အခန်း ၁၃၃၀
Vol. 89 Ch. 1330
အခန်း (၁၃၃၀) လေဟာနယ်ဝါးမျိုခြင်း။
မိန်းမဆန်ဆန် အမျိုးသားသည် ဝက်တစ်ကောင်နှင့်တူသော အော်ဟစ်သံဖြင့် ဟစ်အော်လိုက်သည်။ သနားစဖွယ် အော်ဟစ်သံက တောင်တန်းတစ်လျှောက် ပဲ့တင် ထပ်နေပါသည်။ သူ့မျက်လုံးတစ်စုံက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေပြီး၊ သူ့မျက်လုံးများတွင် အမျက်ဒေါသနှင့် ပြည့်နေခဲ့သည်။
သူသည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားတစ်ပါး ဖြစ်နေလျှင်ပင်၊ တစ်စုံတစ်ယောက်က သူ၏ပေါင်တစ်ခုလုံးကို ထိပ်တန်းအဆင့် နတ်ဘုရားဆေဘာဖြင့် ထိုးဖောက်လိုက်ချိန်မှာ သူသည် အနှိုင်းမဲ့ စူးရှသော နာကျင်မှုကို ခံစားရဆဲ ဖြစ်သည်။
ယခုအချိန်တွင် ချင်ယွင်သည် သူ၏ပေါင်တစ်ခုလုံးကို ထိုးဖောက်ထားပြီး မြေကြီးပေါ်တွင် သံမှိုရိုက်သလို ရိုက်နှက်ထားသောကြောင့် လေဟာနယ်မှတဆင့် ထွက်ပြေး လွတ်မြောက် ရန် မဖြစ်နိုင်တော့ပေ။
ချင်ယွင်သည် နတ်ဘုရားဆေဘာထိပ်ကို လက်ဖဝါးဖြင့် ဖိလိုက်သည်။ ဤနတ်ဘုရား ဆေဘာသည် နတ်တောင်ကဲ့သို့ ဖြစ်နေပြီး၊ ထိုမိန်းမဆန်ဆန် အမျိုးသားကို အနည်းငယ်မျှ မလှုပ်နိုင်အောင် ဖြစ်စေ၏။
ထိုမျှသာမကဘဲ ချင်ယွင်၏ လက်ဖဝါးကနေ အနက်ရောင် ဖရိုဖရဲ လျှပ်စီးကြောင်းများက အဆက်မပြတ် ထွက်ပေါ်လာသည်။ ၎င်းသည် နတ်ဘုရားဆေဘာမှ တစ်ဆင့် မိန်းမဆန်ဆန် အမျိုးသား၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး အလွန်နာကျင်မူကို ခံစားရစေ သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ဖရိုဖရဲ လျှပ်စီးကြောင်းများသည် ပေါင်းစပ်နတ်ဘုရားတန်ခိုး ခြောက်မျိုးဖြင့် ကောင်းချီးပေးထားပါသည်။ ၎င်းအတွင်းပါရှိသော အဖျက်စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းသည်ဟု ဆိုနိုင်ပါသည်။ ချင်ယွင်သည် လျှပ်စီးဖြင့် အရူးအမူးဖြစ်အောင် နှိပ်စက်ခြင်းကို အသာထား၊ အကယ်၍, သူသာ အင်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ပါက အစောပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးကို ပင် သေသည်အထိ တိုက်ရိုက် သတ်ပစ်နိုင်ပါသည်။
“အား...” မိန်းမဆန်ဆန် အမျိုးသားက အရူးတစ်ယောက်လို အော်ဟစ်လိုက်သည်။ ထို့နောက်တွင် အေးစက်စက် အလင်းရောင် တစ်ခုက သူ့မျက်လုံးထဲတွင် လင်းလက်သွားပြီး၊ သူသည် ချက်ချင်းပင် လေဟာနယ်ဆေဘာတစ်ချောင်းကို ဖြတ်ထုတ် လိုက်သည်။
