အခန်း ၁၃၃၆
Vol. 90 Ch. 1336
အဓိပတိအင်မော်တယ်သခင် (၉၀)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၃၃၆) အရှေ့ပိုင်းမြစ်ဘိုးဘေးကို မောင်းထုတ်ခြင်း။
ချင်ယွင်၏ ကောင်းကင်နှင့်မြေကြီးဖြစ်စဉ် နတ်ဘုရားစွမ်းရည်သည် ညကောင်းကင်ယံ တစ်ပြင်လုံးကို ဖုံးလွှမ်းထားခဲ့ပြီး၊ အရှေ့ပိုင်းမြစ်ဘိုးဘေးဆင့်ခေါ်သော နတ်ဘုရား ပုံသဏ္ဍာန်ကြီးထက် အဆပေါင်းများစွာ ပိုကြီးမားသည်။
ချင်ယွင်သည် သူ၏နဂါးခြေသည်းကြီးကို ဆန့်ထုတ်လိုက်ပြီး နတ်ဘုရားစိတ်ဝိညာဉ် လက်ဖဝါးကြီးကို တိုက်ရိုက် ပုတ်ချလိုက်သည်။ သူ့နောက်မှ ကမ္ဘာမြေပုံရိပ်ကြီးလည်း တခဏချင်း ရွေ့လျားသွားပါသည်။
"ဘုန်း”
ချင်ယွင်၏ နဂါးခြေသည်းကြီးသည် နတ်ဘုရားစိတ်ဝိညာဉ် လက်ဖဝါးကြီးနှင့် တိုက်မိပြီး ကောင်းကင်ယံ၌ ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။
တခဏတွင်းမှာပင်, ကြီးမားလှသော နတ်ဘုရားတန်ခိုး လှိုင်းလုံးကြီးများသည် သူတို့နှစ်ဦး အပြင်းအထန် တိုက်မိရာ အနီးတစ်ဝိုက်ကို ဗဟိုပြု၍ ထွက်ပေါ်လာခဲ့ပြီး၊ အနီးပတ်ဝန်းကျင်ရှိ နတ်တောင်များသည် ကွဲအက်သွားခဲ့သည်။
ထိုတိုက်ပွဲကြောင့် နတ်ဘုရားမြို့သူမြို့သားများသည် သတိထားမိသွားကြီး၊ ထိုတုန်လှုပ် ချောက်ချားစရာကောင်းသည့် တိုက်ပွဲကို ကြည့်ရှုရင်း မိုင်တစ်ရာအကွာမှာ ပုန်းအောင်းနေကြရပါသည်။
မြေကမ္ဘာနတ်ဘုရားအဆင့်တိုက်ပွဲများသည် နတ်ဘုရားမြို့များ၌ အလွန်ရှားပါးသည်။
သာမာန်အားဖြင့်၊ နတ်ဘုရားမြို့တော်တွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသော်လည်း၊ ချင်ယွင်နှင့် အခြားသူများသည် အချိန်အတော်ကြာ တိုက်ပွဲဝင်နေကြသည်တိုင် ၎င်းတို့ကို တားဆီးရန် မည်သူမျှ ထွက်မလာပေ။ နတ်ဘုရားမြို့တော်မှ တုံ့ပြန်မှု မရှိသည်မှာ ထင်ရှားပါသည်။
ဘာကြောင့်ပါလဲ?
