← Chapters

အခန်း ၁၃၄၄

Vol. 90 Ch. 1344

အခန်း ၁၃၄၄

Vol. 90 Ch. 1344

အခန်း (၁၃၄၄) လင်းချင်ရှန်း

ဆောင်းအကာကွယ်မြို့တော်နှင့် လွင့်မျောနှင်းမြို့တော် နှစ်ဖက်စလုံးသည် မျက်မှောင် ကြုတ်သွားသည်။ မိုဟယ်၏စကားများသည် အမှန်တကယ်ပင် မောက်မာလွန်းလှသည်။

"ဘာလို့ ငါတို့ကို ထွက်သွားစေချင်တာလဲ။ မင်းက ခေါင်းလောင်းလေ နတ်ဘုရားနန်းတော် က ဖြစ်ရုံနဲ့လား?။ မင်းကို ငါ ပြောပါရစေ။ ငါကလည်း မြင့်မြတ်သော ကောင်းကင်ဘုံ နန်းတော်ရဲ့ နှင်းအကာကွယ်မြို့တော်ရဲ့ သခင်လေးတစ်ယောက်ပဲ” လင်းဖန်းက မိုဟဲကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။

အနည်းဆုံး သူသည် ဆောင်းအကာကွယ်မြို့တော်၏ သခင်လေးတစ်ဦး ဖြစ်သည်။ မည်သူမှန်း မသိသည့် လူတစ်ယောက်က သူ့ကိုနှင်ထုတ်ရုံဖြင့် သူကရော အဘယ့်ကြောင့် ထွက်သွားရမည်နည်း?။ အကယ်၍, ဒီသတင်းသာ ပြန့်သွားခဲ့လျှင်, သူသည် ဆောင်း အကာအကွယ်မြို့တော်အတွက် မျက်နှာပျက်နှာပျက်ရမှာ မဟုတ်ဘူးလား?။

ဤတစ်ကြိမ်တွင်မူ လင်းဖန်းအနားတွင် ရပ်နေသော အသက်လတ်ပိုင်းအရွယ် အမျိုးသား သည် လင်းဖန်းကို မတားခဲ့ပေ။ သေချာသည်မှာ, သူ့စိတ်ထဲတွင် ထိုကဲ့သို့ တူညီသော အတွေးမျိုးရှိနေသည်။

"မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ?။ မင်းက ဆောင်းအကာကွယ်မြို့တော်ရဲ့ မြို့တော် သခင်လား။ မင်းက မြို့တော်ရဲ့သခင်လေးတစ်ယောက်ပါပဲ။ မင်းကိုအသာထား၊ မင်းအဖေ တောင်မှ ငါ့ရှေ့မှာ ဒီလောက် ဂုဏ်ယူဝံ့ကြွားနေမှာ မဟုတ်ဘူး။” မိုဟဲက လှောင်ပြောင် ပြောလိုက်သည်။

သူသည် ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်၏ လက်ရွေးစင် တစ်ဦးဖြစ်ပြီး၊ သူ၏ အဆင့်အတန်းသည် မြင့်မြတ်သော ကောင်းကင်ဘုံနတ်ဘုရားနန်းတော်နှင့် တန်းတူ ဖြစ်သည်။ ထုံးစံအတိုင်း သူသည် မြို့တော်သခင်များထက် အဆင့်အတန်း မြင့်မားသည်။ သေချာသည်မှာ, သူတို့သည် တူညီသော နတ်ဘုရားနန်းတော် အဖွဲ့ဝင်များ မဟုတ်ကြ သောကြောင့်၊ သူတို့၏ တဖက်လူများအပေါ် ဟန့်တားနိုင်စွမ်းမှာ များစွာ နိမ့်ကျပါသည်။

"တကယ်လို့, ငါခန့်မှန်းတာ မမှားရင်, မင်းက ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်ရဲ့ လက်ရွေးစင် ဖြစ်သင့်တယ် ဟုတ်တယ် မဟုတ်လား" လင်းဖန်းအနားမှာ ရပ်နေသည့် လူက ထပ်ပြောသည်။

ထိုလူ၏အမြင်အာရုံကို တကယ့်ကို ရက်စက်လွန်းသည်ဟု ပြောရပါမည်။ တစ်ချက် ကြည့်လိုက်ရုံဖြင့် မိုဟဲ၏ကိုယ်ရေးအချက်လက်ကို မြင်နိုင်သည်။