သို့သော်လည်း ထိုလေဟာနယ်ဆေဘာသည် ချင်ယွင်ကို ရည်ရွယ်ခြင်းမဟုတ်ဘဲ ချင်ယွင်၏ နတ်ဘုရားဆေဘာဖြင့် ထိုးဖောက်ထားသော သူ့ပေါင်ကို ရည်ရွယ်ခြင်းဖြစ် သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်ရှပ်ကာ လျင်မြန်စွာ နောက်ပြန် ဆုတ်သွားခဲ့သည်။
မိန်းမဆန်ဆန် အမျိုးသား၏ အခြားခြေထောက်တစ်ဖက်သည် မကြီးထွားသေးခင်မှာ၊ ကျန်တစ်ဖက်ပါ ပြတ်သွားခဲ့ရသဖြင့်, သူသည် မတ်တပ် မရပ်နိုင်တော့ပေ။
ချင်ယွင်သည် ဤမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
နတ်ဘုရားများသည် ၎င်းတို့၏ခန္ဓာကိုယ်ကို အချိန်တိုအတွင်း ပြန်လည် ရယူနိုင်စွမ်းရှိကြ ပြီး၊ လက်နှင့်ခြေထောက်များ ချို့ယွင်းသွားခြင်းက ပုံမှန်ကိစ္စပင်ဖြစ်သည်။ သို့သော် သာမန် လူများသည် ကိုယ့်ပေါင်ကို အညှာအတာမဲ့ ဖြတ်တောက်ပစ်ရန် ခက်ခဲလှသည်။ နူးညံ့သိမ်မွေ့သော ထိုအမျိုးသား၏ ပြတ်သားသော ဆုံးဖြတ်ချက်အရဆို, သူသည် ရက်စက်ကြမ်းကြုတ်သူများထက် ရက်စက်ကြမ်းကြုတ်သူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။
"ငါ လှုပ်ရှားဖို့ ဆန္ဒရှိမှတော့, မင်းကို လွှတ်ပေးလိမ့်မယ်လို့ မင်း ထင်နေတာလား?။ မင်းအနေနဲ့ လှုပ်ရှားတော့မယ်ဆိုကတည်းက ကိုယ်လည်း အသတ်ခံရနိုင်တယ်လို့ သတိချပ်ဖို့ လိုအပ်တယ်” ချင်ယွင်က လျင်မြန်စွာ ဆုတ်ခွာသွားသော မိန်းမဆန်ဆန် အမျိုးသားအား သူ့မျက်နှာပေါ်တွင် သရော်ဟန်ဖြင့် ကြည့်လိုက်သည်။ သူ့မျက်လုံးများက ရုတ်တရက် အေးစက်သွားကာ သူ့ပုံရိပ်က ပစ်လွှတ်သွားပြန်သည်။
နူးညံ့သိမ်မွေ့သော မိန်းမဆန်ဆန် အမျိုးသားသည် ယွမ်ရှီရှီကို သတ်ဖြတ်ရန် တိုက်ခိုက်ခဲ့ သည်။ ယင်းမှတဆင့် သူသည် ကြင်နာတတ်သူ မဟုတ်ကြောင်း ထင်ရှားသည်။ ထိုသို့သော လူမျိုး၏ ဦးခေါင်းကို ဖြတ်တောက်ရသော်လည်း ချင်ယွင်သည် အနည်းငယ်မျှ အပြစ်ရှိသည်ဟု မခံစားရပေ။
ဝှီး...။
ချင်ယွင်၏ပုံရိပ်သည် ထက်ရှသောဆေဘာကဲ့သို့ လေဟာနယ်ကို တိုက်ရိုက် ချိုးဖျက်ပြီး မိန်းမဆန်ဆန် အမျိုးသားနောက်သို့ လိုက်ပါသွားခဲ့သည်။ သူ့လက်ထဲမှ နတ်ဘုရား ဆေဘာက နှလုံးတုန်လှုပ်စေသည့် စွမ်းအင်တက်ကျလှိုင်းများ ရှိနေခဲ့သည်။
"ငါက ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်ရဲ့ လက်ရွေးစင်တပည့် တစ်ယောက်ပဲ။ တကယ်လို့ မင်း ငါ့ကိုသတ်ရင် ခေါင်းလောင်းလေနတ်နန်းက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး။ ငါတို့ ဒီမှာရပ်ပြီး ဘာမှမဖြစ်ခဲ့သို ဟန်ဆောင်နေလိုက်မယ်။" ထိပ်တန်း အမြန်နှုန်းဖြင့် တဟုန်ထိုး ဖြတ်သန်းလာသော ချင်ယွင်ကိုကြည့်ရင်း မိန်းမဆန်ဆန် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကြားတော့ ချင်ယွင်က မထီမဲ့မြင် ပြုံးလိုက်ပါသည်။
