← Chapters

အခန်း ၁၃၂၇

Vol. 89 Ch. 1327

အခန်း ၁၃၂၇

Vol. 89 Ch. 1327

အခန်း (၁၃၂၇) ပြောင်မြောက်စွာ တိုက်ခိုက်ခြင်း။

ချင်ယွင် အနားတွင် ရပ်နေသော ယွမ်ရှီရှီသည် ချင်ယွင်၏စကားကို ကြားသောအခါ မှင်သက်သွားရသည်။ ချင်ယွင်သည် မည်သည့်အရာကို ဆိုလိုသည်ကို သူမ နားမလည် သော်လည်း, သေချာစဉ်းစားပြီးနောက် ချင်ယွင်ဆိုလိုသည့် အဓိပ္ပါယ်ကို သူမ နားလည်လာ သည်။

ယွမ်ရှီရှီသည် တခဏတာ မှင်သက်သွားခဲ့သည်။ သူမရှေ့တွင် လေးနက်ပုံရသော ဤလူငယ်သည် ညစ်ညမ်းသော စကားများကို အမှန်တကယ် ပြောဆိုလိမ့်မည်ဟု သူမ မထင်ခဲ့ပေ။

ချင်ယွင်ကို စိုက်ကြည့်ရင်း လှပသော သူမမျက်နှာသည် နီရဲသွားသည်။

ခပ်လှမ်းလှမ်းတွင်၊ ဂျီရှီသည် အစပိုင်းမှာ နားလည်သည့်ပုံ မပေါ်ခဲ့သော်လည်း နောက်ပိုင်း တွင် ချင်ယွင်ပြောသော စကား၏ ဆိုလိုရင်းကို သူ နားလည်သွားခဲ့သည်။ ပြင်းထန်သော အမျက်ဒေါသက သူ့မျက်နှာပေါ်မှာ ချက်ချင်းပင် ပေါ်လာခဲ့သည်။

"အယုတ်တမာကောင်, မင်းရဲ့နှုတ်ကတော့ တော်တော်ကြောက်ဖို့ ကောင်းတယ်။ မင်းရဲ့ ခွန်အားက အစွမ်းထက်သလားလို့ ငါ သိချင်မိတယ်။" ဂျီရှီက အေးစက်စွာ ဟစ်အော်လိုက် ပြီး၊ သူ့မျက်လုံးများက ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်နေကာ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်လွှတ်နေသည်။

ချင်ယွင်သည် အထွတ်အထိပ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူလေးဦးကို ချက်ခြင်း သတ်ပစ်ခဲ့သော်လည်း၊ ချင်ယွင်သည် ထိုမျှ အစွမ်းထက်မည်ဟု သူ မထင်ခဲ့ပေ။ အဆုံးတွင် သူလည်း ထိုကဲ့သို့ လုပ်ဆောင်နိုင်သည်။

သူ့အမြင်အရဆို, ချင်ယွင်သည် အထွတ်အထိပ်အဆင့် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ လေးယောက်ကို ချက်ချင်းသတ်နိုင်ခဲ့သည့် အကြောင်းရင်းက သူ့အမြန်နှုန်း ကြောင့်ဖြစ်သည်။ သူ့အမြန်နှုန်းကို ရပ်တန့်နိုင်သရွေ့ သူသည် ချင်ယွင်ကို အလွယ်တကူ သတ်ပစ်နိုင်သည်။

ထိုအချိန်တွင် ချင်ယွင်၏ မျက်လုံးများက တိုက်ခိုက်လိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ယောင်ဖုန်းသည် တစ်ချိန်က သူနှင့် စကားပြောခဲ့ပြီး၊ နတ်ဘုရား နန်းတော်ကြီး လေးခုရှိ မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူများသည် အပြင်မှ မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူများနှင့် မတူကြောင်း ပြောခဲ့ဖူးသည်။ ဤဂျီရှီသည် ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်, ကောင်းကင်နတ်ဘုရား ရှစ်ပါးတွင် တစ်ပါးအပါဝင်ဖြစ်သည့် ဂျီမင်ရှန်၏ သားဖြစ်သောကြောင့်၊ သူ့ကို နတ်ဘုရားနန်းတော်၏ အတွင်းတပည့်တစ်ဝက်အဖြစ် သတ်မှတ်ခံရနိုင်သည်။ ထို့ကြောင့် ချင်ယွင်သည် ဂျီရှီ၏ တိုက်ခိုက်ရေး စွမ်းအား မည်မျှ အစွမ်းထက်သည်ကို သိချင်မိသည်။

