အခန်း ၁၃၃၅
Vol. 89 Ch. 1335
အခန်း (၁၃၃၅)။ ကောင်းကင်နှင့်မြေကြီး၏ပုံမှန်ပုံစံ။
ချင်ယွင်၏ နဂါးကိုယ်ကြီးသည် အောက်ရှိ အရှေ့ပိုင်းမြစ်ဘိုးဘေးအပေါ် ပြင်းထန်စွာ ဖိနှိပ်ထားသည့် မြင့်မားသော တောင်ကြီးတစ်ခုကဲ့သို့ အနှိုင်းမဲ့ စွမ်းအားကြီးမားသော နဂါးအငွေ့သက်ကို ထုတ်လွှတ်နေသည်။
ဤရှေးဟောင်း နတ်နဂါးအရိုးသည် ဘိုးနတ်နတ်ဘုရားအဆင့် နဂါးအရိုးမဟုတ်သော် လည်း၊ ၎င်းမှာ ကောင်းကင်နတ်ဘုရားအဆင့် နဂါးအရိုးတစ်ခု ဖြစ်နေပါသေးသည်။ နဂါးအရိုးအတွင်း၌ ဤအလွန်မင်း အစွမ်းထက်သော တန်ခိုးစွမ်းအားများ ပါဝင်နေသည့် ရိုးတွင်းခြင်ဆီ အပိုင်းတစ်ပိုင်း ရှိနေသေးသည်။
ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းလာသော အလင်းလုံးသည် နတ်နဂါးအရိုး၏ ရိုးတွင်းခြင်ဆီမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းသည် ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားရာ၊ ချင်ယွင် ယခင်က ခံစားခဲ့ရသော ဒဏ်ရာများသည် ချက်ချင်း ပြန်လည် ကောင်းမွန်သွားရုံသာမက၊ ချင်ယွင်၏ ခန္ဓာကိုယ်ရှိ ခွန်အားကိုလည်း မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားစေခဲ့သည်။
ဘန်း..။
ချင်ယွင်၏ ကြီးမားလှသော နဂါးခန္ဓာကိုယ်သည် အနည်းငယ် ရွေ့လျားသွားသည်နှင့်, ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
ထိုမြင်ကွင်းကိုမြင်တော့ အရှေ့ပိုင်းမြစ်ဘိုးဘေးသည် လေးနက်သည့် အမူအရာကို မထုတ်ပြဘဲ မနေနိုင်ပါချေ။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေ သော ဖိအားများက သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ခံစားလာရစေသည်။
ဘန်း…။
ထိုအချိန်တွင် ချင်ယွင်၏ကြီးမားလှသော နဂါးခြေသည်းသည် အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ကိုယ်ခန္ဓာတစ်ခုဆီသို့ တစ်ဖန် မှီသွားပြန်သည်။ ကြောက်မက်ဖွယ်ကောင်းသော နဂါးခြေသည်း၏ အရှိန်အဟုန်သည် အလွန်တရာမှ တဟုန်ထိုး ခုန်တက်သွားခဲ့သည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ထိုမြင်ကွင်းကိုမြင်သောအခါ၊ သူ၏လက်ထဲမှ နတ်ဘုရား တူကြီးကို ချင်ယွင်ဆီသို့ လှမ်းပစ်လိုက်ရင်း သူ့မျက်လုံးများက ရုတ်တရက် စူးရှလာသည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ချင်ယွင်၏ နဂါးခြေသည်းကြီးသည် ယခင်ကကဲ့သို့ အလွယ်တကူ တွန်းကန်သွားခြင်း မရှိတော့ပေ။ သူ၏နတ်တူကြီးသည် ချင်ယွင်၏ နဂါးခြေသည်းကို ထိလိုက်သည့်အခိုက်တွင်၊ နတ်ဘုရားတူကြီးသည် ချင်ယွင်၏ နဂါးခြေသည်းကြောင့် လွင့်ပျံသွားခဲ့သည်။ ၎င်းကိုယ်ထည်တစ်ကိုယ်လုံးကို ချင်ယွင်၏ နဂါးခြေသည်းကြီးက ရိုက်ချလိုက်ရာ ၎င်းသည် ဥက္ကာပျံတစ်ခုကဲ့သို့ အကွာအဝေးသို့ ပြုတ်ကျပြီး မြေပြင်ပေါ်တွင် ကြီးမားသော တွင်းနက်ဝကြီးတစ်ခု ဖန်တီးကာ ကျယ်လောင်စွာ အသံထွက်ပေါ်လာသည်။
