← Chapters

အခန်း ၁၃၂၅

Vol. 89 Ch. 1325

အခန်း ၁၃၂၅

Vol. 89 Ch. 1325

အခန်း (၁၃၂၅) မိန်းမလှတစ်ယောက်၏ဒုက္ခ။

ယခုလေးတင်၊ ချင်ယွင်သည် လျှိုဘိုနှင့် စကားပြောဆိုခဲ့ပြီး နောက်ဆုံးတွင် လျှိုဘိုသည် ယွမ်ရှီရှီကို သိမ်းပိုက်ရန် ရတနာများကို ထုတ်ယူနိုင်သည်ဟု အဘယ်ကြောင့် ဤမျှ ယုံကြည်မှုရှိနေကြောင်းကို သူ နားလည်ခဲ့ရသည်။

ဤအရာအားလုံးသည် ယွမ်ရှီရှီကိုယ်တိုင် သို့မဟုတ် သူမ၏ ဆွဲမက်ဖွယ် ခန္ဓာကိုယ်နှင့် သက်ဆိုင်ပါနေပါသည်။

ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်သည် အမျိုးသားများအတွက် ကြီးမားသော သွေးဆောင်မှုရှိ ကြောင်းနှင့်၊ ယောက်ျားများနှင့် ဆက်ဆံခြင်းသည် အမျိုးသားရော အမျိုးသမီးအတွက်ပါ စိတ်ဝိညာဉ်ကို မြှင့်တင်ပေးနိုင်ကြောင်းကိုသာ ကမ္ဘာကြီးက သိခဲ့ကြသော်လည်း၊ ဝိညာဉ် အလှရုပ်ခန္ဓာကိုယ်တွင် ကြီးမားသော အားနည်းချက်ရှိသည်ကို မသိခဲ့ကြပေ။

.

ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်သည် အစကတည်းက ယောက်ျားတစ်ယောက်နှင့် တူနှစ်ဖော် ပေါင်းစပ်ထားရမည် ဖြစ်ပြီး၊ ထိုသို့မဟုတ်ပါက သူမခန္ဓာကိုယ်ရှိ ညှို့ငင်ခြင်း စွမ်းအားများက သူမ၏ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ စုစည်းသွားမည် ဖြစ်သည်။ ၎င်းသည် သူမ၏ ဆွဲဆောင်မှုအား ပိုကောင်းစေမည်ဖြစ်သော်လည်း၊ ၎င်းသည် ဆိုးရွားသော အကျိုးဆက်တစ်ခုလည်း ဖြစ်ပေါ်လာမည် ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်ထဲတွင် အချိန်အတော်ကြာ စုစည်းထားသည့် ညှို့ငင်ခြင်းစွမ်းအားသည် သူမခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးသို့ ထိုးဖောက်ဝင်ရောက်လာပါက သူမ၏ ကျင့်ကြံမှု အပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိမည် ဖြစ်သည်။

ကျင့်ကြံမှု တိုးလာသည်နှင့်အမျှ အခု ယွမ်ရှီရှီ ကြုံတွေ့နေရသလိုပင် နောက်ပိုင်းတွင် ကျင့်ကြံရာမှာ ပိုမိုခက်ခဲလာမည်ဖြစ်ပြီး၊ နောက်ပိုင်းတွင် လုံးဝ ရပ်တန့်သွားလိမ့်မည်။

သူမ၏ကျင့်ကြံမှုသည် အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိ နေပြီဖြစ်သော်လည်း၊ သူမ အဆင့်ဖြတ်ကျော်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀၀၀၀ ရှိပြီ ဖြစ်သည်။ ယခုအခါတွင် သူမ၏ ကျင့်ကြံမှု တိုးတက်လာမည့် လမ်းကြောင်းကို သူမ ရှာမတွေ့ရုံသာမကဘဲ ဆုတ်ယုတ်လာကာ၊ ညှို့ငင်ခြင်းစွမ်းအားက သူမအသက်ကိုပင် ခြိမ်းခြောက်လာတော့သည်။

