အခန်း ၁၃၃၃
Vol. 89 Ch. 1333
အခန်း (၁၃၃၃) မရဏတိုက်ပွဲ
တစ်နှစ်ပတ်လုံး သူသည် ငန်းများကို ရိုက်နှက်နေခဲ့သော်လည်း ထိုငန်းများကြောင့် မျက်စိကန်းသွားခဲ့သည်။
ချင်ယွင်၏ နှုတ်ခမ်းများသည် ခါးသီးသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ သူသည် သူ၏ကိုယ်ပွားကို ဝှက်ထားပြီး တစ်ဖက်ကို ပြင်းထန်သော ထိုးနှက်ချက် ပေးနိုင်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။ ဤနည်းလမ်းက သူ အရင်တုန်းက မကြာခဏ အသုံးပြုခဲ့သည့် နည်းလမ်းတစ်ခု ဖြစ်သည်။
ယခုမူ အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ဤလှုပ်ရှားမှုကို အသုံးပြုခဲ့ပြီး အောင်မြင်သွားခဲ့သည်။ ဤအရာကြောင့် ချင်ယွင်သည် ခါးသီးစွာ မပြုံးဘဲမနေနိုင်ခဲ့ပါချေ။
"နောက်ဆုံးတော့ ငါ သိပ်ကို ပေါ့လျော့လွန်းနေသေးတာပဲ”။ ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ကျင့်ကြံမှုသည် သူ့ထက် သာလွန်နေပြီ ဖြစ်သည်။ ထို့အပြင်၊ သူသည် အလွန်တရာမှ လိမ္မာကောက်ကျစ်သော မြေခွေးတစ်ကောင် ဖြစ်သည်။ သူ အရင်က တိုက်ခိုက်ခဲ့သည့် လူတွေနှင့် မတူပါဘူး။ ထိုလူများသည် သေသည်အထိ မည်သို့ မည်ပုံ တိုက်ရမလဲဆိုတာလောက်သာ သိထားကြပြီး၊ သူတို့ဦးနှောက်ကို မည်သို့မည်ပုံ အသုံးချရကောင်းမှန်း မသိကြပါဘူး။ ထို့ကြောင့်၊ အရှေ့ပိုင်းမြစ်ဘိုးဘေးနှင့် ပတ်သက်သည့် အခက်အခဲသည် သာမန် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် များစွာမြင့်မားပါသည်။
အခုတော့ အရှေ့ပိုင်းမြစ်ဘိုးဘေးမှာ နောက်ထပ် ကိုယ်ပွားတစ်ခုရှိနေခဲ့ပြီး၊ သူ့အခြေအနေ က ပိုလို့တောင် ဆိုးရွားလာခဲ့ပါပြီ။
ခပ်လှမ်းလှမ်းတွင် ယွမ်ရှီရှီ၏ လှပသော မျက်နှာသည် အလွန်လေးနက်သော အမူအရာ ပေါ်လာသည်။ သူမသည် ချင်ယွင်ကို ကနဦးက စုံစမ်းချင်သော်လည်း, အကယ်၍ ချင်ယွင် သေဆုံးပါက, သူမသည် ရှေးဟောင်းကျောက်စိမ်းချဉ်ဆီကို ရရှိသရွေ့, သူမသည် ချက်ချင်း ထွက်ခွာသွားမည် ဖြစ်သည်။
သို့သော် မသိနိုင်သည့် အကြောင်းပြချက်တစ်ခုကြောင့် သူမသည် ချင်ယွင်ကို မသေစေချင် တော့ပေ။ ဤအရာက ချင်ယွင်သည် အရှေ့ပိုင်းမြစ်ဘိုးဘေး၏ အကြံပြုချက်ကို သဘော မတူခဲ့သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ချင်ယွင်က သူမအား ကြည့်ရှုပုံမှာ ထူးခြားနေသောကြောင့် ဖြစ်နိုင်သည်။ သူမသည် ထိုကဲ့သို့ စူးစူးစိုက်စိုက် ကြည့်ခဲ့သော ထိုလူကို ယခုလိုပုံစံမျိုးဖြင့် ဤကမ္ဘာကြီးမှ ပျောက်ကွယ်သွားမည်ကို မသိစိတ်က မလိုလားတော့ပေ။
