← Chapters

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အခန်း ၁၃၂၆

Vol. 89 Ch. 1326

အခန်း (၁၃၂၆) ပြီးပြည့်စုံသောငါးစာ။

နီထိုက်စွေ့အား ရိုးရှင်းသော ညွှန်ကြားချက် အနည်းငယ်ကို ပေးပြီးနောက် ချင်ယွင်သည် လူအုပ်ကြီး၏ မနာလိုသော အကြည့်များအောက်တွင် လိပ်ငယ်တောင်ရှိ အိမ်တော်ကြီး ဆီသို့ နတ်သမီးယွမ်ရှီရှီနောက်မှ လိုက်ပါသွားခဲ့သည်။

လိပ်ငယ်တောင်သည် ကြယ်အလင်းမြို့တော်ရှိ ယွမ်ရှီရှီ ယာယီနေထိုင်ရာ နေရာဖြစ်ပါ သည်။ ၎င်းသည် လေလမင်းမျှော်စင်မှ ဆယ်မိုင်အကွာ လိပ်ငယ်တောင်ဟုခေါ်သော နတ်တောင်ပေါ်တွင် တည်ရှိပါသည်။

လိပ်ငယ်တောင်သည် လူသူကင်းမဲ့သည့်နေရာ၏ အလယ်တွင် တည်ရှိပြီး သစ်ပင်များဖြင့် စိမ်းလန်းစိုပြေနေပါသည်။ အလွန်ဆိတ်ငြိမ်သော စံအိမ်ကြီးဟု ယူဆနိုင်ပြီး ကြယ်အလင်း မြို့တော်တွင် နေထိုင်ရန်သင့်လျှော်သည့် နေရာကောင်းတစ်ခုဟုလည်း ယူဆနိုင်သည်။

ချင်ယွင်သည် ယွမ်ရှီရှီနောက်မှ လိုက်ပါရင်း လိပ်ငယ်တောင်တောင်သို့ ဦးတည်လိုက် သည်။ လမ်းတစ်လျှောက်တွင် နှစ်ယောက်စလုံး တိတ်ဆိတ်နေခဲ့သည်။ သို့သော် လိပ်ငယ်တောင်သို့ ချဉ်းကပ်လာစဉ် ယွမ်ရှီရှီသည် ချင်ယွင်ဘက်သို့ ရုတ်တရက် လှည့်လာပြီး မေးလိုက်သည် "ရှင် မကြောက်ဘူးလား?"

ယွမ်ရှီရှီ၏စကားကို ကြားတော့ ချင်ယွင်က ချက်ချင်း ရယ်မောလိုက်သည်။ ယွမ်ရှီရှီ၏ ဆိုလိုရင်းကို သူ သဘာဝအတိုင်း သိပါသည်။

သူနှင့် ယွမ်ရှီရှီတို့သည် လေလမင်းမျှော်စင်မှ ထွက်ခွာသွားကြပြီး ဖြစ်သော်လည်း အမှောင်ရိပ်နောက်တွင် လိုက်ပါနေသည့် လူဆယ်ယောက်ထက်မနည်း ရှိနေခဲ့သည်။ ထိုအထဲမှာ ထူးထူးခြားခြား အစွမ်းထက်သည့် လူအနည်းငယ်လည်း ရှိနေပါသည်။ သူတို့၏ ရည်မှန်းချက်မှာ သဘာဝအတိုင်း ယွမ်ရှီရှီကို ပစ်မှတ်ထားရန် ဖြစ်သည်။

အကယ်၍, ယွမ်ရှီရှီဆိုသည့် မသေမျိုးမက်မွန်သီးတစ်လုံးသည် ခွန်အားနှင့် အဆင့်အတန်း ရှိ လူတစ်ယောက်၏ လက်ထဲသို့ ကျရောက်သွားခဲ့ပါက၊ အရိပ်ထဲမှလူများသည် စိတ်ကူးများရှိနေလျှင်ပင်, သူတို့သည် လှုပ်ရှားဝံ့မည် မဟုတ်ပေ၊ သို့သော် ယခုအခါတွင် သူမကို နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး သိမ်းပိုက်သွားခဲ့သည်။ သူတို့သည် သူတို့စိတ်နှလုံးထဲမှာ အလိုဆန္ဒကို မည်သို့ ထိန်းထားနိုင်မည်နည်း?။ ထို့ကြောင့် ချင်ယွင်နှင့် ယွမ်ရှီရှီတို့သည် လေလမင်းမျှော်စင်မှ ထွက်သွားသည်နှင့် တပြိုင်နက် လူဆယ်ယောက်ထက်မနည်းသည် ၎င်းတို့နောက်သို့ လိုက်သွားကြသည်။ ၎င်းတို့အထဲ တွင် ဂျီရှီ၊ ကျန်းယု၊ မိန်းမဆန်ဆန်အမျိုးသားနှင့် အရှေ့ပိုင်းမြစ်ဘိုးဘေးတို့ ပါဝင်ပါသည်။

