အခန်း ၁၃၄၀
Vol. 90 Ch. 1340
အခန်း (၁၃၄၀) သစ္စာမဲ့ရခြင်း။
ချင်ယွင်သည် နောက်ဆုံးတွင် သူ၏ကျင့်ကြံမှုထဲမှ သူ့အာရုံများ ပြန်လည်မရောက်လာခင် အထိ ဆယ်ရက်ကျော် ကြာသွားခဲ့သည်။
ယခုအချိန်တွင် သူ၏ နတ်ဘုရားခန္ဓာကိုယ် သန့်စင်မူသည် ၉၉ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့်, သူသည် သန့်စင်မှုကို ပြီးပြည့်စုံစေပြီး၊ ကြယ်နတ်ဘုရားနယ်ပယ်သို့ တရားဝင် ခြေလှမ်းနိုင်မည် ဖြစ်သည်။
သို့သော် ချင်ယွင်က ထိုသို့မလုပ်ခဲ့ပေ။ ပထမဦးစွာ၊ သူသည် နေသာဧကရာဇ်နှင့် ရှေးဟောင်း နယ်မြေတစ်ခုသို့ လိုက်ပါဝင်ရောက်ရန် သဘောတူခဲ့သည်။ နေသာဧကရာဇ် က ထိုရှေးဟောင်းနယ်မြေသို့ ဝင်ရောက်ခြင်းသည် နတ်ဘုရားတစ်ပိုင်းအဆင့်တွင်သာ ဖြစ်နိုင်သည်ဟုလည်း ယခင်က ပြောခဲ့ဖူးသည်။ ကိုယ့်ကျင့်ကြံမှုကို ဖိနှိပ်ထားနိုင်သည့် အစွမ်းထက်သော ရတနာတစ်ခု မရှိဘူးခဲ့ဘူးဆိုလျှင်၊ သင်သည် ထိုရှေးဟောင်းနယ်မြေထဲ ကို ဝင်နိုင်မှာ မဟုတ်ပါဘူး။
ချင်ယွင်သည် ထိုရှေးဟောင်း နတ်ဘုရားနယ်မြေ အကြောင်းကို ကြီးကြီးမားမား တွေးတောထားခြင်း မရှိသော်လည်း၊ သူသည် နေသာဧကရာဇ်နှင့် သဘောတူထားသော ကြောင့် သူ သွားရမည်မှာ သေချာသည်။ ထိုရှေးဟောင်းနတ်ဘုရားနယ်မြေကနေ ထွက်လာပြီးနောက်မှ အဆင့်ဖြတ်ကျော်ပါကလည်း အချိန်မနှောင်းသေးပါ။
ချင်ယွင် အဆင့်မဖြတ်ကျော်ရသည့် နောက်ထပ် အကြောင်းရင်းတစ်ခု ရှိနေပါသေးသည်။ ထိုအရာက ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ဖြစ်ပါသည်။
ချင်ယွင်သည် ယခင်ကတည်းက ခံစားချက်တစ်ခုရှိနေခဲ့ပြီး၊ ယခုအခါတွင် သူ၏နတ်ဘုရား ခန္ဓာကိုယ်သည် ၉၉ ရာခိုင်နှုန်းထိ သန့်စင်ပြီးသွားပြီ ဖြစ်ခြင်းကြောင်း၊ ထိုခံစားချက်က ပို၍ပင် ထင်ရှားလာပါသည်။
သူ ကြယ်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ပြီးသည်နှင့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခ သည် တစ်ဖန် ပြန်လည်ဆင်းသက်လာမည်ဟု သူ ယောင်ဝါးဝါး ခံစားလိုက်ရသည်။
ယခင်က ချင်ယွင်သည် အင်မော်တယ်ဘုရင်နယ်ပယ်နှင့် အင်မော်တယ်ဧကရာဇ်နယ်ပယ် ကို တိုက်ရိုက် ဖြတ်ကျော်ပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင် ရန် ကနဦးစကြဝဠာဆိုသည့် အကြောင်းပြချက်ကို အသုံးပြုခဲ့သည်။ ယခုတော့ သူသည် ကြယ်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်သွားသည်နှင့် ရှောင်တိမ်းနိုင်စွမ်း မရှိမှာကို သူ ကြောက်နေမိသည်။
“နတ်ဘုရားအဆင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခက နတ်ဘုရားကမ္ဘာရဲ့ သမိုင်းမှာတောင် တစ်ကြိမ်တစ်ခါမှ မကြုံဖူးမှာကို ငါ ကြောက်မိတယ်။ ဘယ်လိုမြင်ကွင်းမျိုး ဖြစ်လာမလဲ ငါ သိချင်လိုက်တာ”။
