အခန်း ၁၃၂၉
Vol. 89 Ch. 1329
အခန်း (၁၃၂၉) ဓားမြှောက်ထားသောလက်ကို လွှတ်ချခြင်း။
ယွမ်ရှီရှီ၏နှလုံးသားသည် ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူမသည် ချင်ယွင်၏ နောက်ကျောကို ကြည့်လိုက်ရင်း သူမ၏ မျက်လုံးများမှ ထိတ်လန့်မှုကို ဖုံးကွယ်ထား၍ မရပေ။
ချင်ယွင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ယခုအချိန်ကပင် အလယ်အလတ်အဆင့် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်နေပြီး၊ သာမန် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် အလယ်လတ်အဆင့် ကျွမ်းကျင်သူများထက်ပင် သာလွန်သွားခဲ့ပြီ။
သူမသည်လည်း ဂျီရှီနှင့်ကျန်းယုတို့ကို သတ်ဖြတ်နိုင်သော်လည်း ချင်ယွင်ကဲ့သို့ မိုးထစ်ချုန်းပြီး တုန်လှုပ်ချောက်ချားစရာ အနေထားမျိုး လုံးဝ မရှိနိုင်ပေ။ တစ်နည်းဆိုရ သော်, အကယ်၍, သူမသည် ချင်ယွင်ကို တိုက်ခိုက်ခဲ့လျှင်ပင် ရလာဒ်က ရာခိုင်နှုန်း ၅၀, ၅၀ ရှိနေမည် ဖြစ်သည်။
ယခုအချိန်တွင် သူမသည် ချင်ယွင်ကို တိုက်ရိုက် မတိုက်ခိုက်ဘဲ ရှေးဟောင်းကျောက်စိမ်း ချဉ်ဆီကို သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အနည်းငယ် ဝမ်းသာမိသည်။ မဟုတ်ရင် နောက်ဆုံး ရလာဒ်က ပြောဖို့ခက်လိမ့်မည်။
အကယ်၍, သူမ ရှုံးနိမ့်သွားခဲ့ရင် ချင်ယွင်က သူမကို သတ်ပစ်မည်ဟု သူမ မထင်မိပေ။ အဘယ့်ကြောင့်ဆိုသော်, သူသည် ထိုကဲ့သို့ ပြုလုပ်ရန် အလွန်ဝန်လေးသူတစ်ဦး ဖြစ်သော်ကြောင့်ပင်။ တကယ်တော့, ချင်ယွင်သည် သူမအပေါ် စွဲလန်းမှုအရိပ်အယောင် တစ်ခါမှ မပြခဲ့ဖူးပါဘူး။
ချင်ယွင်သည် ထိုကျန်းယုကို အသေရိုက်သတ်ပြီးနောက် သူသည် ရပ်တန့်ခြင်း မရှိသေးပေ။ ယင်းအစား, သူသည် ချက်ချင်းပင် ထိုလက်ဖဝါးကြီးကို ရုတ်လိုက်ပြီး သူ့နောက်ကွယ်မှ လေဟာနယ်ထဲကို နောက်ထပ် မိုးပြာရေလွှမ်းလက်သီးဖြင့် ထိုးချလိုက် သည်။
"ဘုန်း”။
မိုးပြာရေလွှမ်းလက်သီးစည်းတံဆိပ်သည် လေဟာနယ်ကို ထိမှန်သွားကာ၊ လေဟာနယ် သည် မမြင်ရသော မှန်ထဲကို ရိုက်ခွဲလိုက်ရသလို ချက်ချင်းပင် ကွဲအက်သွားသည်။
ထိုနောက်မှာတော့ အရွယ်ရောက်ပြီး လူကြီးနှစ်ယောက်အရွယ်စားအထိ အရှည်ရှိသည့် လေဟာနယ်ဆေဘာတစ်ချောင်းသည် ချင်ယွင်ဆီသို့ ခုတ်ပိုင်းသွားကာ အနှိုင်းမဲ့ ထက်ရှသော လေဟာနယ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ပါသည်။
"လေဟာနယ် နတ်ဘုရားတန်ခိုး?" ချင်ယွင်သည် အလွန်အံ့အားသင့်သွားသည့် အမူအရာ ကို ထုတ်ပြလိုက်သည်။
ဤနေရာ၌ လေဟာနယ်ဆိုင်ရာ နတ်ဘုရားတန်ခိုးကို အသုံးပြုနိုင်သော ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့မည်ဟု သူ ဘယ်သောအခါမှ စိတ်မကူးခဲ့ပေ။ ထို့အပြင်၊ သူ၏ကျင့်ကြံမှုသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဘန်း..။
