← Chapters

အခန်း ၁၃၂၂

Vol. 89 Ch. 1322

အခန်း ၁၃၂၂

Vol. 89 Ch. 1322

အခန်း (၁၃၂၂) အချိန်ရတနာ။

နတ်သမီးရေကန်ပေါ်ရှိ တော်လင်ယုသည် လုံးဝ ဆွံ့အနေခဲ့သည်။

ဘိုးဘေးနတ်ဘုရား၏ သွေးအနှစ်သာရလား?။ ၎င်းကို စုပ်ယူခြင်းက ကောင်းကင် နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပါသလား?။

ဤအဆင့် ရတနာတစ်ခုသည် ကောင်းကင်ဘုံကို အံတုနိုင်သော ရတနာတစ်ခုအဖြစ် သေချာပေါက် သတ်မှတ်ခံရပေမည်။

ဘိုးဘေးနတ်ဘုရားများနှင့် ထိစပ်နေသည့် အရာမှန်သမျှသည် အင်မတန်မှ အဖိုးတန်သည့် ရတနာတစ်ပါး ဖြစ်ပါသည်။

ဘိုးဘေးနတ်ဘုရားများ၏ နတ်ဘုရားစွမ်းရည်များဖြစ်စေ, သို့မဟုတ် ဘိုးဘေးနတ်ဘုရား များ၏ သန့်စင်မူကြောင့် ဖြစ်ပေါ်လာသော နတ်ဘုရားပစ္စည်းများဖြစ်စေ, ၎င်းတို့အားလုံး သည် အလွန်အစွမ်းထက်သော ရတနာများ ဖြစ်ကြသည်။ ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသော နှလုံးသွေးတစ်စက်ကို မပြောနှင့်ဦး၊ ထိုသွေးစက်သည် ဒဏ္ဍာရီဆန်ဆန် နတ်ဘုရားနဂါးမျိုးနွယ်၏ ဘိုးဘေးနတ်ဘုရား၏ သွေးအနှစ်သာရလည်း ဖြစ်နေပါသည်။

ထိုအချိန်တွင် ငြိမ်သက်နေသော ယွမ်ရှီရှီသည် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို မတတ်နိုင်ဘဲ ထုတ်ဖော်လိုက်မိသည်။ ထင်ရှားသည်မှာ၊ ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရကြောင့်လည်း သူမ အလွန်အံ့သြမိပါသည်။ တစ်ချိန်တည်းမှာပင် သူမ မျက်လုံးများ၏ နက်ရှိုင်းသောအရပ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထွက်ပေါ်လာ သည်။

"ဟမ့်၊ အဲဒီသွေးစက်ကို စုပ်ယူလိုက်ရင်, ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ထိ ရောက်နိုင်တယ်။ ဒါက ကောင်းပါတယ်။ တကယ်လို့, မင်းမှာ အစွမ်းရှိ ရင်, မင်းကိုယ်တိုင် စုပ်ယူမှာပေါ့။ ဘိုးဘေးနတ်ဘုရားရဲ့ သွေးအနှစ်သာရက ကျယ်ပြော လွန်းပေမယ့် အဲဒါက ရက်စက်ကြမ်းကြုတ်လွန်းတယ်။ မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို မဆိုထားနဲ့၊ ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေတောင် အဲဒီသွေးစက်ကို စုပ်ယူဖို့အသာထား၊ အလွယ်တကူ မထိဝံ့ဘူး။ မင်းရဲ့ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရက အဖိုးတန်ပေမယ့် အားနည်းတဲ့လူတွေအတွက် တန်ဖိုးမရှိဘူး"။

သို့သော်၊ ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရ၏ တန်ခိုးကြောင့် လူတိုင်း ထိတ်လန့်နေကြ စဉ်မှာ, ဗာမီလီယမ်မျှော်စင် ခေါင်မိုးမှ အက်ရှရှ အသံတစ်ခု ထွက်ပေါ်လာသည်။

ဂျီရှီအမည်ရှိ အမျိုးသားက ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။ အသံပိုင်ရှင်၏ စကားကြောင့် သူ မကျေမနပ်ဖြစ်သွားသည်မှာ သိသာပါသည်။ သို့သော် အသံပိုင်ရှင် ပြောသည့် စကားသည် အမှန်ပင်ဖြစ်သောကြောင့် သူလည်း ပြန်လည်ငြင်းဆိုခြင်း မရှိပေ။