မိုဟဲသည်လည်း အသက်လတ်ပိုင်းအရွယ် အမျိုးသား၏ စကားကြားသောအခါ ရယ်မော လိုက်၏။ သူက အသက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ပြီး ပြောလိုက်သည် "ခင်ဗျားရဲ့အမြင်အာရုံက တကယ်ကို အားကောင်းလွန်းတယ်။ မှန်တယ်၊ ငါက တကယ်ပဲ ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်ရဲ့ လက်ရွေးစင်တပည့် မိုဟဲပဲ။ ခင်ဗျားက အမှန်ကို ပြောနိုင်ပြီးတော့, ခင်ဗျား ဒီမှာ ဆက်နေချင်သေးလား?”။

ထိုအချိန်တွင် လင်းဖန်းနှင့် အခြားသူများကို စိုက်ကြည့်ရင်း မိုဟဲ၏ မျက်လုံးများက အေးစက်သွားသည်။

လင်းဖန်းက ပြန်ချေပတော့မည့် အချိန်မှာ သူ့ဘေးက အသက်လတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို တားလိုက်သည်။ သူက နောက်တခါ ထပ်ပြောပြန်သည် "သခင်မိုဟဲ၊ မင်းက ဒီရှေးဟောင်းနယ်မြေအတွက်ကြောင့် ဆည်းဆာတိမ်တိုက်တောင်ကြားကို ရောက်ရှိလာခဲ့တယ်။ လူတိုင်းရဲ့ ပန်းတိုင်က အတူတူပါပဲ။ ဘာလို့ ပြဿနာရှာပြီး စိတ်အနှောင့်ယှက် ဖြစ်ခံနေမှာလဲ?။ ငါတို့ကို ဘာလို့ ဒီရှေးဟောင်းနယ်မြေ ကမ္ဘာငယ်လေး ထဲကို ဝင်ခွင့်မပြုတာလဲ။ မင်းရဲ့အစွမ်းအစကိုရော မင်း ဘယ်လိုထင်ထားလဲ။”

"ငါက ဘာလို့ သဘောတူရမှာလဲ?။ ငါ မင်းတို့ကို မောင်းထုတ်ပစ်မယ်။ ရှေးဟောင်း နတ်ဘုရားနယ်မြေက ငါတို့အပိုင်ပဲ" မိုဟဲသည် အသက်လတ်ပိုင်းလူရွယ် အမျိုးသားကို လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ရင်း ပြောလိုက်သည်။

"သခင်မိုဟဲ၊ မင်း မှားနေပြီ။ ဒီရှေးဟောင်းနတ်ဘုရားနယ်မြေရဲ့ ဝင်ပေါက်ဟာ ထူးထူး ခြားခြား ဖုံးကွယ်နေခဲ့ပြီး ရှာဖွေဖော်ထုတ်ဖို့ အလွန်ခဲယဉ်းတယ်။ ဒါကြောင့် ဒီရှေးဟောင်း နတ်ဘုရား ပုန်းအောင်းရာနန်းတော်ရဲ့ တည်ရှိမှုကို သိတဲ့လူ အလွန်နည်းပါးတယ်။ လက်ရှိ တည်ရှိနေတဲ့ အစီအရင်ပုံစံများရဲ့ စွမ်းအားကို ခန့်မှန်းကြည့်ရင်, အဲဒီရှေးဟောင်းနယ်မြေ က အနည်းဆုံး အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်က ကျွမ်းကျင်သူများ ချန်ထားခဲ့ခြင်း ဖြစ်နိုင်ပြီး၊ ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ နေထိုင်ရာ ဂူများတောင် ရှိနေနိုင်တယ်။ ဆိုတော့, ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေ ချန်ထားခဲ့တဲ့ နတ်ဘုရားစွမ်းရည်တွေ ဒါမှမဟုတ် ရတနာတွေ ရှိကောင်းရှိနေနိုင်တယ်။ ၎င်းတို့ရဲ့တန်ဖိုးက ခန့်မှန်းလို့မရဘူး။ တကယ်လို့, မင်းက ငါတို့ကို မောင်းထုတ်ပြီး၊ ငါတို့ကတဆင့် ဒီသတင်းကို ဖြန့်လိုက်မယ်ဆိုရင်, ကျွမ်းကျင်ပညာရှင် အများအပြား ဒီနေရာကို အပြေးအလွှား ရောက်လာမှာကို စိုးရိမ်မိတယ်။ အဲဒီအချိန်ရောက်ရင်, ဒီနတ်ဘုရားနယ်မြေထဲမှာ ရိတ်သိမ်းဖို့အတွက် ပို၍ ခက်ခဲသွားလိမ့်မယ်။” အသက်လတ်ပိုင်းအရွယ် အမျိုးသားက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်ပါသည်။