အကယ်၍ သူမသည် ဤညှို့ငင်ခြင်းစွမ်းအားကို ထုတ်လွှတ်ရန် နည်းလမ်းကို မတွေးခဲ့လျှင်, ယွမ်ရှီရှီသည် အနှစ်တစ်ထောင်ပင် အသက်မရှင်နိုင်တော့ပေ။

အခုချိန်တွင် ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်၏ ပြဿနာကို ဖြေရှင်းလိုပါက ယောက်ျား တစ်ယောက်ို ရှာဖွေရုံဖြင့် အသုံးမဝင်တော့ပါ။ အများဆုံး ဤဖြစ်စဉ်ကို အချိန်ဆွဲရုံသာ ဖြစ်နိုင်ပါသည်။

ယွမ်ရှီရှီကို ကယ်တင်နိုင်သည့်အရာ တစ်ခုသာ ရှိပါသည်။ ၎င်းမှာ ရှေးဟောင်း ကျောက်စိမ်းချဉ်ဆီ ဖြစ်သည်။

ဤရှေးဟောင်းကျောက်စိမ်းချဉ်ဆီကသာလျှင် ယွမ်ရှီရှီ၏ခန္ဓာကိုယ်အတွင်းရှိ ညှို့ငင်ခြင်း စွမ်းအားကို ပျက်ပြယ်စေနိုင်ပြီး သူမ၏ ကျင့်ကြံမှုကိုလည်း ပြန်လည် မြင့်တက်လာစေ လိမ့်မည်။

ရှေးဟောင်းကျောက်စိမ်းချဉ်ဆီသည် သာမာန်လူများအား ၎င်းတို့၏ ကျင့်ကြံမှုကို မြှင့်တင်ရာတွင် ကူညီပေးနိုင်သော်လည်း၊ ၎င်း၏ အာနိသင်သည် အလယ်အလတ်အဆင့် ဆေးလုံးထက် များစွာ နိမ့်ကျပြီး၊ ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရထက်ပင် ပို၍ နိမ့်ကျပါသည်။

ထို့ကြောင့် ချင်ယွင်သည် ယခုလေးတင် ဤရှေးဟောင်းကျောက်စိမ်းချဉ်ဆီသည် အခြားသူများအတွက် အဖိုးတန်မည်မဟုတ်သော်လည်း ယွမ်ရှီရှီအတွက်မူ အဖိုးမဖြတ်နိုင် သော ရတနာတစ်ခုဖြစ်သည်မှာ သေချာပါသည်ဟု ပြောခဲ့ခြင်း ဖြစ်ပါသည်။

ယွမ်ရှီရှီသည် လေလမင်းမျှော်စင်တွင် နတ်သမီးအဖြစ် သူမခန္ဓာကိုယ်အား လေလံတင်ရန် အဘယ်ကြောင့် ဆန္ဒရှိနေသနည်း?။ ချင်ယွင်၏ ခန့်မှန်းချက်အရဆို အကြောင်းပြချက် တစ်ခုရှိသင့်ပြီး၊ ချင်ယွင်သည် မည်သည့်အကြောင်းကြောင့် ဖြစ်သည်ကို မသိသေးပေ။

ယွမ်ရှီရှီသည် ရှေးဟောင်းကျောက်စိမ်းချဉ်ဆီက သူမပြဿနာများကို ဖြေရှင်းပေးနိုင် ကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်ကာ၊ ထို့ကြောင့် ချင်ယွင်သည် ရှေးဟောင်း ကျောက်စိမ်းချဉ်ဆီကို ထုတ်ယူလိုက်သောအခါတွင် သူမသည် ချင်ယွင်နှင့် သက်ဆိုင် သွားပြီဖြစ်ကြောင်း ကြေညာရန် မတွန့်ဆုတ်ခဲ့ပေ။