ထိုလူများထဲတွင် ချင်ယွင် အကြောက်ဆုံးသူမှာ အရှေ့ပိုင်းမြစ်ဘိုးဘေး ဖြစ်သည်။ သူ့အတွက်၊ ကျန်သည့်လူတွေက ခြိမ်းခြောက်မှု သိပ်မရှိပါဘူး။

သို့သော် ယွမ်ရှီရှီအတွက် သူ လေလံဆွဲပြီးကတည်းက၊ ဤသုံးရက်အတွင်း ယွမ်ရှီရှီသည် ချင်ယွင်၏လူတစ်ဦး ဖြစ်သည်။

သူသည် သူ့လူတစ်ယောက်ကို မထိနိုင်သော်လည်း တခြားသူများကို ထိခွင့်မပြုသည်မှာ သေချာပါသည်။

"ကျုပ် ကြောက်ပါတယ်။ ဒါပေမယ့် ကျုပ် သေမှာတော့ မကြောက်ဘူး။ ကျုပ် ရှက်မိပါတယ်။" ချင်ယွင်က ပြုံးပြုံး ရွှင်ရွှင်ဖြင့် တုန့်ပြန်ပြီး သူ့မျက်လုံးများက ယွမ်ရှီရှီကို ကျီစယ်သောလေသံနှင့်အတူ တည့်တည့်စိုက်ကြည့်နေသည်။

ချင်ယွင်သည်လည်း ယွမ်ရှီရှီ၏ ကိုယ်ရေးအချက်လက်ကို သိချင်နေပါသည်။ သူသည် အရမ်းကို သိချင်မိသည်။ ယွမ်ရှီရှီကဲ့သို့ အမျိုးသမီးတစ်ဦးသည် သူမ၏ ကိုယ်ရေးအချက် လက်ကို ဖုံးကွယ်ရန် အလွန်သတိထားသင့်သည်။ သူမသည် သူမမျက်နှာကို လူသိရှင်ကြား ထုတ်ပြသဖို့ အဘယ့်ကြောင့် ရွေးချယ်ခဲ့ရသနည်း?။

အမှန်တကယ်ဆို, ကျွမ်းကျင်သူများသည် ယခုရုပ်ခန္ဓာကိုယ်ကို ရှာဖွေတွေ့ရှိသည်သွား သည်နှင့် အဆုံးတွင်, သူမသည် တခြားလူများ၏ ကစားစရာဖြစ်လာလိမ့်မည်။ ဥပမာ အနေဖြင့်၊ အရှေ့ပိုင်းမြစ် ဘိုးဘေးသည် လေလံဆွဲခြင်းကို အမှန်တကယ် အနိုင်ရသွားခဲ့ ပါက, သူသည် ယွမ်ရှီရှီကို သုံးရက်သာ ပိုင်ဆိုင်လိုစိတ် မည်သို့ရှိမည်နည်း။ ယွမ်ရှီရှီကို သူ့ဘေးမှာ ထာဝရနေနိုင်စေရန် နည်းလမ်းမျိုးစုံကို သူ သေချာပေါက် တွေးနေလိမ့်မည်။

ထို့ကြောင့်၊ ယွမ်ရှီရှီသည် အထူးအရေးကြီးသည့် ရည်ရွယ်ချက်မရှိခဲ့ဘဲ သူမကိုယ်သူမ ရူးသွပ်မွတ်သိပ်နေသော ဝံပုလွေများကို ဖော်ထုတ်ရန် သေချာပေါက် ရွေးချယ်မည် မဟုတ်ပေ။