သူသည် လင်းဖန်း၏ ဦးလေး, ဆောင်းအကာကွယ် နတ်ဘုရားမြို့တော်, မြို့တော်သခင်၏ ညီ လင်းချင်ရှန်း ဖြစ်ပါသည်။ သူသည် ဉာဏ်ရည်ထက်မြက်သူ ဖြစ်ပြီး၊ ဆောင်းအကာ ကွယ်မြို့တော်တွင် အမြဲတစေ အကြံပေးတစ်ဦး ဖြစ်သည်။ ဆောင်းအကာကွယ် မြို့တော် သည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်တွင် နေရာကောင်းတစ်ခု ရရှိနေခြင်းမှာ လင်းချင်ရှန်း၏ အစီအစဥ်များကြောင့်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့်, ဆောင်းအကာကွယ်မြို့တော်တွင် သူ့ရာထူးသည် ဆောင်းအကာကွယ်မြို့တော်သခင် ပြီးလျှင်, ဒုတိယဖြစ်သည်။ မြို့တော်၏သခင်လေး လင်းဖန်းပင်လျှင် သူ့ကို ကြောက်ရွှံ့ လေးစားရသည်။

အမှန်တကယ် လင်းချင်ရှန်း၏ စကားများကို ကြားပြီးနောက် မိုဟဲသည် တွေးတောနေ သည့် အမူအရာတစ်ခု ထုတ်ဖော်လာသည်။ လင်းချင်ရှန်း၏ စကားများက အလွန် ကျိုးကြောင်းဆီလျော်သည်ဟု သူ ခံစားခဲ့ရသည်မှာ ထင်ရှားပါသည်။

“သူတို့ကို သတ်လိုက်တာနဲ့ ဘယ်သူမှ ဒီသတင်းကို ဖြန့်နှိုင်မှာ မဟုတ်တော့ဘူး” ဤအရာအားလုံးကို အေးစက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည့် ဖန်းယီက ရုတ်တရက် ဆိုလာသည်။ သူမလေသံက အေးစက်တင်းမာပြီး ရက်စက်ကြမ်းကြုတ်သည့် အရိပ်ယောင် ထုတ်ပြလာသည်။

မိုဟဲသည် ထိုစကားကို ကြားသောအခါတွင်, သူ့မျက်လုံးများက တောက်ပလာပြီး၊ လင်းချင်ရှန်းကိုကြည့်နေသည့် သူ့အကြည့်များက ရန်လိုသည့်အမူအရာ ဖြစ်ပေါ်လာ သည်။

သို့သော်လည်း လင်းချင်ရှန်းသည် တည်ငြိမ်သော အမူအရာ ရှိနေသည်။ သူက ပြုံးပြီး ပြောသည် “သခင် မိုဟဲ၊ ငါက ပြောစကားမျိုးကို ပြောရဲမှတော့ သဘာဝအတိုင်း မင်းတို့က လူသတ်ပြီး နှုတ်ပိတ်သွားမှာကို မကြောက်လို့ပေါ့။ “မင်းက ငါတို့အားလုံးကို တကယ် သတ်ပစ်နိုင်စွမ်း ရှိခြင်းမရှိခြ င်းအကြောင်းကို မပြောနဲ့ဦး။ မင်းက ငါတို့အားလုံးကို ဒီချိုင့်ဝှမ်းထဲကနေ နှင်ထုတ်နိုင်ရင်တောင် ငါတို့မှာ ကျောထောက်နောက်ခံတွေ ရှိနေသေး တယ်ဆိုတာ မမေ့ပါနဲ့။ ပြီးတော့, ငါ ဒီကိုမလာခင် ဆောင်းအကာကွယ်မြို့တော်မှာ ကိုယ်ပွားတစ်ခု ချန်ထားခဲ့ပြီးသား။ ငါ့အသတ်ခံရရင်တောင်၊ ငါ့ကိုယ်ပွားက မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်က လက်ရွေးစင်တွေကို ဒီရှေးဟောင်းနယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို နေ့တစ်ဝက်အတွင်း သိစေရလိမ့်မယ်လို့ ငါ အာမခံနိုင်ပါတယ်။"

