← Chapters

အခန်း ၁၃၄၂

Vol. 90 Ch. 1342

အခန်း ၁၃၄၂

Vol. 90 Ch. 1342

အခန်း (၁၃၄၂) နှုတ်ဆက်ပါတယ် နေသာဧကရာဇ်

ထို့နောက် ချင်ယွင်သည် လိပ်ငယ်တောင်၏ ခြံဝင်းထဲတွင် တစ်ယောက်တည်း နေထိုင်ခဲ့ သည်။ သူသည် အလွန်စိတ်အေးလက်အေးရှိပြီး အခဲမကျေလည်း ဖြစ်နေမိသည်။ သူ၏ အချိန်အားလုံးနီးပါးသည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်နှင့် ဝူဝမ်ဓားသိုင်း၏ တတိယမြောက် ဓားကွက်ကို နားလည်ရန် ကုန်ဆုံးခဲ့သည်။

မူလက ချင်ယွင်သည် ကောင်းကင်ဘုံပြောင်းလဲခြင်းဆေးကို သောက်သုံးရန် စီစဉ်ခဲ့သော် လည်း လျှိုဘိုက ဆေးကို အလျင်စလို မသောက်သုံးရန် ပြတ်ပြတ်သားသား တားမြစ်ခဲ့ သည်။ သူ၏ ကနဦးစကြာဝဠာသည် အလယ်လတ်အလယ် ထိုက်ကျိနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်သောအခါ၊ သူသည် ကောင်းကင်ဘုံ ပြောင်းလဲခြင်းဆေးကို စားသုံးပြီး နှောင်းပိုင်း ထိုက်ကျိနယ်ပယ်သို့ တစ်ရှိန်ထိုး ဖြတ်ကျော်သွားမည် ဖြစ်သည်။

လျှိုဘိုပြောသည့် စကားသည် ကျိုးကြောင်းဆီလျော်သည်ဟု ချင်ယွင် ခံစားမိသော ကြောင့်၊ သူသည် နတ်ဘုရားစွမ်းရည်များကိုသာ နားလည်သဘောပေါက်အောင် ကြိုးစားနေခဲ့သည်။

ချင်ယွင်၏ ပျင်းရိဖွယ် နေ့ရက်များတွင် လူအနည်းငယ်သည် လိပ်ငယ်တောင်သို့ ရောက်လာကြသေးသည်။ သူတို့သည် ပြန်ထွက်မသွားခင် လိပ်ငယ်တောင်အနီးတွင် အချိန်အတော်ကြာ နေခဲ့ကြသေးသည်။

မှန်းဆနေစရာပင် မလိုပါချေ။ ဤလူများသည် သူ့အတွက် ရောက်လာကြသည်ကို ချင်ယွင် သိပါသည်။ ၎င်းတို့ထဲမှ သုံးဦးသည် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများဖြစ်ပြီး၊ နောက်တစ်ဦးမှာ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သို့သော်၊ ကောင်းကင်နတ်ဘုရားသည် ဤလေဟာနယ် အက်ကွဲကြောင်းထဲတွင် ပုန်းအောင်းနေ သော ချင်ယွင်ကို မတွေ့ရသဖြင့် ၎င်းတို့သည် နောက်ထပ် ဆက်မရှာဖွေတော့ဘဲ ထွက်ခွာသွားကြသည်။

ဤကာလအတွင်း နီထိုက်စွေ့သည်လည်း ချင်ယွင်သို့ သတင်းစကား ပေးပို့ခဲ့သည်။ သို့သော်, သူသည် ချင်ယွင်နေသည့်နေရာကို မမေးခဲ့ပေ။ ယင်းအစား၊ သူသည် ချင်ယွင်ကို ပုန်းအောင်းနေရန်နှင့်၊ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်က သူ့ကို လူလွှတ်ပြီး နေရာတိုင်းမှာ ရှာဖွေနေသည့်အတွက် သတိထားနေထိုင်ရန် ပြောခဲ့ပါသည်။

ချင်ယွင်က ဤအရာကို မအံ့သြပါဘူး။ သူသည် နီထိုက်စွေ့ထံသို့ သတင်းစကား ပြန်ပို့ခဲ့ပြီး သူသည် အလွန်လုံခြုံးဘေးကင်းကြောင်းပြောပြကာ၊ ကြယ်အလင်းမြို့တော်မှ ထွက်ခွာရန် သူ့ကို ပြောခဲ့သည်။