"အဓိပ္ပာယ်မရှိတဲ့စကားတွေ ရပ်လိုက်တော့။ မြန်မြန် လှုပ်ရှားလိုက်ပါ။ ငါ မင်းကို အရင် သန့်ရှင်းရေးလုပ်ပြီးရင် နောက်တစ်ယောက်ထပ်ရှင်းဖို့ ငါ အလျင်လိုနေသေးတယ်။ တကယ်လို့, မင်းသာ ဒီထက်ပိုပြီး အချိန်ဆွဲနေရင်, နတ်သမီးယွမ်က စိုးရိမ်တကြီး စောင့်နေရလိမ့်မယ်။” ချင်ယွင်က ဂျီရှီကို လုံးဝ ဂရုမစိုက်ဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။

နဂိုကတည်းက အဆိုပါပြဇာတ်ကို ကြည့်ရှုနေသည့် ယွမ်ရှီရှီသည် ထိုစကားကို ကြားသော အခါတွင် ဖော်ပြ၍မရသော အမူအရာဖြင့် ချင်ယွင်အား စိုက်ကြည့်နေသည်။

ခပ်လှမ်းလှမ်းတွင် ဒေါသထွက်နေပြီဖြစ်သော ဂျီရှီသည် ယွမ်ရှီရှီက ချင်ယွင်အပေါ် စိတ်နှလုံးဗြောင်းဆန်သွားလောက်သည့် အမူအရာကို ထုတ်ဖော်ပြသလိုက်သည်ကို မြင်လိုက်ရလျှင်, သူသည် ချက်ချင်းပင် ဒေါသပေါက်ကွဲကာ သူ့ခန္ဓာကိုယ်မှ မိုးခြိမ်းသံကဲ့သို့ ပင့်တက်ထပ်သံများ ထွက်ပေါ်လာသည်။

"ဘုန်း”။

ပြင်းထန်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီးနောက် ဂျီရှီ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျံထွက်သွားခဲ့သည်။

ဂျီရှီသည် တဟုန်ထိုး အရူးမူး ပြေးထွက်လာခဲ့သည်။ ကမ္ဘာမြေကြီးက တုန်ခါသွားပြီး၊ သူ့ခန္ဓာကိုယ်သည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို သယ်ဆောင်လာသည်။ သူသည် လက်သီးတစ်ချက် ထိုးထိုက်ပြီး၊ ချင်ယွင်၏ခေါင်းကို တိုက်ရိုက် ဦးတည်သွားသည်။

ဤမြင်ကွင်းကို ချင်ယွင်မြင်သောအခါ သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

ဂျီရှီ၏တိုက်ခိုက်ရေးပုံစံသည် ဤမျှ ကြမ်းတမ်းမည်ဟု သူ မမျှော်လင့်ထားပေ။ ဤအရာက သူ့တိုက်ခိုက်လိုစိတ်နှင့် အရမ်းကို လိုက်လျောညီထွေ ဖြစ်နေခဲ့သည်။

သူ့အမြင်အရဆို၊ ဓားပညာရပ်ဖြင့် တိုက်ခိုက်ခြင်းသည် ယခုလို ရဲရင့်သော တိုက်ခိုက် သတ်ဖြတ်ခြင်း နည်းလမ်းများထက် များစွာ နှစ်သက်ဖွယ် နည်းပါးပါသည်။

သို့သော် ဂျီရှီသည် တိုက်ကွက်ပေါင်း မည်မျှခုခံနိုင်မည်ကို သူ မသိပေ။

ချင်ယွင်သည် ဂျီရှီ၏ လက်သီးချက်အား စိုက်ကြည့်ရင်း အပြုံးမပျက် ပေါ်လာသည်။ သူ၏ ညာလက်သည် ချက်ချင်းပင် လက်သီးကို ဆုပ်လိုက်သည်။ နှောင်းပိုင်း ကြယ်နတ်ဆိုး နတ်ဘုရား၏ တန်ခိုးစွမ်းအားသည် သူ၏လက်သီးထဲသို့ ချက်ချင်း သွန်းလောင်းကာ ဂျီရှီ၏ တိုးဝင်လာသော လက်သီးဆီသို့ တိုက်ရိုက် ထိုးချလိုက်သည်။