ထို့ကြောင့် သူမသည် အစောပိုင်းက ချင်ယွင်ကို သူမမသိစိတ်မှ အလိုလိုသတိပေးလိုက် ခြင်းသည်။ ချင်ယွင် ဒဏ်ရာရသွားသည်ကို မြင်လိုက်ရတော့ သူမသည် စိတ်မသက်မသာ ခံစားလိုက်ရသည်။
ထိုအချိန်တွင် အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ပေါ့ပေါ့ပါးပါး ပြုံးနေသည်။ သူ့မျက်လုံးထဲတွင်, သူ့ရှေ့မှ ဤကောင်စုတ်လေးသည် အရမ်းကို ငယ်နေပါသေးသည်။ ကိုယ်ပွားက သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သော်လည်း, သူသည် သူနှင့်အတူ အပြိုင်မောက်မာရန် သတ္တိရှိနေတုန်းပင်။
"ချာတိတ်လေး, အခု မင်းနဲ့ ငါကြားက ခြားနားချက်ကို သိပြီမဟုတ်လား?။ မင်းမှာ ခွန်အားအချို့ရှိရုံနဲ့ တခြားသူတွေကို နှိမ့်ချလို့ရပြီလို့ မထင်လိုက်နဲ့။ ငါ မင်းကို ပြောပြမယ်။ ဒီကမ္ဘာကြီးမှာ မင်းထက် သန်မာတဲ့သူတွေ အများကြီးပဲ။ ပြီးတော့ မင်းက နောက်ဆုံးမှာ ပုရွက်ဆိတ်တစ်ကောင်သာသာပါပဲ" အရှေ့ပိုင်းမြစ် ဘိုးဘေးနှစ်ဦးတို့သည် တစ်ချိန်တည်း တွင် စကားပြောဆိုကြပြီး ၎င်းတို့၏မျက်နှာများသည် လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေ သည်။
ထိုအချိန်တွင် ချင်ယွင်သည် မတ်တပ် ပြန်ရပ်နေသည်။ ကြယ်နတ်ဆိုးနတ်ဘုရား၏ တန်ခိုးစွမ်းအားက သူ့ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားပြီး သူ၏ခန္ဓာကိုယ်သည် အဆုံးမဲ့ နတ်ဘုရားအလင်းကို ထုတ်လွှတ်နေကာ ကွဲအက်နေသော သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်းနှင့် သူ့အလိုလို ပြန်လည်ပြုပြင်လာခဲ့သည်။
ချင်ယွင်၏ ပြန်လည်ကုသမူ အမြန်နှုန်းသည် အလယ်လတ် မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများထက် ဆယ်ဆနီးပါး မြန်ဆန်နေသည်။ ထို့ကြောင့်၊ အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် သူ့ဒဏ်ရာမှ ပြန်လည် ကောင်းမွန် ရန် အသက်ရှူချိန် အနည်းငယ် လိုအပ်မည် ဖြစ်သည်။ ချင်ယွင်အနေဖြင့်မူ ၎င်းသည် စက္ကန့်ပိုင်းမျှသာ ကြာပါလိမ့်မည်။
"ဒီကောင်းကင်ကြီးက ကြီးမားပြီး၊ ကျွမ်းကျင်ပညာရှင်တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့်, အဲဒီအထဲမှာ ခင်ဗျား မပါဝင်ဘူး။ ခင်ဗျားဆိုတဲ့ အရှေ့ပိုင်းမြစ်ဘိုးဘေးဟာ နှစ်သန်းပေါင်းရာနဲ့ချီပြီး ရှင်သန်နေထိုင်ခဲ့တယ်လို့ နာမည်ကြီးနေပေမယ့်၊ တကယ်တော့, ခင်ဗျားက အခက်အခဲကို ကြောက်ရွံ့တဲ့ လူရွှင်တော်တစ်ဦး ဖြစ်နေဆဲပဲ။ ခင်ဗျားက ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့တဲ့အခါ, ကြွက်တစ်ကောင်လို နေရာတိုင်းကို ထွက်ပြေး နေခဲ့ရတယ်။ ခင်ဗျားက အသက်အတွက် ထွက်ပြေးနေရချိန်မှာ, ခုန်ထွက်လာတတ်ပြီး အားနည်းသူတွေကို အနိုင်ကျင့်တယ်။ အစစ်အမှန် ကျွမ်းကျင်သူတွေရဲ့ အမြင်မှာ ခင်ဗျားလိုလူတစ်ယောက်က စင်မြင့်ပေါ်ကို တက်မလာရဲတဲ့အတွက် ဂရုစိုက်ဖို့ မထိုက်တန်တဲ့ လူရွှင်တော်တစ်ဦးသာသာပါပဲ။ ဒီလိုမှမဟုတ်ရင် ခင်ဗျားက ဒီလောက် အထိ အသက်ရှင်နိုင်မယ်လို့ ခင်ဗျား ထင်လား?