အကြောင်းကတော့ ဂျီရှီ၊ ကျန်းယုနှင့် တခြားသူတွေ အားလုံး ဤနေရာ၌ သေဆုံးသွား သောကြောင့် ဖြစ်ပါသည်။ အကယ်၍, နတ်ဘုရားမြို့တော်သည် ယခုအခါ သူတို့နှင့် တိုက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်လိုက်မည်ဆိုပါက၊ ၎င်းတို့အတွက် ဒုက္ခဖြစ်စေမည်မှာ သေချာပါသည်။
ကြယ်အလင်းမြို့တော်၏ မြို့တော်သခင်သည် ကြယ်အလင်းမြို့တော်မှ ထွက်ခွာရန် အတွက် အကြောင်းပြချက်ရှာရန် ဖြစ်နိုင်သမျှ နည်းလမ်းများကို သေချာပေါက် တွေးနေမှာ ကိုပင် စိုးရပါသည်။ ဒါမှသာ, အထက်လူကြီးများက သူ့ကို မေးခွန်းထုတ်သောအခါ ငြင်းဆိုရန် ဆင်ခြေရှိလာလိမ့်မည်။ မဟုတ်ပါက၊ ကောင်းကင်နတ်ဘုရားရှစ်ပါးဝင်, ကောင်းကင်နတ်ဘုရားနှစ်ပါး၏ သားတော်များသည် ဤနေရာတွင် သေဆုံးသွားခဲ့ပြီး၊ ကြယ်အလင်းမြို့တော်၏ မြို့တော်သခင်တွင် ခေါင်းဆယ်လုံးရှိနေလျှင်ပင် ၎င်းတို့ကို ဖြတ်တောက်ရန် လုံလောက်မည် မဟုတ်ပေ။
ထို့အပြင် အရှေ့ပိုင်းမြစ်ဘိုးဘေးသည်လည်း ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည်။ ဤကဲ့သို့ နှောင်ဖွဲ့ကင်းသည့် နတ်ဘုရားတစ်ပါးနှင့် ပြဿနာတက်လိုသည့် မြို့တော်သခင် မရှိသလောက်ပင်။ အဆုံးတွင်, ခြေဗလာနှင့်လူများသည် ဖိနပ်စီးရမည်ကို မကြောက်သလို ပင်။ ထို့ကြောင့် ကြယ်အလင်းမြို့တော် မြို့တော်သခင်သည် မည်သူ့အတွက်ကြောင့်မှ သူတို့ကို တားဆီးဖို့ ရပ်တည်ပေးခြင်း မရှိတော့ပါဘူး။
"ဘုန်း… ဘုန်း… ဘုန်း… ဘုန်း…”
ယခုအချိန်တွင်၊ ချင်ယွင်၏ ကောင်းကင်နှင့်မြေကြီးဖြစ်စဉ်သည် အရှေ့ပိုင်းမြစ် ဘိုးဘေး နတ်ဘုရားအသွင်ပြင်ကြီးနှင့် လုံးလုံးလျားလျား တိုက်ခိုက်နေပြီ ဖြစ်သည်။ ကြောက်စရာ ကောင်းသော နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျလှိုင်းများသည် ပတ်ဝန်းကျင်ကို တုန်လှုပ်စေခဲ့သည်။
ချင်ယွင်၏ကြီးမားလှသော နဂါးခန္ဓာကိုယ်သည်လည်း အရှေ့ပိုင်းမြစ်ဘိုးဘေးနှင့် ထပ်မံ တိုက်ခိုက်ခဲ့သည်။ အရှေ့ပိုင်းမြစ်ဘိုးဘေးသည် လျှို့ဝှက်နည်းပညာကို အသုံးပြုခဲ့သည်မှာ ထင်ရှားပြီး၊ သူ၏ခွန်အားမှာလည်း အလွန်တိုးမြင့်လာခဲ့သည်။ ဤအခိုက်အတန့်တွင်၊ သူသည် သူ၏နတ်ဘုရားတူကြီးကို ကိုင်လိုက်ပြီး ချင်ယွင်၏ နဂါးခြေသည်းများနှင့် အဆက်မပြတ် ထိပ်တိုက်တွေ့ကာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် နှစ်သန်းပေါင်း ရာနှင့်ချီ၍ ရှင်သန်နေထိုင်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူသည် ချင်ယွင်နှင့်ပတ်သက်ပြီး လှည့်ကွက်အနည်းငယ် ချန်ထားရန်ပင် မလိုအပ်တော့ပေ။ ထို့ကြောင့်၊ ဤအခိုက်အတန့်တွင် အဆုံးမရှိသော နတ်ဘုရား တန်ခိုးများ ပေါ်လာသည်။ ချင်ယွင်တောင်မှ သူနှင့် ဆက်ဆံရတာ အနည်းငယ် ပင်ပန်းလာခဲ့သည်။
