← Chapters

အခန်း ၁၃၂၄

Vol. 89 Ch. 1324

အခန်း ၁၃၂၄

Vol. 89 Ch. 1324

အခန်း (၁၃၂၄) ချင်ယွင်၏ရတနာ။

ဝှီး…။

အသံသည် မိုးပြာနဂါးမျှော်စင် တတိယထပ်မှ ထွက်ပေါ်လာသောကြောင့် လူတိုင်း၏ အကြည့်များသည် မိုးပြာနဂါးမျှော်စင်၏ တတိယထပ်သို့ ကျဆင်းသွားခဲ့သည်။

မှန်ပါသည်။ ထိုအသံပိုင်ရှင်ကတော့ ချင်ယွင် ဖြစ်ပါသည်။

ချင်ယွင်သည် သူ့မျက်နှာကို ပြုံးပြီး ရှေ့ကို လှမ်းကြည့်လိုက်ပါသည်။ သူ့အမူအရာက တည်ငြိမ်နေပြီး၊ သူ့ပတ်ဝန်းကျင်မှ လူများ၏ အကြည့်များကြောင့် သူသည် အထိတ်တလန့်ဖြစ်မူကို နည်းနည်းလေးမှ မခံစားရသလိုပင်။

"ဒီကောင် ရူးနေတာလား။ သူက အရှေ့ပိုင်းမြစ်ဘိုးဘေးကို တကယ် စိန်ခေါ်ရဲတာလား"

"ဟုတ်တယ်၊ အရှေ့ပိုင်းမြစ်ဘိုးဘေးက နာမည်ကြီးတယ်... ဒီကောင်က သေခြင်းတရားကို တောင်းဆိုနေတာပဲ”။

"သူက အရှေ့ပိုင်းမြစ်ဘိုးဘေးကို စော်ကားခြင်းဟုတ်မဟုတ် အရင်ဆုံး ဒီအကြောင်းကို မပြောကြနဲ့ဦး။ ဒီလူက အချိန်နတ်ဘုရားပစ္စည်းထက် သာလွန်တဲ့ ရတနာတွေကို ထုတ်နိုင်ပါ့မလား။

"ငါတော့ သူ ထုတ်နိုင်မယ် မထင်ဘူး။ မိုးပြာနဂါးမျှော်စင်ရဲ့ တတိယထပ်မှာ ထိုင်နေတဲ့ လူတစ်ယောက်က အချိန်နတ်ဘုရားပစ္စည်းထက် သာလွန်တဲ့ ရတနာတစ်ခုကို ဘယ်လို လုပ် ပိုင်ဆိုင်နိုင်မှာလဲ?။ နောက်ပြီး သူ့ရဲ့ ကျင့်ကြံမှုအခြေခံကို ကြည့်လိုက်ဉီး။ ဘာကိုမှ နားမလည်ဘဲ အံ့အားသင့်အောင်လုပ်ပြလိုတဲ့ ဆံပင်စိမ်းနဲ့လူမျိုးဖြစ်ရမယ်။ သူက ပြဿနာ ရှာဖို့ ထွက်လာပေမယ့် နောက်ဆုံးမှာတော့ သူ့အသက်နဲ့ စွန့်စားပြီး အဆုံးသတ်ရတော့ မယ်”။ (A symbol of creativity and self-expression ။ Green hair can be a way for people to make a statement) ။ (တီထွင်ဖန်တီးမှုနှင့် မိမိကိုယ်ကို ထုတ်ဖော်ပြသခြင်း။ အစိမ်းရောင်ဆံပင် သင်္ကေတသည် လူတို့အတွက် ထုတ်ဖော်ပြောဆိုရန် နည်းလမ်းတစ်ခု ဖြစ်သည်။)

"သူ ထိုက်တန်ပါတယ်။ ခွန်အားမရှိဘဲ ထွက်လာဖို့ သတ္တိရှိမှတော့ သူက တကယ်ပဲ သေခြင်းတရားကို တောင်းခံဖို့သက်သက်ပဲလေ”။

…

ခဏလောက်ကြာတော့ အားလုံးက ဆွေးနွေးကြသည်။ မူလက လူတိုင်းသည် ဤအချိန် တွင် ဤမျှ ရဲရင့်ပြီး သတ္တိရှိရှိဖြင့် လှုပ်ရှားရန်ထွက်လာသည့် လူအကြောင်းကို သိချင်နေကြ ဆဲ ဖြစ်သည်။ သို့သော် ပုံရိပ်ပိုင်ရှင်ကို တွေ့သောအခါ သူတို့ စိတ်ပျက်သွားကြသည်။

