အခန်း ၁၃၄၆
Vol. 90 Ch. 1346
အခန်း (၁၃၄၆) ရှေးဟောင်းနတ်ဘုရားဂိုဏ်း။
သုံးယောက်မှာ နှစ်ယောက် သေတာလား?။
ထိုစကားကိုကြားတော့ အားလုံးက အံ့အားသင့်သွားကြသည်။ ဤနတ်ဘုရားနယ်မြေသို့ ဝင်ပေါက်သည် ဤမျှအန္တရာယ်များမည်ဟု သူတို့ မမျှော်လင့်ခဲ့မိသည်မှာ ထင်ရှားပါသည်။
နေသာဧကရာဇ်သည် တုန်လှုပ်ချောက်ချားသွားသော လူအုပ်ကြီးကို မြင်သောအခါ သူက ဆက်ပြောသည် “ငါနဲ့အတူ ဝင်ပေါက်ကို ချိုးဖျက်ဝင်ရောက်ခဲ့တဲ့ လူနှစ်ယောက်မှာ သူတို့ရဲ့ စွမ်းအားတွေကက အစောပိုင်း မြေကမ္ဘာနတ်ဘုရားနယ်ပယ်နဲ့ အထွတ်အထိပ် ကြယ်နတ်ဘုရားနယ်ပယ်မှာဘဲ။ ဒါပေမယ့် သူတို့ တောင်နံရံကို ချဉ်းကပ်လိုက်တာနဲ့ တောင်နံရံကနေ နတ်ဘုရားအလင်းတန်းတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး၊ သူတို့ကို အစိတ်စိတ်မွှာမွှာ ဖြိုခွဲပစ်လိုက်ကြတယ်။ အဲဒီတုန်းက ငါဟာ လုံခြုံတဲ့ဘေးဘက်မှာ နေပြီး၊ စမ်းသပ်ဖို့အတွက် နတ်ဘုရားတစ်ပိုင်းကိုယ်ပွားကို အသုံးပြုခဲ့တယ်။ ငါဟာ ဒီနတ်ဘုရား တောင်နံရံတံတိုင်းကို ဖြတ်ကျော်ပြီး နတ်ဘုရားနယ်မြေထဲ ဝင်ရောက်နိုင် မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ထို့ကြောင့် ဤနတ်ဘုရားတံတိုင်းကြီးက နတ်ဘုရား တစ်ပိုင်း ကျင့်ကြံခြင်းရှိသူ လူတွေသာ ဝင်ရောက်နိုင်မယ်လို့ ငါ သံသယဝင်လာခဲ့တာ”။
လူတိုင်းသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်ဖွယ် အမူအရာများကို ထုတ်ဖော်ခဲ့ ကြသော်လည်း၊ သူတို့စိတ်နှလုံးထဲမှာ သံသယများ ရှိနေဆဲပင်။ ဖြစ်နိုင်တာက, နတ်ဘုရားတစ်ပိုင်းနယ်ပယ် လူတွေကသာ ဒီတောင်တံတိုင်းကို ဖြတ်ကျော်နိုင်သည့် လူများဟု ဆုံးဖြတ်ရမှာလား?။ ဤအရာက တော်တော်လေး ယုတ္တိကင်းမဲ့နေသည် မဟုတ်ဘူးလား?
