← Chapters

အခန်း ၁၃၂၃

Vol. 89 Ch. 1323

အခန်း ၁၃၂၃

Vol. 89 Ch. 1323

အခန်း (၁၃၂၃) အရှေ့ပိုင်းမြစ်ဘိုးဘေး။

အတွင်းမှာ ကမ္ဘာငယ်လေးများပါရှိသည့် ရတနာပေါင်း မြောက်များစွာရှိသည်။ သို့သော်, ထိုမျှအဖိုးမတန်ပေ။ အချို့သော အင်မော်တယ်ပစ္စည်းအချို့မှာပင် ရိုးရှင်းသော ကမ္ဘာငယ် လေးများ ပါဝင်ကြသည်။ သို့သော် ဆံပင်ဖြူ အဘိုးကြီး ထုတ်ယူလိုက်သော ကမ္ဘာ့အဆင့်မီ ရတနာကတော့ ကွဲပြားပါသည်။

အဘယ့်ကြောင့်ဆိုသော် ဆံပင်ဖြူ အဘိုးကြီး ထိန်းချုပ်ထားသော ကမ္ဘာငယ်လေးသည် အတွင်းမှာ အချိန်စီးဆင်းမူအမြန်နှုန်းသည် အပြင်ပကမ္ဘာမှာထက် အဆတစ်ထောင် ပိုမြန်နေသောကြောင့် ဖြစ်ပါသည်။

အဆတစ်ထောင်လား...။

အတွင်း၌အချိန်သည် အနှစ်တစ်ထောင် ရှိနေချိန်မှာ အပြင်ဘက်ကမ္ဘာတွင် တစ်နှစ်သာ ကုန်ဆုံးသေးသည်။ အကယ်၍ လူတစ်ဦးသည် အတွင်းပိုင်း၌ ကျင့်ကြံပါက အခြားသူများ ထက် အဆတစ်ထောင် ပိုမြန်ဆန်နေလိမ့်မည်။ ထို့ကြောင့်၊ ဤအဆင့်ရှိ ရတနာများသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများ၏ တန်ဖိုးထက် များစွာကျော်လွန်နေပြီး စုပ်ယူ၍ မရသော ဘိုးဘေးနတ်ဘုရား၏ သွေးအနှစ်သာရထက် များစွာ အဖိုးတန်ပါသည်။

တော်လင်ယုသည် သူမနားကိုပင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ အချိန်အဆတစ်ထောင် ပိုမြန်သည့် ကမ္ဘာ့အဆင့်မီ ရတနာတစ်ခုသည် နတ်သမီး လေလံပွဲမှာ အမှန်တကယ် ပေါ်ထွက်လာခဲ့ပါသည်။ ဤသည်မှာ နတ်ဘုရာကမ္ဘာ၏ သမိုင်းတွင် မကြုံစဖူးဖြစ်ရပ် ဖြစ်နိုင်ပါသည်။

ဤအရာက သူမကို စိတ်လှုပ်ရှားစေပြီး မနာလိုဖြစ်စေပါသည်။ တစ်ချိန်တည်းမှာပင် သူမသည် စူးစမ်းလိုစိတ် ရှိနေခဲ့သည်။ ယွမ်ရှီရှီကဲ့သို့ ချစ်စရာကောင်းသော အမျိုးသမီး တစ်ဦးအနေဖြင့်, သူမသည် ကောင်းကင်နတ်ဘုရား တစ်ပါးထံမှာ ပေါ့ပေါ့ပါးပါး လက်အောက်ခံလုပ်ရန် မခက်ခဲပေ၊ ထို့ကြောင့်, သူသည် သူမ၏ အသားသွေး ခန္ဓာကိုယ်ကို အဘယ်ကြောင့် လေလံပစ်ရသနည်း?။ သူမသည် လူတစ်ဦးတစ်​​ယောက်​ပိုင်​ အရုပ်လေး​တစ်​ရုပ် ​မဖြစ်ချင်​လို့များ ဖြစ်နေမလား?။

တော်လင်ယုသည် ဤအကြောင်းကို နားမလည်သလို သူမသည် ဤအကြောင်းကို ရှင်းမပြနိုင်သေးပါဘူး။

ယွမ်ရှီရှီ၏ လှပသော မျက်လုံးများသည် နတ်ဘုရားအလင်းရောင်များဖြင့် တောက်ပနေ သည်။ သူမသည် ထိုအချိန်နတ်ဘုရားပစ္စည်းကို သိပ်ပြီးစိတ်မဝင်စားသည့်အလား, သူမ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာမျိုး ရှိမနေခဲ့ပေ။