ဘာမှမဖြစ်ခဲ့ဘူး။ ဟုတ်လား။ ဘယ်လိုလုပ် ဒီလောက် လွယ်ကူပါ့မလဲ။
"နတ်ဘုရားနန်းတော်ရဲ့ လက်ရွေးစင်ဆိုတဲ့ အဆင့်အတန်းက အလွန်မြင့်မားလို့လား။ ဒါက ကောင်းကင်နတ်ဘုရား ရှစ်ပါးနဲ့ နှိုင်းယှဉ်နိုင်လို့လား။” ချင်ယွင်သည် အဆုံးမဲ့ လှောင်ပြောင်နေခဲ့ပြီး သူ့ပုံရိပ်က ဆက်လက်နီးကပ်လာပြီး, ရပ်တန့်ရန် အရိပ်အယောင် အနည်းငယ်မျှ မပြခဲ့ဘဲ ပြန်မေးလိုက်သည်။
ထိုစကားကြားတော့ မိန်းမဆန်ဆန် အမျိုးသား၏ အမူအရာက ချက်ချင်း မည်းမှောင်သွား သည်။
နတ်ဘုရားနန်းတော်၏ လက်ရွေးစင်များ၏ အဆင့်အတန်းသည် ကောင်းကင်နတ်ဘုရား ရှစ်ပါးထက် သဘာဝအတိုင်း နိမ့်ကျပါသည်။ သူ့ရှေ့မှလူသည် နတ်ဘုရားနန်းတော်မှ ကောင်းကင်နတ်ဘုရား ရှစ်ပါးတွင် အပါဝင်ဖြစ်သည့် ကောင်းကင်နတ်ဘုရားနှစ်ပါး၏ သားတော်များကိုပင် သတ်ဖြတ်ဝံ့သူ ဖြစ်သည်။ ထိုကြောင့်, သူသည် သူအား အဘယ်ကြောင့် မသတ်ဝံ့မည်နည်း?။
သို့သော် သူသည် ထိုကဲ့သို့ မသေချင်ပါ။
"မင်း ငါ့ကို မသတ်သရွေ့, ငါ မင်းကို အလယ်အလတ်အဆင့် နတ်ဘုရားဆေးလုံးကို ငါ ပေးမယ်။" မိန်းမဆန်ဆန်အမျိုးသားက ကမန်းကတန်း ပြောလိုက်သည်။
"မင်းကို ငါသတ်လိုက်ရင်တောင် မင်းရဲ့နတ်ဘုရားဆေးလုံးက ငါ့အပိုင်ဖြစ်နေတုန်းပဲလေ" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။ ထိုအခိုက်အတန့်တွင် သူ့ပုံရိပ်သည် မိန်းမဆန်ဆန် အမျိုးသားကို မှီသွားပြီ ဖြစ်သည်။ သူ့လက်ထဲမှ နတ်ဘုရားဆေဘာသည် မိန်းမဆန်ဆန် အမျိုးသားဆီသို့ ချက်ချင်း ခုတ်ပိုင်းသွားပြန်သည်။
ဖျက်ဆီးခြင်းဓား။
မျဉ်းစောင်းတစ်ချက်နှင့်အတူ ဆေဘာအလင်းက ဝှေ့ဝိုက်ကာ ဖြတ်သန်းသွားပြီး၊ ထိုမျဉ်းစောင်းခုတ်ချက်က မိန်းမဆန်ဆန် အမျိုးသား၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား မြှုပ်နှံရန် ချည်နှောင်လာသည်။
ချင်ယွင်က သူ့ကို လွှတ်မပေးချင်သည့် အနေထားကို တွေ့လိုက်ရသည်နှင့် မိန်းမဆန်ဆန် နူးညံ့သိမ်မွေ့သော အမျိုးသား၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်တွေ ထွက်ပေါ်လာပြီး အော်ပြောလိုက်သည် "ဒါဆိုလည်း သွားသေလိုက်တော့"
မိန်းမဆန်ဆန် အမျိုးသား၏ ကျယ်လောင်သော ဟိန်းဟောက်သံ ထွက်ပေါ်လာပြီးနောက်၊ ချင်ယွင်၏ရှေ့ရှိ လေဟာနယ်သည် ချက်ချင်းပင် ပြင်းထန်စွာ တုန်ခါလာသည်။ လေဟာနယ် ဝဲဂယက်တစ်ခုသည် ကောင်းကင်ယံမှ တိုက်ရိုက် ပျံထွက်သွားပြီး သူခုတ်ပိုင်းလိုက်သော ဆေဘာအလင်းသည် ထိုလေဟာနယ် ဝဲဂယက်အတွင်းမှာ တိုက်ရိုက် ပြိုကွဲသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်သည် မျက်မှောင်ကြုတ်သွားသည်။