သို့သော် ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခ၏ စွမ်းအားသည် သေးငယ်မည် မဟုတ်ကြောင်း ချင်ယွင် သေချာသည်။ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်လာသောအခါ၊ ကောင်းကင်ဘုံတန်ခိုးအစွမ်း၌ အမျက်ဒေါသ တစွန်းတစ ပါရှိနေပြီ ဖြစ်သည်။ ယခုအခါ သူသည် နောက်ထပ် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ရင်ဆိုင်ရသည်နှင့်၊ သူ၏ဆရာသခင် မိုးပြာဧကရာဇ်၏ ခြေရာအတိုင်း လျှောက်လှမ်း ခြင်းဖြင့်, သူသည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြောင့် ချေမှုန်းခံရမည့် အလားအလာ အလွန်ဖြစ်နိုင်ချေ ရှိသည်။
သို့သော်, ချင်ယွင်သည် ယခုတစ်ကြိမ်တွင် ထိုခြေလှမ်းအတိုင်း ထပ်လှမ်းရန် ရွေးချယ်ခြင်း မရှိပေ။ အကယ်၍ ကောင်းကင်ဘုံတန်ခိုးအစွမ်းသည် အမှန်တကယ် သူ့ကိုသတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားပါက၊ သူသည် ကနဦးစကြဝဠာ၏ စွမ်းအားကို တိုက်ရိုက် အသုံးပြုရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။
ကနဦးစကြာဝဠာသည် အလယ်လတ် ထိုက်ကျိနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ချင်ယွင်၏ စကြာဝဠာထဲတွင် ကြယ်ပေါင်း ဘီလီယံရာနှင့်ချီပြီး ရှိနေခဲ့ပြီ။ အင်မော်တယ် ကမ္ဘာတိုက်ကြီး၏ အသွင်ပြင်ကလည်း ပိုမိုရှင်းလင်းလာသည်။ အရာရာသည် ပြီးပြည့်စုံမှု ဆီသို့ ဦးတည်သွားနေခဲ့သည်။
ကနဦးစကြဝဠာ၏ စကြဝဠာစွမ်းအားသည် များစွာ တိုးမြင့်လာခဲ့သည်။ အကယ်၍, ကနဦး စကြာဝဠသည် အရပ်မျက်နှာအသီးသီးသို့ ပေါက်ကွဲသွားခဲ့ပါက, ကောင်းကင် နတ်ဘုရား တစ်ပါးသည်ပင် ၎င်း၏ ပြင်းထန်သော ရိုက်ခတ်မူကြောင့် သုတ်သင်ခံရနိုင်သည်။
ဘန်း…။
ချင်ယွင်သည် ကနဦးစကြဝဠာထဲမှ ထွက်သွားပြီး လိပ်ငယ်တောင် စံအိမ်၏အခန်းတွင် ပြန်ပေါ်လာသည်။
"မှန်တယ်၊ မှန်တယ်။ သူက အလယ်လတ် ထိုက်ကျိနယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပြီ။ သူက နှောင်းပိုင်း ထိုက်ကျိနယ်ပယ်နဲ့ သိပ်မဝေးတော့ဘူး။ ငါ့အားထုတ်မှုတွေက လုံးဝ ဖြုန်းတီးရာမကျခဲ့ဘူး။ အဲဒီမိန်းကလေးကို နောက်မှ ပြန်ခေါ်ပြီး သူ့စိတ်ဝိညာဉ်ကို အဆင့်မြှင့်တင်ရမယ်။ ဒါဆို နှောင်းပိုင်း ထိုက်ကျိနယ်ပယ်နဲ့ ခြေတစ်လှမ်း နီးသွားလိမ့် မယ်။” ချင်ယွင် အခန်းထဲကို ဝင်လာပြီးပြီးချင်းမှာ လျှိုဘို၏ အသံက ချင်ယွင်၏ စိတ်ထဲကို ဝင်ရောက်လာခဲ့သည်။
ချင်ယွင် ပြုံးလိုက်ပါသည်။ လျှိုဘိုသည် ပစ္စည်းဝိညာဉ်တစ်ခုဖြစ်သော်လည်း, ချင်ယွင်သည် သူ့နတ်ဘုရားစွမ်းရည်ကို မမြင်နိုင်ပေ။
တစ်ခုခု မှားနေသလား?