ယွမ်ရှီရှီလည်း ချင်ယွင်ကို စပ်စုသော အမူအရာဖြင့် ကြည့်လိုက်ပါသည်။

လေလံပွဲမပြီးခင် အချိန်အတော်ကြာသည်အထိ ချင်ယွင်သည် အကျပ်ရိုက်နေကြောင်း သူမ မြင်လိုက်ရသည်။ သူမသည် သိချင်နေမိသည်။ နောက်ပိုင်း, လေလံပွဲ ဆက်လက် ကျင်းပနေစဉ်၊ သူမသည် ချင်ယွင်၏အမူအရာကို လျှို့ဝှက်စွာ စောင့်ကြည့်နေခဲ့သည်။ ချင်ယွင်က စွန့်လွှတ်လိုက်ပြီဟု မူလက သူမ ထင်ခဲ့သော်လည်း ဤအရေးကြီးသည့် အခိုက်အတန့်မှာ သူက အမှန်တကယ် ထုတ်ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပါ ဘူး။ ထို့ကြောင့် ဤလူငယ်သည် မည်သို့သော ရတနာမျိုးကို ထုတ်ယူနိုင်သည်ကို သူမ အလွန်သိချင်နေခဲ့သည်။

တော်လင်ယုလည်း အနည်းငယ် အံ့အားသင့်သွားကာ "လေလမင်းမျှော်စင်ရဲ့ ကန့်သတ်ချက်က တစ်စုံတစ်ယောက်ကို ပြဿနာရှာတာပဲ။ တစ်စုံတစ်ယောက်က..." သို့သော်လည်း ချင်ယွင်ကို သူမမြင်သောအခါ၊ ချင်ယွင်သည် ပြဿနာရှာသည်ဟု တိုက်ရိုက်ယူဆကာ သူမစိတ်ထဲတွင် ထိုစိတ်ကူးကို တိုက်ရိုက် ငြင်းဆိုလိုက်သည်။ ထို့ကြောင့် သူမသည် မမေးမြန်းတော့ဘဲ၊ မသိနားမလည်သော ထိုဧည့်သည်ကို နှင်ထုတ်ရန် ပြင်ဆင်လိုက်ပါသည်။ သို့သော် သူမစကားတစ်ဝက်အရောက်တွင် တစ်စုံ တစ်ယောက်ကို သူမကို အနှောင့်အယှက် ပေးလိုက်ပါသည်။

ယခုတစ်ကြိမ်တွင် ချင်ယွင်က သူမကို နှောင့်ယှက်သူ မဟုတ်ခဲ့ပေ။ တချိန်လုံး စကား တစ်ခွန်းမှ မပြောဘဲ သူမအနားတွင် ရပ်နေသော ယွမ်ရှီရှီ ဖြစ်သည်။

ယွမ်ရှီရှီက တော်လင်ယုအား တိတ်တိတ်နေရန် အမူအရာပြပြီး ချင်ယွင်ဘက်သို့ လှည့်ကာ ပြောလိုက်ပါသည် "သခင်လေး, ရှင်က တကယ်ပဲ လေလံဆွဲချင်တာလားလို့ ကျွန်မ သိရှင်ပါတယ်”။

ယွမ်ရှီရှီ၏အသံသည် သဘာဝတရား၏သံစဉ်နှင့် တူသောကြောင့် ရောက်ရှိနေကြသူ အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။ ရုတ်တရက် ချင်ယွင်ကိုကြည့်နေသည့် လူအားလုံး၏ အကြည့်တွေက အနီရောင်ပြောင်းလာကြသည်။

ယွမ်ရှီရှီသည် အမှန်တကယ်ပင် ထိုလူနှင့် စကားပြောရန် အစပြုခဲ့သည်။ ဤသည်မှာ မနေ့ညကတည်းက သူမ ပထမဆုံးအကြိမ် စကားပြောခြင်းလည်း ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ လူများသာမက နတ်ဘုရားမျှော်စင်လေးခုမှ လူအနည်းငယ်ပင် ချင်ယွင်ကို ရန်လိုသည့်မျက်နှာဖြင့် စိုက်ကြည့်နေကြသည်။

ဟုတ်ပါသည်။ အရှေ့ပိုင်းမြစ်ဘိုးဘေး၏ အကြည့်တွေက အုံ့မှိုင်းနေဆုံး ဖြစ်သည်။ သူ ရရှိပြီးသား မိန်းမလှလေးသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်းနည်း?။

