← Chapters

အခန်း ၁၃၂၈

Vol. 89 Ch. 1328

အခန်း ၁၃၂၈

Vol. 89 Ch. 1328

အခန်း (၁၃၂၈) ခွေးတစ်ကောင်ကို သတ်ဖြတ်ခြင်း။

ချင်ယွင်သည် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခြင်းမှ ထွက်ပေါ်လာသော အေးစက်စက် ဆေဘာအလင်းကို ခံစားလိုက်ရပြီး၊ သူသည် ဂျီရှီကို သတ်ပစ်ရန် ဂရုမစိုက်နိုင်တော့ပါ။ သူသည် ဆေဘာကို ရှောင်တိမ်းရင်း ရွှေရောင်ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။

ဆေဘာအလင်းသည် နဂါးငွေ့တန်းကဲ့သို့ ဇောက်ထိုးချိတ်ဆွဲကာ တောင်တန်း လမ်းပေါ် တွင် ဖြန်းခနဲလွင့်စင်ပြီး ပေတစ်ထောင်ရှည်လျားသော အက်ကြောင်းကြီးချက်တစ်ခုကို ဖြိုခွဲလိုက်ရင်း အဝေးရှိ တောင်ထိပ်တစ်ဝက်နီးပါးသည် ပျက်စီးသွားခဲ့သည်။

ချင်ယွင်၏ရုပ်အသွင်သည် ယွမ်ရှီရှီဘေးတွင် ပြန်ပေါ်လာပြီး ဂျီရှီအနားတွင် ပေါ်လာသော ဆေဘာကို ကိုင်ဆောင်ထားသည့် လူငယ်ကို ကြည့်လိုက်စဉ် သူ၏မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် တောက်ပလာသည်။

ထိုလူငယ်သည် ဂျီရှီနှင့်အတူ ကိုးထပ်မှာ ထိုင်နေသည့် ကျန်းယုမှလွဲ၍ တခြားသူ မဟုတ်ပါဘူး။

ယခုအချိန်တွင် ကျန်းယုသည် ချင်ယွင်ကို လှည့်ကြည့်လိုက်ပြီး၊ သားကောင်ကြီး တစ်ကောင်ကို တွေးမြင်လိုက်ရသည့် မုဆိုးတစ်ဦးအလား သူ့မျက်လုံးများတွင် ပျော်ရွှင်မှုနှင့်အတူ စိတ်လှုပ်ရှားမှုကို အရိပ်အယောင်များ သယ်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။

ကျန်းယုသည် တိုက်ပွဲကို စွဲစွဲမြဲမြဲ ရူးသွပ်သူဖြစ်သော်လည်း၊ သူသည် အလွယ်တကူ မတိုက်ခိုက်ပေ။ သို့သော် သူတိုက်ခိုက်ပြီးသည်နှင့် သေချာပေါက် အသေအလဲ တိုက်ခိုက် မည် ဖြစ်သည်။

ယခင်က ဂျီရှီတိုက်ခိုက်သောအခါတွင် သူသည် တိုက်ခိုက်လိုစိတ် မရှိခဲ့ပေ။ သို့သော် ယခုပင်၊ ချင်ယွင်သည် ဂျီရှီ၏လက်ကို လက်သီးတစ်ချက်ဖြင့် ထိုးဖြတ်ပစ်လိုက်သည်ကို မြင်လိုက်ရသောအခါတွင်၊ သူ့နှလုံးသား၏ နက်ရှိုင်းသော နေရာမှ တိုက်ပွဲဝင်လိုစိတ်များ လုံးဝ လောင်ကျွမ်းသွားခဲ့သည်။

ချင်ယွင်သည် သူ၏ထက်ရှသော ဆေဘာကို ရှောင်ထွက်သွားသည်ကို မြင်လိုက်ရသော ယခုအခိုက်တန့်တွင်, သူ၏မျက်လုံးများသည် ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"မင်းက တကယ်ကို နတ်ဘုရားတစ်ပိုင်းလို ဟန်ဆောင်နေခဲ့တာပဲ။ ကြည့်ရတာ, မင်းက ဝက်တစ်ကောင်လိုဟန်ဆောင်ပြီး ကျားတစ်ကောင်ကို စားချင်နေပုံရတယ်။" ကျန်းယု သည် သူ့ပါးစပ်ထောင့်များကို တွန့်ကွေးရင်း ချင်ယွင်ကို ကြည့်လိုက်စဉ်, သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အမူအရာများ ထွက်ပေါ်လာသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ပြုံးရုံသာပြုံးပြီး ဘာမှ ပြန်မရှင်းပြပါဘူး။