ကောင်မလေးကို ပြန်ယူလိုက်မယ်ဆိုတာက ဘာကိုဆိုလိုချင်တာလဲ?။ ဖြစ်နိုင်တာက လျှိုဘိုက ယွမ်ရှီရှီနဲ့အတူ အိပ်ချင်နေခဲ့တာများလား?။
"ကောင်စုတ်လေး, မင်း ဘာတွေတွေးနေမှန်း ငါမသိဘူး မထင်လိုက်နဲ့။ မင်း ဒီကောင်မလေးကို မထိခဲ့ပေမယ့်၊ ဒီတစ်ခါ မင်း သူမကိုမထိဘူးဆိုရင်, မင်း သူမအလောင်း ကို ကောက်ယူဖို့ စောင့်နေရာမှာ ငါ ကြောက်မိတယ်” လျှိုဘို၏သစ္စာမဲ့သော အသံက ချင်ယွင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။ ယွမ်ရှီရှီသည် ရှေးဟောင်းကျောက်စိမ်းချဉ်ဆီကို ရရှိပြီးဖြစ်သောကြောင့် သူမ၏ခန္ဓာကိုယ်ရှိ ညှိ့ငင်ခြင်းစွမ်းအားကို လုံးလုံးလျားလျား ဖယ်ရှားနိုင်သင့်သည်။ အခု သူမအသက်က ဘယ်လိုလုပ် အန္တရာယ်ရှိနိုင်မှာလဲ?။
"အတိအကျ ဘာတွေဖြစ်နေတာလဲ?။ ရှေးဟောင်းကျောက်စိမ်းချဉ်ဆီက သူမခန္ဓာကိုယ် ထဲက ပြဿနာကို မဖြေရှင်းနိုင်လို့များ ဖြစ်နိုင်မလား" ချင်ယွင်က ဝေခွဲမရဟန်ဖြင့် မေးလိုက်သည်။ သူ့အသက်က အမျက်ဒေါသနှင့် ပြည့်နေခဲ့သည်။
သူသည် ယွမ်ရှီရှီကို မပိုင်ဆိုင်ချင်သော်လည်း, ယွမ်ရှီရှီ မသေစေချင်သည်မှာ သဘာဝပင် ဖြစ်သည်။ အကယ်၍, ယွမ်ရှီရှီသည် သူပေးခဲ့သော ရှေးဟောင်းကျောက်စိမ်းချဉ်ဆီကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ခဲ့ပါက၊ သူ့စိတ်ထဲတွင် သူ့ကိုယ်သူ အပြစ်တင်နေဦးမည် ဖြစ်သည်။
"ကောင်စုတ်၊ ငါက မကောင်းကြံနေတယ်လို့ မင်း သံသယရှိနေတာလား?။ ငါပြောလိုက် မယ်။ ငါပေးခဲ့တဲ့ ရှေးဟောင်းကျောက်စိမ်းချဉ်ဆီက ပြဿနာ လုံးဝ မရှိဘူး။ တကယ်လို့, သူမရဲ့ဆွဲမက်ဖွယ်ခန္ဓာကိုယ်ရဲ့ ပြဿနာကို ဖြေရှင်းချင်တယ်ဆိုရင် ငါ့ရဲ့ ရှေးဟောင်း ကျောက်စိမ်းချဉ်ဆီတစ်ခုကပဲ စွမ်းနိုင်လိမ့်မယ်” လျှိုဘိုက အေးစက်စွာ ပြောလိုက်သည်။
"ဒါဆို သူမမှာ ဘာလို့ ပြဿနာရှိလာရတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
လျှိုဘို၏စကားက အမှန်ဟု သူယုံကြည်သည်။ အဆုံးတွင်, လျှိုဘို ယခင်ကပြောခဲ့သော စကားအရ, သူသည် အလွန်မာနကြီးတဲ့ ပစ္စည်းဝိညာဉ်တစ်ခုဖြစ်ပြီး၊ ယခုလို နှိမ့်ချသည့် အကျင့်ကို လုပ်နိုင်စွမ်း မရှိဘူးဟု ပြောနိုင်ပါသည်။