ချင်ယွင်သည် ထိုလူကို နည်းနည်းလေးမှ လျစ်လျူမရှုဝံ့ဘဲ၊ ထိပ်တန်း နတ်ဘုရား ဆေဘာက သူ့လက်ထဲမှာ ပေါ်လာပါသည်။
ဆေဘာကို ခုတ်ပိုင်းလိုက်သည်နှင့် လျှပ်စီးပြိုလဲခြင်း နတ်ဘုရားစွမ်းရည်လည်း ထွက်ပေါ်လာသည်။
"ဘုန်း”။
လေဟာနယ်ဆေဘာသည် ချင်ယွင်၏ ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာနှင့် အပြင်းအထန် တိုက်မိသွားပြီး အသံကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သာမန် မျက်စိဖြင့် မမြင်နိုင်သော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ချင်ယွင်ကို ခြေလှမ်းပေါင်း ဆယ်နှင့်ချီပြီး တွန်းပို့လိုက်သည်။
ချင်ယွင်သည် သူ့လက်ထဲတွင် နတ်ဘုရားဆေဘာကို ကိုင်ထားပြီး၊ သူ့ရှေ့က မမြင်နိုင်သော လေဟာနယ်ဆီကို သူ့မျက်လုံးများတွင် လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
သူ့ရှေ့ရှိ လေဟာနယ်ထဲတွင် မည်သူမျှမရှိသော်လည်း ထိုလေဟာနယ်အတွင်းရှိ အက်ကွဲကြောင်းများအတွင်းမှာ လျင်မြန်စွာ ဖြတ်သန်းသွားလာနေသည့် ပုံရိပ်တစ်ခု ရှိကြောင်း ချင်ယွင်က သံသယမရှိပေ။
ဘန်း…။
ဟုတ်ပါသည်၊ ထိုအချိန်မှာပင်, အလွန်မင်း ကြောက်စရာကောင်းသည် နောက်ထပ် လေဟာနယ် ဓားတစ်ချောင်းက ဘယ်ဘက်ကနေ ချင်ယွင်ဆီကို ခုတ်ပိုင်းသွားပါသည်။ ၎င်း၏အမြန်နှုန်းသည် လျှပ်စီးလက်သကဲ့သို့ မြန်ပြီး ချင်ယွင်၏ မျက်ခုံးနှစ်ခုကြား နေရာကို ချဉ်းကပ်သွားသည်။
ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အလင်းရောင်များဖြင့် လင်းလက်သွားသည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာသည် နောက်တကြိမ် ကျယ်လောင်သော အသံကို ထုတ်လွှတ်လာသည်။ ယခုတစ်ကြိမ်မှာတော့ သူသည် ဆေဘာကို ခုတ်ပိုင်းခြင်းမရှိဘဲ အလျားလိုက် ရိုက်ချလိုက်ခြင်း ဖြစ်သည်။
"ဘုန်း”။
ချင်ယွင်သည် ထိုလေဟာနယ်ဆေဘာကို သူ့နတ်ဘုရားဆေဘာနှင့် မိုးခြိမ်းသံကဲ့သို့ ရိုက်ချလိုက်ပြီးနောက်, ၎င်းသည် အပိုင်းပိုင်း ပြိုကွဲသွားလေသည်။
လေဟာနယ်ဆိုင်ရာ နတ်ဘုရားတန်ခိုးရှိသူများသည် ကိုင်တွယ်ရန် အခက်ခဲဆုံးဖြစ်ပြီး ၎င်းတို့သည်လည်း လွှမ်းမိုးနိုင်ဆုံး ရှိသူများလည်း ဖြစ်သည်။
ယခုအချိန်အထိ ချင်ယွင်သည် သူ့ရန်သူ ဘယ်သူလဲ၊ ဘယ်လိုပုံသဏ္ဍန်ရှိလဲ ဆိုတာတောင် မသိသေးပါဘူး။ ထိုလေးဟာနယ် နတ်ဘုရားတန်ခိုးသည် မည်မျှ အစွမ်းထက်သည်ကို တွေ့မြင်နိုင်သည်။
"မဟုတ်ဘူး၊ သူ့ကို ဒီလိုမျိုး ဆက်ပြီး တိုက်ခိုက်ဖို့ ငါ လုံးဝ ခွင့်မပြုနိုင်ဘူး။ မဟုတ်ရင် အနှေးနဲ့အမြန်ဆိုသလို သူ့ကြောင့် ငါ ဒဏ်ရာရသွားလိမ့်မယ်။" ချင်ယွင်က အံ့အားတသင့် ရေရွတ်လိုက်သည်။