ရွှေနဂါးဘိုးဘေးနတ်ဘုရား၏ သွေးအနှစ်သာရသည် တစ်စုံတစ်ယောက်အား ကောင်းကင် နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်ရန် အမှန်တကယ် ကူညီပေးနိုင် သည်။ သို့သော် အတွင်းမှာပါရှိသော စွမ်းအားသည် အလွန် ရက်စက် ကြမ်းကြုတ်လှသည်။ သူကိုယ်တိုင်တောင် နည်းနည်းလေးမှ မစုပ်ယူဝံ့ပါဘူး။ မဟုတ်ပါက၊ သူသည် ဘိုးဘေး နတ်ဘုရားသွေးအနှစ်သာရမှ စွမ်းအားအားလုံးကို စုပ်ယူပြီးသား ဖြစ်လိမ့်မည်။ သူသည် အဘယ့်ကြောင့် အခုအချိန်အထိ စောင့်နေမည်နည်း?။

သို့ရာတွင်၊ ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရ၏တန်ဖိုးသည် ထိုအဆင့်အလတ်အဆင့် နတ်ဘုရားဆေးလုံးထက် သာလွန်သွားသည်မှာ အမှန်ပင် ဖြစ်သည်။

"ဗာမီလီယမ်မျှော်စင်ကတစ်ယောက် ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရက သာမန် လူတွေ စုပ်ယူနိုင်တဲ့အရာ မဟုတ်ပေမယ့် အထွက်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတစ်ဦးရဲ့ အကူအညီနဲ့ "ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရမှာ ပါဝင်နေတဲ့ တန်ခိုးကို ချိတ်ပိတ်ပြီး ဖြည်းဖြည်းချင်း ထုတ်လွှတ်ပြီး စုပ်ယူလို့ရတယ်။ ဒါ့ကြောင့် သူ့တန်ဖိုးက မနိမ့်ကျပါဘူး။ ဒါက အလယ်အလတ်အဆင့် ကောင်းကင်ဘုံ ပြောင်းလဲခြင်းဆေးရဲ့ အထက်မှာ ရှိနေပါသေးတယ်။ ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရ ထက်သာလွန်တဲ့ ရတနာကို မထုတ်ပေးနိုင်ဘူးဆိုရင် နတ်သမီး ယွမ်ရှီရှီရဲ့ ပထမဆုံးညကို ဒီသခင်လေးက ပိုင်ဆိုင်နေဆဲပဲ”။

ဂျီရှီသည် သူ့ထိုင်ခုံမှထကာ လက်ရန်းဆီသို့ လျှောက်သွားရင်း ပြောလိုက်သည်။ သူသည် ယွမ်ရှီရှီကို ကြည့်ဖို့ရန်လည်း မမေ့ခဲ့ပေ။

ယွမ်ရှီရှီသည် ဂျီရှီကို ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။ သို့သော်လည်း ဤအပြုံးသည် ဂျီရှီအပါအဝင် ရောက်ရှိလာသူအားလုံးကို ၎င်းတို့၏နှလုံးသားများအတွင်း တုန်လှုပ်သွား စေခဲ့သည်။ ယွမ်ရှီရှီ၏ ဆွဲငင်အားကြောင့် သူတို့သည် တဖန် မူးယစ်လာပြန်သည်။

ချင်ယွင်လည်း အလွန်မင်း အံ့သြသွားရသည်။ ယခုလေးတင် ယွမ်ရှီရှီ ပြုံးလိုက်သည့် အခိုက်မှာ, သူ့နှလုံးသားသည် မတတ်နိုင်ဘဲ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ကံကောင်းထောက်မ စွာ၊ သူ၏စိတ်ဆန္ဒသည် ခိုင်မာခဲ့သည်။ တခဏအကြာတွင် သူသည် အာရုံခံစားမှုများ ပြန်လည်ရရှိလာသော်လည်း၊ ဤဆွဲမက်ဖွယ်ခန္ဓာကိုယ်သည် မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို သူ့စိတ်ထဲတွင် အံ့သြနေဆဲ ဖြစ်သည်။