မိုဟဲသည် လင်းချင်ရှန်း၏စကားကို ကြားသောအခါ သူ့မျက်ခုံးတွေက တွန့်သွားပြန်သည်။ အချိန်အတော်ကြာပြီးနောက်၊ သူက လင်းချင်ရှန်းအား ခက်ထန်စွာ ပြောလိုက်သည် "ဒါဟာ စာနာစိတ်ကင်းမဲ့တယ်လို့ ယူဆလို့ရတယ်။ ကောင်းပြီလေ၊ ငါ မင်းတို့ကို ဖုံးကွယ်နေတဲ့ ရှေးဟောင်းနတ်ဘုရား နယ်မြေထဲ အတူတူ ဝင်ခွင့်ပေးမယ်လို့ ကတိပေး တယ်။"

လင်းချင်ရှန်းသည် ထိုရလာဒ်ကြောင့် အံ့သြခြင်းမရှိဘဲ ပြုံးလိုက်သည်။

ချင်ယွင်သည် လင်းချင်ရှန်းကို လေးလေးနက်နက် မကြည့်ဘဲမနေနိုင်ခဲ့ပေ။ ဤလူက မရိုးရှင်းဟု သူ ခံစားရသည်။

.

လူတစ်ယောက်ကို သန်မာနေရုံဖြင့် ကြောက်စရာမလိုပေ။ ကြောက်စရာကောင်းတာက ထိုလူသည် သန်မာပြီး ထက်မြက်သော ဦးနှောက်ကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ လင်းချင်ရှန်းသည် ထိုလူများထဲမှ တစ်ဦးဖြစ်သည်။ ဆောင်းအကာကွယ်မြို့တော်မှာ ယခုလိုလူမျိုး ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒါဆို သူတို့ကရော ထွက်မသွားနိုင်ဘူးလား" မိုဟဲက ကျိုးဟုန်ရွှဲ့နှင့် တခြားသူတွေကို လှည့်ကြည့်ပြီး ပြောလိုက်သည်။

ကျိုးဟုန်ရွှဲ့နှင့် သူမအနားရှိ အဘိုးအိုနှစ်ယောက်သည် မိုဟဲ၏စကားကို ကြားသောအခါ သူတို့၏မျက်လုံးများသည် ချက်ချင်းပင် သတိထားလာကြသည်။

"ထုံးစံအတိုင်း၊ ငါတို့က သူတို့ကို ထွက်သွားခိုင်းလို့တော့ မရဘူး။ ငါတို့က သူတို့ကို ဒီမှာ နေခိုင်းတာပဲ ဖြစ်ဖြစ် ဒီမှာ သေခိုင်းတာဖြစ်ဖြစ် လုပ်သင့်တယ်။ အဲဒါကတော့ သခင်မိုဟဲရဲ့ အလိုတော်ပေါ်မှာပဲ မူတည်တယ်။ ငါ သိထားသလောက်ဆို သူတို့သုံးယောက်ထဲမှ တစ်ယောက်မှ ကိုယ်ပွားအဖြစ် ဖန်တီးနိုင်တဲ့ နတ်ဘုရားစွမ်းရည်မျိုးကို မကျင့်ကြံထား ကြဘူး။” လင်းချင်ရှန်းက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သော်လည်း သူမစကားများ တွင် အခြားရည်ရွယ်ချက်များ ပါရှိနေသည်။

"လင်းချင်ရှန်း၊ မင်း" ကျိုးဟုန်ရွှဲ့အနားမှ အဖိုးအိုတစ်ယောက်က လင်းချင်ရှန်းကို ဒေါသဖြစ်ပြီး ချက်ချင်း စိုက်ကြည့်လိုက်သည်။