သူ့နတ်ဘုရားစိတ်ဝိညာဉ် စွမ်းအားသည် မှောင်ရိပ်ထဲသို့ ပျံ့နှံ့သွားခဲ့ပြီး ထိုပုံရိပ်ကို ရှာဖွေလိုသော်လည်း ပတ်ဝန်းကျင်သည် အနည်းငယ်မျှ စွမ်းအင်အတက်အကျလှိုင်းမရှိဘဲ ငြိမ်သက်နေဆဲ ဖြစ်သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ရုတ်တရက် သူ့စိတ်ထဲမှာ ဆုံးဖြတ်လိုက် သည်။ သူသည် သူ့နတ်ဘုရားဆေဘာကို ဆွဲကိုင်ကာ၊ ထိပ်တန်းအမြန်နှုန်းဖြင့် အဝေးမှ အမည်မသိ နတ်တောင်တစ်ခုဆီသို့ ပျံသန်းသွားခဲ့သည်။ သူ့အရှိန်ဟုန်က အရမ်းကို မြန်ဆန်လွန်းပြီး ထောင်နှင့်ချီသည့် ပုံရိပ်ယောင်များအဖြစ်ပင် ပြောင်းသွားခဲ့သည်။
အဝေးက ယွမ်ရှီရှီသည် ထိုမြင်ကွင်းကိုမြင်တော့ အံ့သြသွားပုံရသည်။ ချင်ယွင် လုပ်ဆောင် လိုသည့်အရာကို သူမ နားမလည်ပေ။ ဖြစ်နိုင်တာက သူ ထွက်ပြေးသွားတာများလား။ သို့သော်, ထွက်ပြေးသွားပုံလည်း မပေါ်ပေ။
ဟုတ်ပါသည်၊ ချင်ယွင်သည် ထွက်ပြေးသွားခြင်း မဟုတ်ဘဲ သူ့ကိုယ်သူ လှုပ်ရှားခွင့် ပြုလိုက်ခြင်း ဖြစ်ပါသည်။
မြန်နှုန်းမြင့် ရွေ့လျားနေသော ပစ်မှတ်သည် ရပ်နေသော ပစ်မှတ်ထက် ထိမှန်ရန် ပိုမို ခက်ခဲပါသည်။ ထို့အပြင် ချင်ယွင်၏ ထိပ်တန်းအမြန်နှုန်းဖြင့် လှုပ်ရှားမှုများကြောင့် အမှောင်ရိပ်မှ လူများသည် ချင်ယွင်၏နောက်သို့ ထိပ်တန်းအမြန်နှုန်းဖြင့် လိုက်ပါရလိမ့် မည်။ ထို့ကြောင့်, ချင်ယွင်သည် အမှောင်ရိပ်ရှိလူများ၏ တည်နေရာကို ဖမ်းဆုပ်နိုင်ရန် ပိုမို လွယ်ကူလိမ့်မည်။
ဘန်း…။
သေချာပါသည်၊ မူလက အရူးအမူး ထွက်ပြေးသွားသော ချင်ယွင်သည် ရုတ်တရက် သူ့မျက်လုံးတွေက ကျဉ်းမြောင်သွားကာ လေဟာနယ်ဆီသို့ ဖျတ်ခနဲ ခုတ်ပိုင်းလိုက်သည်။
ဘန်း…။
သန့်စင်သော သံမဏိနှစ်ခု ထိခိုက်မိသည့်အသံ ထွက်ပေါ်လာပြီး၊ နတ်ဘုရားတန်ခိုးသည် မိုးခြိမ်းသံအဖြစ်သို့ ပြိုဆင်းသွားခဲ့သည်။ လူတစ်ယောက်၏လက်သည် ရွေ့လျားသွားပြီး၊ သူသည် ချက်ချင်းပင် ပါးစပ်ထဲမှ သွေးတစ်လုတ် အန်ထုတ်ကာ နောက်သို့ ပျံသန်းသွား၏။
ချင်ယွင်သည် နောက်ဆုံးတွင် ထိုပုံရိပ်ပိုင်ရှင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး၊ ထိုပုံရိပ်ပိုင်ရှင်မှာ လိပ်နက်မျှော်စင်၏ ကိုးထပ်မြောက်ရှိ မိန်းမဆန်ဆန် အမျိုးသား ဖြစ်နေသည်။ သူ့မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု တောက်ပသွားစဉ်, ချင်ယွင်သည် နောက်တစ်ကြိမ် အမြန်ပျံထွက်ပြီး၊ လက်ထဲတွင် နတ်ဘုရားဆေဘာကို ကိုင်ထားသည့် မိန်းမဆန်ဆန် အမျိုးသားကို ဆေဘာဖြင့် ခုတ်ပိုင်းလိုက်ပြန်သည်။
