အခန်း ၁၃၃၈
Vol. 90 Ch. 1338
အခန်း (၁၃၃၈) လိပ်ငယ်တောင်တန်းစံအိမ်။
ယွမ်ရှီရှီသည် ချင်ယွင်က သူမအား ရှေးဟောင်းကျောက်စိမ်းချဉ်ဆီကို တိုက်ရိုက်ပေးခဲ့ခြင်း အတွက် အမှန်တကယ်ပင် အံ့သြမိပါသည်။
သူမခန္ဓာကိုယ်သည် ယောက်ျားတိုင်း အိပ်မက်မက်ရသည့် အရာတစ်ခုဆိုတာကို သိထားရပါမည်။ အကယ်၍, ယောက်ျားတစ်ယောက်သာဖြစ်ပါက သူမခန္ဓာကိုယ်ကို မရသေးခင်အထိ ရတနာကို အလွယ်တကူ ထုတ်ပေးမည်မဟုတ်ပေ။
ထို့အပြင် ချင်ယွင်သည် သူမ၏ခန္ဓာကိုယ်ကိုရရှိရန် လှုပ်ရှားခဲ့သူ ဖြစ်သည်။ သူသည် အခုမှ အဘယ့်ကြောင့် လက်လျှော့လိုက်ရသနည်း?။
ထိုအချိန်တွင် ချင်ယွင်သည် သူ့နှလုံးသားထဲတွင် ခါးသီးစွာ ပြုံးနေမိသည်။ အကယ်၍, ယွမ်ရှီရှီသည် သူမ၏ခန္ဓာကိုယ်ကို လေလံတင်ရောင်းချရုံသက်သက်ဆိုလျှင်, သူသည် သူမအား ဖမ်းဆုပ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။ အဆုံးတွင်, ဤအရာက သူတို့ကြားမှ အရောင်းအဝယ် သက်သက်သာ ဖြစ်ပါသည်။
သို့သော် ယွမ်ရှီရှီသည် သူမဖခင်အတွက် လက်စားချေလိုသည်။ အကယ်၍, သူသည် သူမခန္ဓာကိုယ်အတွက် ရှေးဟောင်းကျောက်စိမ်းချဉ်ဆီကို အမှန်တကယ် အသုံးပြုပါက၊ သူသည် အခြားသူများ၏ အန္တရာယ်ကျရောက်နေသည့်အပေါ် အခွင့်ကောင်းယူနေသကဲ့သို့ အမြဲ ခံစားရလိမ့်မည်။
ချင်ယွင်သည် ဖြောင့်မတ်သော လူကြီးလူကောင်းတစ်ဦး မဟုတ်သလို, ဖြောင့်မတ်သော လူကြီးလူကောင်းတစ်ဦးဟု သူ့ကိုယ်သူ မတွေးထားခဲ့ပေ။ သို့သော်, သူသည် သူ့နှလုံးသား နှင့် ဆန့်ကျင်နေသည့် အရာများကို ဘယ်သောအခါမှ မကြိုက်ပေ။ ထို့ကြောင့်, ယခုအချိန်မှာ ချင်ယွင်သည်လည်း သူ့ကိုယ်သူ အရူးတစ်ယောက်ဟုပင် ထင်ခဲ့မိသည်။
ထိုကဲ့သို့ အခွင့်အရေးကောင်းကို အလဟသ ဆုံးရှုံးခံခဲ့သည်။ ဤအရာက အရူးမဟုတ်လျှင် ဘာလဲ။
"မင်းက အရူးတစ်ယောက်လား?။ မင်းက ရှေးဟောင်းကျောက်စိမ်းချဉ်ဆီ တစ်ပုလင်းကို ဘာမှမရဘဲ ဖြုန်းတီးပစ်လိုက်တာပဲ။ မင်း သူမနဲ့ မအိပ်ချင်ဘူးဆိုရင်, ငါက ရှေးဟောင်း ကျောက်စိမ်းချဉ်ဆီကို ထုတ်ပေးမှာတဲ့လား။ အခု မင်း ငါ့ကို ပြန်လျော်ကြေးပေး"။
သေချာပါသည်၊ ချင်ယွင်က ထိုကဲ့သို့လုပ်ရပ်တွေကို လုပ်ဆောင်ပြီးနောက် လျှိုဘို၏ အော်ဟစ်ပြောဆိုသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာပါသည်။
ချင်ယွင်က ခါးသီးစွာ ပြုံးလိုက်သော်လည်း သူသည် ပြန်လည်ချေပရန် မတတ်နိုင်ခဲ့ပေ။