သူတို့အားလုံးသည် လူအိုကြီးများဖြစ်ကြပြီး၊ အရည်အချင်းရှိသည့် လူတွေလည်း ဖြစ်ကြပါသည်။ သူတို့သည် ဤအတင်းအဖျင်း စကားနှင့်ပတ်သက်ပြီး လင်းချင်ရှန်း၏ ဆိုလိုရင်းကို မည်သို့ နားမလည်ဘဲနေမည်နည်း။ လင်းချင်ရှန်းသည် မိုဟဲ၏လက်ကို ငှားရမ်းချင်နေသည်မှာ ထင်ရှားသည်။

အမှန်ပင်၊ မိုဟဲသည် လင်းချင်ရှန်း၏စကားကို ကြားသောအခါ ကျိုးဟုန်ရွှဲ့နှင့် အခြားလူများကို ချက်ချင်းပင် ရန်လိုလာသည်။

ကျိုးဟုန်ရွှဲ့နှင့် အခြားသူများသည် မိုဟဲ၏ကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသည့်ဆန္ဒကို သတိပြုမိ ကြပြီး သူတို့၏မျက်လုံးများသည် ပို၍ပင် သတိထား နိုးကြားလာကြသည်။ တစ်ဖက်တွင် လင်းဖန်းဘက်မှ လူလေးယောက်က ကဲ့ရဲ့လှောင်ပြောင်နေကြသည်။

ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။ ကျိုးဟုန်ရွှဲ့သည် ဝိညာဉ်နတ်ဘုရားမ၏ တူမ မဟုတ်ပါက၊ ချင်ယွင်သည် သူများကိစ္စကို စွက်ဖက်မည် မဟုတ်ပေ။ သို့သော်လည်း ကျိုးဟုန်ရွှဲ့သည် သူ့တူမတစ်ဝက် ဖြစ်နေသည်ဟု ယူဆနိုင်သည်၊ ထို့ကြောင့် ချင်ယွင်သည် မိုဟဲ၏ တိုက်ခိုက်ခြင်းကို သဘာဝအတိုင်း ကူရာမဲ့ကြည့်မနေနိုင်ပေ။

ကျိုးဟုန်ရွှဲ့၏အနားမှ လူနှစ်ယောက်သည် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတွေ ဖြစ်ကြသော်လည်း မိုဟဲနှင့်ဖန်းယီတို့သည် နတ်ဘုရားနန်းတော်တစ်ခု ၏ လက်ရွေးစင်တွေ ဖြစ်နေတုန်းပင်။ သူတို့၏ ခွန်အားသည် သာမန် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများထက် ပိုမိုအားကောင်းသည်။ ထို့အပြင် ဆောင်းအကာအကွယ်မြို့တော်လည်း ရှိနေသေးသည်။ အရေးကြီးသော အခိုက်အတန့် တွင်၊ ၎င်းတို့သည် ကျိုးဟုန်ရွှဲ့နှင့် အခြားသူများကို သေချာပေါက် ဒုက္ခပေးလိမ့်မည်။

"သူတို့ကို ငါတို့နဲ့အတူ လိုက်ခွင့်ပြုသင့်တယ်။ ငါတို့က သူတို့ကို ဝင်ခွင့်ပေးပြီးပြီမို့ သဘာဝ အတိုင်း တရားမျှတရမယ်။ တကယ်လို့, သူတို့ သုံးယောက်သာ ဒီနေရာနဲ့ပတ်သက်တဲ့ သတင်းကို လျှို့ဝှက်စွာ ဖြန့်လိုက်ရင် ဒီသတင်းက ပေါက်ကြားသွားလိမ့်မယ်။" ချင်ယွင် ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။

ထိုစကားများ ပြောပြီးသည်နှင့် လူတိုင်း၏ အကြည့်များသည် ချင်ယွင်အပေါ်သို့ ကျရောက် သွားသည်။ ချင်ယွင်ဆီသို့ကြည့်လာသည့် လင်းချင်ရှန်း၏ အကြည့်များ အလွန်အမင်း မကျေမနပ် ဖြစ်သွားပြီး၊ ကျိုးဟုန်ရွှဲ့သည် ချင်ယွင်က ဘာကြောင့် သူတို့ကို ကူညီရလဲဆို သည်ကို သိချင်နေသည့်အလား ချင်ယွင်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

All Chapters