အခန်း ၁၃၃၁
Vol. 89 Ch. 1331
အခန်း (၁၃၃၁) မြေခွေးအိုကြီး။
ချင်ယွင်သည် သူ၏ဆေဘာကို ဖြည်းညှင်းစွာ ရုပ်သိမ်းပြီး လှည့်ထွက်သွားသည်။ သူ့နောက်တွင် နူးညံ့သိမ်မွေ့သော အမျိုးသားသည် အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားသော်လည်း ချင်ယွင်၏ မျက်လုံးများက လုံးဝ စိတ်လှုပ်ရှားခြင်း မရှိပေ။
တကယ်တော့၊ အစောပိုင်းက သူ ဆေဘာတစ်ချက်တည်းဖြင့် လေဟာနယ် တွင်းနက်ကြီး ကို ဖြိုခွဲနိုင်ရသည့် အကြောင်းရင်းက သူ့ကိုယ်ပိုင် နတ်ဘုရားတန်ခိုးကြောင့်မဟုတ်ဘဲ ကနဦးစကြဝဠာထဲမှ အနက်ရောင်တွင်းနက်ကြီး၏ ဝါးမျိုးခြင်းစွမ်းအားကို နတ်ဘုရား ဆေဘာနှင့် ပေါင်းစပ်ထားသောကြောင့် ဖြစ်ပါသည်။
ဤအရာသည်လည်း ချင်ယွင်၏ နောက်ဆုံးအခိုက်အတန့်မှာ ထွက်ပေါ်လာခဲ့သည့် လှုပ်ရှားမှုတစ်ခု ဖြစ်သော်လည်း မထင်မှတ်ထားသည့် အကျိုးသက်ရောက်မှုမျိုး ဖြစ်ပေါ်လာမည်ဟု သူ မျှော်လင့်မထားခဲ့ပါဘူး။
ကနဦးစကြဝဠာထဲရှိ အနက်ရောင်တွင်းနက်ကြီး၏ ဝါးမျိုခြင်း စွမ်းအားသည် ထိုမိန်းမဆန်ဆန် အမျိုးသား၏ လေဟာနယ်တွင်းနက်၏ ဝါးမျိုးခြင်း စွမ်းအားထက် သဘာဝအတိုင်း ပို၍ အစွမ်းထက်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် ထိုတွင်းနက်ကြီး၏ ဝါးမျိုးခြင်း စွမ်းအားကို နတ်ဘုရားဆေဘာနှင့် တွဲယှဉ်ထားသည်။ သဘာဝအတိုင်း၊ ထိုလေဟာနယ်တွင်းနက်ကြီးသည် ချင်ယွင်၏ နတ်ဘုရားဆေဘာကို မလှုပ်ခါနိုင်ဘဲ ချင်ယွင်၏ နတ်ဘုရားဆေဘာကြောင့် အက်ကွဲသွားခဲ့သည်။
သူသည် ဖြတ်တောက်သွားသော သူ့လက်မောင်း ပြန်လည်ရှင်သန်နိုင်စေရန်အတွက် ကြယ်နတ်ဆိုးနတ်ဘုရား စွမ်းအားကို ဖြန့်ကျက်လိုက်စဉ် ချင်ယွင်၏ မျက်လုံးများသည် အေးစက်သွားသည်။ သူ့မျက်လုံးတစ်စုံသည် အဝေးမှ ယွမ်ရှီရှီကို စိုက်ကြည့်နေပြီး အေးစိမ့်နေသည့် အေးစက်မှုအရိပ်ယောင်ကို ပေါ်လွင်စေသည်။
ထိုအခိုက်တန့်တွင်, ယွမ်ရှီရှီသည် ချင်ယွင်ကို ကြည့်လိုက်ပြီး၊ သူမနှလုံးက တုန်ခါသွား သည်။ ထိုအချိန်တွင် သူမသည် သတ်ဖြတ်လိုစိတ်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရ သည်။
ချင်ယွင်သည် သူမကို အဘယ့်ကြောင့် သတ်ဖြတ်ချင်လဲဆိုသည်ကို သဘာဝအတိုင်း သူမ သိပါသည်။ သူမသည် ဒီည ဖြစ်ပျက်သမျှ အရာအားလုံးကို စီစဉ်သူမဟုတ်သော်လည်း, အားလုံးက သူမကြောင့်ဖြစ်သည်။ ထို့အပြင်, ချင်ယွင်ကို လူအများအပြား တိုက်ခိုက် သတ်ဖြတ်လိုရသည့် အကြောင်းရင်းမှာ သူမသည် မီးပုံထဲသို့ လောင်စာထည့်ခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သူမသည် ချင်ယွင်ကို ဤနေရာသို့ မခေါ်ခဲ့ပါ၊ အကယ်၍ ဤလူများသည် ချင်ယွင်ကို သတ်ဖြတ်လိုလျှင်ပင် ၎င်းတို့သည် အလျင်အမြန် လှုပ်ရှားကြမည် မဟုတ်ပေ။