"တကယ်တော့ ရှေးဟောင်းကျောက်စိမ်းချဉ်ဆီမှာ ဘာပြဿနာမှ မရှိဘူး။ ဒီပစ္စည်းက သူမခန္ဓာကိုယ်ထဲက ညှို့ငင်ခြင်းစွမ်းအား ပြဿနာကို ဖြေရှင်းပေးနိုင်တယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်မှာ အရေးကြီးတဲ့ ချိတ်ဆက်မှုတစ်ခု ရှိရမယ်။ ဒီချိတ်ဆက်မူမရှိရင်, သူမခန္ဓာကိုယ်အတွင်းက အဲဒီညှို့ငင်ခြင်းစွမ်းအားကို ထုတ်လွှတ်နိုင်မှာ မဟုတ်ဘူး။ ရှေးဟောင်းကျောက်စိမ်းချဉ်ဆီက သူမခန္ဓာကိုယ်အတွင်းက ညှို့ငင်ခြင်းစွမ်းအားကို အပြည့်အဝ ဖြစ်ပေါ်စေပြီး သူမကို အလိုဆန္ဒတောင့်တမူနဲ့အတူ လောင်ကျွမ်းပြီး သေဆုံးသွားစေနိုင်တယ်။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာ သည်။
"ဘယ်လိုချိတ်ဆက်မူမျိုးလဲ?" ချင်ယွင်က မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ မေးလိုက်သည်။
"ဒီချိတ်ဆက်မူက အရမ်းရိုးရှင်းပါတယ်။ ဒါက အမျိုးသားနဲ့ အမျိုးသမီးတို့က တူနှစ်ဖော် စုံတွဲကျင့်ကြံလိုက်ရုံပါပဲ။ ယောက်ျားတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွင်းက ယန်ချီကို အသုံးချခြင်းကသာ ဆွဲဆောင်မှုတစ်ရပ်အနေနဲ့ ညှို့ငင်ခြင်းစွမ်းအားကို လုံးလုံးလျားလျား ဖယ်ရှားနိုင်လိမ့်မယ်။ မဟုတ်ရင် ဒီရှေးဟောင်းကျောက်စိမ်းချဉ်ဆီက သူမအတွက် အကြီးမားဆုံး လိင်ဆန္ဒကို နှိုးဆွပေးတဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်” လျှိုဘို၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"ဘာလို့ စောစောက မပြောတာလဲ" ချင်ယွင်က ဒေါသတကြီး ပြောလိုက်ရင်း သူ့ မျက်ခုံးများက ချက်ချင်းပင် တွန့်သွားခဲ့သည်။
"အရင်က မင်းနဲ့ သူမကြားမှာ သဘောတူညီမှု တစ်ခုရှိခဲ့တယ်လေ။ တကယ်လို့, ဒီသဘောတူညီအတိုင်း အဆင်ပြေခဲ့ရင်, ငါက အဲဒီနည်းလမ်းကို သေချာပေါက် ပြောပြမှာ ပဲ။ ဒါပေမယ့် မင်းက စိတ်ပျက်စရာကောင်းလွန်းတယ်။ မင်းက ဒီလိုအိပ်မက်မျိုးကို စွန့်လွှတ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူးလေ။" လျှိုဘိုက ရယ်မောရင်း ပြောလိုက် သည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်ပြီး၊ သူသည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်ကို ချက်ချင်း အသုံးပြုခဲ့သည်။ တခဏတွင်းမှာ, သူသည် သူ့အခန်းထဲက ထွက်ပြီး နောက်ခန်းထဲမှာ ပေါ်လာပါသည်။
ချင်ယွင်သည် တံခါးပေါက်ကို တွန်းဖယ်လိုက်စဉ်မှာ ထူးဆန်းသော စွမ်းအားများက သူ့ဆီသို့ ချက်ချင်း တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ ထိုစွမ်းအားသည် အလွန် ထူးဆန်းပြီး သူ့ခန္ဓာကိုယ်ကို အမှန်တကယ် မငြိမ်မသက် ဖြစ်စေသည်။