အဝေးမှာရှိနေသည့် ယွမ်ရှီရှီသည် လုံးဝ မှင်သက်ပြီး အံ့အားသင့်နေခဲ့သည်။ အစကတည်း က အခုချိန်ထိ ချင်ယွင်က သူမကို အရမ်းကို တုန်လှုပ်စေခဲ့သည်။
"အဆုံးသတ်ဖို့ အချိန်တန်ပြီ။"
ချင်ယွင်နှင့် တိုက်ခိုက်နေသော အရှေ့ပိုင်းမြစ်ဘိုးဘေးသည် ရုတ်တရက် ဒေါသတကြီး အော်ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာပြီး ချင်ယွင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်။
ချင်ယွင်သည် ပြင်းထန်သော ဘေးအန္တရာယ်ဆိုးကြီးကို ခံစားလိုက်ရသည်။ အပေါ်သို့ ပျံတက်သွားသော နတ်ဘုရားအလင်းတန်းသည် သူ့နှလုံးသား အောက်ခြေမှပင် တုန်လှုပ် သွားစေသည်။
အကယ်၍, ဤနတ်ဘုရားအလင်းတန်းသာ သူ့ခန္ဓာကိုယ်ကို ထိမှန်သွားပါက၊ သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ချက်ချင်း ကွဲအက်သွားမည်ဖြစ်ပြီး၊ ကနဦးစကြာဝဠာ ပင်လျှင် ပြိုကျသည့် လက္ခဏာများ ပြသမည်ဟု သူ သေချာပေါက်သိသည်။
ဘန်း…။
နတ်ဘုရားအလင်းတန်းသည် လျင်မြန်စွာ ရောက်ရှိလာပြီး ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
"အချိန်ရပ်တန့်ခြင်း”
ချင်ယွင်သည် ၎င်းအား လျစ်လျူရှုရန် မဝံ့မရဲဖြစ်ပြီး၊ အချိန်ရပ်တန့်ခြင်း နတ်ဘုရား စွမ်းရည်ကို တိုက်ရိုက် အသုံးချလိုက်ရသည်။ ထို့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် ယခုအချိန်တွင် အေးခဲသွားလေသည်။
ပတ်ဝန်းကျင်ရှိ အရာအားလုံး ရပ်တန့်သွားသည်။ နတ်ဘုရားအလင်းတန်းသည် ချင်ယွင်၏ မျက်ခုံးနှင့် သုံးလက်မအကွာမှာ ရပ်တန့်သွားခဲ့သည်။
ထိုမှသာ ချင်ယွင်သည် ဤနတ်ဘုရားအလင်းတန်း၏ အသွင်အပြင် အစစ်အမှန်ကို မြင်နိုင်လေသည်။ ၎င်းသည် နတ်ဘုရားမြှားတစ်စင်း ဖြစ်သော်လည်း ၎င်းသည် သာမန် နတ်ဘုရားမြှားများနှင့် ကွဲပြားသည်။ ၎င်းမြှားပေါ်မှာ လေးနက်ပြီး ရှေးဟောင်း နတ်ဘုရား မှော်သင်္ကေတများဖြင့် ဖုံးအုပ်ထားသည်။ နတ်ဘုရား မှော်သင်္ကေတများသည် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ကောင်းကင်နတ်ဘုရားအဆင့်အောက် ကျွမ်းကျင်သူများကို ချက်ချင်း သတ်ပစ်နိုင်သည့် အစွမ်းထက်သော လူသတ်လက်နက်ဖြစ်ကြောင်း ထင်ရှားပါသည်။