"ဟမ့်၊ ကောင်စုတ်လေး၊ မင်း ငါ့ရဲ့ အချိန်နတ်ဘုရားပစ္စည်းထက် သာလွန်တဲ့ ရတနာတွေ ကို ထုတ်ယူနိုင်မလားဆိုတာ ငါ ကြည့်ချင်မိတယ်။ မဟုတ်ရင်တော့ မင်းရဲ့အရေပြားကို ငါ သေချာပေါက် ဆွဲထုတ်ပြီး ကောင်းကင်ဆီမီးခွက်ထွန်းဖို့ အသုံးပြုပစ်မယ်”။ အရှေ့ပိုင်းမြစ် ဘိုးဘေးသည် ခက်ထန်သော အလင်းရောင်ကို ထုတ်ဖော်ပြသရင်း မှိုင်းညို့သော အမူအရာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ထိုအခိုက်တွင် ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ ယွမ်ရှီရှီသည် သူ့အား စကားပြောရန် အမှန်တကယ် အစပြုလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ယွမ်ရှီရှီ၏ အသံသည် နားထောင်ရသည်မှာ တကယ်ကို ကြည်နူးစရာကောင်းပြီး ၎င်းသည် သူ ကြားဖူးသမျှ လှပချိုသာဆုံး အသံဖြစ်သည် ။

"ကျုပ် ပြောပြီးပါပြီ။ ဟုတ်တယ်။ ကျုပ် သေချာပေါက် လေလံဆွဲမှာပေါ့။ မဟုတ်ရင် ကျုပ်က ဘာလို့ ဒီလိုလုပ်မှာလဲ” ချင်ယွင်က ရယ်ကာမောကာ တုန့်ပြန်လိုက်သည်။ သူ့မျက်လုံးတွေက ယွမ်ရှီရှီကို မျက်နှာချင်းဆိုင်လိုက်ပြီး၊ သူသည် လုံးဝ မကြောက်ရွှံ့ခဲ့ပါ ဘူး။

ယွမ်ရှီရှီက ပိုလို့တောင် အံ့သြသွားပါသည်။ အမှန်တကယ်ပင် သူမကိုကြည့်နေသည့် လူတစ်ယောက်ရှိနေခဲ့ပြီး၊ ထို့အပြင်, သူသည် အရမ်းကိုတည်ငြိမ်နေကာ စကားပြောရင်း ရယ်မောနေခဲ့သည်။ သူမ၏ စိတ်ထဲတွင်တော့ ထိုစကားပြောနေသော လူငယ် အကြောင်းကို ပို၍ပင် သိချင်လာခဲ့သည်။

သို့သော် ထိုမြင်ကွင်းကို အနီးနားရှိလူများ မြင်သောအခါတွင် ချင်ယွင်ကို သတ်ပစ်ရန်ပင် စိတ်နှလုံး ရှိနေကြသည်။ သူတို့၏မျက်လုံးများတွင် ချင်ယွင်သည် ယွမ်ရှီရှီ၏ လှပသော မျက်လုံးများနှင့် လုံးဝ ဆက်သွယ်နေသည်။

"အိုး....သခင်လေးက ဘယ်လိုရတနာမျိုးတွေ ပြင်ဆင်ထားလဲ ကျွန်မ သိချင်လိုက်တာ။ သခင်ငယ်လေးရဲ့ ရတနာက သခင်ကြီး လုဟယ်ရဲ့ ရတနာထက် တကယ် သာလွန်သွားခဲ့ ရင်တော့ ကျွန်မယွမ်ရှီရှီကို ဒီည သခင်လေး ပိုင်ဆိုင်ရလိမ့်မယ်” ယွမ်ရှီရှီက ပြုံးပြီး ပြောသည်။

ဤအပြုံးသည် ဖြူစင်ပြီး လှပအသက်ဝင်လွန်းကာ အလွန်အစွမ်းထက်သော စိတ်ဝိညာဉ် ကိုပင် ဖမ်းစားနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ထိုအချိန်တွင် ချင်ယွင်က ခါးသီးစွာ ပြုံးလိုက်မိသည်။ ဤယွမ်ရှီရှီသည် သူ့ကို လူမုန်းများ အောင် လုပ်ဆောင်နေသည်မှာ ရှင်းနေပါသည်။ အဘယ့်ကြောင့်ဆိုသော်, ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်မှ လူများ၏ သူ့ကိုကြည့်နေသော အကြည့်များသည် ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ခက်ထန်လွန်းနေသောကြောင့်ပင် ဖြစ်ပါသည်။ သူ့အနားရှိ နီထိုက်စွေ့သည်ပင် ချင်ယွင်ကို မကြည်သော အကြည့်များဖြင့် ကြည့်နေပါ သည်။

