်းခံရခက်ခဲလွန်းသည်ဟုပင် ခံစားမိကြသည်။
အကယ်၍, ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်သည် သူ့စိတ်ဝိညာဉ်ကို အကျိုးပြုသည်ဆိုလျှင်ပင်, ဤမျှလောက် ရူးသွပ်သည့် တည်ရှိမူမျိုး မဟုတ်နိုင်ပါဘူး။ သူသည် အလယ်အလတ်အဆင့် နတ်ဘုရား ဆေးတစ်လုံးကိုပင် ထုတ်ယူပေးခဲ့သည်။
နတ်ဘုရားရေကန်၏ မျက်နှာပြင်ပေါ်တွင်၊ တော်လင်ယု၏ မျက်နှာသည် စိတ်လှုပ်ရှားမှု ဖြင့် မထိန်းနိုင်ဘဲ နီမြန်းနေပါသည်။ အလယ်အလတ်အဆင့် နတ်ဘုရား ဆေးတစ်လုံး။ အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံးတစ်လုံးကို တစ်စုံတစ်ယောက်က ထုတ်ပေး လိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။ သူမသည် နတ်သမီးလေလံပွဲ၏ စီစဉ်သူ ဖြစ်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီး၊ နတ်သမီးတစ်ဦးအတွက် လေလံဆွဲရန်အတွက် တစ်စုံတစ်ဦးသည် ဤမျှတန်ဖိုးကြီးသည့် ရတနာတစ်ခုကို ထုတ်ပေးသွားခဲ့သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်သည် သူမအတွက် ထိုအဖိုးတန်သော ရတနာတစ်ခုကို ထုတ်ပေးရန် ဆန္ဒရှိနေပါက, သူမသည် ထိုလူနှင့် အနှစ်သုံးဆယ်ကြာအောင် အတူနေရသည့်တိုင် သူမသည် ကျေကျေနပ်နပ်ကြီး နေပေးမည်ဖြစ်သည်။ အဆုံးတွင်၊ အလယ်အလတ်အဆင့် နတ်ဘုရား ဆေးတစ်လုံးသည် အဖိုးတန်လွန်းလှသည်။
ယွမ်ရှီရှီသည် ထိုအချိန်တွင် အဆင်ပြေနေသည့်အပြင် သူမမျက်နှာပေါ်တွင် အပြုံးမပျက် သေးပေ။
အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံးသည် အလွန်အဖိုးတန်နေပြီ ဖြစ်သော်လည်း ၎င်းသည် သူမ၏မျှော်လင့်ချက်များအတွင်းမှာ ရှိနေဆဲဖြစ်သောကြောင့် သူမသည် အလွန်မင်း အံ့သြခြင်းမျိုး မဖြစ်မိပေ။
ထိုအချိန်တွင် ချင်ယွင်သည် မိုးပြာနဂါးမျှော်စင်၏ တတိယထပ်တွင် ထိုင်နေပြီး၊ သူ့မျက်နှာတွင် အံ့အားသွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။
ထိုအချိန်တုန်းက သူသည် လောင်းကစားကျောက်တုံးအလုပ်ရုံတွင် နတ်ဘုရားဆေး တစ်လုံးကို ဖွင့်နိုင်ထားသော်လည်း ၎င်းသည် အဆင့်နိမ့် နတ်ဘုရားဆေးတစ်လုံးသာ ဖြစ်သည်။ ယခုအကြိမ်သည် အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံးကို သူမြင်ဖူးသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
"ကောင်းကင်ဘုံ ပြောင်းလဲခြင်းဆေးလား?။ ဖြစ်နိုင်တာက, စကြဝဠာအပေါ် နားလည် သဘောပေါက်ခြင်းနဲ့ ဆက်စပ်နေတဲ့ဆေးများလား။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
