← Chapters

အခန်း ၁၃၄၁

Vol. 90 Ch. 1341

အခန်း ၁၃၄၁

Vol. 90 Ch. 1341

အခန်း (၁၃၄၁) အစမှအဆုံးထိ စွန့်လွှတ်ခြင်း။

ချင်ယွင်ကို နောက်မှနေ၍ ယွမ်ရှီရှီက ပွေ့ဖက်ထားပြီး၊ သူသည် လုံးဝ မလှုပ်နိုင်တော့ပါ။

သို့သော် ဤအရာက ကြောက်စရာအကောင်းဆုံးအရာ မဟုတ်ပေ။ ကြောက်စရာ အကောင်းဆုံးမှာ ယွမ်ရှီရှီ ချဉ်းကပ်လာသည်နှင့်အမျှ သူမခန္ဓာကိုယ်မှ ထုတ်လွှတ်သော ညှို့ငင်ခြင်းစွမ်းအားသည် ချင်ယွင်၏ခန္ဓာကိုယ်ကို တိုက်ရိုက် ဝင်ရောက် ရိုက်ခတ်သွား ကာ၊ သူ့ကို တခဏတာ အသိဉာဏ်ပျောက်ဆုံးသွားသလို ခံစားလိုက်ရသည်။

"ငါ့ကို ကယ်ပါ" ယွမ်ရှီရှီက ချင်ယွင်ကို နောက်ကနေ တင်းတင်းကျပ်ကျပ် ဖက်ထားသည်။ သူမ၏ ဆွဲမက်ဖွယ် ခန္ဓာကိုယ်သည် ချင်ယွင်နှင့် ပို၍ နီးကပ်နေသောကြောင့် ချင်ယွင်သည် စိတ်ဂနာမငြိမ်မူလှိုင်းကို ခံစားလိုက်ရသည်။

ရိုးရိုးသားသားပြောရလျှင် ချင်ယွင်လည်း ယောက်ျားတစ်ယောက်ပင် ဖြစ်ပါသည်။ ယခုလို သွေးဆောင်မှုမျိုးနှင့် ရင်ဆိုင်ရသည့်အခါ, သူ့စိတ်နေစိတ်ထားက မည်မျှပင် ခိုင်မာနေပါ စေ၊ သူသည် တောင့်ခံနိုင်စွမ်း အနည်းငယ် ကင်းမဲ့လာခဲ့သည်။

"ကောင်စုတ်လေး, မင်း သူမကို မကယ်တင်ရင်, သူမက နောက်ထပ် တစ်နာရီလောက် ကြာအောင် နေနိုင်မှာ မဟုတ်တော့ဘူးနော်။ သူမရဲ့ အလယ်လတ် မြေကမ္ဘာနတ်ဘုရား နယ်ပယ် ကျင့်ကြံမှုအခြေခံကြောင့်သာ မဟုတ်ရင်၊ သူမဟာ အချိန်အတော်ကြားကတည်း က ပင်ပန်းနွမ်းနယ်ပြီး သေသွားလောက်ပြီ။ အလယ်လတ် မြေကမ္ဘာနတ်ဘုရားတစ်ပါး ဖြစ်ရင်တောင်မှ အဲဒါကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် မင်းအနေနဲ့ စောစောစီးစီး ဆုံးဖြတ်လိုက်သင့်တယ်” လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာပြန်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် ချက်ချင်းပင် ပြောစရာစကားမဲ့ပြီး၊ လျှိုဘိုကို စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။

ဤလူကြောင့်သာ မဟုတ်ရင် သူသည် အခုလိုမျိုး အကျပ်ရိုက်မှာ မဟုတ်ပါဘူး။

"မေ့လိုက်ပါလေ။ ငါ ယူလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ်, ငါက မင်းကို ကယ်တင်ဖို့ ဒီနေရာထိ ရောက်လာတာပဲ။ တကယ်လို့ မင်းအနေနဲ့ ငါ့မိန်းမ ဖြစ်ချင်တယ်ဆိုရင် ငါ မင်းကို ယူမယ်။ မင်းဆန္ဒမရှိဘူးဆိုရင်လည်း ငါ မင်းကို မတားဘူး။" ချင်ယွင်က လှည့်ပြီး ယွမ်ရှီရှီအား ပြောလိုက်သည်။