သူ၏နတ်ဘုရားအမြုတေကို ကနဦးစကြဝဠာထဲတွင် ထားရှိထားပြီး၊ သူ၏နတ်ဆိုး နတ်ဘုရား ကျင့်ကြံမှုအဆင့်ကို တိုက်ပွဲတွင်သာ ဖော်ထုတ်နိုင်မည် ဖြစ်သည်။ သို့သော်၊ သူ၏ချီသန့်စင်ခြင်း ကျင့်ကြံမှုသည် နတ်ဘုရားတစ်ပိုင်း နယ်ပယ်တွင်သာ ရှိသေးပြီး၊ သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို လုံးစုံကုန်စင် သန့်စင်ခြင်း မပြုနိုင်သေးပေ။ ဤအရာက သူသည် မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မဟုတ်ဘဲ အမှန်တရားပင် ဖြစ်သည်။

"ဟမ့်၊ ဒီကောင်စုတ်က ကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်တယ်။ ငါက သူ့ကို လှည့်စားခဲ့တယ်။" ဂျီရှီသည်လည်း ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်ကို ဖြောင့်မတ်စွာ ထားနိုင်သွားပြီ။ ချင်ယွင်၏ လက်သီးချက်ကြောင့် သွေးစွန်းနေသော အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသော လက်မောင်းသည် တစ်ဖန်ပြန်ထွက်လာပြီး ချင်ယွင်ကို ကြည့်သော သူ့အကြည့်များက ပို၍ပင် အုံ့မှိုင်းလာခဲ့သည်။

"အဓိပ္ပာယ်မဲ့စကားတွေ ဖြတ်လိုက်ရအောင်။ မင်းတို့ နှစ်ယောက် အတူတူ တက်လာလို့ရ တယ်။ ငါက တကယ်ပဲ ကျားသားစားနိုင်ဖို့ ဝက်တစ်ကောင်လိုဟန်ဆောင် နေတာလား ဆိုတာ မင်းတို့ သိသွားတာပေါ့”။ ချင်ယွင်က မောက်မာစွာ ပြောလိုက်ပြီး၊ သူ့မျက်လုံးများ က ကမ္ဘာကြီးတစ်ခုလုံး အထင်သေးနေသယောင်ပင်။

ကောင်းကင်နတ်ဘုရားများ၏ သားတော်များဖြစ်နေလျှင်ရော ဘာဖြစ်လဲ?။ ချင်ယွင်က သူတို့ကို မသတ်နိုင်တော့ဘူးလား?။ အမုန်းတရားကို စပျိုးပြီးဖြစ်သောကြောင့် တွေးပြီး စိုးရိမ်နေစရာ မလိုတော့ပေ။ အကယ်၍, ချင်ယွင်က သူတို့ကို မသတ်ခဲ့လျှင်ပင်, သူတို့အနေဖြင့် ချင်ယွင်ကို အလွတ်ပေးမှာ မဟုတ်ပါဘူး။

"ဘယ်လောက်တောင် ကြီးကျယ်လိုက်တဲ့လေသံလဲ? မင်းက တကယ်ပဲ နှစ်ယောက် တစ်ယောက် တိုက်ရဲတာလား?” ကျန်းယုသည် သူ့လက်ထဲတွင် အဆင့်မြင့်အဆင့် နတ်ဘုရားဆေဘာကို ဝှေ့ယမ်းပြီး ချင်ယွင်ကို အေးစက်စွာ အော်ပြောလိုက်သည်။

ချင်ယွင်၏အနားတွင် ရပ်နေသော ယွမ်ရှီရှီသည် ထိုအခိုက်အတန့်တွင် အနှိုင်းမဲ့ အံ့သြသွားရသည်။ သူမသည် ချင်ယွင်၏ တိုက်ပွဲကို တစ်ဖက်ကနေ ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။ ဤလူငယ်၏ တိုက်ခိုက်ရေး စွမ်းအားသည် အကြိမ်ကြိမ် တိုးမြင့် လာကြောင်းကို သူမ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ၊ သူသည် မည်မျှနက်ရှိုင်းသည်ကို မြင်တွေ့နိုင်ရန်တော့ မဖြစ်နိုင်သေးပေ။ ဤအခိုက်အတန့်တွင် ယွမ်ရှီရှီသည် ချင်ယွင်က နှစ်ယောက်နှင့် တစ်ယောက် ရင်ဆိုင်တိုက်ခိုက်ရန် အမှန်တကယ် သတ္တိရှိရှိ လုပ်ဆောင် လာသည်ကို မြင်တွေ့လိုက်ရတော့ အလွန်ပင် အံ့အားသင့်သွားခဲ့သည်။