ထိုနေ့တုန်းက ချင်ယွင်သည် နီထိုက်စွေ့နှင့်အတူ ထိုင်နေသည်ကို လူအများက မြင်ထားခဲ့ သည်။ ထို့ကြောင့် ချင်ယွင်သည် လူအများပြားက ချင်ယွင်နှင့်ပတ်သက်ပြီး နီထိုက်စွေ့ကို ပြဿနာရှာခြင်းမှ ကြိုတင်ကာကွယ်လိုသည်။ ထို့ကြောင့် နီထိုက်စွေ့သည် ထွက်ခွာသွား ခြင်းက ပိုကောင်းပါသည်။

သို့သော် နီထိုက်စွေ့၏ ပြန်ကြားချက်ကြောင့် ချင်ယွင်သည် ရယ်ရမလား ငိုရမလား မသိတော့ပေ။

ထိုသတင်းစကားထဲတွင် နီထိုက်စွေ့က သူသည် ထိုညကပင် ကြယ်အလင်းမြို့တော်မှ ထွက်ခွာပြီး ၎င်း၏ အခြေစိုက်စခန်းသို့ ပြန်သွားပြီဖြစ်ကြောင်း ချင်ယွင်သို့ ပြောကြားခဲ့ သည်။ ထို့နောက်မှာတော့ နတ်သမီးယွမ်နှင့်အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး သူမနှင့် အတူအိပ်ရခြင်းက မည်သို့ခံစားရပါသလဲဟုပင် မေးမြန်းသွားသေးသည်။

ချင်ယွင်သည် ထိုသတင်းစကားကို မြင်သောအခါ၊ ၎င်းကို လျစ်လျူရှုရန် တိုက်ရိုက် ရွေးချယ်ခဲ့သည်။

အကယ်၍, သူသည် ယွမ်ရှီရှီနှင့် အတူမအိပ်ခဲ့ဘူးဆိုလျှင်, အခုအချိန်မှာ သူတို့ကြားမှာ ဘာမှမဖြစ်ခဲ့ဟု သူ ရှင်းပြနိုင်ပါသည်။ နောက်ဆုံးမှာတော့ သူသည် ယွမ်ရှီရှီနှင့် အမှန်တကယ် အိပ်ဖြစ်ခဲ့သည်။

ထိုကဲ့သို့ပင် ရက်ပေါင်းနှစ်ဆယ်နီးပါး ကြာပြီးနောက် ချင်ယွင်သည် နောက်ဆုံးတွင် နေသာ ဧကရာဇ်ထံမှ ကြယ်အလင်းမြို့တော်၏ အဝင်ဝတွင် သူ့ကိုတွေ့ဆုံရန် တောင်းဆိုသည့် သတင်းစကားကို လက်ခံရရှိခဲ့သည်။

ထိုသတင်းကို ရရှိပြီးနောက် ချင်ယွင်သည် လိပ်ငယ်တောင်ခြံဝင်းထဲမှ ထွက်ခွာခဲ့သည်။

သို့သော် ယခုအချိန်တွင် သူသည် သူ၏ရုပ်ရည်အသွင်အပြင် လုံးဝ ပြောင်းလဲထားခဲ့သည်။ သူ၏ပင်ကိုယ်စရိုက်ပင်လျှင်, ကနဦးစကြာဝဠာကြောင့် ပြောင်းလဲသွားခဲ့သည်။ အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်ကျွမ်းကျင်သူ တစ်ဦးပင်လျှင်, မြင်နိုင်မည် မဟုတ်ပေ။ သူ့ရှေ့တွင် ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ဦး ရပ်မနေပါက၊ ချင်ယွင်၏ ကိုယ်ရေးအချက်လက်ကို အမှန်တကယ် မှတ်မိရန် မည်သူမဆို ခက်ခဲပေလိမ့်မည်။

ချင်ယွင်သည် လိပ်ငယ်တောင်ခြံဝင်းထဲမှ ထွက်ခွာသွားပြီးနောက် သူသည် ရည်ရွယ်ချက် ရှိရှိဖြင့် မြို့အနှံ့ လမ်းလျှောက်သွားခဲ့သည်။ အမှန်ပင်၊ သူသည် မြို့ကို လှည့်ပတ်နေသည့် နတ်ဘုရားသံချပ်ဝတ် စစ်သည်တော်များစွာ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ ကျွမ်းကျင် ပညာရှင် အများအပြားကလည်း သူကို လျှို့ဝှက်စွာ စောင့်ကြည့်နေကြသည်။ ထင်ရှားသည်မှာ၊ သူသည် ဂျီရှီနှင့် အခြားကောင်းကင်နတ်ဘုရားရှစ်ပါး၏ အမျက်ဒေါသ ကို ဖြစ်ပေါ်စေခဲ့သောကြောင့် ဖြစ်ပြီး၊ ကျွမ်းကျင်သူများက သူ၏နေရာကို ရှာဖွေနေခြင်း ဖြစ်ကြောင့် ထင်ရှားသည်။