"လခွမ်း၊ ဒီကောင်စုတ်လေးက ဘယ်လိုလုပ် ဒီလောက်သန်မာသွားတာပါလိမ့်။ စောစောကအရာက အတိအကျ ဘာလဲ?။ သူ့ရဲ့ ခွန်အားတွေကို တခဏချင်း တိုးမြင့်လာ အောင် ဘယ်လိုလုပ်လိုက်တာလဲ" လေထဲတွင် လွင့်မျောနေသော အခြားအရှေ့ပိုင်းမြစ် ဘိုးဘေးသည် သူ၏ကိုယ်ပွား လွင့်ပျံသွားသည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာက ချက်ချင်းပင် အလွန် ရှက်ရွံ့သွားပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
သို့သော်လည်း သူစကားမဆုံးခင်မှာ အဆုံးမဲ့ လေပြင်းတစ်ချက်က သူ့ဆီသို့ ပြင်းပြင်း ထန်ထန် တိုက်ခိုက်လာသလို ခံစားလိုက်ရပါသည်။ ချင်ယွင်သည် ပျံသန်းသွားပြီးနောက် သူ့ကိုယ်ပွားကို ချက်ချင်း ဖမ်းယူလိုက်သည် ။
ကြီးမားလှသော ခရမ်းရောင် နဂါးခြေသည်းကြီးသည် ခရမ်းရောင် နတ်ဘုရား အလင်းရောင်ကို ထုတ်လွှတ်လိုက်ပြီး၊ ၎င်းတွင် အလွန်သိပ်သည်းသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေသည်။ ခရမ်းရောင်အကြေးခွံများသည် သံမဏိကဲ့ သို့ဖြစ်နေပြီး၊ တားဆီးရန်မဖြစ်နိုင်သည့် ခံစားမူမျိုးကို ခံစားရစေသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ဤမြင်ကွင်းကို မြင်သောအခါ သူ၏အမူအရာသည် ပို၍ပင် လေးနက်လာသည်။ သူက ဒေါသတကြီး ကျိန်ဆဲသည် "လခွမ်း, ဒီလူကြီးက ရန်စဖို့ ဒီလောက်မလွယ်ဘူးကွ"။
ထိုအတူ၊ သူ၏လက်ထဲမှ နတ်ဘုရားတူကြိးသည် တောက်ပစွာ လင်းလက်လာပြီး ချင်ယွင်၏ ဧရာမနဂါးခြေသည်းကြီးဆီသို့ ချက်ချင်း ရိုက်ချလိုက်လေသည်။
တူရိုက်ချက်က ပစ်လွှတ်သွားပြီး၊ ကောင်းကင်တ၀က်ကို ဖုံးလွှမ်းနေသော အရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
"ဘုန်း”
ချင်ယွင်၏ နဂါးခြေသည်းကြီးသည် တူအရိပ်နှင့် အပြင်းအထန် တိုက်မိပြီး၊ တုန်ခါသံက ကျယ်လောင်စွာ ထွက်လာခဲ့သည်။
ချင်ယွင်၏နဂါးခြေသည်းသည် ပိတ်ဆို့ခံထားရပြီး၊ သူ့မျက်လုံးများတွင် အမျက်ဒေါသက တဟုန်ထိုး တိုးမြင့်လာသည်။ နဂါးအမြီးကြီးသည် အရှေ့ပိုင်းမြစ်ဘိုးဘေးဆီသို့ ချက်ချင်း ပျံသန်းသွားသည်။
ယခုတစ်ကြိမ်တွင် ချင်ယွင်သည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို တိုက်ရိုက် အသုံးပြုခဲ့သည်။ နဂါးအမြီးသည် လေထဲတွင် ထူးခြားသော ပုံရိပ်ယောင်များ အဖြစ်သို့ ပြောင်းလဲသွားပြီး အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ဆင်းသက်လာသည်။