သို့သော် ချင်ယွင် ပြန်လှည့်ကြည့်လိုက်စဉ်မှာ ယွမ်ရှီရှီ၏ အနီရောင်နှုတ်ခမ်းများသည် ချင်ယွင်၏နှုတ်ခမ်းပေါ်တွင် တံဆိပ်ရိုက်နှိပ်လာလေသည်။ ထို့နောက် ချင်ယွင်သည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာသည့် ပြင်းထန်သော ညှို့ငင်ခြင်းစွမ်းအားကို ခံစားလိုက်ရပြီး သူသည် ဆက်လက် ထိန်းသိမ်းထားသည့် ကျိုးကြောင်းဆီလျော်မှု စဉ်းစားဆင်ခြင်ဉာဏ် အနည်းငယ်လည်း လုံးဝ ဆုံးရှုံးသွားသွားခဲ့ရသည်။

ဘန်း..။

နှစ်ယောက်သား အရူးအမူး ပူးကပ်သွားကာ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မူအပြည့်ရှိသည့် အခြေအနေသို့ ရောက်ရှိသွားကြသည်။

ထိုကဲ့သို့ပင် သူတို့နှစ်ဦးသည် တစ်နေကုန် လုံးထွေးနေခဲ့ပြီး၊ ယခုအချိန်မှာတော့, သူတို့သည် အသိဉာဏ်များ ရှင်းရှင်းလင်းလင်း ပြန်လည်ရရှိလာကြပြီ။

ချင်ယွင်နှင့် ယွမ်ရှီရှီတို့သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး ယွမ်ရှီရှီ၏ နောက်ကျော သည် ချင်ယွင်ကိုမှီလျက်ရှိကာ သူမ၏ လှပသော မျက်နှာသည် စိတ်ရှုပ်ထွေးပြီး ရှက်ရွှံ့နေသည်။

သူတို့သည် အခုလေးတင် လိင်စိတ်ဆန္ဒ အထွက်အထိပ် အခြေအနေသို ရောက်ရှိနေခဲ့ သော်လည်း ထိုမှတ်ဉာဏ်များကို နောက်ပိုင်းတွင် လုံးဝ သိမ်းဆည်းမိသား ဖြစ်နေခဲ့သည်။ သူမသည် အစောပိုင်းက ချင်ယွင်နှင့် လိင်ဆက်ဆံခဲ့သည့် မြင်ကွင်းကို ပြန်သတိရသည့် အခါ၊ အရင်က ဆန့်ကျင်ဘက်လိင်နှင့် မဆက်ဆံဖူးသည့် ယွမ်ရှီရှီသည် နှိုင်းစာ၍မရအောင် ရှက်ရွံ့မှုကို ခံစားရပါသည်။

ထိုအခိုက်တွင် ချင်ယွင်လည်း ခါးသီးစွာ ပြုံးလိုက်ပြီး၊ ထိုအပြုံးက သူသည် အစောပိုင်းက ခံစားချက်ထဲတွင် အမှန်တကယ် နစ်မြုပ်သွားခဲ့ကြောင်းကို ဖော်ပြနေသည်။

သူ့ကိုယ်သူ အသိဉာဏ်ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကို သူ မကြိုက်သော်လည်း၊ အစောပိုင်းက ထိုညို့ငင်ခြင်းစွမ်းအားသည် သူ့ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို လုံး၀ မူးဝေသွားစေပြီး၊ သူ့စိတ်ဝိညာဉ်လည်း ကြီးကြီးမားမား တိုးတက်လာခဲ့ပြီ။

အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ သူသည် စကြဝဠာ၏ အလိုဆန္ဒကို အသုံးမပြုလျှင်ပင်၊ သူ၏ လက်ရှိစိတ်ဝိညာဉ်စွမ်းအားသည် အစောပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ အကယ်၍ သူသည် စကြဝဠာ၏အလိုဆန္ဒကို ထပ်မံ အသုံးပြုပါက၊ ဘိုးဘေးနတ်ဘုရားနယ်ပယ်အောက်ရှိ မည်သူမဆို သူ့စိတ်ဝိညာဉ်ကို လှုပ်ခါနိုင်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။