သို့သော်လည်း ချင်ယွင်၏ စွမ်းရည်သည် အမှန်တကယ် ကြီးမားသည်ဟု ယွမ်ရှီရှီက မမျှော်လင့်ခဲ့ပေ။ ရောက်လာသည့်လူတိုင်း အသတ်ခံရသည်။ သို့မဟုတ်, အခြားလူများကို ခြိမ်းခြောက်နိုင်ခဲ့သည်။ အရှေ့ပိုင်းမြစ်ဘိုးဘေးတစ်ဦးသာ အမှောင်ထဲတွင် လက်မလျှော့ ဘဲ ကျန်နေကောင်း ကျန်နေနိုင်သည်။
ယွမ်ရှီရှီသည် ချင်ယွင်ကိုကြည့်ကာ တစ်ခုခု ပြောချင်သော်လည်း သူမ မည်သို့ပြောရမည် ကို မသိပေ။
ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသောဆန္ဒက သူမကို အံ့အားသင့်စေခဲ့သည်။ ဤသည်မှာ ယောက်ျားတစ်ဦးမှ သူမအပေါ် သတ်ဖြတ်လိုသောဆန္ဒ ထုတ်ဖော် ပြသခြင်း ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ ဤအရာက သူမကို အရိုးထဲထိ အေးခဲသွားစေနိုင် သည့် သတ်ဖြတ်လိုသောဆန္ဒဖြစ်သည်။ ယင်းကြောင့်, သူမသည် ချင်ယွင်ကို ပို၍ပင် သိချင်လာစေသည်။
ယွမ်ရှီရှီကို အေးစက်စက် အကြည့်ကို ပေးပြီးနောက် ချင်ယွင်သည် သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး မိန်းမဆန်ဆန် အမျိုးသားနှင့် ဂျီရှီတို့၏ သိုလှောင်လက်စွပ်များကို စုပ်ယူလိုက်သည်။
ထိုအချိန်တွင် ချင်ယွင်သည် ယွမ်ရှီရှီကို သတ်ပစ်ရန် အမှန်တကယ် စိတ်အား ထက်သန်နေခဲ့သည်။ အဆုံးတွင်, ယွမ်ရှီရှီသည် ဤကိစ္စကို အနည်းငယ် သတိထားမိ ကြောင်း သူပြောနိုင်သေးသည်။
သို့သော် ထိုအကြောင်းကို တွေးကြည့်ပြီးနောက် သူသည် အဆင်ပြေသည်ဟု ခံစားမိသေး သည်။ သူသည် ဤအခြေအနေသို့ ရောက်ရှိနေခဲ့ပြီ။ ယွမ်ရှီရှီကို သတ်ပစ်လိုက်ခြင်းက ပိုဆိုးရုံသာရှိလိမ့်မည်။ ထိုသို့ဆိုလျှင်, သူ အရင်က သူသတ်ခဲ့သည့် လူတွေအားလုံး အချည်းနှီး ဖြစ်မသွားပေဘူးလား?။
ချင်ယွင်သည် သူသတ်ခဲ့သည့်လူများ၏ သိုလှောင်လက်စွပ် အားလုံးကို ကနဦးစကြဝဠာထဲ ကို ထည့်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်တစ်လေကိုတောင် အလွတ်မထားခဲ့ပေ။
ထိုမိန်းမဆန်ဆန် အမျိုးသားဖြစ်စေ, ဂျီရှီ၏ သိုလှောင်လက်စွပ်ဖြစ်စေ, အခွင့်အရေးရရင် လုယူရမည်ဟု လျှိုဘိုက အရင်က ပြောဖူးပါသည်။
မူလက အကယ်၍, သူတို့သာ တိုက်ခိုက်ရန် အစပျိုးလာခြင်း မပြုပါက၊ ချင်ယွင်သည် သဘာဝအတိုင်း ၎င်းတို့ကို ရှာဖွေရန် အစပြုမည် မဟုတ်သော်လည်း၊ သူတို့သည် သူ့အိမ်ပေါက်ဝသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်လာမှတော့, ချင်ယွင်က ၎င်းတို့အားလုံးကို သဘာဝအတိုင်း လက်ခံမည် ဖြစ်သည်။