အကယ်၍, သူသည် ထိုကဲ့သို့မိန်းမမျိုးနှင့် တိုက်ခိုက်မည်ဆိုလျှင်, အဆုံးမှာ, သူသည် သူမ၏ ရက်ရက်စက်စက် သတ်ခံရမည်လားဆိုသည်ကို သူသည် အမှန်တကယ် မသိနိုင်တော့ပေ။

သို့သော် ချင်ယွင် စိတ်တည်ငြိမ်မှု မရသေးခင်မှာ, ယွမ်ရှီရှီသည် ဂျီရှီကို ယဉ်ကျေးစွာ ပြုံးပြပြီးနောက်, ယွမ်ရှီရှီသည် ချင်ယွင်ရှိရာအရပ်ဆီသို့ ရည်ရွယ်ချက်ရှိ၍လား သို့မဟုတ် မရည်ရွယ်ဘဲမသိ သူမမျက်လုံးများတွင် အကြိမ်အနည်းငယ် မျက်တောင်ခတ်သွားသည် ကို သူ တွေ့ရှိခဲ့ရသည်။

ချင်ယွင်၏ မူလက ငြိမ်သက်နေသော နှလုံးသားသည် တစ်ဖန် တုန်ခါသွားပြန်သည်။ သူသည် ဖန်ခွက်ကို ကောက်ယူကာ ဝိုင်တစ်ခွက်ကို မော့သောက်လိုက်ပြီး သူ့စိတ်နှလုံး မငြိမ်မသက်မှုကို ရပ်တန့်လိုက်သည်။

ယွမ်ရှီရှီသည် ထိုမြင်ကွင်းကို သဘာဝအတိုင်း မြင်တွေ့လိုက်ရသောကြောင့် တတိယ ထပ်ရှိ နတ်တစ်ပိုင်းဘုရားသည် သူမ၏ ဆွဲငင်အားကို တွန်းလှန်နိုင်စွမ်းရှိကြောင်း သူမအား ပို၍ပင် သေချာသွားစေခဲ့သည်။ ထို့ကြောင့် သူမသည် ချင်ယွင်ကို မည်မျှ ကြာကြာ ခံနိုင်ရည်ရှိမည်ကို သိရှိလိုသည့်အတွက် ချင်ယွင်အား ချစ်စဖွယ်ကောင်းသော မျက်လုံးတစ်စုံဖြင့် လျှို့ဝှက်စွာ မျက်စပစ်ပြလိုက်ပြန်သည်။

ချင်ယွင်သည် ကောင်းကင်ဘုံ၏အလိုဆန္ဒကို တိုက်ရိုက် စုစည်းလိုက်ပြီး သူ့စိတ်ဝိညာဉ်ကို ရစ်ပတ်ထားလိုက်သည်။ ထိုမှသာ သူသည် ယွမ်ရှီရှီ၏ ချစ်စဖွယ်ကောင်းသော အကြည့်၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့ပြီး၊ သူ့မျက်လုံးအစုံသည် ကြည်လင်ပြတ်သားလာပါသည်။

ယွမ်ရှီရှီသည် ချင်ယွင်၏ မျက်လုံးများ အမှန်တကယ် ကြည်လင်လာသည်ကို မြင်လိုက်ရ သောအခါ သူမ၏ နှလုံးသားသည် တုနှိုင်းမရအောင် ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားခဲ့ သည်။

ယခုအချိန်မှာ, သူမသည် လူတိုင်း၏အာရုံစူးစိုက်မှုကို ခံရသောကြောင့် ချင်ယွင်ကို ပွင့်ပွင့် လင်းလင်း မကြည့်ဝံ့ခဲ့ပေ။ သူမသည် ယခုလေးတင် သူမလုပ်ရပ်များကို ဖုံးကွယ်ထားပြီး၊ ချင်ယွင် ဒါမှမဟုတ် သူ့ပတ်ဝန်းကျင်က လူအချို့ကသာ ဤအရာကို ခံစားနိုင်ပါလိမ့်မည်။ ချင်ယွင်သည် သူမ၏အကြည့်ဖြင့်တိုက်ခိုက်မှုကို ပိတ်ဆို့ထားပြီး ဖြစ်သောကြောင့် သူမအနေဖြင့် နောက်ထပ်စုံစမ်းရန် မကောင်းတော့ပေ။