အချိန်ကောင်းတစ်ခု ဖြစ်ခဲ့သော်လည်း, ဤကိစ္စပြီးနောက် မည်သို့ အဆုံးသတ်ရမည် နည်း?။

ချင်ယွင် လှည့်ကြည့်လိုက်တော့ ယွမ်ရှီရှီက စကားတစ်ခွန်းမှ မပြောပေ။ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူက “မင်း စိတ်ထဲမထားဘူးဆိုရင်, မင်း ငါ့မိန်းမအဖြစ် နေပေးပါ” ဟု ပြောလိုက်သည်။

ယွမ်ရှီရှီသည် ချင်ယွင်၏ စကားကို ကြားသောအခါ သူမ၏ နူးညံ့သော ခန္ဓာကိုယ် တုန်လှုပ် သွားပြီး ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။

နှစ်ယောက်သား ရှက်ရွှံ့နေသော မျက်လုံးများဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။

သူတို့သည် အစောပိုင်းက ရူးသွပ်သွားကြပြီး၊ ပျော်ရွှင်ရဆုံအခြေအနေသို့ ရောက်ရှိနေကြ သော်လည်း၊ အခု သူတို့ သတိရပြီး နိုးကြားလာချိန်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ သဘာဝအတိုင်း ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။

"ထပ်ပြောပါဦး။" ယွမ်ရှီရှီက ချင်ယွင်ကို ပြောသည်။ ထိုသို့ပြောပြီးနောက်မှာ, သူမ၏ လှပသော မျက်နှာက နီရဲနေခဲ့ပါသည်။

"အယ်?" ချင်ယွင် မှင်သက်သွားပြီး ခဏတာမျှ မတုံ့ပြန်ခဲ့ပေ။

"ကျွန်မက ရှင့်ကို ထပ်ပြောဖို့ ပြောခဲ့တာလေ" ယွမ်ရှီရှီက မကျေမနပ်အသံဖြင့် ပြောသည်။

ထိုစကားကြားတော့ ချင်ယွင်က နောက်ဆုံးမှာ အသိဝင်လာသည်။ သူက ယွမ်ရှီရှီကို ညင်သာသော အကြည့်ဖြင့် ကြည့်ကာ "မင်းကို ငါ့မိန်းမ ဖြစ်စေချင်တယ်" ဟု ပြောလိုက် သည်။

ချင်ယွင်၏ နူးညံ့သိမ်မွေ့သော အကြည့်ကို ကြည့်ရင်း ယွမ်ရှီရှီက ပြုံးပြကာ "ကျွန်မ ငြင်းဆန်တယ်" ဟု ရွှတ်နောက်နောက် ပြောလိုက်သည်။

ချင်ယွင်သည် ချက်ချင်းပင် ချွေးပျံသွားသည်။

သို့သော် ယွမ်ရှီရှီသည် ထိုအချိန်တွင် ချင်ယွင်၏ပါးစပ်ကို နမ်းလိုက်ပြီးနောက် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ၊ သူမခန္ဓာကိုယ်ကို ကုတင်အောက်၌ လွင့်မျောနေသော အနီရောင်ဝတ်စုံဖြင့် ဖုံးအုပ်ထားသည်။

အနီရောင်တောက်တောက် ဝတ်စုံသည် ကုတင်ခင်းပေါ်ရှိ အနီရောင် အစက်အပြောက် ကဲ့သို့ ထူးထူးခြားခြား တောက်ပနေသော်လည်း၊ ယွမ်ရှီရှီ၏ ချောမောလှပသော ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေသည်။