။ ချင်ယွင်က အထင်သေးဟန်ဖြင့် လှောင်ပြောင် ပြောလိုက်သည်။ သူ့စကားတွေက အရှေ့ပိုင်းမြစ်ဘိုးဘေးထက်ပင် ပို၍ ရက်စက်သေးသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ချင်ယွင်၏စကားကိုကြားသောအခါ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်က သူ့နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။ ထိုအခိုက်တန့်တွင် နှစ်သန်း ပေါင်းရာနှင့်ချီ၍ ငြိမ်သက်နေခဲ့သော သူ၏ စိတ်နေစိတ်သဘောထားကိုပင် ထိုးဖောက် ဝင်ရောက်လာခဲ့သည်။
ချင်ယွင်၏ စကားလုံးများက သူ့စိတ်နှလုံးကို ထိုးဖောက်ဝင်ရောက်သွားသည်။ သူဆိုသည့် အရှေ့ပိုင်းမြစ်ဘိုးဘေးသည် နှစ်သန်းပေါင်းရာနှင့်ချီ၍ အသက်ရှင်နေခဲ့ပြီး၊ အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ်မှာသာ ရှိပါသေးသည်။ သူသည် ထင်ပေါ်ကျော်ကြားသော် လည်း သူ့ကျင့်ကြံမူက နိမ့်ကျနေသည်မှာ အမှန်ပင် ဖြစ်သည်။
ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်လျှင် သူသည် လီပေါင်း ၁၀၈၀၀၀မက နောက်ကျန်နေခဲ့ပါသည်။ သို့သော် ဤကိစ္စနှင့်ပတ်သက်ပြီး၊ သူ တတ်နိုင်သည့်အရာ ဘာမှမရှိပေ။ သူ့ပါရမီအရည်အချင်းက နိမ့်နေပြီး၊ အကယ်၍, နည်းလမ်းအမျိုးမျိုးကိုသာ အားမကိုးခဲ့လျှင်, သူသည် အလယ်အလတ် မြေကမ္ဘာ နတ်ဘုရားနယ်ပယ်ကိုပင် ရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။
သူသည် ဤနှစ်များ တစ်လျှောက်လုံးတွင် သူ၏ ကျင့်ကြံမှု အဆုံးသတ်သွားသည်ကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်၍၊ သူ မသေဆုံးခင် ပျော်ရွှင်မူကို ခံစားလိုသောကြောင့် အမျိုးသမီးများ အပေါ် စွဲလမ်းခဲ့ခြင်း ဖြစ်ပါသည်။
ယခုအခါတွင် ချင်ယွင်သည် သူ၏ စိတ်နှလုံးပေါ်မှ အမာရွတ်ကို ထုတ်ဖော်ပြောလာခဲ့ သည်။ သူသည် ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း?။
"မင်းက သေချင်နေတာပဲ" အရှေ့ပိုင်းမြစ်ဘိုးဘေးနှစ်ဦးတို့သည် တစ်ချိန်တည်းတွင် အော်ငေါက်လိုက်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များသည် ချက်ခြင်းပင် ပျံထွက်သွားကာ ၎င်းတို့၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးသွားကြသည်။
သူသည် သူ့ရှေ့မှ ဤလူငယ်ကို အစိတ်စိတ်အမြွှာမြွှာ အပိုင်းပိုင်း ဖြတ်တောက်ပစ်ချင်ခဲ့ သည်။