သို့ရာတွင်၊ နေသာဧကရာဇ်၏ နောက်ထပ် စကားများက သူတို့၏စိတ်နှလုံးထဲတွင် သံသယများကို ဖယ်ရှားပေးခဲ့သည်။
"နောက်ပိုင်းမှာ, ငါ့ရဲ့ စိတ်ကူးကို စမ်းသပ်ဖို့အတွက် အစောပိုင်း ကြယ်နတ်ဘုရား နယ်ပယ် ကျင့်ကြံသူတစ်ဦးနဲ့ နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျင့်ကြံသူ တစ်ဦးကို ငါ ဖမ်းဆီးခဲ့တယ်။ နောက်ဆုံးမှာတော့ နတ်ဘုရားတစ်ပိုင်းနယ်ပယ် ကျင့်ကြံသူက လွတ်မြောက်ခဲ့ပေမယ့် အစောပိုင်း ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူကတော့ ချက်ချင်း အသတ်ခံလိုက်ရ တယ်။ ငါလည်း နောက်ထပ် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီး ရလာဒ်က အတူတူပါပဲ။" နေသာဧကရာဇ်က ဆက်ပြောသည် ။
ဥပမာအနည်းငယ်မျှသာဆိုလျှင် တိုက်ဆိုင်မှုတစ်ခုဟု လူတိုင်းက ယူဆကြသော်လည်း စမ်းသပ်မှု ပေါင်းများစွာ၏ ရလာဒ်များသည် အတူတူပင် ဖြစ်ခဲ့ပြီး၊ ၎င်းက နေသာဧကရာဇ် ၏ ထင်မြင်ယူဆချက်များသည် မှန်ကန်ကြောင်း သက်သေပြနိုင်မည် ဖြစ်ပါသည်။
"ဒါဆိုရင်လည်း, မင်း ဒီရှေးဟောင်းနယ်မြေကို ဝင်ပြီးတဲ့နောက် ဘာလို့ ပြန်ထွက်လာတာ လဲ" ယခုတစ်ခါ ပြောသည့်လူကတော့ ဖန်းယီဖြစ်သည်။
နေသာဧကရာဇ်သည် ဤရှေးဟောင်းနယ်မြေတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ဖြစ်ကာ၊ ဤကိစ္စနှင့်ပတ်သက်ပြီး သူမသည် အလွန်ပင် ပဟေဠိဖြစ်နေသည်မှာ ထင်ရှားပါသည်။ သူသည် ရတနာများကို ရှာဖွေရန် ထိုရှေးဟောင်းနယ်မြေထဲမှာ ရှေ့ဆက်မသွားဘဲ၊ အဘယ်ကြောင့် စမ်းသပ်မှုတွေကို ဆက်လက် လုပ်ဆောင်ခဲ့ပါသနည်း။
အားလုံးက နေသာဧကရာဇ်ကို တစ်ဖန် ပြန်ကြည့်ကြသည်။ သူတို့လည်း အလားတူ ပဟေဠိဖြစ်သွားသည်မှာ ရှင်းနေပါသည်။
နေသာဧကရာဇ်သည် ဤမေးခွန်းကို လူတိုင်းမေးလိမ့်မည်ဟု ခန့်မှန်းထားပုံရပြီး၊ ထို့ကြောင့် ဖန်းယီပါးစပ် ဖွင့်လာပြီးနောက် သူက ချက်ချင်း ပြန်ပြောသည် "ဘာလို့လဲ ဆိုတော့ ဒီတောင်တံတိုင်းရဲ့နောက်မှာ ကြီးမားတဲ့ နတ်ဘုရားသားရဲကြီးတစ်ကောင် ရှိနေ လို့ပဲ။ ငါ့မှာ အဲဒီသားရဲကြီးကို ဖြတ်ကျော်ဖို့ နည်းလမ်းမရှိဘူး။ ဒါကြောင့် ငါလည်း ငါ့ကို ကူညီပေးမယ့်လူကိုပဲ ရှာဖွေနိုင်တော့တယ်”။
"ရှေးဟောင်း နတ်ဘုရားသားရဲလား။ ဘယ်ရှေးဟောင်းနတ်သားရဲလဲ။ ဘယ်အဆင့်လဲ။"
ထိုစကားကိုကြားတော့ လူတိုင်း အံ့သြသွားကြသည်။ ဤရှေးဟောင်းနယ်မြေထဲ၌ သက်ရှိ သတ္တဝါများ အမှန်တကယ် ရှိနေမည်ဟု သူတို့ ဘယ်သောအခါမှ မမျှော်လင့်ထားပေ။ ထို့အပြင့်, ၎င်းသည် နတ်ဘုရားသားရဲလည်း ဖြစ်နေသည်။
