အခန်း ၁၃၄၅
Vol. 90 Ch. 1345
အခန်း (၁၃၄၅) ရှေးဟောင်းနယ်မြေဝင်ပေါက်
ချင်ယွင် ပြောပြီးသည်နှင့် ကျိုးဟုန်ရွှဲ့ အနားမှာရပ်နေသော အဖိုးအိုက ချက်ချင်း တုံ့ပြန် လိုက်သည်။ "မှန်တယ်၊ တကယ်လို့ ငါသာ ဒီနေရာသတင်းကို ပို့ပြီးသွားပြီ။ တကယ်လို့ ငါတို့သေသွားရင်, ဒီသတင်းက ချက်ချင်း ပြန့်သွားလိမ့်မယ်" ဟု ကမန်းကတန်း ပြောလိုက်သည်။
မိုဟဲနှင့်ဖန်းယီသည် အဖိုးအို၏ စကားကိုကြားသောအခါ ချင်ယွင်ကို ချက်ချင်းပင် ပြင်းထန်စွာ စိုက်ကြည့်ကြသည်။ သေချာသည်မှာ, သူတို့သည် ချင်ယွင်ကို စကားများလွန်း သည့်အတွက် အပြစ်တင်နေကြသည်။
ချင်ယွင်၏စကားကြောင့်သာ မဟုတ်ပါက, ကျိုးဟုန်ရွှဲ့၏အနားမှ အဖိုးအိုသည် ထိုအကြောင်းကို ဘယ်တော့မှ တွေးမိမှာ မဟုတ်ပါဘူး။
လင်းဖန်းနှင့် အခြားသူများသည်လည်း ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှု အချည်းနှီး ဖြစ်သွားသည့်အတွက် ဒေါသတကြီး ဖြစ်နေကြသည်။
ချင်ယွင်သည် အဆင်မပြေဟန်ဖြင့် ပြုံးကာ ဂရုမစိုက်သလို ဟန်ဆောင်ပြုမူလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်သည်။
သူက အစောပိုင်းက ကျိုးဟုန်ရွှဲ့နှင့် တခြားသူများကို သဘာဝအတိုင်း သတိပေးလိုက်ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာ၊ သူတို့၏ တုံ့ပြန်မှုက နှေးကွေးခြင်း မရှိခဲ့ပါ။ မဟုတ်ရင် ချင်ယွင်သည် သူတို့ကို သတင်းပေးပို့ရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။ ထိုအချိန် တွင် သူသည် မိုဟဲ, ဖန်းယီတို့နှင့် လုံးဝ သဘောထား ကွဲရလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူ့အခြေအနေက အလွန်အမင်း ဆန့်ကျင်ရသည့် အနေထားမျိုး ဖြစ်သွားလိမ့်မည်။
"ဟမ့်၊ ဒါဆိုလည်း အတူတူသွားရအောင်" မိုဟဲက အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက် သည်။ သူသည် ကျိုးဟုန်ရွှဲ့နှင့် အခြားသူများကို သတ်ပစ်ရန် စိတ်ကူးကို စွန့်လွှတ်လိုက် သည်မှာ ထင်ရှားသည်။
ဖန်းယီကလည်း ချင်ယွင်ကို အေးစက်စွာ ကြည့်နေသည်။ သူမ၏ မက်မွန်ပွင့် မျက်လုံး တစ်စုံသည် ဒေါသအရိပ်အမြွက်ကို ထုတ်ပြနေသည်။
ချင်ယွင်က ဤအရာကို ဂရုမစိုက်ပါဘူး။ သူနှင့် သူတို့နှစ်ယောက်သည် မူလကတည်းက တစ်ဖက်တည်း မဟုတ်ပေ။ လမ်းခွဲမခွဲခင် အချိန်အခိုက်တန့်သာ အတူတူရှိနေခြင်း ဖြစ်သည်။ သို့သော်၊ ယခုက ထိုသို့မဟုတ်နိုင်တော့။ မည်သို့ပင် ဆိုစေကာမူ, သူသည် သူ့ပန်းတိုင်ကို အရောက်လှမ်းရပေမည်။ မိုဟဲနှင့် အခြားနှစ်ယောက်၏ အတွေးများကို သူ ဂရုမစိုက်ပေ။