နတ်ဘုရားမျှော်စင် အဆောက်အဦးလေးခု၏ ကိုးထပ်မြောက်မှလူများသည် လက်သီးတွေ ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြပြီး၊ သူတို့မျက်လုံးထဲမှ ပြင်းထန်သော သတ်ဖြတ်ချင် စိတ်များ ပေါက်ကွဲထွက်ပေါ်လာသည်။

ယခုလေးတင် ယွမ်ရှီရှီ ပြောခဲ့သော နောက်ဆုံးစကားများက သူတို့၏ နှလုံးသားများကို ကုတ်ခြစ်သလိုဖြစ်နေပြီး လွှတ်မချနိုင်တော့ပေ။ ထို့အပြင်, ယွမ်ရှီရှီသည် ခွန်အား နည်းသော လူငယ်တစ်ဦးအား ထိုကဲ့သို့ ပြောဆိုခဲ့သည်။ ယင်းက သူတို့ကို ဘယ်လိုလုပ် ဒေါသထွက်အောင် မလုပ်နိုင်ဘဲနေမည်နည်း?။

ဤနတ်သမီးကို ရတနာ၏တန်ဖိုးအတွက်သာမက သူမ၏ခွန်အားနှင့် အဆင့်အတန်း အတွက်ပါ ပြိုင်ဆိုင်နေခြင်း ဖြစ်ပါသည်။ အကယ်၍, အားအနည်းဆုံး နောက်ဆုံး လူတစ်ယောက်က အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုကို ထုတ်ပေးပြီး၊ နတ်သမီးလေး၏ နွေဦးပွဲတော်ညနေခင်းရွှေစတစ်ထောင်ကို ရယူသွားမည်ဆိုလျှင် သူတို့သည် လက်ခံကြ မည် မဟုတ်ပေ။ ဤသည်မှာ ဤကမ္ဘာလောက၏ စည်းမျဉ်းဥပဒေသဖြစ်ပါသည်။

("နွေဦးပွဲတော် ညနေခင်းရွှေတစ်ထောင်" ဟူသည် တရုတ်နှစ်သစ်ကူးအကြို (နွေဦးပွဲတော်)တွင် အလွန်ချမ်းသာပြီး ခမ်းနားသောပွဲဟု ဆိုလိုခြင်းဖြစ်ပြီး အဓိကအားဖြင့် ပွဲတော်နှင့် လက်ဆောင်များပေါ်တွင် ငွေကြေးများစွာသုံးစွဲကြသည့် ညကို ဆိုလိုပါသည်။ ကြီးကျယ်ခမ်းနားသော မိသားစုနှင့် ဆက်စပ်မှုရှိလေ့ရှိသောည၊ ပြန်လည်ဆုံဆည်းခြင်း ညစာနှင့် စည်းစိမ်ဥစ္စာ ကြွယ်ဝမူကို ပြသသောပွဲ။) ("နွေဦးပွဲတော်"- လပြက္ခဒိန်တွင် နွေဦးရာသီအစကို ရည်ညွှန်းသည့် တရုတ်နှစ်သစ်ကူးပွဲတော်ကို ရည်ညွှန်းပါသည်။)

( "ညနေခင်း"- အထူးသဖြင့် နွေဦးပွဲတော်၏ အထူးခြားဆုံးည ဖြစ်သော နှစ်သစ်ကူး အကြိုနေ့ကို ရည်ညွှန်းပါသည်။)

("ရွှေတစ်ထောင်" အလွန်ချမ်းသာသော အမျိုးသမီးငယ်တစ်ဦးဟု အဓိပ္ပာယ်ရသော စကားစုတစ်ခု၊ ထင်ရှားသော ငွေကြေးဆိုင်ရာ အဓိပ္ပါယ်ရှိသော လူမှုဆက်ဆံရေးဖြင့် မြင့်မားသော လူတန်းစားမှ တစ်ဦးဦးကို ရည်ညွှန်းလေ့ရှိသည်။) (ဗဟုသုတအဖြစ် ရှာဖွေတင်ပြပါသည်။)

သို့သော် ချင်ယွင်သည် သူ့ပတ်ဝန်းကျင်မှ သတ်ဖြတ်လိုသော အကြည့်များကို မြင်ပုံမရပေ။ သူက ယွမ်ရှီရှီကို ကြည့်ပြီး ဖျတ်ခနဲ ပြုံးကာ ပြောလိုက်သည်။ "ကျုပ် လက်ထဲမှာရှိတဲ့ ရတနာက တခြားသူတွေရဲ့ အမြင်မှာ အဖိုးတန်ဆုံး မဟုတ်ပေမယ့် နတ်သမီးလေးရဲ့ မျက်လုံးထဲမှာတော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုဖြစ်မှာ သေချာပါတယ်"