ချင်ယွင်၏ နှလုံးသားသည်လည်း အနည်းငယ် ကွဲပြားနေသည်။ ဤသည်မှာ သူသည် ပထမဆုံးအကြိမ် အချိန်နတ်ဘုရားပစ္စည်းကို တွေ့ကြုံခဲ့ရခြင်းပင်။ လန့်ကြည်တောင်ပေါ် တွင် သူကြုံတွေ့ခဲ့ဖူးသော အချိန်၏စီးဆင်းမူ အမြန်နှုန်း ဆယ်ဆရှိသည့် ကမ္ဘာငယ်လေးမှ လွဲ၍ အချိန်၏အမြန်နှုန်းကို ပြောင်းလဲနိုင်သော အခြားကမ္ဘာငယ်မျိုးကို သူ မတွေ့ဖူးသေး ပေ။

ယခုအချိန်တွင်၊ ချင်ယွင်၏ ကနဦးစကြဝဠာဖြင့်ဆို, သူသည် အချိန်အမြန်နှုန်းကွာခြားချက် ကို အဆ ၁၀၀၀၀ အထိ ရောက်ရှိနိုင်နေပြီ။ ဤအဘိုးအို၏ ကမ္ဘာငယ်လေးသည် ထူးထူးခြားခြား အချိန်၏ အမြန်နှုန်းကို အဆ ၁၀၀၀ အထိ ရောက်ရှိနိုင်နေသည်။

ဤအခိုက်အတန့်တွင် မိုးပြာနဂါးမျှော်စင်၏ ကိုးထပ်မြောက်တွင် ရှိနေသည့် ဂျီရှီ၏ မျက်ခုံးများသည် တွန့်သွားခဲ့သည်။ ဆန့်ကျင်ဘက် အဆောက်အဦးမှ ဆံပင်ဖြူ အဘိုးကြီး သည် သူ့ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရထက် ပို၍ အဖိုးတန်သော ရတနာတစ်ခုကို အမှန်တကယ် ထုတ်ယူနိုင်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။ ဤအရာက သူ့နှလုံးသားကို ပြင်းထန်သော မလိုလားမူများဖြင့် ပြည့်နှက်စေခဲ့သည်။

"အချိန်နတ်ဘုရားပစ္စည်းကို ထုတ်ယူပြီး, နတ်သမီးတစ်ပါးနဲ့ သုံးညတာ နွေဦးပွဲတော် နွှဲပျော်နိုင်ဖို့ လဲလှယ်လိုက်တယ်။ အဆွေတော်က တကယ့်ကို အထိန်းအကွပ် မဲ့လွန်းတယ်။ အဆွေတော်ကို တကယ် လေးစားပါတယ်။ အဆွေတော်ရဲ့ နာမည်ကို သိလို့ရမလား?။ ကျွန်တော့်အဖေ ဂျီမင်ရှန်ကို အဆွေတော်များ သိနေမလား" ဂျီရှီက ပြောလိုက်ပါသည်။

"ဂျီမင်ရှန်လား?၊ ဖြစ်နိုင်တာက ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်ရဲ့ ကောင်းကင် နတ်ဘုရားရှစ်ပါးထဲက ဖြစ်နိုင်မလား?. ဒီဂျီရှီက ဂျီမင်ရှန်ရဲ့သားတော်တစ်ယောက် ဖြစ်နေမယ်လို့ မျှော်လင့်မထားပါဘူး။” လူတိုင်း အံ့သြသွားကြသည်။

ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်ရှိ လူတိုင်းသည် ခေါင်းလောင်းလေ နတ်ဘုရား နန်းတော်တွင် ကောင်းကင်နတ်ဘုရားရှစ်ပါး ရှိကြောင်းကို သိကြပြီး၊ ဂျီမင်ရှန်သည် ၎င်းတို့ထဲမှ တစ်ပါးဖြစ်သည်။

နတ်ဘုရားနန်းတော်ကြီး၌ ထိုကဲ့သို့သော ဘွဲ့ထူးကို ရရှိနိုင်သည့်မည်သူမဆို, ၎င်းတို့သည် ကောင်းကင်နတ်ဘုရားများကြားတွင် တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ နတ်ဘုရား နန်းတော်ကြီး၌ပင် ၎င်းတို့၏ အဆင့်အတန်းသည် အလွန်ထူးခြားပါသည်။