သူမသည် ဂျီရှီနှင့် ကျန်းယုတို့ကို အနိုင်ယူချင်သည်ဆိုလျှင် ပြဿနာတော်တော် များလိမ့်မည်။ ဤလူငယ်သည် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ယှဉ်နိုင်နေသလား?။

ဤခန့်မှန်းချက်ကြောင့် ယွမ်ရှီရှီသည် ချင်ယွင်၏ကိုယ်ရေးအချက်လက်ကို ပို၍ပင် သိချင်လာစေသည်။

"အဓိပ္ပာယ်မဲ့ လျှောက်ပြောမနေနဲ့။ မင်းက ငါ့ကို မင်းတစ်ယောက်တည်း မတိုက်ခိုက်နိုင်ကို ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားဟန်နဲ့ ဒီမှာလာပြီး ဟန်ဆောင်နေသေးတယ်။ ဟန်ဆောင်ရ တာ တကယ်ကို ပင်ပန်းတယ်။ သေချာတာက မင်းတို့ အတူတူ တိုက်ခိုက်ရင်တောင် ငါ့ကို မရိုက်နိုင်သေးဘူး။ တကယ်လို့ မင်းတို့ အခုချက်ချင်း ထွက်သွားမယ်ဆို၊ ငါ မင်းတို့ကို ချမ်းသားပေးလို့ရတယ်။" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။

မူလက ချင်ယွင်သည် ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားနှင့်ပတ်သက်၍ မျှော်လင့်ချက်များ ရှိနေသေးသော်လည်း ယခုအခါတွင် ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားသည် သာမန်သာ ဖြစ်ပြီး၊ အစောပိုင်း မြေကမ္ဘာနတ်ဘုရားများထက် အနည်းငယ်သာ သာလွန်ကြောင်း တွေ့ရှိခဲ့သည်။ ကောင်းကင်နတ်ဘုရားမ ယောင်ဖုန်း ပြောခဲ့သည့်အဆင့်သို့ ရောက်ရှိရန် အဝေးကြီး လိုနေသေးသည်။ ဤလူနှစ်ယောက်သည် ခေါင်းလောင်းလေ နတ်ဘုရား နန်းတော်၏ လက်ရွေးစင်များ မဟုတ်ကြောင်း ချင်ယွင်က ချက်ချင်း ဆုံးဖြတ်နိုင်သည်။

ဂျီရှီနှင့်ကျန်းယုတို့သည် ချင်ယွင်၏ စကားကိုကြားသောအခါတွင် သူတို့၏ မျက်နှာများ သည် အနှိုင်းမဲ့ ဒေါသထွက်သည့် အမူအရာများ ထွက်ပေါ်လာသည်။ ဤချင်ယွင်သည် အမှန်တကယ်ပင် သူတို့ကို အထင်သေးလွန်းသည်။ အနည်းဆုံးတော့ သူတို့သည် ကောင်းကင်နတ်ဘုရားများ၏ သားတော်များ ဖြစ်ကြပြီး အခြားသူများနှင့် မတူညီသော အဆင့်အတန်းနှင့် အရင်းအမြစ်များကို ပိုင်ဆိုင်ကြသည်။ သူတို့သည် နတ်ဘုရားနန်းတော် ၏ လက်ရွေးစင်များ မဖြစ်ကြသေးသော်လည်း တွေ့ရာကြုံရာ လူတစ်ယောက်က လှောင်ပြောင်နိုင်သူများ မဟုတ်ကြပေ။

"သတ်.." ဂျီရှီက ကျန်းယုထံ စိတ်ထဲမှပို့လွှတ်ကာ ပြောလိုက်သည်။

"သဘောပဲ" ကျန်းယုက ပြုံးလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် ချင်ယွင်ဆီကို တစ်ပြိုင်နက် ကြည့်ရှုလိုက်ကြပြီး၊ သူတို့မျက်လုံးများက ရုတ်တရက် အေးစက်သွားကြသည်။