ချင်ယွင်သည် ယွမ်ရှီရှီ၏ ချစ်စဖွယ်အကြည့်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားနိုင်သော်လည်း သူ့ပတ်ဝန်းကျင်မှ လူများက ၎င်းကို တားဆီးနိုင်သည်ဟု မဆိုလိုပါ။

ဥပမာအားဖြင့်၊ ချင်ယွင်၏အနီးရှိ နီထိုက်စွေ့သည် နွေဦးဆံပင်ရှိသော နွားတစ်ကောင်နှင့် ပင် တူနေပါသည်။ သူ့ပုံစံက ယစ်မူးပြီး တီးတိုးရေရွတ်နေသည် "နတ်သမီးယွမ်က ငါ့ကို နမ်းတယ်။ အဟ၊ ငါ သည်းမခံနိုင်တော့...ဘူး..."။ (with spring hair)ကို အဆင်ပြေမည့် အသုံးနှုန်း မတွေ့သည့်အတွက် အရှိတိုင်းပြန်ဆိုလိုက်ပါသည်)။

ချင်ယွင်၏ ရင်ဖိုသံများ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့သော်လည်း, ဤကိစ္စနှင့်ပတ်သက်ပြီး သူ တတ်နိုင်တာ ဘာမှမရှိပေ။ အစောပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့် ကျင့်ကြံမူကို ပိုင်ဆိုင်ထားသော နီထိုက်စွေ့ကဲ့သို့ တစ်စုံတစ်ယောက်အတွက်မူ, ယွမ်ရှီရှီ၏ရှေ့တွင် ခုခံနိုင်စွမ်းပင် မရှိခဲ့ပေ။ အဆုံးတွင် ကျင့်ကြံမူ ကွာခြားချက်က ရှိနေခဲ့သည်။

သူမ၏ဆွဲမက်ဖွယ် ခန္ဓာကိုယ်သည် သဘာဝအတိုင်း ဆွဲမက်ဖွယ်ကောင်းလွန်းသည်။ သူမ၏ ကျင့်ကြံမူအဆင့်များ တိုးမြင့်လာသည်နှင့်အမျှ သူမ၏ ညှို့ငင်ခြင်း စွမ်းရည်က ပို၍ပင် ကြီးမားလာခဲ့သည်။ သူမသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့် ကျင်ကြံသူတစ်ဦးအနေဖြင့်, ချင်ယွင်မှလွဲ၍ အခြားလူများသည် သူမ၏ ညှို့ငင်ခြင်း စွမ်းရည်ကို ခံနိုင်ရည် မရှိသလောက်ပင်။

“အဟွတ်.. အဟွတ်..” တော်လင်ယုသည် နောက်တကြိမ် ချောင်းဟန့်ရုံသာ တတ်နိုင်ခဲ့ပြီး၊ ယခုတစ်ကြိမ် ထူးဆန်းသော ငြိမ်သက်မှုကို ချိုးဖျက်ပစ်လိုက်ရသည်။ ထိုမှသာ လူတိုင်း အနည်းငယ် နိုးထလာကြသည်။

ဂျီရှီသည် စိတ်ယစ်မူးနေရာမှ နိုးထလာသည်။ သူသည် ဗာမီလီယမ်မျှော်စင် ဦးတည်ရာ ဆီသို့ ကြည့်လိုက်ပြီး "မင်းမှာ ဘာရတနာတွေရှိလဲ?။ တကယ်လို့ မင်းမှာ ဘာရတနာမှ မရှိဘူးဆိုရင်, နတ်သမီးယွမ်ကို ဒီနေ့ ငါနဲ့အတူ ခေါ်သွားရလိမ့်မယ်" အေးစက်စွာ ပြောလိုက်သည်။

သူ့လေသံမှာ စိတ်မရှည်ခြင်းများဖြင့် ပြည့်နှက်နေ၏။ ထိုကဲ့သို့အဖြစ်မျိုးက အမြဲတမ်း တည်တည် ငြိမ်ငြိမ်ရှိသော သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာခဲသည်။

"သေချာပေါက် ရှိတာပေါ့။ ငါက နတ်ဘုရားကမ္ဘာမှာ နှစ်သန်းပေါင်း ရာနဲ့ချီနေထိုင်ခဲ့သူပဲ။ ဘယ်လိုလုပ်ပြီး ရတနာတွေ မပိုင်ဆိုင်ဘဲနေမလဲ?။ မင်းရဲ့ ဘိုးနတ်ဘုရား သွေးအနှစ်သာရ က အဖိုးတန်ပေမယ့် ငါ့ရတနာနဲ့စာရင် အဝေးကြီးမှာ ရှိနေပါသေးတယ်။" ဆံပင်ဖြူ အဘိုးကြီးက အေးစက်စွာ အော်ပြောလိုက်သည်။