"ဒါက စိတ်ပျက်စရာကောင်းလွန်းတယ်။ နောင်ကျရင် ငါ မင်းကို ကူညီပေးတော့မှာ မဟုတ်ဘူး။" ချင်ယွင်က လျစ်လျူရှုထားသည်ကို မြင်လျှင်, လျှိုဘိုသည် မကျိန်ဆဲဘဲ မနေနိုင်ခဲ့ပေ။ ထို့နောက် သူသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ သေချာသည်မှာ သူသည် ချင်ယွင်ကို ဂရုမစိုက်ချင်တော့ပေ။
ချင်ယွင်က အကြိမ်အနည်းငယ် အော်ခေါ်လိုက်ပြီး၊ မည်သည့်တုံ့ပြန်မှုမှ မရှိသည့်အတွက် ကူရာမဲ့ ခေါင်းကို ခါယမ်းလိုက်မိသည်။
ပစ္စည်းဝိညာဉ်သည် ဒေါသထွက်ပြီး ၎င်း၏သခင်ကို လျစ်လျူရှုထားခဲ့သည်။ ဤကဲ့သို့ အံ့သြဖွယ်ကောင်းသော ပစ္စည်းဝိညာဉ်မျိုးကို သူ ပထမဆုံးအကြိမ် ကြုံဖူးခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ အံ့သြဖွယ်ကောင်းသော ပစ္စည်းဝိညာဉ်မျိုးကို သူသည် ပထမဆုံးအကြိမ်သာ ကြုံတွေ့နိုင်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
သို့သော် ဤအကြောင်းကို ပြန်တွေးကြည့်လျှင်, သူသည် လျှိုဘို၏ ကောင်းသော ရည်ရွယ်ချက်များကို အမှန်တကယ် ဖြုန်းတီးပစ်ခဲ့သည်။ သို့သော် သူသည် ဘာမျှ မတတ်နိုင်သောကြောင့် လျှိုဘို၏အမျက်ဒေါသများ ပြေပျောက်စေရန် အချိန်စောင့်ဆိုင်း နေရုံမျှသာ တတ်နိုင်ပါတော့သည်။
"ကျွန်မယွမ်ရှီရှီက တခြားသူတွေအပေါ် အကြွေးတင်တာကို မကြိုက်ဖူး။ ရှင့်ရဲ့ ရှေးဟောင်းကျောက်စိမ်းချဉ်ဆီကို ကျွန်မ လက်ခံလိုက်မယ်။ နောင်မှာ ရှင့်ကို ဒီကျေးဇူးကို ပြန်ပေးမယ်။" ယွမ်ရှီရှီသည် ရှေးဟောင်းကျောက်စိမ်းချဉ်ဆီ ပုလင်းကို သိမ်းလိုက်ပြီး ချင်ယွင်အား လေးနက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ" ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ မူလက သူသည် အရေးမကြီးဟု ပြောချင်သော်လည်း၊ ထိုစကားက သူ့ကို အနည်းငယ် ကြောင်သူတော်တစ်ဦး ပုံပေါက်စေသည့်အတွက် ပထမဆုံး သဘောတူရန် ဆုံးဖြတ်လိုက်သည်။ ယွမ်ရှီရှီက သူ့ကျေးဇူးကို ပြန်မပေးဆပ်လျှင်လည်း သူ တကယ်ကို ဂရုမစိုက်ပါဘူး။
ချင်ယွင် သဘောတူသည်ကို မြင်သောအခါ ယွမ်ရှီရှီသည် ပို၍ သက်တောင့်သက်သာ ခံစားရပြီး ချင်ယွင်အပေါ် သူမ၏နှစ်သက်ဖွယ် အထင်အမြင်များက ပို၍တိုးလာခဲ့သည်။
သူမသည် ယောက်ျားများနှင့် မဆက်ဆံလိုသည့် အကြောင်းရင်းမှာ ထိုယောက်ျားများသည် သူမခန္ဓာကိုယ်ကို ရယူနိုင်ရန်သာ အစွဲအလမ်းကြီးကြပြီး၊ မျက်နှာပေါ်မှ ကြောင်သူတော် ဟန်ဆောင်သည့် အမူအရာကို မုန်းတီးသောကြောင့် ဖြစ်သည်။
သို့သော် ချင်ယွင်၏ခန္ဓာကိုယ်ပေါ်တွင် ထိုကဲ့သို့ ချို့ယွင်းချက်မျိုး တစ်စုံတစ်ရာကိုမှ သူမ မတွေ့ခဲ့ပေ။ သို့သော်, သူမသည် စိတ်ထဲမှာ အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရ သည်။ ချင်ယွင်သည် သူမ၏ ညှိ့ငင်ခြင်းစွမ်းအားကို ငြင်းပယ်နိုင်ခဲ့ပါက၊ ၎င်းသည် သူမ၏ ဆွဲဆောင်မှုမှာ မလုံလောက်ဟု ဆိုလိုပါသည်။