ချင်ယွင်၏စကားကို ကြားသောအခါ ယွမ်ရှီရှီ အံ့အားသင့်သွားပြီး ချိုမြိန်စွာ ပြုံးလိုက်သည်။

သူမရှေ့မှလူသည် သူမစိတ်ကူးထားသည်နှင့် တကယ်ကို ကွဲပြားနေတာကို သူမ သိလိုက်ရ သည်။ ဤလူငယ်သည် မည်သည့် လျှို့ဝှက်ချက်မျိုး ပိုင်ဆိုင်ထားလဲ သူမ သိချင်နေမိသည်။ သူသည် သူမ၏ ညှို့ငင်အားကို တွန်းလှန်နိုင်ရုံသာမက သူ့ပတ်ဝန်းကျင်ရှိ အဆုံးမဲ့ သတ်ဖြတ်လိုသော ဆန္ဒများကြားမှာပင် စကားပြောဆို ရယ်မောနိုင်သည်။

ယခုအချိန်တွင် အရပ်ဆယ်မျက်နှာမှ ချုံခိုတိုက်ခိုက်မည့်လူများသည် ချင်ယွင်နှင့် ယွမ်ရှီရှီတို့ ပတ်ဝန်းကျင်မှာ အတိအကျ ရှိနေသည်။

"ဟုတ်​တယ်, ကျွန်မ​ ရှင့်နာမည်တောင် ​မ​မေးရ​သေးဘူး" ယွမ်ရှီရှီက ချိုချိုသာသာ ပြုံးပြီး မေးသည်။

သူတို့သည် ပြုံးနေကြပြီး၊ ဘေးမှ စိတ်ဝိညာဉ်များကို ဖမ်းစားနေကြသည်။ မူလက သူတို့သည် မတိုက်ခိုက်ခင် ချင်ယွင်နှင့် ယွမ်ရှီရှီတို့ စံအိမ်သို့ ရောက်သည်အထိ စောင့်ဆိုင်းရန် စီစဉ်ခဲ့သော်လည်း ယခုအခါတွင် သူတို့သည် မထိန်းနိုင်တော့ပေ။

ဝှီး....။

အနှိုင်းမဲ့ အေးစက်နေသော ဆေဘာအလင်းတန်းသည် ညကောင်းကင်ယံတွင် ရုတ်တရက် လင်းလက်လာပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ဖြတ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင် အရိပ်လေးခုသည်လည်း အမှောင်အရိပ်ထဲမှ ပြေးထွက်လာပြီး ချင်ယွင်နှင့် ယွမ်ရှီရှီဆီသို့ ပြေးလာခဲ့သည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အေးစက်သော အပြုံးတစ်ခုကို ခိုတွဲထားကာ၊ သူသည် ဓားအလင်းတန်းကို နောက်ကျောပေးထားသော်လည်း သူ့နောက်ကွယ်မှ လှုပ်ရှားမှုကို သတိပြုမိသည်။

ပထမအသုတ်လူများသည် နောက်ဆုံးတွင် လှုပ်ရှားခဲ့ကြသည်။ ဤလူလေးယောက်သည် ကြယ်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိပါသေးသည်။

ယွမ်ရှီရှီ၏ အကြည့်များသည် ကြည်လင်သောရေနှင့် အပြာရောင်ကောင်းကင်ကြီးကဲ့သို့ ထူးထူးခြားခြား စွမ်းအင်အတက်အကျလှိုင်းများကို ဆက်လက်ထုတ်လွှတ်နေပါသည်။ သူမသည် ချင်ယွင်ကို သတိမပေးခဲ့ပါဘူး။ အဘယ်ကြောင့်ဆိုသော် သူမ၏အမြင်အရ အကယ်၍ လူတစ်ဦးသည် ဤအဆင့်၏တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ခဲ့ပါက၊ သူမအပေါ် အာရုံစိုက်ရန် အရည်အချင်း မပြည့်မီပေ။ တစ်ချိန်တည်းမှာပင် သူမသည် ထိုလူငယ်၏ နောက်ခံ အစစ်အမှန်ကို သူမရှေ့တွင် မြင်ချင်လိုသည်။