ချင်ယွင်၏ ခန္ဓာကိုယ်တွင်းရှိ နတ်ဘုရားတန်ခိုးသည် အနည်းငယ် ပြန်လည် ကောင်းမွန်နေ ပြီ ဖြစ်သည်။ ထိုမှသာ သူသည် မှောင်မိုက်နေသော ညကောင်းကင်ယံကို မော့ကြည့်ရန် သူ့ခေါင်းကို မြှောက်လိုက်ပါသည်။
"ခင်ဗျား, အပြင်ထွက်ဖို့ အစီစဉ်မရှိသေးဘူးလား?။ ခင်ဗျား တကယ်ပဲ ဒီလို ခိုးကြောင် ခိုးဝှက်လုပ်ဖို့ စီစဉ်နေတာလား။" ချင်ယွင်သည် ညကောင်းကင်ကို မော့ကြည့်ပြီး လှောင်ပြောင် ပြောလိုက်သည်။
အရင်ကအရာအားလုံးက အမြည်းသက်သက် ဖြစ်သည်။ တကယ့်ပွဲကြီးပွဲကောင်းက အခုမှ စရုံရှိပါသေးသည်။ အစကနေအဆုံးထိ ချင်ယွင်၏ပြိုင်ဘက်မှာ အရှေ့ပိုင်းမြစ်ဘိုးဘေး ဖြစ်သည်။
သူတစ်ယောက်တည်းကသာလျှင် ချင်ယွင်ကို ပြင်းထန်သော အကျပ်အတည်းကို ခံစားရစေသည်။ ထို့ကြောင့် ချင်ယွင်သည် အချိန်အနည်းငယ်ကြာအောင် တမင်တကာ ရပ်တန့်လိုက်ပြီး သူ၏ ခွန်အားကို ပြန်လည်ကုစားလိုက်ခြင်း ဖြစ်သည်။ ထိုနောက်မှသာ သူသည် အသံပြုလိုက်သည်။ ရည်ရွယ်ချက်မှာ သူ့ကိုယ်သူ အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိစေပြီးမှ အရှေ့ပိုင်းမြစ် ဘိုးဘေးကို တိုက်ခိုက်ရန် ဖြစ်သည်။
"ဟား…၊ ဟား…၊ သူရဲကောင်းဆိုတာ လူငယ်တွေထဲက ထွက်ပေါ်လာတယ်ဆိုတာ တကယ်ကို မှန်တာပဲ။ နတ်ဘုရားတွေလာရင် နတ်ဘုရားတွေကို သတ်ပစ်မယ်။ ဗုဒ္ဓတွေလာရင် ဗုဒ္ဓတွေကို သတ်ပစ်မယ်။ ညီငယ်ချင်က သတ္တိကောင်းလွန်းပါတယ်။ ငါ အရှေ့ပိုင်းမြစ်ဘိုးဘေးတောင်မှ ငါ့ရဲ့သိမ်ငယ်မှုအတွက် ရှက်မိပါတယ်။"
ချင်ယွင်၏အသံ ထွက်ပေါ်သွားပြီးနောက်တွင် နက်ရှိုင်းသော အသံတစ်ခုက ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။ ဤအသံကြောင့် ချင်ယွင်က ဤလူသည် အရှေ့ပိုင်းမြစ်ဘိုးဘေး ဖြစ်သည်ကို သိရှိလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်, ပုံရိပ်တစ်ခုသည် ညအမှောင်ထုကို ဖြတ်သန်းပြီး တစ္ဆေလင်းနို့တစ်ကောင်ကဲ့သို့ ချင်ယွင်နှင့် မနီးမဝေးတွင် ပေါ်လာသည်။ ထိုလူသည် ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူ အဘိုးအို အရှေ့ပိုင်းမြစ်ဘိုးဘေးမှလွဲ၍ အခြားသူ မဟုတ်ပေ။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် အနက်ရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်။ သူသည် မျက်လုံးတစ်စုံဖြင့် ချင်ယွင်ကို ကြည့်နေသော်လည်း သူ့မျက်လုံးများ၏ နက်ရှိုင်းသောအရပ်တွင် မြေခွေးနှင့်တူသည့် ကောက်ကျစ်သည့် အရိပ်မြွက်တစ်ခု ရှိနေသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ်တွင် နှစ်သန်းပေါင်း ရာနှင့်ချီ၍ ရှင်သန်နေထိုင်နိုင်ခဲ့သည်။ ကောင်းကင်ဘုံကို အံတုနိုင်သော အသက်ကယ်နည်းလမ်းများ ကို ပိုင်ဆိုင်ထားခြင်းအပြင်, အခြားအရာများဖြစ်သည့် သူ၏ ကောက်ကျစ်မှုနှင့် သစ္စာမဲ့မူ တို့ကြောင့်လည်း သဘာဝအတိုင်း အသိအမှတ်ပြုခံရသည်။ ဤသည်မှာ သူ အသက်ကြီး သည်အထိ သူစိတ်ဝိညာဉ် တည်မြဲနေရခြင်း၏ အကြောင်းအရင်းလည်း ဖြစ်သည်။
သူသည် အသန်မာဆုံးလူတစ်ယောက် ဖြစ်ကြောင်း ထင်ရှားသော်လည်း ယခုအချိန်အထိ ပုန်းအောင်းနေခဲ့သည်။ ထိုရူထောင့်မှကြည့်လျှင် သူ မည်မျှ လိမ္မာပါးနပ်သည်ကို သိမြင်နိုင်ပါသည်။
သို့သော် သူသည် မြေခွေးအိုကြီးတစ်ကောင် ဖြစ်သည်ဆိုလျှင် ချင်ယွင်သည်လည်း မြေခွေးပျိုလေးတစ်ကောင် မဖြစ်နိုင်ဘူးလား?။
"စီနီယာ လုဟယ်က ကျွန်တော့်ကို အရမ်းကို ချီးကျူးနေပါပြီ။ စီနီယာနဲ့ ယှဉ်ရင် ကျွန်တော်က အများကြီး ငယ်ပါသေးတယ်။ ဟုတ်ပါတယ်လေ။ ယန်ဇီမြစ်ရဲ့ နောက်မှ တက်လာတဲ့ လှိုင်းလုံးတွေက ရှေ့က လှိုင်းတွေကို ရှေ့ကို တွန်းပို့ပါတယ်။ ရဲစွမ်း သတ္တိအရဆိုရင် လူငယ်တွေက စီနီယာတို့လိုလူကြီးတွေထက် ရဲရင့်နေတာ သဘာဝပါပဲ" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေး၏ မျက်လုံးများက ချက်ချင်း ကျဉ်းမြောင်းသွားသည်။ သူသည် သူ့ကို ပေါ့ပေါ့ပါးပါးပဲ ချီးကျူးခဲ့တယ်။ ဒီလူငယ်က သူ့ကို အရှက်ခွဲဖို့အတွက် တိုင်ထိပ်ပေါ် တကယ်တက်လိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။
ပြောခဲ့သည့်စကားအတိုင်းဆို, သူသည် အများကြီး အသက်ငယ်ပါသည်။ ထုံးစံအတိုင်း, သူက အသက်ကြီးသူတစ်ဦးအနေဖြင့် ပြောနေသည်။ နောက်ပိုင်းတွင် သူသည် ခေါင်းကို ဖုံးကွယ်ကာ အမြီးကို ထုတ်ပြသဟန်ဖြင့် ရုပ်ဖျက်ထားသည်။ သူသည်ပင် ထိုသို့လုပ်ပြုရန် သတ္တိမရှိပါဘူး။
မူလကတော့, သူသည် ချင်ယွင်ကို သိပ်ပြီး ဂရုမစိုက်ပေ။ သို့သော် အစောပိုင်းက ချင်ယွင် ပြသခဲ့သည့် ကောင်းကင်ဘုံကိုအန်တုနိုင်သော စွမ်းအားကြောင့် သူ့ကို အာရုံစိုက်ဖို့က လွဲပြီး သူ့မှာ ရွေးချယ်စရာ မရှိတော့ဘူး။
အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် လေဟာနယ် ထိန်းချုပ်သူတစ်ဦးပင် အသတ်ခံ ခဲ့ရသည်။ ယင်းမှတဆင့် ချင်ယွင်၏စွမ်းအားသည် အလယ်လတ် မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူထက် အားမနည်းတော့ကြောင်း ရှုမြင်နိုင်သည်။