ကံမကောင်းစွာပဲ၊ သူတို့ တွက်ချက်မှုက မှားယွင်းခဲ့ကြသည်။ ချင်ယွင်၏တည်နေရာကို ရှာဖွေရန်အတွက် ထိုလူများ၏သတင်းအချက်လက်ကို အားကိုးချင်သည်ဆိုလျှင်, ချင်ယွင် ကို လျှော့တွက်လွန်းရာ ကျပါလိမ့်မည်။ ချင်ယွင်သည် သူတို့ရှေ့မှာပင် နတ်ဘုရားမြို့တော် မှ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထွက်သွားခဲ့ပြီး၊ သူတို့သည် ချင်ယွင်ကို မသိရှိလိုက်ပေ။

ချင်ယွင်သည် နတ်ဘုရားမြို့တော်မှ ထွက်သွားပြီးနောက်၊ နေသာဧကရာဇ်သည် မြို့တော် အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သို့သော် နေသာဧကရာဇ်၏ဘေးတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရှိနေသေးသည်။

သူတို့နှစ်ယောက်လုံးသည် လူငယ်လေးတွေအတိုင်းပင်။ အမျိုးသား၏ ဝတ်စားဆင်ယင်မူ က ထူးထူးခြားခြားဖြစ်ပြီး၊ အမျိုးသမီး၏ အသွင်ပြင်ကလည်း ပန်းပွင့်တွေလို လှပပါသည်။ သူတို့နှစ်ယောက်စလုံး၏ ကျင့်ကြံမှုအဆင့်သည် နတ်ဘုရားတစ်ပိုင်း နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေကြသည်။ သူတို့သည် ကြယ်နတ်ဘုရားနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။

သို့သော် သူတို့၏ မာနကြီးသော အမူအရာများမှတဆင့် ဤလူနှစ်ယောက်သည် သာမန် နတ်ဘုရားတစ်ပိုင်းများ မဟုတ်ကြောင်း သိနိုင်ပါသည်။ သူတို့သည် ကောင်းကင်ဘုံကို အံတုသောနည်းလမ်းများဖြင့် သူတို့၏ကိုယ်ပိုင်နယ်ပယ်များကို အတင်းအကျပ် ဖိနှိပ်ထား ခြင်း သို့မဟုတ် ကျွမ်းကျင်ပညာရှင်များ၏ ကိုယ်ပွားများဖြစ်ခဲ့ကြောင်း ထင်ရှားပါသည်။

ခြုံပြောရလျှင်, ထိုအမျိုးသားနှင့် အမျိုးသမီး အတွဲသည် မရိုးရှင်းပါဘူး။

ချင်ယွင်သည် နေသာဧကရာဇ်ကို နှုတ်ဆက်ရန် တိုက်ရိုက် ပြေးမသွားခဲ့ပါ။ ယင်းအစား၊ သူသည် နေသာဧကရာဇ်ထံသို့ အသံထုတ်လွှင့်မှုဖြင့် တိတ်တဆိတ် ပေးပို့ခဲ့ပြီး သူ၏ လက်ရှိ ကိုယ်ရေးအချက်လက်မှာ လင်းယုဖြစ်ကြောင်း သူ့ကို ကြိုပြောပြခဲ့သည်။

နေသာဧကရာဇ်သည် မကြာသေးမီက မြို့တော်၌ ဖြစ်ပျက်ခဲ့သည်များကို သိရှိခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူနှင့် ရိုးရှင်းသော စကားအနည်းငယ် ပြောဆိုပြီးနောက် ချင်ယွင်အား ကူညီပြီး သူ့ကိုယ်ရေးအချက်လက်ကို ဖုံးကွယ်ပေးရန် သဘောတူခဲ့သည်။