"မင်း ဘယ်သူဘဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ မင်းက ငါ့ကိုသတ်ချင်မှတော့ မင်းလည်း သေရ မယ်။" ချင်ယွင်၏နတ်ဘုရားဆေဘာ၏ တန်ခိုးစွမ်းအားသည် လေထဲတွင် လွင့်စင်သွားခဲ့ သည်။
ဝူဝမ်ဓားသိုင်း၏ ဒုတိယဓားကွက်ဖြစ်သည့် ဖျက်ဆီးခြင်းဓားကနေ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာသည့် ဖျက်ဆီးခြင်းဓားက ချက်ချင်းပင် လေဟာနယ်ကို ဆုတ်ဖြဲသွားသည်။
မိန်းမဆန်ဆ န်အမျိုးသားသည် ထိုကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းကို မြင်လိုက်ရသောအခါ၊ သူ၏အမူအရာသည် သာမန်ပင် ဖြစ်နေသည်။ အမှန်တကယ်ပင် သူသည် လျှပ်တစ်ပြက် လှုပ်ရှားပြီး လေဟာနယ်ထဲသို့ တစ်ဖန် ပျောက်ကွယ်သွားပြန် သည်။
ချင်ယွင်၏ဆေဘာအလင်းသည် မြေပြင်ပေါ်သို့ကျရောက်ပြီး ဆုတ်ဖြဲသွားကာ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ယွမ်ရှီရှီသည် အဝေးမှနေ၍ အေးစက်စက် လေကို ရှုရှိုက်လိုက်မိသည်။ သူ၏ အဖျက်စွမ်းအားသည် သူမထက်ပင် သာလွန်နေပြီဖြစ်သည်။ ယခုဆိုလျှင် သူမသည် ချင်ယွင်နှင့် မယှဉ်နိုင်ဟုပင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
အစမှအဆုံးအထိ၊ ချင်ယွင်၏နယ်ပယ်သည် နတ်ဘုရားတစ်ပိုင်းနယ်ပယ်တွင်သာ အမြဲရှိ နေခဲ့ပြီး၊ ယင်းက သူမကို အံ့ဩပြီးရင်း အံ့ဩစေခဲ့သည်။
ချင်ယွင်၏ရုပ်အသွင်သည် မိန်းမဆန်ဆန် အမျိုးသား ပျောက်ကွယ်သွားသည့်နေရာတွင် ပေါ်လာပြီး၊ သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤလေဟာနယ်ဆိုင်ရာ နတ်ဘုရားတန်ခိုးသည် အမှန်တကယ်ပင် ကိုင်တွယ်ရန် အလွန် ခက်ခဲသည်။ အကယ်၍, ဤနေရာမှာ သာမန် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဖြစ်မည်ဆိုလျှင်၊ သူသည် ၎င်းတို့ကို ဟိုးရှေးရှေးကတည်းက သတ်ပစ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့သော်၊ လေဟာနယ်ဆိုင်ရာ နတ်ဘုရားတန်ခိုးကို ထိန်းချုပ်ထားသည့် အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ထိုကျွမ်းကျင်ပညာရှင်သည် ကောက်ကျစ် စဉ်းလဲလွန်းသည်။ သူ့ကို မဖမ်းနိုင်ရုံသာမက၊ သူကပင် ခဏခဏ တိုက်ခိုက်ပါလိမ့်မည်။ ထို့အပြင် ၎င်း၏ စွမ်းအားကို လျစ်လျူရှု၍ မရပေ။
ဘန်း…။
ဟုတ်ပါသည်, ထိုအချိန်မှာပင် နောက်ထပ် အလွန်းမင်း ပြင်းထန်သော လေဟာနယ် ဆေဘာတစ်ချောင်းက ချင်ယွင်ဆီသို့ တစ်ဖန် ခုတ်ပိုင်းလာပြန်သည်။
ချင်ယွင်၏ မျက်လုံးများသည် အမျက်ဒေါသများ တိုးမြင့်လာရုံသာမက ခေါင်းကိုဝှက်ပြီး၊ အမြီးကို ထုတ်ပြနေသော ထိုလူကို ချက်ချင်းပင် ရွံမုန်းသွားသလို ခံစားလိုက်ရသည်။