"ဘန်း”
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် အဝေးသို့ လွင့်ပျံပြီး နတ်တောင်ကြီးကို ပစ်မှန်သွားသည့် အလား ပါးစပ်ထဲမှ သွေးများ အန်ထွက်လာသည်။ သူသည် တခဏအတွင်းမှာ နောက်သို့ ပျံတက်သွားသည် ။
ချင်ယွင်နဂါးအမြီးကြီး၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင် ကြီးမားသည်။ အလယ်အလတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးပင်လျှင်, ချင်ယွင်နဂါးအမြီးကြီး ထိမှန်ခဲ့ပါက, သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်ပြီး သူ၏နတ်ဘုရားခန္ဓာကိုယ်သည် ပြိုကွဲသွားမည် ဖြစ်သည်။
ထိုအချိန်တွင် အရှေ့ပိုင်းမြစ်ဘိုးဘေး၏ နတ်ဘုရားခန္ဓာကိုယ်သည် ပြိုကွဲသွားပြီး၊ သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကွဲအက်သွားခဲ့သည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားခဲ့ရပြီး ပြင်းထန်သော မူးဝေခြင်းကို ခံစားခဲ့ရသည်။
သို့သော်လည်း သူ နောက်ပြန် မပျံသန်းနိုင်ခင်မှာ ချင်ယွင်၏နဂါးခြေသည်းသည် လျှပ်စီး လက်သလို ထပ်မံ ထွက်ပေါ်လာပြီး အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ခန္ဓာကိုယ်ကို ၎င်း၏ ခြေသည်းများကြားတွင် တိုက်ရိုက် ဆုပ်ကိုင်ထားသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီ။ ဤအခိုက်အတန့်တွင်, သူသည် ချင်ယွင်၏နဂါးခြေသည်းကြီးဖြင့် ဆုပ်ကိုင်ခံထားရပြီး ရုန်းကန်ချင်သော်လည်း လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။
"နတ်ဆိုးသားရဲကြီး၊ ငါ့ကိုယ်ပွားကို လွှတ်လိုက်ပါ။ မဟုတ်ရင် ဒီလူကြီးက မင်းကို သင်္ချိုင်းမြေမပါဘဲ သေအောင်လုပ်ပေးရလိမ့်မယ်" ချင်ယွင်ကြောင့် အဝေးသို့ လွင့်ပျံသွားခဲ့ သော အရှေ့ပိုင်းမြစ်ဘိုးဘေးသည် တစ်ဖန် မတ်တပ်ရပ်နေပြီ ဖြစ်သည်။ သူသည် ချင်ယွင်ကို ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ သူ့မျက်လုံးများတွင် အမျက်ဒေါသနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။
ချင်ယွင်သည် သူ၏ကြီးမားသော နဂါးဦးခေါင်းပေါ်တွင် အေးစက်သော အပြုံးကို ထုတ်ဖော်ပြပြီး ထုတ်ပြောလိုက်သည် "ခင်ဗျားရဲ့ကိုယ်ပွားကို လွှတ်ပေးဖို့လား?။ သေချာတာပေါ့”။