သူမရှေ့မှ ဤလူငယ်သည် သာမန်နတ်ဘုရားတစ်ပိုင်း ကျင့်ကြံသူတစ်ယောက်ဟု သူမ ယုံကြည်မှာ မဟုတ်ပါဘူး။ ထိုသို့မဟုတ်လျှင်, သူမသည် ချင်ယွင်ကို သတ်ပြီး ရှေးဟောင်း ကျောက်စိမ်းချဉ်ဆီကို သိမ်းပိုက်ပြီးသား ဖြစ်လိမ့်မည်။

နောက်ပိုင်းတွင် သူမသည် အပြစ်ရှိသည်ဟု ခံစားရမည်ဖြစ်သော်လည်း၊ ရှင်သန်ရန်နှင့် သူမ၏ အန္တိမပန်းတိုင်အတွက်၊ သူမသည် ထိုသို့ပြုလုပ်ရန် ရွေးချယ်ပါဦးမည်။ ထို့ကြောင့် သူမသည် ချင်ယွင်၏ နောက်ခံသမိုင်းကြောင်းကို စမ်းသပ်လိုပြီး၊ သူမကိုလိုက်နေသူများ လိုက်ပါလာနိုင်စေရန် သူမသည် သူ့ကိုမမေးမြန်းဘဲ အဝေးမှ လိပ်ငယ်တောင်သို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။

ချင်ယွင်က ပြုံးပြီး ယွမ်ရှီရှီကို ကြည့်ကာ ပြောသည် "ကျုပ်နာမည် ချင်ယွင်ပါ"

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် သူ့နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ မူလက သူ့ဆီသို့ ဖြတ်သွားသော ဆေဘာအလင်းတန်းသည် ယွမ်ရှီရှီကိုဖြတ်၍ ဖြတ်သန်းသွားကာ၊ အဝေးမှ တောင်ထိပ်ကို အပြင်းအထန် တိုက်မိပြီး ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာ သည်။

"အား....."

ဆက်တိုက်ဆိုသလို သနားစဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာသည်နှင့်အမျှ ချင်ယွင် ဆီသို့ ဦးတည်လာနေသော လူလေးယောက်စလုံး သေဆုံးသွားခဲ့သည်။ သူတို့ အသတ်ခံရသည်ကို ဘယ်သူမှ မမြင်လိုက်ပါဘူး။

ဝှီး...။

ချင်ယွင်၏ရုပ်အသွင်သည် မူလအနေအထားသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ သူ့နောက်မှာ အလောင်းလေးလောင်းက ကောင်းကင်ယံကနေ ပြုတ်ကျလာကြသည်။ တစ်စုံတစ်ယောက်သည် ၎င်းတို့ကို လက်ချောင်းများဖြင့် ထိုးဖောက်ပြီး နတ်ဘုရား စိတ်ဝိညာဉ်များကို တိုက်ရိုက် သတ်ဖြတ်လိုက်သည့်အလား ၎င်းတို့၏ မျက်ခုံးများကြား တွင် သွေးစွန်းသော အပေါက်တစ်ခု ရှိနေသည်။

ယွမ်ရှီရှီ ဤမြင်ကွင်းကို မြင်သောအခါ သူမသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

သူမသည် ချင်ယွင်ကို ထူးထူးခြားခြား ဖြစ်လာရန် အချိန်အတော်ကြာကတည်းက မျှော်လင့်ထားခဲ့သော်လည်း သူသည် ဤမျှလောက် အစွမ်းထက်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ ချင်ယွင် ပျောက်ကွယ်သွားပြီးနောက် သူမ၏ ကျင့်ကြံမှုဖြင့်ပင် ချင်ယွင်၏ ရုပ်အသွင်ကို ဝေဝေဝါးဝါးသာ ဖမ်းဆုပ်နိုင်ခဲ့သည်။ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလေးယောက်ဆို စကားထဲပင် ထည့်ပြောစရာ မလိုတော့ပေ။

ချင်ယွင်သည် ပြတ်ပြတ်သားသား လှုပ်ရှားလိုက်သောအခါတွင်, သူမသည် သူမနှလုံးသား တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။ လူတစ်ယောက်က သူမ၏ မျက်ခုံးကြားရှိ နေရာကို လက်ချောင်းတစ်ချောင်း ထိုးဖောက်ပြီး သူမနတ်ဘုရာစိတ်ဝိညာဉ်ကို သတ်ပစ် လိုက်သကဲ့သို့ပင်။ ဤသည်မှာ အလွန်ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားတစ်ခု လိုအပ်ပါသည်။