ချင်ယွင်သည် အပြေးအလွှား ပြေးဝင်လာနေသော အရှေ့ပိုင်းမြစ်ဘိုးဘေး နှစ်ယောက်ကို ကြည့်ကာ သူ့မျက်လုံးထဲတွင် အပြုံးတစ်ခုပေါ်လာသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် မြေခွေးအိုကြီး ဖြစ်သည်။ အကယ်၍ သူသည် ဆင်ခြင်တုံ တရားရှိသော အခြေအနေတွင် ရှိနေပါက၊ ချင်ယွင်၏ တိုက်ပွဲသည် အလွန်ခက်ခဲလိမ့်မည်။ နောက်ဆုံးတွင်၊ မြေခွေးအိုကြီးသည် လူများကိုဆွဲဆောင်နိုင်ရန် လှည့်ကွက်ပေါင်းများစွာ ပိုင်ဆိုင်ထားသော်လည်း ယခုအခါ ချင်ယွင်၏ဒေါသကြောင့် ကျိုးကြောင်းဆင်ခြင်းမူ ပျောက်ဆုံးသွားခဲ့ပြီး၊ ချင်ယွင်သည် များစွာ စိတ်သက်သာရာ ရသွားသော်လည်း၊ ၎င်းကို ကိုင်တွယ်ရန် ခက်ခဲနေဆဲဖြစ်သည်။
ဘန်း….။
ချင်ယွင်၏လက်ထဲမှ နတ်ဘုရားဆေဘာက ချက်ချင်းဆိုသလို ဖြတ်ပိုင်းထွက်သွားပြီး၊ တဟုန်ထိုး ပျံ့နှံ့လာသော ဆေဘာစွမ်းအားက အရှေ့ပိုင်းမြစ်ဘိုးဘေးတစ်ဦးဆီ သက်တံရောင်ကဲ့သို့ လွင့်ပျံသွားခဲ့သည်။
ချင်ယွင်၏ဆေဘာစွမ်းအားဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရသော အရှေ့ပိုင်းမြစ် ဘိုးဘေးသည် ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်ဖဝါးမှ နတ်ဘုရား တန်ခိုးက ဆေဘာအလင်းဆီသို့ ရိုက်ချလိုက်သည်။
တစ်ချိန်တည်းမှာပင် အခြားသော အရှေ့ပိုင်းမြစ်ဘိုးဘေးက ဆက်လက်တိုက်ခိုက်ပြီး၊ ချင်ယွင်ကို သတ်ပစ်လိုက်ခဲ့သည်။ သူသည် ချင်ယွင်ကို လုံးလုံး သတ်ပစ်ချင်သည်။
ဝှီး...။
အရှေ့ပိုင်းမြစ်ဘိုးဘေး၏ရုပ်အသွင်သည် ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။ သူ့လက်ထဲတွင် အနှိုင်းမဲ့ လျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရားတံဆိပ်တစ်ခုကို ဖန်တီးလိုက်ပြီး ချင်ယွင်ကို သတ်ဖြတ်လိုသည့်အတိုင်း ချင်ယွင်အား ပြင်းထန်စွာ ရိုက်ချလိုက်ပါသည်။
ချင်ယွင်သည် ကြောက်မက်ဖွယ် စွမ်းအားများ ပြည့်နှက်နေသည့် နတ်ဘုရားတံဆိပ်ကို ကြည့်လိုက်ရင် သူ့မျက်လုံးများက အလွန်ထက်ရှသော အမူအရာ ပေါ်လာသည်။
ရုတ်တရက် လျှပ်စီပြိုလဲခြင်းစွမ်းအားက ပေါက်ကွဲ ထွက်ပေါ်လာသည်။
"ဘုန်း..”။
နှစ်ဖက်စွမ်းအားများ ရုတ်တရက် အပြင်းအထန် တိုက်မိပြီး ကောင်းကင်ယံတွင် ပေါက်ကွဲ သံများ ထွက်ပေါ်လာသည်။
ချင်ယွင်သည် သူ့လက်ထဲရှိ နတ်ဘုရားဆေဘာမှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ သူသည် နောက်ပြန် လွင့်သွားကာ သူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ နတ်ဘုရားဆေဘာသည် လွင့်ပျံထွက်သွားပြီး၊ အဝေးမှတောင်နံရံကို ပွတ်တိုက်သွားသည်။ ချင်ယွင်သည်လည်း ပေတစ်သောင်း အကွာတွင် ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။