သို့သော်လည်း ထိုအရာမပြီးဆုံးခင်မှာ ထိုလေဟာနယ် ဝဲဂယက်သည် ချင်ယွင်ဆီသို့ အမှန်တကယ် ပြေးလာခဲ့သည်။ ၎င်းသည် ချင်ယွင်ကို ဆုတ်ဖြဲလိုသည့်အလား, ပတ်ဝန်းကျင် လေဟာနယ်ထဲမှ ပြင်းထန်သော စုတ်ဖြဲခြင်းစွမ်းအားတစ်ခု ထွက်ပေါ်လာ သည်။
ပြင်းထန်သော စုတ်ဖြဲခြင်း စွမ်းအားသည် သူ့ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်စေပြီး ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း တချို့မှာဆို သွေးစက်လေးများပင် စိမ့်ထွက်လာသည်။ ထိုစုတ်ဖြဲခြင်းစွမ်းအားသည် အလွန် အစွမ်းထက်သည်ကို တွေ့မြင်နိုင်သည်။
"ဟား..၊ ဟား....၊ ဒီလှုပ်ရှားမှုက ငါ့ရဲ့ လေဟာနယ်လျှို့ဝှက်ပညာရပ်ထဲက အဆုံးစွန်သော သတ်ဖြတ်ခြင်း လှုပ်ရှားမှုပဲ။ ငါ အခု ငါ့ရဲ့ စွမ်းအားထက်ဝက်လောက်ကိုသာ အသုံးချ နိုင်ပေမယ့် မင်းကို သတ်ပစ်ဖို့တော့ လုံလောက်နေပါပြီ။ မင်းက ငါ့ကို ဒီလိုလုပ်ဖို့ တွန်းအားပေးခဲ့တာပဲ။" မိန်းမဆန်ဆန် အမျိုးသားသည် ရက်စက်သော အမူအရာဖြင့် အော်ပြောလိုက်သည်။ သူ့နားနှစ်ဖက်, မျက်စိနှစ်ဖက်, နှားခေါင်းပေါက်နှစ်ခုနှင့် ပါးစပ်ပေါက်အပါဝင် ဒွါရခုနစ်ပေါက်မှ သွေးများ စီးထွက်နေသော်လည်း သူသည် အရူးအမူး ရယ်မောနေသေးသည်။
ဤလှုပ်ရှားမှုကို အသုံးပြုခြင်းသည် သူ့အတွက်လည်း ကြီးကြီးမားမား ထိခိုက်မှု ဖြစ်ပေါ်စေကြောင်း ထင်ရှားသည်။
သို့သော်၊ ထိုလှုပ်ရှားမှု၏ စွမ်းအားက တကယ်ကို ထူးခြားပါသည်။
"ဘန်း”။
ချင်ယွင်၏ ဘယ်ဘက်လက်မောင်းသည် လေဟာနယ်ဝဲဂယက်အတွင်းရှိ ပြင်းထန်သော ဆုတ်ဖြဲခြင်းစွမ်းအားဖြင့် တိုက်ရိုက် ဖိနှိပ်ခံထားရသည်။ လက်မောင်းထံမှ သွေးတစ်စက်တောင်မှ မထွက်နိုင်ပေ။ ထို့အပြင်၊ ပတ်ပတ်လည်မှ စွမ်းအားများသည် ချင်ယွင်ကို လုံးလုံးလျားလျား ဖိညှစ်ထားသကဲ့သို့ သူ့တစ်ကိုယ်လုံးကို ပုံပျက်သွားစေကာ ချင်ယွင်ကို ကြိတ်ချေသည့်အခြေအနေဆီသို့ တွန်းပို့နေဆဲ ဖြစ်သည်။
ထိုပြင်းထန်သော စုတ်ဖြဲခြင်းစွမ်းအားကို ချိုးဖျက်ရန် အလွန်ခက်ခဲသည်။ နစ်မြုပ်ပြီးသည် နှင့် လုံးဝ သေဆုံးသည်အထိ ဆွဲညှစ်ထားခြင်း ခံရမည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော စုတ်ဖြဲခြင်းစွမ်းအား ဖြင့် ချည်နှောင်ခံထားသည်။ ကံကောင်းထောက်မစွာ၊ ဤမိန်းမဆန်ဆန် အမျိုးသား၏ လေဟာနယ်ဆိုင်ရာ နတ်ဘုရားစွမ်းရည်သည် အထွတ်အထိပ်သို့ မရောက်သေးပါ။