"ဘုန်း”။

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ၎င်း၏ခြေရင်းအောက်ရှိ မြေပြင်သည် ကွဲအက်သွားကာ ပေ ၃၀ အကွာအထိ နစ်မြုပ်သွားခဲ့သည်။

ချင်ယွင်နှင့် ဂျီရှီတို့သည်လည်း ကြောက်မက်ဖွယ်ကောင်းသော အပြင်းအထန် တိုက်ခိုက်မှု ကို ထိမှန်ခံရခဲ့ပြီး၊ သူတို့နှစ်ဦးစလုံးသည် ရုတ်တရက် နောက်ဆုတ်ခွာသွားခဲ့ကြသည်။

ဂျီရှီသည် ပေတစ်ရာအကွာဝေးထိ ဆုတ်သွားခဲ့ရပြီး ချင်ယွင်က ပေသုံးရာအထိ ဆုတ်သွားရသည်။ ဂျီရှီ၏လက်သီးချက်က အသာစီးရခဲ့သည်။

"စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။" ချင်ယွင် ပြုံးလိုက်သည်။

ယခုပင်၊ သူသည် ကြယ်နတ်ဆိုးနတ်ဘုရား၏ စွမ်းအားကိုသာ အသုံးပြုနိုင်ခဲ့ပြီး၊ လက်ရှိ ကြယ်နတ်ဆိုးနတ်ဘုရား စွမ်းအားသည် နှောင်းပိုင်း ကြယ်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကြယ်နတ်ဆိုးနတ်ဘုရား၏ ခွန်အားတစ်ခုတည်းဖြင့်, သူသည် အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်များကို တိုက်ခိုက်နိုင်သည့် ခွန်အား ကို ပိုင်ဆိုင်နိုင်ခဲ့သည်။ ထို့အပြင်၊ သူသည် အစောပိုင်းက “လျှပ်စီးပြိုလဲခြင်း” နတ်ဘုရား စွမ်းရည်ကို ၇၀ ရာခိုင်နှုန်းအထိ အသုံးပြုထားသည်။ ထိုကြောင့်, သူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်ရေး စွမ်းအားကို သေချာပေါက် ရောက်ရှိခဲ့သည်။ သို့သော်လည်း အဆုံးတွင် သူသည် အားနည်းချက် ရှိနေသေးသည်။

ယင်းကြောင့် ချင်ယွင်သည် ဂျီရှီကို မတူညီရူထောင့်တစ်ခုမှ ကြည့်ရူနေခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် သူ၏စိတ်နှလုံးသည် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။

သို့သော် ချင်ယွင်သည် စိတ်ဝင်စားလာသည်နှင့် တစ်ချိန်တည်းမှာပင် အဝေးမှ ဂျီရှီ၏ မျက်နှာက လှောင်ပြောင်သည့်အမူအရာ ပေါ်လာသည်။

"ဟမ့်၊ မင်းက အရမ်းသန်မာတယ်လို့ ငါ ထင်ထားခဲ့တာ။ မင်းမှာ ခွန်အား နည်းနည်းလေးပဲ ရှိနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။ စောစောက ငါ့ခွန်အားရဲ့ ၇၀ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ တကယ်လို့, ငါ့ခွန်အားကိုသာ အကုန်သုံးပြုလိုက်ရင်, မင်းက ပြိုလဲ သွားကောင်းသွားလိမ့်မယ်” ဂျီရှီသည် ချင်ယွင်ကိုကြည့်ကာ အေးစက်စွာ ပြောလိုက်ပြီး၊ သူ့မျက်လုံးများက အထင်မြင်သေးသည့်အသွင် ပြောင်းသွားခဲ့သည်။

ချင်ယွင်သည် စကားတစ်ခွန်းမှ မပြောဘဲ ပြုံးပြီး ဂျီရှီကို လှောင်ပြောင်သရော်သည့် အမူအရာ ပြလိုက်ပါသည်။