အမျိုးသမီးများ အားလုံးသည် ဆန့်ကျင်ဘက်ဖြစ်တည်မှုများ ဖြစ်ကြပြီး၊ ယွမ်ရှီရှီသည် လည်း ချွင်းချက် မဟုတ်ပေ။
ချင်ယွင်သည် သူမ၏ ညှိ့ငင်အားကို တွန်းလှန်နိုင်ရန် သူမ မျှော်လင့်ခဲ့သည်။ ဤအရာက တခြားအမျိုးသားတွေနှင့် ကွဲပြားခြားနားသည်။ သို့သော်, သူမသည် သူမ၏ ဆွဲဆောင်မှုက မလုံလောက်ဘူးဟုလည်း ခံစားခဲ့ရပါသည်။ သူမသည် ချင်ယွင်ကို မဆွဲဆောင်နိုင်သည့် အတွက် စိတ်ပျက်သွားခြင်း ဖြစ်သည်။ ဤအရာက မတူညီသည့်အရာတစ်ခုဟု ဆိုနိုင်ပါသည်။
"ရှင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ" ယွမ်ရှီရှီသည် ချင်ယွင်ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
"ငါ ကြယ်အလင်းမြို့တော် မှာနေပြီး တစ်ယောက်ယောက်ကို စောင့်ချင်သေးတယ်”။ ချင်ယွင်က ပြန်ဖြေသည်။
သူသည် နေသာဧကရာဇ်နှင့် ချိန်းဆိုထားပြီး ဖြစ်သည်။ နေသာဧကရာဇ်သည် တစ်လလောက်ကြာလျှင် ကြယ်အလင်းမြို့တော်ကို ရောက်လာလိမ့်မည်။ အခု ထိုတစ်လ တာ ချိန်းဆိုမူသည် နောက်ဆုံးသတ်မှတ်ရက်ရောက်ရန် ၂၈ ရက် ကျန်နေသေးသည့် အတွက် သူသည် မြို့ထဲမှာပင် ဆက်နေရမည်။
"ဒါပေမယ့်, ရှင်က ဂျီရှီနဲ့ ကျန်းယုတို့ကို သတ်လိုက်ပြီဆိုတော့, အဲဒီ ကောင်းကင် နတ်ဘုရားရှစ်ပါးက ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ ရှင် ကြယ်အလင်းမြို့တော်မှာ ဆက်နေမယ်ဆိုရင် အရမ်းအန္တရာယ်များ လိမ့်မယ်။ သူတို့သားတွေ အသတ်ခံရပြီဆိုတာ သူတို့ သိပြီးသား ဖြစ်နေမှာကို ကျွန်မ စိုးရိမ်မိတယ်။ နောက်ဆုံး, တကယ်လို့ အရှေ့ပိုင်းမြစ် ဘိုးဘေး ပြန်လာရင်တောင် ရှင် တကယ် သေသွားလိမ့်မယ်" ယွမ်ရှီရှီက ပြောသည်။
သူမအမြင်အရ၊ ချင်ယွင်သည် ကြယ်အလင်းမြို့တော်တွင် နေထိုင်ခြင်းသည် အမှန်တကယ် သေခြင်းတရားကို ချစ်မြတ်နိုး၍ ဖြစ်သည်။ ယခုအချိန်တွင်၊ အကောင်းဆုံး နည်းလမ်းမှာ သူသည် ကြယ်အလင်းမြို့တော်မှ ထွက်ခွာရန်ဖြစ်ပြီး၊ ဤအချိန်ကာလ အတွင်း လူထု၏အာရုံစူးစိုက်မူကို ရှောင်ရှားရန်နှင့် ပုန်းအောင်းရန် နေရာတစ်ခုခုကို ရှာဖွေခြင်း ဖြစ်သည်။
ယွမ်ရှီရှီ၏ စကားကိုကြားတော့ ချင်ယွင်သည် သူ့မျက်နှာတွင် မည်သည့်အမူအရာမှ မရှိပါ။
သူသည် ယွမ်ရှီရှီ၏စကားကို ဘယ်လိုလုပ် နားမလည်နိုင်ဘဲ နေမည်နည်း?။ သူသည် ပုန်းအောင်းနေလိုစိတ် မရှိခြင်းသာ ဖြစ်သည်။ သူသည် ဂျီရှီနှင့် အခြားသူများကို သတ်ဖြတ်ပြီးကတည်းက, ကောင်းကင်နတ်ဘုရားများ၏ လိုက်လံရှာဖွေခြင်း ရင်ဆိုင်ရန် ကြံစည်ထားပြီး ဖြစ်သည်။