"ဟား…၊ ဟား….၊ ဂျူနီယာညီလေး လင်းယု၊ နောက်ဆုံးတော့ မင်း ဒီကိုရောက်လာပြီပဲ။ လာ.. လား... စီနီယာအစ်ကိုက မင်းကို မိတ်ဆက်ပေးမယ်။ သူတို့နှစ်ယောက်က ငါတို့ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်ရဲ့ လက်ရွေးစင်တွေပဲ။ သူ့နာမည်က မိုဟဲ၊ သူမနာမည်က ဖန်းယီ။ ဒီစစ်ဆင်ရေးမှာ ငါတို့နဲ့အတူ ရှိနေလိမ့်မယ်။" နေသာဧကရာဇ် သည် ချင်ယွင်၏ ထွက်ပေါ်လာသည်ကို မြင်ပြီး ဟန်ဆောင်ကာ နှုတ်ဆက်ကာ ချင်ယွင်နှင့် မိတ်ဆက်ပေးစဉ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

သူ့အနားမှ အမျိုးသားနှင့် အမျိုးသမီးတစ်ဦးသည် နေသာဧကရာဇ်၏ စကားကိုကြားသော အခါ ချင်ယွင်ဆီကို လှည့်ကြည့်လိုက်သည်။

စူးရှသောမျက်လုံးနှစ်စုံက ချင်ယွင်ကို အပေါ်အောက် စုံဆန်ကြည့်ကာ ချင်ယွင်၏ ခန္ဓာကိုယ်မှ ထူးထူးခြားခြား တစ်စုံတစ်ရာကို မြင်လိုပုံရသည်။ သို့သော်လည်း အဆုံးတွင် ချင်ယွင်၏ပင်ကိုယ်အရေသွေးက သာမန်ဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာလည်း သာမန် ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် စိတ်ပျက်သွားကြသည်။ ထို့နောက် ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်များသည် အေးစက်ပြီး ဘာမှထူးခြားမလာပေ။

"မင်္ဂလာပါ သခင်​​လေးတို့။ ကျွန်​​တော့်​နာမည်​က လင်းယုပါ၊ ကျွန်​​တော်​က ချန်ယူမင်ရဲ့ ဂျူနီယာညီပါ” ချင်ယွင်က ပြုံးပြီး အလွန်နှိမ့်ချသော အသွင်အပြင်ကို ဆောင်ကာ ပြောလိုက်သည်။

ချန်ယူမင်သည် နတ်ဘုရားကမ္ဘာရှိ နေသာဧကရာဇ်၏ နာမည်ဖြစ်သည်။ နတ်ဘုရား ကမ္ဘာရှိ လူတိုင်းသည် နေသာဧကရာဇ်ကို မသိကြပဲ ချန်ယူမင်ကိုသာ သိကြသည်။

မိုဟဲအမည်ရှိ လူငယ်သည် ချင်ယွင်ကို အေးစက်စွာ စိုက်ကြည့်ကာ "မင်း ငါတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေနဲ့။ ဒီရှေးဟောင်းနယ်မြေ အလွန့်လွန် အန္တရာယ်များတယ်။ မင်း ခရီး တစ်လျှောက်လုံး ငါတို့ရဲ့အမိန့်ကို နာခံရမယ်။ ခွင့်ပြုချက်မရဘဲ မလှုပ်ရှားမိစေနဲ့" ဟု ပြောလိုက်သည်။

"ကောင်းပြီ" ချင်ယွင်က ကမန်းကတန်း ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။

ချင်ယွင်က အပြုံးနှင့်အတူ ခေါင်းညိတ်ပြသည်ကို ထိုအမျိုးသား မြင်သောအခါ, ချင်ယွင်ကို ကြည့်သည့် သူ့အကြည့်များက ချက်ချင်းပင် မထီမဲ့မြင် ဖြစ်လာသည်။

ထိုအမျိုးသမီးနှင့် ပတ်သက်၍မူ, သူမသည် ချင်ယွင်ကို လုံးဝ လျစ်လျူရှုပြီး အခြား အရပ်ကို ဆက်လက် ကြည့်ရူနေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်သည် သူ့ရင်ထဲမှာ တိတ်တဆိတ် ခေါင်းယမ်းလိုက်မိ သည်။

သူ့ကိုယ်ရေးအချက်လက်ကို ထုတ်ဖော်မပြလိုခြင်းကြောင့်သာ မဟုတ်ပါက, သူသည် ဤမျှ ယဉ်ကျေးနေမည် မဟုတ်ပေ။ သို့သော် ဤလူငယ်သည် သူ၏ယဉ်ကျေးသိမ်မွေ့မှုကို အထင်သေးပြီး လုံးလုံးလျားလျား နှိမ့်ကျသူအဖြစ် ဆက်ဆံလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ ပေ။ ယင်းကြောင့် ချင်ယွင်သည် ဤလူငယ်အပေါ် သူ၏ကောင်းမြတ်သော အထင်ကြီးမှု ကို ချက်ချင်း ပျောက်ဆုံးစေခဲ့သည်။