ရှေးဟောင်း နတ်ဘုရားသားရဲများသည် များသောအားဖြင့် အလွန်အစွမ်းထက်ကြသည်။ ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်ဘုရားသားရဲများကို မဆိုထားနှင့်၊ မြေကမ္ဘာ နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ နတ်သားရဲများပင်လျှင် ရင်ဆိုင်တိုက်ခိုက်ရန် မလုံလောက်ပေ။ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရားအဆင့်ရှိ နတ်ဘုရားသားရဲများပင်လျှင် တစ်ဂျိုက်တည်းစားမျိုးဖြင့် လုံလောက်နေပြီ။
"အဲဒါက လိပ်နက်ကြီးတစ်ကောင်ပဲ။ သူ့ရဲ့ အရွယ်အစားက ဧရာမတောင်ကြီးနဲ့တူတယ်။ အဲဒီနေရာမှာ လဲလျောင်းနေရင်တောင် ပေသုံးထောင်အမြင့် ရှိနေသေးတယ်။ သူ့ရဲ့ နဂါးဦးခေါင်း၊ လိပ်ကိုယ်ထည်နဲ့ ကင်းမြီးကောက်အမြီးတွေအရ နှောင်းပိုင်း မြေကမ္ဘာ နတ်ဘုရားအဆင့်ကို ရောက်နေလောက်ပြီ။" နေသာဧကရာဇ်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဘာလဲ၊ နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား လိပ်နက်ကြီးလား?" အားလုံးက ထိုအသံကို ကြားတော့ အေးစက်သည့်လေပြင်းကို တစ်ချက်ချင်း ရှုရှိုက်လိုက်ကြပါသည်။
အကယ်၍သာ ၎င်းသည် သာမာန် နှောင်းပိုင်း မြေကမ္ဘာနတ်ဘုရား နတ်ဘုရားသားရဲ တစ်ကောင် ဖြစ်နေခဲ့ပါက၊ သူတို့သည် အတူတကွ အသေခံတိုက်ခိုက်ခဲ့မည်ဆိုလျှင်, ၎င်းကို အနိုင်ယူနိုင်ဆဲ ဖြစ်သည်။ သို့သော်လည်း ခုခံကာကွယ်မူတွင် အစွမ်းထက်သည်ဟု ဂုဏ်သတင်းကြီးမားသည့် ဤလိပ်နက်ကြီးကိုတော့ အနိုင်ယူနိုင်စွမ်း ရှိမရှိ ပြောရခက် သည်။ အကယ်၍, သူတို့ခွန်အားကို အကုန်သုံးပြုလျှင်ပင်, ပြိုင်ဘက်၏ အကာကွယ်ကို ဖြတ်ကျော်နိုင်စွမ်း မရှိနိုင်လောက်ပေ။
အားလုံး တိတ်ဆိတ်ပြီး မျက်မှောင်ကြုတ်နေကြသည်။ ဤသတင်းက သူတို့အတွက် သတင်းဆိုးဖြစ်သည်မှာ သိသာထင်ရှားပါသည်။
ထိုအချိန်တွင် ချင်ယွင်သည် နေသာဧကရာဇ်က မိုဟဲနှင့် ဖန်းယီတို့ကို အဘယ်ကြောင့် ခေါ်လာခဲ့သည်ကို နောက်ဆုံးတွင် နားလည်လာခဲ့သည်။ ရှင်းနေပါသည်၊ သူသည် ထိုလိပ်နက်ကြီးကို ဖယ်ရှားရန်အတွက် သူတို့၏လက်ကို ငှားရမ်းချင်နေသည်မှာ ထင်ရှားပါသည်။
သို့သော်လည်း တဖက်မှကြည့်လျှင်, မိုဟဲနှင့်ဖန်းယီတို့သည် လုံလောက်အောင် သန်မာပုံမပေါ်ပေ။
ဟုတ်ပါသည်။ ဤအချက်က ချင်ယွင်ကို ပို၍ပင် သိချင်စိတ် ပြင်းပြလာစေပါသည်။ အစောင့်အကြပ်အဖြစ် ရှေးဟောင်း နတ်ဘုရားသားရဲ လိပ်နက်ကြီးရှိနေသည့် ထိုရှေးဟောင်း နယ်မြေသည် အလွန်ကို ထူးခြားနေသင့်သည်။ ယခုအခါ သူသည် ထိုနတ်ဘုရား နယ်မြေအကြောင်းကို သိချင်နေခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ငါတို့ ဒီကိုရောက်နေပြီဆိုတော့, ငါတို့အနေနဲ့ နောက်ဆုတ်လို့ မရဘူး။ ထုံးစံအတိုင်း, ငါတို့အနေနဲ့ အဲဒီသားရဲကောင်ကြီးဆီကို ခဏလောက်တော့ ဝင်ကြည့်ရမယ်။" မိုဟဲက ပြောသည်။