"မင်းက သေခြင်းရှင်ခြင်းကို မသိသေးဘူးဆိုမှတော့, ငါ မင်းကို အနောက်ဘက် ကောင်းကင်ဘုံကို ပို့ပေးလိုက်မယ်" ဂျီရှီက ဒေါသတကြီးပြောပြီး သူ့မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များ ပေါက်ကွဲလာခဲ့သည်။ မည်းမှောင်နေသော ညကောင်းကင်ယံကို အပြာရောင်ဆေးဖြင့်ဆိုးလိုက်သည့်အာလး သူ့ခန္ဓာကိုယ်မှ ပြင်းထန် သော အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

"ဘုန်း”။

အလွန်မင်း ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ဂျီရှီသည် အမှန်တကယ်ပင် တဟုန်ထိုး ပျံထွက်လာခဲ့ပြန်သည်။ ယခုတစ်ကြိမ်မှာတော့ သူသည် မြေပြင်ကနေ အရူးမူး ပြေးထွက်ခြင်းမျိုး မဟုတ်တော့ပေ။ ယင်းအစား သူသည် လေထဲသို့ တက်လှမ်းလိုက်သည်။ သူလှမ်းလိုက်သော ခြေလှမ်းတိုင်းသည် နတ်ဘုရား အလင်းရောင် များနှင့် ပြည့်နှက်နေသည်။

သူ့အငွေ့အသက်က ချင်ယွင်ဆီသို့ အရူးအမူး ပြေးဝင်လာသော ရှေးဟောင်းသားရဲ တစ်ကောင် အလားပင်။

ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် သူ့ခန္ဓာကိုယ်အတွင်းမှ ကြယ်နတ်ဆိုး နတ်ဘုရားတန်ခိုးစွမ်းအားကို စုစည်းထားဆဲဖြစ်သည့်အပြင်, “လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည်ကိုလည်း လက်လွတ်မခံဘဲ အပြည့်အဝ လုပ်ဆောင်လိုက်သည်။

"ဘုန်း”။

ချင်ယွင်သည် လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး ဂျီရှီ၏လက်သီးနှင့် နောက်တစ်ကြိမ် ထိမှန်သွားခဲ့သည်။

ဂျီရှီက လှောင်ပြောင်လိုက်သည်။ သူသည် ကိုယ့်ကိုယ်ကို သေမှန်းမသေမှန်း မသိသေးသည့် ချင်ယွင်ကို ရယ်မောလိုက်သည်။ ယခင် သူ့လက်သီးချက်မှာပင် ချင်ယွင်သည် အခွင့်ရေးမသာခဲ့ပေ။ ယခု သူသည် သူ့ခွန်အားရှိသမျှကို အသုံးချခဲ့ပြီး၊ ချင်ယွင်သည် အမှန်တကယ်ပင် သူ့ကို ထိပ်တိုက်ရင်ဆိုင်ရန် သတ္တိရှိနေခဲ့သည်။ ဤအရာက သေခြင်းတရားကို တောင်းဆိုနေခြင်း မဟုတ်ပါလား?။

သို့သော်လည်း‌, ဤအရာသည် သူမြင်ချင်နေသည့် အရာဖြစ်သည်။ ချင်ယွင်ကို အနိုင်ယူပြီးမှသာ သူသည် ယွမ်ရှီရှီ၏ နှလုံးသားကို ရယူပြီး သူမကို ခေါ်ဆောင်သွားနိုင်မည့် အခွင့်အရေး ရှိလာမည် ဖြစ်သည်။

"ငရဲကိုသွားလိုက်တော့” ဂျီရှီက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး၊ အပြာရောင် လျှပ်စီးနဂါးတစ်ကောင်အသွင် စုစည်းနေသည့် သူ့လက်သီးပေါ်မှ အပြာရောင် လျှပ်စီးများ က ချင်ယွင်၏လက်သီးနှင့် ထိတွေ့ပြီး တိုက်ရိုက်ပေါက်ကွဲသွားခဲ့သည်။

သို့သော်၊ ချင်ယွင်သည် သူ့လက်သီးချက်ကြောင့် အပိုင်းပိုင်း ကွဲထွက်သွားလိမ့်မည်ဟု သူတွေးလိုက်စဉ်မှာ သူသည် လုံးဝ တုန်လှုပ်သွားခဲ့ရသည်။