"ညီငယ်ချင်က တကယ့်ကို ထူးထူးခြားခြားပဲ။ ငါက လူငယ်တစ်ဦး ဖြစ်သွားချိန်မှာ မင်းက ဘိုးဘေးတစ်ဦးနဲ့ အရမ်းတူသွားတယ်။" အရှေ့ပိုင်းမြစ်ဘိုးဘေးက ရယ်မောလိုက်သည်။ စကားတစ်ခွန်းတည်း ပြောရုံဖြင့် သူ့ကို အလွယ်တကူ ဒေါသထွက်စေနိုင်သည့် လူငယ် တစ်ဦးသည် မိုက်မဲသူတစ်ဦး မဖြစ်နိုင်ပေ။ ထို့အပြင်, သူသည် သေခြင်းတရားကို အော်ခေါ်နေသေးသည်။ သူတို့အသက်အရွယ်အရဆို, ကလဲ့စားချေခြင်း၏ ဆိုလိုရင်း အဓိပ္ပာယ်ကို ဆယ်နှစ်ကြာသော်လည်း အချိန်မနှောင်းသေးဟု နားလည်ထားသည်။ ထို့ကြောင့် သူသည် မည်သည့်လှုပ်ရှားမူမှ မပြုလုပ်ခဲ့ပေ။
ချင်ယွင်သည် အရှေ့ပိုင်းမြစ်ဘိုးဘေး၏ စကားကိုကြားသောအခါတွင် သူသည် မထင်မရှား ပြုံးလိုက်သော်လည်း သူ့မျက်လုံးများက ပို၍ပင် လေးနက်လာသည်။
"ညီငယ်ချင် မင်း ဘယ်လိုထင်လဲ။ ငါတို့နှစ်ယောက်က တာအိုရောင်းရင်းတွေဆိုမှတော့, ငါတို့အနေနဲ့ သေတဲ့အထိ တိုက်ပွဲဝင်စရာ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့မှာ တူညီတဲ့ ပန်းတိုင်တစ်ခု ရှိနေတာပဲ။ အဲဒီပန်းတိုင်ကို အချင်းချင်း မျှဝေလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ” အရှေ့ပိုင်းမြစ်ဘိုးဘေးက ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်သည်။
ယွမ်ရှီရှီသည် ထိုစကားကို ကြားလိုက်သောအခါ သူမနှလုံးသားက တုန်လှုပ်သွားသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ရည်ရွယ်ချက်ကို သူမနားလည်ပြီး မျှဝေခြင်းက မည်သည့်အရာ ကို ဆိုလိုသည်ကို သူမ သိပါသည်။ သူမ၏ လှပသော မျက်နှာသည် ဖြူဖျော့လာပြီး မျက်လုံးများက ချင်ယွင်ကို စိုက်ကြည့်နေသည်။ အကယ်၍ ချင်ယွင်သည် အရှေ့ပိုင်း မြစ်ဘိုးဘေး၏ အကြံပြုချက်ကို အမှန်တကယ် သဘောတူခဲ့ပါက သူမ၏ ကံကြမ္မာသည် အလွန်စိတ်မကောင်းဖွယ် ဖြစ်သွားမည်မှာ သေချာပါသည်။
ချင်ယွင်က ရယ်မောပြီး အရှေ့ပိုင်းမြစ်ဘိုးဘေးကို ကြည့်ကာ "အခြားသူတွေ ထိပြီးတဲ့အရာကို ကျွန်တော် မကြိုက်ဘူး" ဟု ပြောလိုက်သည်။
"ဒါဆို မင်းကို အရင်လှုပ်ရှားခိုင်းမယ်ဆိုရင်ရောကွာ” အရှေ့ပိုင်းမြစ်ဘိုးဘေးက ပြောသည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ တောက်ပလာ သည်။ သူက ဆက်ပြောသည် "ကျွန်တော့် ပစ္စည်းတွေကို တခြားလူတွေ ထိတာကိုလည်း ကျွန်တော် မကြိုက်ဘူး"
ယွမ်ရှီရှီသည် ချင်ယွင်၏စကားကို ကြားသောအခါ သက်ပြင်းတစ်ချက် ချလိုက်ပါသည်။ သူမသည် ချင်ယွင်ကို စိုက်ကြည့်ရင်း ကျေးဇူးတင်မိသော်လည်း အရှေ့ပိုင်းမြစ်ဘိုးဘေး၏ မျက်လုံးများကမူ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်လာနေသည်။