ဝှီး...၊ ဝှီး...။

ဂျီရှီနှင့်ကျန်းယုတို့ ပျံသန်းသွားကြစဉ် လေတိုးသံနှစ်ချက် ထွက်ပေါ်လာပြီး၊ သူတို့သည် ဦးတည်ရာနှစ်ဖက်မှ ချင်ယွင်ကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

ကျန်းယု၏လက်ထဲမှ အဆင့်မြင့် နတ်ဘုရားဆေဘာအလင်းက သူ့နှလုံးသားကို ဦးတည် ကာ၊ ဘယ်ဘက်ကနေ ချင်ယွင်ဆီကို တိုက်ရိုက် ဖြတ်သန်းသွားပါသည်။

ဂျီရှီသည် ချင်ယွင်ကို ညာဘက်မှ တိုက်ခိုက်ခဲ့ပြီး၊ အနက်ရောင် နတ်ဘုရားတူတစ်လက်က သူ့လက်ထဲတွင် ပေါ်လာသည်။ ထောင်နှင့်ချီသော လျှပ်စီးကြောင်းများက ချင်ယွင်ဆီသို့ ပစ်ခတ်နေစဉ် နတ်ဘုရားတူပတ်ပတ်လည်မှာ တဝဲလည်လည် ရစ်ပတ်နေသည်။

ဆေဘာအလင်းနှင့် နတ်ဘုရားတူ လျှပ်စီးတို့သည် ချင်ယွင်ဆီသို့ ဟောက်သွားပျံသန်း သွားကာ၊ ကမ္ဘာကြီးတစ်ခုလုံးကို တုန်ခါသွားစေပြီး၊ ပတ်ဝန်းကျင်လေထုသည် ပြင်းထန်စွာ မြည်ဟီးသွားသည်။

အဝေးမှ ယွမ်ရှီရှီသည် ဤမြင်ကွင်းကို မြင်သောအခါ သူမမျက်ခုံးများသည် မတတ်နိုင်ဘဲ အနည်းငယ် တွန့်သွားခဲ့သည်။ ယခုလို တိုက်ခိုက်မှုမျိုးနှင့် ကြုံတွေ့လာရချိန်မှာ, သူမတောင်မှ သတိကြီးစွာ ထားရပါမည်။

"ဒီလောက်ပဲလား”။

သို့သော် ထိုနေရာတွင် ရပ်နေသော ချင်ယွင်သည် ကဲ့ရဲ့လှောင်ပြောင်သော အမူအရာကို ထုတ်ပြလာသည်။

ထို့နောက် သူ့လက်ထဲတွင် ခုနှစ်ရောင်ခြယ် သက်တန့်ရောင် နတ်ဘုရားအလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး၊ ဂျီရှီ၏ နတ်ဘုရားတူကို သူလက်သီးဖြင့် ထိုးလိုက်လေသည်။

"ဘုန်း”

ကောင်းကင်ကြီးသည် တုန်လှုပ်သွားကာ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး၊ နတ်ဘုရားတူ သည် ချက်ချင်း လွှင့်ထွက်သွားသည်။ ယခုလေးတင် ပြန်လည်သိပ်သည်းထားသည့် ဂျီရှီ၏ လက်မောင်းတစ်ဖက်အပါဝင် သူ့ခန္ဓာကိုယ်တစ်ဝက်သည် ယခုအချိန်မှာ ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ် တစ်ဝက်လောက်က ပျောက်သွားခဲ့ပြီ။ သူ့တစ်ကိုယ် လုံးမှာ သွေးသားစများဖြင့် ဖုံးလွှမ်းနေပြီး၊ ချင်ယွင်၏ ဒုတိယမြောက် လက်သီးထိုးချက် ကြောင့် သူ့လက်ကျန်ခန္ဓာကိုယ်တစ်ဝက်ကို သွေးစွန်းနေသော မြူခိုးများအဖြစ် ပြောင်းလဲ ပစ်လိုက်သည့်အချိန်မှာ သူ့အနေဖြင့် သနားစဖွယ်အော်ဟစ်သံတောင် ထုတ်အော်ချိန် မရလိုက်ပါဘူး။

ဤအရာအားလုံးသည် တခဏချင်း ပြီးပြတ်သွားခဲ့ပြီး၊ အလွန်မင်း မြန်ဆန်လှကာ၊ ဂျီရှီသည် မည်သည့်တုံ့ပြန်နိုင်စွမ်းမှ မရှိဘဲ သေဆုံးသွားခဲ့သည်။