မူလက သူသည် ထိုရတနာကို ထုတ်ယူရန်သင့်မသင့် စဉ်းစားနေသေးသော်လည်း ယွမ်ရှီရှီ၏ အပြုံးသည် သူ၏ ဆုံးဖြတ်ချက်ကို တိုက်ရိုက် ခိုင်မာသွားစေခဲ့သည်။

သူသည် ဘဝတစ်သက်တာလုံး ကျင့်ကြံနေခဲ့ရင်တောင်, ဒီမိန်းမကို မရနိုင်ဘူးဆိုရင်, ကျင့်ကြံခြင်းက အလကားဖြစ်သွားလိမ့်မည်။

ထိုသို့ပြောပြီးသည်နှင့် သူ့ညာလက်ကိုဆန့်ပြီး လက်ဖဝါးကို ဖြန့်လိုက်ပါသည်။ သူ၏ လက်ဖဝါးမှ အလွန်ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ပေတစ်သောင်းရှိသည့် နတ်ဘုရား အလင်းရောင်သည် နေ့အချိန်ကဲ့သို့ ညအမှောင်ထုကို တိုက်ရိုက် လင်းထိန်စေသည်။ လူတိုင်း သူတို့မျက်လုံးများ ဖွင့်၍မရသကဲ့သို့ ခံစားရသည်။

လူတိုင်းသည် သူတို့၏ မျက်လုံးများမှ နာကျင်ကိုက်ခဲမှုကို ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး အဖိုးအို၏ လက်ဖဝါးကို ကြည့်လိုက်ကြပါသည်။ ထိုအကြည့်များတွင် ချက်ချင်းပင် အလွန်အံ့အားသင့်သွားသည့် အမူအရာကိုယ်စီကို ဖော်ထုတ်လိုက်ကြသည်။

"ဒါက လက်ဖဝါးထဲက နတ်ဘုရားကမ္ဘာပဲ" ဒီရတနာကို ရှေးခေတ်က အလွန် အစွမ်းထက် တဲ့ ဘိုးဘေးနတ်ဘုရားတစ်ပါး ဖန်တီးထားခဲ့တာ။ ဒီနတ်ဘုရားပုလဲမှာ နတ်ဘုရားမြို့တော် တစ်ခု အရွယ်အစားရှိတဲ့ ကမ္ဘာငယ်လေးတစ်ခု ပါဝင်တယ်။ ဒါပေမယ့်, အထဲမှာ နတ်ဘုရားမြို့တော်အဖြစ် အသုံးပြုလို့မရပါဘူး။ အဲဒီကမ္ဘာရဲ့ အချိန်အမြန်နှုန်းက ပြင်ပ ကမ္ဘာထက် အဆတစ်ထောင် နှေးကွေးတယ်။ တစ်နည်းပြောရရင်, ဒီနတ်ဘုရားပုလဲ အတွင်းမှာ နှစ်ပေါင်းတစ်ထောင်ကျော်က အပြင်ဘက်ကမ္ဘာမှာတော့ တစ်နှစ်ပဲ ရှိသေးတယ်” ဆံပင်ဖြူအဖိုးကြီးက ပြောသည်။

လူတိုင်း ထိုစကားကိုကြားသောအခါ အလွန်မင်း တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာများကို ထုတ်ဖော်ပြသလာကြသည်။

၎င်းသည် အချိန်၏ စီးဆင်းမှုနှုန်းပါရှိသော ကမ္ဘာ့အဆင့်မီ ရတနာတစ်ခု ဖြစ်သည်။ ထို့အပြင်၊ အချိန်စီးဆင်းမူနှုန်းကလည်း အဆင်တစ်ထောင်အထိ ပြောင်းလဲနိုင်သည်။

အကယ်၍, ၎င်းတို့ကိုယ်တိုင် နားနှင့်ဆက်ဆက် မကြားခဲ့ပါက, သူတို့နားကို မယုံရဲကြပေ။

All Chapters