သို့သော် ဤပစ္စည်းကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်မှာ ထင်ရှားပါသည်။ ၎င်းသည် အလွန်အဖိုးတန်သော အသက်ကယ်လက်နက်တစ်ခု ဖြစ်သည်။
ဘန်း…။
ချင်ယွင်သည် သူ့နှလုံးသားထဲတွင် ပျော်ရွှင်မှုများစွာကို ခံစားလိုက်ရသည်။ သူသည် ဤနတ်ဘုရားမြှားကို တိုက်ထုတ်ရန် သူ့ခွန်အားကို မောက်မာစွာ အသုံးမပြုမိသည့် အတွက် ဝမ်းမြောက်မိသည်။ မဟုတ်ရင်, တကယ်ကို မှန်းဆ၍မရသည့် အကျိုးဆက်များ ဖြစ်လာပါလိမ့်မည်။
ချင်ယွင်၏စိတ်ဝိညာဉ်သည် ကနဦးစကြဝဠာထဲတွင် ဖုံးကွယ်ထားသော်လည်း ၎င်းသည် ဘေးကင်းပြီး ယုံကြည်စိတ်ချရသည် မဟုတ်ပေ။ ကနဦးစကြဝဠာသည် မရင့်ကျက်သေး ပါ။ အလွန်ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုနှင့် ရင်ဆိုင်ရသောအခါတွင် ကနဦးစကြဝဠာ လည်း ပြိုလဲသွားမည် ဖြစ်သည်။ ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ပျက်စီးသွားလိမ့်မည်မှာ သေချာသည်။ သူ့စိတ်ဝိညာဉ်သည် ကနဦးစကြဝဠာနှင့်အတူ ပြိုလဲသွားမည် ဖြစ်သည်။ ထိုအချိန်တွင် ချင်ယွင်သည် အမှန်တကယ်ပင် သေဆုံးသွား ပေလိမ့်မည်။
ဝှီး..။
ချင်ယွင်သည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို အလျင်အမြန် အသုံးပြုကာ ဘေးတဖက်သို့ ရှောင်တိမ်းသွားခဲ့သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်သည် ၉၀ ရာခိုင်နှုန်းအထိသာ ရှိပါသေးသည်။ နောက်ဆုံး ပြီးပြည့်စုံခြင်းနယ်ပယ်သို့ မရောက်ရှိသေး ပါ။ ထိုသို့မဟုတ်လျှင်, သူသည် အချိန်ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးမချခဲ့လျှင် ပင် ချင်ယွင်သည် ထိုမြှားကို ရှောင်နိုင်ပါသေးသည်။
ချင်ယွင်၏ရုပ်အသွင်သည် အရှေ့ပိုင်းမြစ်ဘိုးဘေးဆီသို့ တည့်တည့် တိုးဝင်သွားသည့် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါသည်။ သိမ်မွေ့နက်ရှိုင်းသော အလင်းတန်း ဆယ့်နှစ်ခုသည် သူ့ဘေးတွင် ပေါ်လာပြီး အရှေ့ပိုင်းမြစ်ဘိုးဘေးဆီသို့ ပစ်လွှတ်လိုက် သည်။
ထိုသိမ်မွေ့နက်ရှိုင်းသော အလင်းတန်းဆယ့်နှစ်ခုသည် သဘာဝအတိုင်း ကျိုးပဲ့နေသော ဓားအပိုင်းအစများ ဖြစ်ပြီး၊ ၎င်းတို့သည် အနက်ရောင် နတ်ဘုရားကျောက်တောင်ထိပ်မှ ချင်ယွင်ရရှိသည့် ကျိုးပဲ့နေသော ဓားအပိုင်းအစများ ဖြစ်ကြသည်။ ၎င်းတို့တွင် ဘိုးဘေနတ်ဘုရား ချန်ထားခဲ့သော ဓားဆန္ဒများ ပါ၀င်နေပြီး အလွန်ကြောက်စရာကောင်းသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် သူ့ကိုသတ်ဖြတ်ရန် နတ်ဘုရားမြှားကို အသုံးပြုခဲ့သည်။ ထို့ကြောင့်, သူသည် နတ်ဘုရားဓားအပိုင်းအစများဖြင့် သဘာဝအတိုင်း ပြန်လည် တိုက်ခိုက်နိုင်ခဲ့သည်။