ဖန်းယီဟုခေါ်သော အမျိုးသမီးကိုမူ, ချင်ယွင်သည် သူ့နှလုံးသားအောက်ခြေမှပင် ပို၍ စက်ဆုပ် ရွံရှာလာသည်။

သူမပုံစံက မာနကြီးသော ဒေါင်းတစ်ကောင်အဖြစ် ရူမြင်နိုင်ပြီး၊ ချင်ယွင်ကို သူမ မျက်လုံးများဖြင့် ဘယ်တော့မှ မကြည့်ခဲ့ပါဘူး။ ချင်ယွင်၏စိတ်နှလုံးထဲမှာ ပထမဆုံး အကြည့်ဖြင့်ပင် ထိုကဲ့သို့လူစားမျိုးသည် သေဒဏ်ချမှတ်ပြီးသား ဖြစ်သည်။ ထို့ကြောင့်, သူသည် သူတို့နှင့် လုံးဝ ရောနှောပတ်သက်နေမှာ မဟုတ်ပါဘူး။

"ညီငယ်ချင်၊ သူတို့အားလုံးက နတ်ဘုရားနန်းတော်ရဲ့ လက်ရွေးစင်တွေပဲ။ သူတို့ရဲ့ မျက်လုံးတွေက တောင်ထိပ်တွေထက် ပိုမြင့်နေတာ ပုံမှန်ပါပဲ။ စိတ်ထဲမထားပါနဲ့၊ သူတို့ရဲ့ နယ်ပယ်တွေကို ဖိနှိပ်ထားပေမယ့် သူတို့ရဲ့ တိုက်ခိုက်ရေးအင်အားက အလယ်လတ် မြေကမ္ဘာနတ်ဘုရားတစ်ပါးအောက် နိမ့်ကျမှာ မဟုတ်ဘူး။" နေသာဧကရာဇ်သည် တစ်စုံတစ်ခုကို သဘာဝကျကျ မြင်နိုင်ပြီး ချင်ယွင်ထံသို့ အသံဖြင့် ပေးပို့လိုက်သည်။

"ကောင်းပါပြီ၊ သူတို့ ကျွန်တော့်ကို မနှောင့်ယှက်သရွေ့တော့ သူတို့ကို ပြဿနာရှာဖို့ ကျွန်တော်ဘက်က အစပြုမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ဘက်က ပြုလုပ်လာရင်တော့ မယဉ်ကျေးနိုင်တာ ကျွန်တော့်အပြစ်ပါ။" ချင်ယွင်က အသံထုတ်လွှင့်မှုဖြင့် ပြန်ကြားခဲ့ သော်လည်း၊ မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ချိတ်ဆွဲထားဆဲ ဖြစ်သည်။

ချင်ယွင်၏ အသံကိုကြားလိုက်စဉ်, နေသာဧကရာဇ်သည် သူ့စိတ်ထဲတွင် သက်ပြင်းမချမီ တစ်ခဏမျှ မှင်သက်သွားခဲ့သည်။

ထိုမှသာလျှင် မကြာသေးခင်ကမှ နတ်ဘုရားမြို့တော်၌ ချင်ယွင် ပြုလုပ်ခဲ့သည့် တုန်လှုပ် ချောက်ချားစရာ ကိစ္စရပ်များဖြစ်သည့် ကောင်းကင်နတ်ဘုရားနှစ်ပါး၏ သားတော်များကို သတ်ဖြတ်ခြင်း၊ နတ်ဘုရားနန်းတော်၏ ထိပ်တန်းအဆင့်တပည့်တစ်ဦးကို သတ်ဖြတ်ခြင်း နှင့် ဂန္ထဝင်ဆန်ဆန် အရှေ့ပိုင်းမြစ်ဘိုးဘေးနှင့် တိုက်ခိုက်ခြင်းတို့ကို သတိရမိလေသည်။ နတ်ဘုရားနန်းတော်၏ လက်ရွေးစင်များကြားမှာပင်၊ ထိုကဲ့သို့သော တိုက်ပွဲမျိုးကို အောင်မြင်မှုသည် အားနည်းသူမဟုတ်ပေ။

"သွားကြရအောင်" နေသာဧကရာဇ်က ပြောပြီးနောက်၊ သူသည် လူအုပ်ကို ဦးဆောင်ကာ သေချာသော တစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။

All Chapters