"ဟမ့်၊ လေဟာနယ်နတ်ဘုရားတန်ခိုးကို ပိုင်ဆိုင်ထားတဲ့ လူအားလုံးက ပွင့်ပွင့်လင်းလင်း မတိုက်ခိုက်ရဲတဲ့ ကြွက်တွေပဲလား?။ အခုလို ပုန်းအောင်းနေတာက တကယ်ကို ရှက်စရာ ကောင်းလွန်းတယ်။" ချင်ယွင်က အမှောင်အရိပ်ထဲမှ ထိုလူကို နှိုးဆော်လိုစိတ်ဖြင့် လှောင်ပြောင်လိုက်သည်။
"မင်းက တကယ်ပဲ ငါ့ရဲ့ လေဟာနယ်နတ်ဘုရားတန်ခိုးကို စော်ကားဝံ့တာလား။ ငါ့ရဲ့ တိုက်ခိုက်မှုကို အရင်ဆုံး ခံယူလိုက်စမ်း" ဟုတ်ပါသည်၊ ချင်ယွင်၏အသံ ပြီးဆုံးသည်နှင့်, လေဟာနယ်ထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုစကားကို ပြောပြီးနောက် ချင်ယွင်ဆီသို့ နောက်ထပ် လေဟာနယ်ဆေဘာ အနည်းငယ် ခုတ်ပိုင်းသွားသည်။
ထိုအသံက လေထဲတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုလူ၏တည်နေရာကို ဆုံးဖြတ်ရန် အလွန်ခက်ခဲသော်လည်း ချင်ယွင်သည် သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ချင်ယွင်သည် ထိုလူ၏စကားပြောရာမှတဆင့် ထိုလူ၏တည်နေရာကို ဆုံးဖြတ်နိုင်နေပြီ ဖြစ်သည်။
"ထွက်လာခဲ့စမ်း”။
ချင်ယွင်သည် လေဟာနယ်ဆေဘာများကို လျစ်လျူရှုကာ နောက်ကွယ်မှာ ပုံရိပ်တစ်ခု အဖြစ် ပြောင်းလဲသွားသည်။ အမှန်တကယ်လည်း သူသည် လေဟာနယ်ဆေဘာများ ကြားထဲမှ အက်ကွဲကြောင်းကို ကျော်ဖြတ်သွားပြီး လေဟာနယ်ထဲကို ခုတ်ပိုင်းလိုက်သည်။
"ဖျန်း...”။
သွေးစီးကြောင်းတွေက ဖျန်းခနဲလွင့်စင်သွားကာ မမြင်ရသည့် လေဟာနယ်ထဲမှ ပုံရိပ်တစ်ခုသည် နောက်သို့ ပျံသန်းသွားသည်။ ၎င်းပုံရိပ်သည် ပေထောင်ပေါင်းများစွာ အကွာအဝေးကို ဖြတ်သန်းပြေးသွားခဲ့ပြီးနောက်, သူ့ညာဘက် ခြေထောက်တစ်ခုလုံးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် နောက်သို့ ပျံသန်းပြေးသွားသော မိန်းမဆန်ဆန် အမျိုးသားသည် သူ့မျက်နှာတွင် အံ့သြမှုနှင့်အတူ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်သည် ဤမြင်ကွင်းကိုမြင်သောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် သိပ်သည်းလာသည်။ သူသည် သူ့ဆေဘာကို မြေပြင်းတစ်လျှောက် ဆွဲကိုင်ပြီး နောက်တကြိမ် ပြေးသွားပြန်သည်။ သူ့အမြန်နှုန်းသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဆေဘာထိပ်ဖျားက မြေပြင်ပေါ်တွင် ပေထောင်ပေါင်းများစွာ ရှည်လျားသော နက်ရှိုင်းသည့် မြောင်းတစ်ခုကို ပင် ဆွဲဖော်သွားခဲ့သည်။
"ဘန်း..”
ချင်ယွင်၏ရုပ်အသွင်သည် မိန်းမဆန်ဆန် အမျိုးသား၏ရှေ့တွင် ပေါ်လာပြီး မိန်းမဆန်ဆန် အမျိုးသား၏ ကျန်နေသော ပေါင်တစ်ဖက်ခြမ်းကို ထိုးဖောက်ကာ မြေပြင်ပေါ်တွင် ရက်စက်စွာ ထိုးစိုက်လိုက်သည်။
“အား..” နူးညံ့သိမ်မွေ့သည့် ထိုအမျိုးသားသည် နှိုင်းစာ၍မရသည့် သနားစဖွယ် အော်ဟစ်သံကို ထုတ်ဖော်လိုက်ပါသည်။