အကယ်၍, သူသာ ဤနတ်ဘုရားစွမ်းရည်ကို အမှန်တကယ် ကျွမ်းကျင်နေပါက၊ သူသည် ချင်ယွင်ကို ယခုအချိန်အထိ တောင့်ခံထားနိုင်ရန် ခွင့်ပြုပေးဖို့ မဖြစ်နိုင်ပေ။ ယင်းအစား သူသည် ချက်ချင်း သတ်ခံရလိမ့်မည်။ ဤသည်မှာ လေဟာနယ်ဆိုင်ရာ နတ်ဘုရား စွမ်းရည်တစ်ခု၏ ကြောက်မက်ဖွယ် အသွင်အပြင် ဖြစ်ပါသည်။
"ဟား…၊ ဟား..၊ အယုတ်တမာကော်, မင်း ဆုံးခန်းတိုင်သွားပြီ။ ဒီလေဟာနယ်ဝါးမျိုခြင်းက မင်း တောင့်ခံနိုင်တဲ့အရာ မဟုတ်ဘူး။ ခဏစောင့်ဦး။ ပြီးရင် ဒီလေဟာနယ် ဝဲဂယက်ကြီး က မင်းကို ဝါးမျိုပစ်လိမ့်မယ်” မိန်းမဆန်ဆန် အမျိုးသားသည် ချင်ယွင်၏အလောင်းကို ကြိုမြင်နေသည့်အလား ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ချင်ယွင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး၊ သူ့မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။
"လေဟနာတွင်းနက်?"
ရုတ်တရက် ချင်ယွင်၏ ပါးစပ်ထောင့်က လှောင်ရယ်သံဖြင့် ထွက်လာသည်။ ထို့နောက် သူ၏လက်ထဲမှ နတ်ဘုရားဆေဘာဖြင့် လေဟာနယ် တွင်းနက်ဆီသို့ အညှာအတာမဲ့စွာ ခုတ်ပိုင်းလိုက်သည်။
"အရူးပဲ၊ တကယ်တော့ လေဟာနယ်တွင်းနက်ဆိုတာ မင်းရဲ့နတ်ဘုရားဆေဘာ ဖြိုခွဲနိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး”။ မိန်းမဆန်ဆန် အမျိုးသားက ချင်ယွင်၏လုပ်ရပ်ကို မြင်သောအခါ လှောင်ပြောင်သည့် လှောင်ပြောင်မှုကို ချက်ချင်း ထုတ်ဖော်လိုက်ပါသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် သူ၏ အပြုံးသည် ရုတ်တရက် ရပ်တန့်သွား သည်။ သူ၏ နတ်ဘုရားတန်ခိုး စွမ်းအားအားလုံးကို အသုံးပြု၍ ဖန်တီးခဲ့သော လေဟာနယ်တွင်းနက်ကြီးသည် အမှန်တကယ်ပင် ချင်ယွင်၏ဆေဘာ တိုက်ခိုက်မှု ကြောင့် နှစ်ပိုင်းကွဲသွားခဲ့သည်။ နဂိုက ကျယ်ပြန့်လာနေသော လေဟာနယ်ဝဲဂယက်ကြီး သည် တခဏချင်း ကွဲအက်သွားသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ သာမန် နတ်ဘုရားတန်ခိုး စွမ်းအားတိုက်ခိုက်မှုလေးက လေဟာနယ်တွင်းနက်အပေါ် ဘယ်လိုလုပ် သက်ရောက်မူရှိနိုင်မှာလဲ" မိန်းမဆန်ဆန် အမျိုးသားသည် အလွန်ထိတ်လန့်တုန်လှုပ်သော အမူအရာကို ထုတ်ဖော်ပြသလာပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအများဖြင့် ပြည့်နှက်နေသည်။
"ငရဲဘုရင်ကို သွားမေးလိုက်တော့” ချင်ယွင်က အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး သူ့ပုံရိပ်က နောက်ကွယ်မှာ ပုံရိပ်ယောင်အမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ့လက်ထဲက နတ်ဘုရားဆေဘာက ချက်ခြင်းပင် မိန်းမဆန်ဆန် အမျိုးသားကို အလယ်ကနေ ပိုင်းဖြတ်သွားပါသည်။