ဘန်း..။
လေဟာနယ်နှင့် အချိန်တို့၏ ငြိမ်သက်မှုကို ရုတ်သိမ်းလိုက်ပြီး ပတ်ဝန်းကျင်က ပြန်လည် အသက်ဝင်လာသည်။
နတ်ဘုရားအလင်းမြှားသည် အဝေးသို့ ကျရောက်ပြီး နတ်တောင်ငါးတောင်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။ ထိုမှသာ မြေကြီးထဲသို့ ပျောက်ကွယ်သွားပြီး၊ နတ်တောင်ငါးစလုံး လည်း ပေါက်ကွဲသွားလေသည်။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် သူ၏ နတ်ဘုရားမြှား အမှန်တကယ် ကျရှုံးသွားသည်ကို တွေ့လိုက်ရတော့ အလွန်မင်း အံ့အားသင့်သွားသည်။
သို့သော်လည်း သူသည် နောက်ထပ် တစ်စုံတစ်ရာကို မတွေးတောနိုင်ခင်မှာ သူ့ဦးရေပြား ကို ပေါက်ကွဲသွားစေလောက်သည့် ဓားဆန္ဒကို ခံစားလိုက်ရသည်။
လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်း ဆယ့်နှစ်သွယ်သည် မတူညီသော လမ်းကြောင်း ဆယ့်နှစ်ခုမှ သူ့ဆီသို့ ပျံသန်းလာခဲ့သည်။ ၎င်းတို့မှာ ပါသော ဓားဆန္ဒက သူ့နှလုံးသားကို ရင်တုန်သွားစေသည် ။
"ဘန်း..”။
အရှေ့ပိုင်းမြစ်ဘိုးဘေးသည် အလွန်မင်း စိုးရိမ်နေပါသည်။ သူသည် ပိတ်ဆို့တားဆီးရန် သူ့လက်ထဲမှ နတ်ဘုရားတူကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း သူသည် ဓားအပိုင်းအစနှစ်ခုကို မပိတ်ဆို့နိုင်ခင်မှာ သူ့လက်ထဲတွင်ရှိသော နတ်ဘုရားတူသည် ပျံသန်းသွားခဲ့ပြီ ဖြစ်သည်။ သို့သော်၊ ကျန်နတ်ဘုရားဓားအပိုင်းအစများသည် သူ၏ နတ်ဘုရားခန္ဓာကိုယ်ကို ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။
နတ်ဘုရားဓားအပိုင်းအစများတွင်ပါရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ဓားဆန္ဒသည် အရှေ့ပိုင်းမြစ်ဘိုးဘေး၏ခန္ဓာကိုယ်ကို ဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီး အရှေ့ပိုင်းမြစ် ဘိုးဘေးသည် ပြင်းထန်စွာ နာကျင်သွားကာ နှိုင်းစာ၍မရသည့် နာကျင်စွာ ညီးညူ အော်ဟစ်သံကို ထွက်ပေါ်လာစေခဲ့သည်။
ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်နဂါးကြီး၏ မျက်လုံးထဲမှာ အပြုံးတစ်ခု ပေါ်လာပါသည်။