သေချာသည်မှာ ဤအရာအားလုံးကို သတိကြီးစွာ စောင့်ကြည့်နေသည့် နေသာဧကရာဇ် ထံမှ ဖုံးကွယ်ထား၍ မရခဲ့ပေ။ နေသာဧကရာဇ်က ချင်ယွင်ထံ အသံပို့လွှတ်ပြီး မေးမြန်လာ သည် "မင်း ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာလား"။
"ဟုတ်တယ်၊ သူတို့သုံးယောက်က ကျွန်တော့်မိတ်ဆွေရဲ့ ဆွေမျိုးရင်းချာတွေပဲ။ သူတို့ တစ်ခုခု ဖြစ်သွားရင် ကျွန်တော် မတ်တပ်ရပ်ပြီး စောင့်ကြည့်နေနိုင်မှာ မဟုတ်ဘူး။" ချင်ယွင်က အသံဖြင့် ထုတ်လွှင့်၍ ပြောသည်။
ချင်ယွင်သည် နေသာဧကရာဇ်ကို အလွန်ယုံကြည်သောကြောင့် သူသည် မည်သည့် အရာကိုမှ ဖုံးကွယ်မထားပေ။
"အင်း” နေသာဧကရာဇ်က ခေါင်းညိတ်သည်။ သိသာထင်ရှားစွာ၊ သူ နားလည်သွားသည်။ သို့သော်လည်း သူက သတိပေးစကား ပြောလိုက်ပါသေးသည် "မင်း မိုဟဲ, ဖန်းယီတို့နဲ့ ထိပ်တိုက်တွေ့ဖို့ မကြိုးစားပါနဲ့။ သူတို့က နတ်ဘုရားနန်းတော်ကြီးတစ်ခုရဲ့ လက်ရွေးစင် တွေ ဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့ ခွန်အားက သဘာဝအတိုင်း အားနည်းမှာ မဟုတ်ဘူး။ ဒါ့အပြင်၊ သူတို့မှာ သူတို့ရဲ့ အသက်ကို ကယ်ဆယ်ဖို့နည်းလမ်းတွေ သေချာပေါက် ရှိနေလိမ့်မယ်။ သူတို့နဲ့ထိပ်တိုက်တွေ့ဖို့က အတော့်ကို ပြဿနာများလိမ့်မယ်။ ငါ့ရဲ့ အဆင့်အတန်းနဲ့ ခွန်အားကြောင့် ငါကလည်း ဘာမှ ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိဘူး။ ဒါကြောင့် မင်းကိုမင်းပဲ အားကိုးနိုင်တယ်။”
ချင်ယွင်က ဤအကြောင်းကို နားလည်ကြောင်း အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
နေသာဧကရာဇ်သည် ခေါင်းလောင်းလေ နတ်ဘုရားနန်းတော်ထဲသို့ ဝင်ရောက်စ ဖြစ်သော ကြောင့် မိုဟဲနှင့် အခြားသူများကို ပြစ်မှားရန်မှာ မသင့်လျော်ပေ။ ထို့အပြင်၊ သူ့ခွန်အား သည် အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်တွင်သာ ရှိနေသေးသည်။ အကယ်၍, သူ အမှန်တကယ် တိုက်ခိုက်ချင်လျှင်ပင်, သူ့အနေဖြင့် ဝင်စွက်ဖက်နိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ချင်ယွင်သည် ဤပြဿနာထဲတွင် နေသာဧကရာဇ်ကို ပါ၀င်ခိုင်းမှာ မဟုတ်ပါဘူး။
မိုဟဲနှင့် အခြားသူများသည် သူနှင့် ကျိုးဟုန်ရွှဲ့တို့ကို တိုက်ခိုက်ရန် အစပြုလှုပ်ရှားခြင်း မရှိသရွေ့ ချင်ယွင်ကလည်း ဦးဆောင်တိုက်ခိုက်မည် မဟုတ်ပေ။ နောက်ဆုံးတွင်၊ နတ်ဘုရားနန်းတော်ကြီးတစ်ခု၏ လက်ရွေးစင်များသည် ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူ ပေ။