နီထိုက်စွေ့ အပါအဝင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် အလယ်အလတ်အဆင့် နတ်ဘုရား ဆေးလုံးကြောင့် ထိတ်လန့်တုန်လှုပ်မူထဲတွင် နှစ်မြှုပ်နေကြသည်။ ထို့ကြောင့် ချင်ယွင်၏ စကားများကို မည်သူမျှ မကြားလိုက်ပေ။
'"ကောင်စုတ်လေး, ဒီကောင်းကင်ဘုံ ပြောင်းလဲခြင်းဆေးက မင်းအတွက် ကောင်းတဲ့ အရာပဲ။ တကယ်လို့, မင်း အဲဒါကို ဖမ်းဆုပ်ဖို့ အခွင့်အရေးရခဲ့ရင်, ဖမ်းဆုပ်ထားသင့်တယ်။ တကယ်လို့, တစ်စုံတစ်ယောက်က အဲဒီဆေးကို စားသုံးလိုက်မယ်ဆိုရင်, အဲဒီလူက အများဆုံး အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းရည်တစ်ခုနဲ့ လှုပ်ရှားမူတစ်ဝက်ကို နားလည်နိုင် လိမ့်မယ်။ ဒါပေမယ့်, ခြားနားတာက, တကယ်လို့, မင်းသာ စားဆုံးနိုင်ခဲ့ရင်, မင်းရဲ့ကနဦး စကြာဝဠာကို နောက်ထပ်အဆင့်တစ်ခု တက်လှမ်းနိုင်အောင် ကူညီပေးနိုင်လောက်တယ်။ အရင်ဆုံး ဒီနတ်သမီးနဲ့ အိပ်စက်ပြီးမှ ဒီနတ်ဘုရားဆေးကို စုပ်ယူလိုက်ပါ။ ဒါဆို မင်း သေချင်စိတ်ဖြစ်သွားမယ်လို့ ငါ အာမခံတယ်” လျှိုဘို၏အသံသည် ချင်ယွင် ၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်သည်။ (ဤနေရာ၌ သေချင်စိတ်ဖြစ်သွားမည်ဆိုမှာ ဘာလား? ညာလားမပြောတတ်တော့ပေ)။
ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ဖြူဖျော့သွားသည်။
လျှိုဘိုတွေးနေသည့်အရာမှာ သူ့ကနဦးစကြာဝဠာနှင့် ပတ်သက်ပြီး သူ့ကျင်ကြံမှုကို တိုးမြှင့်နိုင်ရန်ဆိုသည်ကို အခု သူ နားလည်သွားပါပြီ။ သူ့ကိုယ်ပိုင် ကျင့်ကြံမှုနှင့် ပတ်သက်ပြီး လျှိုဘိုက ဂရုမစိုက်ပါဘူး။ ထို့အပြင်၊ သူသည် ကနဦးစကြဝဠာနှင့် ပတ်သက်ပြီး သူ့ကျင့်ကြံမှုကို တိုးမြှင့်နိုင်သရွေ့ လျှိုဘိုသည် ဘာမဆို လုပ်နိုင်လောက် သည်။
"ဒါဆို မင်းကရော ဘယ်လို ရတနာမျိုးကို ထုတ်ပေးမှာလဲ။ အခု အလယ်အလတ်အဆင့် နတ်ဘုရားဆေးကို ထုတ်ပေးလာခဲ့ပြီ။ မင်းကရော အလယ်အလတ် နတ်ဘုရားဆေးထက် ပိုတဲ့ ရတနာတွေကို ထုတ်ပေးနိုင်လို့လား" ချင်ယွင်က လျှိုဘိုကို မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ပါ။