ဤနတ်ဘုရား ဓားအပိုင်းအစများတွင်ပါရှိသော ဓားဆန္ဒကို သူအရင်က ခံစားခဲ့ဖူးသည်။ အလယ်အလတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကို မဆိုထားနှင့်, နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ် သို့မဟုတ် အထွက်အထိပ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများပင် ထိုကဲ့သို့ တိုက်ခိုက်ခံရပါက သနားစဖွယ် ရလာဒ်ကို ခံစားရမည် ဖြစ်သည်။
သို့သော်၊ အရှေ့ပိုင်းမြစ်ဘိုးဘေး၏ ခန္ဓာကိုယ်သည် လုံးလုံးပြိုကျလုနီးပါး ဖြစ်နေချိန်တွင်၊ သူ့မျက်ခုံးကြားမှ နတ်ဘုရားအလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ် ရှိ ဓားအပိုင်းအစအားလုံးကို သူ့ခန္ဓာကိုယ်မှ တွန်းထုတ်လိုက်သည်။ အရှေ့ပိုင်းမြစ် ဘိုးဘေး၏ တစ်ကိုယ်လုံး အခေါင်းပေါက်ဖြစ်နေပုံရပြီး အလွန်မင်း အားနည်းသွားခဲ့ပါ သည်။
"အယုတ်တမာကောင်၊ ငါ မင်းကို သတိရနေမယ်။ မင်း ဒီအဘိုးကြီးကို ထပ်မတွေ့စေနဲ့။ မဟုတ်ရင် မင်းကို အစိတ်အပိုင်းတစ်သောင်းလောက် ဖြတ်တောက်ပစ်မယ်" အရှေ့ပိုင်းမြစ် ဘိုးဘေးသည် နတ်ဘုရားအလင်းတန်းတစ်ခုသို့ ပြောင်းလဲပြီး ပျောက်ကွယ် မသွားခင် ချင်ယွင်ကို ပြင်းထန်စွာ စိုက်ကြည့်သွားသေးသည်။
ချင်ယွင်သည် အလွန်အားနည်းနေပြီဖြစ်သောကြောင့် သူ့ကို မတားနိုင်ခဲ့ပေ။
သူ့ခွန်အားကို တိုးမြင့်လာစေရန်အတွက် နတ်နဂါးအရိုးတွင်း ခြင်ဆီအပေါ် အပြင်းအထန် မှီခိုအားထားရသည့် ခွန်အားသည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ပြသလာနေပြီ ဖြစ်သည်။ သူသည် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုခြင်းကိုပါ ထည့်သွင်းလျှင်, ချင်ယွင်သည် သူ့ခွန်အားများ လုံးဝ ဆုံးရှုံးသွားသည်ဟု ဆိုနိုင်ပါသည်။
ဘန်း..။
ချင်ယွင်၏ကြီးမားလှသော နဂါးခန္ဓာကိုယ်ကြီးသည် လျင်မြန်စွာ ကျုံ့လာပြီး လူသားပုံစံ အဖြစ်သို့ ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ဆင်းသက်လာသည်။ ယခုအချိန်မှာ သူ့လက်ကို မြှောက်ဖို့ပင် ခွန်အားမရှိတော့ပါဘူး။
သူ၏ခန္ဓာကိုယ်ရှိ နတ်ဘုရားတန်ခိုးများသည် ဗလာနတ္ထိဖြစ်နေသေးပြီး၊ ယခုအခါ သေမျိုးတစ်ယောက်ကပင် သူ့ကို သတ်ပစ်နိုင်သည်။
ဝှီး…။
ယွမ်ရှီရှီ၏ ရုပ်အသွင်သည် ချင်ယွင်၏ရှေ့မှာ လွင့်ပျံလာခဲ့ပြီး အလွန်အားနည်းသော ချင်ယွင်ကို ရှုပ်ထွေးပြီး အံ့သြသည့် အမူအရာဖြင့် ကြည့်နေသည်။
ချင်ယွင်သည် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ အခုအချိန်မှာ, အကယ်၍, ယွမ်ရှီရှီသာ သူ့ကို သတ်ပြီး ရတနာကို သိမ်းလိုက်မည်ဆိုပါက သူသည် မည်ကဲ့သို့ ခုခံရမည်ကို အမှန်တကယ် မသိပေ။