"သခင်လေးချင်က အရမ်းကြောက်ဖို့ကောင်းမယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။ ရှင်က အထွက်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူလေးယောက်ကို ချက်ခြင်း သတ်ပစ်လိုက်တယ်။ ရှင့်ရဲ့ ကျင့်ကြံမှုက ကြယ်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူတစ်ဦး ထက် ကျော်လွန်နေမှာကို ကျွန်မ ကြောက်မိပါတယ်။ ဒါပေမယ့်, ရှီရှီရဲ့ မျက်လုံးတွေက ဝေဝါးသွားခဲ့ပါတယ်။ သခင်လေးချင်ရဲ့ အစစ်မှန် ကျင့်ကြံမူအဆင့် ဘာလဲလို့ ကျွန်မ သိချင်မိပါတယ်။” ယွမ်ရှီရှီက ချင်ယွင်ကို ကြည့်ကာ အစမ်းသဘောဖြင့် မေးကြည့်သည်။

ချင်ယွင်က တစိုက်မတ်မတ် ပြုံးနေပြီး ယွမ်ရှီရှီ၏မေးခွန်းကို ပြန်မဖြေပါဘူး။ ယင်းအစား၊ သူက သူ့နောက်က မှောင်မိုက်နေသော ညကောင်းကင်ယံကို လှည့်ကြည့်ပြီး၊ ကျယ်လောင်စွာ အော်ပြောလိုက်သည် "ခင်ဗျားတို့ ဒီကို ရောက်လာပြီဆိုမှတော့, ထွက်လာလိုက်ပါ။ ခင်ဗျားတို့က ကျုပ်ရဲ့နတ်သမီးယွမ်ကို တွေ့ချင်နေတယ် မဟုတ်လား"

"ဟမ့်၊ အယုတ်တမာကောင်, မင်းက နတ်သမီးယွမ်ကို ဘယ်လိုလုပ် ထိနိုင်မှာလဲ။ ဒီနေ့ ငါ ဂျီရှီက မင်းရဲ့ ခွေးအသက်ကို သတ်တော့မယ်။ ငါ ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းကို အတိအကျ ငါပြောပြမယ်။ မင်းက ငါဂျီရှီရှေ့မှာ တကယ်ကို ဂုဏ်ယူဝံ့ကြွားတဲ့ လူပဲ”။ ချင်ယွင်၏အသံ ပြီးဆုံးသွားသည်နှင့်ပင် ကောင်းကင်ယံမှ အေးစက်စက် အော်သံ တစ်ခု ထွက်ပေါ်လာသည်။

ပုံရိပ်တစ်ခုသည် အမှောင်အရိပ်ထဲမှ ထွက်လာပြီး ချင်ယွင်ဆီသို့ ဖြတ်သန်းကာ လွင့်ပျံလာခဲ့သည်။

ချင်ယွင်၏မျက်နှာတွင် ချက်ချင်းဆိုသလို အပြုံးတစ်ခုပေါ်လာသည်။ အစောပိုင်းက သူနှင့် ယွမ်ရှီရှီတို့သည် အမှောင်ရိပ်ထဲမှ ထိုလူများ၏ မငြိမ်မသက်ဖြစ်နေသော နှလုံးသားများကို နှိုးဆွပြီး ၎င်းတို့ကို ဆွဲဆောင်ရန် ကြိုးစားပြီး၊ တမင်တကာ ပြောဆိုခဲ့ကြသည်။ ဂျီရှီသည် အမှန်ပင် ပထမဆုံး ငါးစာလာဟပ်သူ ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော်, ဒါကလည်း ကောင်းပါသည်။ ရှေ့ကို တပုံတခေါင်းကြီး အလျင်စလို ပြေးထွက်လာခြင်း ထက် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ဖြေရှင်းခြင်းက ပိုကောင်းပါသည်။

"ငါ မင်းကို ဘယ်လိုပြောရမလဲ။ ငါသိတဲ့တစ်ဦးတည်းသောလူက နတ်သမီးယွမ်ပဲ။ မင်းနဲ့ပတ်သက်ပြီးတော့, ငါ အဲဒီလို ဝါသနာမျိုး မရှိဘူး" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။

All Chapters