သူ့အတွက် အချိန်သိပ်မကျန်တော့ပေ။ ထို့ကြောင့်, ပုန်းအောင်းနေခြင်းက ပြဿနာကို လုံးဝ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
"ရှင် ကြယ်အလင်းမြို့တော်က ထွက်ခွာဖို့ အစီစဉ်မရှိသေးဘူးလား" ယွမ်ရှီရှီက မေးသည်။
ချင်ယွင် ခေါင်းညိတ်ပြလိုက်သည်။
ချင်ယွင် ခေါင်းညိတ်ပြသည်ကို မြင်တော့ ယွမ်ရှီရှီသည် သူမ၏ လှပသောမျက်နှာပေါ်မှာ တွေးတောနေသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။ အဆုံးတွင် သူမက ပြောဆိုရန် စိတ်ပိုင်းဖြတ်လိုက်ပုံရသည် "ကောင်းပြီလေ၊ ဒါဆိုလည်း ရှင် ကျွန်မနဲ့လိုက်ခဲ့ ပါ။ ကျွန်မ ရှင့်ကို လုံခြုံတဲ့နေရာကို ခေါ်သွားပေးမယ်။ အဲဒီနေရာကို ကောင်းကင် နတ်ဘုရားတွေ ကြွလာရင်တောင် ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး"။
ထိုစကားကို ကြားတော့ ချင်ယွင် အံ့ဩသွားသည်။ ယွမ်ရှီရှီက ယခုလိုစကားမျိုး ပြောလာမည်ဟု သူ မမျှော်လင့်ထားပါဘူး။
ယွမ်ရှီရှီသည် ချင်ယွင်၏အတွေးများကို မြင်နိုင်ပုံရပြီး ရှင်းပြသည် "ရှင်က သူတို့ကို ကျွန်မကြောင့် ရန်မိတာလေ။ နောက်ဆုံးတော့ ရှင့်မှာ ဘာအကျိုးကျေးဇူးမှ မရခဲ့ဘူး။ ဒါကြောင့်, ရှင် ကိုယ့်ကိုယ်ကို သေလမ်းရှာနေတာကို ထိုကြည့်နေဖို့ ကျွန်မအတွက် မဖြစ်နိုင်ဘူး။ အဲဒါကြောင့် ကျွန်မက ရှင့်ကို ကူညီပေးတာ”။
ချင်ယွင်သည် ထိုစကားကိုကြားတော့ သူက ချက်ချင်း ရယ်လိုက်ပြီး "ကောင်းပြီ၊ ငါ မင်းနဲ့ လိုက်ခဲ့မယ်။ တိုက်ဆိုင်စွာပဲ, ငါလည်း ငါ့ကို ဘယ်သူမှ မနှောင့်ယှက်ဘဲ အေးအေး ဆေးဆေး ကျင့်ကြံနိုင်မယ့်နေရာတစ်ခုကို ရှာချင်နေတာ”။
ယွမ်ရှီရှီက ခေါင်းညိတ်လိုက်ပြီး သူမ၏ သွယ်လျသော ကျောက်စိမ်းလက်ကို ဆန့်ထုတ် လိုက်သည်။ ညင်သာသော လေးလှိုင်းတစ်ချက် ရိုက်ခတ်မူနှင့်အတူ သူတို့နှစ်ဦး၏ ရှေ့တွင် လှိုင်းလုံးကြီးတစ်ခု ပေါ်လာသည်။
ချင်ယွင်သည် ထိုမြင်ကွင်းကိုမြင်သောအခါ အံ့အားသင့်သော အမူအရာတစ်ခုကို ထုတ်ဖော်သော်လည်း၊ သူသည် အလျင်အမြန် သက်သာရာရသွားသည်။
ယွမ်ရှီရှီ၏ဖခင်မှာ ခေါင်းလောင်းလေနတ်ဘုရားနန်းတော်၏ ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သည်။ ထုံးစံအတိုင်း၊ သူမမှာ သူမကျွမ်းဝင်သည့် နည်းလမ်းတွေ ရှိနေရလိမ့် မည်။ ထို့ကြောင့်သာ ယွမ်ရှီရှီသည် ထိုကဲ့သို့ လွယ်ကူစွာ စွန့်စားရဲခြင်း ဖြစ်သည်။ အကယ်၍, သူမသည် သူ့အပေါ် အားကိုးခဲ့ရခြင်း မရှိလျှင်, သူမအနေဖြင့် သေချာပေါက် ယခုလိုမျိုး လုပ်မှာ မဟုတ်ပါဘူး။