သူ့အသံက ကျယ်လောင်ပြတ်သားပြီး ပတ်ဝန်းကျင်ကို တုန်လှုပ်စေသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ချင်ယွင်၏ စကားကို ကြားသောအခါတွင် ပျော်ရွှင်မှု အရိပ်အယောင် ပေါ်လာသည်။ ချင်ယွင်က တကယ်ကြီး သဘောတူသွားသည်ဟု သူ ထင်ခဲ့သည်မှာ ထင်ရှားသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ ချင်ယွင်၏ လုပ်ရပ်များက သူ့အား နှစ်ခြမ်းကွဲထွက်တော့မတတ် ခံစားရစေသည်။
ချင်ယွင်၏ နဂါးခြေသည်းကြီးသည် ရုတ်တရက် တင်းကျပ်စွာ ဖိညှပ်သွားပြီး သူ့လက်ဖဝါး တွင် ကိုင်ဆောင်ထားသော အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ကိုယ်ပွားသည် ချက်ချင်း သွေး အမှုန်အမွှားအဖြစ်သို့ ပြောင်းသွားခဲ့ရသည်။ ချင်ယွင်သည် ကိုယ်ပွားအတွင်းရှိ စိတ်ဝိညာဉ် ကိုပင် အလွှတ်မပေးခဲ့ပေ။ သူသည် နဂါးစွမ်းအားကို ပါးစပ်မှ မှုတ်ထုတ်လိုက်ပြီး၊ စိတ်ဝိညာဉ်ကို အပိုင်းပိုင်း ကွဲအက်သွားစေသည်။
"ဖူး”
တစ်ဖက်တွင် အရှေ့ပိုင်းမြစ်ဘိုးဘေးသည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရသည်။ သူ့ကိုယ်ပွားသည် ဖျက်ဆီးခံရလိုက်သည်နှင့် သူ့မူလခန္ဓာကိုယ်သည် သဘာဝအတိုင်း ထိခိုက်သွားရပြီး, သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ကာ၊ သူ့အကြည့်များက အဆုံးမဲ့သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ကျုပ် သူ့ကို လွှတ်ပေးလိုက်ပြီ။" ချင်ယွင်သည် အရှေ့ပိုင်းမြစ်ဘိုးဘေးကို ကြည့်ပြီး ပြုံးလိုက်သည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် မူလကတည်းက ဒေါသထွက်နေခဲ့ပြီး၊ ချင်ယွင်၏ စကားကို ကြားသောအခါ သူ့စိတ်ထဲတွင် အမျက်ဒေါသက ပို၍ပြင်းထန်လာသည်။
အဝေးမှ ယွမ်ရှီရှီသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီး သူမ၏မျက်နှာက ထိတ်လန့် တုန်လှုပ်မူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သူမသည် အလယ်လတ် မြေကမ္ဘာ နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်လျှင်ပင်၊ သူမသည် ထိုကဲ့သို့သော တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။ ချင်ယွင်၏ အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ကိုယ်ပွားကို လက်တစ်ဖက်တည်းဖြင့် ဖိချေလိုက်ခြင်းက သူမကို အဆုံးမရှိ ထိတ်လန့်စေခဲ့သည်။
အကယ်၍ သူမသည် ချင်ယွင်ကို အစောပိုင်းက တိုက်ခိုက်ခဲ့မည်ဆိုလျှင်၊ သူမ၏ ကံကြမ္မာ သည် အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ကိုယ်ပွားနှင့် အတူတူပင် ဖြစ်လိမ့်မည်။ ပိုဆိုးသည်မှာ, သူမ၏ခွန်အားသည် အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ကိုယ်ပွားထက်ပင် နိမ့်ကျနေသည်.