မြို့တော်သခင်လေးယောက်သည် ဂျီမင်ရှန်ကို တွေ့ဆုံနိုင်ဖို့ အသာထား၊ သူတို့သည် ဂျီရှီကိုတောင် လေးစားမှုပေးရမည်။

ရုတ်​တရက်​ဆိုသလို​ လူအားလုံး၏အကြည့်များသည် ဂျီရှီအပေါ် ကျရောက်သွားပြီး၊ ထူးထူးခြားခြား ​ လေးစားမူရှိလာကြပါသည်။

အမှန်မှာ, သူနှင့်အတူ ပါလာသော လူငယ်သည်လည်း ကောင်းကင်နတ်ဘုရား ရှစ်ပါးထဲမှ ကောင်းကင်နတ်ဘုရားတစ်ပါး၏ သားတော်တစ်ပါး ဖြစ်သည်။ သူ၏အမည်မှာ ကျန်းယု ဖြစ်ပြီး၊ သူသည် ကောင်းကင်နတ်ဘုရားရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ကျန်းလင်ဖေး၏ သား ဖြစ်သည်။

သို့သော်လည်း ထိုအချိန်တွင် ကျန်းယုသည် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိပေ။ သူသည် ထိုပြပွဲကိုသာ ကြည့်ရူနေခဲ့သည်။ တကယ်တော့ သူ့မှာ ထုတ်ပေးနိုင်သည့် ရတနာတွေ မရှိပါဘူး။ ထိုသို့မဟုတ်လျှင်, သူသည် ဂျီရှီနှင့် ယှဉ်ပြိုင်ပြီးသား ဖြစ်လိမ့်မည်။

ဂျီရှီ၏အသံ ထွက်ပေါ်လာသောအခါ ပြင်းထန်သော အုတ်အုတ်ကျက်ကျက်အသံများ ထွက်ပေါ်လာသည်။

သို့သော်လည်း ဆံပင်ဖြူ အဘိုးအိုက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည် "ကောင်လေး, ငါ့ကိုခြိမ်းခြောက်ဖို့အတွက် မင်းအဖေရဲ့ နာမည်ကို အသုံးမပြုပါနဲ့။ ဒီအဘိုးကြီးက နှောင်ဖွဲ့ကင်းတဲ့ နတ်ဘုရားတစ်ပါး ဖြစ်တယ်။ ငါ့ရဲ့အစွမ်းက ကောင်းကင် နတ်ဘုရားနယ်ပယ်မှာ မရှိပေမယ့်၊ မင်းလို ဂျူနီယာတစ်ယောက် ယှဉ်နိုင်တဲ့အရာ မဟုတ်ဘူး။ မင်းလည်း ဒီအဘိုးကြီးရဲ့ နာမည်ကို အရင်က ကြားဖူးမှာပါလေ။”

"သူက အရှေ့ပိုင်းမြစ်ဘိုးဘေးလား?" အဘိုးအို၏ စကားကိုကြားသောအခါ လူတိုင်း မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့သည် ဗာမီလီယမ်းမျှော်စင် အထက်ရှိ အဘိုးအို အား ၎င်းတို့၏ မျက်နှာများတွင် မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်ကြပါသည်။

အရှေ့ပိုင်းမြစ်ဘိုးဘေးသည် နှောင်ဖွဲ့ကင်းသည့် နတ်ဘုရားတစ်ပါး ဖြစ်ပြီး၊ သူသည် နတ်ဘုရားနန်းတော်ကြီးလေးခုကို မ၀င်ရောက်ခဲ့သလို, သူ့ ကျင့်ကြံမူကလည်း မြင့်မားခြင်း မရှိပေ။ သူသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့်တွင်သာ ရှိနေသော်လည်း သူ့နည်းလမ်းများမှာ အလွန်မင်း ထူးခြားလှပါသည်။ သာမာန်အားဖြင့်၊ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် သို့မဟုတ် အထွက်အထိပ် မြေကမ္ဘာ နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် သူ့ကို ရန်စလိမ့်မည် မဟုတ်ပေ။