မိုဟဲ၏စကားကိုကြားတော့ ကျိုးဟုန်ရွှဲ့သည် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။
အကယ်၍, မိုဟဲသာ သူတို့ကို အမှန်တကယ် တိုက်ခိုက်ခဲ့မည်ဆိုလျှင်, အခြေအနေက သူတို့အတွက် အလွန့်အလွန် အဆင်မပြေနိုင်ပေ။ ထို့အပြင် ဆောင်းအကာအကွယ် မြို့တော်ကလည်း သူတို့ကို အခွင့်ကောင်းယူသွားနိုင်သည်။ ထို့ကြောင့်, သူမသည် ချင်ယွင်ကို ပို၍ပင် ကျေးဇူးတင်မိပါသည်။
သို့သော် သူမသည် ချင်ယွင်ကို ကျေးဇူးတင်စွာဖြင့် တစ်ချက်ကြည့်လိုက်စဉ်မှာ, ချင်ယွင်က မည်သည့်ထူးခြားမူမှ မရှိသည့်အလား သူမကိုပင် ပြန်မကြည့်ခဲ့ပေ။ ဤအရာက သူမကို အနည်းငယ် စိတ်ပျက်စေသည်။
"သူက ငါတို့ကို မရည်ရွယ်ဘဲ တကယ်ကို ကူညီမိသွားတာလား။ ပြီးတော့, သူ့မျက်လုံးတွေ က, ငါ ဒီမျက်လုံးတွေကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ ဘာလို့ အမြဲ ခံစားနေရတာလဲ။” ကျိုးဟုန်ရွှဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
အကြောင်းတစ်ခုခုကြောင့်၊ ဒီလူငယ်က သူတို့ကို ရည်ရွယ်ချက်ရှိရှိ ကူညီနေသည်ဟု သူမ အမြဲခံစားခဲ့ရသော်လည်း ကျိုးကြောင်းဆီလျော်တဲ့ အကြောင်းပြချက်ကို သူမ မတွေးနိုင်ခဲ့ပါဘူး။
"လခွမ်းကွာ, ငါ တကယ်ပဲ သူတို့ကို လွတ်မြောက်ခွင့် ပေးလိုက်ရမှာလား?။ ဒါတွေအားလုံး က ဒီကောင်ကြောင့်ပဲ။ သူ့ပါးစပ်က ဘာလို့ ဒီလောက် စျေးပေါရတာလဲ၊ ဦးလေး၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ" လင်းဖန်းသည် သူ့ဘေးနားရှိ လင်းချင်ရှန်းထံသို့ အသံပို့လွှတ်လိုက်သည်။
လင်းချင်ရှန်း၏ အမူအရာမှာ အေးစက်သွားသည်။ သူ့မျက်လုံးတစ်စုံသည် နှင်းခဲကဲ့သို့ အေးစက်နေပြီး အဝေးမှ ချင်ယွင်ကို ကြည့်လိုက်သည်။ လင်းဖန်း ပြောသလိုပင်၊ ဤကောင်စုတ်သည် အစောပိုင်းက စကားတွေကို မည်သည့်သဘောဖြင့် ပြောခဲ့သည်ကို သူမသိသော်လည်း သူက ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သည်ဟု သူ ခံစားရသည်။ သို့သော်, ကျိုးဟုန်ရွှဲ့နှင့် အခြားသူများ၏ မျက်လုံးများတွင် သံသယအရိပ်ယောင်များ ရှိနေသည်ကို သတိပြုမိသောကြောင့် ချို့ယွင်းချက် တစ်စုံတစ်ရာကိုမှ သူ ရှာမတွေ့နိုင်ခဲ့ပေ။ သေချာသည်မှာ သူတို့လည်း ဤလူငယ်ကို မသိလောက်ပေ။
"ဘာဖြစ်လာမလဲ စောင့်ကြည့်ရအောင်။ ငါတို့ နတ်ဘုရားနယ်မြေထဲ ဝင်ပြီးမှ ဒီအကြောင်း ကို ပြောကြတာပေါ့။ အဲဒီကောင်လေးကိုတော့ ငါတို့ ပိုပြီးသတိထားတာ ကောင်းလိမ့်မယ်။ အဲဒီကောင်လေးက လွင့်မျောနှင်းမြို့တော်နဲ့ ပတ်သက်မူတစ်ခုခု ရှိကောင်းရှိနိုင်တယ်။ ငါတို့ရဲ့ ကိစ္စကြီးတွေကို သူ့ကို ဖျက်ဆီးခွင့်မပြုနိုင်ဘူး” လင်းချင်ရှန်းက လင်းဖန်းကို အသံထုတ်လွှင့်မူမှတဆင့် သတိပေးလိုက်သည်။