အဝေးမှ ယွမ်ရှီရှီသည် ထိုမြင်ကွင်းကို မြင်သောအခါ သူမ၏မျက်ခုံးများသည် တွန့်သွားခဲ့သည်။ တိုက်ခိုက်သင့် မသင့် တုံ့ဆိုင်းနေစဉ်မှာ သူမ၏လက်ထဲတွင် နတ်ဘုရားဓားတစ်ချောင်း ပေါ်လာသည်။
"ဟား...၊ ဟား...၊ မင်းကမှ လူရွှင်တော်တစ်ယောက်လို့ ငါ ထင်တယ်။ မင်း ငါ့ကို ရန်စနေတာလို့ ငါ မသိဘူးလို့ မင်းထင်နေတာလား" ဒါပေမယ့်, အဲလိုဆိုလည်း ဘာဖြစ်လဲ။ နောက်ဆုံးမှာ မင်းရဲ့အင်အားက ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး၊ မင်းအနေနဲ့ မင်းမှာရှိသမျှ အကုန်လုံးသုံးရင်တောင် ငါ့ကို အနိုင်ယူလို့ မရဘူး။ ခွန်အားဆိုတာက အင်အားပဲလေ" အရှေ့ပိုင်းမြစ်ဘိုးဘေးသည် သူ့မျက်လုံးများတွင် အဆုံးမဲ့ လှောင်ပြောင်မှုဖြင့် အဝေးသို့ ပြုတ်ကျသွားသော ချင်ယွင်ကို ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ဆေဘာအလင်းကို ပိတ်ဆို့ထားသော အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ဆေဘာအလင်းကို ဖြိုခွဲပြီးနောက် ချင်ယွင်ကို ထပ်မံ စိုက်ကြည့်နေခဲ့သည်။
"ဟမ့်၊ ကောင်စုတ်လေး၊ ငါ မင်းကို ငရဲဘုရင်ကိုတွေ့ဖို့ လိုက်ပို့ပေးမယ်" အရှေ့ပိုင်းမြစ် ဘိုးဘေးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ရုပ်အသွင်နှစ်ခုသည် ချင်ယွင်ဆီသို့ တစ်ဖန် ပစ်လွှတ်သွားပြီး ၎င်းတို့၏ အရှိန်အဟုန်မှာ အနှိုင်းမဲ့ ကြီးမားလှသည်။
အဝေးက ယွမ်ရှီရှီသည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် သူမမျက်လုံးထဲမှာ စူးရှသော အရိပ်အယောင်တွေ ပေါ်လာပြီး လှုပ်ရှားရန် စိတ်ပိုင်းဖြတ်လိုက်သည်။
သို့သော် သူမ ပြေးထွက်ခါနီးတွင် ကြောက်မက်ဖွယ်ကောင်းသော နဂါးဟိန်းဟောက်သံက အဝေးမှ ထွက်ပေါ်လာသည်။
"အောင်း..”
နဂါးဟိန်းဟောက်သံသည် ကီလိုမီတာ ၁၀၀၀၀ အချင်းဝက်တစ်လျှောက် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေကာ လူတို့၏နှလုံးကို တုန်လှုပ်စေခဲ့သည်။
ထို့နောက်တွင် ကြီးမားသော ခရမ်းရောင် နဂါးကြီးသည် ကောင်းကင်၌ ရုတ်တရက် ပေါ်လာသည်။ ၎င်း၏ကြီးမားလှသော ရုပ်အသွင်သည် တွန့်လိမ်လှည့်ပတ်နေသော်လည်း ၎င်းသည် ပေပေါင်းသောင်းနှင့်ချီ ဝေးကွာနေသေးသည်။
"ဘုန်း”
ဧရာမ နဂါးခြေသည်းကြီးသည် ဝှေ့ယမ်းသွားကာ အရှေ့ပိုင်းမြစ်ဘိုးဘေးနှစ်ဦးဆီသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။ နဂါးခြေသည်းပေါ်ရှိ မုန်တိုင်းသည် တောင်များနှင့် မြစ်များ၏ ဟိန်းဟောက်သံများကဲ့သို့ နားကန်းသွားလောက်သည်။