ဤလူသည် ရက်စက်တတ်ပြီး နတ်ဘုရားအဆင့် အမျိုးသမီး အမျိုးမျိုးနှင့် ဆော့ကစား နေသူ ဖြစ်ပါသည်။ ၎င်းသည် နတ်ဘုရားကမ္ဘာရှိ ကြီးမားသော ဘေးဒုက္ခများစွာထဲမှ တစ်ခု ဖြစ်သည်။ သို့သော်၊ ထိုသို့သော ကပ်ဘေးဒုက္ခအိုးကြီးသည် နတ်ဘုရားကမ္ဘာ၌ နှစ်သန်းပေါင်းရာနှင့်ချီ၍ အသက်ရှင် နေထိုင်ခဲ့သည်။ သူ၏အသက်ကယ်နည်းများက မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်သည်။ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများစွာ၏ လက်မှ လွတ်မြောက်ခဲ့သည်ဟုပင် ကောလဟာလများ ထွက်ပေါ်နေပါသည်။

ထို့အပြင် ဤလူ၏စိတ်နှလုံးသည် အလွန်တရာမှ ကျဉ်းမြောင်းလှသည်။ သူ့ကို ထွက်ပြေး လွတ်မြောက်ခွင့် ပြုလိုက်ရသည့် မည်သူမဆို အလွန်သနားစရာကောင်းသည့် အခြေအနေမျိုးဖြင့် အဆုံးသတ် သွားရပါလိမ့်မည်။

ထို့ကြောင့်၊ နတ်ဘုရားကမ္ဘာမှာပင် အကယ်၍, တစ်စုံတစ်ယောက်သည် ကောင်းကင် နတ်ဘုရားတစ်ပါးကို ရန်စနိုင်သော်လည်း, အရှေ့ပိုင်းမြစ်ဘိုးဘေးကို ရန်မစရဟူသော စကားတစ်ခွန်း ရှိနေသည်။

အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ဤနေရာတွင် အမှန်တကယ် ပေါ်လာခဲ့ပြီး၊ နတ်သမီး လေလံတွင် ပါဝင်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

ရုတ်တရက် လူတိုင်း ယွမ်ရှီရှီအတွက် ဝမ်းနည်းစပြုလာသည်။ ဤနတ်ဆိုးအိုကြီး၏ လက်သို့ ကျရောက်ခဲ့သော အမျိုးသမီးတိုင်းသည် အလွန်ဆိုးရွားသော အခြေအနေဖြင့် အဆုံးသတ်သွားရမည် ဖြစ်သည်။ အဆုံးတွင်၊ သူမသည် စိတ်ဆင်းရဲစွာ သေဆုံးသွားရ သည်ဖြစ်စေ, ထိုသို့မဟုတ်ပါက, သူမ၏စိတ်ဝိညာဉ်သည် ပြိုလဲသွားပြီး သူမ၏ကျင့်ကြံမှု နောက်ပြန် ဆုတ်သွားသည်ဖြစ်စေ ကြုံတွေ့ရသည်။

ချင်ယွင်သည် နီထိုက်စွေ့ထံမှ အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ကိုယ်ရေးအချက်လက်ကို သိရှိပြီးနောက်၊ သူသည် အရှေ့ပိုင်းမြစ်ဘိုးဘေးကို အလွန်စက်ဆုပ်ရွံရှာသွားပါသည်။

မျက်တောင်တစ်ချက်မှ မခတ်ဘဲ လူသတ်နေသည့် မွန်းစတားတစ်ကောင်ကိုတောင် သူ မုန်းတီးမိမှာ မဟုတ်ဘူး။ သူသည် မိန်းမတွေနှင့် ဆော့ကစားတတ်သည့် ဖောက်ပြန်သူများကို မုန်းတီးသူဖြစ်ပြီး၊ အရှေ့ပိုင်းမြစ်ဘိုးဘေးလို ဖောက်ပြန်သူ တစ်ယောက်ဆို စကားထဲပင် ထည့်ပြောစရာ မလိုတော့ပေ။

“ကောင်လေး, မင်းက အရှေ့ပိုင်းမြစ်ဘိုးဘေးကို တကယ်ပဲ သတ်ချင်နေတာလား။ ဟီး..၊ ဟီး...၊ ဒီအကြံကို ရုတ်သိမ်းလိုက်ဖို့ ငါ အကြံပေးချင်တယ်။ ဒီအဘိုးကြီးက နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား နယ်ပယ် ဒါမှမဟုတ် အထွတ်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျင့်ကြံသူတွေထက် အန္တရာယ်မသေးလှဘူး။ ဒါကြောင့် မင်းရဲ့ လက်ရှိ ခွန်အားနဲ့ သူ့ကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"ငါ မကြောက်ဘူး.." ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