အမှန်တကယ်လည်း, ယွမ်ရှီရှီသည် ရှေးဟောင်းကျောက်စိမ်းချဉ်ဆီအကြောင်းကို သိထားပါသည်။ သူမသည် ယခင်က သူမ၏ခန္ဓာကိုယ် ပြဿနာကို မည်သို့ ဖြေရှင်းရမည် ကို လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်ကို မေးမြန်းခဲ့ပြီး၊ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် နောက်ဆုံးတွင် ရှေးဟောင်းကျောက်စိမ်းချဉ်ဆီဆိုသည့် အဖြေကို သူမအား ပေးခဲ့သည်။

သို့သော်လည်း သူမသည် ရှေးဟောင်းကျောက်စိမ်းချဉ်ဆီသည် မည်သည့်နေရာတွင် ရှိသနည်းဟု မေးမြန်းသောအခါ၊ လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်သည် အဖြေ မပေးနိုင်ခဲ့ပေ။

လေဟာနယ်နှင့် အချိန်နတ်ဘုရားနန်းတော်ပင်လျှင် အဖြေမပေးနိုင်ခဲ့ပါ။ ဤအရာက ချက်ချင်းပင် သူမကို စိတ်ပျက်သွားစေခဲ့သည်။ ထို့ကြောင့် သူမမသေဆုံးမီ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းနိုင်ရန်အတွက် သူမ ဆုံးဖြတ်ခဲ့သည်။ သို့သော်၊ ဤရှေးဟောင်း ကျောက်စိမ်းချဉ်ဆီကို နတ်သမီးလေလံပွဲ၌ တွေ့ရလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ဤအရာက သူမ၏ နှလုံးသားထဲမှ မျှော်လင့်ချက်ကို ချက်ချင်း လောင်ကျွမ်းစေခဲ့သည်။

သို့သော် ယွမ်ရှီရှီ၏ ဆုံးဖြတ်ချက်သည် လူအများကို မယုံနိုင်အောင် ဖြစ်စေခဲ့သည်။

ရှေးဟောင်းကျောက်စိမ်းချဉ်ဆီက ဘာလဲ။

၎င်းတို့သည် ယင်းအကြောင်းကိုပင် မကြားခဲ့ကြသောကြောင့်၊ ၎င်းသည် ဒဏ္ဍာရီဆန်ဆန် ကောင်းကင်ဘုံကို အံတုနိုင်သော ရတနာ၊ လေဟာနယ်နှင့် အချိန်နတ်ဘုရားပစ္စည်းများ ထက် ပို၍ အဖိုးတန်သည်ဟု မထင်ခဲ့ကြပေ။

အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ယခုအချိန်တွင် အလွန် ဒေါသထွက်နေပါသည်။ မူလက ယွမ်ရှီရှီသည် သူ့အပိုင်ဖြစ်နေပြီ ဖြစ်သော်လည်း ယခုတွင် တစ်စုံတစ်ယောက်က သူမကို ကြားဖြတ်ယူသွားခဲ့သည်။ သူသည် ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။

တစ်ဖက်လူက အနှိုင်းမဲ့ ကောင်းကင်ကို စိန်ခေါ်နိုင်သော ရတနာတစ်ခုကို ထုတ်ယူခဲ့မည် ဆိုလျှင် အဆင်ပြေပါသေးသည်။ သို့သော် တဖက်လူက သူတို့ တစ်ခါမှ မကြားဖူးသည့် ရတနာတစ်ခုကို ထုတ်ပြခဲ့သည်။ ဤအချက်ကို သူ ဘယ်လိုလုပ် ယုံကြည်နိုင်မည်နည်း?။