အမှန်တကယ်လည်း လျှိုဘိုက အလွန်မင်း အဖိုးတန်သည့် ရတနာတစ်ခုကို ထုတ်ပေးနိုင် သည်ဟု သူ မယုံကြည်ပါဘူး။ သို့သော်လည်း လျှိုဘို၏ လျှို့ဝှက်ဆန်းကြယ်သော မူလဇစ်မြစ်ကို ပြန်တွေးကြည့်သောအခါတွင်, သူသည် ကြေးနီအပိုင်းအစအကြောင်းနှင့် ၎င်းကို မည်သို့မည်ပုံ အသုံးပြုရမည်ကိုပင် သိရှိနေခဲ့သော်လည်း, သူသည် သံသယမဝင်ဘဲ မနေနိုင်ခဲ့ပေ။ ထို့ကြောင့် လျှိုဘိုသည် မည်သို့သော ရတနာမျိုးကို ထုတ်ပေးနိုင်သည်ကို သူ ကြည့်ချင်သည့်အတွက်, သူသည် လေလံဆွဲရန် ရွေးချယ်လိုက်ဆဲ ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။ အလယ်အလတ်အဆင့် နတ်ဘုရားဆေးတစ်လုံး တောင် ထွက်ပေါ်လာခဲ့တယ်။ သခင်လေး ဂျီရှီ၊ ဒီတစ်ခါ မင်း လက်လွတ်သွားမှာ ငါ ကြောက်မိတယ်။" မိုးပြာနဂါးမျှော်စင်၏ ကိုးထပ်တွင် ထိုင်နေသော လူငယ်သည် သူ့ဘေးနားရှိ ကိုလူချောကို ပြုံးပြလိုက်သည်။
ဂျီရှီအမည်ရှိ လူငယ်သည် မထီမဲ့မြင်ပြုကာ ပြုံးလိုက်သည်။ သူက ဘာမှပြန်မပြောဘဲ သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။
ဘန်း…။
သူတို့ရှေ့မှာ ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအားတစ်ခုသည် ကြီးမားလှသော လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာခဲ့ပြီး၊ လေလမင်းမျှော်စင် တစ်ခုလုံးကို ဖြတ်ကျော် ဝင်ရောက်ကာ အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံး၏ စွမ်းအင် အတက်အကျလှိုင်း များကို အမှန်တကယ် ဖုံးအုပ်သွားခဲ့သည်။
လူတိုင်းက မိုးပြာနဂါးမျှော်စင်၏ ကိုးထပ်သို့ မျှော်ကြည့်ကြသည်။ ကိုးထပ်ကြီးပေါ်တွင် လွင့်မျောနေသော ရတနာများကို တွေ့လိုက်သောအခါတွင် သူတို့အားလုံး အလွန်ထိ တ်လန့်တုန်လှုပ်သော အမူအရာများကို ထုတ်ဖော်ခဲ့ကြသည်။
"ဒါက ဘိုးဘေးနတ်ဘုရားရဲ့ သွေးအနှစ်သာရပဲလား။" လူတိုင်း တုန်လှုပ်ခြောက်ခြားစွာ မအော်ပြောဘဲမနေနိုင်တော့ပေ။
ထိုအခိုက်တွင်၊ မိုးပြာနဂါးမျှော်စင်၏ ကိုးထပ်မြောက်အထက်တွင် ကြက်ဥအရွယ်အစားရှိ ရွှေရောင်သွေးလုံးတစ်ခု လွင့်မျော်နေပါသည်။ ထိုသွေးသည် တုနှိုင်းမရလောက်အောင် အားကောင်းသည့် နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်သည်။
အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်များကို မဆိုထားနှင့်,၊ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ဘိုးဘေးနတ်ဘုရား၏ သွေးအနှစ်သာရကို ဝါးမျိုးလိုက်ပါက, ချက်ခြင်း ပေါက်ကွဲပြီး သေဆုံးသွားပေလိမ့်မည်။ ၎င်းအတွင်း၌ပါရှိသော နတ်ဘုရားတန်ခိုး စွမ်းအားသည် မည်မျှကြီးမားလိုက်ပါသနည်း။ ဒီနတ်ဘုရားရေကန်တောင်မှ ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးဟု ခန့်မှန်းရပါသည်။