ချင်ယွင်သည် ယွမ်ရှီရှီနှင့်အတူ လေဟာနယ် ဝဲဂယက်ထဲသို့ လိုက်ပါသွားပြီးနောက် သူတို့နှစ်ဦးသည် တောင်တန်း၏အပျက်အစီးများထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်သည် ယွမ်ရှီရှီ၏ လေဟာနယ်ဝဲဂယက်ထဲသို့ လိုက်သွားပြီးနောက်၊ သူသည် သေးငယ်သော ခြံဝင်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။
"ဒါက လိပ်ငယ်တောင် စံအိမ်အစစ်ပဲ။ အဲဒါကို ငါ့အဖေ တစ်ယောက်တည်း တည်ဆောက်ခဲ့တာ။ သူက ဒီခြံဝန်းရဲ့ ပတ်၀န်းကျင်မှာ ကန့်သတ်ချက်တွေ ချထားတယ်။ ဘိုးဘေးနတ်ဘုရား တစ်ပါးမဟုတ်သရွှေ့, ကောင်းကင်နတ်ဘုရား နယ်ပယ်က ပညာရှင်တွေတောင်မှ ဒီခြံကြီးရဲ့တည်ရှိမှုကို ရှာဖွေတွေ့ရှိဖို့ ခက်လိမ့်မယ်။ ရှင် ဒီနေရာမှာ စိတ်ချလက်ချ နေနိုင်ပါတယ်။" ယွမ်ရှီရှီက ပြောသည်။
ထိုစကားကို ကြားတော့ ချင်ယွင်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရူးရင်း စူးစမ်းသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။
ဤခြံဝင်းငယ်သည် လက်ရာမြောက်လှပြီး၊ အရာအားလုံး အံဝင်ခွင်ကျ ဖြစ်ကာ၊ သေမျိုးကမ္ဘာ၏ ဝင်းခြံနှင့် သိပ်မကွာခြားပေ။ အထဲမှာ ပန်းတွေနှင့် အပင်တွေက သင့်ပျံ့ပြီး၊ သာယာလှပသည်။
ဤခြံဝင်းငယ်သည် မှီခိုကင်းပြီး လွတ်လပ်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ ခြံးဝင်း အပြင်ဘက်တွင် လိပ်ငယ်တောင်၏ မြင်ကွင်းတစ်ခု ရှိသေးသည်။ သို့သော်၊ ၎င်းသည် အနည်းငယ် အစစ်အမှန် မဟုတ်ပုံရသည်။ သိသာထင်ရှားသည်၊ ဤခြံဝင်းငယ်သည် လေဟာနယ် အက်ကွဲကြောင်းတစ်ခုထဲတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ ပြင်ပကမ္ဘာကို ဤနေရာရှိ အက်ကွဲကြောင်းဖြင့် မြင်နိုင်သော်လည်း အပြင်ကမ္ဘာသည် အတွင်းပိုင်းကို မမြင်နိုင်ပေ။
"ကောင်းကင်နတ်ဘုရားတစ်ပါးရဲ့ နည်းလမ်းတွေက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလှတယ်။ သူက လေဟာနယ် အက်ကွဲကြောင်းထဲမှာ စံအိမ်ကြီးတစ်လုံးကို အမှန်တကယ် တည်ဆောက်နိုင်ခဲ့တယ်" ချင်ယွင်သည် သူ့နှလုံးသားထဲတွင် မချီးမွှမ်းဘဲ မနေနိုင်ခဲ့ပါချေ။
သူသည် မြေကမ္ဘာနတ်ဘုရားတစ်ပါး၏ အစွမ်းသို့ ရောက်ရှိခဲ့သော်လည်း၊ သူ၏ ကျင်ကြံမှု အခြေခံသည် နတ်ဘုရားတစ်ပိုင်း ဖြစ်နေဆဲပင်။ ထို့ကြောင့်၊ ကောင်းကင်နတ်ဘုရားသည် ဤအရာကို မည်ကဲ့သို့ ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်ကို သူ အမှန်ကယ် နားမလည်နိုင်ခဲ့ပေ။