"ဟမ်၊ ဒါက မင်းတို့လေလမင်းမျှော်စင်ရဲ့ ရတနာတွေကို ကိုင်တွယ်ပုံလား။ ဖြစ်နိုင်တာက ဘယ်သူမဆို ကိုယ့်ရတနာကို တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါလို့ ပေါ့ပေါ့တန်တန် ပြောဆိုပြီး ထုတ်ပြနိုင်တာလား?။ ဒါဆို ဒီနတ်သမီး လေလံပွဲရဲ့ အဓိပ္ပာယ်က ဘာလဲ။" အရှေ့ပိုင်းမြစ် ဘိုးဘေးက အေးစက်စွာ ဟစ်အော်လိုက်ပါသည်။ သူ့လေသံက ပြင်းထန်သော အမျက်ဒေါသနှင့် ပြည့်နှက်နေပြီး၊ သူ့ခန္ဓာကိုယ်မှ အလယ်လတ် မြေကမ္ဘာ နတ်ဘုရားအဆင့် အငွေ့အသက်တစ်ခုကိုပါ ထုတ်လွှတ်လိုက်သဖြင့် နတ်ဘုရားမျှော်စင် လေးခုရှိ အားနည်းသော ကျင့်ကြံသူများသည် အသက်ပင် မရှူနိုင်တော့ပေ။

ထိုစကားကိုကြားတော့ တော်လင်ယု၏မျက်နှာက ချက်ချင်း ဖြူဖျော့သွားပါသည်။

အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ဂုဏ်သတင်းကို သူမ ကြားဖူးသည်။ အကယ်၍, သူမသည် ဤသခင်ကို နှိုးဆော်လိုက်မည်ဆိုလျှင် ရလာဒ်သည် အလွန်စိတ်မကောင်းဖြစ်မည်မှာ သေချာပါသည်။

"မှန်ပါတယ်။ ဒီလေလမင်းမျှော်စင်က မတည်ရှိသင့်တော့ဘူးလို့ ငါ ထင်တယ်။ ဒီကောင် ထုတ်ပြတဲ့ ရှေးဟောင်းကျောက်စိမ်းချဉ်ဆီက ငါ့ဘိုးဘေးနတ်ဘုရား သွေးအနှစ်သာရ ထက်တောင် နိမ့်ကျနေမှာကို ငါ ကြောက်မိတယ်။ သူ နတ်သမီးရဲ့နွေဦးပွဲတော်အကြိုကို လေလံဆွဲဖို့ ဘယ်လိုလုပ် အရည်ချင်းရှိမှာလဲ?" ဂျီရှီသည် မထိန်းနိုင်ဘဲ ဒေါသနှင့်ပြည့်နေ သော အသံဖြင့် မိုးပြာနဂါးမျှော်စင်အထက်မှ ပြောလိုက်သည်။

မူလကတည်းက သူသည် အရှေ့ပိုင်းမြစ်ဘိုးဘေးကို ရှုံးနိမ့်ခဲ့ပြီး၊ ယင်းက သူ့ကို လွန်စွာမှ စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ သို့သော်လည်း အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ရတနာ သည် သူ့ထက် အဖိုးတန်နေသည်။ သို့သော်, ဤချာတိတ်လေး ရုတ်တရက် ထုတ်ပြလိုက်သော ရတနာသည် သူ့အား အလွန်အမင်း မကျေမနပ် ဖြစ်စေခဲ့သည်။ ထိုအချိန်တွင် အရှေ့ပိုင်းမြစ်ဘိုးဘေး၏ စကားကိုကြားလိုက်တော့ သူ့စိတ်ထဲမှ မကျေနပ်မှုများလည်း နိုးထလာခဲ့သည်။

"မှန်တယ်၊ ဒီရှေးဟောင်းကျောက်စိမ်းချဉ်ဆီက လူတွေကို လုံးဝ လှည့်စားနေတာပဲ..."

လူတိုင်းသည် ချင်ယွင်၏ နောက်ဆုံး အောင်ပွဲအတွက် မကျေမနပ်ဖြစ်ကာ ဆွေးနွေးကြ သည်။

တော်လင်ယုသည် ကြီးမားသော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။ သူတို့သည် အခြားမည်သူ့ကိုမဆို လျစ်လျူရှုနိုင်သော်လည်း ဂျီရှီနှင့် အရှေ့ပိုင်းမြစ်ဘိုးဘေးတို့ကိုမူ လျစ်လျူမရှုနိုင်ပေ။ အကယ်၍, သူတို့သာ ဒေါသဖြစ်သွားခဲ့လျှင်, လေလမင်းမျှော်စင် တစ်ခုလုံး ရပ်တန့်သွားပေလိမ့်မည်။