သူ့လက်သီးက ချင်ယွင်၏လက်သီးနှင့် အပြင်းအထန် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ၊ သူ့လက်သီးတစ်ဝိုက်မှာရှိနေသော လျှပ်စီးနဂါးကြီးသည် ချက်ချင်း ကွဲအက်သွားခဲ့ပြီး၊ ကြီးမားလှသော နဂါးကြီးတစ်ကောင်သည် သူ့လက်မောင်းပေါ်တွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

"ဘုန်း”။

ဂျီရှီ၏ လက်တစ်ဘက်လုံးသည် တိုက်ရိုက် ကွဲကြေသွားကာ ကောင်းကင်ယံအနှံ့ ပြည့်နှက်သွားသည့် သွေးအမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားပါသည်။ တခဏအတွင်းမှာ ပင် ဂျီရှီ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နောက်သို့ ပျံသန်းသွားခဲ့သည်။

“လျှပ်စီးပြိုလဲခြင်း” နတ်ဘုရားစွမ်းရည်သည် သာမန်ထက် ထူးခြားပါသည်။ အဆ တစ်ထောင်မက ပိုပြင်းထန်လာသော လက်သီးချက်နှင့်အတူ, ဂျီရှီ၏နတ်ဘုရားတန်ခိုး စွမ်းအားသည် သူ့ထက် အားကောင်းသော်လည်း နှင်းမုန်တစ်ခုသို့မြင့်တက်လာသော ထိုတိုက်ခိုက်မှုကို သူသည် မခုခံနိုင်သေးပေ။

"ဟမ့်၊ မင်းက သေထိုက်တဲ့သူပဲ" ချင်ယွင်သည် နောက်သို့ ပျံသန်းသွားသော ဂျီရှီကို ကြည့်ကာ သူ့မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ သူသည် ခြေလှမ်းထွက်သွားပြီး ထောင်ပေါင်းများစွာသော နောက်ဆွဲတွဲ ပုံရိပ်ယောင်များ အဖြစ်သို့ ပြောင်းလဲကာ၊ လုံးလုံးသတ်ပစ်လိုဟန်ဖြင့် ဂျီရှီဆီသို့ ဦးတည်သွားတော့သည်။

ဂျီရှီက အမြည်းသာသာဖြစ်သည်။ အမှောင်အရိပ်ထဲမှာ သူ့ထက် အားကောင်းသည့် လူများ ရှိနေသေးပြီး၊ တိုက်ပွဲကို အမြန်ဆုံး အပြီးသတ်ရမည်။

ဂျီရှီသည် ရက်စက်ကြမ်းကြုတ်စွာ ပြေးဝင်လာသော ချင်ယွင်ကို ထိတ်လန့်သော အမူအရာ ဖြင့် ကြည့်နေလေသည်။ သို့သော်, သူသည် ခုခံချင်သော်လည်း သူ့လက်က ပြတ်သွားခဲ့ပြီး ခုခံရန် စွမ်းအားကင်းမဲ့နေသည်ကို တွေ့ရှိခဲ့ရသည်။

ချင်ယွင်သည် ဂျီရှီရှေ့သို့ ချက်ခြင်း ရောက်ရှိလာပြီး သူ၏လက်သီးချက်က ဂျီရှီ၏ရှေ့သို့ တဟုန်ထိုး ကျဆင်းလာနေပြီ ဖြစ်သည်။

အကယ်၍ ထိုလက်သီးချက်သာ ဆက်လက်ကျဆင်းသွားကာ၊ ဂျီရှီ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သေချာပေါက် ကွဲထွက်သွားမည် ဖြစ်သည်။

ဂျီရှီ၏မျက်နှာသည် သေမင်းအငွေ့အသက်များ ထင်ဟပ်နေပြီး သူသည် အနှိုင်းမဲ့ ထိတ်လန့်သွားသည်။

ဘန်း…။

သို့သော် ဤအခိုက်အတန့်တွင် အလွန်အေးစက်သော အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ဖြတ်၍ ချင်ယွင်ဆီသို့ တိုက်ခိုက်သွားခဲ့သည်။

All Chapters