"ဒီအနမ်းက ကျွန်ကို ကယ်တင်ပေးခဲ့တဲ့ ရှင့်ကို ကျေးဇူးတင်တဲ့ ဆုလာဘ်တစ်ခုပဲ။ ရှင့်မိန်းမဖြစ်ဖို့အတွက်တော့ ကျွန်မ ပြန်စဉ်းစားဦးမယ်။ နောက်တစ်ခါ ပြန်ဆုံဖြစ်ခဲ့ရင် ကျွန်မ ရှင့်ကို အဖြေပေးမယ်။" ယွမ်ရှီရှီက ပြန်လှည့်ပြီး ချင်ယွင်ကို ချစ်စဖွယ် အပြုံးဖြင့် ပြုံးပြလိုက်သည်။

ယခုအခါ သူမ၏ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်သည် ဖြေရှင်းသွားပြီး၊ သူမ၏ ခန္ဓာကိုယ်ရှိ ဝိညာဉ်အလှစွမ်းအားကို (ညှို့ငင်ခြင်းစွမ်းအား) လွတ်လပ်စွာ စုပ်ယူနိုင်သလို ထုတ်လွှတ်နိုင်ပြီ ဖြစ်သည်။ သူမကို နည်းနည်းလေးမှ ထိခိုက်စေမှာ မဟုတ်တော့ပါဘူး။ ထိုအရာက ကောင်းမွန်သည့် ကြီးကြီးမားမား အကူအညီတစ်ခု ဖြစ်လာပါလိမ့်မည်။

သူမ၏ ညှို့ငင်ခြင်းစွမ်းအားကို ထိန်းချုပ်ထားရချိန်မှာ သူမသည် သာမန် အလယ်လတ် မြေကမ္ဘာနတ်ဘုရားအမျိုးသမီး တစ်ယောက်အတိုင်းပင်။ သို့သော်၊ သူမ၏ ညှို့ငင်ခြင်း စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် အမျိုးသားအားလုံးသည် ၎င်းကို စွဲလန်းသွား ပြီး ၎င်း၏စွမ်းအားကလည်း ယခင်ကထက် ပိုမိုအားကောင်းလာမည် ဖြစ်သည်။

ယွမ်ရှီရှီ၏ အပြုံးကို မြင်လိုက်ရတော့ ချင်ယွင်၏ နှလုံးသားသည် တစ်ဖန် တုန်ခါသွားပြန် သည်။

အကယ်၍ သူ့စိတ်ဝိညာဉ်ကို ယခုတစ်ကြိမ် အဆင့်မြှင့်တင်ခြင်း မပြုနိုင်ခဲ့ပါက, ယွမ်ရှီရှီ၏ အပြုံးသည် သူ့အတွက်ပင် တောင့်ခံနိုင်စွမ်းမရှိသည့်အရာ ဖြစ်သည်။

"မင်း အဆင့်ဖြတ်ကျော်သွားတာလား?" ရုတ်တရက် ချင်ယွင်သည် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး မေးလိုက်သည်။

"အင်၊ အခု ကျွန်မက နှောင်းပိုင်း အလယ်လတ် မြေကမ္ဘာနတ်ဘုရားအဆင့်ကို ဖြတ်ပြီးသွားပြီဆိုတော့ အခု ရှင်က ကျွန်မအတွက် ပြိုင်ဘက်မဟုတ်တော့ဘူး" ယွမ်ရှီရှီက ပြုံးပြီး တုန့်ပြန်သည်။

ချင်ယွင်က ပြုံးရုံသာပြုံးပြီး မချေပပေ။

တကယ်တော့, အကယ်၍, သူတို့သာ အချင်းချင်း ရင်ဆိုင်ရပါကာ ရလာဒ်က ၅၀/၅၀ ရှိနေပါလိမ့်မည်။

"ကောင်းပြီ၊ ကျွန်မ ထွက်သွားရမယ့် အချိန်ရောက်ပြီ။ ကျွန်မ ဒီနေရာမှာ ရှင်ကို ထားခဲ့မယ်။ ဒါက ဒီနေရာကို ဝင်လာနိုင်တဲ့ နတ်ဘုရားစိတ်ဝိညာဉ် အဆောင်တစ်ခုပဲ။ သိမ်းထားလိုက်ပါ။" ယွမ်ရှီရှီက ချင်ယွင်ကို ပြောသည်။ သူမစကားပြီးသောအခါ သူမဝတ်စုံ လက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး၊ ထူးဆန်းသော အလင်းရောင်တစ်ခုက ထွက်ပေါ်လာကာ ချင်ယွင်ဆီသို့ ပျံသန်းသွားခဲ့သည်။