တော်လင်ယုသည် ယွမ်ရှီရှီကို သနားသော အမူအရာဖြင့် မကြည့်ဘဲ မနေနိုင်တော့ပေ။

ယွမ်ရှီရှီသည် သူမတို့၏ လေလမင်းမျှော်စင်မှ မဟုတ်ပေ။ သူမသည် သူမတို့၏ လေလမင်းမျှော်စင်ကို လေလံဆွဲရန်အတွက်သာ အသုံးပြုခဲ့သည်။ ယွမ်ရှီရှီသည် သူမတို့အား နတ်ဘုရားကျောက်တုံးဆယ်သန်း ကြိုတင် ပေးချေထားပြီး ဖြစ်သည်။ ထို့ကြောင့် ယွမ်ရှီရှီ၏ ဆုံးဖြတ်ချက်ကို စွက်ရောက်ဖက်ခြင်းသည် သူမတို့အတွက် မသင့်တော်ပေ။

ယွမ်ရှီရှီက တော်လင်ယုကို လက်ပြလိုက်သည်။ သူမကို ထိတ်လန့်မူမရှိစေရန် ညွှန်ပြရင်း ခေါင်းမော့ကာ အရှေ့ပိုင်းမြစ်ဘိုးဘေးရှိရာဆီသို့ ကြည့်ပြီး ပြောလိုက်သည် “မိန်းကလေး ယွမ်ရှီရှီက စီနီယာလုဟယ်ရဲ့ ချစ်ခင်ကြင်နာမူအတွက် စီနီယာလုဟယ်ကို ကျေးဇူးတင်ပါ တယ်။ ဒါပေမဲ့ အောင်နိုင်သူကတော့ ဒီသခင်ငယ်လေး ဖြစ်နေဆဲပါပဲ။ လေလံပွဲကို ဦးဆောင်ကျင်းပသူက “အဆုံးသတ်မှာ တန်ဖိုးအရှိဆုံးရတနာက ဒီလေလံပွဲမှာ အနိုင်ရမယ်” လို့ ပြောထားပြီးသားပါ။ ဒီလေလံပွဲမှာ ပါဝင်သူ တစ်ယောက်အနေနဲ့၊ ကျွန်မက ဒီရတနာရဲ့တန်ဖိုးကို သဘာဝအတိုင်း ဆုံးဖြတ်နိုင်ရပါမယ်။ စီနီယာလုဟယ်ရဲ့ ရတနာက အလွန်အဖိုးတန်ပေမယ့် ဒီသခင်လေး ထုတ်ယူခဲ့တဲ့ ရှေးဟောင်း ကျောက်စိမ်းချဉ်ဆီလို အဖိုးမတန်သေးပါဘူး။ ဒါ့ကြောင့် ဒီသခင်လေးက အဆုံးသတ်မှာ အောင်နိုင်သူ ဖြစ်ရပါလိမ့်မယ်”။

ယွမ်ရှီရှီ၏ စကားများသည် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်နေပါသည်။

လူတိုင်း ထိုစကားကိုကြားသောအခါ ပါးစပ်ကိုယ်စီ ပိတ်လိုက်ကြသည်။

ဂျီရှီနှင့်အရှေ့ပိုင်းမြစ်ဘိုးဘေးသည် တစ်စုံတစ်ရာကို ငြင်းခုံခြင်းမပြုနိုင်ဘဲ မျက်ခုံးကိုယ်စီ တွန့်နေကြသည်။

ယွမ်ရှီရှီ ပြောခဲ့သလိုပင်။ နတ်သမီးတစ်ဦးအနေဖြင့်၊ သူမသည် ဤလေလံပွဲ၏ အဓိပ် ဇာတ်ဆောင် ဖြစ်နေသည်မှာ မှန်ပါသည်။ သေချာသည်မှာ, ဤလေလံပွဲ၏ ဆုံးဖြတ်ချက် သည် သူမနှင့်လည်း သက်ဆိုင်ပါသည်။ ဤလေလံတွင် အဖိုးတန်ဆုံးရတနာနှင့် အနိုင်ရသူကိုလည်း သေချာပေါက် ဆုံးဖြတ်ပေးနိုင်ပါသည်။