"ဟမ့်၊ ဒါက ချာတိတ်သာသာပါပဲ။ သူ့အငွေ့အသက်က အရမ်းကို သာမန်ဆန်ပါတယ်။ သူက သာမန်နတ်ဘုရားတစ်ပိုင်းပဲ ဖြစ်သင့်ပါတယ်။ ကျွန်တော် ဒီကောင့်ကို ဘယ်လိုပဲ ကြည့်ကြည့် စိတ်မပျော်ရွှင်မူကို ခံစားရစေတယ်။ ကျွန်တော် သူ့ကို သေချာပေါက် သတ်ပစ်မယ်" လင်းဖန်းက အသံပို့လွှတ်ခြင်းမှတဆင့် ပြန်ကြားလိုက်သော်လည်း သူ့မျက်လုံးများတွင် အထင်မြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
လင်းချင်ရှန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လင်းဖန်းကို သတိလက်လွတ် မနေရန် သတိပေးချင်သော်လည်း လင်းဖန်း၏ ပင်ကိုယ်စရိုက်ကို တွေးကြည့်လိုက်သောအခါ, သူဘာပြောပြော အသုံးမဝင်ကြောင်း သူ သိသည်။ ယင်းအစား ဘာမှမပြောဘဲနေခြင်းက ပိုကောင်းပါသည်။
လူတိုင်း သူတို့စိတ်နှလုံးထဲတွင် ကိုယ်ပိုင်အတွေးကိုယ်စီ ရှိနေကြစဉ်မှာ, မိုဟဲနှင့် ဖန်းယီ တို့သည် ချိုင့်ဝှမ်း၏ နက်ရှိုင်းသောနေရာကို ရောက်ရှိနေပါပြီ။
ဤချိုင့်ဝှမ်း၏ နက်ရှိုင်းသော နေရာတွင် တံတိုင်းကြီးတစ်ခု ရှိနေသည်။ ဤတောင်တံတိုင်း သည် အလွန်ညီညာ ပြန့်ပြူးသည်။ ၎င်းသည် အမြင့်ပေတစ်ထောင်ကျော် ကျယ်ဝန်းပြီး မီတာတစ်ရာနီးပါး ကျယ်ဝန်းသည်။ သာမာန်တောင်နံရံများနှင့် အလွန်ကွာခြားပါသည်။ သို့သော် ယခုအချိန်တွင် ဤတောင်တံတိုင်းသည် ထူထပ်သော အသီးအရွက်အလွှာများ ဖြင့် ဖုံးလွှမ်းထားသည်။
မိုဟန်သည် တောင်နံရံရှေ့သို့ လျှောက်သွားပြီး၊ ရုတ်တရက် သူ့အကြည့်များက စူးရှလာပြီး၊ သူသည် တောင်နံရံကို လက်ဖဝါးဖြင့် တိုက်ရိုက် ထိလိုက်သည်။
ဘန်း…။
ချက်ချင်းပင်၊ သူ့လက်ဖဝါးမှ ပြင်းထန်သော နတ်ဘုရားတန်ခိုးစွမ်းအင် အတက်အကျ လှိုင်းတစ်ခု ထွက်လာခဲ့ပြီး၊ တောင်နံရံကို ဖုံးလွှမ်းနေသော နတ်ဘုရားနွယ်ပင်များသည် အပိုင်းပိုင်း ပြတ်တောက်သွားသည်။ ထို့နောက် တောင်တံတိုင်းကြီးတစ်ခုလုံးသည် လူတိုင်း၏ ရှေ့မှာ ရှင်းရှင်းလင်းလင်း မြင်လာရသည်။
အားလုံးက တောင်တံတိုင်းကြီးကို အံ့သြတကြီး အမူအရာဖြင့် ကြည့်နေကြသည်။
ယခင်က ဤတောင်တံတိုင်းကြီးသည် သူတို့ကို ထူးခြားသည့် ခံစားမှုများ ပေးစွမ်းခဲ့သည်။ ယခုအခါ ၎င်းအပေါ်ဖုံးအုပ်ထားသော နတ်ဘုရားနွယ်ပင်များသည် ကွဲအက်သွားသဖြင့် နောက်ဆုံးတွင် ဤတောင်တံတိုင်း၏ မူလအသွင်အပြင်သည် သူတို့ရှေ့တွင် ထင်ရှား ပေါ်လွင်လာခဲ့သည်။