ချင်ယွင်သည် ဤထူးဆန်းသော စွမ်းအားကို တွန်းလှန်ရန် သူ၏နတ်ဘုရားတန်ခိုးကို ချက်ချင်း အသုံးပြုလိုက်ရသည်။ ထိုမှသာလျှင် သူသည် နိုးကြားလာပြီး ဤထူးဆန်းသော စွမ်းအားကြောင့် လှည့်စားခြင်း မခံရတော့ပေ။
သို့သော် အခန်းထဲသို့ လှမ်းကြည့်လိုက်တော့ သူ့ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားခဲ့ရ သည်။
ယွမ်ရှီရှီသည် လေထဲတွင် ကိုယ်လုံးတီး လွင့်မျောနေပြီး. သူမပါးစပ်သည် တက်မက်ဖွယ် အသံများကို အဆက်မပြတ် ထုတ်လွှတ်နေကာ၊ သူမပတ်ဝန်းကျင်မှာ ပြင်းထန်သော ညှို့ငင်ခြင်းစွမ်းအားကို ထုတ်လွှတ်နေသည်။ ဤဆွဲဆောင်မှုရှိသော စွမ်းအားသည် သူမ၏ ခန္ဓာကိုယ်ပေါ်တွင်သာမက အခန်းတစ်ခုလုံးကိုပါ ပျံ့နှံ့သွားစေသည်။
ချင်ယွင်၏ ခန္ဓာကိုယ်အတွင်းမှ မကောင်းဆိုးဝါး မီးလျှံများ လောင်ကျွမ်းလာရခြင်းမှာ ဤထူးဆန်းသော ညှို့ငင်ခြင်းစွမ်းအားကြောင့်ဆိုတာ အတိအကျပင်။
ယခုတွင် ညှို့ငင်ခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်နေသောကြောင့် ယွမ်ရှီရှီသည် တက်မက်မူနှင့်အတူ လောင်ကျွမ်းခြင်းဝေဒနာကို ခံစားနေခဲ့ရရုံသာမက၊ ချင်ယွင်သည် ထိုညှို့ငင်ခြင်းစွမ်းအားကို တွန်းလှန်လိုလျှင်ပင် အလွန်ခက်ခဲလှသည်။
အခုအချိန်မှာတော့ ယွမ်ရှီရှီ၏ နှင်းဖြူရောင် အသားအရည်က နီမြန်းလာနေသည်။ ဤညှို့ငင်ခြင်း စွမ်းအားကြောင့် သူမသည် အချိန်အတော်ကြာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး သူမ၏ စိတ်ဝိညာဉ်သည် အတော်လေး အားနည်းနေပြီ ဖြစ်ကြောင်း ထင်ရှားပါသည်။
ချင်ယွင်သည် မကြည့်ဝံ့တော့ဘဲ လှည့်ထွက်ကာ အခန်းအပြင်ကို ထွက်သွားချင်သည်။
“ကယ်ပါ…”
သို့သော် ချင်ယွင် လှည့်ထွက်လိုက်စဉ် ချင်ယွင်၏ နားထဲတွင် နူးညံ့သော အသံတစ်ခု ထွက်ပေါ်လာသည်။ အသံ၏စွဲငင်အားက ချင်ယွင်၏အရိုးများကိုပင် ထုံထိုင်းစေခဲ့သည်။
ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အခန်းထဲက အမြန်ထွက်သွားချင်ခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင် နှင်းဖြူရောင် လက်မောင်းတစ်ဖက်က သူ့ပခုံးပေါ်သို့ ရောက်ရှိလာရာ ချင်ယွင်၏ တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။