ချင်ယွင်သည် ဂျီရှီကို သတ်ပြီးသည်နှင့် ကျန်းယ်က သူ့ဆီသို့ ခုတ်ပိုင်းလိုက်သည့် ဆေဘာ အလင်းက ချင်ယွင်၏ရှေ့သို့ ရောက်ရှိနေပါပြီ။

သို့သော်၊ ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆေဘာအလင်းကို တိုက်ရိုက် ရိုက်ချလိုက်သည်ကို လူတိုင်း မြင်လိုက်ရသည်။ သူသည် ဆေဘာအလင်းကို အမှန်တကယ်ပင် ထိုကဲ့သို့ပုံစံဖြင့် အစိတ်စိတ်အမြွှာမြွှာဖြစ်အောင် ဖြိုခွဲပစ်လိုက်သည်။

"ဒါ..."

ထိုအချိန်မှာ ကျန်းယုသည် တုံ့ပြန်လာခဲ့ပြီး၊ သူ့မျက်နှာမှာ အလွန်မင်း တုန်လှုပ် ခြောက်ခြားနေသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။

သူသည် အခြေအနေ မကောင်းမှန်း ချက်ချင်း သိလိုက်ပြီး၊ သူ့ခြေချောင်းတွေကို လေဟာနယ်သို့ ဖိနင်းကာ သူ့နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားသည်။

အကယ်၍, ချင်ယွင်သည် ဂျီရှီကို ချက်ခြင်း သတ်ပစ်နိုင်ခဲ့ဆိုလျှင်, သူ့ကိုလည်း ချက်ခြင်း သတ်ပစ်နိုင်လိမ့်မည်။ ထို့ကြောင့်, သူ့အသက်အတွက် ယခုအချိန်မှ ထွက်မပြေးဘူးဆို လျှင်, အသက်ရှင်ရန် အခွင့်အလမ်း မရှိနိုင်တော့ပေ။

"ငါတို့ ဘယ်လိုနတ်ဆိုးမျိုးကို နှိုးဆော်မိခဲ့တာလဲ" ကျန်းယုက တုန်လှုပ်သွားပြီး နောက်ပြန် ဆုတ်သွားသည်။

ချင်ယွင်သည် ပေရာနှင့်ချီ၍ ထွက်ပြေး လွတ်မြောက်နေပြီဖြစ်သော ကျန်းယုကို ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်မှ အပြုံးမပျက် ပေါ်လာသည်။

ကောင်းကင်နှင်မြေကြီး၏ဖြစ်စဉ် နတ်ဘုရားစွမ်းရည်က ချက်ချင်း အသက်ဝင်လာခဲ့သည်။

ချင်ယွင်၏ လက်မောင်းပြင်တစ်ခုလုံး ရုတ်တရက် ကျယ်ပြန့်လာပြီးနောက်၊ သူသည် လက်ဖဝါးကြီးဖြင့် အောက်ကို ရိုက်ချလိုက်သည်။ “လျှပ်စီးပြိုလဲခြင်း” နတ်ဘုရား စွမ်းရည်ကိုပါ အသုံးပြုထားခြင်းကြောင့် ပေတစ်ရာကျော် ထွက်ပြေးလွတ်မြောက်သွားပြီ ဖြစ်သော ကျန်းယုသည် မြေကြီးပေါ်သို့ သေသည်အထိ ရိုက်နှက်ခံလိုက်ရကာ, အသားပြား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

အဝေးမှ အမှောင်ရိပ်ထဲတွင် ပုန်းအောင်းနေကြသည့် လူများသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်, သူတို့အားလုံး မောဟိုက်သွားကြသည်။ သူတို့အနေဖြင့် နောက်ပြန် ဆုတ်သင့် မဆုတ်သင့် စိတ်ထဲမှာ တွေးတော်လာကြသည်။

အဝေးမှာရှိနေသည့် ယွမ်ရှီရှီသည်လည်း ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်မင်း တုန်လှုပ်သွားသည့် အမူအရာကို ဖော်ပြလာခဲ့သည်။

မြေကမ္ဘာနတ်ဘုရားတစ်ပါးသည် ခွေးတစ်ကောင်ကဲ့သို့ သတ်ဖြတ်ခံလိုက်ရသည်။ ဒီကောင်က အတိအကျ ဘယ်သူလဲ။

All Chapters