ချင်ယွင်သည် အဆောင်ကို ဖမ်းယူရန် လက်ကိုဆွဲထုတ်ပြီး၊ မေးမြန်းရန်အတွက် ယွမ်ရှီရှီ ရှိရာဆီသို့ ကြည့်လိုက်ချိန်မှာ ယွမ်ရှီရှီသည် ခမ်းနားသော အိမ်တော်ထဲမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို သိလိုက်ရပါသည်။

ချင်ယွင်က သူ့လက်ထဲက အဆောင်ကို ကြည့်ပြီး အချိန်အတော်ကြာအောင် မှင်သက်နေမိ သည်။ ထိတ်လန့်သွားတယ်။ ထိုအချိန်မှာ သူသည် ခေါင်းကို ကူရာမဲ့ ခါယမ်းလိုက်သည်။

သူသည် သူမနှင့် အတူအိပ်ဖူးသူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိသည်၊ ထို့ကြောင့်, သူသည် အဘယ်ကြောင့် စွန့်ပစ်ခံရသူတစ်ဦးကဲ့သို့ ခံစားရသနည်း။ အကယ်၍, ဤသတင်းသာ ပြန့်သွားခဲ့လျှင်, သူ့မျက်နှာမှာ ထားစရာနေရာ မရှိတော့မှာကိုပင် စိုးရိမ်မိ ပါသည်။

သို့သော် ယွမ်ရှီရှီသည် သူမနှလုံးသားထဲတွင် သူ၏ပုံရိပ်က စွဲထင်သွားနေပြီဟု ချင်ယွင် သေချာသည်။ ထိုသို့မဟုတ်ပါက သူမသည် ထိုအနီရောင်ဝတ်စုံသို့ ပြောင်းလဲနိုင်မည် မဟုတ်ပေ။

အနီရောင်ဝတ်စုံက မည်သည့်အဓိပ္ပာယ်ကို ဆိုလိုပါသနည်း?။ သို့သော် ယွမ်ရှီရှီကရော သူ့ကို အဘယ်ကြောင့် လက်မခံခဲ့သနည်း။

ချင်ယွင်သည် သူ့စိတ်ထဲတွင် အတွေးမျိုးစုံ ရှိနေစဉ်မှာ, ယွမ်ရှီရှီသည် လိပ်ငယ်တောင်၏ အပြင်ဘက်တွင် မပျက်စီးဘဲရှိနေသည့် တောင်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ယွမ်ရှီရှီသည် ရှုပ်ထွေးသော အမူအရာဖြင့် လိပ်ငယ်တောင်ဆီသို့ လှမ်းကြည့် လိုက်ပါ သည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူမ၏ ပါးစပ်ထောင့်က ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် လိပ်ငယ်တောင်၏ ဦးတည်ရာဆီသို့ တစ်ဖန်ပြန်ကြည့်ကာ သူမ၏အကြည့်များသည် တုနှိုင်းမရလောက် အောင် ခိုင်မာလာသည်။

"ဒီနေ့ကစပြီး ငါ့ရဲ့ ဝိညာဉ်အလှရုပ်ခန္ဓာကိုယ်က ရှင့်အတွက်ပဲ ဖြစ်ရလိမ့်မယ်။ တခြားလူတွေ အားလုံးက သာမာန် ယွမ်ရှီရှီကိုပဲ မြင်တွေ့ရလိမ့်မယ်။ ရှင်နဲ့ နောက်တစ်ကြိမ် ထပ်တွေ့ဖို့ မျှော်လင့်တယ်” ယွမ်ရှီရှီသည် စကားတစ်ခွန်းကို ထုတ်ပြောလိုက်ပြီး၊ နောက်ပြန်လှည့်ကာ လေထဲသို့ ခြေလှမ်းဝင်ရောက်ပြီး၊ နတ်ဘုရား အလင်းရောင်အဖြစ်သို့ ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားခဲ့သည်။

All Chapters