"ဒီသွေးက ခြေသည်းငါးချောင်း ရွှေနဂါးဘိုးဘေးနတ်ဘုရား မသေဆုံးခင်, ကျန်ရစ်ခဲ့တဲ့ နှလုံးသွေးတစ်စက်ဖြစ်တယ်။ ဒီထဲမှာ သူ့ရဲ့နတ်ဘုရားတန်ခိုး ထက်ဝက်ပါရှိတယ်။ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးတောင် အနှစ်တစ်သန်းကြာတဲ့အထိ ကျင့်ကြံဖို့ လုံလောက်တယ်။ ဒီသွေးအနှစ်သာရအားလုံးကို မျိုချနိုင်ရင်, အဲလူကဟာ ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်မှာ သေချာတယ်။" ဂျီရှီက ပြောလိုက်ပြီး၊ သူ့အသံက လေလမင်းမျှော်စင် တစ်ခုလုံးကို ပဲ့တင်ထပ်နေပါသည်။
ဤစကားကိုကြားသောအခါ လူတိုင်း ရင်မောသွားကြသည်။
ဤသွေးတစ်စက်မှ စွမ်းအားအားလုံးကို စုပ်ယူပြီးနောက်၊ သူသည် ကောင်းကင်နတ်ဘုရား နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နိုင်တော့မည် မဟုတ်ပါလား?။ ဘိုးဘေးနတ်ဘုရား ၏ သွေးအနှစ်သာရသည် မည်မျှ တန်ခိုးကြီးလိုက်ပါသနည်း။
ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာကို ထုတ်ပြလိုက်ပါသည်။ ဘိုးဘေးနတ်ဘုရား၏ သွေးအနှစ်သာရတွင် ဤမျှ အစွမ်းထက်သော တန်ခိုးစွမ်းအားများ ပါရှိမည်ဟု သူ မထင်ခဲ့ပေ။ ၎င်းသည် အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံးထက်ပင် ပို၍ အဖိုးတန်ပါသည်။
"ကောင်စုတ်လေး၊ ဒီဘိုးဘေးနတ်ဘုရားရဲ့ သွေးအနှစ်သာရလည်း ကောင်းတဲ့အရာတစ်ခု ပဲ။ မင်း အခွင့်အရေးရရင် လုယူနိုင်တယ်”။ မင်းရဲ့ ကနဦးစကြဝဠာ ဆင့်ကဲဖြစ်စဉ်နဲ့ မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံမှုအတွက် အများကြီး အထောက်အကူ ပြုလိမ့်မယ်။" လျှိုဘို၏ အသံက ချင်ယွင်၏နားထဲတွင် ထပ်မံထွက်ပေါ်လာသည်။
ချင်ယွင်သည် ချက်ချင်း ရှိုက်ကြီးတငင် ပြုံးလိုက်မိသည်။ ဒီလျှိုဘို၏ စကားတွေက ကောင်းလွန်းပါသည်။ လုယူရမည်တဲ့လား?။ ကိုးထပ်ပေါ်မှလူနှင့်ပတ်သက်ပြီး သူ့ကျင့်ကြံမူကို မပြောနှင့်ဦး၊ ဒီအဆင့် ရတနာတစ်ခုကို ထုတ်ယူနိုင်ခြင်းကပင်, သူသည် သာမန်လူ မဟုတ်သည်မှာ သေချာပါသည်။ သူတို့လက်ထဲမှ ဘိုးဘေးနတ်ဘုရား၏ သွေးအနှစ်သာရကို လုယူခြင်းသည် ကျားပါးစပ်မှ အစာကို ခိုးယူခြင်းနှင့် မခြားနားလှပေ။ အကယ်၍, ခိုးယူခံလိုက်ရလျှင်, သူသည် သူ့ကိုယ်သူပင် ရူးသွပ်အောင် လုပ်ကောင်းလုပ်မိ နိုင်သည်။