လျှိုဘိုသည် ချင်ယွင်၏စကားကိုကြားတော့ သူသည် ခဏလောက် မှင်သက်သွားပုံရပြီး ပြောလိုက်သည် "ဒါက အလုပ်ဖြစ်မယ့်ပုံမပေါ်ဘူး။ မေ့လိုက်ပါလေ။ တကယ်လို့, မင်း သူ့ကို လှုံ့ဆော်ချင်လည်း လှုံ့ဆော်လိုက်ပေါ့။ သူက ဖောက်ပြန်နေတဲ့ သက်ကြားအိုကြီးပဲ မဟုတ်လား။ ပြီးရင် သူ့ကို သတ်ပစ်လိုက်ပေါ့”။

လျှိုဘို၏စကားကို ကြားသောအခါ ချင်ယွင်သည် ပြောစရာစကား မဲ့သွားရသည်။

လျှိုဘို၏ စိတ်နေသဘောထား ပြောင်းလဲမှုသည် အလွန်တရာမှ မြန်ဆန်လွန်းသည်။ ချင်ယွင်တောင်မှ သူပြောခဲ့သည့်စကားတွေ အမှန်လား မှားလား မသိတော့ပေ။

အရှေ့ပိုင်းမြစ်ဘိုးဘေးကို ရန်စရန် မဖြစ်နိုင်ဟု လျှိုဘို ပြောရသည့် အကြောင်းအရင်းက တော့, သူသည် အရှေ့ပိုင်းမြစ်ဘိုးဘေး ထုတ်ပြလာသည့် ရတနာဖြစ်သော အချိန် နတ်ဘုရားပစ္စည်းနှင့်ပတ်သက်ပြီး လုယူရန် မည်သည့်အကြံအစည် မည်သည့်စိတ်ကူးမှ မရှိဘူးဟု ချင်ယွင် ပြောနိုင်ပါသည်။

ဂျီရှီ၏အမူအရာသည် မှုန်ကုပ်ကုပ်ဖြစ်နေသည်။ သူသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ သူ့ဝတ်စုံလက်မောင်းကို ပြင်းထန်စွာ ခါယမ်းကာ ကုလားထိုင်ပေါ် ပြန်ထိုင်လိုက်သည်။

သူသည် စကားတစ်ခွန်းမှ မပြောသော်လည်း, သူ့သဘောထားက အရာအားလုံးကို ညွှန်ပြပြီးသား ဖြစ်နေပြီ။ သူသည် လေလံကို စွန့်လွှတ်လိုက်ပါပြီ။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အချိန်အတော်ကြာပြီးနောက်, သူတို့သည့် မည်သည့်စကားမှ ပြန်မပြောကြတော့ပေ။

"ကောင်မလေး, မင်း ဘာကို စောင့်နေတာလဲ။ တစ်ယောက်ယောက်က ငါအရှေ့ပိုင်းမြစ် ဘိုးဘေးရဲ့ အချိန်နတ်ဘုရားပစ္စည်းထက် ပိုတန်ဖိုးကြီးတဲ့ ရတနာတစ်ခုကို ထုတ်ယူနိုင်ဦး မယ်လို့ မင်း ထင်နေလား။" ရလာဒ်ကို မကြေငြာသေးသော တော်လင်ယုကို အရှေ့ပိုင်းမြစ် ဘိုးဘေးက မြင်ပြီး ဒေါသတကြီး ပြောလိုက်သည်။ တော်လင်ယုအပေါ် ဖိအားတစ်ခုက ချက်ချင်း ကျဆင်းသွားသည်။

ထိုဖိအားကို ခံစားလိုက်ရသဖြင့် တော်လင်ယု၏အမူအရာမှာ ချက်ချင်း ပြောင်းသွားခဲ့ သည်။ သူမက အလောတကြီး ကြေငြာလိုက်ပါသည် "ဒီတစ်ခါ နတ်သမီးလေးကို ဗာမီလီယမ်မျှော်စင်က ပိုင်ဆိုင်သွားပြီလို့ ကျွန်မ ကြေငြာလိုက်ပါတယ်ရှင်..."

"ခဏနေပါဦး၊ ငါ့မှာ ရတနာတွေ ရှိပါသေးတယ်!"

သို့သော်လည်း တော်လင်ယုသည် ရလာဒ်ကို ကြေညာလိုက်စဉ်မှာ အကျိုးအကြောင်း မဆီလျှော်သည့် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ချက်ချင်းပင်၊ လူတိုင်းသည် မိုးပြာနဂါးမျှော်စင် တတိယထပ်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

All Chapters