ထိုစကားကိုကြားတော့ လူတိုင်း ခေါင်းညိတ်ကြပါသည်။
သူတို့သည် ဤနေကို ရောက်ရှိနေကြပြီ။ ထို့ကြောင့်, သူတို့အနေဖြင့် လိပ်နက်ကြီးကို အနိုင်ယူနိုင်မလား သိရှိနိုင်ရန် သဘာဝအတိုင်း ဝင်သွားရလိမ့်မည်။ လိပ်နက်ကို အနိုင်ယူနိုင်စွမ်း ရှိမရှိဆိုသည့်အရာမှဦ တိုက်ပွဲမပြီးခင်အထိ စောင့်ကြည့်ရပါဦးမည်။
"ကောင်းပြီ၊ ဒါဆို ဝင်လိုက်ကြရအောင်။ လူတိုင်းက ဒီနေရာကို လာကြတာဆိုတော့၊ မင်းတို့ရဲ့ကျင့်ကြံမှုကို နတ်ဘုရားတစ်ပိုင်းနယ်ပယ်အထိ ဖိနှိပ်ဖို့ ခွန်အားရှိသင့်တယ် မဟုတ်လား" မိုဟဲက ထပ်ပြောသည် ။
အခုအချိန်မှာတော့, သူသည် ပတ်ဝန်းကျင်မှ လူအများ၏ အတွေးတွေကို လုံးလုံး မေ့သွားခဲ့ပြီ။ အဘယ့်ကြောင့်ဆိုသော်, အခုအချိန်မှာ နောက်ထပ် လူတစ်ယောက် ပိုတိုးလာခြင်းသည် သူ့ခွန်အား၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသောကြောင့်ပင်။ နတ်ဘုရား သားရဲလိပ်နက်ကြီးကို သူ ဖြတ်ကျော်သွားသည်အထိ အရာအားလုံးကို စောင့်ရပါဦးမည်။
လူတိုင်းက ခေါင်းညိတ်ကြသည်။ သူတို့အားလုံး ကြိုတင်ပြင်ဆင်ခဲ့ကြသည်။ ထို့ကြောင့်, သူတိ့်သည် သဘာဝအတိုင်း ဤအရာကို မသိဘဲနေမှာ မဟုတ်ပါဘူး။
ဘန်း..။
လှုပ်ရှားမှုတိုင်းတွင်၊ လူတိုင်း၏ကျင့်ကြံမှုသည် ချက်ချင်းပင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့ကြသည်။ ချင်ယွင်သည် မည်သည့်ဖိနှိပ်မူမှ လုပ်စရာမလိုပေ။ သူ၏ စွမ်းအားသည် မူလကတည်းက နတ်ဘုရားတစ်ပိုင်းအဆင့်တွင် ရှိနေသောကြောင့် ဖြစ်သည်။ ကြယ်နတ်ဆိုးနတ်ဘုရားအမြုတေကို သူကိုယ်ပိုင် စကြဝဠာထဲကို ထည့်သွင်း ထားပြီး ဖြစ်ကာ၊ သူ၏ ခန္ဓာကိုယ်သန့်စင်ခြင်းကျင့်ကြံမူကို ရှာဖွေတွေ့ရှိရန်မှာ မဖြစ်နိုင်ပါ ဘူး။ ထို့ကြောင့် သူသည် စိတ်အေးသက်သာ ရှိနေနိုင်သည်။
"သွားကြရအောင်!"
လူတိုင်းသည် ၎င်းတို့၏ ကျင့်ကြံမှုနယ်ပယ်ကို ဖိနှိပ်ပြီးသည်ကို မြင်လိုက်ရသဖြင့် မိုဟဲက ချက်ချင်း အမိန့်ပေးကာ တောင်နံရံဆီသို့ လျှောက်သွားလိုက်သည်။
ဘန်း..။
တောင်တံတိုင်းအနီးသို့ ရောက်သွားသောအခါ၊ မူလက အနှိုင်းမဲ့ မာကျောသော တောင်တံတိုင်း နံရံသည် ရေလှိုင်းတစ်ခုကဲ့သို့ လှိုင်းထလာပြီး လူတိုင်း၏ ခန္ဓာကိုယ်များ သည် နံရံထဲကို တိုက်ရိုက် ထိုးဖောက်ကာ ဝင်ရောက်သွားကြသည်။
ချင်ယွင်သည်လည်း လူအုပ်ကြီးနောက်မှ လိုက်ပါသွားပြီး၊ လျှို့ဝှက်ဆန်းကြယ်သော တောင်တံတိုင်းနံရံကို ထိုးဖောက်ဝင်ရောက်ကာ ရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက် သွားခဲ့သည်။
ရှေးဟောင်းနယ်မြေထဲသို့ ဝင်ရောက်သွားပြီးနောက် သူ့အာရုံကို စွဲဆောင်နိုင်သည့်အရာက တောင်ထိပ်ပေါ်မှ တောင်ကုန်းဧရိယာတစ်ခု ဖြစ်သည်။