"ငါ မင်းကို သေစေချင်တယ်။" အရှေ့ပိုင်းမြစ်ဘိုးဘေးက ဟစ်အော်လိုက်သည်။ အဆုံးမဲ့ နတ်ဘုရားတန်ခိုးက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ နတ်ဘုရားအလင်းရောင်က ကောင်းကင်ယံတိုင် ပစ်လွှတ်သွားကာ ညကောင်းကင်တစ်ခုလုံးကို လင်းထိန်စေသည်။
ဘန်း…။
ဧရာမ နတ်ဘုရားသဏ္ဍာန်ပုံရိပ်ကြီးတစ်ခုက ကောင်းကင်ယံ၌ ပေါ်လာပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများ ထုတ်လွှတ်နေသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် လေထဲတွင် အရိုင်းဆန်စွာ ကခုန်နေပြီး သူ၏ အငွေ့အသက် သည် စိတ်နှလုံးကို တုန်လှုပ်စေပါသည်။
အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျောက်ဖြစ်ရုပ်ကြွင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးသည် မျှော်လင့်ထားသည့်အတိုင်း။ ဤနည်းပညာရပ်နှင့် အငွေ့အသက်သည် သာမန် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ပညာရှင်များနှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။ ဤအခိုက်အတန့်တွင်၊ ဤကြီးမားလှသော နတ်ဘုရားသဏ္ဍာန်ပုံရိပ်ကြီး သည် လူတိုင်း၏ဦးရေပြားကို ထုံကျင်စေသည်။
"ဒီအဘိုးကြီးက မူလက ဒီလှုပ်ရှားမှုကို မသုံးချင်ပေမယ့်, ငါ့ရဲ့ဒီလှုပ်ရှားမူကပဲ မင်းနဲ့ ယှဉ်နိုင်တော့တယ်။ အခြေအနေက ဒီလိုဖြစ်လာမှတော့, ငါ မင်းကို ငရဲကို တိုက်ရိုက် ပို့လိုက်တော့မယ်။" အရှေ့ပိုင်းမြစ်ဘိုးဘေးက ခက်ထန်စွာ အော်ပြောလိုက်သည်။ သူပြောပြီးသည်နှင့် နတ်ဘုရားစိတ်ဝိညာဉ်ပုံရိပ်ကြီးသည် နတ်ဘုရားလက်ဖဝါးကြီးကို ဆန့်ထုတ်ကာ ချင်ယွင်ဆီသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို လေးနက်သော အမူအရာဖြင့် ကြည့်နေသည်။
ဤလက်ဖဝါးတွင် ပါရှိသော စွမ်းအားသည် အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ယခင် တိုက်ခိုက်မှု များထက် အဆများစွာ ပိုမိုပြင်းထန်သည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် အမှန်တကယ် ဒေါသထွက်နေပြီး ချင်ယွင်ကို လုံးဝ သတ်ပစ်ချင်နေပုံရသည်။
သို့သော် ချင်ယွင်သည်လည်း ရန်စဖို့ လွယ်ကူသူ မဟုတ်ပေ။ သူသည် သူ့ဆီသို့ ရိုက်ချလာ သော နတ်ဘုရားလက်ဖဝါးကြီး ကြည့်လိုက်ရင်း, ကောင်းကင်ယံ တုန်လှုပ်သွားသည့် နဂါးဟိန်းဟောက်သံက ထွက်ပေါ်လာသည်။
သူသည်လည်း ကောင်းကင်နှင့်မြေကြီး၏ဖြစ်စဉ် နတ်ဘုရားစွမ်းရည်ကို တခဏချင်း အသုံးပြုလိုက်သည်။ ချက်ခြင်းပင်, ချင်ယွင်၏ နတ်ဘုရားနဂါးခန္ဓာကိုယ်ထက် အဆပေါင်း ရာနှင့်ချီ၍ ကြီးမားသော ပုံရိပ်ကြီးတစ်ခုသည် ချင်ယွင်၏ နတ်ဘုရားနဂါးကိုယ်ပေါ်တွင် ပေါ်လာသည်။
ချင်ယွင်၏ နတ်ဘုရားနဂါးကိုယ်ထည်သည် ပေပေါင်း သောင်းနှင့်ချီ၍ မြင့်မားသည်။ ယခု သူသည် ကောင်းကင်နှင့်မြေကြီး၏ဖြစ်စဉ်ကို အသုံးပြုနေချိန်တွင်၊ ထိုပုံရိပ်ကြီးသည် မည်မျှ ကြီးမားလိုက်မည်နည်း?။
ယွမ်ရှီရှီ အံ့ဩမှင်သက်သွားခဲ့သည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးလည်း မှင်သက်သွားသည်။
စာစဉ် (၈၉) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။ (၃.၁.၂၀၂၅)။