ချင်ယွင်၏ ရှေးဟောင်းကျောက်စိမ်းချဉ်ဆီသည် ယွမ်ရှီရှီ၏မျက်လုံးထဲတွင် တန်ဖိုးအရှိဆုံး ဖြစ်သောကြောင့်၊ ချင်ယွင်သည် သဘာဝအတိုင်းပင် ပထမနေရာမှ အနိုင်ရသူ ဖြစ်ပါသည်။

သို့သော်, သူတို့သည် မကျေမနပ်ဖြစ်မူကို ခံစားနေရဆဲပင်။ အရှေ့ပိုင်းမြစ်ဘိုးဘေး၊ ဂျီရှီတို့ ဖြစ်စေ, ဂျီရှီနှင့်အတူ ထိုင်နေသော ကျန်းယုဖြစ်စေ, သူတို့သည် မကျေနပ်ချက်များဖြင့် ပြည့်နေခဲ့သည်။ လိပ်နက်မျှော်စင်၏ အဆောက်အဦးအထက်မှာ ထိုင်နေသော မိန်းမဆန်ဆန် အမျိုးသားသည်ပင် ချင်ယွင်ကို သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ကြည့်နေခဲ့ သည်။

ချင်ယွင်သည် သူ့ပတ်ဝန်းကျင်မှ ထွက်ပေါ်လာသော သတ်ဖြတ်ချင်စိတ်ကို ခံစားရပြီး သူ့မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ယွမ်ရှီရှီဆိုသည့် မက်မွန်သီးကို ယခု ခူးယူလိုက်နိုင်လျှင်ပင် ၎င်းကိုစားရန် လွယ်ကူဦးမည် မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် ယွမ်ရှီရှီက ချင်ယွင်ဘက်သို့ လှည့်ကာ ပြောလာသည် "သခင်လေး၊ ရှင်က ရှီရှီကို အမိဖမ်းနိုင်ခဲ့ပြီဆိုတော့ ဒီည ရှီရှီကို သခင်လေး ပိုင်ဆိုင်သွားပြီ။ တစ်ဖက် တောင်တန်းမှာရှိတဲ့ ခမ်းနားတဲ့အိမ်တော်ကြီးကို ကျွန်မနဲ့အတူ ဘာလို့ မလိုက်ခဲ့တာလဲ?။”

လူတိုင်း ထိုစကားကိုကြားသောအခါ၊ ချင်ယွင်ဆီသို့ကြည့်နေသည့် ၎င်းတို့၏အကြည့်များ တွင် အနှိုင်းမဲ့ မနာလိုစိတ်များ ချက်ချင်း ဖြစ်ပေါ်လာကြပြီး၊ ကိုးထပ်မြောက်ရှိ လူအနည်းငယ်ဆိုလျှင်, သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့် ပြည့်နှက်နေလေသည်။

ချင်ယွင်သည် သူ့စိတ်ထဲတွင် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသော်လည်း သူသည် ဤအခြေအနေသို့ ရောက်လာပြီးကတည်းက မည်သူ့ကိုမျှ မကြောက်ခဲ့ကြောင်းကို အထူးပြောစရာပေ။ ထို့ကြောင့်, သူသည် ရဲရင့်စွာသာ လျှောက်လှမ်းနိုင်ပါသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း နတ်သမီးယွမ်ရဲ့ နေအိမ်ကို သွားကြရအောင်။" ချင်ယွင်က ချက်ချင်း ကျယ်လောင်စွာ ပြောလိုက်ပြီး၊ သူ့အသံက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ထိုစကားကြားတော့ ယွမ်ရှီရှီက ချီူးကျူးသည့်အပြုံးကို ထုတ်ဖော်လိုက်ပါသည်။

All Chapters