"အိုး?" ယွမ်ရှီရှီက အံ့အားသင့်သော အမူအရာကို ထုတ်ပြလိုက်သည်။

ချင်ယွင်က ပြုံးပြီး ပြောသည် "နတ်သမီးလေးကရော ရှေးဟောင်းကျောက်စိမ်းချဉ်ဆီ အကြောင်းကို ကြားဖူးလားဆိုတာ ကျုပ် သိချင်မိတယ်”။

ယွမ်ရှီရှီသည် ချင်ယွင်၏စကားကို ကြားသောအခါ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်လေးသည် ရုတ်တရက် တုန်လှုပ်သွားသည်။ ထို့နောက် သူမသည် ချင်ယွင်ကို အလွန်တုန်လှုပ်သော အမူအရာဖြင့် ကြည့်ကာ "သခင်လေးဆီမှာ ရှေးဟောင်း ကျောက်စိမ်းချဉ်ဆီရှိလား" ဟု မေးလိုက်ပါသည်။

"ရှိတယ်လေ” ချင်ယွင်က ပြုံးပြီး လက်ဖဝါးကို ဖြန့်လိုက်သည်။ သူ့လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်ပြီး အစိမ်းရောင်အရည်များက ပျံထွက်လာ သည်။ ထိုအရည်သည် ကျောက်စိမ်းကဲ့သို့ စိမ်းလန်းပြီး တောက်ပသော နတ်ဘုရား အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ၎င်းမှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျ လှိုင်းများသည်လည်း ရှေးဟောင်း အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

"ရှေးဟောင်းကျောက်စိမ်းချဉ်ဆီလား?။ အဲဒါက ဘာလဲ၊ အဲဒါက အချိန်နတ်ဘုရား ပစ္စည်းနဲ့ ယှဉ်နိုင်ပါ့မလား" လူတိုင်း ပဟေဠိ ဖြစ်သွားကြသည်။ သေချာသည်မှာ ချင်ယွင် ထုတ်ပြလိုက်သော ပစ္စည်းသည် အချိန်နတ်ဘုရားပစ္စည်းထက် သာလွန်နေမည်ကို သူတို့ အမှန်တကယ် မယုံကြည်ကြပေ။

ဗာမီလီယမ်းမျှော်စင်၏ အထက်တွင် အရှေ့ပိုင်းမြစ်ဘိုးဘေးသည် မျက်မှောင် ကြုတ်လိုက် သည်။ သူသည် နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်ခဲ့ပြီး ဤရှေးဟောင်းကျောက်စိမ်းချဉ်ဆီ အကြောင်းကို တစ်ခါမျှ မကြားဖူးပေ။ ၎င်းသည် သူ၏ အချိန်နတ်ဘုရားပစ္စည်းကို ကျော်လွန်နိုင်သည်ဟု ခံစားရမှု နည်းပါးသည်။

"ကောင်းပြီလေ၊ ဒီနေ့ကစပြီး ကျွန်မယွမ်ရှီရှီ၊ ဒီသခင်လေးက သုံးရက်ကြာအောင် ပိုင်ဆိုင်သွားပြီ" သို့သော် ထိုအချိန်တွင် ယွမ်ရှီရှီက သူမ၏ပါးစပ်ကို ဖွင့်ဟကာ ကြေညာလိုက်သည်။

ချက်ချင်းပင်၊ လူတိုင်းသည် အလွန်တုန်လှုပ်ခြောက်ခြားသော အမူအရာများကို ထုတ်ဖော် ပြသလာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏နှလုံးသားများသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။

သူတို့သာမက နတ်သမီးဦးစီးမှူးဖြစ်သည့် တော်လင်ယုပင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပေ။ သိသာထင်ရှားသည်မှာ သူမသည် အလွန်ပင် ဝေခွဲမရဖြစ်သည်ဟု ခံစားလိုက် ရသော်လည်း ယွမ်ရှီရှီ၏ ပြတ်သားသော အမူအရာကို မြင်လိုက်ရသဖြင့် သူမသည် ဘာမှ မပြောနိုင်တော့ပေ။

ချင်ယွင်လည်း ပြုံးလိုက်သည်။ လျှိုဘိုသည် ချင်ယွင်အား ယွမ်ရှီရှီ၏ သူမခန္ဓာကိုယ်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များကို ပြောပြထားပြီးဖြစ်သောကြောင့် သူသည် ဤရလာဒ်ကို အံ့ဩခြင်း မရှိပေ။

All Chapters