ဤတောင်တံတိုင်းသည် အလွန်ဆန်းကြယ်လှသည်။ တောင်တံတိုင်းကြီးတစ်ခုလုံး အလွန် ညီညာပြန့်ပြူးသည်။ တောင်နံရံပေါ်တွင် တုနှိုင်းမယှဉ်နိုင်သော လျှို့ဝှက် ဆန်းကြယ်သော နတ်ဘုရား မှော်သင်္ကေတများ ရှိနေသည်။ ဤနတ်ဘုရား မှော်သင်္ကေတများသည် အလွန် ရှေးကျသော်လည်း ၎င်းတို့သည် အလွန်အစွမ်းထက်သည်။ ၎င်းတို့ဆီက ထွက်ပေါ်လာ သည့် အငွေ့အသက်က ကြောက်ရွံ့ထိတ်လန့်ဖွယ် ခံစားချက်ကို ပေးစွမ်းသည်။
"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ နတ်ဘုရား မှော်သင်္ကေတ ကန့်သတ်ချက် တွေလဲ။ တကယ်လို့, ဒီမှော်သင်္ကေတတွေကို အတင်းအကြပ် ချိုးဖောက်လိုက်မယ်ဆို, ဒီနတ်ဘုရားမှော်သင်္ကေတ ကန့်သတ်ချက်တွေကြောင့် တိုက်ရိုက်သတ်ခံမှာတောင် စိုးရတယ်။" ချင်ယွင်က သူ့စိတ်ထဲတွင် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
တောင်တံတိုင်းပေါ်ရှိ နတ်ဘုရား မှော်သင်္ကေတ ကန့်သတ်ချက်များသည် ထူးထူးခြားခြား အစွမ်းထက်လှသည်။ ဘိုးဘေးနတ်ဘုရားနယ်မြေတွင် သူကြုံတွေ့ခဲ့ရသော ကန့်သတ် ချက်များသည် များစွာ အားနည်းနေမည် မဟုတ်ပေ။ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများပင်လျှင် ၎င်းတို့၏ ခွန်အားသည် ကောင်းကင်ဘုံကို အလွန်အမင်း အန်တုနိုင်ခြင်း မရှိပါက, ဤကန့်သတ်ချက်များကို တွန်းလှန်နိုင်မည် မဟုတ်ဟု ဆိုနိုင် သည်။
"ယူမင်၊ မင်း အရင်က ဒီကို ရောက်ဖူးတယ် မဟုတ်လား။ ဒီရှေးဟောင်းနယ်မြေထဲ ဘယ်လို ဝင်ရမလဲဆိုတာ ပြောပြပါဦး။" မိုဟဲသည် နေသာဧကရာဇ်ကို လှည့်ကြည့်ကာ မေးသည်။
ဝှီး...။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် နေသာဧကရာဇ်ကို စူးစူးစိုက်စိုက် ကြည့်လာကြသည်။ နတ်ဘုရားတစ်ပိုင်း ကျင့်ကြံမှုဖြင့် ဤနယ်မြေထဲသို့ ဝင်ရောက်ရန် ၎င်းတို့၏ ကျင့်ကြံမှုကို ဖိနှိပ်ထားရမည်ကို အားလုံးသိကြသော်လည်း အတိအကျ အသေးစိတ်ကို မသိခဲ့ကြပေ။
မိုဟဲ၏မေးခွန်းကိုကြားတော့ နေသာဧကရာဇ်သည် ခေါင်းညိတ်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူက "ဒီနတ်ဘုရားနယ်မြေဝင်ပေါက်ကို ငါ မတော်တဆ ရှာတွေ့ခဲ့တာ။ အရင်က ငါ့အဖော်နှစ်ယောက်နဲ့ ဒီနတ်ဘုရားနယ်မြေကိုဝင်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ငါတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တယ်"
ထိုစကားကို ကြားတော့ လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။