ထိုနေရာသည် တောင်ထိပ်ပေါ်တွင် ကြက်ခြေခတ်ပုံစံ ရှိနေပြီး၊ သစ်ပင်အသီးအရွက်များ အတော်အတန် ထူထပ်သည်။ ထိုနေရာတွင် ပေါက်ရောက်နေသော သစ်ပင်များသည် လည်း ပြင်ပကမ္ဘာမှာတွေ့ရသည့် သစ်ပင်များနှင့် အတူတူပင်။ ၎င်းတို့အားလုံးသည် အကန့်အသတ်မရှိ ဖြစ်နေပြီး၊ မာကျောကာ အလွန်ကြီးမားသော နတ်ဘုရားသစ်ပင်များ ဖြစ်ကြသည်။ သို့သော် ဤနေရာတွင် ပေါက်ရောက်နေသော နတ်ဘုရားသစ်ပင်များသည် ပြင်ပကမ္ဘာရှိ နတ်ဘုရားသစ်ပင်များထက် ပိုရှေးကျသည်။
ထိုအချိန်တွင် ချင်ယွင်နှင့် အခြားသူများသည် မြင့်မားသော ချောက်ကမ်းပါးစွန်းတွင် ရပ်နေကြသည်။ သူတို့သည် ပတ်ပတ်လည်ကို ကြည့်လိုက်ရင် တောတောင်၏ ထက်ဝက်ကျော်ကို မြင်နေရသည်။
"ကြည့်စမ်း၊ ဟိုမှာ နတ်ဘုရားကျွန်း တစ်ကျွန်းရှိတယ်" ထိုအခိုက်တွင် လင်းဖန်းသည် အဝေးဆီသို့ ညွှန်ပြပြီး သတိပေးသံဖြင့် အော်ဟစ်လိုက်သည်။
ထိုစကားကို ကြားတော့ လူတိုင်းသည် လင်းဖန်း ညွှန်ပြနေသော ဘက်ကို လှမ်းကြည့် လိုက်သည်။
ဟုတ်ပါသည်၊ ထိုတောင်ကုန်းမြေ၏ အဆုံးမှာ တိမ်တွေထူထပ်နေပြီး မြူခိုးတွေကြားထဲမှာ အနှိုင်းမဲ့ ကျွန်းကြီးတစ်ကျွန်း ရှိနေပါသည်။
ထိုကျွန်းသည် တိမ်များထက်တွင် လွင့်မျောနေပုံရသည်။ ၎င်းတို့အပေါ်ရှိ အဆောက် အအုံများသည် ပြည့်ကျပ်နေပြီး၊ တုနှိုင်းမရအောင် ခမ်းနားထည်ဝါသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ၎င်းသည် ကောင်းကင်ထက်ဝက်ကျော်ကို သိမ်းပိုက်ထားသည့် ဂုဏ်သိက္ခာကြီးမားသော နတ်ဘုရားနန်းတော်ကြီးနှင့် တူသည်။
"ငါ သိပြီ။ ဒီနေရာက ဘာလဲဆိုတာ ငါ သိပြီ" ထိုအချိန်တွင် မိုဟဲသည် ရုတ်တရက် တုန်လှုပ်ခြောက်ခြားစွာ အော်ပြောလိုက်ရင်း သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားနေဟန်က သိသာထင်ရှားလာသည်။
"ဘယ်နေရာလဲ?" အားလုံးက မိုဟဲကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။
လူတိုင်းက သူ့ကိုကြည့်နေသည်ကို မြင်တော့ မိုဟဲက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "လျှို့ဝှက်နတ်ဘုရားဂိုဏ်း။ ရှေးခေတ်က လျှို့ဝှက်နတ်ဘုရားဂိုဏ်းကို တန်ခိုးအကြီးဆုံး ဂိုဏ်းတစ်ခုလို့ သိကြတယ်”။
"ဘာ? လျှို့ဝှက်နတ်ဘုရားဂိုဏ်းလား?" မိုဟဲ၏စကားကိုကြားတော့ အနီးပတ် ဝန်းကျင်ရှိ လူတိုင်း တုန်လှုပ်ခြောက်ခြားဟန် အမူအရာများ ထွက်ပေါ်လာသည်။ သူတို့သည် အဝေးမှာ လွင့်မျောနေသော နတ်ဘုရားကျွန်းကို လှမ်းကြည့်ရင်း သူတို့ မျက်လုံးတွေက အဆုံးမဲ့ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ချင်ယွင်၏မျက်နှာသည် အသက်မဲ့နေသည့်အလား ဗလာဖြစ်နေပြီး၊ ထိုလျှို့ဝှက်နတ်ဘုရား ဂိုဏ်းအကြောင်းကို သူ နားမလည်ပေ။